6th NOV 2023 - Morning Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြောင်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများနှင့်ကျဆုံးရဲဘော်အတွက် ထောက်ပံ့ငွေများပေးအပ်

📌 ၂။ ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော ABSDF နှင့် PDF ရဲဘော်များကို ပြည်သူများ ကြိုဆို

📌 ၃။ စစ်ကောင်စီရဲ့ ပန်းတောင်း ခလရ ၉၂ တပ်က ရှမ်းမြောက်ကို ပို့ခံရမယ့် အရာရှိ၊ စစ်သည်တချို့ ထွက်ပြေးနေ

📌 ၄။ တောင်ပိုင်းစစ်ဒေသနယ်မြေရှိ စစ်ကောင်စီတပ်စခန်းများနှင့် ထောက်ပို့စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ

📌 ၅။ ကောလင်းမြိုပေါ်ရပ်ကွက်များကို စစ်ကောင်စီက လေကြောင်းတိုက်မှုများပြုလုပ်နေ

📌 ၆။ အကြမ်းဖက်စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် မုံးကိုးခရိုင်မှ အရပ်သား ဦး သေဆုံး

📌 ၇။ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ, မြေမြှုပ်မိုင်းများ ကျန်ရှိနေသေး၍ သွားလာနေထိုင်ခြင်း မပြုရန် ကရင်နီတပ်ပေါင်းစု ထုတ်ပြန်

📌 ၈။ တောင်ကိုရီးယား ဒယ်ဂူးမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြ၊ ဘူဖြောင်းမြို့တွင် THE WAY ရုပ်ရှင်ဇာတ်ကားပြသ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြောင်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများနှင့်ကျဆုံးရဲဘော်အတွက် ထောက်ပံ့ငွေများပေးအပ်


နိုဝင်ဘာလ ၅။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်နှင့် မြင်းမူမြို့နယ်အတွင်းမှ စစ်ဘေးရှောင် ပြည်သူများအတွက် အဖွဲ့တစ်ဖွဲ့မှ လှူဒါန်းသော အလှူငွေနှင့် ရိက္ခာများကို မြို့နယ် ပအဖ နှင့် လူသားစာနာ တာဝန်ခံများမှ သွားရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


နိုဝင်ဘာ ရက်နေ့တွင် မြောင်မြို့နယ်နှင့် မြင်းမူမြို့နယ်အတွင်းမှ စစ်ဘေးရှောင် ပြည်သူများအတွက် အလှူငွေ (၂၀၀,၀၀၀) ကျပ်တိတိနဲ့ ဆန် အိတ်နဲ့ ဆီ ပုံး ကို  မြို့နယ်ပြည်သူ့အုပ်ရေးအဖွဲ့၊ မြို့နယ် လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့တို့မှ ပြည်သူများထံသို့အရောက် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ MOHAI မှ သတင်းထုတ်ပြန်ထားပါတယ်။


ထို့အပြင် မြောင်မြို့နယ် အခွန်ရရှိငွေမှ မြို့နယ်ပြည်သူ့ကာကွယ်ရေး ကျဆုံးရဲဘော် တစ်ဦး အတွက် (၁၀၀,၀၀၀) ကျပ်တိတိနှင့် မြင်းမူမြို့နယ် စစ်ဘေးရှောင် ပြည်သူများနှင့် မြောင်မြို့နယ် ကျေးရွာတစ်ရွာရှိ စစ်ဘေးရှောင်ပြည်သူများ အတွက် ဆန် အိတ်နှင့် ဆီ ၂၀ ပိဿာ အား မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အဖွဲ့တို့မှ နိုဝင်ဘာ ရက်နေ့မှာပဲ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော ABSDF နှင့် PDF ရဲဘော်များကို ပြည်သူများ ကြိုဆို


နိုဝင်ဘာလ ၅။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက မင်းရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ မြန်မာနိုင်ငံလုံဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ ပြည်သူ့ကာကွယ်ရေး PDF ရဲဘော်များကို ဒေသခံပြည်သူ တွေက နိုဝင်ဘာလ ရက်နေ့မှာ အောင်သပြေပန်းတွေနဲ့အတူ ကြိုဆိုခဲ့ကြပါတယ်။ 

ဒီစခန်းသိမ်းတိုက်ပွဲကို ဂန့်ဂေါခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၇၊ တပ်ရင်း ၁၁၊ တပ်ရင်း ၁၂၊ တပ်ရင်း ၁၄၊ တပ်ရင်း ၁၉၊ ABSDF ယောဒေသနဲ့ Hyper UAV Force ရပ်ကျေး .က. အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ABSDF Column – 3 က ထုတ်ပြန်ထားပါတယ်။ 

နိုဝင်ဘာလ ရက်နေ့က မင်းရွာရဲစခန်းသိမ်းတိုက်ပွဲမှာ အောင်ပွဲဆင်လာတဲ့ ABSDF ရဲဘော်များနဲ့ PDF ရဲဘော်များကို ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာများက ကြိုဆိုနေကြတဲ့ပုံရိပ်တွေကို ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။ 

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဦး သေဆုံးပြီး ၁၁ ဦး လက်နက်ချအညံ့ခံခဲ့ကာ ဦး ထွက်ပြေးသွားခဲ့ ကြောင်း၊ သေနတ် ၁၇ လက်နဲ့ လက်နက်ကြီးများအပြင် ခဲယမ်းအမြောက်အများ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီရဲ့ ပန်းတောင်း ခလရ ၉၂ တပ်က ရှမ်းမြောက်ကို ပို့ခံရမယ့် အရာရှိ၊ စစ်သည်တချို့ ထွက်ပြေးနေ


နိုဝင်ဘာလ ၅။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ တောင်ဘွေရွာ အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၉၂) မှ အရာရှိအဆင့် အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ နိုဝင်ဘာ ရက် ညနေပိုင်းက တပ်ကိုစွန့်ခွာထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသကို စစ်ကူအင်အား ဖြည့်တင်းပို့ဆောင်ဖို့ ၎င်း ခလရ ၉၂ တပ်မှာ စုဖွဲ့ထားစဉ် ထွက်ပြေးသွားတာလို့ ဆိုပါတယ်။


ရှမ်းမြောက်ဘက်ကိုပို့ဖို့ အဲ့တပ်မှာ လူစုထားတုန်းပြေးတာလို့ သိရတယ်။ ပြေးတာက ဗိုလ်မှူး ယောက် တပ်သား ယောက်လို့သိရတယ်။ အဲ့ထက်များမယ်ထင်တယ်။ ရှမ်းမြောက်ကို ပို့မှာမို့ ထွက်ပြေးတာလို့ ကြားတယ်လို့ တပ်နဲ့နီးစပ်တဲ့ ပန်းတောင်းဒေသခံတစ်ဦးက မြေလတ်အသံကို ပြောပါတယ်။


၎င်းစစ်ကောင်စီ တပ်သားတွေ ထွက်ပြေးသွားတာကြောင့် အဲ့ဒီနေ့ ညပိုင်းက စပြီး ခလရ ၉၂ တပ်ရဲ့ အနီးတဝိုက်မှာရှိတဲ့ ကျေးရွာတွေကို ပိတ်ဆို့ရှာဖွေနေပြီး တချို့ရွာတွေမှာ စစ်သား ဦးစီ ကင်းချထားကာ စောင့်ကြည့်ရှာဖွေနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။


ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ ညီနောင်မဟာမိတ် ဖွဲ့ရဲ့ အောက်တိုဘာ ၂၇ က စတင်တဲ့၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီစခန်းပေါင်း ရာနဲ့ချီသိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများနေသလို တပ်ရင်းလိုက် လက်နက်ချ အညံ့ခံမှုတွေကြောင့် ရှမ်းမြောက်ဒေသကို စစ်ကူအင်အား ပို့ဆောင်ဖြည့်တင်းမှုတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။


========================


📌📌 ၄။ တောင်ပိုင်းစစ်ဒေသနယ်မြေရှိ စစ်ကောင်စီတပ်စခန်းများနှင့် ထောက်ပို့စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ


နိုဝင်ဘာလ ၅။

တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေနဲ့ ထောက်ပို့စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့တာမှာ အကြမ်ဖက်စစ်တပ်ဘက်က စစ်သား ၄၅ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းတိုင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့- SOF က နိုဝင်ဘာလ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

ကြာအင်းဆိပ်ကြီး မြို့တွင်းမှာရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားရာ ရဲစခန်း၊ ထွေအုပ်ရုံး၊ လဝကရုံး၊ သစ်တောရုံးနဲ့ မီးသတ်ရုံးတို့ကို KNLA အထူးစစ်ဆင်ရေး တပ်ဖွဲ့- SOF ရဲ့ စစ်ကြောင်း ၂နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ နိုဝင်ဘာ ရက်နေ့က တိုက်ခိုက်ခဲ့တာမှာ ရန်သူ (စစ်သား) ၁၁ ဦး သေဆုံးပြီး MA 1 တလက်၊ MA2 စက်လက်တစ်လက်နဲ့ ပူးတွဲလောင်ချာတစ်လက်၊ ကျည်အိမ် ၁၅ ခု၊ ကျည် ၇၉ဝ တောင့်၊ ကွန်ပျူတာနဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ နယ်စပ်အထိုင်စခန်းတစ်ခုဖြစ်တဲ့ ကွီလုံတိုင်စခန်းကိုလည်း အဲဒီနေ့မှာပဲ တိုက်ခိုက်ခဲ့တာမှာ စစ်သား ဦးသေဆုံးပြီး အခြားစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းကို စွန်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ဒီစခန်းကို မနက် နာရီခွဲကနေ ညနေ နာရီအထိတိုက်ခိုက်ခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

KNLA နဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့- SOFအပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဟာ အောက်တိုဘာ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေကလည်း KNU တပ်မဟာ နယ်မြေထဲက အကြမ်းဖက်စစ်ကောင်စီ စခန်းဖြစ်တဲ့ ဖိုးချီးမူးစခန်းကို ရိက္ခာနဲ့လက်နက်ခဲယမ်းတွေလာပို့တဲ့ အင်အား ၁ဝဝ ခန့်ရှိတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ တာမှာလည်း အကြမ်းဖက်စစ်သား ၃ဝ ခန့်သေဆုံးကာ များစွာဒဏ်ရာရရှိသွားတဲ့အတွက် ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။

 

ဖိုးချီးမူးစခန်းကို ရိက္ခာနဲ့လက်နက်ခဲယမ်းတွေ လာပို့တဲ့ အင်အား ၁ဝဝ ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ခမရ ၃၅၈ ခမရ ၅၅၈၊ ခလရ ၅၆၁နဲ့ ခလရ ၅၅၇ က ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်းမှာ ရန်သူ (စစ်သား) များစွာကို ချေမှုန်းနိုင်ခဲ့သလို အထူးစစ်ဆင်ရေးတပ်ဖွဲ့- SOF နဲ့ ပူးပေါင်အဖွဲ့တွေဘက် ရဲဘော်အချို့ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရတယ်လို့လည်း အသိပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးစစ်ဆင်ရေးတပ်ဖွဲ့- SOF (၉၉၉/အထူးတပ်ဖွဲ့) အနေနဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်းက ကျေးလက်နဲ့မြို့တွင်းစစ်ဆင်ရေးတွေကို အရှိန်မြင့်ဆောင်ရွက်နေတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။


========================


📌📌 ၅။ ကောလင်းမြိုပေါ်ရပ်ကွက်များကို စစ်ကောင်စီက လေကြောင်းတိုက်မှုများပြုလုပ်နေ


နိုဝင်ဘာလ ၅။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့ပေါ်က လူနေရပ်ကွက်တွေကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့ ကောလင်းမြို့ပေါ်ရပ်ကွက်တွေကို နိုဝင်ဘာလ ရက်နဲ့ ရက်နေ့တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ Kawlin Info က အသိပေးထားပါတယ်။ 

နိုဝင်ဘာလ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှု ကြိမ်ပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ ရက်နေ့မှာလည်း နာရီခွဲ အချိန်အထိ လေကြောင်းတိုက်ခိုက်မှု ကြိမ်နဲ့လက်နက်ကြီးပစ်ကူ ကြိမ် ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ 

အခုလိုလေကြောင်းတိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်လို့ ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ လက်ရှိမှာ မသိနိုင်သေးဘူးလို့ Kawlin Info တာဝန်ရှိသူတွေက ပြောပါတယ်။ 

ကောလင်းမြို့ပေါ်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက နိုဝင်ဘာလ ရက်ကစပြီး တိုက်ခိုက်နေတာမှာ နိုဝင်ဘာလ ရက်နေ့အထိ ရက်မြောက်ရှိလာပြီဖြစ်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ ဒေသတော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။


========================


📌📌 ၆။ အကြမ်းဖက်စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် မုံးကိုးခရိုင်မှ အရပ်သား ဦး သေဆုံး


နိုဝင်ဘာလ ၅။

မြောက်ပိုင်းညီနောင်မဟာမိတ် ဖွဲ့မှာပါဝင်တဲ့ ကိုးကန့် MNDAA က ကိုးကန့်ဒေသ မုံးကိုးနဲ့ မူပန် (သိန္နီ) ဒေသတွေမှာ စစ်ဆင်ရေး ၁၀၂၇ ကို ဆက်လက်ဖောက်ဆောင်ခဲ့တာမှာ အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သား ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ရက်နေ့က MNDAA နဲ့ AA ပူးပေါင်းအဖွဲ့တွေ မုံးကိုးခရိုင် ရှောက်ကွမ်းလုံးဒေသမှာရှိတဲ့ အမှတ် စစ်ကောင်စီစခန်း၊ မုံကိုးဗျူဟာကုန်းအနောက်ဘက်တောင်ကုန်းမှာရှိတဲ့ အမှတ် တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးသီးတွေကြဲချခဲ့တာကြောင့် မုံးကိုးခရိုင် မုံးကြည် ဒေသ နန်တုံရွာအုပ်စု ရှင်းကျိုင့်ရွာက အရပ်သား ကလေး ဦးနဲ့ လူကြီး ၂ဦး သေဆုံးခဲ့ရတယ်လို့ ကိုးကန့် MNDAA က ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် အဲဒီနေ့ ညနေ နာရီခွဲခန့်အချိန်ကနေ ၇နာရီခန့်အထိ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် မုံးယောင်ဒေသ ဟွေ့လော့ရွာက အရပ်သား တစ်ဦး သေဆုံးခဲ့ရတယ်လို့ အသိပေးထားပါတယ်။ 

MNDAA နဲ့ AA ပူးပေါင်းအဖွဲ့တွေဟာ စစ်ဆင်ရေးစတင်ချိန်ကနေ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်စခန်း စုစုပေါင်း ၁ဝ၉ ခုကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ, မြေမြှုပ်မိုင်းများ ကျန်ရှိနေသေး၍ သွားလာနေထိုင်ခြင်း မပြုရန် ကရင်နီတပ်ပေါင်းစု ထုတ်ပြန်


နိုဝင်ဘာလ ၅။ 

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများတွင် မြေမြှုပ်မိုင်းများနဲ့ ပေါက်ကွဲတတ်သော ပစ္စည်းများကျန်ရှိနေနိုင်သေးတာကြောင့် ပြည်သူများအနေနဲ့ သွားလာခြင်း၊ ဝင်ရောက်နေထိုင်ခြင်း လုံးဝမပြုလုပ်ကြဖို့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက နိုဝင်ဘာလ ရက်နေ့မှာ ထုတ်ပြန်ထား ပါတယ်။


အဆိုပါ နေရာများမှာ စစ်မြေပြင်အဖြစ် သတ်မှတ်ထားတဲ့ ဧရိယာများဖြစ်တာကြောင့် စစ်ကောင်စီဘက်မှ လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းများရှိနေပြီး အချိန်မရွေး ထိတွေ့တိုက်ပွဲများ ဖြစ်လာနိုင်ချေလည်း ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။


ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးကကျွန်တော်တို့ တပ်ဖွဲ့တွေက မသိလိုက်တဲ့ အချိန်တွေမှာ သူ့ဟာသူ ဝင်သွားပြီး မိုင်းထိတာမျိုးလည်း ရှေ့လတွေထဲမှာ ရှိခဲ့တယ်။ အခုနောက်ပိုင်း အတတ်နိုင်ဆုံး ရွာတွေထဲကို မဝင်ဖို့ လူထုကို ပြောပေမယ့် တချို့တွေက သူ့တို့ဆန္ဒအလျောက် ခိုးဝင်တာမျိုးတွေ ရှိတယ်။ အဲဒီလိုတွေရှိတော့ အသက်အန္တရာယ် ရှိနိုင်တယ်။ နောက် မြေမြှုပ်မိုင်းတွေကလည်း အများကြီးရှိတော့ မဝင်ဖို့ တားမြစ်ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။


ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်း၊ အခြေချနေထိုင်သွားခြင်း၊ တပ်စွဲထားခြင်းတို့ ပြုလုပ်နေပြီး ၎င်းတို့ တပ်စွဲသွားတဲ့ နေရာများမှာ မြေမြှုပ်မိုင်းများ ထောင်ထားလေ့ ရှိတယ်လို့ KNDF ကပြောပါတယ်။


လက်ရှိတွင် ကရင်နီပြည်နယ်အတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေး ဆောင်ရွက်နေကြတဲ့ ကရင်နီ တော်လှန်ရေးအဖွဲ့များတွင် အဆင့်မြင့် မိုင်းရှာဖွေရေးစက်များ မရှိ၍ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ဆောင်ရွက်နေရတဲ့အတွက် မိုင်းရှင်းလင်းရေး ဆောင်ရွက်ရာမှာ နှောင့်နှေးမှုများစွာ ရှိနေတယ်လို့ သိရပါတယ်။


ထို့ကြောင့် ပြည်သူများအနေနဲ့ ကျေးရွာများတွင် သွားလာခြင်း၊ ဝင်ရောက်နေထိုင်ခြင်း၊ ပစ္စည်းမျာ သယ်ဆောင်ခြင်း၊ နေအိမ်ပြန်ကြည့်ခြင်းများ လုံးဝ မပြုလုပ်ကြဖို့နဲ့ ကရင်နီ တော်လှန်ရေး အင်အားစုများနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။


ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း နိုင်ငံတဝှမ်းမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ၁၂၁ ဦး သေဆုံးပြီး ၅၂၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ UNICEF ရဲ့ အချက်အလက်များအရ သိရပါတယ်။


========================


📌📌 ၈။ တောင်ကိုရီးယား ဒယ်ဂူးမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြ၊ ဘူဖြောင်းမြို့တွင် THE WAY ရုပ်ရှင်ဇာတ်ကားပြသ


နိုဝင်ဘာလ ၅။ 

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ဘူဖြောင်းမြို့တွင်လည်း တော်လှန်ရေးရန်ပုံငွေ  “THE WAY” တော်လှန်ရေး ရုပ်ရှင်ဇာတ်ကားကို ပြသခဲ့တယ်လို့ သိရပါတယ်။


နိုဝင်ဘာ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများမှ စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ 


အဆိုပါဆန္ဒပြပွဲမှာ ဒယ်ဂူးဘုန်းဘုန်းမှအကြမ်းဖက်စစ်တပ်ရဲ့ စနစ်ဆိုးအောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားများ၊ ရဲများ ပြည်သူရင်ခွင်ကို ခိုဝင်ရန် အချိန်ကောင်းအခါကောင်း ဖြစ်ပြီး ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အနေနဲ့ လက်တလော တိုက်ပွဲဖြစ်နေသော နေရာများကို အရှိန်မြင့်ပြီး ထောက်ပံ့သင့်ကြောင်းနဲ့ များများထောက်ပို့မှ မြန်မြန်အောင်ပွဲရမှာ ဖြစ်ကြောင်းမိန့်ကြားခဲ့ပါတယ်။


နိုဝင်ဘာ ရက်နေ့ တစ်ရက်ထဲမှာပဲ တောင်ကိုးရီးယားနိုင်ငံ ဘူဖြောင်းမြို့တွင် မြန်မာ့ ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် “MFDMC” မှ ဦးစီးပြီး တော်လှန်ရေးရန်ပုံငွေ ရရှိစေရန်  “THE WAY” တော်လှန်ရေး ရုပ်ရှင်ဇာတ်ကားကို ပြသခဲ့တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment