ရှမ်းမြောက်နဲ့တရုတ်နယ်စပ်ရှိနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများရပ်တန့်… နိုဝင်ဘာ - ၃ မကြေးမုံ


ရှမ်းမြောက်နဲ့တရုတ်နယ်စပ်ရှိနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများရပ်တန့်…

နိုဝင်ဘာ - ၃

မကြေးမုံ

အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို တိုင်းရင်းသားလက်နက်ကိုင်ညီနောင်မ ဟာမိတ်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး စစ်မျက်နှာဖွင့်ချေမှုန်း လာတာဖြစ်ပါတယ်။ အောက်တိုဘာလ ၂၇ရက်နေ့၊ မနက် ၆နာရီကစပြီးလားရှိုးမှ ချင်းရွှေ ဟော်နဲ့ လားရှိုးမှ မူဆယ်ပြည်ထောင်စုလမ်းမကြီးတွေကိုအရေးပေါာပိတ်ပင်လိုက်တဲ့အထိ စစ်ဆင်ရေးအရှိန်ကိုမြှင့်တင်လိုက်တာဖြစ်ပါတယ်။ လတ်တလောမှာတော့ မန်းလေးတိုင်း နဲ့ရှမ်းမြောက် နယ်စပ်ဖြစ်တဲ့ နောင်ချိုမြို့နယ်ကစလို့ ချင်းရွှေဟော်နဲ့ မူဆယ် (၁၀၅)မိုင် ကုန်သွယ် ရေး ဇုန်တွေကိုဖြတ်သန်းသွားလာလို့မရပဲ ကုန်သွယ်ရေးလုပ်ငန်းများလုံးဝ ရပ်ဆိုင်းသွားတာဖြစ်ပါတယ်။ ဒီအခြေနေကိုမူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ကောက် ပဲသီးနှံကုန်စည်ဒိုင်တစ်ခုရဲ့တာဝန်ခံဖြစ်သူကအခုလိုပြောပါတယ်။

“အခြေနေလေးတွေသိချင်တယ်ဆိုတော့ ပုံမှန်ကိုဗစ်အခြေနေဆိုပြောလို့ရတယ်၊ ဒီအခြေနေကြီးကျတော့ ကမ်းမမြင်လမ်းမမြင်ပေါ့။ ဘယ်လောက်ကြာမလဲ၊ မသိဘူး။  အခြေနေက ဒါပဲလေ။ အခြေနေက တောင်သူတွေအတွက်တော့မှောင်မိုက်နေတာပေါ့ လေ  ” 

မူဆယ်ဈေးကွက်ကိုအဓိကတင်ပို့နေတဲ့ ဂျုံ၊ ပဲမျိုးစုံ၊ ဆီထွက် သီးနှံနဲ့ ကုန်စည်အမျိုး အစား တစ်ရာ လောက်ကုန်သွယ်မှုပြုနေတဲ့ မန္တလေးကုန်စည်ဒိုင်လို့ လူများ တဲ့ ပွဲစားကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်းမှာတော့ လမ်းပိတ်လိုက်တဲ့ မနက်ပိုင်းမှာပဲ အ ရောင်းအဝယ်တွေ ရပ်ဆိုင်းခဲ့တယ်လို့ဆိုပါတယ်။

“ နှမ်းမျိုးစုံပေါ့။ နှမ်းဖြူ၊ နှမ်းနက်၊ နှမ်းညို၊ ပဲတီစိမ်းမျိုးစုံ၊ နောက်မြေပဲလုံးစံအဖြူ၊ အနီ၊ အကုန်လုံးက မြန်မာပြည်မန်းလေးက မိန်းထားပြီးတော့မှ ကျွန်တော်တို့ ချင်းရွှေ ဟော်၊ မူဆယ် အဲ့ဒီဘက်ကိုသွားနေတာပေါ့လေ၊ ဒီနေ့မနက်ကို အဲ့ဒီပစ္စည်း ၃မျိုးက အဲ့သ တင်းလည်းကြားပြီးရော လိုင်းပေါာမှာတွေ့ရတာပေါ့လေ။ ဈေးကွက်ကပျက်သွားတယ်။ လုံးကိုဈေးကွက်မဖြစ်တော့ဘူး။ ဝယ်မယ့်သူကလည်း မဝယ်ရဲဘူး၊ ဝယ်မယ့်သူက တရုတ် ကဝယ်တာကိုး။ သူတို့မဝယ်တော့ ရောင်းတဲ့သူကလည်းမဝယ်တော့ဘူး။ စိတ်ဓာတ်ကျနေ ကြတာ” 

မြန်မာ့လယ်ယာထွက်ကုန်ကောက်ပဲသီးနှံဈေးကွက်က တရုတ်နယ်စပ်ကိုအများအပြား တင်ပို့နေတာဖြစ်ပါတယ်။ ဆန်နဲ့ ဆန်ထွက်ပစ္စည်းကစလို့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ အစေ့ထုတ်ပြောင်း၊ ဖရဲ၊ သခွားမွှေး၊ ထောပတ်စတဲ့ သစ်သီးဝလံတွေကအစ ပြည်ပဈေး ကွက်ကို တင်ပို့ဖို့အတွက်ရည်ရွယ်စိုက်ပျိုးကြတာဖြစ်ပါတယ်။ ဒါကြောင့်ပြည်တွင်းစားသုံး မှုလည်းဖူလုံတဲ့အပြင် ပိုလျှံနေတဲ့ ထွက်ကုန်တွေကို နှစ်စဥ်တင်ပို့နေကြတာဖြစ်ပါတယ်။ လတ်တလောမှာ ရှမ်းမြောက်နယ်စပ်ဈေးကွက်ကိုရည်ရွယ်ပြီး တင်ပို့ဖို့ပြင်ဆင်နေတဲ့ ဖရဲ နဲ့သခွားမွှေးတွေ၊ တင်ပို့ဖို့သိုလှောင်ထားတဲ့ပဲတွေနှမ်းတွေ၊ ဆန်နဲ့ဆန်ထွက်ပစ္စည်းတွေ လည်းကုန်သည်တွေလက်ထဲမှာ ပိတ်မိနေပါတယ်။ လတ်တလောပေါာလာဖို့ရှိတဲ့ သီးနှံ တွေမှာလည်း ဝယ်သူမရှိတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပြီး စစ်တပ်ရဲ့အကြမ်းဖက်လုပ် ရပ်တွေက ရင်းနှီးမြှုပ်နှံသူတွေအတွက် ယုံကြည်မှုပျက်ပြားစေတယ်လို့ စိုက်ပျိုးစီး ပွားကျွမ်းကျင်သူက သုံးသပ်ပါတယ်။

“အဓိက ကျွန်တော်တို့အကြောင်းအရင်းကတော့ နိုင်ငံရေးကိစ္စတွေပါပဲ။ ဒီအပေါာ တွေမှာ အဓိကကတော့အစိုးရပိုင်းရဲ့ပေါာလစီတွေနဲ့ဖြစ်ဖြစ်အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု ကြား ယုံကြည်မှုတွေပျောက်ဆုံးလာတယ်ဆိုတဲ့ဟာကတော့ အဓိကဖြစ်သွားတာပေါ့နော်။ အဲ့တော့ ယုံကြည်မှုတွေမရှိတဲ့ဟာရဲ့နောက်မှာတော့ အဖွဲ့အစည်းတွေနဲ့ရော၊ ပြည်သူတွေ အနေနဲ့ရောပူးပေါင်းဆောင်ရွက်မှုတွေကအားနည်းလာတယ်။ အဲ့ဒီကနေ နောက်ထပ် ဒီကဏ္ဍတွေ၊ ဒီနေရာတွေမှာရင်းနှီမြှုပ်နှံမှုတွေရော၊ လုပ်ငန်းကိုင်ငန်းအနေနဲ့ရောက ဘယ် လိုမှ အဆင်ပြေပြေလုပ်နိုင်ဖို့က မရှိနိုင်ဘူးပေါ့နော်။ အဲ့တော့ အဖြေကတော့မရှိဘူးတော့ မဟုတ်ဘူး၊ ရှိတော့ရှိတယ်။ သို့သော်အဲ့အခြေအနေကို ရဖို့၊ ရောက်ဖို့ဆိုတဲ့ဟာကတော့ တော်တော်လေးကိုအလှမ်းကွာဝေးလာတယ်ဆိုတဲ့အနေထားမျိုးဖြစ်သွားတယ်လို့လည်းမြင်ရတဲ့ဥစ္စာမျိုးလည်းရှိတယ်ပေါ့နော် ” 

မြန်မာ -  တရုတ်နယ်စပ်ရှိကုန်သွယ်ရေးစခန်းငါးခုအနက် ရှမ်းမြောက်ဒေသမှာပါဝင်နေတဲ့ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်နှစ်ခုပေါင်း ကုန်သွယ်မှုတန်ဖိုးက အမေရိကန်ဒေါာလာ ၃ဘီ လီယံနီးပါးရှိပါတယ်။ ကျန်တဲ့နယ်စပ်စခန်းတွေဖြစ်တဲ့ လွယ်ဂျယ်၊ ကန်ပိုက်တည်၊ ကျိုင်း တုံစခန်းတွေရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါာလာ သန်း သုံးရာနီးပါးသာရှိတယ်လို့ စစ် ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။

Share:

No comments:

Post a Comment