မကြေးမုံ၊ နိုဝင်ဘာ - ၂၀၊ ၂၀၂၃ (Radio NUG)
အကြမ်းဖက်စစ်တပ်လက်အောက်ခံ စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန ရဲ့မြေစာရင်းနဲ့ဆည်မြောင်းဌာနတွေက ဖရဲစိုက်တောင်သူတွေအပေါာမှာ အဓမ္မငွေ ကြေး ကောက်ခံနေတာဖြစ်တယ်လို အဲ့ဒီဒေသတွေမှာ ဖရဲစိုက်ပျိုးသူတွေက အခုလိုပြော ပါ တယ်။
“ အခုက ဘာဘယ်လောက်အထိဆိုးကုန်လဲဆိုရင် ကျွန်တော်တိုငှားတယ်၊ မိတ္ထီလာဘက်မှာ စိုက်တယ်၊ အရင်တုန်းက ဘာပြသနာမှ မရှိဘူး။ ဘာမြေစာရင်းမှမပေးရ ဘူး။ ဒါအပွင့်လင်းဆုံး မြေစာရင်းပေးစရာမလိုဘူး။ ကျွန်တော်တိုပြောမယ်ဆိုရင်နိုင်ငံ
တော်ကိုဆောင်ရတဲ့ ဂျုတီတွေပြောပြတယ်၊ ဟုတ်တယ်မလား၊ ဒီနှစ်ဆိုရင် တော်တော် ကြီးကိုတောင်းတယ်၊ မြေစာရင်းကိုပေးရတယ်၊ အဲ့နားလေးဆည်ရှိတော့ ဒီအတိုင်းဆင်း နေတဲ့သူ့ဆည်က ဥပမာပိတ်လိုမရဘူး၊ လျှံတဲ့ရေရှိမယ်၊ စိမ့်ကျနေတာရှိမယ်၊ ချောင်းဘေး မှာရေသွင်းရင်တောင် ပိုက်ဆံတောင်းတယ်။ အဲ့ဒါမျိုးတွေလည်းကြုံရတယ်၊ ပြီးတော့နိုင်ငံ ခြားသားဗီဇာနဲ့လာစိုက်တယ်။ တော်တော်ကြီးကိုပေးရတယ်။ ဒါအမှန်တကယ်တော့ သတ်ပုံကတော်တော်ကိုမှားတာပါ။ ကျွန်တော်တိုမှာလည်း ဝါသနာနဲ့အသက်မွေးဝမ်း ကျောင်းသာလုပ်ရတာ၊ အတော်ကိုစိတ်ရှုပ်ရတယ်။ တော်တော်ကိုလုပ်ရတာ၊ စိတ်မပျော် ဘူးပေါ့၊ ကိုယ့်နောက်မှာလည်းလုပ်နေတဲ့ ကိုယ့်မှီခိုတဲ့လူကလည်း များတော့ ကြားနေရ တဲ့သတင်းတွေကတော့စိတ်ချမ်းသာစရာတစ်ခုမှမရှိဘူး ’’
ဖရဲနဲ့သခွားအများဆုံးစိုက်ပျိုးထုတ်လုပ်ရာ စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်တပ် က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေကို အကြမ်းဖက်နှိမ်နင်းတာတွေအပြင် ဖရဲခင်းက လုပ်သားတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာတွေရှိလာပါတယ်။ ဒါကြောင့် ဖရဲစိုက်ပျိုးတဲ့ တောင်သူတွေဟာ မန္တလေးတိုင်း၊ မိတ္ထီလာဘက်ကသင်ပုန်းဆည်အနီး ပြောင်းရွှေ့ စိုက်ပျိုး ရာမှာ အခုလို အ ကြမ်းဖက်စစ်တပ်လက်အောက်ခံ မြေစာရင်းနဲ့ ဆည်မြောင်း ဌာန တွေက အဓမ္မငွေ ကြေးကောက်ခံလာတာဖြစ်ပါတယ်။ လတ်တလော ဖရဲစိုက် ပျိုးမှုမှာ အဓ္ဓမ ငွေကြေးကောက်ခံတာတွေနဲ့ ရင်ဆိုင်နေရသလို ဈေးကွက်တင်ပိုရာမှာလည်းတောင် သူတွေမှာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မူဆယ်ထွက်ပေါက်မရှိတော့တဲ့ ဖရဲ ကုန် သည်တွေက ခရီးပိုဝေးတဲ့ ရှမ်းအရှေ့ပိုင်း မိုင်းလား - တာလော့ ဂိတ်ကနေတင်ပိုနေပြီး ဈေးကွက်အခြေနေကို ဖရဲတောင်သူတစ်ဦးကအခုလိုပြောပါတယ်။
“ အခုပေါ့နော်၊ ကျွန်မသိရသလောက်က ဒီဘက်ကတော့ကုန်ကျစရိတ်က အရမ်း များတယ်။ တောင်သူတွေကိုက်လားမကိုက်လားတောင်မသိရသေးဘူး။ အသီးကောင်းရင် အပယ်မကျရင်တော့ သူ့ဟာနဲ့သူအဆင်ပြေမှာပါ။ မူဆယ်လမ်းကြောင်းကရောင်းတာ အ ကောင်းဆုံးပါပဲ။ ဒီဘက် မိုင်းလားလမ်းကြောင်းကလမ်းကတော်တော်ကျဥ◌်းတယ်။ ကား တစ်စီးနဲ့ တစ်စီးရှောင်ဖိုကအဆင်မပြေဘူး။ အကွေ့အကောက်တွေနဲ့ တောင်တက်တောင် ဆင်းနဲ့ ကားဆရာတွေ နှစ်စီးယှဥ◌်သွားလို ညမိုးချုပ်ရင်အန္တရယ်များတယ်။ အခုလော လောဆယ်ကတရုတ်ပြည်အသီးတွေက မပေါာသေးတော့လေ တရုတ်တွေက ဝယ်ကြပါ တယ်။ မိုးရွာတုန်းက အသီးတွေပျက်စီးကုန််တော့ အခုလောလောဆယ်ဈေးကွက်က ကောင်းတယ်။ ၁၂လပိုင်းအထိကိုဈေးကွက်ကောင်းနိုင်တဲ့အလားအလာရှိပါတယ် ”
ကိုဗစ် - ၁၉ ကပ်ရောဂါစတင်ဖြစ်ပွားတဲ့နှစ်မှာ တရုတ်ဈေးကွက်ပိတ်လိုက်ပြီးနောက် မြန်မာ့ဖရဲသခွားစိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းကဆိုးဆိုးရွားရွား ကျဆင်းခဲ့ပါတယ်။ အခု နှစ်မှာတော့ စိုက်ဧကတွေပြန်တက်လာပြီး ဖရဲစိုက်ဧက ခြောက်သောင်း လောက် နဲ့ အရင်းအနှီးများတဲ့သ ခွား မွှေးကတော့စိုက်ဧက ငါးထောင်လောက်ရှိလာတယ်လို မန္တလေး မြိုအခြေစိုက် ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်သူတွေကခန့်မှန်းကြပါတယ်။ အကြမ်း ဖက်စစ်တပ်လက်အောက်ခံ အရပ်ဘက်ပြည်သူ့ဝန်ဆောင်မှုဌာနတွေက အခက်အခဲကြား က အများပြည်သူကိုကူညီတာမရှိတဲ့အပြင် ဒေသခံတွေရဲ့ အသက်ဘေးကြားက လုပ်ကိုင် နေရတဲ့ အသက်မွေးလုပ်ငန်းအပေါာ အဓမ္မငွေကြေးကောက်ခံနေတာပဲဖြစ်ပါတယ်။
No comments:
Post a Comment