3rd JAN 2024 - Evening Daily News by Radio NUG

၂၀၂၄ ဇန်နဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပလက်ဝရှိ ခမောင်းဝ စစ်ကောင်စီစခန်းကို AA သိမ်းပိုက်

📌 ၂။ ကွတ်ခိုင်မြို့ စစ်ကောင်စီ တပ်စခန်းကို TNLA ဆက်လက်ထိုးစစ်ဆင်၊ မြို့ပေါ်နေရာ များကို  စစ်တပ်က ဖျက်အားပြင်း ဗုံးများဖြင့် ကြဲချတိုက်ခိုက်

📌 ၃။ KNU တပ်မဟာ နယ်မြေတွင် ဒီဇင်ဘာလအတွင်း တိုက်ပွဲ ၈၉ ကြိမ်ဖြစ်ခဲ့ပြီး စကစ စစ်သား ၁၂ ဦးသေဆုံး

📌 ၄။ တောင်ငူခရိုင်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း () ခု စွန့်ခွာထွက်ပြေး

📌 ၅။ မုံရွာမြို့နယ်၊ ထန်းပင်လှရွာနှင့် ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

📌 ၆။ စစ်အာဏာသိမ်းပြီးနောက် မြန်မာကလေးငယ် သန်းကျော် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာသင်ခွင့်ဆုံးရှုံးခဲ့ကြောင်း UNOCHA ပြော

📌 ၇။ လွတ်လပ်ရေးနေ့မှာ ထုတ်လွှင့်ပြသွားမယ့် တော်လှန်အနုပညာရှင်တွေရဲ့သစ္စာရုပ်ရှင် ဇာတ်လမ်းတို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပလက်ဝရှိ ခမောင်းဝ စစ်ကောင်စီစခန်းကို AA သိမ်းပိုက်


ချင်းပြည်နယ် ပလက်ဝဒေသမှာရှိတဲ့ ခမောင်းဝ စစ်ကောင်စီစခန်းကို ရခိုင့်တပ်တော် AA က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီလို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ပါတယ်။ 

ပလက်ဝဒေသအတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမောင်းဝ စခန်းကို ဇန်နဝါရီလ ရက်နေ့မှာ ရခိုင့်တပ်တော် AA က အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ 

လက်နက်ချအညံ့မခံသေးတဲ့ စခန်းကြီး စခန်းငယ်တွေနဲ့ တဝက်တပျက်ကျန်နေသေးတဲ့ စခန်းတွေကိုလည်း ယခုတပတ်အတွင်းမှာ အပြီးသတ်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်း ညီနောင်မဟာမိတ် ဖွဲ့က အသိပေး ထားပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး ၆၈ ရက်မြောက်နေ့ တိုက်ပွဲသတင်းများထုတ်ပြန်ရာမှာ အခုလိုထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။ 

ညီနောင်မဟာမိတ် ဖွဲ့က ဇန်နဝါရီလ ရက်နေ့ စစ်ရေးသတင်းတွေကိုထုတ်ပြန်ရာမှာ ကျောက်တော်မြို့ နယ် တင်းမကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီအခြေချ တောင်ရှည်တောင် ဗျူဟာကုန်းကို ရခိုင်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က ဗျူဟာကုန်းမကျရေးအတွက် ဂျက်ဖိုက်တာ ၂စင်း နဲ့ လေကြောင်းကနေ အပြင်အထန် ခုခံနေတဲ့အပြင် ကျောက်တော်အခြေစိုက်တပ်စခန်းတွေကလည်း အတွဲ လိုက် ဒုံး အမြောက်အများသုံးကာ ခုခံကာကွယ်နေတယ်လို့ သိရပါတယ်။ 

မင်းပြားမြို့နယ် ကျိန်တောင်အခြေစိုက်စခန်းမှာရှိတဲ့ ခမရ ၃၈၀၊ ခမရ ၃၇၉ နဲ့ ခမရ ၅၄၁ တို့လည်း ဇန်နဝါရီလ ရက်နေ့ ညနေပိုင်းကစပြီး မင်းပြားမြို့ထဲကို လက်နက်ကြီးတွေနဲ့ အကြိမ် ၃ဝ ထက်မနည်း ရည်ရွယ်ချက်ရှိရှိပစ်ခဲ့တာမှာ ပြည်တော်သာရပ်ကွက်ထဲ လက်နက်ကြီးကျည် လုံး ကျရောက်ပေါက်ကွဲခဲ့ တာကြောင့် အိမ် ၃လုံးနဲ့ မူလတန်းကျောင်း ပြိုကျပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထို့ပြင် စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်တလုံး မင်းပြားမြို့မစျေးအတွင်း ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဆိုင်ခန်းအချို့ ပြိုကျပျက်စီးခဲ့ပြီး မင်းပြားဆေးရုံကြီးအနီးမှာရှိတဲ့ ကျီးဖြူကျေးရွာ အတွင်းကိုလည်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုအချို့ရှိခဲ့တယ် လို့ သိရပါတယ်။

အလားတူ ကျောက်တော်မြို့နယ် မျောက်တောင်ရွာကို စစ်တပ်က ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် ကလေးတဦးအပါအဝင် ဦး သေဆုံးခဲ့ပြီး ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ရခိုင့်တပ်တော် AA ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က ပလက်ဝမြို့မှာရှိတဲ့ ခဝဲဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့သလို ဒီဇင်ဘာလ ၂၈ ရက်နေ့မှာလည်း မြန်မာ- အိန္ဒိယနယ်စပ် ပလက်ဝဒေသတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ပွိုင့် ၃၇၇ စစ်ဆင်ရေးအခြကုတ်စခန်းကို အပြီသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ ကွတ်ခိုင်မြို့ စစ်ကောင်စီ တပ်စခန်းကို TNLA ဆက်လက်ထိုးစစ်ဆင်၊ မြို့ပေါ်နေရာ များကို  စစ်တပ်က ဖျက်အားပြင်း ဗုံးများဖြင့် ကြဲချတိုက်ခိုက်


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီတပ်နှင့် တအောင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က အသိပေး ထားပါတယ်။

ဇန်နဝါရီလ ရက်နေ့ အတွက် တိုက်ပွဲသတင်းထုတ်ပြန်ရာမှာ TNLA က အခုလို အသိပေးခဲ့တာ ဖြစ်ပါတယ်။

ကွတ်ခိုင်မြို့ တိုက်ပွဲအတွင်း တုံဆင်လေးကျေးရွာ၊ မြို့တွင်း ရပ်ကွက် () ရဲစခန်းတို့တွင် စစ်ကောင်စီ တပ်မှ Y12 ဖြင့် () ကြိမ်၊ Jet Fighter ဖြင့် () ကြိမ်၊ ဗုံး () လုံး နဲ့ ပေါင် ၅၀၀ ဗုံး () လုံး ဖြင့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

အလားတူ ဇန်နဝါရီ ရက်နေ့ တစ်ရက်တည်းမှာပဲ နောင်ချိုမြို့နယ် သံဘိုကျေးရွာတွင်လည်း စစ်ကောင်စီတပ်နှင့် တအောင်းတပ် PSLF/TNLA + MDY PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွား ခဲ့သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

၎င်းတိုက်ပွဲဖြစ်ပွားရာ သံဘိုကျေးရွာကို စစ်ကောင်စီမှ Jet Fighter ဖြင့် () ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့လည်း TNLA က ဆိုပါတယ်။

ထို့အပြင် လားရှိုးမြို့နယ် စစ်ကောင်စီတပ်မှ အီနိုင်းကျေးရွာ၊ ပန်ဟုံကျေးရွာ၊ ပန်ခေါ်ကျေးရွာ နဲ့ ၁၀ မိုင်ကုန်းတို့ကို လက်နက်ကြီးဖြင့် (၃၉) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

ယခင်ကလည်း စစ်ကောင်စီက လေကြောင်းပစ်ကူပေး နေတဲ့ကြားမှ မိုင်းငေါ့၊ နမ္မတူ၊ မန်တုံ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မိုင်းလုံ မြို့များကို TNLA က သိမ်းပိုက်နိုင်ခဲ့ပါတယ်။


========================


📌📌 ၃။ KNU တပ်မဟာ နယ်မြေတွင် ဒီဇင်ဘာလအတွင်း တိုက်ပွဲ ၈၉ ကြိမ်ဖြစ်ခဲ့ပြီး စကစ စစ်သား ၁၂ ဦးသေဆုံး


ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ နယ်မြေ ဖာပွန်ခရိုင်မှာ ဒီဇင်ဘာလအတွင်း တိုက်ပွဲပေါင်း ၈၉ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးကာ တပ်ကြပ်ကြီးတဦးအပါအဝင် ၅၇ ဦး ဒဏ်ရာရခဲ့ တယ်လို့ မူတြော်ခရိုင်က ထုတ်ပြန်ပါတယ်။ 

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီအတွက် အရေးပါတဲ့ တပ်စခန်း ခုကို သိမ်းယူနိုင်ခဲ့ပြီး စစ်တဲစခန်း ၁၃ လုံးကို ဖျက်ဆီးနိုင်ခဲ့ကာ မြင်း လား ကောင် အရှင်ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါတိုက်ပွဲတွေမှာ KNLA တပ်မဟာက တပ်ဖွဲ့ဝင် ဦး တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူခဲ့ရပြီး ၄၉ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း အသိပေးထားပါတယ်။ 

ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီက မူတြော်ခရိုင် လူသောမြောက်ပိုင်းကကျေးရွာတွေကို တိုက်လေယာဉ်နဲ့ ကြိမ် လာရောက်တိုက်ခိုက်ခဲ့တာမှာ အကြီးစား ဗုံး လုံး ကြဲချခဲ့တယ်လို့လည်း သိရပါ တယ်။

ထို့အပြင် အပြစ်မဲ့ပြည်သူတွေနေထိုင်ရာ နေရာတွေကို မြေပြင်ကနေ အမြောက်တွေနဲ့ ၄၂ လုံး ရည်ရွယ် ချက်ရှိရှိပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူတဦး သေဆုံးကာ အိမ် လုံး၊ ဘုရားကျောင်းတခု၊ ညဝတ် ဆုတောင်းရာအဆာင် တဆောင်၊ စပါးကျီတလုံး၊ ဆိုင်ကယ်တစီးနဲ့ စက်လှေ စင်း မီးလောင်ပျက်စီးခဲ့တယ် လို့ မူတြော်ခရိုင်က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ တောင်ငူခရိုင်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း () ခု စွန့်ခွာထွက်ပြေး


ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေ၊ တော်ဦး(တောင်ငူ)ခရိုင်၊ တပ်မဟာ () အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းနှစ်ခု စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဇန်နဝါရီလ ရက်နေ့မှာ KNU ဗဟိုက အသိပေး ဆိုပါတယ်။

တောင်ငူခရိုင်၊ ထောတထူ(ထန်းတပင်)မြို့နယ်၊ မိုနေပွာကျေးရွာအုပ်စုအတွင်းရှိ၊ ဖလေးဆာလို ကျေးရွာ ဘိုးဘွားပိုင် သင်္ချိုင်းမြေနဲ့  ကလောမီဒဲ ကျေးရွာပိုင်မြေအတွင်း တပ်စွဲထားကြတဲ့ စကခ (၂၀) လက်အောက်ရှိ ခမရ (၅၈၁) တပ်စခန်း နှစ်ခုမှ စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွား ခဲ့တာပါ။

ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ဖလေးဆာလို စခန်းနဲ့ ဇန်နဝါရီ ရက်နေ့မှာ ကလောမီဒဲ စခန်းတို့ အသီးသီး စွန့်ခွာထွက်ပြေး သွားခဲ့တာဖြစ်ပြီး ထိုစခန်းများကို KNLA တပ်ရင်း () မှ နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ပြီး မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။

ထိုစခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ရိက္ခာလမ်းကြောင်း ဖြတ်တောက်ထားသည်မှာ ဖလေးဆာလို တပ်စခန်းမှာ () လခန့် နှင့် ကလောမီဒဲ တပ်စခန်းမှာ () လခန့် ကြာမြင့်ပြီ ဖြစ်တာကြောင့် စစ်ကောင်စီ တပ်သားများ ဒုက္ခများစွာ ခံစားရပြိး နောက်ဆုံးမှာ စခန်းစွန့်ခွာ ထွက်ပြေးသွားရတာဖြစ်တယ်လို့ KNU က ဆိုပါတယ်။

ထိုစခန်းများကို နယ်မြေရှင်းလင်း ဆောင်ရွက်စဉ်အတွင်း ဖလေးဆာလို တပ်စခန်းအတွင်းမှ ခဲယမ်းများစွာကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။


========================


📌📌 ၅။ မုံရွာမြို့နယ်၊ ထန်းပင်လှရွာနှင့် ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး 


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထန်းပင်လှ ကျေးရွာနှင့် ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်း ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် အရပ်သားပြည်သူပိုင် နေအိမ်များ ပျက်စီးခဲ့ တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇန်နဝါရီလ ရက်နေ့ နံနက် နာရီ အချိန်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ထန်းပင်လှ ရွာကို စစ်ကောင်စီ စစ်ကြောင်းက သေနတ်ပစ်ဖောက် ဝင်ရောက်ပြီး နေအိမ်တချို့ကို မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ သိရပါတယ်။

"သာစည်ဘက်ကလာတဲ့ စစ်သားတွေဗျ။ ရွာထဲစ၀င်ကတည်းက သေနတ်တွေပစ်ပြီး ၀င်လာ ကြတာ။ ရွာထဲရှိတဲ့ သူတို့လိုချင်တဲ့ ပစ္စည်းတွေယူပြီး အိမ် လုံးကို မီးရှို့သွားတယ်" လို့ ဒေသခံ တစ်ဦး ကဆိုကြောင်း ခေတ်သစ် မီဒီယာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီ စစ်ကြောင်း  ပစ်ခတ်၀င်ရောက်လာသဖြင့်  ထန်းပင်လှရွာနဲ့ အနီးပတ်၀န်းကျင် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သိရပါတယ်။

အလားတူ ဇန်နဝါရီ ရက်နေ့ နာရီခန့်မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်း ရွာမှ နေအိမ်တစ်လုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ ပြည်သူများက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း  မုံရွာမြို့နယ် တောင်မတောကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ခဲ့ပြီး ကျေးရွာမှ လင်မယား ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ သေးတယ်လို့ သိရပါတယ်။


========================


📌📌 ၆။ စစ်အာဏာသိမ်းပြီးနောက် မြန်မာကလေးငယ် သန်းကျော် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာသင်ခွင့်ဆုံးရှုံးခဲ့ကြောင်း UNOCHA ပြော


မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူလိုက်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ မြန်မာကလေးငယ် သန်းကျော်ဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာသင်ခွင့်ဆုံးရှုံးခြင်းအပါအဝင် စားနပ်ရိက္ခာမလုံလောက် ခြင်းနဲ့ အာဟာရချို့တဲ့မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစားနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

၂၀၂၄ ခုနှစ်အတွက် မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့်အစီအစဉ်ကို ထုတ်ပြန်ရာမှာ အခုလို ထည့်သွင်းဖော်ပြလိုက်တာဖြစ်ပါတယ်။ 

မြန်မာကလေးငယ်တွေ ကြုံတွေ့နေရတဲ့အခြေအနေတွေဟာ အာဏာသိမ်းမှုမတိုင်မီကအခြေအနေထက် ၁၉ ပိုမိုးဆိုးရွားလာတယ် UNOCHA က ထောက်ပြထားပါတယ်။ 

ဒီထဲက ကလေးငယ်အများစုဟာ အတင်းအကျပ် စစ်သားအဖြစ်စုဆောင်းခံရတာတွေနဲ့ စိတ်ထိခိုက်ခံစားရ တာတွေအပါအဝင် အန္တရယ်အမျိုးမျိုးကနေ ကာကွယ်စောင့်ရှောင့်ခံရဖို့လည်း လိုအပ်နေတယ်လို့ ပြောပါ တယ်။

ဒီအခြေအနေဟာ ၂ဝ၂၁ ခုနှစ် အာဏာသိမ်းပြီး နှစ်နီးပါးအကြာ မြန်မာနိုင်ငံရဲ့ စိတ်မချမ်းမြေ့စရာ လူသားချင်းစာနာမှုအခြေအနေကို ထင်ဟပ်နေတာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ထို့အပြင် မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသူအရေအတွက် ၁၈ ဒသမ သန်းအထိရှိလာပြီး ဒါဟာ တနိုင်ငံလုံးမှာရှိတဲ့ လူဦးရေရဲ့ ပုံ တပုံခန့်ရှိကာ ယခင်နှစ်ကထက် တသန်းကျော် ပိုများလာတယ်လို့ ပြောပါတယ်။ 

စစ်အာဏာသိမ်းမှုကြောင့် အိုးအိမ်စွန်ခွာထွက်ပြေးရသူ သန်းကျော်အထိ ရှိလာပြီလို့ UN က ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်မှုများ မြင့်တက်လာချိန်မှာ စစ်တပ် က ၁၀၂၇ စစ်ဆင်ရေးအပေါ် တုံ့ပြန်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက် ပိုများလာပြီး အခြေအနေတွေ ပိုဆိုးရွားလာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးကလည်း ထောက်ပြထားပါတယ်။


========================


📌📌 ၇။ လွတ်လပ်ရေးနေ့မှာ ထုတ်လွှင့်ပြသွားမယ့် တော်လှန်အနုပညာရှင်တွေရဲ့သစ္စာရုပ်ရှင် ဇာတ်လမ်းတို


တော်လှန်အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့သစ္စာအမည်ရှိ ရုပ်ရှင်ဇာတ်လမ်းတိုကို ဇန်နဝါရီလ ရက်နေ့ (လွတ်လပ်ရေးနေ့) နာရီမှာ PVTV နဲ့ မိတ်ဖက်မီဒီယာများမှ တပြိုင်တည်း ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

" ‘သစ္စာရုပ်ရှင်ဇာတ်လမ်းတိုအား လာမယ့် ဇန်နဝါရီလ ရက် (လွတ်လပ်ရေးနေ့) ညနေ () နာရီအချိန်တွင် တော်လှန်သူပရိသတ်များ ခံစားကြည့်ရှုနိုင်ဖို့အတွက် PVTV နှင့် မိတ်ဖက် Media Channel များမှတဆင့်  Free to Air တပြိုင်နက်တည်း ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။လို့ PVTV က အသိပေးထားပါတယ်။

၎င်းရုပ်ရှင်ဇာတ်ကားတွင် တော်လှန်အနုပညာရှင်များဖြစ်တဲ့ အောင်မြင့်မြတ်၊ ဘုန်းဆက်သွင်၊ အောင်လေးနှင့် ဒေါင်းကြီးတို့ အဓိက ပါဝင်သရုပ်ဆောင် ထားကြပါတယ်။

ဇာတ်ကားတွင် ပါဝင်ထားတဲ့ သရုပ်ဆောင် ဘုန်းဆက်သွင်က "တော်လှန်ရေးကာလ တတ်နိုင်တဲ့ ဘက်က ကူပေးရင်း ကိုယ့်နာမည်မြင်ပြီး ဂုဏ်ယူရတဲ့ အခိုက်အတန့်တွေ" လို့ ၎င်းရဲ့ ခံစားချက်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

ရုပ်ရှင်ပိုစတာတွင် သရုပ်ဆောင် အောင်မြင့်မြတ်က တပ်မ (၆၆) တံဆိပ်ပါ စစ်တပ်ဝတ်စုံကို ဝတ်ဆင်ထားတာကြောင့် ၎င်းနဲ့ ရင်းနှီးသူများက လူမှုကွန်ရက်မှာ စနောက်နေကြပါတယ်။

၎င်းဇာတ်ကားကို ကိုနေဘုန်းလတ်က ထုတ်လုပ်ခြင်းဖြစ်ပြီး တာတီးရဲ့ ဇာတ်လမ်းကို သာလှက ဇာတ်ညွန်းရေးကာ ဒါရိုက်တာ မိုးသွန်းက ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဇာတ်ကားတည်းဖြတ်ကို ဒါရိုက်တာ ဏကြီးက ဖန်တီးပေးထားပြီး ဂီတပိုင်းကို အဆိုတော် လင်းလင်းက တာဝန်ယူထားတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့် နှင့် မင်းစစ်သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment