3rd JAN 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဇန်နဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နှစ်သစ်မှာ စုစည်းညီညွတ်မှုအားကို ပိုမိုခိုင်မာအောင်တည်ဆောက်ပြီး အဆုံးသတ်တိုက်ပွဲအတွက် ကြိုးစားကြမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်ပြော

📌 ၂။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာ ပြန်လည်ရရှိရေးသည် အကြီးမားဆုံးသောရည်မှန်းချက်ဖြစ်သည်ဟု MNDAA စစ်ဦးစီးချုပ်ပြော

📌 ၃။ အတိုက်အခံ အဖွဲ့အစည်းတွေကြောင့် တိုင်းပြည်နစ်နာနေရတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် အပြစ်ဖို့ စွပ်စွဲ

📌 ၄။ ကောလင်းမြို့ပေါ်သို့ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံ ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရ

📌 ၅။ ယင်းမာပင် မြို့နယ်ရှိ စစ်ကောင်စီ အထိုင်ချ တပ်စွဲထားတဲ့ အမှတ် ၂၈ ရဲတပ်ရင်း၊ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ သစ်တောရုံးတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

📌 ၆။ တနင်္သာရီမြို့ ဗိုလ်ချုပ်ကြေးရုပ်မှာ ဂိတ်ချထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ 

📌 ၇။ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ကား စီးပျက်စီး

📌 ၈။ မင်းလှတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ပျူခေါင်းဆောင် တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နှစ်သစ်မှာ စုစည်းညီညွတ်မှုအားကို ပိုမိုခိုင်မာအောင်တည်ဆောက်ပြီး အဆုံးသတ်တိုက်ပွဲအတွက် ကြိုးစားကြမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်ပြော


ဇန်နဝါရီလ ၂ရက်။

နှစ်သစ်ကစပြီး စုစည်းညီညွတ်မှုအားကို ပိုမိုခိုင်မာအောင်တည်ဆောက်ကာ အဆုံးသတ်တိုက်ပွဲအတွက် ကြိုးစားကြမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝန်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။ 


ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝန်းခိုင်သန်းက ဇန်နဝါရီလ ရက်နေ့မှာ ၎င်းရဲ့လူမှုကွန်စာမျက်နှာကနေ နှစ်သစ်ကူးမိန့်ခွန်း ပြောခဲ့ရာမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။  


ခိုင်မာတဲ့ သန္ဒိဌာန်၊ ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့အတူ လျှောက်လှမ်းခဲ့ကြတဲ့ ၂၀၂၃ ဟာ နွေဦးတော်လှန်ရေးကြီးမှာ ဘယ်သူ နိုင်မယ်၊ ဘယ်သူရှုံးမယ်ဆိုတာကို အဆုံးအဖြတ်ပေးခဲ့ပါပြီလို့ ပြောပါတယ်။


မျိုးဆက်အဆက်ဆက် စွန့်လွှတ်ပေးဆပ် တိုက်ပွဲ၀င်ခဲ့ကြတာဟာဆိုရင် ဘယ်သူဘယ်ဝါ အာဏာရရေး မဟုတ်ဘဲ တိုင်းပြည်ကို စနစ်သစ်၊ ခေတ်သစ်နဲ့ အနာဂတ်မျိုးဆက်များ ကောင်းစားစေဖို့ဖြစ်ပြီး ကျွန်တော်တို့ ခေါင်းဆောင်များအနေနဲ့လည်း လုပ်စရာရှိတာတွေကို ပြတ်ပြတ်သားသား ရဲရဲ၀င့်၀င့် မမှိတ်မသုန် ဆက်လက်ထမ်းပိုးကြရမှာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးချုပ် က ပြောပါတယ်။ 


အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဖက်ဒရယ်ချာတာအတိုင်း လျှောက်လှန်းနေပြီး တော်လှန်ရေး အင်အားစုများကြား ဘုံသဘောတူညီချက် အမြန်ဆုံးရရှိနိုင်ဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါတယ်။


========================


📌📌 ၂။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာ ပြန်လည်ရရှိရေးသည် အကြီးမားဆုံးသောရည်မှန်းချက်ဖြစ်သည်ဟု MNDAA စစ်ဦးစီးချုပ်ပြော


ဇန်နဝါရီလ ၂ရက်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာ ပြန်လည်ရရှိရေးဟာ အကြီးမားဆုံးသော ရည်မှန်းချက်ဖြစ်တယ်လို့ မြန်မာ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA စစ်ဦးစီးချုပ် ဦးဖုန်တဲရင် က ပြောပါတယ်။


အထူးဒေသ- မှာရှိတဲ့ ပြည်သူလူထုအပါအဝင် မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များကို နှစ်သစ်ကူးသဝဏ်လွှာပေးပို့ရာမှာ အခုလိုထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။ 


၂ဝ၂၃ ခုနှစ်ဟာ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ- MNTJP တည်ထောင်ခြင်း ၁ဝ နှစ်ပြည့်မြောက်တဲ့နှစ် ဖြစ်တယ်လို့ သိရပါတယ်။ 


MNDAA တည်ထောင်ခဲ့တာကိုပြန်ကြည့်မယ်ဆိုရင်လည်း MNTJP တည်ထောင်ပြီးနောက်ပိုင်း တပ်ဖွဲ့ဝင် အင်အား ဖွံ့ဖြိုးကြီးမားအောင် အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ MNTJP အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်သူ ဦးဖုန်တဲရင် က ပြောပါတယ်။ 


၂၀၂၃ နှစ်ဆန်းပိုင်းမှာ အထူးဒေသ- အရာရှိသင်တန်းကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကာ ငယ်ရွယ်တက်ကြွပြီး ကျွမ်းကျင်မှုအပြည့်ရှိတဲ့ အရာရှိကေဒါတွေ မွေးထုတ်နိုင်ခဲ့သလို ဒေသအသီးသီးက ပညာတတ် လူငယ်တွေရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ ၎င်းက ဆက်လက်ပြောဆိုပါတယ်။ 


မတ်လမှာဆိုရင် စစ်ဘက်ဆိုင်ရာ ရာထူး တံဆိပ်စနစ်ကို စတင်ကျင့်သုံးပြီး တပ်ဖွဲ့ကို စနစ်ကျတဲ့တပ် ဖြစ်အောင် တည်ဆောက်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ 


MNDAA အနေနဲ့ လွန်ခဲ့တဲ့ ၁၄ နှစ်တာကာလအတွင်းရခဲ့တဲ့ သမိုင်းသင်ခန်းစာတွေကိုရယူပြီး နိုင်ငံရေး စစ်ရေးနဲ့ ပြည်သူလူထုကို ဦးထိပ်ထားပြီး ခိုင်ခိုင်မာမာတည်ဆောက်နိုင်ခဲ့တာကြောင့် အများပြည်သူတို့ရဲ့ ယုံကြည်မှုနဲ့ ချီးမွမ်းမှုများ ရရှိခဲ့တယ်လို့ သိရပါတယ်။ 


ကိုးကန့်တိုင်းရင်းတွေအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာ ပြန်လည်တည်ထောင်ရေးဟာ ဖြတ်သန်းလာခဲ့ရတဲ့ ၁၄ နှစ်တာ ကာလတလျောက် အကြီးမားဆုံးရည်မှန်းချက်ဖြစ်တယ်လို့ ဦးဖုန်တဲရင် က ပြောပါတယ်။ 


အဲဒီရည်မှန်းချက်ပြည့်စေဖို့ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် တိုင်းရင်းသားညီနောင်မဟာမိတ် အဖွဲ့အစည်းများနဲ့အတူ ဖိနှိပ်မှုနဲ့ခွဲခြားဆက်ဆံမှုများကို ဆန့်ကျင်ပြီး ဆိုင်ဘာမှုခင်းများနဲ့ ကိုးကန့်ရုပ်သေးအဖွဲ့များကို သုတ်သင်ရှင်းလင်းတဲ့ ၁၀၂၇ စစ်ဆင်ရေးကြီးကို စနစ်တကျဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


========================


📌📌 ၃။ အတိုက်အခံ အဖွဲ့အစည်းတွေကြောင့် တိုင်းပြည်နစ်နာနေရတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် အပြစ်ဖို့ စွပ်စွဲ


ဇန်နဝါရီလ ၂ရက်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ကာလအတွင်း အတိုက်အခံ အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်ကြောင့် နိုင်ငံပိုင်နဲ့ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေဟာ တိုင်းပြည်အတွက် အနှုတ်လက္ခဏာပဲ ဖြစ်ခဲ့တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က အပြစ်ဖို့ စွပ်စွဲခဲ့ပါတယ်။


အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ရက် နေ့မှာပြောကြားခဲ့တဲ့ နှစ်သစ်ကူး နှုတ်ဆက်မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြား ခဲ့တာပါ။


ဒီမိုကရေစီ နည်းလမ်းတကျနဲ့ ငြိမ်းချမ်းစွာ ကိုယ့်နိုင်ငံ တိုးတက်စေဖို့ ဆန္ဒမရှိသူတွေက ပြည်သူ ပြည်သားတွေကို နည်းမျိုးစုံနဲ့ နှောက်ယှက်ခဲ့ကြတယ်လို့ စစ်ခေါင်းဆောင်က ၎င်းတို့ကို တော်လှန်နေတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေကို စွပ်စွဲလိုက်ပါတယ်။


အဖျက်လုပ်ငန်းတွေကြောင့်  နိုင်ငံပိုင်နဲ့ ပြည်သူပြည်သားတွေရဲ့ ပိုင်ဆိုင်မှုတွေ ထိခိုက်ပျက်စီး ဆုံးရှုံးမှုဟာ တိုင်းပြည်အတွက် အနုတ်လက္ခဏာပဲဖြစ်ခဲ့ပြီး ဒါတွေမရှိခဲ့၊ မဖြစ်ခဲ့ဘူးဆိုရင် မိမိတို့ နိုင်ငံဟာများစွာ တိုးတက်နေမယ်လို့ သူကဆိုပါတယ်။


ဒါဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် သန်းချီတဲ့ မြန်မာပြည်သူတွေ သေကြေပျက်စီးခဲ့ရပြီး ဒုက္ခအမျိုးမျိုး ရင်ဆိုင်နေရတဲ့အတွက် ကမ္ဘာ့နိုင်ငံတွေက စစ်ကောင်စီကို  ပြစ်တင် ဝေဖန်နေမှုအပေါ် မျက်ကွယ်ပြုပြီး ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောသွားခဲ့တာပါ။


ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က ၂၀၂၁ တစ်ကျော့ပြန် အာဏာသိမ်းမှု ကစပြီး လက်ရှိအချိန်ထိ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ထိခိုက်သေဆုံး ပျက်စီးမှုတွေ အပါအဝင် ကိစ္စတွေအားလုံးရဲ့ တရားခံဟာ စစ်တပ်သာဖြစ်ပြီး စစ်ခေါင်းဆောင် အနေနဲ့သူခိုးက လူပြန်ဟစ်နေတာလို့ သံလွင်တိုင်း မီဒီယာရဲ့ မေးမြန်းချက်ကို တုံ့ပြန်ပြောဆိုထားပါတယ်။


ထို့အပြင် စစ်ကောင်စီကို စစ်ရေးအရ ကြီးစွာ အထိနာစေတဲ့ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် နိုင်ငံအနှံ့က တိုက်ပွဲတွေ အကြောင်းကိုတော့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာ မရှိပါဘူး။


အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့ကတော့ ၂၀၂၄ ခုနှစ်ဟာ မြန်မာပြည်သူတွေ အားလုံးအတွက် အပြီးသတ် အောင်ပွဲခံမယ့် နှစ်ဖြစ်စေဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ဇန်နဝါရီ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ ကောလင်းမြို့ပေါ်သို့ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံ ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရ


ဇန်နဝါရီလ ရက်။

စစ်ကိုင်းတိုင်း ကောလင်းမြို့ပေါ်ကို ဝန်းသိုအခြေစိုက် စစ်ကောင်စီတပ်တွေက ဟောင်ဝစ်ဇာအမြောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ဒေသခံပြည်သူ ဦးသေဆုံးပြီး ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-ပအဖ က ထုတ်ပြန်ပါတယ်။ 


ဝန်းသိုအခြေစိုက် စစ်ကောင်စီတပ်တွေဖြစ်တဲ့ ခမရ ၁၂ဝ နဲ့ ခမရ -၁၁၁ တပ်က ကောလင်းမြို့ပေါ်ကို ဇန်နဝါရီလ ရက်နေ့ မနက်ပိုင်းက ဟောင်ဝစ်ဇာအမြောက်နဲ့ လုံးပစ်ခတ်ခဲ့တာမှာ စျေးဧရိယာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံပြည်သူတွေသေဆုံးရတာဖြစ်တယ်လို့ ပြောပါတယ်။ 


သေဆုံးသူတွေဟာ အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အရွယ်ကြားရှိသူတွေဖြစ်ပြီး အမျိုးသားတဦးနဲ့ အမျိုးသမီး ဦး ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ 


သေဆုံးသွားသူတွေကို လူမှုကူညီရေးအဖွဲ့တွေက ကောင်းမွန်စွာသင်္ဂြိုဟ်ပေးခဲ့ပြီး ဒဏ်ရာရသူတွေကိုလည်း ဆေးအဖွဲ့တွေက ကုသပေးနေတယ်လို့ ကောလင်းမြို့နယ် ပြည်သူမှပြည်သူသို့အဖွဲ့ထံကနေ သိရပါတယ်။


အခုလို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် ပြည်သူပိုင်နေအိမ် လုံး ပျက်စီးခဲ့ တယ်လို့လည်း သိရှိရပါတယ်။


========================


📌📌 ၅။ ယင်းမာပင် မြို့နယ်ရှိ စစ်ကောင်စီ အထိုင်ချ တပ်စွဲထားတဲ့ အမှတ် ၂၈ ရဲတပ်ရင်း၊ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ သစ်တောရုံးတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်


ဇန်နဝါရီလ ၂ရက်။ 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲထားရာ  ၂၈ ရဲတပ်ရင်း၊ ရဲစခန်း၊ ထွေအုပ်ရုံး၊ သစ်တောရုံးနဲ့ ရွှေတောင်ဦးကုန်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းတို့ကို ပြည်သူ့ကာကွယ်ရေး အဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ နာရီ ခွဲခန့်က ယင်းမာပင်မြို့နယ်၊ မုံရွာ - ပုသိမ် လမ်းမဘေးရှိ အမှတ် (၂၈) ရဲတပ်ရင်း နဲ့ ရွှေတောင်ဦးကုန်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ - Brother Defence Force က ဆိုပါတယ်။


အဆိုပါ ရဲတပ်ရင်းနဲ့ စစ်ကောင်စီ တပ်စခန်းကို ယင်းမာပင်ခရိုင်တပ်ရင်း (၁၆) တပ်ခွဲ () - Brother Defence Force နှင့်  မဲမှောင် ပျောက်ကြားတပ် တို့ပူးပေါင်းပြီး ၆၀ မမ လက်နက်ကြီးများဖြင့် အချက် ၃၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်မှလည်း ၆၀ မမ၊ ၈၀ မမ၊ စက်လက်များနဲ့ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကာ စစ်ကောင်စီ ဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။


အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီ အထိုင်ချ တပ်စွဲထားတဲ့ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် သစ်တောရုံးတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Toe Na Yar PDF က ဆိုပါတယ်။


ဒီဇင်ဘာလ ၃၁ ရက်နေ့ နာရီ ၄၅ မိနစ်မှ ၁၀ နာရီ ၄၅ မိနစ် အထိ ယင်းမာပင်မြို့နယ်ရှိ စစ်ကောင်စီ အထိုင်ချ တပ်စွဲထားတဲ့ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် သစ်တောရုံးတို့ကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက  ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို  Chindwin Toe Na Yar PDF သံမဏိ မပွေး zero ဗိုလ်သူရိန်နှင့် တာဇံ မဟာမိတ် ပူးပေါင်းအဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရပါတယ်။


========================


📌📌 ၆။ တနင်္သာရီမြို့ ဗိုလ်ချုပ်ကြေးရုပ်မှာ ဂိတ်ချထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ 


ဇန်နဝါရီလ ၂ရက်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်အတွင်းမှာ ဂိတ်ချထားတဲ့ စစ်ကောင်စီ တပ်သားတွေ အလစ်အငိုက် တိုက်ခိုက်ခံရပြီး ဦးပြင်းထန်စွာ ထိခိုက်ဒါဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


ဇန်နဝါရီလ ရက်နေ့ နေ့လယ် နာရီခန့်က ဗိုလ်ချုပ်ကြေးရုပ်အတွင်း ဂိတ်ချထားတဲ့ စရဖ နဲ့ စစ်ကောင်စီ တပ်သားတွေကို ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက အလစ်အငိုက် ပြောက်ကျား ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ထိုသို့ တိုက်ခိုက်မှုကြောင့် ဗိုလ်ချုပ်ကြေးရုပ် ဂိတ်မှာရှိနေတဲ့ စစ်ကောင်စီတပ်သား ဦး ဒဏ်ရာ ပြင်းထန်စွာခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ အနေနဲ့ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တနင်္သာရီ-ပကဖ တို့မှ ပူး‌ပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ အရပ်သား ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေနဲံ ငွေကြေးတောင်းခံမှုတွေကို လုပ်ဆောင်နေတယ်လို့ တနင်္သာရီ-ပကဖ က ဆိုပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးအပတ်ကလည်း တနင်္သာရီမြို့နယ်က ကျေးရွာတွေမှာ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား ၁၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ကား စီးပျက်စီး


ဇန်နဝါရီလ ၂ရက်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား၃ စီး ပျက်စီးသွားတယ်လို့ မုံရွာခရိုင် တပ်ရင်း ၁၁ People's Defence Force - South Monywa က ထုတ်ပြန်ပါတယ်။


မုံရွာဘက်ကနေ ချောင်းဦးဘက်ထွက်လာတဲ့ ဂျန်မာပါ သံပြားကာ ကားတစီးအပါအဝင် စစ်ကား စီးကို ဇန်နဝါရီလ ရက်နေ့ မနက် နာရီ မိနစ် ၄ဝ ခန့်အချိန်မှာ မိုင်းအကြီး လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 


မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ကား စီးလုံး ပျက်စီးသွားတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိနိုင်ပေမယ့် စုံစမ်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။


မိုင်းဆွဲခံရတဲ့ စစ်ကောင်စီယာဉ်တန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာရှိခဲ့ပေမယ့် မုံရွာခရိုင် တပ်ရင်း ၁၁ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ 


စစ်ကားတန်းကို ထန်းလုံးမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်နေစဉ်မှာ စစ်ယာဉ်တန်းအနီးမှာရှိနေတဲ့ မှန်လုံကားတစီး ထိမှန်ခဲ့တာကြောင့် မှန်လုံကားပေါ်မှာလိုက်ပါလာတဲ့ ပြည်သူများကို အနူးအညွတ်တောင်းပန်ထားပါတယ်။


ထို့ကြောင့် ပြည်သူလူထုအနေနဲ့ စစ်ကားတွေဖြတ်သန်းသွားလာနေချိန်မှာ ခပ်ဝေးဝေးကနေ သွားလာကြဖို့နဲ့ အိမ်စီးကားတွေအနေနဲ့လည်း မှန်ချပြီး မောင်းနှင်ပေးကြဖို့ မုံရွာခရိုင် တပ်ရင်း ၁၁ People's Defence Force - South Monywa က မေတ္တာရပ်ခံထားပါတယ်။


========================


📌📌 ၈။ မင်းလှတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ပျူခေါင်းဆောင် တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး


ဇန်နဝါရီလ ၂ရက်။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင် ကျေးရွာအုပ်စုမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကို ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ် စစ်တပ်လက်ဝေခံ ပျူခေါင်းဆောင် တစ်ဦးလည်း ဖြစ်တဲ့ မောင်ဉာဏ် ဆိုသူကို ဂန့်ဂေါ်ပင်ရွာနှင့် ဗိုလ်တထောင်ရွာကြားမှာ ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် နာရီ ခန့်က ပြည်သူ့ကာကွယ်ရေး ရဲဘော်များက သေနတ်နဲ့ ချက် ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ ပစ်ခတ်မှုကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ () နှင့် တပ်ခွဲ () ရဲဘော်များ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဒါဏ်ရာပြင်းထန်စွာ ရရှိသွားတဲ့ အုပ်ချုပ်ရေးမှူး မောင်ဉာဏ်အား ပျူစောထီးများက လာရောက် သယ်ဆောင်ပြီး ရန်ကုန်‌ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက် နာရီ အချိန်မှာ ဆေးရုံမှာပင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။


အဆိုပါ အုပ်ချုပ်ရေးမှူး ဖြစ်တလဲ ပျူခေါင်းဆောင် မောင်ဉာဏ်ဟာ လူငယ်များအား ရဲနှင့် စစ်တပ်ထဲ ဝင်ရန် စည်းရုံးပြီး ပျူစောထီးအဖွဲ့ ဖွဲ့စည်းကာ အင်အားစုဆောင်းပေးခြင်း၊ တော်လှန်ရေး ရဲဘော်များရဲ့ သတင်းအချက်အလက်များ ထောက်လှမ်းပေးပို့ခြင်း၊ စစ်ကောင်စီက ထုတ်ပေးထားတဲ့ သေနတ်ပြပြီး လက်နက်အားကိုးနဲ့ ပြည်သူများကို ဖိနှိပ် ဒုက္ခပေးနေခြင်းတို့ကြောင့် အခုလို အရေးယူ ရခြင်း ဖြစ်တယ်လို့ တပ်ရင်း ၃၈၀၂ က အသိပေး ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment