10th MAR 2024 - Morning Daily News by Radio NUG


၂၀၂၄ မတ်လ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီ၏ တရားဝင်မှုရစေရေး ကြိုးစားမှုများကို ကုလအနေနှင့်လက်မခံရန် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဌာန တိုက်တွန်း

📌 ၂။ စစ်တပ်ရဲ့တတ်နိုင်စွမ်းအားကို နိုင်ငံတကာ ဝိုင်းဝန်းလျှော့ချဖို့ ပါမောက္ခရှောင်တာနယ် ဆော်ဩ

📌 ၃။ မြန်မာအမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိကို အနောက်နိုင်ငံများကအသိအမှတ်ပြု

📌 ၄။  လိင်ပိုင်းဆိုင်ရာ အသိပညာများ၊ ကျား/ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ ဆွေးနွေးခြင်းများပြုလုပ်ခဲ့

📌 ၅။ မြစ်ကြီးနားလေဆိပ် စစ်ကောင်စီက အရေးပေါ်ပိတ်၊ ခရီးစဉ်အားလုံးဖျက်သိမ်း

📌 ၆။ ကန်သာယာပန်းခြံရှိ ၈၈၈၈ အထိမ်းအမှတ် ကျောက်တိုင်ကို စစ်ကောင်စီ ဖျက်စီး


၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ သင်္ဃန်းညီနောင် ခမရ ၃၅၅ နှင့် ရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိ

🚩 ၂။ လိုင်ဇာဌာနချုပ်ကို ခြိမ်းခြောက်နိုင်သည့် ခရာတောင်စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်

🚩 ၃။ စစ်ကိုင်းတွင် စက်မှုဒုဝန်ကြီး လမ်းကြောင်း လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရကာ ဦး သေဆုံး

🚩 ၄။ ပုလောမြို့နယ်ရှိ ခလရ ၂၅၈ တပ်ရင်းနှင့် စစ်ကောင်စီ တပ်စခန်း ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

🚩 ၅။ ဆီဆိုင်မြို့ကို စစ်ကောင်စီက ဒရုန်းနှင့်လက်နက်ကြီး အလုံး ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်၊ အဆိပ်ငွေ့ဗုံးတလုံး ထပ်မံကြဲချ

🚩 ၆။ ကလေးမြို့မှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး CDF-KKG ထံ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီ၏ တရားဝင်မှုရစေရေး ကြိုးစားမှုများကို ကုလအနေနှင့်လက်မခံရန် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဌာန တိုက်တွန်း


မတ်လ ၉ရက်။

မြန်မာ့အရေးပတ်သက်လို့ စစ်ကောင်စီရဲ့ တရားဝင်မှုရစေဖို့ ကြိုးပမ်းနေမှုများအားလုံးကို လက်မခံဖို့နဲ့ လူ့အခွင့်အရေး အခြေအနေတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ နည်းလမ်းသစ်တွေ ရှာဖွေကြံဆလုပ်ဆောင်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

မတ်လ ရက်နေ့က ကုလသမဂ္ဂ Palais de nations အတွင်း နိုင်ငံတကာ သံတမန်တွေနဲ့ သံအရာရှိတွေကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ တင်ပြချက်၊ နိုင်ငံတကာသို့တောင်းဆိုချက်များနဲ့ ပတ်သက်တဲ့ ရှင်းလင်းပွဲတခု လုပ်ဆောင်ခဲ့ရာမှာ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက တိုက်တွန်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။ 

အဆိုပါရှင်လင်းပွဲမှာ မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်နေမှုအခြေအနေများ၊ တိုင်းရင်းသားအဖွဲ့ အစည်းများနဲ့ ဒီမိုကရေစီအင်အားစုများ၏ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ နယ်မြေစိုးမိုးရရှိထားမှု အခြေအနေများ၊ အရပ်သား အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။ 

နိုင်ငံတကာအနေနဲ့ အကြမ်းဖက်စစ်ကောင်စီထံ လက်နက်၊ ငွေကြေးထောက်ပံ့မှုတွေကို ပစ်မှတ်ထားပြီး ပူးပေါင်းပိတ်ဆို့ အရေးယူရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းတို့အား ဘဏ္ဍာရေးနှင့် နည်းပညာအကူအညီ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ တိုက်ရိုက်ပေးအပ်ရန်၊ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ပါ တောင်းဆိုချက်များကို လိုက်နာလာအောင် ဆက်လက်ကြိုးပမ်းလုပ်ဆောင်ရန်၊ အကြမ်းဖက်စစ်ကောင်စီက တရားဝင်မှု ရရှိစေရန် ကြိုးပမ်းနေမှုများအားလုံးကို လက်မခံရန်၊ ကုလသမဂ္ဂအနေဖြင့် မြန်မာ့အရေးကို ယခုထက်ပိုမိုလုပ်ဆောင်ကာ ဝိုင်းဝန်ဖိအားပေးရန် စတဲ့အချက်များကို တောင်းဆိုခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးထားပါတယ်။

ထို့အပြင် လူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေတွေနဲ့စပ်လျဉ်းပြီး တာဝန်ခံမှု၊ တာဝန်ယူမှုများ ဖော်ဆောင်နိုင်မယ့် နည်းလမ်းသစ်တွေ ရှာဖွေကြံဆလုပ်ဆောင်ရန်၊ အထွေထွေ အတွင်းရေးမှူးအနေနဲ့ မြန်မာနိုင်ငံအတွင်းလုပ်ကိုင်နေတဲ့ ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ လုပ်ဆောင်နေမှု အစီရင်ခံစာတခုကို ပြင်ဆင်ရေးသားနိုင်ရေးအတွက် တိုက်တွန်းတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါ သံတမန်ရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့အတူ ပြင်သစ်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် နန်းစုမွန်အောင်၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အကြံပေးအဖွဲ့ဝင် ဦးဂျာဘေတ်အာလောမ်တို့ တက်ရောက်ခဲ့ပြီး သံတမန်ရှင်းလင်းပွဲကို လူဇင်ဘက်ခ်နိုင်ငံသံရုံးနဲ့ International IDEA တို့ ပူးပေါင်းကျင်းပခဲ့တာလို့ သိရပါတယ်။


========================


📌📌 ၂။ စစ်တပ်ရဲ့တတ်နိုင်စွမ်းအားကို နိုင်ငံတကာ ဝိုင်းဝန်းလျှော့ချဖို့ ပါမောက္ခရှောင်တာနယ် ဆော်ဩ


မတ်လ ၉ရက်။

အကြမ်းဖက်စစ်တပ်ရဲ့ တတ်နိုင်စွမ်းအားကို နိုင်ငံတကာက ဝိုင်းဝန်းလျှော့ချဖို့ ဩစတြေးလျ ဘောဂဗေဒ ပညာရှင် ပါမောက္ခ ရှောင်တာနယ်က ဘီဘီစီနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောဆိုထားတာဖြစ်ပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးဖြစ်သူ ပါမောက္ခရှောင်တာနယ်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးနောက် ထောင်တွင်းမှာ နှစ်နီးပါးအကျဉ်းချခံထားခဲ့ပြီး လွတ်မြောက်လာတဲ့နောက်ပိုင်းAn Likely Prisoner ခေါင်းစဉ်နဲ့ရေးသားထားတဲ့ ထောင်တွင်းအတွေ့အကြုံ စာအုပ်ကို လတ်တလောမှာထုတ်ဝေထားပါတယ်။


ထောင်တွင်းအဖြစ်အပျက်တွေကို ကိုယ်တိုင်ပြောပြခွင့်မရကြတဲ့ ကျွန်တော့ရဲ့ မြန်မာမိတ်ဆွေတွေရှိပါတယ်။ သူတို့အကြောင်းကို ကမ္ဘာကြီးကိုပြောပြချင်တာ ဖြစ်ပါတယ်။ တချို့ဆို ဆက်ပြီးအကျဉ်းထောင်ထဲမှာရှိနေကြဆဲပါ။ တချို့ကပြန်လွတ်လာခဲ့ပြီး မြန်မာပြည်ရဲ့အကြောင်းတွေ ပြန်ပြောခွင့်မရနိုင်ပါဘူး။ ဒီထဲမှာ စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတွေ ဘယ်လိုတွေ့ကြုံခံစားကြရလည်းဆိုတာကို အတွင်းကျကျ ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့အရာတွေ ဖြစ်ပြီးတော့ မြန်မာပြည်သူတွေအကြောင်းပြောပြချင်တဲ့ စိတ်ကအဓိကတွန်းအားပဲ လို့သူကပြောပါတယ်။

စစ်တပ်ကလည်း NLD အစိုးရလက်ထက် ဆောင်ရွက်ခဲ့တာတွေကို အစဖျောက်ဖို့ ကြိုးစားနေတဲ့ အတွက် မှတ်တမ်းမှတ်ရာ အနေနဲ့ ကျန်ခဲ့စေလိုတာက တစ်ကြောင်း၊ မြန်မာ့နိုင်ငံရေး မြင်ကွင်းမှာ စစ်တပ်ကွယ်ပျောက်သွားချိန် အနာဂတ် မြန်မာပြည်အတွက် ဆက်လက် ဆီလျော်အသုံးတည့်မှာ ဖြစ်လို့ကတစ်ကြောင်း Best Laid Plans ဆိုတဲ့ ခေါင်းစဥ်နဲ့ စာအုပ်ရေးသား နေတယ်လို့ ပါမောက္ခတာနယ်က ဘီဘီစီမြန်မာပိုင်းနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောဆိုထားတာဖြစ်ပါတယ်။


========================


📌📌 ၃။ မြန်မာအမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိကို အနောက်နိုင်ငံများကအသိအမှတ်ပြု


မတ်လ ၈ရက်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုတယ်လို့ ဩစတြေးလျ၊ ကနေဒါ၊ နယ်သာလန်၊ နယူးဇီလန်နဲ့ အမေရိကန်နိုင်ငံတို့က မတ်လ၈ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ကြေညာချက်ကို ပူးတွဲထုတ်ပြန်လိုက်ပါတယ်။


အမျိုးသမီးတွေဟာ မိသားစုတွေကို ထောက်ပံ့ပေး၊ စောင့်ရှောက်ပေးလျက်နဲ့ပင် မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ဒီမိုကရေစီတစ်ရပ် ထူထောင်နိုင်ဖို့ ကြိုးပမ်းမှုတွေမှာ ဆက်လက်ဦးဆောင်နေကြပြီး သူတို့ရဲ့ နေ့စဥ်လုပ်ဆောင်ချက်တွေကနေတဆင့် အားလုံးပါဝင်သော၊ ငြိမ်းချမ်းသော၊ ဒီမိုကရေစီအနာဂတ် ရရှိစေဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်းကစတင်ပြီး ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၂၈ရက်အထိကို အမျိုးသမီး ၃၃၃၂ ဦး ဖမ်းဆီးခံခဲ့ရပြီး ပြစ်ဒဏ်ချခံရသူ ၇၈၁ ဦး၊ သေဆုံးသူ ၈၀၆ ဦး ရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။  လိင်ပိုင်းဆိုင်ရာ အသိပညာများ၊ ကျား/ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ ဆွေးနွေးခြင်းများပြုလုပ်ခဲ့


မတ်လ ၉ရက်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့ နှင့် Women Alliance Burma (WAB)အဖွဲ့ဝင်များမှ လိင်ပိုင်းဆိုင်ရာ အသိပညာများ၊ ကျား/ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ဆွေးနွေးပွဲတွင် တက်ရောက်လာကြသော အမျိုးသမီးများအား လစဥ်သုံးပစ္စည်းများ ဝေမျှခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့တယ်လို့သိရှိရပါတယ်။


========================


📌📌 ၅။ မြစ်ကြီးနားလေဆိပ် စစ်ကောင်စီက အရေးပေါ်ပိတ်၊ ခရီးစဉ်အားလုံးဖျက်သိမ်း


မတ်လ ၉ရက်။ 

ကချင်ပြည်နယ်မှာ KIA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို ထိုးစစ် ဆင်တိုက်ခိုက်နေချိန်မှာပဲ မြစ်ကြီးနားမြို့လေဆိပ်ကို မတ်လ ရက် မွန်းလွဲပိုင်းကစပြီး အရေးပေါ်ပိတ်လိုက်ကာ ခရီးစဉ်အားလုံးကို ဖြတ်သိမ်းလိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

KIA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ မတ်လ ရက်နေ့ကစပြီး မြစ်ကြီးနား - ဗန်းမော်လမ်းတလျှောက်က စစ်ကောင်စီနဲ့ ပြည်သူ့စစ်စခန်းတွေကို တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိချိန်ထိ တပ်စခန်းအကြီး၊ အသေး ၁၀ ခု ထက်မနည်း သိမ်းဆည်း ရရှိထားတယ်လို့ သိရပါတယ်။ 


ယခုရက်ပိုင်းမှာ ကချင်ပြည်နယ်အတွင်းက ဝိုင်းမော်- လိုင်ဇာလမ်းတစ်လျှောက်နဲ့ ဗန်းမော်မြို့နယ်ဘက်မှာ ကချင် လွတ်လပ်ရေးတပ်မတော်နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေဖြစ်နေပြီး ဝိုင်းမော်မြို့နယ်က အောင်မြေ ကျေးရွာဘက်က တိုက်ပွဲဖြစ်ရာနေရာတွေကို မြစ်ကြီးနားမြို့မှာရှိတဲ့ စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတာ တွေရှိတယ်လို့ ကချင်ဒေသခံတွေကလည်း ပြောပါတယ်။


ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရခိုင့်တပ်တော် AA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီ စခန်းတွေကို မတ်လ ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ 


စစ်ကောင်စီက ထောက်ပိုလမ်းကြောင်းအဖြစ်အသုံးပြုနေတဲ့ ဗန်းမော်လေဆိပ်ကို KIAAAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့က မတ်လ ရက်နေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ်‌ပြေးလမ်းပျက်စီးခဲ့တဲ့အတွက် မတ်လ ရက်နေ့စပြီး ဗန်မော်လေဆိပ်ကို လည်း စစ်ကောင်စီက ရက်အကန့်အသက်မရှိ ပိတ်ထားတယ်လို့ သိရပါတယ်။


========================


📌📌 ၆။ ကန်သာယာပန်းခြံရှိ ၈၈၈၈ အထိမ်းအမှတ် ကျောက်တိုင်ကို စစ်ကောင်စီ ဖျက်စီး


မတ်လ ၉ရက်။

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြိုနယ်၊ ကန်သာယာပန်းခြံမှာရှိတဲ့ ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းမှတ် ကျောက်တိုင်ကို စစ်ကောင်စီ တပ်သားများက ဖျက်ဆီးပစ်လိုက်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။


မတ်လ ရက်နေ့ ၁၁ နာရီ အချိန်က စစ်ကောင်စီလက်အောက်ခံ စစ်သားများနဲ့ ရဲများက လာရောက်ဖျက်ဆီးခဲ့ပြီး စစ်အုပ်ချုပ်ရေး ကြေညာခံထားရတာကြောင့် ညဘက် လူသွားလူလာ မရှိချိန် မှာ လာခိုးဖျက်သွားတာ ဖြစ်တယ်လို့ မြောက်ဥက္ကလာပ ဒေသခံ တစ်ဦးက ပြောပါတယ်။

မတ်လ ရက်နေ့ မနက်ပိုင်း အချိန်မှာ အဆိုပါ နေရာကို ဇကာအစိမ်းဖြင့် ကာထားကာ မဝင်ရ နေရာ သတ်မှတ်ထားပြီး စစ်ကောင်စီ လက်အောက်ခံ ရဲများက လာစောင့်နေတာကို တွေ့ရတယ်လို့ ဒေသခံက ဆိုပါတယ်။


အခုလို ဖျက်ဆီးခံခဲ့ရတာကြောင့် အထိမ်းအမှတ် ကျောက်တိုင်မှာ အလုံးစုံ ပျက်စီးသွားခဲ့ပြီး အောက်ခြေ အုတ်အနည်းငယ်သာ ကျန်ရစ်တော့ကြောင်း မြောက်ဥက္ကလာပ မြို့နယ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားပါတယ်။


၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၁၈ ခုနှစ် ဩဂုတ်လ အတွင်း NLD အစိုးရ လက်ထက်က ကန်သာယာပန်းမှာ အထိန်းအမှတ် ကျောက်တိုင်ကို စိုက်ထူပေးခဲ့ပြီး ၈၈ အထိန်း အမှတ်ပွဲများ ကျင်းပြပြုလုပ်ခဲ့တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။


၂၀၂၁ စစ်အာဏာသိမ်းအပြီး လူထုဆန္ဒပြပွဲများ အားကောင်းချိန်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲများ အဆိုပါ နေရာမှာ ပြုလုပ်ခဲ့ဖူးပြီး မြောက်ဥက္ကလာပ မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကို ဖွဲ့စည်းကြောင်း စတင်ကြေညာခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================

🚩🚩 ၁။ သင်္ဃန်းညီနောင် ခမရ ၃၅၅ နှင့် ရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိ


မတ်လ ၉ရက်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီရဲ့ အမှတ် ၃၅၅ ခြေမြန်တပ်ရင်း နဲ့ သင်္ဃန်းညီနောင် ရဲစခန်းတို့ကို တောင်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့တယ်လို့ KIC - Karen Information Center က ဖော်ပြထားပါတယ်။


 KNU နဲ့ ပူးပေါင်းတပ်တွေက မတ်လ ရက်နေ့က စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၃၅၅ ကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မတ်လ ရက်နေ့မှာ ခမရ ၃၅၅ တပ်ရင်းအပြင် သင်္ဃန်းညီနောင် ရဲစခန်းကိုပါ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ စစ်ကောင်စီ တပ်ရင်းနဲ့ ရဲစခန်းတို့ကို သိမ်းပိုက်ရှင်းလင်းပြီးနောက် သင်္ဃန်းညီနောင်က စစ်ဗျူဟာကုန်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က ခမရ ၃၅၅ ခမရ ၃၅၆ ခမရ ၃၅၇ တပ်ရင်းတွေ ပူးပေါင်းခုခံနေတဲ့အပြင် လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူ များစွာ အသုံးပြု ခုခံနေရတယ်လို့ သိရပါတယ်။


" ဒီနေ့ ရဟတ်ယာဉ်၂စီးနဲ့ ဖားအံက စစ်ကူ ကြိမ်လာချတယ် ဗျူဟာကို။ အခုက ၃၅၅ ၃၅၆ က ဆုတ်ပြီးစစ်သားတွေဗျူဟာမှာ ပေါင်းခုခံနေရတယ်။ အခု ၃၅၇ ပေါလာရွာ၊ သံပုရာ ရွာဘက်မှာ ဆက်တိုက်ခံနေရတာ့ လေယာဉ်က လိုက်ပစ်ပြီး ဗုံးကြဲ ချနေတယ်။ ဗျူဟာကို မကပ်နိုင်၊ မဝိုင်း လာနိုင်အောင် ပတ်ခြာလည် ဒေသခံရပ်ကွက်တွေကို မီးလောင်ပြီး ပြောင်ရှင်းသတ်ကွင်းဖြစ်အောင် လေယာဉ်ဗုံးချပြီး မီးလောင်အောင် လုပ်တာမျိုးရှိနေတယ် " ဟု စစ်တပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောပါတယ်။


၎င်းစခန်းသိမ်း တိုက်ပွဲအတွင်း လက်နက်ကြီး လက်နက်ငယ် တစ်ရာကျော်ကို သိမ်းပိုက်ရရှိ ထားပြီး စစ်ကောင်စီရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် တပ်ရင်းအတွင်း အဆောက်အဦးများ ပျက်စီးကုန်တာတွေ ရှိတယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။


သင်္ဃန်းညီနောင် သုံးရက်တာ တိုက်ပွဲအတွင်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် မှုများကြောင့် ကျေးရွာလမ်းပိုင်းများနဲ့ ဒေသခံနေအိမ် အလုံး ၃၀ ကျော် ပျက်စီးခဲ့ရပြီး အရပ်သား ဦး သေဆုံးခဲ့ရကာ ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးအထိ ရှိခဲ့တယ်လို့ ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ရက်နေ့ ၁၁ နာရီခန့် ကလည်း သင်္ဃန်းညီနောင် ရွာသစ်ရှိ ဘိုးဘွားရိပ်သာ ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့တာကြောင့် အဖိုး ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိ ခဲ့ပါတယ်။


========================


🚩🚩 ၂။ လိုင်ဇာဌာနချုပ်ကို ခြိမ်းခြောက်နိုင်သည့် ခရာတောင်စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်


မတ်လ ၉ရက်။

ကချင်ပြည်နယ်ထဲက ဆယ်စုနှစ်တခုကြာအောင် လက်လွတ်ထားရပြီး လိုင်ဇာဌာနချုပ်ကို အချိန်ပြည့် ခြိမ်းခြောက်နိုင်တဲ့ ခရာတောင်စစ်ကောင်စီတပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုပြောဆို လိုက်ပါတယ်။ 

စစ်ရေးအရအရေးပါတဲ့ ခယာတောင်စခန်းကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် -KIA က ထိုးစစ် ရက်မြောက်နေ့ ဖြစ်တဲ့ မတ်လ ရက်နေ့ မွန်းလွဲ နာရီလောက်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

ခယာတောင်စခန်းကုန်းဟာ လိုင်ဇာဌာနချုပ်ကို အချိန်ပြည့်ဒုက္ခပေးနေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပေးနေတဲ့ စစ်တပ် စခန်းတခုဖြစ်ကာ ၂ဝဝ၃ ခုနှစ်ဝန်းကျင်မှာ KIA ဘက်က လက်လွှတ်ခဲ့ရတဲ့စခန်းတခု ဖြစ်တယ်လို့လည်း သိရပါတယ်။ 

ခယာတောင်ဟာ လိုင်ဇာဌာနချုပ်ရဲ့အနီးမှာတည်ရှိပြီး အလျဲန့်တောင်နဲ့ မျက်နှာချင်းဆိုင်က တပ်စခန်းကုန်းဖြစ်ပြီး KIA နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်တိုင်း အဆိုပါတပ်စခန်းကနေ လိုင်ဇာမြို့ကို လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက်ပစ်ခတ်လေ့ရှိတယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ မြစ်‌ကြီးနား သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။ 

ထို့အပြင် ခါရာတောင်တပ်စခန်းဟာ လွန်ခဲ့တဲ့ နှစ်ကျော်က KIA ရဲ့ ဗိုလ်လောင်းသင်တန်းသား ၂၀ ကျော် ကျဆုံးစေခဲ့ရာ လက်နက်ကြီးပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တဲ့ တပ်စခန်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

သိမ်းပိုက်ရရှိထားတဲ့ ခါရာတောင်တပ်စခန်းကနေ ၂၀၁၄ နိုဝင်ဘာ ၁၉ ရက်က KIA ဌာနချုပ် လိုင်ဇာအနီး ဝေကြိုင်ဘွမ်မှာရှိ တဲ့ ဗိုလ်လောင်းသင်တန်းကျောင်းကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် သင်တန်းတက်နေတဲ့ ရခိုင်တပ်တော် AA တအာင်းတပ်တော် -TNLA နဲ့ ချင်းအမျိုသားတပ်မတော် - CNF/CAN စတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေက ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

KIA ဦးဆောင်ပြီး တော်လှန်ရေးမဟာမိတ်တပ်တွေအကောင်အထည်ဖော်နေတဲ့ Operation 0307 စတင်ချိန် မတ်လ ၇ရက် က စတင်ခဲ့တဲ့ ထိုးစစ် ရက်အတွင်း စစ်ကောင်စီတပ်စခန်းကြီး၊ငယ် ၂၀ ခန့် သိမ်းဆည်းရရှိထားပြီးဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။


========================


🚩🚩 ၃။ စစ်ကိုင်းတွင် စက်မှုဒုဝန်ကြီး လမ်းကြောင်း လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရကာ ဦး သေဆုံး


မတ်လ ၉ရက်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် စက်မှုဒုဝန်ကြီး လမ်းကြောင်းအတွက် လုံခြုံရေး ယူပေးနေတဲ့ ရဲတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ ခဲ့တယ်လို့ စစ်ကိုင်း ပကဖ ထံက သိရပါတယ်။


မတ်လ ရက် မနက် နာရီ ၅၀ မိနစ် အချိန်က စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးနယ်မြေ ရဲစခန်းမှ ရဲ ဦးအား စစ်ကိုင်း - မုံရွာ - ရွှေဘို လမ်းပိုင်းပေါ် ထွက်လာချိန်မှာ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့က ကြိုတင်ကင်းပုန်းဝတ်ပြီး  အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


ထိုသို့ ပစ်ခတ်တိုက်ခိုက် ခဲ့မှုကြောင့် ရဲတပ်သား ဦးစလုံး သေဆုံးခဲ့ရပြီး သေနတ် လက်ကို သိမ်းပိုက် ရရှိခဲ့တယ်လို့  သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တောတွင်းတွတ်ပီ အဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ပုလောမြို့နယ်ရှိ ခလရ ၂၅၈ တပ်ရင်းနှင့် စစ်ကောင်စီ တပ်စခန်း ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်


မတ်လ ၉ရက်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၂၈၅ နဲ့ တပ်စခန်း နှစ်ခုတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။


မတ်လ ရက်နဲ့ ရက် နှစ်ရက်အတွင်း စစ်ကောင်စီရဲ့ တစ်မိုင်တောင်စခန်း၊ ပုလောကုန်းစခန်း နဲ့ အမှတ် ၂၈၅ ခြေလျင်တပ်ရင်း တို့ကို တော်လှန်ရေး ရဲဘော်များမှ ဒရုန်းဖြင့် စုစုပေါင်း ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ တိုက်ခိုက်မှုအပြီး စစ်ကောင်စီ တပ်ရင်းထဲကို လူနာတင်ကားတွေ ဝင်သွားတာ တွေ့ရတာကြောင့် အထိအခိုက်ရှိကြောင်း သိရပြီး အရေအတွက် အတိအကျကို စုံစမ်းဆဲဖြစ်တယ်လို့ ပုလော ဒေသကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ဆိုပါတယ်။

ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်တဲ့ အထိ ဆက်လက်တိုက်ပွဲဝင်နေမှာ ဖြစ်ပြီး တိုက်ပွဲများမှာ ပိုမိုပြင်းထန် လာနိုင်တာကြောင့် ပြည်သူများ စစ်ရေးသတိ ရှိကြဖို့နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့များရဲ့ ထုတ်ပြန်ချက်များကို လိုက်နာပေးကြဖို့ ပုလော ဒေသကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံ အသိပေးထားပါတယ်။


========================


🚩🚩 ၅။ ဆီဆိုင်မြို့ကို စစ်ကောင်စီက ဒရုန်းနှင့်လက်နက်ကြီး အလုံး ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်၊ အဆိပ်ငွေ့ဗုံးတလုံး ထပ်မံကြဲချ


မတ်လ ၉ရက်။

ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ဆီဆိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးနဲ့ ဒရုန်းတွေအသုံးပြုပြီး အကြိမ် ၁ဝဝ ကျော်တိုက်ခိုက်ခဲ့တဲ့အပြင် အဆိပ်ငွေ့ဗုံးတလုံးထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် - PNLA က ထုတ်ပြန်ပါတယ်။

မတ်လ ရက်နေ့မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ဒရုန်းတွေသုံးပြီး ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို အကြိမ် ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုပစ်ခတ်တိုက်ခိုက်ခဲ့ရာမှယ ဓာတုအဆိပ်ငွေ့ဗုံးတလုံးကိုလည်း စစ်ကောင်စီက ဒရုန်းနဲ့ ဆီဆိုင်မြို့ပေါ်ကို ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 

စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့တွင်းမှာရှိတဲ့ ပြည်သူလူထုနေထိုင်ရာ အိမ် ၁၀ လုံးခန့် ထိခိုက်ပျက်စီး ခဲ့တဲ့အပြင် ဓာတုအဆိပ်ငွေ့ဗုံးကြောင့် PNLA တပ်ဖွဲ့ဝင်အချို့ အဆိပ်သင့်မှုဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

အဆိပ်သင့် ရဲဘော်တွေဟာ နှာခေါင်းသွေးယိုစီးခြင်း၊ အရေပြားယားယံခြင်း မူးဝေခြင်း၊ အသက်ရှူမြန်ဆန်ခြင်း၊ မအီမသာ ခံစားရခြင်း၊ စိတ်လှုပ်ရှားမှုမြန်ဆန်ခြင်း၊ မောပန်းခြင်းနဲ့ အောက်စီဂျင်ကျခြင်းစတဲ့ ဝေဒနာတွေ ပုံစံတူ ခံစားခဲ့ကြရတယ်လို့ အသိပေးထားပါတယ်။ 

လက်ရှိမှာ ဓာတုအဆိပ်ငွေ့မိထားတဲ့ ပြည်သူတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ဆေးဝါးကုသပေးနေရဆဲဖြစ်တယ်လို့လည်း သိရပါ တယ်။

စစ်ကောင်စီဟာ မတ်လ ရက်နေ့ကလည်း ဆီဆိုင်မြို့ကို ဓာတုအဆိပ်ငွေ့ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ရက်ပိုင်း အတွင်း ဆီဆိုင်မြို့ကို ကြိမ်မြောက် အဆိပ်ငွေ့ဗုံးသုံးပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ PNLA က ပြောပါတယ်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီဟာ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ကျောက္ကဆျားကျေးရွာကိုလည်း မတ် ရက်မှာ ဂျက်ဖိုက်တာနဲ့ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ဦးခွန်ထွန်းသေဆုံးခဲ့ရပြီး အိမ် လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။ 

PNLA က ဆီဆိုင်မြိုကို ဇန်နဝါရီလကုန်ပိုင်းမှာ သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ဆီဆိုင်အပါအဝင် ပအိုဝ်းဒေသကို လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေသုံးပြီး တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။


========================


🚩🚩 ၆။ ကလေးမြို့မှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး CDF-KKG ထံ အလင်းဝင်


မတ်လ ၉ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး CDM ပြုလုပ် အလင်းဝင်ရောက်ခဲ့တယ်လို့ Chinland Defense Force -Kalay Kabaw Gangaw – CDF KKG ထံက သိရပါတယ်။


မတ်လ ရက်နေ့က ကလေးမြို့မှ ရဲတပ်သား တစ်ဦးဟာ G3 အမျိုးအစား သေနတ် လက်၊ ကျည်ဘောက် ဘောက်၊ ကျည်ဆံ အတောင့် ၃၃၀၊ လက်ပစ်ဗုံး တစ်လုံး နဲ့အတူ CDF - KKG ထံကို အလင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။


အခုလို လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်လာတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား တစ်ဦးကို ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေ တစ်နေရာကို ပို့ဆောင်ပေးခဲ့ တယ်လို့ CDF - KKG က အသိပေး ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment