18th MAY 2024 - Morning Daily News by Radio NUG

 


၂၀၂၄ မေလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ "အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC)နှင့် ချင်းပြည် (Chinland)ကောင်စီ တွေ့ဆုံအစည်းအဝေးNUGယာယီသမ္မတနှင့်ဝန်ကြီးချုပ်တို့တက်ရောက်

📌 ၂။ မကြာခင် မြေပြန့်ဒေသမှာ ထိုးစစ်ဆင်တော့မယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြော

📌 ၃။ ကိုရီးယားနိုင်ငံ ဂွါန်ဂျုမြို့ မေ-၁၈ ဂွါန်ဂျုဒီမိုကရေစီအရေးတော်ပုံ ၄၄နှစ်ပြည့်အထိမ်းအမှတ်ပွဲတွင် မြန်မာ့အရေးဓာတ်ပုံပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့တက်ရောက်

📌 ၄။ အကြမ်းဖက်စစ်အုပ်စုက လိင်စိတ်ကွဲ ပြားသူတွေအပေါ်မှာ မုန်းတီးမှုတွေ၊ အထင်သေးမှုတွေနဲ့ခွဲခြားလိုတဲ့စိတ်အပေါ် အခြေခံပြီးတော့ အကြမ်းဖက်မှုနှစ်ခု ဖြစ်နေတာတွေ့ရတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို

📌 ၅။ အမေရိကန်ပြည်ထောင်စုရောက် ဗီယက်နမ်နွယ်ဖွားများ ကြီးမှုးကျင်းပသော ဗီယက်နမ်နိုင်ငံ၏ အကြိမ်(၃၀)မြောက်၊ လူ့အခွင့်အရေး အခမ်းအနားကို NUGနိုင်ငံခြားရေး ဒုဝန်ကြီး တက်ရောက်

📌 ၆။ အမျိုးသားညီညွှတ်ရေး အစိုးရ၏ သြစတေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေနှင့် သြစတြေးလျ ပြည်ထောင်စုလွှတ်တော်အမတ်များတွေ့ဆုံ၍ မြန်မာအရေးဆွေးနွေး

📌 ၇။ SNLD ပါတီ အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင် ကွယ်လွန်

📌 ၈။ ငွေတိုက်စာချုပ်နဲ့ EOD ရောင်းရငွေထဲက ကျပ်ငွေ ၁၅ဘီလီယံကျော်ကို တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက်အသုံးပြုခဲ့


၂၀၂၄ ခုနှစ် မေလ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ NCO အကြပ်သင်တန်း အပတ်စဥ် ()နှင့် အခြေခံစစ်ပညာသင်တန်း အပတ်စဥ်(၁၀)သင်တန်းဆင်းပွဲများ ပြုလုပ်

🚩 ၂။ ရွှေဘို မြို့မရဲစခန်းနဲ့မြို့နယ်တရားရုံးကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု စစ်တပ်အရာရှိအပါအဝင် ဦးသေဆုံး

🚩 ၃။ မြောက်ခင်ရန်းရွာ ပျူစောထီးစစ်ကြောင်းမှ ဂန့်ဂေါမြို့နယ် ရွှေဘိုရွာနဲ့ရေသာရွာအား မီးရှို့ပြီးနောက် လူတချို့သတ်ဖြတ်ခံရပြီး ရဟန်းသံဃာ ၇ပါးအားဖမ်းဆီးသွား

🚩 ၄။ ဝမ်ပေါင်မှထွက်လာသောတွဲကား()စီးနှင့် နမခမှထွက်လာသောမိုးကာအုပ်ကား()စီးတို့ကို မိုင်းခွဲတိုက်ခိုက်

🚩 ၅။ WY စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲနေသူအား ဖမ်းဆီးပြီး ဆေးပြားများကို မီးရှို့ဖျက်ဆီး

🚩 ၆။ ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်းနယ်မြေအတွင်းမှာ လူစုလူဝေးမလုပ်ဖို့နဲ့ ညအချိန် ခရီးသွားလာတာတွေမလုပ်ဖို့ ဒေသန္တရ အမိန့်ထုတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ "အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC)နှင့် ချင်းပြည် (Chinland)ကောင်စီ တွေ့ဆုံအစည်းအဝေးNUGယာယီသမ္မတနှင့်ဝန်ကြီးချုပ်တို့တက်ရောက်


မေလ ၁၇ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)နှင့် ချင်းပြည် (Chinland) ကောင်စီ တွေ့ဆုံအစည်းအဝေးကို မေလ (၁၇) ရက်နေ့ မနက် (၁၀း၀၀) နာရီတွင် အွန်လိုင်းမှတဆင့် ကျင်းပခဲ့ပြီး NUGယာယီသမ္မတနှင့်ဝန်ကြီးချုပ်တို့တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


ယင်းတွေ့ဆုံအစည်းအဝေးတွင် FSCC ဥက္ကဋ္ဌ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ FSCCအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် FSCC အတွင်းရေးမှူးအဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ 


ချင်းပြည် (Chinland)ကောင်စီဖက်မှ ချင်းပြည် (Chinland) ကောင်စီ၏ ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ လွှတ်တော်ဥက္ကဋ္ဌ ပူးဟုန်းနိုင်း၊ ဝန်ကြီးချုပ် ပူးပါထန်း၊ တရားသူကြီးချုပ် ပူးသောမတ်(စ်)ထန်နိုးနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


FSCC နှင့် Chinland Council မှ တာဝန်ရှိသူများက သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြပြီး အပြန်အလှန် မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဆက်လက်၍တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားကြရန် သဘောတူခဲ့ကြပါတယ်။


========================


📌📌 ၂။ မကြာခင် မြေပြန့်ဒေသမှာ ထိုးစစ်ဆင်တော့မယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြော


မေလ ၁၇ရက်။

ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေအရ မကြာခင် မြေပြန့်ဒေသမှာ ထိုးစစ်ဆင်တော့မယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။ 

မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးကျင်းပတဲ့ NCO အကြပ်သင်တန်း အပတ်စဉ် သင်တန်းဆင်းပွဲသို့ပေးပို့ခဲ့တဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သဝဏ်လွှာမှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အခုလို ထည့်သွင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF အမှတ်- စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးတဲ့ NCO အကြပ်သင်တန်း အပတ်စဥ်- သင်တန်းဆင်းပွဲကို မေလ ၁၄ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးနဲ့ စစ်ရေး အခြေအနေတွေအရ မကြာခင်ကာလမှာ ထိုးစစ်အင်အားတည်ဆောက်ပြီး မြေပြန့်ဒေသ မဟာဗျူဟာ ထိုးစစ်စတင်တော့မှာဖြစ်တယ်။ ဒီစစ်ရေးလိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်ဖို့အတွက် ယခုလိုသင်တန်းမျိုးတွေကို နေရာအနှံ့မှာ စီစဉ်ဖွင့်လှစ်နေခြင်းဖြစ်တယ်လို့ ဦးရည်မွန်က ဆိုပါတယ်။ 

လက်နက်၊ စစ်ပညာ၊ စစ်ရေးအတွေ့အကြုံ လုံးဝမရှိတဲ့အနေအထားကနေ ပြည်သူတွေရဲ့ ပံ့ပိုးကူညီမှု၊ တပ်မှူး၊ တပ်သားတွေရဲ့ စွန့်လွှတ်တိုက်ခိုက်မှုတွေကြောင့် အခုဆိုရင် မြန်မာနိုင်ငံမြောက်ပိုင်းကနေ တောင်ပိုင်းအထိ ကျယ်ပြန့်တဲ့ နယ်မြေတလျောက်မှာ လှုပ်ရှားတိုက်ခိုက်နိုင်နေပြီဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ 

တော်လှန်ရေးရဲဘော်တွေအနေနဲ့ စစ်အမိန့်နဲ့ စစ်စည်းကမ်းတွေကို လိုက်နာကြဖို့နဲ့ ပြည်သူလူထုနဲ့တွေ့ဆုံချိန်မှာ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကိုလိုက်နာပြီး လေးလေးစားစားဆက်ဆံဖို့လည်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းထားပါတယ်။


========================


📌📌 ၃။ ကိုရီးယားနိုင်ငံ ဂွါန်ဂျုမြို့ မေ-၁၈ ဂွါန်ဂျုဒီမိုကရေစီအရေးတော်ပုံ ၄၄နှစ်ပြည့်အထိမ်းအမှတ်ပွဲတွင် မြန်မာ့အရေးဓာတ်ပုံပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့တက်ရောက်


မေလ ၁၇ရက်။

ကိုရီးယားနိုင်ငံ ဂွါန်ဂျုမြို့ မေ-၁၈ ဂွါန်ဂျုဒီမိုကရေစီအရေးတော်ပုံ ၄၄နှစ်ပြည့်အထိမ်းအမှတ်ပွဲတွင် မြန်မာ့အရေးဓာတ်ပုံပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနဲ့ ရုံးအဖွဲ့တို့ တက်ရောက်ခဲ့တယ်လို့ မေလ၁၇ရက်မှာ MFDMCကအသိပေးဖော်ပြပါတယ်။


ထို့နောက် CDMဗိုလ်ကြီးလင်းထက်အောင်နှင့် MFDMC ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် ပြန်ကြားရေး/စည်းရုံးရေးအဖွဲ့ တာ၀န်ခံများ၊ ဂွမ်ဂျုးမြို့ခံ ဒီမိုကရေစီအသင်းအဖွဲ့တာ၀န်ခံများ တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များ၊ myanmar pressphoto agency (MPA)မှတာ၀န်ရှိသူများနှင့်အတူ အခမ်းအနားပွဲအားကျင်းပခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်အုပ်စုက လိင်စိတ်ကွဲ ပြားသူတွေအပေါ်မှာ မုန်းတီးမှုတွေ၊ အထင်သေးမှုတွေနဲ့ခွဲခြားလိုတဲ့စိတ်အပေါ် အခြေခံပြီးတော့ အကြမ်းဖက်မှုနှစ်ခု ဖြစ်နေတာတွေ့ရတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို


မေလ ၁၇ရက်။

အကြမ်းဖက်စစ်အုပ်စုက လိင်စိတ်ကွဲ ပြားသူတွေအပေါ်မှာ မုန်းတီးမှုတွေ၊ အထင်သေးမှုတွေနဲ့ ခွဲခြားလိုတဲ့စိတ်အပေါ် အခြေခံပြီးတော့ အကြမ်းဖက်မှုနှစ်ခု ဖြစ်နေတာတွေ့ရတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။


မေလ ၁၇ရက် International Day Against Homophobia, Biphobia and Transphobia နေ့အထိမ်းအမှတ် ပြည်ထောင်စုဝန်ကြီး၏ စကားသံမှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။


"လိင်စိတ်ကွဲပြားတဲ့သူတွေက တခြားလူတွေနဲ့လက်တွဲပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကို တောင်းဆိုကြတယ်။ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ကြတဲ့အပေါ်မှာ မုန်းတီးမှုကတစ်ခု၊ တချိန်တည်းမှာပဲ လိင်စိတ်ကွဲပြားသူတွေအပေါ်မှာ နဂိုကတည်းကရှိပြီးသား မုန်းတီးမှုတွေ၊ အထင်သေးမှုတွေနဲ့ ခွဲခြားလိုတဲ့စိတ်အပေါ် အခြေခံပြီးတော့ အကြမ်းဖက်မှုနှစ်ခု ဖြစ်နေတာတွေ့ရပါတယ်"လို့ဆိုပါတယ်။


စစ်တပ်၏မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၆၉၅) ဦးရှိပြီး ထိုအထဲမှ (၂၀၄၇၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၉၉၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပြီး ထိုအထဲတွင်လိင်စိတ်ကွဲပြားသူများလည်းပါဝင်ပါတယ်။


========================


📌📌 ၅။ အမေရိကန်ပြည်ထောင်စုရောက် ဗီယက်နမ်နွယ်ဖွားများ ကြီးမှုးကျင်းပသော ဗီယက်နမ်နိုင်ငံ၏ အကြိမ်(၃၀)မြောက်၊ လူ့အခွင့်အရေး အခမ်းအနားကို NUGနိုင်ငံခြားရေး ဒုဝန်ကြီး တက်ရောက်


မေလ၁၇ရက်။

အမေရိကန်ပြည်ထောင်စုရောက် ဗီယက်နမ်နွယ်ဖွားများ ကြီးမှုးကျင်းပသော ဗီယက်နမ်နိုင်ငံ၏ အကြိမ် (၃၀) မြောက်၊ လူ့အခွင့်အရေး အခမ်းအနားကိုNUGနိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးတက်ရောက်ခဲ့ပါတယ်။


အမေရိကန်ပြည်ထောင်စုရောက် ဗီယက်နမ်နွယ်ဖွားများ ကြီးမှုးကျင်းပသော ဗီယက်နမ်နိုင်ငံ၏ အကြိမ် (၃၀) မြောက်၊ လူ့အခွင့်အရေး အခမ်းအနားကို အမေရိကန် လွှတ်တော် Cannon House Office Building တွင် မေလ (၁၄) ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။


အခမ်းအနားသို့ အမေရိကန် အစိုးရ Department of State မှ Under Secretary Ms. Uzra Zeya နှင့်အတူ အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် အမှာစကားများ ပြောကြားခဲ့ကြပါတယ်။


အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးလည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိ လူ့အခွင့်အရေး အခြေအနေများကို တင်ပြဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ အမျိုးသားညီညွှတ်ရေး အစိုးရ၏ သြစတေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေနှင့် သြစတြေးလျ ပြည်ထောင်စုလွှတ်တော်အမတ်များတွေ့ဆုံ၍ မြန်မာအရေးဆွေးနွေး


မေလ ၁၇ရက်။

အမျိုးသားညီညွတ်ရေး အစိုးရ၏ သြစတေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေနှင့် သြစတြေးလျ ပြည်ထောင်စုလွှတ်တော်အမတ်များတွေ့ဆုံ၍ မြန်မာအရေးဆွေးနွေးခဲ့တယ်လို့ မေလ၁၇ရက်မှာ သြစတေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကအသိပေးဆိုပါတယ်။


မေလ (၁၆) ရက်နေ့တွင် အမျိုးသားညီညွှတ်ရေး အစိုးရ၏ သြစတေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေနှင့်အတူ CRPH/NUG Support Group (AUS) ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအတိုင်ပင်ခံကောင်စီ အဖွဲ့၀င်များသည် သြစတြေးလျ ပြည်ထောင်စုလွှတ်တော်အမတ်များဖြစ်ကြသည့် Mr. Peter Khalil MP (Chair of the Parliamentary Joint Committee on Intelligence and Security, and the Member for Wills, Australian Labor Party), Senator Dean Smith (Chair of Standing Committee for the Scrutiny of 

Bills and Senator for Western Australia, the Liberal Party of Australia) and Ms. Zoe Daniel MP (Federal Member for Goldstein, Independent),တို့နှင့်တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။


ထို့အပြင် Department of Foreign Affairs and Trade မှ တာ၀န်ရှိသူများနှင့် တွေ့ဆုံ၍ လက်ရှိ မြန်မာ့ နိုင်ငံရေး၊ စစ်ဘေးရှောင် ဒုက္ခသည်များအရေးနှင့်အတူ စစ်ကောင်စီအား သြစတေးလျအစိုးရမှ ထိရောက်စွာ ဆက်လက် ဖိအားပေးနိုင်ရေးတို့အား ဆွေးနွေးညှိနိုင်ခဲ့ကြတယ်လို့သိရပါတယ်။


========================


📌📌 ၇။ SNLD ပါတီ အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင် ကွယ်လွန်


မေလ ၁၇ရက်။

ကျားခေါင်းပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမီကရေစီအဖွဲ့ချုပ်ပါတီ-SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင် မေလ ၁၇ ရက် မနက်အစောပိုင်းမှာ လူကြီးရောဂါနဲ့ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ ဦးစိုင်းတင်လှိုင်ဟာ အသက် ၈၄ နှစ်အရွယ်ရှိပြီး ရန်ကုန်မြို့က နေအိမ်မှာ ကွယ်လွန်သွားတာလို့ ဆိုပါတယ်။


ဦးစိုင်းတင်လှိုင်ဟာ လက်ရှိ SNLD ပါတီ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်ရဲ့ အစ်ကိုဖြစ်ပြီး  ဦးစိုင်းတင်လှိုင် ကွယ်လွန်တဲ့ သတင်းကို ဦးစိုင်းညွန့်လွင်က ၎င်းရဲ့လူမှုကွန်ယက်စာမျက်နှာကတဆင့် အသိပေးထားပါတယ်။ ဦးစိုင်းတင်လှိုင်ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကို မေလ ၁၉ ရက်နေ့မှာ ရန်ကုန်မြို့က ရေဝေးသုဿန်မှာ သင်္ဂြိုဟ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ပြဌာန်းခဲ့ပြီး နိုင်ငံရေးပါတီတွေကို ပြန်လည်မှတ်ပုံတင်စေခဲ့ရာမှာ နိုင်ငံရေးဂုဏ်သိက္ခာကြီးမားတဲ့ SNLD ပါတီဟာ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်ထံမှာ ပြန်လည်မှတ်ပုံတင်ခြင်း မရှိခဲ့ပါဘူး။ 

ဒါ့ကြောင့် စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်ထံ ပြန်လည်မှတ်ပုံတင်ခြင်းမရှိတဲ့ SNLD ပါတီနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်-NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ဖျက်သိမ်းခံထားရပါတယ်။


========================


📌📌 ၈။ ငွေတိုက်စာချုပ်နဲ့ EOD ရောင်းရငွေထဲက ကျပ်ငွေ ၁၅ဘီလီယံကျော်ကို တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက်အသုံးပြုခဲ့


မေလ ၁၇ရက်။

ငွေတိုက်စာချုပ်နဲ့ EOD ရောင်းရငွေထဲက ကျပ်ငွေ ၁၅ဘီလီယံကျော်ကို တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက်အသုံးပြုခဲ့တယ်လို့ မေလ၁၇ရက်မှာ ယူနိုက်တက်ဘွန်းကတရားဝင်အသိပေးဆိုပါတယ်။


"စစ်ပွဲတစ်ပွဲ အနိုင်တိုက်ရေးအတွက် တိုက်ခိုက်ရေးတပ်တွေကသာအရေးပါတာ မဟုတ်ပါဘူး။ တိုက်ပွဲမှာထိခိုက်ဒဏ်ရာရသူတွေကို ပြန်လည်ကျန်းမာလာအောင်ကုသမှုပေးနိုင်တဲ့ ကျန်းမာရေးဝန်ထမ်း၊ ဆေးရုံ၊ ဆေးခန်းတွေကလည်း သိပ်ကိုအရေးပါပါတယ်။ 

ဒီအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဒီနေ့အထိ မြန်မာကျပ်ငွေ ၁၅ ဘီလီယံ (၁၅၀၀ ကုဋေ) ကျော်ကို သုံးစွဲထားတာကို အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာရွှေပုံရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ပြောပြချင်ပါတယ်"လို့ဆိုပါတယ်။


ထောက်ပို့ပြည်သူတွေရဲ့ ထောက်ပံ့မှုကို အလေအလွင့်မဖြစ်ရအောင် စနစ်တကျစီမံခန့်ခွဲပြီး ဒီသုံးနှစ်အတွင်းမှာ ဒေသအသီးသီးက ရွေ့လျားဆေးခန်း၊ ဆေးရုံ၊ ဆေးခန်းပေါင်း ၇၀၀ ကျော်အတွက်လိုအပ်တဲ့ ဆေးဝါး၊ ဆေးပစ္စည်းနဲ့ ခွဲစိတ်ပစ္စည်းတွေကို ထောက်ပံ့နိုင်ခဲ့လို့ မရေမတွက်နိုင်တဲ့ ပြည်သူများနဲ့ တော်လှန်ရေးရဲဘော်များကို ကယ်ဆယ်ကုသနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


NUG အစိုးရရဲ့ကျန်းမာရေးဘတ်ဂျက်အတွက် ခွဲဝေထောက်ပံ့ပေးတာကတော့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန(MOPFI)ဖြစ်ပြီး၊ ရံပုံငွေတွေကတော့ ငွေတိုက်စာချုပ်ရောင်းရငွေ၊ EOD ပရောဂျက်များမှ ရောင်းရငွေ၊ နွေဦးထီရောင်းရငွေ၊ နွေဦးဖွံ့ဖြိုးမှုဘဏ်(SDB)မှာရင်းနှီးမြှုပ်နှံမှုကနေရတဲ့ ငွေတွေကနေရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။


သုံးနှစ်အတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ တခြားဖျက်ဆီးမှုတွေကြောင့် ဆေးရုံဆေးခန်းပေါင်း ၃၀၀ ကျော်ပျက်စီးခဲ့ရသလို၊ ကျန်းမာရေးဝန်ထမ်းပေါင်း ၁၀၄ ဦးလည်း 

အကြမ်းဖက်စစ်တပ်ရဲ့ သတ်ဖြတ်မှုကိုခံခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ NCO အကြပ်သင်တန်း အပတ်စဥ် ()နှင့် အခြေခံစစ်ပညာသင်တန်း အပတ်စဥ်(၁၀)သင်တန်းဆင်းပွဲများ ပြုလုပ်


မေလ ၁၇ရက်။

Radio NUG

မေလ (၁၄) ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ် () စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးသော NCO အကြပ်သင်တန်း အပတ်စဥ် () သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ကြောင်း အမှတ် စစ်ဒေသ မကွေးတိုင်းဒေသကြီးက သတင်းထုတ်ပြန်ပါတယ်။

သင်တန်းဆင်းပွဲသို့ မကွေးတိုင်းကွပ်ကဲရေးရုံး တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ပြည်သူ့တော်လှန်ရေးအလံအား ဦးညွှတ်အလေးပြုခြင်း၊ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းများကို ဦးညွှတ်အလေးပြုခြင်း၊ KIA စစ်ဦးစီးချုပ်၊ အမှတ် () စစ်ဒေသ၊ စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း 

ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် () မိနစ် ငြိမ်သက်ခြင်း၊ ကာကွယ်ရေးဝန်ကြီး၏ သဝဏ်လွှာ ဖတ်ကြားခြင်း၊ မိန့်ခွန်း ပြောကြားခြင်း၊ သင်တန်းဆင်းလတ်မှတ်များ ပေးအပ်ခြင်း၊ ထူးချွန်ဆုရ သင်တန်းသားများအား ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်း အမှာစကား ပြောကြားခြင်းတို့ ပြုလုပ်ခဲ့ပြီး တော်လှန်ရေးသီချင်းများ သံပြိုင်သီဆိုကာ သင်တန်းဆင်းအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် တစ်နေရာမှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ် (၁၁၀၈)တပ်ရင်း၊ ဖားဆောင်း PDF ရဲ့ အပတ်စဉ် (၁၀) အခြေခံ စစ်သင်တန်းဆင်းပွဲကို မေလ (၁၆) ရက်နေ့မှာ ပြုလုပ်သွားခဲ့ပါတယ်လို့ ဖားဆောင်း PDFက သတင်းထုတ်ပြန်ပါတယ်။

အခြေခံ စစ်သင်တန်းကို သင်တန်းသူ/သား စုစုပေါင်း (၈၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ တစ်လတာ ပြုလုပ်ခဲ့ပါတယ်လို့ သိရတယ်။ သင်တန်းဆင်းပွဲကို ဖားဆောင်း PDF ဘောလခဲ PDF တိုင်းရင်းသားလက်နက်ကိုင် EROsများ၊ နေပြည်တော်မှ PDF ရဲဘော်များနဲ့ မိဘပြည်သူတွေလည်း တက်ရောက်ခဲ့ကြပါတယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ရွှေဘို မြို့မရဲစခန်းနဲ့မြို့နယ်တရားရုံးကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု စစ်တပ်အရာရှိအပါအဝင် ဦးသေဆုံး


မေလ ၁၇ရက်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ပေါ်မှာရှိတဲ့ မြို့မရဲစခန်းနဲ့ မြို့နယ်တရားရုံးကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စုဘက်က အရာရှိတွေအပါအဝင် ဦးသေဆုံးသွားတယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ရွှေဘိုမြို့မရဲစခန်းနဲ့ မြို့နယ်တရားရုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက မေလ ၁၆ ရက် မွန်းလွဲ နာရီခွဲခန့်မှာ ဒရုန်းနဲ့ ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ရှိရာနေရာကို ဗုံးသီးတွေကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရွှေဘို ဆေးရုံကြီးက လူနာတင်ကား စီးနဲ့ ထိခိုက်သေဆုံးသူတွေကို တင်ဆောင်သွားတယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ စစ်ဗိုလ်တဦး၊ ဒုရဲအုပ် တင်ထွန်းလင်းအောင်၊ ရဲတပ်သား ချမ်းဝင်းနဲ့ ဇော်ထိုက် () ဂျက်ကော့ အပါအဝင် စုစုပေါင်း ဦးသေဆုံးပြီး ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ပေမယ့် တိုက်ခိုက်ရေးဒရုန်းတစင်း ဆုံးရှုံးခဲ့တယ်လို့ အသိပေးထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရွှေဘို၊ Project Flight (Fight for Democracy) ဒရုန်း တပ်ဖွဲ့၊ Drop For Justice - DFJ Flying Dragon Force  

တာနောယက္ခ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ FFF.NK Drone ရွှေဘိုအားမာန် မြို့ပြပျောက်ကျား၊ သိင်္ခအားမာန်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မိဘပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေအပါအဝင် စစ်တပ်ထောက်တိုင်တွေကို ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဗိုလ်ကျားရိုင်း - ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ မြောက်ခင်ရန်းရွာ ပျူစောထီးစစ်ကြောင်းမှ ဂန့်ဂေါမြို့နယ် ရွှေဘိုရွာနဲ့ရေသာရွာအား မီးရှို့ပြီးနောက် လူတချို့သတ်ဖြတ်ခံရပြီး ရဟန်းသံဃာ ၇ပါးအားဖမ်းဆီးသွား


မေလ ၁၇ရက်။

Radio NUG

မေလ ၁၆ရက် မနက်ပိုင်းတွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြောက်ခင်ရန်းပျူစောထီးရွာမှ ပျူစောထီး စစ်ကြောင်းသည် ရေသာရွာနဲ့ ရွေဘိုရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် မနက် ၁၀ နာရီခွဲခန့်အချိန်မှစ၍ မီးရှို့ ဖျက်ဆီးခဲ့သဖြင့် ရေသာရွာတွင် လူနေအိမ် ၁၄လုံး မီးလောင်ကျွမ်းခဲ့ပြီး ရွှေဘိုရွာတွင် အိမ်ခြေ ၆၀၀ ခန့်ရှိရာ လူနေအိမ် ရာချီ မီးလောင်ဆုံးရှူံးခဲ့ကြောင်း 

ယောအလင်းတန်းက သတင်းထုတ်ပြန်ပါတယ်။

အသက်၈၀ ကျော်အရွယ် ဦးသာနွယ်နဲ့ နွားတစ်ကောင်အားလည်း သတ်ဖြတ်ခဲ့သလို နယ်မြေရှင်းလင်းစဉ် မီးလောင်သေဆုံးနေသော အသက် ၉နှစ်အရွယ် ကဘေးငယ် တစ်ဦး၏ရုပ်အလောင်းအား တွေ့ရှိရကြောင်းသိရပါတယ်။

ရွှေဘိုရွာဘုန်းကြီးကျောင်းမှ ရဟန်းသံဃာ ၇ပါးကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မေလ၁၇ ရက်နေ့ မနက်ပိုင်းမှာတော့ ရဟန်းသံဃာ ၇ပါးကို ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ဒေသခံပြည်သူတစ်ဦးကတော့ " မနေ့က မနက် ၁၀ နာရီခွဲလောက်မှာ ရွှေဘိုရွာနဲ့ ရေသာရွာကို မြောက်ခင်ရန်းက စစ်ကြောင်းထိုးလာတဲ့ ပျူစောထီးတွေက စပြီးမီးရှို့တာ။ ရေသာရွာကတော့ အိမ်ခြေ ၁၄လုံး မီးလောင်သွားတာတော့ အတည်ပြုလို့ရပြီ။ 

ရွှေဘိုရွာကတော့ ခန့်မှန်းခြေ အိမ်ခြေ ၃၀၀ကျော်လောက် မီးလောင်သွားတယ်လို့သိရတယ်။ အသေးစိတ်ကတော့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ပြီးမှဘဲသိရမယ်။ ရွှေဘိုရွာထဲက အသက် ၈၀ ကျော်အရွယ် ဦးသာနွယ်က မျက်စိလည်းသိပ်မမြင်ဘူး နားလည်းမကြားဘူး။ ဘယ်မှမသွားနိုင်လို့ အိမ်မှာကျန်ခဲ့တာ။ သူကို သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်သွားသလို ဦးသာနွယ် အိမ်ဝင်းထဲမှာရှိတဲ့ နွားတစ်ကောင်ကိုလဲ သတ်ထားခဲ့သေးတယ်ဗျ။ ရွာထဲမှာလည်း မီးလောင်ကျွမ်းထားတဲ့ ၉နှစ်အရွယ် ကလေးငယ် တစ်ယောက်ရဲ့ အလောင်းတစ်လောင်းတွေ့ထားတယ်ပြောတယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ သေချာအတည်မပြုနိုင်သေးဘူး။ 

ပြီးတော့ ရွှေဘိုရွာဘုန်းကြီးကျောင်းဝင်းထဲက ကျောင်းဆောင်တစ်ဆောင်ကိုပါ မီးရှို့ခဲ့ပြီး ရဟန်းသံဃာ () ပါးကိုလဲ မနေ့က ညနေ ပျူစောထီးစစ်ကြောင်းပြန်ဆုတ်တော့ ဓားစာခံအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်။ 

ဒီမနက်တော့ ရဟန်းသံဃာတွေကို ပြန်လွှတ်လိုက်ပြီလို့ပြောတယ်ဗျ"လို့ ယောအလင်းတန်းကို ပြောပြသွားခဲ့ပါတယ်။ရွှေဘိုရွာဟာ မြောက်ခင်ရန်းရွာနဲ့ အနီးဆုံးရွာတစ်ရွာဖြစ်ပြီး ယခုဆိုရင် မြောင်ခင်ရန်းရွာ ပျူစောထီးများဟာ ရွှေဘိုရွာကို မီးရှို့ဖျက်ဆီးတာ ၃ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ဝမ်ပေါင်မှထွက်လာသောတွဲကား()စီးနှင့် နမခမှထွက်လာသောမိုးကာအုပ်ကား()စီးတို့ကို မိုင်းခွဲတိုက်ခိုက်


မေလ ၁၇ရက်။

Radio NUG

မေလ ၁၆ရက် နေ့လယ် ၁၂နာရီ၅၄မိနစ်အချိန်ခန့်တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန်နှင့် ရေပိုးစားကြား၌ ဝမ်ပေါင်မှထွက်လာသောတွဲကား()စီးနှင့် နမခမှထွက်လာသောမိုးကာအုပ်ကား()စီးတို့ကို ရှေ့ထွက်မိုင်း()လုံး၊ ထန်းလုံးမိုင်းအကြီး()လုံးတို့ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် နှစ်နေရာခွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း 

People's Defence Force - South Monywaက သတင်းထုတ်ပြန်ပါတယ်။

စကစတပ်သား သေဆုံးထိခိုက်မှုအခြေအနေများကိုမူ ဆက်လက်စုံစမ်းဆဲဖြစ်ပြီး ကားပေါ်ပါ စကစတပ်သားများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း, တပ်ခွဲ(),မုံရွာခရိုင်တပ်ရင်း(၂၄)တပ်ခွဲ()Monywa Ranger Group/ Truth Army နွေဦးလူငယ်People's Defence ForceMyinmu Local Defence Force တောသားကြီးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ မြန်မာအစ္စလာမ် အထူးကွန်မန်ဒိုတပ်ဖွဲ့တို့နှင့်လက်တွဲ၍ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အမှတ်(၁၁)တပ်ရင်းPeople's Defence Force - South Monywaအနေဖြင့် ရန်ပုံငွေအခက်အခဲများစွာနှင့် ရင်ဆိုင်နေရပါသောကြောင့် ခဲယမ်း၊ ကျည်မှအစ ပြန်လည်ဖြည့်တင်းနိုင်ရန်အတွက် တတ်စွမ်းသလောက် ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် အထူးပင်မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၅။ WY စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲနေသူအား ဖမ်းဆီးပြီး ဆေးပြားများကို မီးရှို့ဖျက်ဆီး


မေလ ၁၇ရက်။ 

Radio NUG

မေလ ၁၆ ရက်နေ့တွင် ကျွဲခရံကျေးရွာအုပ်စု ယမုံကျေးရွာတွင် WY စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းဝယ်ဖြန့်ဖြူး သုံးစွဲနေကြောင်း သတင်းရရှိ၍ သွားရောက်စုံစမ်း ဖမ်းဆီးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

ယမုံကျေးရွာနေ အဘ ဦးကုလား၏သား ဦးပိန်ချောင်းဆိုသူ အသက် (၃၉)ထံတွင် WY စိတ်ကြွဆေးပြား အလုံးရေ ( ၇၀ ) ကို သက်သေခံ ပစ္စည်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

တရားခံ ဦးပိန်ချောင်းအား ထိုက်သင့်သော အပြစ်ဒဏ်ပေး၍ နောက်နောင်မူးယစ်ဆေးဝါးများ ရောင်းဝယ်၊ ဖြန့်ဖြူး၊ သုံးစွဲခြင်းလုံးဝမပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းပြီး ပြင်းထန်စွာသတိပေးဆုံးမခဲ့ကြောင်း ဖော်ပြထားပါတယ်။

သိမ်းဆည်းရမိသော WY စိတ်ကြွရူးသွပ်ဆေးပြား အလုံး (၇၀) အား တရားခံရှေ့မှောက်၌ပင် ပြည်သူ့ကာကွယ်ရေးအဖွဲ့-တပ်ဖွဲ့ဝင်များမှ မီးရှုံ့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်းနယ်မြေအတွင်းမှာ လူစုလူဝေးမလုပ်ဖို့နဲ့ ညအချိန် ခရီးသွားလာတာတွေမလုပ်ဖို့ ဒေသန္တရ အမိန့်ထုတ်


မေလ ၁၇ရက်။ 

မကွေးတိုင်း ဂန့်ဂေါခရိုင်ထဲက အမှတ် ၁၃ တပ်ရင်းနယ်မြေအတွင်းမှာ ပြည်သူလူထုအနေနဲ့ လူစုလူဝေးမလုပ်ကြဖို့၊ ညအချိန်တွေမှာ ခရီးသွားလာတာတွေမလုပ်ကြဖို့ အမှတ် စစ်ဒေသ ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်းက မေလ ၁၇ ရက် နေ့မှာ ဒေသန္တရအမိန့်ထုတ်ပြန်လိုက်ပါတယ်။

ဂန့်ဂေါခရိုင် အမှတ်အမှတ် ၁၃ တပ်ရင်းနယ်မြေအတွင်း နယ်မြေမတည်ငြိမ်မှုနဲ့ နယ်မြေလုံခြုံရေး လိုအပ်ချက်တွေရှိနေတဲ့အတွက် ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်းက ဒေသန္တရအမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

နယ်မြေလုံခြုံမှုနဲ့တည်ငြိမ်မှုရှိစေဖို့အတွက် သက်ဆိုင်ရာ ခရိုင်ကွပ်ကဲရေး၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး အခုလိုထုတ်ပြန်ရတာလို့ အသိပေးပါတယ်။ 

ဂန့်ဂေါခရိုင်အမှတ် ၁၃ တပ်ရင်းနယ်မြေထဲက စစ်ဆေးဂိတ်တွေမှာ လိုအပ်တဲ့စစ်ဆေးမှုတွေကို ဘယ်သူမဆို ကောင်းမွန်စွာ စစ်ဆေးမှုခံယူဖို့၊ နာရီကနေ မနက် နာရီအတွင်း ခရီးသွားပြည်သူတွေ ဖြတ်သန်းသွားလာတာမလုပ်ဖို့၊ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို ကျေးရွာတွေထဲမှာ စခန်းချနေထိုင်တာတွေမလုပ်ဖို့၊ ဘယ်ပုဂ္ဂိုလ်မဆို သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်မရှိဘဲ ကျေးရွာများအတွင်း တည်းခိုနေထိုင်ခြင်းနဲ့ တည်းခိုနေထိုင်ခွင့်မပေးဖို့၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်မရှိဘဲ စုဝေးပွဲတွေမလုပ်ဖို့ ဒေသန္တရအမိန့် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဒေသန္တရအမိန့်ကို ရုတ်သိမ်းတဲ့ အမိန့်စာ ထုတ်ပြန်ခြင်းမရှိသေးသ၍ ဒေသန္တရအမိန့် တည်မြဲနေမှာဖြစ်တယ်လို့လည်း ပါဝင်ပါတယ်။ဒါ့ကြောင့် အခုထုတ်ပြန်လိုက်တဲ့ ဒေသန္တရအမိန့် ထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ပေးကြဖို့တိုက်တွန်းထားပြီး လိုက်နာဆောင်ရွက်ခြင်း မရှိတာကြောင့် ထိခိုက်နစ်နာမှုတွေနဲ့ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာရင် သက်ဆိုင်ရာ ကာယကံရှင်တွေကိုယ်တိုင် အပြည့်အဝတာဝန်ယူရမှာဖြစ်တဲ့အပြင် ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်းရဲ့ အရေးယူမှုကိုပါ ခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment