10th JUN 2024 - Evening Daily News by Radio NUG

၂၀၂၄ ဇွန်လ ၁၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် South Australia ပြည်နယ် Adelaide မြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားများနှင့် တွေ့ဆုံ၍လက်ရှိနွေဦးတော်လှန်ရေး၏ အောင်မြင်မှုများကိုရှင်းလင်းပြောကြား

📌 ၂။ Aye Gallery by WY မှလှူဒါန်းထားသော ယာယီသမ္မတနှင့်၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပါအဝင်ဒေါက်တာတေဇာဆန်းတို့၏ ပုံတူပန်းချီကားများအား လေလံတင်ရောင်းချရာ သြစီဒေါ်လာနှစ်ထောင်ကျော်ရရှိခဲ့

📌 ၃။ ပြည်ထောင်စုဝန်ကြီးလျန်မှုန်းဆာခေါင်းနှင့်လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ ချင်းနှစ်ခြင်းအသင်း CBC ရဲ့၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကိုတက်ရောက်

📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဖြစ်ပျက်နေတဲ့အခြေအနေကိုအမြဲတမ်းသုံးသပ်ကာလှုပ်ရှားမှုအစီအစဥ်တွေကို လုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးအသိပေး

📌 ၅။ အမေရိကန်ပြည်ထောင်စု မေရီလန်းမှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ၇၉နှစ်‌မြောက်မွေးနေ့ပွဲမှာ One Dollar အဖွဲ့၏ အမေစုပုံ ဓာတ်ပုံကို နယူးယောက်မှအမေရိကန်ဒေါ်လာ၁၅၀၀ဖြင့်လေလံအောင်သွား

📌 ၆။ သံတွဲမြို့ ဆင်ခေါင်းရွာမှာ အကြမ်းဖက်စကစရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပြည်သူတွေအနေနဲ့ သတင်းအချက်အလက်တွေကို လူ့အခွင့်အရေးဝန်ကြီးဌာနသို့  ပေးပို့ရန်မေတ္တာရပ်ခံထား

📌 ၇။ စစ်အာဏာရှင်စနစ်ကျဆုံးရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးကို တစိုက်တမက် လုပ်ဆောင်နေသရွေ့ ဆင့်ကဲလှိုင်းတွေ တက်လာနေဦးမှာဖြစ်တယ်လို့ ဒုဝန်ကြီးမော်ထွန်းအောင်ဆို

📌 ၈။ ကိုရီးယား ဒီမိုကရေစီ လှုပ်ရှားမှုနေ့ အခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့်အဖွဲ့တက်ရောက်


၂၀၂၄ ခုနှစ် ဇွန်လ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ () အပတ်စဉ် () ဒရုန်းသင်တန်းဆင်းပွဲသို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှတက်ရောက်

🚩 ၂။ အကြမ်းဖက်စကစတပ်နှင့်၄င်းတို့လက်အောက်ခံအဖွဲ့များက ပင်လည်ဘူးမြို့ ရှိအများပြည်သူနေအိမ်များ ရုံးအဆောက်အဦများကို  မီးတင်ရှို့

🚩 ၃။ မိုးမိတ်မြို့နယ် ပန်တင်ရွာနှင့် မန်ပိန်းရွာအကြားရှိ တအာင်းတပ်မတော် (TNLA)တပ်စခန်းအား  စစ်ကောင်စီတပ်ကလေကြောင်းအသုံးပြုကာ ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် South Australia ပြည်နယ် Adelaide မြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားများနှင့် တွေ့ဆုံ၍လက်ရှိနွေဦးတော်လှန်ရေး၏ အောင်မြင်မှုများကိုရှင်းလင်းပြောကြား


ဇွန်လ ၁၀ ရက်


ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် South Australia ပြည်နယ် Adelaide မြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားများနှင့် တွေ့ဆုံ၍လက်ရှိနွေဦးတော်လှန်ရေး၏ အောင်မြင်မှုများကိုရှင်းလင်း ပြောကြားခဲ့ကြောင်း  ဇွန်လ၁၀ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ အမြဲတန်းအတွင်း၀င် ဒေါ်ဟန်စုယဥ်၊ သြစတြေးလျနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့နှင့်အတူ သြစတြေးလျနိုင်ငံ ခရီးစဥ်အတွင်း South Australia ပြည်နယ် Adelaide မြို့ရှိ မြန်မာပြည်ဖွား တိုင်းရင်းသား မိသားစုများနှင့် Playford Baptist Church Hall ခန်းမကြီး၌ ဇွန်လ ရက်နေ့တွင် ဆွေးနွေးခဲ့ပါတယ်။


ပြည်ထောင်စုဝန်ကြီးက လက်ရှိနွေဦးတော်လှန်ရေး၏ အောင်မြင်မှုများ၊ စိန်ခေါ်မှုများ၊ တိုင်းရင်းသား လူမျိုးစုများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ အနာဂါတ်နိုင်ငံအတွက် မျှော်လင့်ချက်များနှင့် ပတ်သက်၍ မြို့ခံ မြန်မာပြည်ဖွား တိုင်းရင်းသားများကို အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ တွေ့ဆုံပွဲ တက်ရောက်ခဲ့သူများ၏ မေးခွန်းများကို အသေးစိတ်ပြန်လည် ဖြေကြားပေးခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ Aye Gallery by WY မှလှူဒါန်းထားသော ယာယီသမ္မတနှင့်၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပါအဝင်ဒေါက်တာတေဇာဆန်းတို့၏ ပုံတူပန်းချီကားများအား လေလံတင်ရောင်းချရာ သြစီဒေါ်လာနှစ်ထောင်ကျော်ရရှိခဲ့


ဇွန်လ၁၀


ဇွန်လ၈ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် Australia နိုင်ငံ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့Brisbane မြို့ခရီးစဉ်တွင် မြန်မာပြည်ဖွားတိုင်းရင်းသားများနှင့်တွေ့ဆုံခဲ့ပါတယ်။


၄င်းတွေ့ဆုံပွဲတွင် နွေဦးတော်လှန်ရေးရံပုံငွေရရှိရေးအတွက် Aye Gallery by WY မှလှူဒါန်းထားသော နိုင်ငံတော်၏ယာယီသမ္မကြီး ဒူဝါလရှီးလ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် နွေဦးတော်လှန်ရေး လူထုတိုက်ပွဲဦးဆောင်ခဲ့သူ ဒေါက်တာတေဇာဆန်းတို့၏ ပုံတူပန်းချီကားများအား လေလံတင်ရောင်းချရာ AUD $2,250 ရရှိခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ လက်မှတ်ရေးထိုးပေးအပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


ထို့အပြင် နွေဦးတော်လှန်ရေးအတွက် အဖက်ဖက်မှပံ့ပိုးကူညီပေးလျှက်ရှိသော Queensland ပြည်နယ်မှ CRPH/NUG Support Group (QLD) နှင့် အဖွဲ့အစည်းအားလုံးအတွက် ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုလက်မှတ်ပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုဝန်ကြီးလျန်မှုန်းဆာခေါင်းနှင့်လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ ချင်းနှစ်ခြင်းအသင်း CBC ရဲ့၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကိုတက်ရောက်


ဇွန်လ၁၀ရက်


ပြည်ထောင်စုဝန်ကြီးလျန်မှုန်းဆာခေါင်းနှင့်လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ ချင်းနှစ်ခြင်းအသင်း CBC ရဲ့၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကိုတက်ရောက်ခဲ့တယ်လို့ ဇွန်လ၉ရက်မှာ လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးကအသိပေးဆိုထားပါတယ်။


" ဝန်ကြီးဆရာလျန်းနှင့်အတူချင်းနှစ်ခြင်းအသင်း CBC ရဲ့၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကို  ဒီနေ့တက်ရောက်ဖြစ်ပါတယ်။

စည်းလုံးဖို့ ချင်းခေါင်းဆောင်များရဲ့စိတ်အားထက်သန်မှု၊စည်းလုံးလာမှု၊ အပြန်အလှန်လေးစားအသိအမှတ်ပြုမှု၊လူငယ်တွေကို မြေတောင်မြှောက်ပေးမှု၊ တတိယနိုင်ငံကိုရောက်သွားပေမယ့် ချင်းလူမျိုးများရဲ့ ကြံကြံဒဏ်ခံနိုင်မှုနှင့် တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်လိုမှုတို့က အင်မတန်လေးစားအားကျဖို့ကောင်းပါတယ်။ချင်းညီကိုမောင်နှမများ မိိမိတို့ရဲ့ မတူကွဲပြားမှုကို အားအင်အနေနဲ့ သုံးပြီး တန်းတူညီမျှ၊ တရားမျှတမှုနှင့်ငြိမ်းချမ်းမှုတို့ကို အမြန်ဆုံးရပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်"လို့ဆိုထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာလက်ရှိမှာ ဘာသာပေါင်းစုံကိုလေးစားအသိအမှတ်ပြုကာ တိုင်းရင်းသားများကိုလည်း အလေးထားဆက်ဆံလျက်ရှိနေပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဖြစ်ပျက်နေတဲ့အခြေအနေကိုအမြဲတမ်းသုံးသပ်ကာလှုပ်ရှားမှုအစီအစဥ်တွေကို လုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးအသိပေး


ဇွန်လ၁၀ရက်


အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဖြစ်ပျက်နေတဲ့အခြေအနေကိုအမြဲတမ်းသုံးသပ်ကာလှုပ်ရှားမှုအစီအစဥ်တွေကို လုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးမှ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်ဖွံ့ဖြိုးတိုး တက်ရေးဌာနမှ ကြီးမှူး၍ကျင်းပသော  "နွေဦ်းအောင်ပွဲသုတေသန ညီလာခံ” (Spring Success Research Conference)  ဖွင့်ပွဲတွင် ပြောကြားခဲ့ပါသည်။


"အခုဖြစ်နေတဲ့အချက်အလက်တွေ၊သတင်းစကားတွေ၊မီဒီယာတွေကြားမှာ ဘာတွေဖြစ်နေလဲဆိုတာကိုကျနော်တို့အစိုးရအဖွဲ့ကအမြဲသုံးသပ်တယ်။သုံးသပ်ပြီး သုံးသပ်ချက်တွေအပေါ်အခြေခံပြီးတော့ ကျနော်တို့ရဲ့လုပ်တာ၊ကိုင်တာ လှုပ်ရှားမှုအစီအစဥ်တွေကို လုပ်ကြတယ်။အဲဒီလိုလုပ်ကြတဲ့အခါမှာ အခုလိုမျိုး Research၊အချက်အလက်တွေကအရေးကြီးပါတယ်။ကျနော်တို့မြန်မာနိူင်ငံအရေးကိုစောင့်ကြည့်ပြီးသေချာလေ့လာဆန်းစစ်နေတာတွေလည်းရှိပါတယ်။ဒါကြောင့်တော်လှန်ရေးကာလအတွင်းမှာ Researchတွေ၊သုတေသနတွေလုပ်နိူင်တယ်ဆိုတာလည်း ဂုဏ်ယူပါတယ်" လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဟာ ပြည်သူလူထုအခြေအနေများကို အမြဲမပြတ်စောင့်ကြည့်ကာဆုံးဖြတ်ချက်များချမှတ်လျက်ရှိပါတယ်။


========================


📌📌 ၅။ အမေရိကန်ပြည်ထောင်စု မေရီလန်းမှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ၇၉နှစ်‌မြောက်မွေးနေ့ပွဲမှာ One Dollar အဖွဲ့၏ အမေစုပုံ ဓာတ်ပုံကို နယူးယောက်မှအမေရိကန်ဒေါ်လာ၁၅၀၀ဖြင့်လေလံအောင်သွား


ဇွန်လ၁၀ရက်


အမေရိကန်ပြည်ထောင်စု မေရီလန်း မှာကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ၇၉နှစ်မြောက်မွေးနေ့ပွဲမှာ One Dollar အဖွဲ့၏ အမေစုပုံ ဓာတ်ပုံကို နယူးယောက်မှအမေရိကန်ဒေါ်လာ၁၅၀၀ဖြင့်လေလံအောင်သွားတယ်လို့ ဇွန်လ၁၀ရက်မှာ ဆရာတော်အရှင်ဇဝန်က ဆိုရှယ်မီဒီယာမှာအသိပေးဖော်ပြထားပါတယ်။


မေရီလန်း မှာကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ (79)နှစ်မွေးနေ့ပွဲမှာ One Dollar အဖွဲ့၏ အမေစုပုံ ဓာတ်ပုံကို နယူးယောက်မှ $1500ဖြင့်လေလံအောင်သွားပါတယ်။ အဖွဲ့ကိုယ်စား လေလံအောင်သူ ဇနီးမောင်နှံကို ပေးအပ်ခဲ့တယ်လို့မိန့်ကြားထားပါတယ်။


အဆိုပါပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်၊ဒုဝန်ကြီးဦးမိုးဇော်ဦး၊သံအမတ်ကြီး ဦးကျော်မိုးထွန်း၊မစ္စတာရှောင်တာနယ်တို့တက်ရောက်ခဲ့ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်၏ (79)နှစ်မြောက်မွေးနေ့ပွဲဆုတောင်းခြင်းအခမ်းအနားကိုပါ တဆက်တစပ်တည်းကျင်းပခဲ့တာဖြစ်ပါတယ်။


ထို့နောက်One Dollar မှ ဝန်ကြီးများနှင့် သံအမတ်ကြီးတို့အားပန်းချီကား လက်ဆောင်များပေးအပ်ခဲ့ပါတယ်။


========================


📌📌 ၆။ သံတွဲမြို့ ဆင်ခေါင်းရွာမှာ အကြမ်းဖက်စကစရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပြည်သူတွေအနေနဲ့ သတင်းအချက်အလက်တွေကို လူ့အခွင့်အရေးဝန်ကြီးဌာနသို့  ပေးပို့ရန်မေတ္တာရပ်ခံထား


ဇွန်လ၁၀ရက်


သံတွဲမြို့ ဆင်ခေါင်းရွာမှာ အကြမ်းဖက်စကစရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပြည်သူတွေအနေနဲ့ သတင်းအချက်အလက်တွေကို လူ့အခွင့်အရေးဝန်ကြီးဌာနသို့  ပေးပို့ရန် ဇွန်လအတွင်းမှာ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ဆိုရှယ်မီဒီယာမှာ အသိပေးဆိုထားပါတယ်။


"သံတွဲမြို့ ဆင်ခေါင်းရွာ၌ စစ်ကောင်စီလေကြောင်းနှင့်ရေကြောင်းမှတိုက်ခိုက်၍ ဒေသခံပြည်သူ ၁၀၀ခန့် သေဆုံးဟုသတင်းထွက်ပေါ်လျက်ရှိပါတယ်။ နိုင်ငံတဝှမ်းမှာ ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စကစ ကို အပြစ်ပေးအရေးယူနိုင်ဖို့ ပြည်သူတွေအနေနဲ့ သတင်းအချက်အလက်တွေကို လူ့အခွင့်အရေးဝန်ကြီးဌာနဆီ ပို့ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်"လို့ဆိုထားပါတယ်။


ဆင်ခေါင်းရွာအား ဇွန်လ ရက်နှင့် ရက်နေ့များက စစ်ကောင်စီ၏ ကြည််း၊ ရေ၊ လေ တပ်များ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသူ ရာနှင့်ချီရှိနိုင်ကြောင်း ဒေသတွင်းသတင်းများကဖော်ပြပါတယ်။


လက်ရှိမှာ ရုပ်အလောင်း ၆၄ လောင်းအား မြှုပ်နှံသင်္ဂြိုဟ်ပြီးစီးကြောင်းသိရပါတယ်။


========================


📌📌 ၇။ စစ်အာဏာရှင်စနစ်ကျဆုံးရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးကို တစိုက်တမက် လုပ်ဆောင်နေသရွေ့ ဆင့်ကဲလှိုင်းတွေ တက်လာနေဦးမှာဖြစ်တယ်လို့ ဒုဝန်ကြီးမော်ထွန်းအောင်ဆို


ဇွန်လ၁၀ရက်


စစ်အာဏာရှင်စနစ်ကျဆုံးရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး ကို တစိုက်တမက် လုပ်ဆောင်နေသရွေ့ ဆင့်ကဲလှိုင်းတွေ တက်လာနေဦးမှာဖြစ်တယ်လို့ ဒုဝန်ကြီးမော်ထွန်းအောင်က ဇွန်လအတွင်းမှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုထားပါတယ်။


"လှိုင်း တို့ ရဲ့သဘောအရ လှိုင်းကြီးလေ၊ လှိုင်းချိုင့်လည်းကြီးလေပါပဲ။အတက် သဘောရှိသလို၊ အဆင်းသဘောလည်းရှိတယ်။လှိုင်းထိပ်ရောက်တဲ့ အခါ ပိုမြင်သာတော့၊ လှိုင်းအဆင်း ကိုလည်း ပြင်ဆင်ထားရမယ်။နွေဦးတော်လှန်ရေး ရဲ့အဓိက တောင်းဆိုချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကျဆုံးရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး ကို တစိုက်တမက် လုပ်ဆောင်နေသရွေ့ ဆင့်ကဲလှိုင်းတွေ တက်လာနေဦးမှာပါ"လို့ဆိုပါတယ်။


၁၀၂၇စစ်ဆင်ရေးကို ညီနောင်မဟာမိတ်သုံးဖွဲ့စတင်ပြီးနောက်ပိုင်းစကစဟာ ခြေကုပ်ယူထားတဲ့မြို့များကို လက်လွှတ်ခဲ့ရပါတယ်။


လက်ရှိမှာပြည်သူ့ကာကွယ်ရေးတပ်များဟာ ပဲခူးတိုင်းအထိစစ်ဆင်ရေးများ ခြေလှမ်းပေါက်ရောက်နေပြီဖြစ်ပါတယ်။


========================


📌📌 ၈။ ကိုရီးယား ဒီမိုကရေစီ လှုပ်ရှားမှုနေ့ အခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့်အဖွဲ့တက်ရောက်


ဇွန်လ၁၀ရက်။


ကိုရီးယား ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကိုရီးယားဒီမိုကရေစီဖောင်ဒေးရှင်းတို့က ဇွန်လ၁၀ရက်နေ့မှာ ကျင်းပသည့် ၃၇ နှစ်မြောက် ဒီမိုကရေစီ လှုပ်ရှားမှုနေ့ အောက်မေ့ဘွယ် အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့်အဖွဲ့ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။


ဆိုးလ်မြို့တော်ခန်းမတွင် ကျင်းပသော အခမ်းအနားသို့ ဝန်ကြီးချုပ် ဟန်ဒေါ့ဆို တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။


၁၉၈၇ ဇွန်လ ၁၀ ရက်နေ့တွင် ဆိုးလ်မြို့၌ ဖြစ်ပွားခဲ့သော ဒီမိုကရေစီ လှုပ်ရှားမှုသည် ကိုရီးယားနိုင်ငံသမိုင်းတွင် ဒုတိယ အကြီးဆုံး လူထုလှုပ်ရှားမှု ဖြစ်ခဲ့ပါတယ်။


ယနေ့ ကျင်းပသော အောက်မေ့ဘွယ်အခမ်းအနားတွင် ကိုရီးယား အစိုးရနှင့် လူထုအဖွဲ့အစည်း အများအပြား တက်ရောက်ကြသည့်အပြင် နိုင်ငံတကာ သံတမန်များလည်း တက်ရောက်ခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ () အပတ်စဉ် () ဒရုန်းသင်တန်းဆင်းပွဲသို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှတက်ရောက်


ဇွန်လ (၁၀) ရက်


တောင်ပိုင်းတိုင်း စစ်ဒေသခွဲ () အပတ်စဉ် () ဒရုန်းသင်တန်းဆင်းပွဲသို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှတက်ရောက်ခဲ့ပါတယ်။


မြန်မာနိုင်ငံတောင်ပိုင်း တော်လှန်ရေးနယ်မြေတနေရာတွင် ဇွန်လ () ရက်နေ့ က ပြုလုပ်သည့် တောင်ပိုင်းတိုင်း စစ်ဒေသခွဲ () အပတ်စဉ် () ဒရုန်းသင်တန်းဆင်းပွဲသို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှ ခေါင်းဆောင်များ၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF စစ်ရေးခေါင်းဆောင်များ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ 


ဒရုန်းသင်တန်းဆင်းပွဲအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒု-ကာကွယ်ရေးဝန်ကြီးနိုင်ကောင်းရွတ် သဝဏ်လွာပေးပို့ ခဲ့ပြီး MSFC အုပ်ချုပ်ရေးကော်မီတီ ဥက္ကဌ နိုင်မွန်ဆိုင်း၊ MSDF နိုင်ငံရေး/စစ်ရေးဦးဆောင်ကော်မီတီဥက္ကဌ ဒေါက်တာသီရိမွန်ချမ်း (MSFC ကောင်စီဝင်) နှင့် MSRF တပ်မှ စစ်ဘက်ဆိုင်ရာခေါင်းဆောင်တက်ရောက်ခဲ့ပါတယ်။


အခမ်းအနားတွင် MSFC အုပ်ချုပ်ရေးကော်မီတီ ဥက္ကဌ နိုင်မွန်ဆိုင်းမှ  ဒရုန်းသင်တန်းသူ/သားများအား မိန့် ခွန်း ပြောကြားရာတွင် "ရဲဘော်တို့ နှင့် အခုလို သင်တန်းတက်ပြီး စစ်အာဏာရှင်စနစ်အား နည်းပညာဖြင့် စနစ်တကျ တွန်းလှန်ရမှာဖြစ်တယ်၊ ဒီလူထုတော်လှန်ရေးဟာ ရဲဘော်တို့ မျိုးဆက်တွေသာမက အနာဂတ်မျိုးဆက်အတွက်လဲ လွတ်မြောက်ဖို့ ဖြစ်တယ်။ စစ်အာဏာရှင် ရှိနေသရွှေ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ မတည်ဆောက်နိုင်ဖူး ဆိုရင် ကျနော်တို့ ပြည်သူတွေဟာ စစ်ကျွန်ဘဝမှာ ဆက်နေသွားရမှာ ဖြစ်တဲ့အတွက် ရဲဘော်တို့ တော်လှန်ရေးတာဝန်ကို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ထမ်းဆောင်သွားစေလိုပါတယ်"လို့  မှာကြားခဲ့တယ်။ 


ဒရုန်းသင်တန်းကို မွန်ပြည်ခြေစိုက် မွန်ပြည်ကာကွယ်ဂေရးတပ် MSDF နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF မှ သင်တန်းသူ/ သားများအပြင် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း တော်လှန်ရေးတပ်ဖွဲ့ များမှ သင်တန်းသူ/သား (၄၀) ခန့် တက်ရောက်ခဲ့ပြီးသင်တန်းအား အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသရှိ စောနဂါးဒရုန်းတပ်မှ ဦးဆောင်ပြီး သင်တန်းပေးခဲ့ခြင်း ဖြစ်ပါတယ်။


========================


🚩🚩 ၂။ အကြမ်းဖက်စကစတပ်နှင့်၄င်းတို့လက်အောက်ခံအဖွဲ့များက ပင်လည်ဘူးမြို့ ရှိအများပြည်သူနေအိမ်များ ရုံးအဆောက်အဦများကို  မီးတင်ရှို့


ဇွန်လ၁၀ရက်


အကြမ်းဖက်စကစတပ်နှင့်၄င်းတို့လက်အောက်ခံအဖွဲ့များက ပင်လည်ဘူးမြို့ ရှိအများပြည်သူနေအိမ်များ ရုံးအဆောက်အဦများကို  မီးတင်ရှို့ခဲ့ကြောင်း ဇွန်လ၁၀ရက်မှာ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကအသိပေးဆိုပါတယ်။


အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ,ပျူများနှင့် SNAများက ပင်လည်ဘူးမြို့ ရှိ၄င်းတို့ စိုးမိုးနေရာများရှိ အများပြည်သူနေအိမ်များ ရုံးအဆောက်အဦများကို  မီးတင်ရှို့နေကြောင်းသိရတယ်လို့ဖော်ပြပါတယ်။


PDFနှင့်ပကဖများတိုက်ခိုက်မှုကြောင့်  ပစ်ကွင်း မြင်ကွင်းရှင်းရန်နှင့် လုယက်ခိုးယူဖျက်ဆီးထားသည်များကို သက်သေမပေါ်စေရန်ဖျောက်ဖျက်ခြင်းဖြစ်ကြောင်း သိရှိတယ်လို့ဆိုပါတယ်။


၄င်းတို့ဘက်မှ ကျဆုံးသူစကစအလောင်းများကိုလည်း အိမ်ထဲထည့်မီးရှို့ခဲ့တယ်လို့သိရပါတယ်။


========================


🚩🚩 ၃။ မိုးမိတ်မြို့နယ် ပန်တင်ရွာနှင့် မန်ပိန်းရွာအကြားရှိ တအာင်းတပ်မတော် (TNLA)တပ်စခန်းအား  စစ်ကောင်စီတပ်ကလေကြောင်းအသုံးပြုကာ ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်တိုက်ခိုက်


ဇွန်လ၁၀ရက်


မိုးမိတ်မြို့နယ် ပန်တင်ရွာနှင့် မန်ပိန်းရွာအကြားရှိ တအာင်းတပ်မတော် (TNLA)တပ်စခန်းအား  စစ်ကောင်စီတပ်ကလေကြောင်းအသုံးပြုကာ ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်တိုက်ခိုက်ခဲ့ပါတယ်။


တအာင်းပြည်၊ တပ်မဟာ() စစ်ဒေသ၊ မိုးမိတ်မြို့နယ်ရှိ PSLF/TNLA တပ်စခန်းအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ကြိမ်ပစ်ခတ်ခဲ့ပြီး ပေါင် (၅၀၀)ဗုံးဖြင့် ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဇွန်လ၉ရက်ကဖော်ပြပါတယ်။


 ဇွန်လ ရက်နေ့၊ နေ့လည် (၄း၃၀)အချိန်တွင် မိုးမိတ်မြို့နယ် ပန်တင်ရွာနှင့် မန်ပိန်းရွာအကြားရှိ တအာင်းတပ်မတော် (TNLA)တပ်စခန်းအား  စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


ထို့နောက် ညနေ (၅း၀၅)အချိန်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀)ဗုံး ()လုံးအသုံးပြုကာ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။


 ထို့အပြင် ဇွန်လ ရက်နေ့မှ ရက်နေ့အထိ စစ်ကောင်စီတပ်မှ TNLA ရှိရာသို့ လက်နက်ကြီးဖြင့် (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီးထိုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုကြောင့် တအာင်းတပ်မတော် TNLA ရဲဘော် ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment