12th JUN 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဇွန်လ ၁၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်လုပ်ရပ်တွေကို အဆုံးစွန်ထိ လုပ်ဆောင်နေတဲ့ စစ်တပ်ကို ပြင်ဆင်ချိန်ထပ်ပေးလို့ မရတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား

📌 ၂။ ILO ညီလာခံမှာ စစ်ကောင်စီကို အရေးယူနိုင်ဖို့ကြိုးပမ်းနေတဲ့ ဒေါ်ဖြိုးစန္ဒာစိုး နဲ့ ဒေါ်ခိုင်ဇာအောင်တို့ဘက်က ရပ်တည် ကြောင်း ဓာတ်ပုံကမ်ပိန်းလုပ်

📌၃။ မွန်ပြည်ဖက်ဒရယ်ကောင်စီ-MSFC မှ Federal Democracy Charters Awareness သင်တန်း ကြိမ်ပြီးမြောက်

📌 ၄။ ဘန်ကောက်မြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်နဲ့ စစ်ဗိုလ်ချုပ် မိသားစုတွေ ကွန်ဒိုအခန်းများ ဝယ်ယူထားမှုကို စုံစမ်းနေတယ်လို့ NUG ပြည်သူ့ရဲတပ်ဖွဲ့ ထုတ်ဖေါ်


၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ဆိုင်ကယ်သူခိုး ဒုရဲအုပ်ကို တော်လှန်ရေးတပ်တွေ ပစ်ခတ်ဖမ်းဆီး၊ သေနတ် လက်၊ ယူနီဖောင်း၊ ကျည်ကာများ သိမ်းဆည်းရရှိ

🚩 ၂။ နတ်တလင်းမှာ PDFသတင်းစုံစမ်းနေတဲ့ စစ်သားတဦးကို ဖမ်းဆီးရမိခဲ့ပေမယ့် ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး 

🚩 ၃။ ချောင်းဦးနယ် မုံရွာ - မန္တလေးလမ်းပိုင်းမှာ ကြေးနီသယ်စစ်ယာဉ်တန်းကို မိုင်းဆွဲခဲ့ရာ အရာရှိအပါအဝင် ဦးသေဆုံး 

🚩 ၄။ ဆဒုံးဗျူဟာအပါအဝင် စစ်တပ်စခန်း ၁၈ ခုကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်များ သိမ်းပိုက်

🚩 ၅။ မန်တုံမှာ စစ်ဘေးရှောင်ကလေးငယ်တဦး မှိုရှာထွက်ရာမှ မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

🚩 ၆။ ကော့ကရိတ်မြို့တွင် သွားလာရောင်းဝယ်မှုမရတော့သဖြင့် ဒေသခံများ စားနပ်ရိက္ခာ ပြတ်လပ်မှု ရှိလာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်လုပ်ရပ်တွေကို အဆုံးစွန်ထိ လုပ်ဆောင်နေတဲ့ စစ်တပ်ကို ပြင်ဆင်ချိန်ထပ်ပေးလို့ မရတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား


ဇွန်လ(၁၂)ရက်


စစ်ကောင်စီဟာ အကြမ်းဖက်လုပ်ငန်းစဥ်တွေကို အဆုံးစွန်ထိဆက်လုပ်သွားကြမယ့် ကျင့်ဝတ်မရှိသူတွေဖြစ်တာကြောင့် စစ်တပ်ကို ပြင်ဆင်ချိန် ထပ်ပေးလို့မရတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းယင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့အစည်းအဝေး ၁၈/၂၀၂၄မှာ ပြည်ထောင်စုဝန်ကြီးချုပ် က အခုလိုပြောကြားလိုက် တာပါ။ 

ဇွန်လ ရက်နဲ့ ရက်နေ့တွေက ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့မှာရှိတဲ့ ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီလေတပ် က ဗုံးကြဲတိုက်ခိုက်ခဲ့တာ၊ ကြည်းတပ်နဲ့ ရေတပ်တို့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ မေလ ၂၉ ရက်နေ့က ဗျိုင်းဖြူကျေးရွာဖြစ်စဥ်၊ မင်းကင်းမှာ‌ လေကြောင်းတိုက်ခိုက်မှုခံရတဲ့ဖြစ်စဥ်တွေနဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်တွေဟာ အလွန်ကို အရပ်ဆိုးအကျည်းတန်တဲ့လုပ်ရပ်တွေဖြစ်တဲ့လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ထောက်ပြထား ပါတယ်။

 အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့လုပ်နိုင်သမျှ အကြမ်းလုပ်ငန်းစဥ်တွေကို အဆုံးစွန်ဆက်လုပ်သွားကြမယ့် ကျင့်ဝတ်မရှိသူ တွေဖြစ်တာမို့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း စုစုစည်းစည်းနဲ့ တုန့်ပြန်နိုင်ကြဖို့လိုတယ်လို့ ပြောခဲ့ ပါတယ်။ 

ဒါ့အပြင် အခုရက်ပိုင်းမှာလည်း အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူလူထု ကြုံတွေ့နေရတဲ့ စီးပွားရေးအကျပ်အတည်း၊ စိုးရိမ် ထိတ်လန့်မှုများနဲ့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုများ၊ စစ်ရာဇဝတ်ကျူးလွန်မှုများကို ဖုံးကွယ်နိုင်ဖို့အတွက် သတင်းသိပိုင်ခွင့် ကန့်သတ်တာ၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ပိတ်ပင်တာ၊အင်တာနက် ပိတ်ဆို့ခြင်းနဲ့ ဖြတ်တောက်ခြင်းတွေကို လက်နက်သဖွယ် အသုံးပြုလာနေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားထားပါတယ်။

ဒီလုပ်ရပ်တွေကို ကြည့်မယ်ဆိုရင် စစ်တပ်ဟာ ယနေ့အချိန်ထိ အသိတရားမရှိဘဲ နည်းလမ်းပေါင်းစုံ ရှုထောင့်ပေါင်းစုံကနေ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နိုင်ဖို့အတွက် စဥ်ဆက်မပြတ်ကြိုးပမ်းနေတာကို တွေ့ရမှာဖြစ်ပါလို့လည်း အသိပေးပြောဆိုခဲ့ပါတယ်။

ဒါကြောင့် အကြမ်းဖက်စစ်တပ်ကို ပြင်ဆင်ချိန် အချိန်များများ ထပ်ပေးလို့မရဘူးဆိုတာ သဘောပေါက်နားလည်ပြီး  အကြမ်းဖက်စစ်အာဏာရှင်ကို အားလုံးစုပေါင်းတိုက်ထုတ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်း ထားပါတယ်။


========================


📌📌 ၂။ ILO ညီလာခံမှာ စစ်ကောင်စီကို အရေးယူနိုင်ဖို့ကြိုးပမ်းနေတဲ့ ဒေါ်ဖြိုးစန္ဒာစိုး နဲ့ ဒေါ်ခိုင်ဇာအောင်တို့ဘက်က ရပ်တည် ကြောင်း ဓာတ်ပုံကမ်ပိန်းလုပ်


ဇွန်လ(၁၂)ရက်


ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပနေတဲ့ I‌LO ညီလာခံရဲ့ ILO အုပ်ချုပ်ရေးအဖွဲ့မှာ အလုပ်သမားကိုယ်စားလှယ်အဖြစ် ရွေးချယ်ထားရတဲ့ ဒေါ်ဖြိုးစန္ဒာစိုးနဲ့ အလုပ်သမားအရေး ကြိုးပမ်းမှုကြောင့် Arthur Svensson Prize ဆုရထားတဲ့ ဒေါ်ခိုင်ဇာအောင်တို့ရဲ့ စစ်ကောင်စီကို ပြင်ပြင်းထန်ထန်အရေးယူနိုင်ဖို့ကြိုးပမ်းနေမှုကို ထောက်ခံတဲ့အနေနဲ့ ဓာတ်ပုံကမ်ပိန်း တခု ဒီနေ ဇွန်လ ၁၂ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံက ပြည်တွင်း၊ တောတွင်းတနေရာနဲ့ လွတ်မြောက်နယ်မြေအတွင်းမှာ MLA အလုပ်သမားအင်အားစုနဲ့ CDM အလုပ်သမားများက ဒေါ်ဖြိုးစန္ဒာစိုးနဲ့ ဒေါ်ခိုင်ဇာအောင်တို့ဘက်က ရပ်တည်ကြောင်း ဓာတ်ပုံကမ်ပိန်းပြုလုခဲ့တာလည်းဖြစ်ပါ တယ်။

ဒီလှုပ်ရှားမှုမှာ အမျိုးသမီးခေါင်းဆောင် ၂ဦးဘက်က ရပ်တည်ကြောင်းနဲ့ ILO အနေနဲ့ စစ်ကောင်စီပေါ် အရေးယူမှုတွေ ချက်ချင်းလုပ်ဆောင်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဓာတ်ပုံကမ်ပိန်းပြုလုပ်ခဲ့တာလို့လည်း သိရပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကို ဇွန်လ ရက်ကနေ ၁၄ ရက်နေ့ထိ ကျင်းပလျက်ရှိရာ ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းမှာ မြန်မာ့ဒီမိုကရေစီအရေး၊ အလုပ်သမားအရေး ကိစ္စရပ် များနဲ့ပတ်သက်လို့ သီးခြားတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အစည်းအဝေးသို့ ညီလာခံတက်ရောက်လာသည့် ILO အဖွဲ့ဝင်နိုင်ငံတွေ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ်များမှ ခေါင်းဆောင်များ၊  နိုင်ငံတကာအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌၃။ မွန်ပြည်ဖက်ဒရယ်ကောင်စီ-MSFC မှ Federal Democracy Charters Awareness သင်တန်း ကြိမ်ပြီးမြောက်


ဇွန်လ(၁၂)ရက် 


မွန်ပြည်ဖက်ဒရယ်ကောင်စီ - MSFC မှ ဦးဆောင်ပြီး Federal Democracy Charters Awareness သင်တန်း () ကြိမ် ပြုလုပ်ခဲ့ပါသည်။ 


အဆိုပါ သင်တန်းကို အွန်လိုင်းမှ ပြုလုပ်ခဲ့တာဖြစ်ပြီး မွန်လူငယ်များ အမျိုးသမီးအစုအဖွဲ့များ၊ ကျောင်းသားကျောင်းသူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ရွှေ့ပြောင်းလုပ်သားများ၊ CDM ပြုလုပ်ထားသူများ စသည့်ဖြင့် သင်တန်းသား (၉၀) ဝန်းကျင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


MSFC အုပ်ချုပ်ရေးကော်မတီဝင် နိုင်ပညာမာန်မှ " ဖက်ဒရယ်တည်ဆောက်ရေးမှာ ဒီလိုအစုအဖွဲ့တွေ ပိုမိုပါဝင်လာဖို့လိုအပ်တယ်၊ ဖက်ဒရယ် အခြေခံမူတွေကို လူတိုင်းနားလည်ဖို့လိုအပ်တယ် လို့ရည်ရွယ်ပြီး သင်တန်းကိုပို့ချခဲ့တာဖြစ်တယ်လို့ ဆိုပါသည်။ 


သင်တန်းကို () ကြိမ်လျှင် () ရက် () ရက်လျှင် () နာရီနှုန်းဖြင့် သင်ကြားပို့ချခဲ့ခြင်းဖြစ်သည်။


သင်တန်းပထမအကြိမ်အဖြစ် ဧပြီလ ၂၈ မှ ၃၀ ရက်နေ့အထိ သင်တန်းဒုတိယအကြိမ်အဖြစ် မေလ ၂၅ မှ ၂၇ ရက်နေ့အထိ သင်တန်း တတိယအကြိမ်အဖြစ် ဇွန်လ ရက်နေ့မှ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။


========================


📌📌 ၄။ ဘန်ကောက်မြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်နဲ့ စစ်ဗိုလ်ချုပ် မိသားစုတွေ ကွန်ဒိုအခန်းများ ဝယ်ယူထားမှုကို စုံစမ်းနေတယ်လို့ NUG ပြည်သူ့ရဲတပ်ဖွဲ့ ထုတ်ဖေါ်


ဇွန်လ(၁၂)ရက်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့က စျေးအကြီးဆုံးဇိမ်ခံကွန်ဒိုဖြစ်တဲ့ SCOPE Langsuan မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန်နဲ့ စစ်ဗိုလ်ချုပ်မိသားစုတွေ ကွန်ဒိုခန်းများဝယ်ယူထားမှုကို စုံစမ်းဖော်ထုတ်နေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ပြည်သူ့ရဲတပ်ဖွဲ့က ဇွန်လ ၁၂ ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။

စစ်တပ်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူထားသူ တွေရဲ့ နောက်ကြောင်းရာဇဝင်၊ ဝင်ငွေရလမ်းနဲ့ အခွန်ဆောင်ခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေချိန်မှာ NUG ပြည်သူ့ရဲတပ်ဖွဲ့က တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

Scope LangSuan ကွန်ဒိုဟာ ထိုင်းနိုင်ငံမှာ စျေးအကြီးဆုံးကွန်ဒိုတခုဖြစ်ပြီး ဘန်ကောက်မြို့က အချက်အခြာကျတဲ့နေရာ တွေထဲကတခုဖြစ်တဲ့ Lang Suan လမ်းမကြီးပေါ်မှာရှိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ ထိပ်တန်း စျေးအကြီးဆုံးကွန်ဒို Scope LangSuan မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ သမီး ခင်သီရိသက်မွန်အပါအဝင် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ မိသားစုတွေက အမည်အမျိုးမျိုးနဲ့ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူ ပိုင်ဆိုင်ထားတယ်လို့ NUG ပြည်သူ့ရဲတပ်ဖွဲ့က အသိပေးထားပါတယ်။

ခင်သီရိသက်မွန်နဲ့စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ မိသားစုတွေ ကွန်ဒိုအခန်းများဝယ်ယူနိုင်ဖို့ အဓိကကူညီပေးနေသူဟာ Air China ရဲ့ တရားဝင်ကိုယ်စားလှယ်တဦးဖြစ်ခဲ့ဖူးတဲ့ ဒေါ်သန်းသန်းလေးရဲ့ သမီးဖြစ်သူ မြ ဖြစ်တယ်လို့ သိရပါတယ်။ 

မြ ရဲ့ ဖခင်ဟာ ၁၉၉၂-၁၉၉၇ ကာလ နဝတ အစိုးရလက်ထက်မှာ ဆက်သွယ်ရေးညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့တဲ့ OTS 16 ဆင်း ဗိုလ်မှူးချုပ်ဟောင်း စိန်လေးဖြစ်ပြီး စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဖြစ်တယ်လို့ ပြောပါတယ်။

ကွန်ဒိုအခန်းတွေဝယ်ယူတဲ့ကိစ္စမှာ မြ က စတုရန်းမီတာကို ထိုင်းဘတ်ငွေ သိန်းခန့်နဲ့ အခန်းတွေဝယ်ယူနိုင်ဖို့  ကူညီ ပေးထားတာကို တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။  

အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့သမီးနဲ့ စစ်ဗိုလ်ချုပ် မိသားစုတွေဝယ်ယူထားတဲ့ SCOPE Langsuan ကွန်ဒိုမှာ အိပ်ခန်းတ ခန်းနဲ့ အိပ်ခန်း ခန်း၊ အိပ်ခန်း ခန်း စသဖြင့် အခန်းအမျိုးအစားတွေရှိပြီး ၈၄ စတုရန်းမီတာကျယ်ဝန်းတဲ့ အိပ်ခန်းတခန်း ပါ ကွန်ဒိုတခန်းရဲ့ တန်ဖိုးဟာ ထိုင်းဘတ်ငွေ သိန်း ၅၄၀ ကျော် မြန်မာငွေ ကျပ်သန်း ၆၄ဝဝ ကျော်ခန့်ရှိကာ ၁၅၄ စတုရန်း မီတာကျယ်ဝန်းတဲ့ အိပ်ခန်း ခန်းပါ ကွန်ဒိုအခန်းမှာ ဘတ်ငွေ သိန်း ၁၂၀၀ ကျော် မြန်မာငွေ ကျပ်သန်း တသောင်း ၄ထောင် ကျော်ခန့်ရှိတယ်လို့ သိရပါတယ်။

ဒီ Scope LangSuan ကွန်ဒိုဟာ ၂၀၂၃ ခုနှစ်ကမှ ဆောက်လုပ်ပြီးစီးခဲ့တဲ့ အသစ်စက်စက်ကွန်ဒိုတခုဖြစ်ပြီး အခန်းပေါင်း ၂၂၆ ခန်းပါဝင်တဲ့ ၃၄ ထပ်ရှိ ထပ်မြင့်ဇိမ်ခံကွန်ဒိုတခုဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလို ကွန်ဒိုအခန်းဝယ်ယူမှုနဲ့ဆက်စပ်ပတ်သက်နေသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ရဲတပ်ဖွဲ-People's Police က ဆက်လက်ဖော်ထုတ်ကာ မှတ်တမ်းတင်ထားမှာဖြစ်ပြီး တော်လှန်ရေးအလွန်ကာလမှာ တရားဥပဒေအရ အရေးယူတာ၊ ပိုင်ဆိုင်မှုတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းတာတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ NUG အစိုးရ ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ဆိုင်ကယ်သူခိုး ဒုရဲအုပ်ကို တော်လှန်ရေးတပ်တွေ ပစ်ခတ်ဖမ်းဆီး၊ သေနတ် လက်၊ ယူနီဖောင်း၊ ကျည်ကာများ သိမ်းဆည်းရရှိ


ဇွန် ၁၂ Radio NUG


စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ ပျူစောထီးရွာမှ ဒုရဲအုပ်တစ်ဦးက ပြည်သူ့ဆိုင်ကယ်ကို ခိုးယူ ထွက်ပြေးစဉ် တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ ပစ်ခတ် ဖမ်းဆီးရာ ဒုရဲအုပ် သေဆုံးပြီး သေနတ် လက်၊ ယူနီဖောင်းနှင့်ကျည်ကာများ သိမ်းဆည်းရရှိခဲ့ကြောင်း နယ်စည်းမခြား စစ်ကိုင်းသားအဖွဲ့မှ ဖော်ပြထားပါတယ်။


ရွာထဲက ဆိုင်ကယ်ခိုးယူထွက်ပြေးတာကို ပြည်သူတွေက သတင်းပေးတိုင်ကြားလို့ စစ်ကိုင်းသား နယ်စည်းမခြား တော်လှန်ရေးတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့စဉ် ဒုရဲအုပ်က  ခြောက်လုံးပြူး သေ နတ်ဖြင့် ပြန်လည် ပစ်ခတ်ရန် ပြုလုပ်ခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များက အသေ ပစ်ခတ် ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။


MA 13 မောင်းပြန်သေနတ် ၁လက်၊ ခြောက်လုံးပြူး ၁လက်၊ MA 13 ကျည် ၁ဝဝ တောင့်၊ ခြောက်လုံးပြူးသေနတ်ကျည် ၁၃ တောင့်၊ ဖုန်း လုံးနဲ့ ကျည်ကာဝတ်စုံ ထည်ကို သိမ်းဆည်းထားနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


စစ်ကိုင်းမြို့နယ်ထဲက ရွာတွေကို စစ်တပ်နဲ့ရဲ ပူးပေါင်းစစ်ကြောင်းတွေဟာ နယ်မြေရှင်းလင်းရေးအကြောင်းပြပြီး  မီးရှို့တာတွေ ဖမ်းဆီးတာတွေအပြင် ပြည်သူပိုင်ပစ္စည်းတွေလုယက်တာနဲ့ဆက်ကြေးတောင်းတာတွေပါလုပ်ဆောင်နေကြပါတယ်။


========================


🚩🚩 ၂။ နတ်တလင်းမှာ PDFသတင်းစုံစမ်းနေတဲ့ စစ်သားတဦးကို ဖမ်းဆီးရမိခဲ့ပေမယ့် ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး 


ဇွန်လ၁၂ရက်


ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင် နတ်တလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတင်းကို စုံစမ်းနေတဲ့ စစ်သားတဦးကို ဖမ်းဆီးရမိခဲ့ပေမယ့် ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာကနေ သေဆုံးသွားတယ်လို့ သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ နတ်စစ်သည်တပ်ဖွဲ့က ဇွန်လ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

နတ်တလင်းမြို့နယ်အရှေ့ခြမ်းကကျေးရွာတွေမှာ တော်လှန်ရေးတပ်ဖွဲ့များအကြောင်း သတင်းစုံစမ်းနေတဲ့ ခမရ ၄၃၁ တပ် က တပ်သား မောင်နိုင် ဆိုသူကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂ရက်နေ့ညပိုင်းက လယ်မအင်းကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။ 

ဖမ်းဆီးရမိပြီးနောက် စစ်ဆေးမေးမြန်းနေချိန်မှာ လက်နက်လုပြီး ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာကနေ သေဆုံးသွားတာလို့ နတ်စစ်သည်တပ်ဖွဲ့က အသိပေးထားပါတယ်။

စစ်ကောင်စီတပ်သား မောင်နိုင်ဟာ ပဲခူးမြို့ကဖြစ်ပြီး နတ်တလင်းမြို့နယ်အရှေ့ခြမ်းကကျေးရွာတွေမှာ တပ်ထွက်အဖြစ် ဟန်ဆောင်ကာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းကိုစုံစမ်းနေခဲ့ပြီး ၎င်းရဲ့သတင်းပေးတိုင်ကြားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရ တဲ့ ပြည်သူများစွာရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

နတ်တလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေကြတဲ့ ထောက်လှမ်းရေးများ၊ စစ်တပ်ထောက်တိုင် များနဲ့ သတင်းပေးများကို ပြတ်သားစွာအရေးယူရှင်းလင်းသွားမယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ- နတ်စစ်သည်တပ်ဖွဲ့က အသိပေးထားပါတယ်။


========================


🚩🚩 ၃။ ချောင်းဦးနယ် မုံရွာ - မန္တလေးလမ်းပိုင်းမှာ ကြေးနီသယ်စစ်ယာဉ်တန်းကို မိုင်းဆွဲခဲ့ရာ အရာရှိအပါအဝင် ဦးသေဆုံး 


ဇွန်လ၁၂ရက်


စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ထဲက မုံရွာ-မန္တလေးလမ်းပေါ်မှာ ကြေးနီတွေသယ်လာတဲ့ အကြမ်းဖက်စစ်ယာဉ်တန်းကို ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်ဗျူဟာမှူးတဦးအပါအဝင် ဦးသေဆုံးသွားတယ်လို့ People's Defense Force - South Monywa က ပြောပါတယ်။ 

ဝမ်ပေါင်ဘက်ကထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကြေးနီတင်တွဲကား ၁၂ စီးပါယာဥ်တန်း ဇွန်လ ၁၁ ရက်နေ့ ညနေ နာရီ ၄၀ မိနစ်ခန့်အချိန် မုံရွာ-ချောင်းဦးလမ်းပိုင်းကို ဖြတ်သန်းလာစဉ် ပဒေသာမိုင်းအကြီး လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ တာလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တွဲကားပေါ်ပါလာတဲ့ စစ်တပ်အရာရှိနဲ့ စစ်သား ဦး ပွဲချင်းပြီးသေဆုံးကာ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ ဆိုပါတယ်။

မြပုလဲ ဆီဆိုင်ဂိတ်မှာ လမ်းသွားလမ်းလာပြည်သူများကို တားဆီးစစ်ဆေးနေတဲ့စစ်သားတွေ ကြေးနီတင်တွဲကားယာဉ်တန်း ပေါ်က အရာရှိကို အလေးပြုနေတဲ့အချိန်မှာ မိုင်းဆွဲနိုင်ခဲ့တာကြောင့် ကားပေါ်ကအရာရှိနဲ့ အလေးပြုတဲ့စစ်သား ဦး စုစုပေါင်း  ဦးသေသွားတာလို့ သိရပါတယ်။

ကားပေါ်ပါတဲ့အရာရှိဟာ မုံရွာကနေလိုက်လာတဲ့ ဗျူဟာမှူးလို့သိရပြီး သေဆုံးသွားတဲ့စစ်သားတွေကို ကြေးနီတင်ကားပေါ်   ဆွဲတင်သွားတာရှိသလို မုံရွာဘက်ကိုသွားတဲ့ Express ကားပေါ်တင်သွားတာလည်းရှိတယ်လို့ People's Defense Force - South Monywa က အသိပေးထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People's Defense Force - South Monywa တပ်ခွဲ မုံရွာခရိုင် တပ်ရင်း ၁၁ တပ်ခွဲ ၃နဲ့ တပ်စု Youth Vigor Revolution Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

People's Defense Force - South Monywa နဲ့ ပူးပေါင်းအဖွဲ့ဟာ ဇွန်လ ၁၀ ရက်နေ့ မနက်ကလည်း ဝမ်ပေါင်ကုမ္ပဏီ ဘက်က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကြေးနီတင် တွဲကား စီးပါယာဉ်တန်းကို ချောင်းဦးနယ် နတ်ရေကန်နဲ့ ရေပိုးစားကျေးရွာကြားမှာ ပဒေသာမိုင်း လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ တွဲကားတစီးပျက်စီးခဲ့ပါသေးတယ်။

ဒါကြောင့် ပြည်သူလူထုအနေနဲ့ လမ်းပေါ်မှာ အကြမ်းဖက်စစ်သားတွေရှိနေချိန်မှာ ၎င်းတို့အနီး ကပ်မနေဘဲ အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့ မဖြစ်မနေခရီးသွားလာနေကြရတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ ဂရုတစိုက်သွားလာကြပါဖို့ ပြည်သူ့ကာကွယ် ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ကြေညာချက်တွေကို လေးစားလိုက်နာကြဖို့ မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၄။ ဆဒုံးဗျူဟာအပါအဝင် စစ်တပ်စခန်း ၁၈ ခုကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်များ သိမ်းပိုက်


ဇွန်လ၁၂ရက်


ကချင်ပြည် ဝိုင်းမော်မြို့နယ် ဆဒုံးဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာပါအဝင် စစ်စခန်း ၁၈ ခုကို ကချင်လွတ်လပ်ရေး တပ်မတော်-KIA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က ဇွန်လ ၁၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။ 

ဆဒုံးဗျူဟာအပါအဝင် စစ်တပ်စခန်းတွေကို ဇွန်လ ၁၁ ရက်နေ့ မနက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ တပ်စခန်းများ သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ စခန်းစွန့်ခွာထွက်ပြေး သွားတာကြောင့် စခန်းငယ်တွေကို အလွယ်တကူရရှိခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကလည်း အတည်ပြုထားပါတယ်။ 

ဝိုင်းမော်မြိုနယ်ရှိ ဆဒုံးဗျူဟာကုန်းစခန်း အပါအဝင် တပ်စခန်း ခုကို KIA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံပန်း ၃၀ ကျော် ဖမ်းဆီးရမိကာ လက်နက်အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၁၁ ရက်နေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာမရှိတဲ့အတွက် ထူးဆန်းနေတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဝိုင်းမော် -ကန်ပိုက်တီလမ်းပေါ်က ၁၃ မိုင်စုပေါင်းဂိတ်၊ ဘွမ့်တောင်ပြည်သူ့စစ်စခန်း၊ လဖိုင်ပြည်သူ့စစ်စခန်း အင်ဝမ့်ယန် နယ်ခြားစောင့်တပ်စခန်း ဆဒုံးဗျူဟာကုန်း၊ လုဂျီစစ်စခန်း စတဲ့စခန်းတွေအပါအဝင် စခန်းအကြီးအသေး ၁၈ ခုကို KIA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က တရက်တည်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

သိမ်းပိုက်ရရှိတဲ့ စခန်းတွေထဲက ခစတ-၁၀၀၃ ၁၉မိုင်စခန်း၊အင်၀မ်ကောင်စခန်း၊ ရေတံခွန်စခန်း၊ လုကြည်စခန်း၊ ပန်ဝါ ပြည်သူ့စစ်အဖွဲ့တွေရှိတဲ့ အူရော်ဘွမ်စခန်းနဲ့ နာ့ရူဘွမ်စခန်း စခန်းတွေက စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေဟာ စခန်းစွန့်ထွက်ပြေးသွားတာလို့ စစ်ရေးသတင်းရင်းမြစ်တွေက အသိပေးပါတယ်။

စစ်ကောင်စီရဲ့ ဆဒုံးဗျူဟာကုန်းစခန်းကို KIA ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တာကြောင့် ဝိုင်းမော်-ကန်ပိုက်တီ တရုတ်နယ်စပ်လမ်းပိုင်းတလျောက် စစ်တပ်စခန်းတွေကင်းစင်သွားပြီလို့ သိရပါတယ်။


========================


🚩🚩 ၅။ မန်တုံမှာ စစ်ဘေးရှောင်ကလေးငယ်တဦး မှိုရှာထွက်ရာမှ မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ


ဇွန်လ၁၂ရက်


ရှမ်းပြည်တောင်ပိုင်း မန်တုံဒေသက စစ်ဘေးရှောင်ကလေးငယ်တဦး မှိုရှာထွက်ရာကနေ မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ တအာင်းတပ် TNLA ထံကနေ သိရပါတယ်။ 

တအာင်းပြည် တပ်မဟာ- စစ်ဒေသ မန်တုံမြို့မှာရှိတဲ့ စစ်ရှောင်စခန်းက အသက် ၁၆ နှစ်အရွယ် ကလေးငယ်တဦးဟာ ဇွန်လ ၁၁ ရက်နေ့ မနက် နာရီခွဲခန့်အချိန်က စစ်ကောင်စီရဲ့ အမှတ်-၁၃၀ တပ်စခန်းဟောင်းအနီးမှာ မိုင်းနင်းမိပြီး ခြေတဖတ်ပြတ်သွားခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ မိုင်းနင်းမိတဲ့ ကလေးငယ်ဟာ မန်တုံဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့လည်း သိရပါတယ်။ 

တအာင်းပြည် ကျောက်မဲမြို့နယ် ပန်လော့ရွာမှာလည်း ဇွန်လ ရက်နေ့က စစ်ကောင်စီဘက်ကထောင်ထားတဲ့မိုင်းကြောင့် အမျိုးသားတဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ကော့ကရိတ်မြို့တွင် သွားလာရောင်းဝယ်မှုမရတော့သဖြင့် ဒေသခံများ စားနပ်ရိက္ခာ ပြတ်လပ်မှု ရှိလာ


ဇွန်လ၁၂ရက်။


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဒေသခံပြည်သူများအနေဖြင့် ကုန်ပစ္စည်း သွားလာရောင်းဝယ်မှု မရတော့သဖြင့် မြို့အနီးဝန်းကျင်ရှိ ဒေသခံကျေးရွာသားအများစု ကုန်ပစ္စည်း စားနပ်ရိက္ခာ ပြတ်လပ်မှုများ ရှိလာကြောင်း KIC က သတင်းထုတ်ပြန်ထားပါတယ်။


ကော့ကရိတ်မြို့တွင် နှစ်ဖက်စစ်ရေးတင်းမာမှုရှိနေဆဲဖြစ်၍ သွားလာမှုလမ်းများဖြတ်တောက်ခံထားရပြီး ကုန်စ္စည်းများ ဝယ်ယူရောင်းချ၍ မရတော့သဖြင့် ဒေသခံပြည်သူများအားလုံးသည် မိုးတွင်းကာလတွင် ကုန်ပစ္စည်းစားနပ်ရိက္ခာများ ပြတ်လပ်မှုရှိလာကြောင်း ကော့ကရိတ်မြို့နယ် တောင်ပိုင်းရှိ ကုန်ပစ္စည်းရောင်းဝယ်သူများက ပြောကြားပါတယ်။


ထို့အပြင် ကော့ကရိတ်-မြဝတီ အာရှကုန်သွယ်ရေးလမ်းလည်း သွားလာ၍ မရသဖြင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်စပ်နေသည့် လုပ်ငန်းများ လုပ်ကိုင်သူအားလုံးသည် အခက်အခဲများရှိကာ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ၎င်းနည်းတူ တောလမ်းများ သွားလာနေရသဖြင့် အချိန်ကြန့်ကြာပြီး လမ်းခရီးတွင် အန္တရာယ်များ ကြောင်း နယ်စပ် ကုန်သည်များက ပြောကြောင်း သိရပါတယ်။


လက်ရှိ ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်များ ပြန်လည်ဝင်ရောက် ထိန်းချုပ်ထားပြီး မြို့တွင်းပြည်သူများ ပြန်နေထိုင်ရန်ခေါ်ယူခဲ့သော်လည်း မြို့အနီးရှိ ကျေးရွာများမှာ ပြန်နေခွင့်မရဘဲ ဆက်လက် တိမ်းရှောင်နေကြရ ဆဲဖြစ်သည့်အပြင် ကျေးရွာမှ ကော့ကရိတ်မြို့သို့ ဒေသခံများ သွားလာသည့် လမ်းများအားလုံး သွားလာမှု ပိတ်ထားခံရကြောင်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment