12th JUN 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇွန်လ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ကက်ဘိနက်အစည်းအဝေးမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေမူကြမ်းအား ဆက်လက်ဆောင်ရွက်နိုင်ရန် အတည်ပြုချက်ရယူ

📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတက်ရောက်

📌 ၃။ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ သီးခြားအစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ကိုယ်စားလှယ်များ တက်ရောက်၍ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့

📌 ၄။ အကြမ်းဖက်စစ်ကောင်စီ၏ တင်ဒါလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများ (သို့မဟုတ်) လူပုဂ္ဂိုလ်များအနေဖြင့် ချက်ချင်းရပ်တန့်ပေးရန် သတိပေး

📌 ၅။ စစ်ကောင်စီရဲ့ ဘုရားကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနဲ့ ဘာသာရေး ခေါင်းဆောင်များကို ဖမ်းဆီးထားခြင်းအား ကချင်လူ့အခွင့်အရေးအဖွဲ့ ရှုံချ

📌 ၆။ ထောက်ပို့တပ်သား အယောက် ၁၅၀နွေဦးထီလက်မှတ် ဂုဏ်ပြုလက်ဆောင် ကံထူး

📌 ၇။ ရှမ်းပြည်ကဟိုတယ်တလုံးကို မဲဖောက်ပေးအပ်မယ့်The Key ပရော့ဂျက် ကိုးရက်မြောက်မှာ မဲလက်မှတ်နှစ်ထောင်ကျော်ရောင်းထားရ

📌 ၈။ တော်လှန်ရေးရဲဘော် လူငယ်ဒါရိုက်တာ John Meia ရိုက်ကူးထားပြီး သရုပ်ဆောင်လူငယ်ရဲဘော်များစွာ ပါဝင်သော ဖြစ်ရပ်မှန်အခြေခံ ကရင်နီတော်လှန်ရေးရုပ်ရှင်ကို အီတလီနိုင်ငံမှာပြသခွင့်ရခဲ့


၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ CNO/CNDF အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၄၀) သင်တန်းဆင်းပွဲ ကျင်းပ

🚩 ၂။ SSPP/SSAမှ တည်ဆောက်နေသည့် နမ့်ပန်ချောင်းကူးတံတား တည်ဆောက်ပြီးစီးပါက မိုင်းရယ်-မိုင်းရှူး မြို့နယ်ချင်းဆက်လမ်းကို ဖွင့်လှစ်သွားမည်

🚩 ၃။ မူးယစ်သုံးစွဲသူများအား PSLF/TNLA က အကျင့်စာရိတ္တ ပြုပြင်ပေးပြီး ပြန်လွှတ်

🚩 ၄။ ကြို့ပင်ကောက်က YOMA GBK-PDF တပ်ဖွဲ့ဝင် ၂ဦး စစ်ကောင်စီနှင့် ပူးပေါင်း၊ ၁ဦးမှာ စစ်ကောင်စီသူလျှို ဖြစ်နေ

🚩 ၅။ ရေဦးမြို့ စပါးဒိုင်ကွင်းအဟောင်း စကစ စခန်းအား Fixed Wing Drone များဖြင့် ဗုံးသီး () လုံးချတိုက်ခိုက်

🚩 ၆။ မုံရွာမြို့ Eco ကျောင်းမှထွက်လာသော စကစအင်အား ၈၀နီးပါးအား ထနောင်းဝင်းရွာမှ ယာယီတပ်ဆွဲပြီးအပြန် ပဒေသာမိုင်း()လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစဘက်မှ ()ဦးသေ

🚩 ၇။ ပေါက်တောမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ၄ကြိမ် ပြုလုပ်၊

🚩 ၈။ ဝိုင်းမော်မြို့နယ်မှာ လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သား ဦး သေဆုံး၊ ဦး ဒဏ်ရာရ

🚩 ၉။ သန်လျင်တံတားဖွင့်ပွဲကို တိုက်ခိုက်မယ့် UG ယောက်ကို ဖမ်းမိကြောင်း စစ်ကောင်စီ ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ကက်ဘိနက်အစည်းအဝေးမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေမူကြမ်းအား ဆက်လက်ဆောင်ရွက်နိုင်ရန် အတည်ပြုချက်ရယူ


ဇွန်လ၁၁ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ ကက်ဘိနက်အစည်းအဝေးမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေမူကြမ်းအား ဆက်လက်ဆောင်ရွက်နိုင်ရန် အတည်ပြုချက် ရယူခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၈/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဇွန်လ၁၁ရက် မနက် ၁၀ နာရီမှာ ကျင်းပခဲ့ကြပါတယ်။ အစည်းအဝေးတွင် ယာယီသမ္မတမှ"ကျွန်တော်တို့ဟာပန်းတိုင်ကို မြင်နေရပြီလို့ ပြောနိုင်ပေမယ့်၊ ပန်းတိုင်ကို မရောက်သေးဘူးဆိုတာ သတိချပ်ကြဖို့ လိုပါတယ်။ ဒါ့ကြောင့် ယခုထက် ပိုလွန် အာမခံချက်ရှိတဲ့ အောင်ပွဲတွေကို ရရှိနိုင်ဖို့အတွက် ကျွန်တော်တို့ဟာ မဟာမိတ်စုဖွဲ့မှုမှာ အကျယ်ပြန့်နိုင်ဆုံးနဲ့ အခိုင်မာဆုံး တိုးချဲ့မှ ဖြစ်မယ်လို့ ပြောချင်ပါတယ်။ ဒါ့ကြောင့်ပန်းမဝင်ခင် တက်မထောင်ဘဲလုပ်သင့်လုပ်ထိုက်တာတွေကို စနစ်တကျ အားထုတ်လုပ်ဆောင်ကြဖို့ တိုက်တွန်းအပ်ပါတယ်"လို့ ယာယီသမ္မတကပြောပါတယ်။


ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ " ဇွန်လ()ရက်နေ့နဲ့ ()ရက်နေ့တွေမှာ ရခိုင်ပြည်နယ် တောင်ဘက်ပိုင်း သံတွဲမြို့မှာရှိတဲ့ ဆင်ခေါင်းကျေးရွာကို စစ်အုပ်စုရဲ့ လေတပ်မှ ဗုံးကြဲတိုက်ခိုက်မှု၊ ကြည်းတပ်နဲ့ ရေတပ်တို့ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ယနေ့ထိဆိုရင် သေဆုံးသူရာနဲ့ချီပြီး ရှိနိုင်ကြောင်း ကြားသိရတဲ့အတွက် လွန်စွာမှ စိတ်မကောင်း ဖြစ်ရပါတယ်။ ပြီးခဲ့တဲ့ မေလ (၂၉) ရက်နေ့က ဗျိုင်းဖြူကျေးရွာဖြစ်စဥ်၊ မင်းကင်းမှာ လေကြောင်းတိုက်ခိုက်မှုခံရတဲ့ ဖြစ်စဥ်တွေဆိုရင်လည်း တော်တော်လေး အရုပ်ဆိုး အကျည်းတန်တဲ့ ဖြစ်စဥ်တွေ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုကတော့ ကျွန်တော်အမြဲပြောခဲ့သလိုပဲ သူတို့လုပ်နိုင်သမျှ အကြမ်းဖက် လုပ်ငန်းစဥ်တွေကို အဆုံးစွန်ဆက်လုပ်သွားကြမယ့် ကျင့်ဝတ်မရှိသူတွေမို့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဖက်က ပိုမိုစုစုစည်းစည်းနဲ့ 

တုန့်ပြန်နိုင်ကြဖို့ လိုပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင် နှစ်ကျော် ကြိုးစားရုန်းကန်လာကြရာ အရွေ့တွေအများကြီးရှိခဲ့ပေမယ့် ယခုနှစ်ကတော့ ကြီးမားတဲ့အရွေ့ကို လိုအပ်နေပြီဖြစ်တယ်လို့ ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။


အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေ မူကြမ်းရေးဆွဲရေးကော်မတီက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေမူကြမ်းအား ဆက်လက်ဆောင်ရွက်နိုင်ရန် အတည်ပြုချက် ရယူတာ နိုင်ငံခြားရေးဝန်ကြီးဌာနက မဟာမိတ်ဆက်ဆံရေးအခြေအနေနဲ့ ပတ်သက်ပြီး တင်ပြတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ 


အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတက်ရောက်


ဇွန်လ ၁၁ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၁၁/၂၀၂၄)ကို ဇွန်လ၁၁ရက်က ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှတက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ သီးခြားအစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ကိုယ်စားလှယ်များ တက်ရောက်၍ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့


ဇွန် ၁၁ရက်။

Radio NUG

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ရက်နေ့မှ ၁၄ ရက်နေ့ထိ ကျင်းပလျက်ရှိရာ  ဇွန်လ ၁၀ ရက်နေ့၊ ညနေပိုင်းတွင် မြန်မာ့ဒီမိုကရေစီအရေး၊ အလုပ်သမားအရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ သီးခြား တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ ညီလာခံတက်ရောက်လာသည့် ILO အဖွဲ့ဝင်နိုင်ငံများမှ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ်များမှ ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ်များက အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင်မှုနှင့် စစ်အုပ်စု၏ ပြည်သူအပေါ် အကြမ်းဖက်ဖိနှိပ်မှု လုပ်ရပ်များ၊ အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်နေမှုများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး ဒီမိုကရေစီ အင်အားစုများက နိုင်ငံဧရိယာ၏ ၆၀ ရာခိုင်နှုန်းကျော် နယ်မြေစိုးမိုး ထိန်းချုပ်ထားနိုင်မှု အခြေအနေနှင့် စစ်ကောင်စီအနေဖြင့် ထိန်းချုပ်နယ်မြေ ကျဉ်းမြောင်းလာသည့် အခြေအနေများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေမှုနှင့် ဝန်ဆောင်မှုပေးနေသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၌ လူသားမျိုးနွယ်အပေါ် လူမျိုးတုန်းသတ်ဖြတ်နေမှုများ ကျူးလွန်နေသော အကြမ်းဖက်စစ်တပ်၏ အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် ILO စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) စစ်ဆေးတွေ့ရှိချက်တွင် အထင်အရှားပေါ်လွင်နေပြီး အဆိုပါကျူးလွန်မှုများအတွက် စစ်အုပ်စုအား တာဝန်ခံရန်နှင့် ထိရောက်သည့် အပြစ်ပေး အရေးယူမှုများ ဆောင်ရွက်ရန် စုံစမ်းစစ်ဆေးရေးကော်မရှင် (COI)က တိုက်တွန်းထားသည့်အတိုင်း စစ်အုပ်စုအား နောက်အကြိမ် ညီလာခံ၊ အစည်းအဝေးများထိ မစောင့်ဘဲ ယခုညီလာခံတွင် ILO Constitution, Article 33 နှင့်အညီ ချက်ချင်းအရေးယူရန်၊ ပြည်သူလူထုကို ကိုယ်စားပြုသည့် 

အမျိုးသားညီညွတ်ရေးအစိုးရ၏ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များကို ယခုညီလာခံ၌ အသိအမှတ်ပြုပေးရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ရှိနေသရွေ့ အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ပြည်သူတစ်ရပ်လုံးးသည် မည်သည့်အခြေခံ အခွင့်အရေးမျှ ရရှိနိုင်မည် မဟုတ်ကြောင်း၊ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့အစိုးရ NUG အား အသိအမှတ်ပြု၍ ILO သုံးပွင့်ဆိုင်ယန္တရား လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်စေခြင်းဖြင့် မြန်မာနိုင်ငံ၌ အခြေခံအခွင့်အရေးများ မြှင့်တင်ကာကွယ်စောင့်ရှောက် ပေးနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းဆွေးနွေးပြောကြားခဲ့ပါသည်။


========================


📌📌 ၄။ အကြမ်းဖက်စစ်ကောင်စီ၏ တင်ဒါလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများ (သို့မဟုတ်) လူပုဂ္ဂိုလ်များအနေဖြင့် ချက်ချင်းရပ်တန့်ပေးရန် သတိပေး


ဇွန်လ၁၁ရက်။

အကြမ်းဖက်စစ်ကောင်စီ၏ တင်ဒါလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများ (သို့မဟုတ်) လူပုဂ္ဂိုလ်များအနေဖြင့် ချက်ချင်းရပ်တန့်ပေးရန် သတိပေးလိုက်ပါတယ်။


ဇွန်လ၁၁ရက်မှာ ချင်းပြည်(Chinland)အစိုးရကအသိပေးထုတ်ပြန်ပါတယ်။


စစ်ကောင်စီသည် ပြည်သူ့အာဏာကို အတင်းအဓမ္မလုယူပြီး အပြစ်မဲ့ပြည်သူလူထုအပေါ် နေ့စဥ်နှင့်အမျှ စစ်ရာဇဝတ်ကျူးလွန်နေသည်သာမက ၎င်းတို့၏ အဖွဲ့အစည်း ရေရှည်တည်တံ့နိုင်ရေးအတွက် တင်ဒါလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို ချင်းပြည်(Chinland)အစိုးရမှသိရှိပြီးဖြစ်တယ်လို့ဖော်ပြပါတယ်။


ချင်းပြည်(Chinland)အစိုးရမှ စစ်ကောင်စီအား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီးဖြစ်ရာ ၎င်းတို့၏ မည်သည့်လုပ်ငန်းကိုမဆို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမပြုရန် ချင်းပြည်(Chinland) အစိုးရမှ ပြင်းထန်စွာကန့်ကွက်တယ်လို့ဆိုပါတယ်။


ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ တင်ဒါလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများ (သို့မဟုတ်) လူပုဂ္ဂိုလ်များအနေဖြင့် ချက်ချင်းရပ်တန့်ပေးရန် သတိပေး ထုတ်ပြန်ပြီးတားမြစ်ချက်အား လိုက်နာခြင်းမရှိပါက ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမယ်လို့ဆိုထားပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီရဲ့ ဘုရားကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနဲ့ ဘာသာရေး ခေါင်းဆောင်များကို ဖမ်းဆီးထားခြင်းအား ကချင်လူ့အခွင့်အရေးအဖွဲ့ ရှုံချ


ဇွန်လ၁၁ရက်။

Radio NUG

စစ်ကောင်စီရဲ့ ဘာသာရေး ဘုရာကျောင်း၊ အဆောက်အဦးများကို ဗုံးကြဲတိုက်ခိုက်ခြင်းနဲ့ ဘာသာရေး ခေါင်းဆောင်များအား မတရားဖမ်းဆီးပြီး ထောင်ချထားခြင်းများကို ကချင် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW)က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားပါတယ်။


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာမှ ခါနန်အသင်းတော် ဘုရားကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းအပေါ် သဘောထား ထုတ်ပြန်ရာမှာ KHRW က အခုလို ရှုတ်ချထားတာပါ။


ဇွန်လ ၁၀ ရက်နေ့မှာ  စစ်ကောင်စီက အဆိုပါ ခါနန် အသင်းတော် ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုများ ရှိခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် ဘာသာရေး ဘုရားကျောင်း အဆောက်အဦး ၁၀ ခုထိ ပျက်စီးခဲ့ရတယ်လို့  KHRW က ဆိုပါတယ်။


ထို့ပြင် ဘာသာရေးဆရာများကိုလည်း မတရားဖမ်းဆီး ထောင်ချခြင်းများ ကျူးလွန်ခဲ့ပြီး စစ်ကောင်စီက မတရား ဖမ်းဆီးထားတဲ့ ဘာသာရေးခေါင်းဆောင် ၂၈ ဦးရှိခဲ့ကြောင်း KHRW က ကောက်ယူထားတဲ့ မှတ်တမ်း တွေအရ သိရပါတယ်။


အာဏာသိမ်း စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိဖြင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ဘာသာရေး အဆောက်အဦးများကို လက်နက်ကြီး များအပြင် ဗုံးကြဲ တိုက်ခိုက်ခြင်းများ ဘာသာရေး ဆရာများ ကိုလည်း မတရားပုဒ်မတပ်ကာ ဖမ်းဆီးထောင်ချခြင်းများ ပိုမိုလုပ်ဆောင်လာတာကို တွေ့ရတယ်လို့ KHRW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


📌📌 ၆။ ထောက်ပို့တပ်သား အယောက် ၁၅၀နွေဦးထီလက်မှတ် ဂုဏ်ပြုလက်ဆောင် ကံထူး


ဇွန်လ၁၁ရက်။

ထောက်ပို့တပ်သား အယောက် ၁၅၀နွေဦးထီလက်မှတ် ဂုဏ်ပြုလက်ဆောင် ကံထူးခဲ့တယ်လို့သတင်းရရှိပါတယ်။


ဇွန်လ၁၁ရက် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်ကအသိပေးဖော်ပြပါတယ်။


"ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF - People's Revolution Supply Family နဲ့ အောင်လံလွှင့်ချီ နွေဦးထီတို့ပူးပေါင်းပြီး ဇွန်လမှာ တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၅၀၀ ကို နွေဦးထီလက်မှတ်များ မဲဖောက်ပေးသွားမယ့် အစီအစဉ်ရဲ့ ဦးဆုံး ကံထူးရှင်တွေ ပေါ်ပေါက်လာပါပြီ။  ဇွန်လ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေနဲ့ ရှေ့လတွေမှာ 

ဇွန်လအတွက် ကြိုတင်တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေထဲက ကံထူးရှင် အယောက် ၁၅၀ ကို ကြေညာပေးလိုက်ပါတယ်။ ဂုဏ်ယူပါတယ် ရဲဘော်တို့"လို့ဖော်ပြထားပါတယ်။ 


ကံထူးရှင် ထောက်ပို့တပ်သားတွေဟာ Email ကနေ နွေဦးထီကူပွန်တွေကို ရရှိမှာဖြစ်ပြီး နွေဦးထီလဲလှယ်ရန် telegram account - t.me/NOHclaim (သို့မဟုတ်) Email - hello@nwayoohti.com ကိုသွားရောက်ကာ ကူပွန်နှင့် နွေဦးထီလက်မှတ်ကို လဲလှယ်ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ 


ကံထူးသူ ထောက်ပို့တပ်သားတွေအနေနဲ့ ကူပွန်လေးတွေနဲ့ နွေဦးထီလက်မှတ်လေးတွေကို ဇွန်လ ၂၉ ရက် ၁၂ ထိပဲ လဲလှယ်နိုင်မှာဖြစ်ပြီး အကယ်၍ ဇွန်လမှာ မလဲလှယ်လိုက်ရရင် နောက်လမှာ ဆက်လက်လဲလှယ်ကံထူးနိုင်တယ်လို့သိရပါတယ်။


အလားတူ နောက်ထပ်ဇွန်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၂၀၀ ကို ဇွန်လ ၂၁ ရက်နေ့မှာ မဲနှိုက်ပြီး PRF Facebook page မှာ ကြေညာပေးသွားမှာ ဖြစ်ပြီးဇွန်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၁၅၀ ကို ဇွန်လ ၂၈ ရက်နေ့မှာ မဲနှိုက်ပြီး PRF Facebook page မှာ ကြေညာပေးသွားဦးမှာ ဖြစ်ပါတယ်။


ဒီ နွေဦးထီ ဂုဏ်ပြုလက်ဆောင်အစီအစဉ်လေးကို လစဉ်ပြုလုပ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။


========================


📌📌 ၇။ ရှမ်းပြည်ကဟိုတယ်တလုံးကို မဲဖောက်ပေးအပ်မယ့်The Key ပရော့ဂျက် ကိုးရက်မြောက်မှာ မဲလက်မှတ်နှစ်ထောင်ကျော်ရောင်းထားရ


ဇွန်လ ၁၁ရက်။

ရှမ်းပြည်ကဟိုတယ်တလုံးကို မဲဖောက်ပေးအပ်မယ့်The Key ပရော့ဂျက် ကိုးရက်မြောက်မှာ မဲလက်မှတ်နှစ်ထောင်ကျော်ရောင်းထားရတယ်လို့သတင်းရရှိပါတယ်။


ဇွန်လ၁၁ရက်မှာ မမများနဲ့ပွဲကမယ် ကမ်ပိန်းကအသိပေးဆိုထားပါတယ်။


"ဒီနေ့အတွက်သော့တစ်ချောင်းဖြစ်လိုက်ရုံနဲ့ အနာဂတ်မှာ ဟိုတယ်ပိုင်ရှင်ဖြစ်လာဖို့ ရွှေရောင်အနာဂတ်တစ်ခုက စောင့်နေတော့မှာ"“TheKey” မှာ သော့ဝယ်ပါ"လို့ဆိုထားပါတယ်။


ရှမ်းပြည်နယ်က ဒေါ်လာနှစ်မီလီယံတန်ဖိုးရှိ ဟိုတယ်တစ်လုံးကို တော်လှန်ရေးရံပုံငွေအတွက် ရောင်းချတဲ့ ပရောဂျက်တစ်ခုကို ဇွန်လ ရက်နေ့ကစတင်ပြီးမမများနဲ့ပွဲကမယ်က ဦးဆောင်ခဲ့ပါတယ်။


ပရောဂျက်ကို The Key လို့အမည်ပေးထားပြီး ဇွန်လတစ်လလုံး မဲစနစ်နဲ့ ရောင်းချပေးသွားမှာဖြစ်ကာလက်မှတ်တစ်စောင်ကို အမေရိကန် ဒေါ်လာ၁၀၀နဲ့ရောင်းချပေးနေတာဖြစ်ပါတယ်။


The key ပရော့ဂျက်မှ မဲလက်မှတ်များဝယ်ယူ၍ ကံထူးသူအားရွေးချယ်ရာတွင်ပထမဆု - ဦး ၃၀% ဒုတိယဆု - ဦး ၂၀% တတိယဆု - ဦး ၁၀% ၊အထူးဆု - ဦး % နှစ်သိမ့်ဆု - ဦး % စုစုပေါင်း TheKey ကံထူးရှင် (၁၃) ဦးတိတိ ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။


========================


📌📌 ၈။ တော်လှန်ရေးရဲဘော် လူငယ်ဒါရိုက်တာ John Meia ရိုက်ကူးထားပြီး သရုပ်ဆောင်လူငယ်ရဲဘော်များစွာ ပါဝင်သော ဖြစ်ရပ်မှန်အခြေခံ ကရင်နီတော်လှန်ရေးရုပ်ရှင်ကို အီတလီနိုင်ငံမှာပြသခွင့်ရခဲ့


ဇွန်လ ၁၁ရက်။

တော်လှန်ရေးရဲဘော် လူငယ်ဒါရိုက်တာ John Meia ရိုက်ကူးထားပြီး သရုပ်ဆောင်လူငယ်ရဲဘော်များစွာ ပါဝင်သော ဖြစ်ရပ်မှန်အခြေခံ ကရင်နီတော်လှန်ရေးရုပ်ရှင်ကို အီတလီနိုင်ငံမှာပြသခွင့်ရခဲ့ပါတယ်။


ဇွန်လ ၉ရက်နေ့တွင် ရောမမြို့၌ ကျင်းပခဲ့သော Lose and Hope ( Lacrime di Speranza ) ရုပ်ရှင်ပြပွဲသို့ ပါဝင်တက်ရောက်ခဲ့ကြသူများ၊ အားပေးကူညီခဲ့ကြသူများကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိတယ်လို့ ဆိုပါတယ်။


ရုပ်ရှင်ပြပွဲ အစီအစဥ်သို့ ပါးမါးမြို့မှ ရောမမြို့ထိ လာရောက်ပါဝင်ပေးခဲ့သူ အီတလီမြန်မာမိတ်ဆွေအဖွဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ၊ ဆီးနိတ်လွှတ်တော်အမတ်ဟောင်း Albertina Soliani ကို အထူးကျေးဇူးတင်ရှိသလို စစ္စတာလေးများကို လိုက်ပါပို့ဆောင်သည့်အပြင် ရုပ်ရှင် အစအဆုံး တက်ကြွပါဝင်ပေးခဲ့ကြသော မာသာစစ္စတာကြီးများကိုလည်း လေးစားစွာ ကျေးဇူးတင်ရှိတယ်လို့ဆိုပါတယ်။


ထို့အပြင် ယခုလို ပြသနိုင်ဖို့ရန်အတွက် စီစဥ်မိတ်ဆက်ပေးခဲ့သူ၊ သုံးနာရီခန့်ကြာမြင့် ရုပ်ရှင်အတွက် စိန်ခေါ်မှုအပြည့်ဖြစ်သည့် တစ်ပတ်ဆယ်ရက်အတွင်း ရုပ်ရှင် ဇာတ်ကားဘာသာပြန်ခြင်း၊ ပိုစတာ ဘာသာပြန်ခြင်း၊ လက်ကမ်းစာစောင်ပြင်ဆင်ရန်နှင့် အခြားလိုအပ်ချက်တိုင်းအတွက် လက်တွဲကူညီပေးခဲ့ကြသူများကိုလည်းကျေးဇူးတင်စကားဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ CNO/CNDF အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၄၀) သင်တန်းဆင်းပွဲ ကျင်းပ


ဇွန် ၁၁ရက်။ 

Radio NUG

CNO/CNDF ရဲ့ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၄၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ် ဇွန်လ ရက်နေ့က အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း Chin National organization က သတင်းထုတ်ပြန်ပါတယ်။


သင်တန်းဆင်းပွဲတွင် CNDF စစ်ဦးစီးချုပ်မှ မိန့်ခွန်းပြောကြားခဲ့ပြီး အဆိုပါသင်တန်းကို သင်တန်းသား ၈၇ ဦး တက်ရောက်ခဲ့ကာ စံပြဆုရရှိသူနှင့် လက်ဖြောင့်ဆုရရှိသူများကို ဆုချီးမြှင့်ခဲ့ကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ SSPP/SSAမှ တည်ဆောက်နေသည့် နမ့်ပန်ချောင်းကူးတံတား တည်ဆောက်ပြီးစီးပါက မိုင်းရယ်-မိုင်းရှူး မြို့နယ်ချင်းဆက်လမ်းကို ဖွင့်လှစ်သွားမည်


ဇွန်လ ၁၁ရက်။ 

Radio NUG

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA မှ တာဝန်ယူတည်ဆောက်နေသည့် နမ့်ပန်ချောင်းကူးတံတား တည်ဆောက်ပြီးသည်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့တို့ကို ဆက်သွယ်ထားသည့် မြို့နယ်ချင်းဆက်လမ်းအား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း SSPP/SSA က ဇွန်လ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။


ဒီတံတားပြီးသွားရင်တော့ မိုင်(၃၀)လောက် သက်သာပြီး မိုင်းရယ်မြို့နယ်နဲ့ မိုင်းရှူးမြို့နယ် ခရီးသွားမယ်ဆို နှစ်နာရီ သုံးနာရီလောက် ပိုသက်သာစေတယ်လို့ SSPP/SSA အတွင်းရေးမှုး-() ဗိုလ်မှုးကြီးစိုင်းဆုမှ ပြောဆိုထားပါတယ်။


အဆိုပါလမ်းကြောင်းပေါ်တွင် ကျေးရွာပေါင်း (၅၀)ကျော်ရှိပြီး တံတားမရှိခင်အချိန်က ရေစီးကြမ်းသည့် နမ့်ပန်ချောင်းကြောင့် ဒေသခံများ သွားလာရေးခက်ခဲခဲ့ပြီး အသက်အန္တရာယ် ကြုံတွေ့ရသည်အထိ ရှိခဲ့ကာ ကုန်စည်ကူးသန်း ရောင်းဝယ်ရာတွင်လည်း  နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့ကြောင်း သိရသည်။


ယခု တံတားတည်ဆောက်ပြီး လမ်းပေါက်လာပါက ကုန်စည်ကူးသန်းရောင်းဝယ်မှု ပိုမိုအဆင်ပြေလာတော့မှာ ဖြစ်ပါတယ်။


နမ့်ပန်ချောင်းကူးတံတားကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး တန် (၈၀)ခံနိုင်ဝန်ရှိကာ တံတားအရှည် ပေ(၃၂၀)နှင့် အကျယ် ပေ(၂၀)ကျယ်ဝန်းကြောင်း သိရပါတယ်။


နမ့်ပန်ချောင်းကူးတံတားကို SSPP/SSA ဆောက်လုပ်ရေးဗဟိုဌာနအပါအဝင် အဖွဲ့သုံးဖွဲ့မှ တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်ပြီး ကျပ်ငွေသိန်းပေါင်းတစ်သောင်း အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်ကာ မကြာခင်ပြီးဆုံးတော့မည် ဖြစ်ကြောင်း သိရှိရသည်။


========================


🚩🚩 ၃။ မူးယစ်သုံးစွဲသူများအား PSLF/TNLA က အကျင့်စာရိတ္တ ပြုပြင်ပေးပြီး ပြန်လွှတ်


ဇွန်လ ၁၁ ရက်။

Radio NUG

PSLF/TNLA တပ်မဟာ () စစ်ဒေသ နမ့်ဆန်မြို့တွင် မူးယစ်ဆေးဝါး သုံးစွဲနေသူများကို အကျင့်စာရိတ္တ ပြုပြင်ပေးပြီး ပြန်လွှတ်ပေးတဲ့ အခမ်းအနားကို ဇွန်လ ၁၁ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


တအောင်းဒေသက နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင် နမ္မတူစတဲ့ မြို့နယ်များမှ မူးယစ်ဆေးဝါး သုံးစွဲသူများကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတပ်ဖွဲ့မှ ဖမ်းဆီးပြီး အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းမှာ ထားရှိခဲ့ပြီး အကျင့်စာရိတ္တ ပြုပြင်ပေးခဲ့တယ်လို့ ဆိုပါတယ်။


ထိုထဲတွင် လူဦးရေ ၅၀ ရှိပြီး အမျိုးသမီး ဦးလည်း ပါဝင်ကာ အချို့ကို မိဘများ ကိုယ်တိုင်လာရောက်အပ်နှံပြီး စာရိတ္တပြုပြင်ပေးရန် တောင်းဆိုခဲ့တာလို့ သိရပါတယ်။


ပထမအကြိမ် အကျင့်စာရိတ္တ ပြုပြင်ရေးစခန်း ပို့ဆောင်ခံရပါက ကျခံရမှာဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံသုံးစွဲပါက အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းမှာ နှစ်ကြာ ပို့ဆောင်ခံရမှာ ဖြစ်တယ်လို့ PSLF/TNLA က အသိပေး ထားပါတယ်။


ယခင်က စစ်ကောင်စီထိန်းချုပ်တဲ့ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ္မတူ မြို့များမှာ မူးယစ်ဆေးဝါး သုံးစွဲသူ များပြားခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း PSLF/TNLA မှ ထိန်းချုပ်ကာ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးနောက် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများကို ထိရောက်စွာ အရေးယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၄။ ကြို့ပင်ကောက်က YOMA GBK-PDF တပ်ဖွဲ့ဝင် ၂ဦး စစ်ကောင်စီနှင့် ပူးပေါင်း၊ ၁ဦးမှာ စစ်ကောင်စီသူလျှို ဖြစ်နေ


ဇွန်လ ၁၁ရက်။

Radio NUG

ဇွန်လ ၉ရက်နေ့ နံနက်၉နာရီခန့် အချိန်တွင် ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင် ရှစ်မြို့နယ်ထဲက ကြို့ပင်ကောက်မြို့နယ် အခြေစိုက် YOMA GBK-PDF တပ်ဖွဲ့မှ တပ်စိတ်မှူး တာဝန်ယူထားကြသည့် ရဲဘော်အသေးလေးနှင့် ရဲဘော်ဆလိုင်းတို့ နှစ်ဦးဟာ အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာ စစ်ကောင်စီရဲစခန်းနှင့် ပူးပေါင်းသွားပြီး ၁ဦးမှာ စစ်ကောင်စီသူလျှို ဖြစ်နေကြောင်း YOMA GBK-PDF က ထုတ်ဖော်ပြောဆိုထားပါတယ်။


ပူးပေါင်းသွားသည့် အသေးလေးဆိုသူသည် ကြို့ပင်ကောက်မြို့နယ်မှဖြစ်ပြီး ဆလိုင်းဆိုသူမှာ နတ်တလင်းမြို့နယ်ကဟုသိရပြီး ဆလိုင်းဆိုသူ၏ မိသားစုမှာ စစ်ကောင်စီဘက်တော်သားများဟု သိရပါတယ်။


"မင်းတို့ စခန်းတွေကို ငါတို့ဆယ်ယောက် ဆယ့်ငါးယောက်လောက်နဲ့ လာသိမ်းပြမယ်။ တော်လှန်ရေးက မင်းတို့ထင်သလို မရိုးသားဘူး။ ငါတော့ခုဘီယာသောက်နေတယ် မင်းတို့ ပဒက်တွေအကြောင်း သိချင်လို့ ဒုက္ခခံပြီး ငါကအသွင်ယူခဲ့ရတာ ခုတော့အေးအေးဆေးဖြစ်နေပြီ"ဟု စစ်ကောင်စီထံ အလင်းဝင်သွားသည့် ဆလိုင်းက 09779388256 ဖုန်းနံပါတ်နဲ့ ဆက်သွယ်ပြောဆိုလာကြောင်း ကြို့ပင်ကောက်မြို့နယ် 

အခြေစိုက် PDFတပ်ဖွဲ့တစ်ခုထံမှ သိရပါတယ်။


========================


🚩🚩 ၅။ ရေဦးမြို့ စပါးဒိုင်ကွင်းအဟောင်း စကစ စခန်းအား Fixed Wing Drone များဖြင့် ဗုံးသီး () လုံးချတိုက်ခိုက်


ဇွန်လ ၁၁ရက်။ 

Radio NUG

ဇွန်လ ၁၁ ရက် မနက် ၁၁:၃၀ အချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲနေရာယူထားသော ရေဦးမြို့ စပါးဒိုင်ကွင်းအဟောင်း ခွေးစခန်းအား Fixed Wing Drone များဖြင့် ဗုံးသီး ()လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း ရေဦး PDFမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများမှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက် အပွန်းအပဲ့မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိပြီး ရေဦး PDFဘက်မှ Fixed Wing ယာဉ်တစ်စီး ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ မုံရွာမြို့ Eco ကျောင်းမှထွက်လာသော စကစအင်အား ၈၀နီးပါးအား ထနောင်းဝင်းရွာမှ ယာယီတပ်ဆွဲပြီးအပြန် ပဒေသာမိုင်း()လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစဘက်မှ ()ဦးသေ


ဇွန်လ၁၁ရက်။

မုံရွာမြို့ Eco ကျောင်းမှထွက်လာသော စကစအင်အား ၈၀နီးပါးအား ထနောင်းဝင်းရွာမှယာယီတပ်ဆွဲပြီး အပြန်ပဒေသာမိုင်း()လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစဘက်မှ ()ဦးသေဆုံးခဲ့ပါတယ်။


ဇွန်လ၁၁ရက်မှာ စစ်ရေးသတင်းကို မုံရွာခရိုင်အမှတ် ၂၄ တပ်ရင်း ကအသိပေးဆိုပါတယ်။


"ဇွန်လ၉ရက် မုံရွာမြို့ Eco ကျောင်းမှထွက်လာသော စကစအင်အား (၇၈)ခန့်အား ထနောင်းဝင်းရွာမှ ယာယီတပ်ဆွဲပြီးအပြန် မုံရွာခရိုင်အမှတ် ၂၄ တပ်ရင်းတပ်ခွဲ ()မှ ဆေးဆိုးပန်းရိုက်အနီးတွင် ပဒေသာမိုင်း()လုံး ရွာတုံရွာအနီးတွင် ပဒေသာမိုင်း()လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစဘက်မှ ()ဦး သေပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


ထို့အတူ မုံရွာမြို့နယ် ဇလုပ်ရွာအရှေ့စိုက်ကွင်းအတွင်း ယာယီအခြေပြုတပ်ဆွဲနေသော စကစကင်းပုန်းများအား မုံရွာခရိုင်အမှတ် ( ၂၄ ) တပ်ရင်း Droneတပ်ဖွဲ့မှ Droneဗုံးသီး()လုံး၊ တပ်ခွဲ ()မှ Pading ( 40mm )ဗုံးသီး()လုံးတို့ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်မှထိခိုက်မှုရှိခဲ့ပါတယ်။


========================


🚩🚩 ၇။ ပေါက်တောမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ၄ကြိမ် ပြုလုပ်၊


ဇွန်လ ၁၁ရက်။ 

Radio NUG

ဇွန်လ(၁၁)ရက်၊ နံနက်()နာရီနှင့်()နာရီ (၃၅)မိနစ် ဝန်းကျင်တွင် စစ်ကောင်စီ၏ Y12 လေယာဉ်သည် ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ မြို့ပေါ်ရပ်ကွက် () သဝင်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်၊ မနော်သီရိကျေးရွာနှင့် လက်ပံပြားကျေးရွာများအား လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှု ()ကြိမ်ပြုလုပ်ခဲ့ကြောင်း အာရက္ခတပ်တော် AAမှ သတင်းထုတ်ပြန်ပါတယ်။


ဒရော့ဗုံး (၁၃)ကြိမ်ထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး()ဦးနှင့် အမျိုးသား()ဦးတို့မှာ အကြီးစား၊ အလတ်စား၊ အသေးစား ထိခိုက်ဒဏ်ရာ ရရှိမှုများရှိခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ အာရက္ခဒေသအတွင်း စစ်ရေးအထိနာနေ၍ အာရက္ခတပ်တော်ထိန်းချုပ်ထားရာ မြို့၊ ရပ်ရွာများနှင့် အနီးအနားကျေးရွာများရှိ အရပ်သားပြည်သူလူထုနေထိုင်ရာ မြို့၊ ရပ်ရွာများ၊ ဆေးရုံဆေးခန်း၊ စျေး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် အရပ်သားပြည်သူ သွားလာလှုပ်ရှားရာ နေရာများအား ပစ်မှတ်ထား၍ ရေကြောင်း၊ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကို တစ်နေ့ ထက်တစ်နေ့ ပိုမိုပြုလုပ်လျက် ရှိပါတယ်။


========================


🚩🚩 ၈။ ဝိုင်းမော်မြို့နယ်မှာ လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သား ဦး သေဆုံး၊ ဦး ဒဏ်ရာရ


ဇွန်လ ၁၁ရက်။ 

Radio NUG

ဇွန်လ ၁၁ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဝိုင်းမော်မြို့နယ် အမှတ် ရပ်ကွက် သိမ်ကြီးစုရွာမှာ လက်နက်ကြီးကျလို့ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ ဒေသတွင်းမီဒီယာတွေ ဖော်ပြချက်အရ သိရပါတယ်။


သိမ်ကြီးစုရွာ လမ်းသွယ် ၁၃ လမ်းမပေါ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဧရာဝတီမြစ်တစ်ဖက်ကမ်း မြစ်ကြီးနားမြို့က လာတဲ့ လက်နက်ကြီးဖြစ်တယ်လို့ သိရပါတယ်။


သေဆုံးသွားတဲ့ အမျိုးသမီးဟာ သူမရဲ့ နေအိမ်မှာ သရက်သီးစားနေတဲ့အချိန် အိမ်ရှေ့လမ်းမပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ရာကနေ လက်နက်ကြီးကျည်စတွေက ရင်ဘတ်ကို ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ရတာလို့ သိရပါတယ်။


အလားတူ ဝိုင်းမော်မြို့နယ် ခတ်ချိုရွာမှာလည်း ဇွန်လ ၁၀ရက်နေ့ ၈နာရီခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး၆ဦးဒဏ်ရာရရှိခဲ့ပါတယ်။


လက်နက်ကြီးကျရောက်မှုကြောင့် လူ ၇ယောက် ထိမှန်ပြီး ၂၆ နှစ်အရွယ် အမျိုးသားတစ်ယောက် ဆေးရုံရောက်တာနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။


ဝိုင်းမော်မြို့နယ်မှာတစ်လအတွင်း အရပ်သားထိခိုက်သေဆုံးတာ၃၀ဝန်းကျင်ရှိလာပြီ ဖြစ်ပါတယ်။


========================


🚩🚩 ၉။ သန်လျင်တံတားဖွင့်ပွဲကို တိုက်ခိုက်မယ့် UG ယောက်ကို ဖမ်းမိကြောင်း စစ်ကောင်စီ ထုတ်ပြန်


ဇွန်လ ၁၁ရက်။

Radio NUG

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်မယ့် သန်လျင် တံတားအမှတ် ဖွင့်ပွဲအခမ်းအနားကို ၁၇ဝ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ ကြံစည်တဲ့ NUG လက်အောက်ခံ UG တွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ မီဒီယာတွေမှာ ဖော်ပြကြပါတယ်။


ဇွန်လ ၈ရက်နေ့ မနက်အစောပိုင်းက ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၁ ရပ်ကွက်၊ သင်္ဘောကျင်းအိမ်ရာဝန်းထဲမှာ ရန်ကုန် UG ယောက်ကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၂လုံး၊ ဖြူးစ် ၂ခု၊ လက်ပစ်ဗုံး ၂လုံး၊ ဘတ္ထရီအိုး ၂လုံး၊ ဝါယာကြိုးခွေ ခွေ အပါအဝင် တခြားဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့ပြိး ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ ကျန်တဲ့ UG ယောက်ကို ဇွန်လ ၉ရက်မှာ ၁ဝ၇ မမ ရှော့တိုက်ဒုံး ၁လုံး၊ ဖြူးစ် ၁ခုတို့နဲ့အတူ ထပ်မံဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။


စစ်ကောင်စီ ဖမ်းဆီးရမိသူတွေထဲမှာ အမျိုးသား ၈ယောက်နဲ့ အမျိုးသမီး ၁ယောက် ပါဝင်ပြီး သူတို့ကို ရှော့တိုက်ဒုံး ချိန်ရွယ်နည်းနဲ့ ပစ်ခတ်နည်းတွေကို အွန်လိုင်း အင်စတာဂရမ်ကတစ်ဆင့် သင်ကြားပေးခဲ့တဲ့ Brigate Drone Force PDF အဖွဲ့ဝင် အမျိုးသား ၁ယောက်နဲ့ ရှော့တိုက်ဒုံး ချိတ်ဆက်ပို့ဆောင်ပေးခဲ့တဲ့ အမျိုးသမီး ယောက်ကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment