📌 (ချင်း တိုင်းရင်းသား - Daai ဒိုင်ရ် ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၄ ဇူလိုင်လ ( ၂၇ ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ
📌📌 ၁။ မြို့တော်ဟားခါးရဲစခန်းကို ချင်းပူးပေါင်းတပ်က စီးနင်း၊ အကျဉ်းချခံရသူ ၆၀ ကျော် လွတ်မြောက်။
ချင်းပြည် မြို့တော် ဟားခါးမြို့ရှိ ရဲတပ်ဖွဲ့၊ အချုပ်စခန်းထောင်ကို ချင်းပူးပေါင်းတပ် (ချင်းလဲန်းကောင်စီ လက်အောက်တပ်ဖွဲ့နဲ့ CDF ဟားခါး) တို့က ဝင်ရောက်စီးနင်းပြီး အကျဉ်းသား ၆၂ ဦး ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၂၀ရက် မနက် ၅ နာရီဝန်းကျင် ဟားခါးမြို့၊ ဝမ္မသူးမောင်းကစားကွင်းအနီးမှာရှိတဲ့ မြို့မရဲစခန်းမှာ ဒီဖြစ်စဉ်ဖြစ်ပွားတာလို့ ဆိုကြပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ CDF ဟားခါး တပ်မဟာ ၄ တာဝန်ရှိသူက “ရဲစခန်းစီးနင်းမှုအတွင်း အကျဉ်းသား အမျိုးသား ၄၉ ဦးနဲ့ အမျိုးသမီး ၁၃ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်။” လို့ ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောထားပါတယ်။
ဟားခါးမြို့ ရဲစခန်းကနေ ကယ်ထုတ်သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား၊ စွပ်စွဲဖမ်းဆီးခံရသူတွေနဲ့ အခြားအကျဉ်းသားတွေ ပါဝင်တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ ရဲဒုတပ်ကြပ် ဆလိုင်းကွီးလိန်း CDF ကန်ပက်လက်ထံ လက်နက် ခဲယမ်းနဲ့အတူ အလင်းဝင်
ချင်းပြည်၊ ကန်ပက်လက်မြို့ မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆလိုင်းကွီးလိန်း အလင်းဝင်လာတယ်လို့ Chin Defence Force – Kanpetletက သတင်းထုတ်ပြန်ပါတယ်။
ရဲဒုတပ်ကြပ် ဆလိုင်းကွီးလိန်းဟာ BA.63 (၁) လက်၊ ကျည်အတောင့် ၃၀ တောင့်၊ ကျည်ဘောက် (၂) ခု ပါလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ကန်ပက်လက်မြို့အတွင်းရှိ စစ်ကောင်တပ်သား၊ ရဲသားများအနေဖြင့် CDF-Kanpetlet ထံသို့ ယုံကြည်စွာ ဆက်သွယ် အလင်းဝင်နိုင်တယ်လို့ CDF-Kanpetletက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်သားတစ်ဦးနဲ့ ရဲတစ်ဦး လက်နက်နဲ့ အလင်းဝင်။
ချင်းပြည်၊ ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်သားတစ်ဦးနဲ့ ရဲတစ်ဦး လက်နက်နဲ့ အလင်းဝင်လာတယ်လို့ CDF ထန်တလန်က သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၅ရက်နေ့က (MA 2 တစ်လက်၊ G3 တစ်လက်၊ ကျည်ဘောက် ၈ ခု၊ ကျည်ဆန် ၁၈၅ တောင့်၊ Grenade ၁ ခု၊ ၄၀ မမ နှစ်ခု၊ ကျည်ကာတစ်ခုနဲ့အတူ ချင်းလဲန်းကောင်စီထံ အလင်းဝင်လာကြတာလို့ ထုတ်ပြန်ထားပါတယ်။
အလင်းဝင်လာသူနှစ်ဦးကို သိန်း ၅၀ စီ ပေးအပ်ပြီး လုံခြုံတဲ့နေရာ ပို့ဆောင်ထားကြောင်းလည်း ဖော်ပြပါတယ်။
လက်ရှိမှာ ဟားခါး - ထန်တလန်အကြား ချင်းလဲန်းကောင်စီလက်အောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်က Tilim Operation 4 အမည်နဲ့ စစ်ဆင်ရေးဖော်ဆောင်နေပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။
========================
📌📌 ၄။ လားရှိုးမြို့ လုံးဝလွတ်မြောက်သွားကြောင်း ကိုးကန့်တပ် ကြေညာ။
ရှမ်းမြောက်၊ လားရှိုးမြို့ လွတ်မြောက်သွားပြီလို့ ကိုးကန့်တပ် - MNDAAက ဇူလိုင် ၂၅ရက်နေ့ မြန်မာစံတော်ချိန် ၁၀ နာရီဝန်းကျင်က ကြေညာလိုက်ပါတယ်။
"လားရှိးမြို့ ရှေ့တန်းသတင်း ဇူလိုင် ၂၅ ရက် - ၂၃ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် MNDAA တပ်မတော်မှ လားရှိးမြို အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝ သိမ်းပိုက်နိုင်ခဲ့သည်။ လားရှိးမြို့ကို လုံး၀ လွတ်မြောက်ကြောင်း MNDAA တပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။
လားရှိးမြို့လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်" လို့ MNDAAက ကြေညာထားတာပါ။
စစ်ခေါင်းဆောင် ယာယီသမ္မတရာထူးယူလိုက်တဲ့ ရက်ပိုင်းအကြာမှာပဲ ရှမ်းမြောက်က အကြီးဆုံးမြို့ လားရှိုးမြို့နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ နှစ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့ဘက်က သိမ်းပိုက်ကြောင်း ကြေညာလာတာဖြစ်ပါတယ်။
၁၀၂၇ ဒုတိယလှိုင်းကာလမှာ နောင်ချို၊ စဉ့်ကူး၊ မိုးကုတ်နဲ့ အခုလားရှိုးစတဲ့ မြို့လေးမြို့ကို တော်လှန်ရေးအင်အားစုဘက်က သိမ်းပိုက်ထားပါတယ်။
No comments:
Post a Comment