5th JUL 2024 - Evening Daily News by Radio NUG

၂၀၂၄ ဇူလိုင်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။နိုင်ငံတော်အတိုင်ပင်ခံရဲ့ ၇၉ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပတဲ့ ပန်းချီပြိုင်ပွဲမှ ဆုရရှိသူများ ပြန်လည်ဆက်သွယ်ပေးဖို့ အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့အသိပေး

📌 ၂။ အကြမ်းဖက်စစ်တပ်ရဲ့အပေါင်းပါခရိုနီဘဏ်သူဌေးတွေက ပါမောက္ခရှောင်တာနယ်ကို တရားစွဲမယ့်အထိ ကြိုးပမ်းနေ

📌 ၃။ လူငယ်များဝိုင်းဝန်း၍စုပေါင်းလှူဒါန်းမှုကို ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးအသိပေး

📌 ၄။ ဆန်အိတ်(၂၀၀)အရေးပေါ်ထပ်လိုလာတယ်လို့ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ကွပ်ကဲရေးမှူး ပြောကြား

📌 ၅။ ပြည်သူနဲ့ ဆန့်ကျင်ဘက်တရားတွေလုပ်လာခဲ့ရင် ပြည်သူရဲ့ ဒဏ်ခတ်ခြင်းကို ကောင်းကောင်းခံရလိမ့်မယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီးဆို

📌 ၆။ အဆိုတော်လေးဖြူကို Social punishmentလူမှုရေးအရ ပြစ်ဒဏ်ခတ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)ကြေညာ


၂၀၂၄ ခုနှစ် ဇူလိုင်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အနောက်ပိုင်းက ကျပ်ပြင်စျေး ပြန်ဖွင့်

🚩 ၂။ နောင်ချို ဒုံးတပ်ရင်းတိုက်ပွဲမှာ စစ်တပ်က အဆိပ်ငွေ့ဗုံးနဲ့တိုက်ခိုက်တဲ့အတွက် TNLA ရဲဘော် ဦး အဆိပ်သင့်  

🚩 ၃။ ကျွန်းလှမြို့နယ်၊အင်တိုင်းရွာအရှေ့ဘက်နှင့် သဖန်းဆိပ်ဆည်‌ဘောင်အနီး ဘုရားကုန်းသို့စကစတပ်အင်အားနှစ်ရာကျော်တပ်ဖြန့်ထား

🚩 ၄။ လားရှိုးမြို့အနီးက ကာကင်းစခန်းအချို့ကို MNDAA သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတွေဖမ်းဆီးရရှိ 

🚩  ၅။ စည်းလုံးညီညွတ်စွာဖြင့် စစ်အာဏာရှင်စနစ်အားလုံးကို တွန်းလှန်ကြရန် KNU တိုက်တွန်း

🚩  ၆။ စဉ့်ကူးနယ်က စစ်ကောင်စီစခန်း ခုကို မန္တလေး PDF ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်

🚩 ၇။ ကရင်ပြည်နယ်က အောင်ဇေယျစစ်ကြောင်း ကျဆုံးခန်းကို ပြည်သူများအနေဖြင့် မကြာမီ မြင်တွေ့ရမယ်လို့ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။နိုင်ငံတော်အတိုင်ပင်ခံရဲ့ ၇၉ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပတဲ့ ပန်းချီပြိုင်ပွဲမှ ဆုရရှိသူများ ပြန်လည်ဆက်သွယ်ပေးဖို့ အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့အသိပေး


ဇူလိုင်၅ရက်


နိုင်ငံတော်အတိုင်ပင်ခံရဲ့ ၇၉ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပတဲ့ ပန်းချီပြိုင်ပွဲမှ ဆုရရှိသူများ ပြန်လည်ဆက်သွယ်ပေးဖို့ အမွေအနှစ်ဆိုင်ရာကြားကယလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ဇူလိုင်၅ရက်မှာ အသိပေးဆိုပါတယ်။


"နိုင်ငံတော်အတိုင်ပင်ခံရဲ့ ၇၉ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရိုးရာယဉ်ကျေးမှုအမွေအနှစ်နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ရည်ညွှန်းကာ ပန်းချီပြိုင်ပွဲတရပ်ကျင်းပခဲ့ပါတယ်။အခြေခံပညာကျောင်းအသီးသီးက ပန်းချီကား ၃၄ကားကို လက်ခံရရှိခဲ့တယ်။ ဆုရ သားတို့သမီးတို့ရဲ့  တွေးခေါ်ဖန်တီးမှုတွေအတွက် ချီးကျူးဂုဏ်ပြုသလို ဆုမရရှိတဲ့ သားတို့သမီးတို့ ကိုလည်း သားတို့သမီးတို့ရဲ့ ကြိုးစားမှု၊ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့တက်ကြွမှု ဖန်တီးမှု တို့ကိုလေးစားဂုဏ်ယူပြီး အသိအမှတ်ပြုကြောင်းပြောပါရစေ။IBHA အနေနဲ့စာရင်းအချုပ်ကိုထုတ်ပြန်လိုက်ပါတယ်။ ဆုပေးဖို့အစီအစဉ်များအတွက် ဆုရရှိသူများကို မိမိတို့ပေးပို့ထားခဲ့တဲ့ page messenger / mail/ signal ကနေ ပြန်လည်ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်"လို့ဆိုပါတယ်။


ဆုမရရှိသူများအတွက်လည်း ဂုဏ်ပြုမှတ်တမ်းနဲ့အတူ ဘတ်ဂျက်အခြေပေါ်မူတည်ပြီးအမှတ်တရ လက်ဆောင်တခုခုပေးနိုင်အောင် စီစဉ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်တပ်ရဲ့အပေါင်းပါခရိုနီဘဏ်သူဌေးတွေက ပါမောက္ခရှောင်တာနယ်ကို တရားစွဲမယ့်အထိ ကြိုးပမ်းနေ


ဇူလိုင်၅ရက်


အကြမ်းဖက်စစ်တပ်ရဲ့အပေါင်းပါခရိုနီဘဏ်သူဌေးတွေက ပါမောက္ခရှောင်တာနယ်ကို တရားစွဲမယ့်အထိ ကြိုးပမ်းနေတယ်လို့ ဇူလိုင်၅ရက်မှာ NUGစီမံဘဏ္ဍဝန်ကြီးဦးတင်ထွန်းနိူင်က ဆိုရှယ်မီဒီယာက တစ်ဆင့်အခုလိုဆိုပါတယ်။


"Prof. Sean Turnell ရဲ့ ခိုင်မာတဲ့ရပ်တည်ချက်ကိုအကြမ်းဖက်စစ်တပ်က နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်ဖို့ကြိုးစားနေရာမှာ အပေါင်းပါခရိုနီဘဏ်သူဌေးတွေကရှောင်ကို တရားစွဲမယ့်အထိ ကြိုးပမ်းနေကြတယ်လို့ သိရပါတယ်။ဒီပွဲ နိုင်အောင်တိုက်ပြီးရင် ရှင်းကိုရှင်းရမယ့် သက်သေအဖြစ်မှတ်တမ်းဝင် ကျန်ရစ်စေခဲ့မယ့် ကိစ္စတွေပါ"လို့ဆိုပါတယ်။


ပါမောက္ခရှောင်တာနယ်ဟာ သြစတြေးလျနိူင်ငံသားတဦးဖြစ်ပြီးယခင်ပြည်သူ့အစိုးရလက်ထက်မြန်မာနိူင်ငံမှာစီးပွာရေးအကြံပေးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။


"SACစကစနှင့် ၎င်းတို့၏ ခရိုနီဘဏ်လုပ်ငန်း မိတ်ဆွေများသည် ကျွန်ုပ်နောက်မှ လိုက်လာနေကြဆဲဖြစ်ပြီး၊ ယခုတကြိမ်တွင် နိုင်ငံတကာ ဥပဒေကုမ္ပဏီများက ကျွန်ုပ်အား နှုတ်ဆိတ်ရန်ခြိမ်းခြောက်နေပါတယ်"လို့ပါမောက္ခရှောင်တာနယ်ကလည်းဆိုရှယ်မီဒီယာမှာအသိပေးဆိုထားပါတယ်။


========================


📌📌 ၃။ လူငယ်များဝိုင်းဝန်း၍စုပေါင်းလှူဒါန်းမှုကို ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးအသိပေး


ဇူလိုင်၅ရက်


လူငယ်များဝိုင်းဝန်း၍စုပေါင်းလှူဒါန်းမှုကို ဇူလိုင်၅ ရက်မှာ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနဝန်ကြီး နော်စူဆန်နာလှလှစိုးက အသိပေးဆိုထားပါတယ်။


"ပန်းချီသင်တန်းကျောင်း က ကလေးတွေ , နောက်တန်းနား တဲ့PDF လေးတွေ , ဝိုင်းဝန်း ရောင်းချပေးတဲ့ မိတ်ဆွေ များကြောင့် ဝန်ကြီးဌာန ကို ၁၅ သိန်းခန့် လှူဒါန်းပေးနိုင်ခဲ့ပါတယ်.မူးစုပဲစု ဆိုသော်လည်း ရေစက်တွေများလာတဲ့အခါ သမုဒ္ဒယာ ကြီးဖြစ်သွားသလိုပေါ့ ။ကျမတို့ ဖက်ဒရယ် နိုင်ငံတော်ကြီး အတွက်ပါ"လို့ဝန်ကြီးကဆိုပါတယ်။


အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနဟာ စစ်ဘေးရှောင်များကို ကူညီထောက်ပံမှုများအပြင်သက်မွေးပညာများကိုပါဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။


========================


📌📌 ၄။ ဆန်အိတ်(၂၀၀)အရေးပေါ်ထပ်လိုလာတယ်လို့ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ကွပ်ကဲရေးမှူး ပြောကြား


ဇူလိုင်၅ရက်


ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ကွပ်ကဲရေးမှူး မောင်ဆောင်းခကဆန်အိတ်(၂၀၀)အရေးပေါ်ထပ်လိုလာတယ်လို့ဇူလိုင်၅ရက်ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေး‌ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။


"အားနာပါတယ်။ ဆန်အိတ်(၂၀၀)အရေးပေါ်ထပ်လိုလာလို့ပါ။ သင်တန်းသားတွေရဲ့စားအားကလည်း အစပိုင်းကထက် ဆလောက်တက်သွားပါတယ်။ BPLA - Ventureကနေ ကူပေးပါဦးခင်ဗျ"လို့ဆိုထားပါတယ်။


BPLAတပ်ဖွဲ့ဟာ စစ်အာဏာရှင် အမြစ်ပြတ်ရေးလက်နက်ကိုင်တော်လှန်နေတဲ့တော်လှန်ရေးအင်အားစုတရပ်လည်းဖြစ်ပါတယ်။


========================


📌📌 ၅။ ပြည်သူနဲ့ ဆန့်ကျင်ဘက်တရားတွေလုပ်လာခဲ့ရင် ပြည်သူရဲ့ ဒဏ်ခတ်ခြင်းကို ကောင်းကောင်းခံရလိမ့်မယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီးဆို


ဇူလိုင်၅ရက်


ပြည်သူနဲ့ ဆန့်ကျင်ဘက်တရားတွေလုပ်လာခဲ့ရင် ပြည်သူရဲ့ ဒဏ်ခတ်ခြင်းကို ကောင်းကောင်းခံရလိမ့်မယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီး ခွန်ဗဟန်းထန်က ဇူလိုင်၅ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောဆို‌ ရေးသားလိုက်ပါတယ်။


"နိုင်ငံရေးသမားဖြစ်ဖြစ်၊တော်လှန်ရေးသမားဖြစ်ဖြစ်၊အနုပညာသမားဖြစ်ဖြစ်၊လူတိုင်းက ကိုယ့်သမိုင်းကို ရေးကြတာ မှန်ပေမဲ့ ပြည်သူကို မထီမျက်မြင်ပြုပြီး ပြည်သူနဲ့ ဆန့်ကျင်ဘက်တရားတွေလုပ်လာခဲ့ရင် ပြည်သူရဲ့ ဒဏ်ခတ်ခြင်းကို ကောင်းကောင်းခံရပါလိမ့်မယ်။ပြည်သူ့အသံကိုနားထောင်ပါ။ပြည်သူကိုလေးစားပါ။ ပြည်သူကို မစော်ကားမိပါစေနဲ့။ ပြည်သူကသာလျှင် သမိုင်းဖန်တီးရှင်တွေ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိအဆိုတော်လေးဖြူဟာ ဘွိုင်ကောက်BCလုပ်ခြင်းကိုနားမလည်ဘူးလို့ ဖျော်ဖြေပွဲတရပ်မှာပြောကြားထား၍ လူအများကဝေဖန်လျက်ရှိပါတယ်။


========================


📌📌 ၆။ အဆိုတော်လေးဖြူကို Social punishmentလူမှုရေးအရ ပြစ်ဒဏ်ခတ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)ကြေညာ


ဇူလိုင်၅ရက်


အဆိုတော်လေးဖြူကို Social punishmentလူမှုရေးအရ ပြစ်ဒဏ်ခတ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က ဇူလိုင်၅ရက်မှာ အသိပေးကြေညာလိုက်ပါတယ်။ဖော်ပြပါတယ်။


"လေးဖြူကို ဘာလို့ Social punishment လုပ်ရတာလဲ ပကတိအရှိတရားအရ နိုင်ငံတော်တဝှမ်းတော်လှန်ရေးတိုက်ပွဲတွေဆင်နွှဲနေကြသလို စစ်တပ်ကပုံစံအမျိုးမျိုးနဲ့ကျူးလွန်နေတဲ့အကြမ်းဖက်မှုတွေ ကြောင့် စစ်ဘေးရှောင်တွေအများအပြားရှိနေပါတယ်။ တစ်ဖက်မှာလည်း ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် လူထုဒုက္ခရောက်နေကြတဲ့အချိန်မှာ နိုင်ငံကျော်အနုပညာရှင် တယောက်အနေနဲ့ လက်ရှိအခြေအနေတွေကိုသတိမမူဘဲ တမင်တကာဖြစ်စေ တိုက်ဆိုင်မှုဖြစ်စေ "Boycott (BC) ဆိုတာဘာလဲ၊ A-Z လည်းနားမလည်ဘူးဗျာ" ဆိုတာဟာ လူထုကိုလှောင်ပြောင်တာ၊ နိုင်ငံတော်ရဲ့ပကတိအရှိတရားနဲ့ တော်လှန်သံတွေကို မျက်ကွယ်ပြုတာပဲဖြစ်ပါတယ်။ဒီလိုအခြေအနေနဲ့ ဒီလိုပုဂ္ဂိုလ်ကို အထက်ပါအကြောင်းတရားတွေကြောင့် ကျွန်မတို့အနေနဲ့ ပြတ်ပြတ်သားသား Social punishment လူမှုရေးပြစ်ဒဏ်ခတ်ရပါမယ်"လို့ဆိုပါတယ်။


အဆိုတော် လေးဖြူအနေနဲ့လည်း ကိုယ့်စကားကို ကိုယ်တာဝန်ယူ တာဝန်ခံဖို့ နိုင်ငံတော်ရဲ့ပကတိအရှိတရားကိုရှေးရှုပြီးလူထုကိုအမြန်ဆုံးတောင်းပန်ဖို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)ကဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အနောက်ပိုင်းက ကျပ်ပြင်စျေး ပြန်ဖွင့်


တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အနောက်ပိုင်းက ကျပ်ပြင်စျေး ပြန်ဖွင့်ထား တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အနောက်ပိုင်းကို ဒီနေ့ ဇူလိုင် ရက်မှာ တွေ့ရတဲ့ မြင်ကွင်းတွေကို ရွှေဖိမြေသတင်းဌာနက ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထားတာလည်းရှိပါတယ်။ 

မြို့တွင်းမှာ လူသွားလူလာတွေ ပြန်တွေ့ရပြီး ကျပ်ပြင်စျေးလည်း ပြန်လည်ဖွင့်လှစ်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကတော့ ဇွန်လကုန်ကတည်းက ပြတ်တောက်နေတာဖြစ်ပြီး လက်ရှိအချိန်အထိ ပြတ်တောက်နေဆဲလို့ သိရပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့အနောက်ပိုင်းက ဒေသခံပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ စစ်ဘေးအန္တရာယ် ကင်းဝေးစေဖို့ ဇူလိုင် ရက်က စပြီး နာရီကနေ မနက် နာရီအထိ ညမထွက်ရအမိန့် TNLA က ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။


မိုးကုတ်မြို့အနောက်ပိုင်းကို ဇွန်လ ၃၀ ရက်မှာ တအာင်းတပ်နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး

မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ TNLA နဲ့အတူ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF) နဲ့ မိုးကုတ်ဗျူဟာတို့ ပါဝင်တိုက်ခိုက်ခဲ့တာပါ။


မိုးကုတ်အနောက်ပိုင်းတိုက်ပွဲအတွင်း အရပ်သား ၁၁ ဦး သေဆုံးသူပြီး ၁၇ ဦး ဒဏ်ရာရခဲ့သလို ဘုန်းကြီးကျောင်းအပါအဝင် အိမ် ၁၄ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိပါတယ်။


========================


🚩🚩 ၂။ နောင်ချို ဒုံးတပ်ရင်းတိုက်ပွဲမှာ စစ်တပ်က အဆိပ်ငွေ့ဗုံးနဲ့တိုက်ခိုက်တဲ့အတွက် TNLA ရဲဘော် ဦး အဆိပ်သင့်  


ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာရှိတဲ့ ဒုံးတပ်ရင်း-၆၀၆ တပ်စခန်း တိုက်ပွဲမှာ စစ်တပ်က အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်ခဲ့တဲ့အတွက် TNLA ရဲဘော် ဦး အဆိပ်သင့်ခဲ့တယ်လို့ တအာင်းတပ်မတော်-TNLA ဘက်က ဒီနေ့ ဇူလိုင် ရက် မနက်အစောပိုင်းမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ 

တအာင်းပြည် တပ်မဟာ- စစ်ဒေသဖြစ်တဲ့ နောင်ချိုမြို့မှာ ကျန်နေတဲ့ ဒုံးတပ်ရင်းကို သိမ်းပိုက်နိုင်ရေး TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေရာမှာ စစ်ကောင်စီဘက်က ဇူလိုင် ရက်မှာ အဆိပ်ငွေ့ဗုံးတလုံး၊ မနေ့ ဇူလိုင် ရက်မှာ အဆိပ်ငွေ့ဗုံး ၃လုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဇူလိုင်လ ရက်နေ့ တိုက်ခိုက်မှုအတွင်းမှာ စစ်တပ်ဘက်က အဆိပ်ငွေ့ဗုံးတွေ အသုံးပြုတိုက်ခိုက်တာကြောင့် TNLA တပ်ဖွဲ့ ဝင် ဦး အဆိပ်ငွေ့သင့်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။  

ဓာတုအဆိပ်ငွေ့သင့်တဲ့ တပ်ဖွဲ့ဝင်တွေဟာ အသက်ရှုမြန်ခြင်း၊ စိတ်လှုပ်ရှားမှုမြန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းနဲ့ မအီမသာဖြစ်ခြင်း စတဲ့ဝေဒနာတွေခံစားခဲ့ရပြီး ဆေးကုသမှုခံယူနေကြရတယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။

ဒါဟာစစ်တပ်အနေနဲ့ စခန်းတွေစွန့်လွှတ်ရပြီး စစ်ရှုံးချိန်တိုင်း လုပ်လေ့လုပ်ထရှိတဲ့ အောက်တန်းကျတဲ့လုပ်ရပ်လို့ စစ်ရေးလေ့လာသူတဦးက မှတ်ချက်ပြုပါတယ်။  

TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ်ပူးပေါင်းတပ်တွေဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ဇွန်လ ၂၅ ရက်ကစပြီး ဖော်ဆောင်နေတဲ့အတွက် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ သီပေါ၊ မိုးမိတ်မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ချိန် ၂၀၂၃ နှစ် နိုဝင်ဘာလအတွင်းကလည်း နမ့်ခမ်းမြို့နယ် က စခန်းသစ်ကုန်းတိုက်ပွဲမှာ စစ်တပ်က အဆိပ်ငွေ့ဗုံးတွေ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ TNLA ဘက်က ပြောပေမယ့် စစ်ကောင်စီဘက်က ငြင်းဆိုထားပါတယ်။ 

ဒါ့အပြင် လားရှိုးမြို့နယ်ထဲက မိုင်းကျက်စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်စဉ် ၂၀၂၃ နိုဝင်ဘာလဆန်းပိုင်းတုန်းကလည်း စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၃။ ကျွန်းလှမြို့နယ်၊အင်တိုင်းရွာအရှေ့ဘက်နှင့် သဖန်းဆိပ်ဆည်‌ဘောင်အနီး ဘုရားကုန်းသို့စကစတပ်အင်အားနှစ်ရာကျော်တပ်ဖြန့်ထား


ဇူလိုင်၅ရက်


စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်၊အင်တိုင်းရွာအရှေ့ဘက်နှင့် သဖန်းဆိပ်ဆည်‌ဘောင်အနီး ဘုရားကုန်းသို့စကစတပ်အင်အားနှစ်ရာကျော်တပ်ဖြန့်ထားတယ်လို့ ဇူလိုင်၅ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ကအသိပေးဆိုပါတယ်။


ဇူလိုင်၄ရက်ကန့်ဘလူ 6006 တင့်ကားတပ်ရင်းမှထွက်လာသောကားကြီး စီး ကားပေါက်စ ၁စီး ( ဟောင်ဝစ်ဇာပါ)အင်အားအပြည့်သည် 10:30PM တွင် ၎င်းတို့အထိုင်ချတပ်စွဲထားရာ ကျွန်းလှမြို့နယ်၊အင်တိုင်းရွာအရှေ့ဘက်နှင့် သဖန်းဆိပ်ဆည်‌ဘောင်အနီး ဘုရားကုန်းသို့ ရောက်ရှိ‌နေပြီး၊စုစုပေါင်း အင်အား (၂၅၀)ခန့်ထိရှိကြောင်းသိရတယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စကစတပ်များဟာ တနိုင်ငံလုံးမှာစစ်ရေးအရအထိနာလျက်ရှိပြီးနယ်မြို့များတွင် ရှိသမျှတပ်အင်အားစုစည်း၍ အရပ်သားများနေထိုင်ရာသို့ပစ်မှတ်ထားစစ်ကြောင်းထိုးလျက်ရှိပါတယ်။


========================


🚩🚩 ၄။ လားရှိုးမြို့အနီးက ကာကင်းစခန်းအချို့ကို MNDAA သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတွေဖမ်းဆီးရရှိ 


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးမှာရှိတဲ့ ကာကင်းစခန်းအချို့ကို MNDAA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိထားပြီး  စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိထားတယ်လို့  စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ကိုးကန့်တပ် MNDAA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ဇူလိုင်လ ရက်ကစပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လာရှိုးမြို့နယ်ထဲက စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာပါဝင်လာတဲ့ MNDAA ဦးဆောင်တဲ့ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေကြား ဇူလိုင်လ ရက်နေ့ကစပြီး လားရှိုးမြို့နယ်ထဲက မိုင်းတင်ကျေးရွာအနီး၊ နမ္မဗောဒ၊ နမ့်ပေါင်၊ မြို့ရှောင်လမ်း စတဲ့နေရာတွေမှာ တိုက်ပွဲ တွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

ဇူလိုင်လ ရက်နေ့မှာ နမ့်ပေါင်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သလို ခိုက်တွေ စစ်တပ်ဂိတ်စခန်း၊ ညောင်ကုန်း တပ်စခန်း စတဲ့ စခန်း ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

ဒီစခန်းတွေ သိမ်းဆည်းနိုင်ခဲ့ရာမှာ စစ်တပ်ဘက်က သေဆုံးမှုတွေရှိခဲ့သလို ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရရှိခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေလည်း လူမှုကွန်ယက်ချန်နယ်တွေမှာ ပြန်နှံ့နေပါတယ်။ 

ဒီနေ့ ဇူလိုင်လ ရက်နေ့မနက်ပိုင်းအထိ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က လားရှိုးမြို့ပတ်လည်ကို လက်နက် ကြီးတွေနဲ့ ပစ်ခတ်သလို ဒရုန်းတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် ဒုံးကျည်မစ်ဇိုင်းတွေနဲ့ပါပစ်ခတ်ကာ လေကြောင်းတိုက် ခိုက်မှုတွေ အဆက်မပြတ်လုပ်နေတယ်လို သိရပါတယ်။ 

MNDAA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဘက်ကလည်း ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကာလ ကွမ်လုံ၊ လောက်ကိုင်ဘက်က သိမ်းဆည်းရရှိခဲ့တဲ့ ဒုံးတွေနဲ့ ပြန်လည်ပစ်ခတ်နေတာတွေရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့အဝင် အထွက်အားလုံးပိတ်ထားပြီး စစ်အင်အားတွေ အဆက်မပြတ် ဖြည့်တင်းနေတာကြောင့် တိုက်ပွဲကြားမှာ မြို့ခံတွေပိတ်မိနေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ စည်းလုံးညီညွတ်စွာဖြင့် စစ်အာဏာရှင်စနစ်အားလုံးကို တွန်းလှန်ကြရန် KNU တိုက်တွန်း


စည်းလုံးညီညွတ်စွာနဲ့ စစ်အာဏာရှင်စနစ်အားလုံးကို တွန်းလှန်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး-KNU က ဒီနေ့ ဇူလိုင် ရက်မှာ ကျရောက်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နေ့မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ယနေ့ကျရောက်တဲ့ ၇၅ ကြိမ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နဲ့ မိမိအခွင့်အရေး ပြန်လည်ရရှိရေး စွမ်းစွမ်းတမံ တော်လှန်တိုက်ပွဲဝင်နေတဲ့ စစ်သည်တော်တွေနဲ့ မဟာမိတ်ရဲဘော်ရဲဘက် တွေကို အလေးပြုဂုဏ်ပြုလျှက် မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးကို တစုတစည်းနဲ့ တက်ညီလက်ညီ ဆက်လက်တိုက်ပွဲ ဝင်ကြဖို့  ကရင်အမျိုးသားအစည်းအရုံးက နိုးဆော်လိုက်တာဖြစ်ပါတယ်။

၁၉၅၆ ခုနှစ်မှာကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ကရင့်အမျိုးသားညီလာခံကနေ ကရင့်တော်လှန်ရေး၊ စစ်ရေးလမ်းစဉ်နဲ့အတူ ကရင်လက်နက်ကိုင်တပ်မတော် တည်ဆောက်ပုံ၊ တပ်မတော်ဖွဲ့စည်းပုံတွေ ရေးဆွဲချမှတ်ပြီး အဲဒီနှစ် ဇူလိုင် ၅ရက်နေ့မှာပဲ KNLA  ဖွဲ့စည်းပုံကို အတည်ပြုခဲ့တာကြောင့် ကော်သူးလေတပ်မတော်နေ့ KNLA Day လို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

"စည်းလုံးညီညွတ်စွာဖြင့် အာဏာရှင်စနစ်အားလုံးကိုတွန်းလှန်ကြငါတို့ရဲ့ အခွင့်အရေး၊ လွတ်လပ်မှုနှင့် ကိုယ်ပိုင်ပြဌာန်း ခွင့်အတွက် တိုက်ပွဲဝင်ကြပါစို့ရန်သူများကို ချေမှုန်းရန်မှာ ငါတို့ရဲ့ တာဝန်စည်းလုံးခြင်းသည်ခွန်အားငါတို့ စည်းလုံးရမယ် "စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ငါတို့ပြည်သူတွေ လွတ်မြောက်အောင် ကူညီကြပါစို့စတဲ့ စာသားတွေနဲ့အတူ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုလည်း ထုတ်ပြန်ဖော်ပြထား ပါတယ်။


========================


🚩🚩 ၆။ စဉ့်ကူးနယ်က စစ်ကောင်စီစခန်း ခုကို မန္တလေး PDF ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်


မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီစခန်း ၂ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-PDF ပူးပေါင်း တပ်က ထပ်မံသိမ်းပိုက်ရရှိထားတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

စဥ့်ကူးမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီစခန်းငယ်တခုကို မန္တလေး PDF ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ဇူလိုင် ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ မြေပြင်ကင်းထောက်ရဲဘော်တွေနဲ့ ဒေသခံတွေက ဆိုပါတယ်။

စခန်းသိမ်းပြီးတဲ့နောက် မနက် နာရီခွဲလောက်ကစပြီး ရွှေဘိုနယ် မခေါက်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

အလားတူ မိုးကုတ် - မန္တလေးလမ်းပိုင်းမှာရှိတဲ့ လက်ပန်လှကျေးရွာ ရဲစခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး မွန်းလွဲပိုင်းမှာ မီးရှို့ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

စဥ့်ကူးနယ်အတွင်းမှာ ကျန်ရှိနေတဲ့ စစ်တပ်စခန်းတွေနဲ့ ပျူစောထီးစခန်းတွေကိုလည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ တွေ ဆက်လက်တိုက်ခိုက်နေဆဲလို့သိရပါတယ်။ 

ဇူလိုင်လ ရက်နေ့မှာပဲ စဉ့်ကူးမြို့နယ် ရွှေပြည်ရွာမှာရှိတဲ့ ပျူစောထီးခေါင်းဆောင် ညွန့်ဝေရဲ့နေအိမ်ကို တော်လှန်ရေးအဖွဲ့ တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးခေါင်းဆောင် ညွန်ဝေတို့ ထွက်ပြေးလွတ်မြောက် သွားပေမယ့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၇။ ကရင်ပြည်နယ်က အောင်ဇေယျစစ်ကြောင်း ကျဆုံးခန်းကို ပြည်သူများအနေဖြင့် မကြာမီ မြင်တွေ့ရမယ်လို့ဆို


ဇူလိုင်၅ရက်


ကရင်ပြည်နယ်က အောင်ဇေယျစစ်ကြောင်း ကျဆုံးခန်းကို ပြည်သူများအနေဖြင့် မကြာမီမြင်တွေ့ရမယ်လို့ ဇူလိုင်၅ရက်မှာ ကျားဖြူစစ်ကြောင်းက စစ်ရေးအခြေအနေကိုအသိပေးဆိုပါတယ်။


၂၀၂၄ခုနှစ်၊ ဂျူလိုင်လ၊ ၃ရက်နေ့တွင် ကျွန်တော်တို့ကျားဖြူစစ်ကြောင်း Fixed wing Drone တပ်ဖွဲ့မှ ရန်သူအောင်ဇေယျစစ် စစ်ကြောင်းအား ကရင်ပြည်နယ် ကော့ကရိတ်အနီးရှိ ရွာသစ်ကုန်းလမ်းဆုံးတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း မိဘပြည်သူများအားအသိပေးတင်ပြအပ်ပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက် တပ်သားများအနေဖြင့် 

ဒဏ်ရာ အများအပြားရရှိခဲ့ပြီးကျဆုံးအရေအတွက်ကို စုံစမ်းဆဲဖြစ်တယ်လို့ဖော်ပြပါတယ်။


အောင်ဇေယျ စစ်ကြောင်းအနေဖြင့် စစ်ဆင်ရေးကာလကြာမြင့်လာသည်နှင့်အမျှ လူအင်အားလျော့နည်းလာခြင်း နိုင်ငံအနှံ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် အင်အားနည်းလာလျက်ရှိပြီးမကြာခင် အောင်ဇေယျ ကျဆုံးခန်းကို ပြည်သူများအနေဖြင့် မြင်တွေ့ရမည်ဖြစ်ကြောင်းကျားဖြူစစ်ကြောင်းကထုတ်ပြန်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment