5th JUL 2024 - Morning Daily News by Radio NUG


၂၀၂၄ ဇူလိုင်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မြို့နယ်တွေမှာ အချင်းချင်း ပဋိပက္ခတွေ လျော့နည်းပြီး တော်လှန်ရေးအရှိန်အဟုန်နဲ့အတူ လိုက်ပါနိုင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း

📌 ၂။ ဖမ်းဆီးရမိတဲ့ သုံ့ပန်းများကို ကာကွယ်စောင့်ရှောက်နေပုံတွေနဲ့ ရှင်းလင်းပြောကြားနေပုံတွေကိုတွေ့ရှိရ၍ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက PDFများကို လေးစားဂုဏ်ယူ

📌 ၃။ လူမျိုးတုံးသတ်ဖြတ်မှု တိုင်ကြားတဲ့ ဂမ်ဘီယာအမှုမှာ ကြားဝင်ပူးပေါင်းဖို့ နိုင်ငံ တောင်းဆိုချက်ကို ICJ အတည်ပြု

📌 ၄။ Eleven Media Group အယ်ဒီတာချုပ်ဟောင်း ဦးဆောင်သည့် မူးယစ်ဆေးဝါးဂိုဏ်းကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ကြေညာ

📌 ၅။ သရက်ချောင်းမြို့နယ်ထဲက သံဃာတော်တွေ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်

📌 ၆။ ဇန်နဝါရီလ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၄၈)ဦးနှင့် အမျိုးသား (၇၂၈) ဦး စုစုပေါင်း (၁၀၇၆) ဦး သေဆုံးခဲ့

📌 ၇။ "Guilt" ဇာတ်ကားကိုဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့မှာ ပြသသွားဖို့ ရှိနေ


၂၀၂၄ ခုနှစ် ဇူလိုင်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ယောဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ဖမ်းဆီးရမိထားသော ပျူစောထီးများကို မြို့နယ်ပအဖ ထံ လွှဲပြောင်း အပ်နှံ

🚩 ၂။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း()(၁၀)ရက်မြောက် မိုးမိတ်မြို့ ရွှေသာယာတပ်စခန်းအား သိမ်းပိုက်နိုင်ပြီး အခြားမြို့နယ်တွင်လည်း တိုက်ပွဲပြင်းထန်လျက်ရှိ

🚩 ၃။ စစ်တပ်ပိုင် RED RUBY စီးကရက် စက်ရုံ ဖောက်ခွဲတိုက်ခိုက်ခံရ

🚩 ၄။ စစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားတဲ့ ရေဦးရဲစခန်းအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

🚩 ၅။ ရမည်းသင်းမြို့နယ်တွင် အချုပ်ကား လုံခြုံရေး လိုက်လာတဲ့ ဆိုင်ကယ်စီး ရဲ ဦး မိုင်းဆွဲခံရ

🚩 ၆။ လားရှိုးမြို့နယ်မှာ စစ်ကောင်စီက သံချပ်ကာကားတွေနဲ့ တိုက်ခိုက်နေ၊ ၂ရက်အတွင်း အရပ်သား ၁၄ဦး သေဆုံး

🚩 ၇။ မတူပီတိုက်ပွဲအတွင်း စစ်ကောင်စီမှ ဒဏ်ရာရစစ်သားများ သယ်ယူရန် အသုံးပြုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ခိုလှုံ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြို့နယ်တွေမှာ အချင်းချင်း ပဋိပက္ခတွေ လျော့နည်းပြီး တော်လှန်ရေးအရှိန်အဟုန်နဲ့အတူ လိုက်ပါနိုင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း


ဇူလိုင်လ ၄ရက်။

မြို့နယ်တွေမှာ အချင်းချင်း ပဋိပက္ခတွေ လျော့နည်းပြီး တော်လှန်ရေးအရှိန်အဟုန်နဲ့အတူ လိုက်ပါနိုင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းဆိုပါတယ်။


ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "ကော်မတီအနေနဲ့ အရေးပေါ် စီမံဆောင်ရွက်ပေးရမယ့် မြို့နယ်ဆိုင်ရာကိစ္စများကို လျင်လျင်မြန်မြန် ညှိနှိုင်းဆောင်ရွက်ပေးဖို့ လိုကြောင်း။ အခုလို ရှမ်းမြောက်ဘက်က ဒုတိယလှိုင်း စတင်လှုပ်ရှား လာချိန်မှာ ကျွန်တော်တို့ရဲ့ စိုးမိုးထိန်းချူပ်ဒေသတွေဘက်ကလည်း ဟန်ချက်ညီညီ လှုပ်ရှားကြရမယ့် အချိန်ဖြစ်ပါကြောင်း။ မြို့နယ်တွေမှာ အချင်းချင်း ပဋိပက္ခတွေ လျော့နည်းပြီး တော်လှန်ရေးအရှိန်အဟုန်နဲ့အတူ လိုက်ပါနိုင်ဖို့ ကျွန်တော်တို့အားလုံးက ဝိုင်းဝန်းကြိုးစားပေးဖို့ လိုအပ်မှာဖြစ်ပါကြောင်း" ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ(၂၃/၂၀၂၄)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ဖမ်းဆီးရမိတဲ့ သုံ့ပန်းများကို ကာကွယ်စောင့်ရှောက်နေပုံတွေနဲ့ ရှင်းလင်းပြောကြားနေပုံတွေကိုတွေ့ရှိရ၍ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက PDFများကို လေးစားဂုဏ်ယူ


ဇူလိုင်လ ၄ရက်။

ဖမ်းဆီးရမိတဲ့ သုံ့ပန်းများကို ကာကွယ်စောင့်ရှောက်နေပုံတွေနဲ့ ရှင်းလင်းပြောကြားနေပုံတွေကိုတွေ့ရှိရ၍ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက PDFများကိုလေးစားဂုဏ်ယူကြောင်း ဖော်ပြပါတယ်။


ဇူလိုင်လ ၄ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနကဖော်ပြပါတယ်။


"အကြမ်းဖက်စစ်အုပ်စုရဲ့ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေးတပ် အင်ကြင်းမြိုင်စခန်းကို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများက ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တဲ့ မှတ်တမ်း video ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့စခန်းကို စည်းစနစ်တကျ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ဖမ်းဆီးရမိတဲ့ သုံ့ပန်းများကို Geneva Convention ပါအချက်အလက်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားတဲ့ စစ်သည်တော်ကျင့်ဝတ်စည်းကမ်း( Code of Conduct) တွေကိုလေးစားလိုက်နာပြီး ကာကွယ်စောင့်ရှောက်နေပုံတွေ၊ ရှင်းလင်းပြောကြားနေပုံတွေကို တွေ့ရှိရပါတယ်"လို့ဖော်ပြပါတယ်။

 

အဆိုပါအကြမ်းဖက်စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေရင်း တပြိုင်နက် ကောင်းမွန် ခိုင်မာအားကောင်းပြီး စည်းကမ်းလိုက်နာမှုအပြည့်အဝရှိတဲ့ စနစ်တခုကို ထူထောင်ပေးနေတဲ့ မန္တလေးပြည်သူ့ကာကွယ်ရေး တပ်မတော်အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော်သား၊ တော်လှန်ရေး အင်အားစုများအားလုံးကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက လေးစားဂုဏ်ယူမိပါကြောင်း အလေးအနက်ထား ဖော်ပြအပ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၃။ လူမျိုးတုံးသတ်ဖြတ်မှု တိုင်ကြားတဲ့ ဂမ်ဘီယာအမှုမှာ ကြားဝင်ပူးပေါင်းဖို့ နိုင်ငံ တောင်းဆိုချက်ကို ICJ အတည်ပြု


ဇူလိုင်လ ၄ရက်။ 

RadioNUG

ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ မြန်မာအပေါ် စွပ်စွဲတိုင်ကြားတဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်မှာ ကြားဝင်ပူးပေါင်းဖို့ နိုင်ငံရဲ့တောင်းဆိုချက်ကို ICJ ကအတည်ပြုလိုက်ပါတယ်။ 


ကနေဒါ၊ ဗြိတိန်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နဲ့ မော်လ်ဒိုက်နိုင်ငံတို့က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတုန်းက ကြားဝင်ပူးပေါင်းဖို့ ICJ ကို တင်သွင်းခဲ့ပါတယ်။


ဒီနိုင်ငံတွေရဲ့ တင်သွင်းတောင်းဆိုမှုကို ICJ တရားသူကြီးအများစုက အတည်ပြုလိုက်တာ ဖြစ်ပါတယ်။


========================


📌📌 ၄။ Eleven Media Group အယ်ဒီတာချုပ်ဟောင်း ဦးဆောင်သည့် မူးယစ်ဆေးဝါးဂိုဏ်းကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ကြေညာ


ဇူလိုင်လ ၄ရက်။ 

RadioNUG

စစ်ကောင်စီ ရဲတပ်ဖွဲ့ရဲ့ ကြေညာချက်အရ နေပြည်တော် ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်မှာ ငွေကျပ် ၂၀ ဒသမ ၁၆ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၄၄ သန်း သယ်ဆောင်တဲ့ ဂိုဏ်းအဖွဲ့ကို ဇွန် ၂၅ ရက်က ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ 

 

ကလောမှ ပျော်ဘွယ်သို့ သယ်ဆောင်လာတဲ့ ဆေးပြားတွေကို မြတ်ပိုင်သူ၊ ဖြိုးစည်သူဟိန်းနှင့် အောင်အောင်()အောင်ကြီး၊ နွယ်နီသင်း၊ ရဲဒွေးလှိုင် ()ဗလနှင့် မြင့်အောင်တို့က သယ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စီမံဆောင်ရွက်သူမှာ ဝေမင်းဖြိုး()အုန်းအုန်းနိုင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ()ရပ်ကွက်တွင် နေထိုင်သူ ဖြစ်တယ်လို့ သိရပါတယိ။


ဝေမင်းဖြိုး()အုန်းအုန်းနိုင်သည် ယခင်က Eleven Media Group ရဲ့ Policy Director နှင့် Eleven Broadcasting ဌာန၏ အယ်ဒီတာချုပ် ဖြစ်ခဲ့ဖူးသူ ဦးဝေဖြိုးဖြစ်ပြီး First Eleven, Weekly Eleven စတဲ့ ဂျာနယ်တွေကိုလည်း တာဝန်ယူကိုင်တွယ်ခဲ့ကာ First Eleven မှာ အယ်ဒီတာချုပ် လုပ်ခဲ့စဉ်က သတင်းစာမျက်နှာတွေကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့  အန်အယ်လ်ဒီကို အကြီးအကျယ် အပုပ်ချ ဝေဖန်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၅။ သရက်ချောင်းမြို့နယ်ထဲက သံဃာတော်တွေ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်


ဇူလိုင်လ ၄ရက်။

သရက်ချောင်းမြို့နယ်ထဲက သံဃာတော်တွေ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ခဲ့ကြပါတယ်။


သရက်ချောင်းမြို့နယ်ထဲက သံဃာတော်တွေ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း အမှတ်()ပြည်ထောင်စုလမ်းမကြီးပေါ် ချီတက်ကာ ဇူလိုင်လ ရက်၊ နေ့လယ်ပိုင်းက စစ်အာကာရှင်တွေကို ဝိနည်းတော်နဲ့အညီ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။ 


သံဃာတော်တွေကိုပါမချန် နှိပ်စက်ညှင်းပန်း သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်တွေကို သံဃာတော်တွေနဲ့ ပြည်သူလူထု လက်တွဲညီညီ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် ဦးဆောင်တဲ့ သံဃာတော်တွေက တိုက်တွန်းမိန့်ကြားခဲ့ပါတယ်။ 


သံဃာတော်တွေရဲ့ အဲဒီ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ကရင်တိုင်းရင်းသားတွေအပါအဝင် ဒေသခံတွေ ဝန်းရံပူးပေါင်းခဲ့ကြပါတယ်။ 


ဇွန်လ ၁၉ ရက်နေ့က ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ စစ်ကောင်စီတပ်တွေရဲ့ လက်ချက်နဲ့ ပျံလွန်တော်မူခဲ့ရပြီး အဲဒီကျူးလွန်မှုကို ဖုံးကွယ်ဖို့ စစ်ကောင်စီက အသည်းအသန်ကြိုးစားခဲ့ပါတယ်။


========================


📌📌 ၆။ ဇန်နဝါရီလ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၄၈)ဦးနှင့် အမျိုးသား (၇၂၈) ဦး စုစုပေါင်း (၁၀၇၆) ဦး သေဆုံးခဲ့


ဇူလိုင်လ ၄ရက်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၄၈)ဦးနှင့် အမျိုးသား (၇၂၈) ဦး စုစုပေါင်း (၁၀၇၆) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။


ထိုအရေအတွက်တွင် ဘာသာရေးကဏ္ဍမှ (၁၅)ဦးနှင့် ပညာရေးကဏ္ဍမှ(၃၀)ဦး ပါဝင်ပြီး(၁၀၇၆)ဦးအနက် စစ်ကိုင်းတိုင်းမှာ (၃၁၃)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး (၂၅၉)ဦးဖြင့် ရခိုင်ပြည်နယ်မှာ သေဆုံးမှု ဒုတိယ အများဆုံးဒေသဖြစ်တယ်လို့သိရပါတယ်။


ထို့ပြင် ၎င်း(၁၀၇၆)ဦးတွင် သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့်(၃၁၈)ဦးမှာ စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အများဆုံး သေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် (၃၀၈)ဦးဖြင့် ဒုတိယအများဆုံး သေဆုံးခဲ့ရပါတယ်။


========================


📌📌 ၇။ "Guilt" ဇာတ်ကားကိုဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့မှာ ပြသသွားဖို့ ရှိနေ


ဇူလိုင်လ ၄ရက်။

"Guilt" ဇာတ်ကားကိုဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့မှာ ပြသသွားဖို့ ရှိနေတယ်လို့သိရပါတယ်။


ဇူလိုင်၄ရက်မှာ Artists Shelterကအသိပေးဖော်ပြပါတယ်။


"Guilt"ဇာတ်ကားကိုလည်း "သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ" နိုင်ငံတကာရုပ်ရှင်ပြပွဲများနှင့်အတူ ပြသနေပါတယ်။ ဒီရှင်ရှင်ပြပွဲမှာ "Guilt" ဇာတ်ကားအပြင် အခြားတော်လှန်အနုပညာရှင်တွေ ဖန်တီးထားကြတဲ့ ဇာတ်ကား ()ကားလည်း ပါဝင်ပြသနေပါတယ်။ ကမ္ဘာအနှံ့က မြိုးပေါင်း (၂၀) ကျော်မှာလည်း ပြသခဲ့ပြီးပါပြီ။ နောက်ထပ်လည်း အနီးဆုံးအနေနဲ့ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမား မြို့မှာ ပြသသွားဖို့ ရှိနေပါသေးတယ်။ ဒါကြောင့် ဟီရိုရှီးမားနဲ့ အနီးတဝိုက်က ပရိသတ်များကိုလည်း လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်ပါတယ်"လို့ဆိုပါတယ်။


Guilt ဇာတ်ကားကို ဒါရိုက်တာဏကြီးက ရိုက်ကူးထားပြီး ဒေါင်း၊ ပိုင်ဖြိုးသု၊ ဘုန်းဆက်သွင်၊ ဂျပန်ကြီး အစရှိတဲ့ အနုပညာရှင်တွေက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ယောဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ဖမ်းဆီးရမိထားသော ပျူစောထီးများကို မြို့နယ်ပအဖ ထံ လွှဲပြောင်း အပ်နှံ


ဇူလိုင်လ ရက်။

Radio NUG

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)က ဖမ်းဆီးရမိထားတဲ့ ပျူစောထီး နှစ်ဦးကို စစ်သုံ့ပန်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရန် ဂန့်ဂေါမြို့နယ် .. အဖွဲ့ထံ ဇူလိုင်လ ရက်နေ့က လွဲပြောင်းပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


ပြီးခဲ့တဲ့ မေလ ၂၃ ရက်က YPDF ရှေ့တန်း တပ်ခွဲ ()မှ ရဲဘော်များဟာ ကုက္ကား ပျူရွာအနီး ကင်းလှည့်နေစဉ်မှာ မသင်္ကာဖွယ် လူနှစ်ဦးကို စစ်ဆေးခဲ့ရာ ပျူစောထီးများ ဖြစ်နေတာကြောင့် လက်နက်နှင့်တကွ ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ ပျူစောထီး နှစ်ဦးထံမှ လက်လုပ်ပြောင်းချော သေနတ်အတို လက်၊ ကပစထုတ် .၅၆ ကျည် ၁၇ တောင့်၊ စကားပြောစက် လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


ဖမ်းဆီးခံခဲ့ရတဲ့ ပျူစောထီး နှစ်ဦးမှာ ကုက္ကားကျေးရွာမှ သန်းလွင် (၅၆ နှစ်)နှင့် သန်းထွေး (၅၈ နှစ်)တို့ ဖြစ်ကြပြီး ၎င်းတို့အား YPDF တပ်ဖွဲ့ ဌာနချုပ်ရှိ အချုပ်ထောင်တွင် လူ့အခွင့်အရေး စံနှုန်းများကို မထိခိုက်စေဘဲ ကောင်းမွန်စွာ ထိန်းသိမ်း ထားခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် လုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေး အစိုးရရဲ့ စစ်သုံ့ပန်း ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်နိုင်ရန် ဗဟိုဦးဆောင်ကော်မတီအစည်းအဝေး (/၂၀၂၄) ဆုံးဖြတ်ချက်အရ ဂန့်ဂေါ ပအဖထံ လွဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း()(၁၀)ရက်မြောက် မိုးမိတ်မြို့ ရွှေသာယာတပ်စခန်းအား သိမ်းပိုက်နိုင်ပြီး အခြားမြို့နယ်တွင်လည်း တိုက်ပွဲပြင်းထန်လျက်ရှိ


ဇူလိုင်လ ၄ရက်။

RadioNUG


တအာင်းပြည် တပ်မဟာ ()စစ်ဒေသ မိုးမိတ်မြို့နယ် ရွှေသာယာတပ်စခန်းအား ဇူလိုင် () ရက်နေ့တွင် တအာင်းတပ်မတော် TNLA  PDF (မိုးကုတ်ဗျုဟာ) ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


တပ်မဟာ () စစ်ဒေသ နောင်ချိုမြို့တွင် တအာင်းတပ်တော် TNLA DPLA MDY-PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား ဒုံးတပ် (၆၀၆) တပ်စခန်းတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်သည် ဘန်ဘွေးရွာမှ တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် (၆၀၆) စခန်းသို့ နံနက် (:၄၇)မှ နေ့လည် (၁၂:၃၆)နာရီအချိန်ထိ ဟောင်ဝိဇာ လက်နက်ကြီး (၁၂)လုံး ပစ်ခတ်ပြီး တအာင်းပြည်အတွင်း စစ်ဖြစ်ပွားရာဒေသများအား စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု (၁၅) ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တပ်မဟာ () စစ်ဒေသ မိုးကုတ်မြို့ ရှမ်းကျောင်းဒေသ၌လည်း ညနေ (:၄၀)နာရီ အချိန်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကာ တပ်မဟာ() စစ်ဒေသ သီပေါမြို့နယ် ဒုဌဝတီတံတားအနီးရှိ စစ်ကောင်စီတပ်စခန်းအား တအာင်းတပ်မတော် TNLA မှ ညနေ (:၃၀)နာရီအချိန်တွင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


တပ်မဟာ () စစ်ဒေသ မိုင်းရယ်မြို့နယ် နမ့်တုံနှင့် ကုံးမုံရွာဒေသဘက်သို့ ညနေ (:၃၀)နာရီအချိန်တွင် စစ်ကောင်စီမှ လက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့ပြိး တပ်မဟာ () စစ်ဒေသ တန့်ယန်းမြို့နယ် လွယ်လိန်းတောင်ဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး () လုံး ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ စစ်တပ်ပိုင် RED RUBY စီးကရက် စက်ရုံ ဖောက်ခွဲတိုက်ခိုက်ခံရ


ဇူလိုင်လ ရက်။ 

Radio NUG


ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်ပိုင် RED RUBY စီးကရက် စက်ရုံကို ချိန်ကိုက်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက သတင်းထုတ်ပြန်ထားပါတယ်။


ဇွန်လ ၃၀ ရက် နာရီ ၄၄ မိနစ်မှာ အခုလို ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် စက်ရုံဝင်းအတွင်း မီးလောင်ကျွမ်းခဲ့တာတွေ ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။


စစ်ကောင်စီရဲ့ စီးပွားရေးထောက်တိုင် တစ်ခုဖြစ်တဲ့ RED RUBY စီးကရက် စက်ရုံအား တိုက်ခိုက်မှုကို ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ Slayers of Tyrants (SOT) အဖွဲ့က ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


ဆက်လက်ပြီး စစ်ကောင်စီကို အမြစ်ပြတ် ခြေမှုန်းရန် ၎င်းရဲ့ စီးပွားရေး ထောက်တိုင်များကို တိုက်ခိုက်ခြင်းမှာလည်း အဓိကကျတာကြောင့် ပြည်သူများအနေဖြင့် အဆိုပါ ပစ်မှတ်များနဲ့ ဝေးဝေးနေပေးကြဖို့ကိုလည်း ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩 ၄။ စစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားတဲ့ ရေဦးရဲစခန်းအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက် 


ဇူလိုင်လ ရက်။ 

Radio NUG

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ စစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားတဲ့ ရေဦးရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်၊ တပ်ရင်း ၁၄၊ ရေဦး PDF က သတင်းထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ရက်နေ့ မနက် ၁၀ နာရီ ၅၅ မိနစ်အချိန်မှာ အဆိုပါ ရေဦး ရဲစခန်းကို Fixed-Wing  Drone စီးဖြင့် ဗုံးသီး လုံး ကျဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသန်း ပစ်ခတ်ခဲ့ပေမယ့် PDF ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း၊ ရေဦး PDF ဒရုန်းတပ်စုက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ရမည်းသင်းမြို့နယ်တွင် အချုပ်ကား လုံခြုံရေး လိုက်လာတဲ့ ဆိုင်ကယ်စီး ရဲ ဦး မိုင်းဆွဲခံရ


ဇူလိုင်လ၄ရက်။

RadioNUG

ဇူလိုင်လ ရက်နေ့တွင် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် ရွှေဒါးကျေးရွာ တောင်ဘက် စက်မှု စက်ရုံအနီးတွင် အချုပ်ကား လုံခြုံရေး လိုက်လာသော ဆိုင်ကယ်စီးလာသည့် ရဲများကို မိုင်းဆွဲ တိုက်ခိုက်ရာ ဦး သေဆုံးခဲ့ကြောင်း တိုက်ဒေါင်းအဖွဲ့ထံမှ သိရပါတယ်။


တိုက်ခိုက်မှုအတွင်း ရဲ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို တိုက်ဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ရမည်းသင်း ပကဖ ပျော်ဘွယ် ပကဖ ညီနောင် မဟာမိတ် ဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ လားရှိုးမြို့နယ်မှာ စစ်ကောင်စီက သံချပ်ကာကားတွေနဲ့ တိုက်ခိုက်နေ၊ ၂ရက်အတွင်း အရပ်သား ၁၄ဦး သေဆုံး


ဇူလိုင်လ ၄ရက်။ 

RadioNUG

လားရှိုးမြို့အနီး ရပ်ကွက်- အောက်မန်အိုင်ဖက်တွင် စစ်ကောင်စီ တင့်ကားအမြောက် ၁၃ စီးလောက် တက်သွားပြီး ခမရ-၅၀၇ ကနေ ပစ်ခတ်နေကာ မန်အိုက်ဘက်တွင် လေယာဉ်ဝဲနေတာကြောင့် ရွာထဲက ပြည်သူတွေ တောထဲပြေးပုန်းနေကြရတယ်လို့ သိရပါတယ်။

 

နမ္မတူလမ်းခွဲတောရကျောင်းအနီးမှာ ညနေ နာရီခန့်က ရှော့တိုက်ဒုန်း တစ်လုံးကျပေမယ့် မပေါက်ကွဲဘူးလို့ သိရပါတယ်။

 

လားရှိုး ရပ်ကွက်- ဘူတာ သံလမ်းအကျော် မူလွန် ၁၅ ကျောင်းကို နေ့လယ် နာရီခွဲခန့်က လက်နက်ကြီးကျပေမယ့် ကျောင်းပိတ်ထားလို့ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

 

ဇူလိုင်လ ၄ရက် နံနက်တွင် ရပ်ကွက် () အတွင်း လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် သားအမိ ()ဦး သေဆုံးပြီး ရပ်ကွက်(၁၁)ရှိ ပညာရေးကောလိပ်အနောက်ဘက်တွင် လက်နက်ကြီးတစ်လုံး ထပ်မံကျရာ ဒေသခံ ()ဦး သေဆုံးခဲ့ပါတယ်။


ရပ်ကွက် ()တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား () တစ်ဦး သေဆုံးပြီး ထိုရပ်ကွက်အတွင်း အရပ်သား (၁၀)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ရက်တာကာလအတွင်း အရပ်သား ၁၄ ဦး သေဆုံးကာ အမျိုးသမီး ဦး၊ ကလေး ဦး၊ ပန်အွတ်ကျောင်းက ကိုရင် တစ်ပါးလဲ ပါဝင်ပါတယ်။


မြို့တွင်းမှာ ပြည်သူအများ ပိတ်မိနေပြီး လားရှိုးကနေ သီပေါကြား စဉ်အင်ဘက်ကို ဇူလိုင် ရက်နေ့ မနက်ပိုင်းက ထွက်ခွာလို့ရခဲ့တဲ့ ကားတွေဟာ စဉ့်အင်ဖောင်ဆိပ်မှာ ရာနဲ့ချီစောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ မတူပီတိုက်ပွဲအတွင်း စစ်ကောင်စီမှ ဒဏ်ရာရစစ်သားများ သယ်ယူရန် အသုံးပြုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ခိုလှုံ


ဇူလိုင်လ ၄ရက်။

RadioNUG

ချင်းညီနောင်နှင့် မဟာမိတ် တပ်ဖွဲ့များမှ ဖော်ဆောင်ခဲ့သော မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီမှ စစ်ကြောင်းများတွင် ညှပ်ထည့်ခဲ့ပြီး ဒဏ်ရာရစစ်သားများ သယ်ယူရန်အတင်းအဓမ္မ ခိုင်းစေ အသုံးပြုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ခိုလှုံလာကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (တပ်မဟာ-)က သတင်းထုတ်ပြန်ပါတယ်။


၂၀၂၄ ခုနှစ်၊ ဇွန်လ()ရက်နေ့တွင် စကစမှ နိုင်ငံရေး အကျဉ်းသားများကို မတူပီမြို့မ ရဲစခန်းအချုပ်မှ မတူပီအခြေချ စစ်ဗျူဟာနှင့် ခလရ (၁၄၀) ဖက်သို့ ရွေ့ပြောင်း ချုပ်လှောင်ခဲ့ပြီး တော်လှန်ရေး အင်အားစုများက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်၍ စကစ စစ်ကြောင်း တပ်ပျက်စဉ်တွင် လွတ်မြောက်လာခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။


လွတ်မြောက်ခိုလှုံသူများမှာ ပညာရေးနဲ့ စိုက်ပျိုးရေးက CDM ဝန်ထမ်းနှစ်ဦး၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျနေသူ နှစ်ဦး၊ ဓမ္မအမှုတော်ဆောင် တစ်ဦး၊ အမျိုးသမီး တစ်ဦးနဲ့ အခြား စုစုပေါင်း ၁၃ ဦး လွတ်မြောက်ခိုလှုံခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment