17th AUG 2024 - Morning Daily News by Radio NUG

 

၂၀၂၄ သြဂုတ်လ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ "ပုပ်နေတဲ့အသီး အစိတ်အပိုင်းတွေကိုဖယ်ထုတ်မလား အကူးခံမလားဆိုတာစစ်တပ် ပြုပြင်ပြောင်းလဲလိုတဲ့သူတွေ စဥ်းစားရမဲ့အချိန်"လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ဆို

📌 ၂။ "စစ်တပ်က ဘားတိုက် ပြန်သင့်ကြောင်း အမြင်စစ်ကောင်စီတပ်ထဲ ပိုအားကောင်းလာတယ်"လို့ကာကွယ်ရေးဝန်ကြီးဆို

📌 ၃။ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က ရေးရာကော်မတီ()ခုအား မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကျင်းပ၍ အတည်ပြုတာဝန်ပေးအပ်

📌 ၄။ ပခုက္ကူခရိုင် အမှတ်()တပ်ရင်းမှ ရပ်ကျေးမွမ်းမံသင်တန်း အပတ်စဥ်()အောင်မြင်စွာ ပြုလုပ်ခဲ့

📌 ၅။ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းမှတ်အဖြစ် ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာတာဝန်ခံ၊ MOCITတို့ပူးပေါင်းကာ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခဲ့

📌 ၆။ ထီးလင်းမြို့နယ်မှာ စကစတပ်များကျေးရွာများသို့ တပ်ဖြန့်ဝင်ရောက်နေ၍ ကျေးရွာ ရွာမှ ပြည်သူ ၃၀၀၀ ကျော် စစ်ရှောင်နေကြရ

📌 ၇။ စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး(၁၁)ဦးနှင့် အမျိုးသား()ဦး စုစုပေါင်း (၁၈)ဦး သေဆုံးခဲ့ပြီး အသက် ၁၄ နှစ်အရွယ် မိန်းကလေး () ဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ () ဦး ပါဝင်


၂၀၂၄ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က ဖမ်းမိတဲ့ စစ်သုံ့ပန်းမိသားစုဝင် ၁၈၅ ဦးကို MNDAA ပြန်လွှတ်ပေး 

🚩 ၂။ ဂန့်ဂေါ MOGE ရေနံမှော်ကင်းစခန်းနဲ့ရေနံကျင်း ကင်းစခန်းကို သိမ်းပိုက်ရာ စစ်ဗိုလ်နဲ့ရဲအရာရှိအပါအဝင် ၁၂ဦး သေဆုံးပြီး ၁၂ ဦး ဖမ်းမိ

🚩 ၃။ ငါန်းဇွန်မြို့၊ မြို့သာစက်မှုဇုန်ရး စစ်တပ် အထိုင်စခန်း တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

🚩 ၄။ တောင်သာနယ်ကဒေသခံတွေ ဗုံးခိုကျင်းတူးထားကြဖို့ မြို့နယ်ပကဖ သတိပေး

🚩 ၅။ နမ့်လန်မြို့ကို လက်နက်ကြီးကျပြီး နေအိမ်တချို့ပျက်စီး 

🚩 ၆။ ရှေးဟောင်းသမိုင်းဝင် စေတီများကို မြင်းခြံ ခမရ(၁၅)က လက်နက်ကြီးနှင့်ပစ်ခတ်၍ စေတီနှစ်ဆူပြိုကျ ပျက်စီး

🚩 ၇။ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ သို့အလင်းဝင်လာသူ စစ်ကောင်စီ တပ်သား ဦးအား ဆုငွေချီးမြှင့် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ "ပုပ်နေတဲ့အသီး အစိတ်အပိုင်းတွေကိုဖယ်ထုတ်မလား အကူးခံမလားဆိုတာစစ်တပ် ပြုပြင်ပြောင်းလဲလိုတဲ့သူတွေ စဥ်းစားရမဲ့အချိန်"လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ဆို


ဩဂုတ်လ ၁၆ရက်။

Radio NUG

"ပုပ်နေတဲ့အသီး အစိတ်အပိုင်းတွေကိုဖယ်ထုတ်မလား အကူးခံမလားဆိုတာ စစ်တပ် ပြုပြင်ပြောင်းလဲလိုတဲ့သူတွေ စဥ်းစားရမဲ့အချိန်"လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ကဆိုပါတယ်။


သြဂုတ်လ ၁၆ရက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ရဲ့ "ပြည်သူများသို့ အောင်စကား" မှကောက်နုတ်ချက်ကို ပြန်လည်ဖော်ပြပါတယ်။


"ပုပ်နေတဲ့အသီးထဲက အစိတ်အပိုင်းတွေကို ကိုယ်ကိုတိုင်ဖယ်ထုတ်မလား ဒါမှမဟုတ် အဲဒီ့ပုပ်နေတဲ့အစိတ်အပိုင်းကို အသီးတခုလုံးကို အကူးခံမလားဆိုတာ အခုချိန်မှာ တပ်မတော်ထဲက တကယ့်တပ်မတော်ကိုချစ်တဲ့သူတွေ ပြုပြင်ပြောင်းလဲလိုတဲ့သူတွေ စဥ်းစားရမဲ့အချိန်လို့မြင်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


၁၀၂၇ စစ်ဆင်ရေး အပိုင်း၁ကတည်းက စစ်ရှုံးနေတဲ့အကြမ်းဖက်စစ်တပ်ဟာ အပိုင်း၂စစ်ဆင်ရေးမှာလည်း လက်နက်ချအညံ့ခံမှုအများအပြားရှိနေပါတယ်။


========================


📌📌 ၂။ "စစ်တပ်က ဘားတိုက် ပြန်သင့်ကြောင်း အမြင်စစ်ကောင်စီတပ်ထဲ ပိုအားကောင်းလာတယ်"လို့ကာကွယ်ရေးဝန်ကြီးဆို


ဩဂုတ်လ ၁၆ရက်။

Radio NUG

"စစ်တပ်က ဘားတိုက်ပြန်သင့်ကြောင်း အမြင် စစ်ကောင်စီတပ်ထဲ ပိုအားကောင်းလာတယ်"လို့ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ဆိုပါတယ်။


ကာကွယ်ရေးဝန်ကြီး၏ Myanmar Now သတင်းဌာနနှင့် အင်တာဗျုး ကောက်နုတ်ချက်ကို သြဂုတ်လ၁၆ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။


"အာဏာသိမ်းတာမှားတယ်၊ စစ်တပ်ဟာ နိုင်ငံရေးနဲ့ကင်းကင်းနေသင့်တယ်။ အခုအာဏာကို ပြည်သူ့လက်ပြန်အပ်ပြီး တပ်ဟာ ဘားတိုက်ပြန်သင့်တယ်ဆိုတဲ့ အယူအမြင်ရှိတဲ့သူတွေ တပ်ထဲ(စစ်ကောင်စီတပ်) ပိုအားကောင်းလာတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သတိပြုမိပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၄ ခုနစ်၊ ဇန်နဝါရီလအတွင်း စစ်သား၊ စစ်အရာရှိ၊ ဗိုလ်မှူးချုပ်()ဦး အပါအဝင် တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင် ၃၇၂၄ ဦး အလုံးအရင်းလိုက် ကိုးကန့် MNDAA တပ်ထံ လက်နက်ချခဲ့ပါတယ်။ 


အလားတူ ကရင်ပြည်နယ်၊ သင်္ကန်းညီနောင် အခြေချ စစ်ဗျူဟာ ၂၀၂၄ ခုနစ်၊ ဧပြီလအတွင်း ကရင်အမျိုးသား အစည်းအရုံး KNU/KNLA ထံကို အရာရှိ (၆၇) ဦး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆၁၇)ဦး လက်နက်ချခဲ့ပါတယ်။ 


ထို့အတူလားရှိုးမြို့နယ်တွင်းမှာရှိတဲ့ ဒုတိယ ဗိုလ်မှူးကြီ()ဦး၊ ဗိုလ်မှူး()ဦး၊ ဗိုလ်ကြီး()ဦးတို့ အပါအဝင် စုစုပေါင်း (၃၁၇) ဦး ကိုးကန့် MNDAA ထံကို ၂၀၂၄ ခုနစ် ဇူလိုင်လအတွင်း လက်နက်ချခဲ့ပါတယ်။


========================


📌📌 ၃။ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က ရေးရာကော်မတီ()ခုအား မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကျင်းပ၍ အတည်ပြုတာဝန်ပေးအပ်


ဩဂုတ်လ ၁၆ရက်။

Radio NUG

မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က ရေးရာကော်မတီ ()ခုအား မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကျင်းပ၍ အတည်ပြုတာဝန်ပေးအပ်ခဲ့ပါတယ်။


မကွေးဖက်ဒရယ်ယူနစ် လွှတ်တော်က သြဂုတ်လ၁၆ရက် သတင်းထုတ်ပြန်ဖော်ပြပါတယ်။


မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်သည် လွှတ်တော်၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များအား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရေးရာကော်မတီ()ခုအား မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကျင်းပ၍ အတည်ပြုတာဝန်ပေးအပ်ခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါကော်မတီများမှာ ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာကော်မတီ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ ကော်မတီ၊ ပြည်သူဘဝလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရးကော်မတီ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသားရေးရာကော်မတီတို့ပါဝင်ပါတယ်။


========================


📌📌 ၄။ ပခုက္ကူခရိုင် အမှတ်()တပ်ရင်းမှ ရပ်ကျေးမွမ်းမံသင်တန်း အပတ်စဥ်()အောင်မြင်စွာ ပြုလုပ်ခဲ့


ဩဂုတ်လ ၁၆ရက်။

Radio NUG

ညီညွတ်သော အရွေ့တစ်ခုမှသည် အောင်မြင်သော တော်လှန်ရေးဆီသို့ ဦးတည်ရှေးရှုမှုဖြင့် ရပ်ရွာပေါင်းစုံရှိ ရပ်ကျေးခေါင်းဆောင်များ၏ ကြိုးပမ်းမှုဖြင့် ပခုက္ကူခရိုင် အမှတ် ()တပ်ရင်းမှ ဦးစီးကာ တော်လှန်လူငယ်များအား ရပ်ကျေးမွမ်းမံသင်တန်း အပတ်စဥ် ()ကို တစ်လကြာ စုဖွဲ့လေ့ကျင့်ပေးခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် () တပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။


သင်တန်းတွင် တက်ရောက်ကြသော တော်လှန်လူငယ်များသည် ပြည်သူများနှင့် အနီးဆုံးတွင် တော်လှန်ရေး၏ နိုင်ရာဝန် ထမ်းကြသူများဖြစ်၍ ပြည်သူနှင့် ဆက်ဆံနည်း၊ ရပ်ကျေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် အကန့်အသတ်များ စသော သင်ခန်းစာများကို သင်ကြားပေးခဲ့သည့်အပြင် စစ်ရေးဆိုင်ရာ သင်ခန်းစာများ၊ မိုင်းသင်ခန်းစာများ၊ အရေးပေါ် ဆေးဝါးကုသနည်း၊ လက်နက်ငယ်သင်ခန်းစာတို့ကို သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။


(၁၂..၂၀၂၄)မှ (၁၂..၂၀၂၄)အထိ တစ်လကြာ လေ့ကျင့်ပေးခဲ့ပြီး သင်တန်းကာလတစ်လျှောက် ကြိုးစားခဲ့သော ထူးချွန်ကျောင်းသားများအား ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း၊ ဂုဏ်ပြုသီဆိုဖျော်ဖြေခြင်း အစီအစဉ် များစွာဖြင့် အောင်မြင်စွာ သင်တန်းဆင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းမှတ်အဖြစ် ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာတာဝန်ခံ၊ MOCITတို့ပူးပေါင်းကာ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခဲ့


ဩဂုတ်လ ၁၆ရက်။

Radio NUG

ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာ တာဝန်ခံမှ ဦးစီးပြီး MOCIT ဌာန FEDERAL -NET ဆိုင်များတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းမှတ်ပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပြိုင်ပွဲသို့ ဖိတ်ကြားထားသော မြို့နယ်ပ-- အဖွဲ့ဝင်အချို့နှင့် တာဝန်ရှိသူများတက်ရောက်၍ မြို့နယ်ပအဖနာယကမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

"လူငယ်များနေ့လည်းဖြစ်တာကြောင့် လူငယ်တွေရဲ့ အနာဂတ်အတွက် သူတို့ကို သေချာရှင်းလင်းပြောပြရတယ်။ အဓိက က gameကစားခြင်းရဲ့ကောင်းကျိုး ဆိုးကျိုးကို နှိုင်းယှဉ်ပြီး လူငယ်တွေချင့်ချိန်နိုင်စေဖို့ပါ"ဟု ပွဲစီစဉ်သူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။ ထို့နောက်ပြိုင်ပွဲကို လူငယ်များကဦးဆောင်၍ ဆုများကိုပထမ၊ ဒုတိယအဖြစ်သတ်မှတ်၍ ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲသို့လာရောက်သူများကို ကြာဇံကြော်ဖြင့်ကျွေးမွေးဧည့်ခံကာ ညနေပိုင်းတွင်အောင်မြင်စွာကျင်းပ ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

"စီစဉ်တာတော့MOWYCAနဲ့MOCITတို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။ အဆင်ပြေပါတယ် ကျွန်တော်တို့လူငယ်တွေလည်း ဂိမ်းရဲ့ကောင်းကျိုး ဆိုးကျိုးတွေကို သိသွားတော့နောက်ပိုင်း ချင့်ချိန် စဉ်းစားလို့ရတာပေါ့။ အလုပ်ကိစ္စတစ်ခုကိုခေါင်းဆောင်နိုင်မှုစွမ်းအားတွေ အဖွဲ့အချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်မှု ကောင်းကျိုးတွေတော့ရတာပေါ့"ဟုပွဲတက်လာသူလူငယ်တစ်ဦးမှဆိုပါတယ်။

ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ ကူညီထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များကို ဌာနပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိနေပါတယ်။


========================


📌📌 ၆။ ထီးလင်းမြို့နယ်မှာ စကစတပ်များကျေးရွာများသို့ တပ်ဖြန့်ဝင်ရောက်နေ၍ ကျေးရွာ ရွာမှ ပြည်သူ ၃၀၀၀ ကျော် စစ်ရှောင်နေကြရ


ဩဂုတ်လ ၁၆ရက်။

Radio NUG

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စကစတပ်များကျေးရွာများသို့ တပ်ဖြန့်ဝင်ရောက်နေ၍ ကျေးရွာ ရွာမှ ပြည်သူ ၃၀၀၀ ကျော် စစ်ရှောင်နေကြရတယ်လို့သိရပါတယ်။


သြဂုတ်လ ၁၆ရက် ထီးလင်းမြို့နယ်အနောက်ခြမ်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးဆိုပါတယ်။


"သြဂုတ်လ၁၅ရက် မနက်အစောပိုင်း ထီးလင်းမြို့က ထွက်လာတဲ့ စကစ စစ်ကြောင်းဟာ ကွမ်းဇဲရွာသို့ဝင်ရောက်ခဲ့ပြီး အုန်းတွဲရွာမှာ ညအိပ်စခန်းချခဲ့ပါတယ်။ သြဂုတ်လ၁၆ရက်နေ့ မနက်ပိုင်းမှာ ပေါင်မင်းတောင် ခြေရင်းအတိုင်းဖြတ်ပြီး ကျောက်အုပ်ရွာသို့ နေ့လည်ပိုင်းမှာ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ညနေ နာရီ ဝန်းကျင်မှာတော့ ကြာဥယျာဉ်ရွာကို ဝင်ရောက်ခဲ့ကြပါတယ်။ လတ်တလော အခြေအနေအရ စစ်ကြောင်းအန္တရာယ်ကြောင့် ကျေးရွာ ရွာမှ ပြည်သူ ၃၀၀၀ ကျော် စစ်ရှောင်နေကြရပါတယ်။ အချိန်နှင့်အမျှ အကူအညီများလည်း လိုအပ်လျက် ရှိပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စကစတပ်များဟာ နယ်မြို့များမှာ အရပ်သားနေထိုင်ရာနေရာများကို တိုက်ခိုက်ခြင်းနဲ့ မီးရှို့ဖျက်ဆီးမှုများမကြာခဏလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၇။ စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး(၁၁)ဦးနှင့် အမျိုးသား()ဦး စုစုပေါင်း (၁၈)ဦး သေဆုံးခဲ့ပြီး အသက် ၁၄ နှစ်အရွယ် မိန်းကလေး () ဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ () ဦး ပါဝင်


ဩဂုတ်လ ၁၆ရက်။

Radio NUG

စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၁)ဦးနှင့် အမျိုးသား ()ဦး စုစုပေါင်း (၁၈)ဦး သေဆုံးခဲ့ပြီး အသက် ၁၄ နှစ်အရွယ် မိန်းကလေး ()ဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ ()ဦး ပါဝင်တယ်လို့သိရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ရက်နေ့မှ ၁၆ ရက်နေ့အထိ စစ်ကိုင်းတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၁)ဦးနှင့် အမျိုးသား ()ဦး စုစုပေါင်း (၁၈) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


သေဆုံးရခြင်း အကြောင်းအရင်းမှာလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြရပြီး (၁၈)ဦးအနက် အသက် ၁၄ နှစ်အရွယ် မိန်းကလေး ()ဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ ()ဦး ပါဝင်တယ်လို့သိရပါတယ်။


ဩဂုတ်လ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီကျော်ခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၌ အကြမ်းဖက်စစ်အုပ်စု၏ မအူဂိတ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ထနောင်းတောကျေးရွာဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးတို့သည် ကျည်စထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ကြရပါတယ်။


၎င်းသေဆုံးသူများထဲမှ နှစ်ဦးသည် နေရာတွင်ပင် သေဆုံးခဲ့ကြသူများဖြစ်ပြီး ခြောက်ဦးသည် ကျေးရွာ အရေးပေါ်ဆေးပေးခန်းတွင်လည်းကောင်း၊ သုံးဦးသည် ဆေးရုံတွင်လည်းကောင်း ကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က ဖမ်းမိတဲ့ စစ်သုံ့ပန်းမိသားစုဝင် ၁၈၅ ဦးကို MNDAA ပြန်လွှတ်ပေး 


ဩဂုတ်လ ၁၆ရက်။

Radio NUG

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာအခြေစိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း မိသားစုဝင် ၁၈၅ ဦးကို ငွေကျပ် ၅သောင်းစီ ထောက်ပံ့ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ MNDAA က ပြောပါတယ်။ 

လားရှိုးမြို့ သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း မိသားစုဝင် ၁၈၅ ဦးကို ဩဂုတ်လ ၁၃ ရက်နေ့မှာထပ်မံ လွှတ်ပေးလိုက်တာဖြစ်ပြီး သတ္တမအကြိမ်မြောက် လွှတ်ပေးလိုက်တာလို့ သိရပါတယ်။

MNDAA အနေနဲ့ လားရှိုးမြို့ သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း မိသားစုဝင်တွေကို အသုတ်လိုက်ခွဲပြီး ပြန်လွှတ်ပေးနေတာလည်းဖြစ်ပါတယ်။ 

ထို့အတူ ဩဂုတ်လ ၁၁ ရက်နေ့ကလည်း စစ်သုံ့ပန်း ၅၅ ဦးကို MNDAA က ပြန်လွှတ်ပေးခဲ့ပါသေးတယ်။ 

ကိုးကန့်တပ်မတော် MNDAA အနေနဲ့ ဩဂုတ်လ ရက်နေ့ကစပြီး လားရှိုးမြို့သိမ်းတိုက်ပွဲကနေ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ စစ်တပ်မိသားစုဝင်တွေကို ပြန်လွှတ်ပေးခဲ့ရာမှာ လက်ရှိအချိန်မှာ စစ်သုံ့ပန်းမိသားစုဝင် ၂၀၀၀ ကျော်နဲ့ စစ်သုံ့ပန်း ၃၄၁ ဦးကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ဂန့်ဂေါ MOGE ရေနံမှော်ကင်းစခန်းနဲ့ရေနံကျင်း ကင်းစခန်းကို သိမ်းပိုက်ရာ စစ်ဗိုလ်နဲ့ရဲအရာရှိအပါအဝင် ၁၂ဦး သေဆုံးပြီး ၁၂ ဦး ဖမ်းမိ


ဩဂုတ်လ ၁၆ရက်။

Radio NUG

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာရှိတဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ရေနံမှော်ကင်းစခန်းနဲ့ ရေနံကျင်း ကင်းစခန်းကို သိမ်းပိုက်ခဲ့ရာမှာ ဗိုလ်ကြီးတဦးနဲ့ ရဲအရာရှိတဦးအပါအဝင် ၁၂ ဦးသေဆုံးကာ ဒုအရာဗိုလ်အပါအဝင် ၁၂ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် စစ်ဒေသရုံးက သြဂုတ် ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဂန့်ဂေါမြို့နယ် ကျောတိုက်နယ်အတွင်းက MOGEရေနံမှော်ကင်းစခန်း - Well-1 ထုတ်လုပ်ရေးစခန်းနဲ့ ရေနံကျင်း ကင်းစခန်းကို ဩဂုတ် ၁၅ ရက်က သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ကပစ-၂၃ တပ်က ဗိုလ်ကြီး သော်ဇင်အောင်နဲ့ ဒုရဲအုပ် ကိုကိုအောင် အပါအဝင် ၁၂ ဦး သေဆုံးပြီး ကပစ ၂၃ က ဒုအရာဗိုလ် ဝင်းမြင့်ထွန်းအပါ ၁၂ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့လည်း အမှတ် စစ်ဒေသရုံးက အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီထံက လက်နက်မျိုးစုံ ၃၀ လက်၊ ကျည်မျိုးစုံ ၂၆၀၀ ကျော်၊ မိုင်း ၇လုံး၊ ဗုံးသီး လုံးနဲ့ စစ်သုံးပစ္စည်း အချို့ သိမ်းဆည်းရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံးကွပ်ကဲမှုနဲ့ ဂန့်ဂေါခရိုင်တပ်ရင်း ၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉ ABSDF KKG တပ်ရင်း ၄၊ ၅၊ ၆၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ Hyper UAV Force နဲ့ ကျောတိုက်နယ် ပကဖ ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက် ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ငါန်းဇွန်မြို့၊ မြို့သာစက်မှုဇုန်ရး စစ်တပ် အထိုင်စခန်း တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး


ဩဂုတ်လ ၁၆ရက်။

Radio NUG

ဩဂုတ်လ ၁၆ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုံ၌ အင်အား ၃၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသော အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပကဖက သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပကဖ စဉ့်ကိုင်မြို့နယ် ပကဖ မြင်းခြံ 35 ပြောက်ကျား တပ်ဖွဲ့ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ - မြင်းခြံနှင့် ပြည်ချစ်သား ပြောက်ကျားတပ်ဖွဲ့တို့ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ တောင်သာနယ်ကဒေသခံတွေ ဗုံးခိုကျင်းတူးထားကြဖို့ မြို့နယ်ပကဖ သတိပေး


ဩဂုတ်လ ၁၆ရက်။

Radio NUG

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်နေတဲ့အတွက် ဒေသခံပြည်သူများအနေနဲ့ ဗုံးခိုကျင်းတွေတူးထားကြဖို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေး ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မြေပြင်စိုးမိုးနိုင်မှု အားနည်းလာတဲ့အလျောက် ဝေဟင်ကိုအသုံးပြုပြီး ပြည်သူလူထုနေထိုင်ရာ မြို့ရွာတွေနဲ့ အိုးအိမ်တွေကို ဗုံးကြဲမှုတွေ ဂုဏ်သိက္ခာမဲ့စွာ ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း ပြောထားပါတယ်။  

နွားထိုးကြီး တောင်သာနဲ့ မြင်းခြံမြို့နယ်တို့မှာ သြဂုတ် ၁ဝ ရက် မနက်ပိုင်းကကစပြီး မြင်းခြံခရိုင်အထူးစစ်ဆင်ရေး MDSO အဖြစ် စစ်ဆင်ရေးတွေပြုလုပ်နေတာကြောင့် တောင်သာပကဖက အခုလို သတိပေးလိုက်တာလည်းဖြစ်ပါတယ်။

စစ်ဆင်ရေးကာလမှာ စစ်ရေးအရှိန်ကို မြှင့်သထက်မြှင့်မှာမို့ မိမိအသက်ကိုကာကွယ်ဖို့အတွက် ဗုံးခိုကျင်းတွေ တူးထားကြဖို့ သတိပေးနှိုးဆော်ပါတယ်လို့ တောင်သာပကဖ တာဝန်ရှိသူက ပြောပါတယ်။

အိမ်မှာ မကျန်းမာတဲ့သူ သက်ကြီးဘိုးဘွားတွေသာရှိတဲ့ အိမ်တွေအနေနဲ့ ဗုံးခိုကျင်းတူးဖို့ အခက်အခဲရှိတယ်ဆိုရင် နီးစပ်ရာ ရဲဘော်တွေထံမှာ အကူအညီတောင်းခံနိုင်တယ်လို့လည်း အသိပေးထားပါတယ်။

တဖက်မှာလည်း မြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ စစ်သားများ၊ ရဲများ၊ လက်နက်ကိုင် ပျူစောထီးများ၊ ထွေအုပ်ဝန်ထမ်းများ၊ မီးသတ်ဝန်ထမ်းများ၊ စည်ပင်ဝန်ထမ်းများအနေနဲ့ ပြည်သူ့ရင်ခွင် ဝင်လာကြဖို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

အကြမ်းဖက်စစ်တပ်လက်အောက်မှာ ဂုဏ်သိက္ခာမဲ့စွာ ကြောက်ရွံ့ထိတ်လန့်စွာ အသက်အဆုံးရှုံးခံမယ့်အစား မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ လာရောက်ပူးပေါင်းကြဖို့လည်း နှိုးဆော်ထားပါတယ်။  

ဒီ မြင်းခြံခရိုင် အထူးစစ်ဆင်ရေးကြောင့် တောင်သာမြို့က Non CDM ဝန်ထမ်းတွေ ထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်ကာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ မီးသတ်၊ ရဲစခန်းတို့ကလွဲလို့ ကျန်တဲ့ဌာနဆိုင်ရာအားလုံး ရပ်ဆိုင်းသွားပြီလို့ လူထု လှုပ်ရှားမှုကော်မတီ-တောင်သာကလည်း အသိပေးထားပါတယ်။ 

မြို့ပေါ်ကင်းလှည့်ပတ်မှုမှာဆိုရင်လည်း မီးသတ်ဝန်ထမ်းအချို့နဲ့ စည်ပင်ဝန်ထမ်းအချို့ လိုက်ပါလှည့်ပတ်နေရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ နမ့်လန်မြို့ကို လက်နက်ကြီးကျပြီး နေအိမ်တချို့ပျက်စီး 


ဩဂုတ်လ ၁၆ရက်။

Radio NUG

သြဂုတ်လ(၁၆)ရက်နေ့ ညနေ ()နာရီခွဲ ဝန်းကျင်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့ ကောင်းလန်းရပ်ကွက်ကို လက်နက်ကြီးကျကာ နေအိမ်နှစ်လုံးပျက်စီးသွားကြောင်း ဒေသအရင်းအမြစ်များမှ သိရပါတယ်။


နမ့်လန်မြို့တွင် ဩဂုတ်လ ၁၆ရက်နေ့ နံနက်ပိုင်းက စတင်ကာ စစ်ရေးပြင်းထန်လာပြီး လက်နက်ကြီးကျည်များ မြို့တွင်းကို ညနေပိုင်းတွင် ကျရောက်လာခြင်းဖြစ်ကာ လူထိခိုက်မှုမရှိဘဲ နေအိမ် ၂လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။


သြဂုတ်လ (၁၄)ရက်နေ့တွင် သီပေါမြို့နယ် နောင်ကော်ကြီးရွာ အခြေစိုက် စစ်ကောင်စီတပ် ခလရ(၁၄၇)ကို MNDAAက တိုက်ခိုက်ရာက နမ့်လန်မြို့အနီးတွင် တိုက်ပွဲများ စတင်ဖြစ်လာပြီး နမ့်လန်မြို့အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ(၅၀၆)ကိုလည်း တိုက်ခိုက်နေကာ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရပါတယ်။


========================


🚩🚩 ၆။ ရှေးဟောင်းသမိုင်းဝင် စေတီများကို မြင်းခြံ ခမရ(၁၅)က လက်နက်ကြီးနှင့်ပစ်ခတ်၍ စေတီနှစ်ဆူပြိုကျ ပျက်စီး


ဩဂုတ်လ ၁၆ရက်။

Radio NUG

ရှေးဟောင်းသမိုင်းဝင် စေတီများကို မြင်းခြံ ခမရ(၁၅)က လက်နက်ကြီးနှင့်ပစ်ခတ်၍ စေတီနှစ်ဆူပြိုကျ ပျက်စီးခဲ့ရပါတယ်။


သြဂုတ်လ၁၆ရက်ဒေသခံသတင်းအရင်းအမြစ်များကဖော်ပြပါတယ်။


သြဂုတ်၊၁၅ ရက် ၈နာရီကျော်က မြင်းခြံမြို့ခမရ (၁၅) ၉၉ တပ်မ လက်အောက်ခံက ပစ်ခတ်၍ပျက်စီးခဲ့တာလို့သိရပါတယ်။


မြင်းခြံစစ်တပ်က သြဂုတ်လ ၁၄ ရက်နေ့ကလည်းပစ်ခတ်၍ လက်ဝဲ၊မြင်းနီး ရွာ ရွှေပွင့်စင် ဘုရားအတွင်းရှိစေတီငယ် တစ်ဆူပေါ်လက်နက်ကြီးကျခဲ့ပါသေးတယ်။


ထို့အပြင်အနီးနားရှိနေအိမ်များပါထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။


========================


🚩🚩 ၇။ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ သို့အလင်းဝင်လာသူ စစ်ကောင်စီ တပ်သား ဦးအား ဆုငွေချီးမြှင့် 


ဩဂုတ်လ ၁၆ရက်။

Radio NUG

ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ သို့အလင်းဝင်လာသူ စစ်ကောင်စီ တပ်သား ဦးအား ဆုငွေချီးမြှင့်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာနမှ သတင်းထုတ်ပြန်ပါတယ်။


လက်နက်မဲ့ အလင်းဝင်လာသူ စစ်ကောင်စီ တပ်သား ဦးဖြစ်သည့် တပ်မ ၄၄ လက်အောက်ခံ ခမရ မှ တပ်သား ဝေလင်းထက်၊ ကိုယ်ပိုင်အမှတ် (-၅၇၀xxx) နှင့် ခလရ ၁၂(တပ်ရင်း ၃၅၆)မှ တပ်သား ခွန်ကျော်ဦး၊ ကိုယ်ပိုင်အမှတ် (တတ-၁၃၃xxx) တို့ ဦးအား လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


လက်နက်ချပြီး ပြည်သူနှင့် ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများကို ရန်ကုန်တိုင်းစစ်ဌာနမှ လက်ခံကြိုဆိုလျက်ရှိကာ လူ့အခွင့်အရေး အပြည့်အဝရရှိစေပြီး လက်နက်ဖြင့်အလင်းဝင်လာသူများကို ဆုငွေများ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment