28th AUG 2024 - Morning Daily News by Radio NUG

 


၂၀၂၄ သြဂုတ်လ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်အုပ်စုကို အမြန်ဆုံး နိဂုံးချုပ်ပေးနိုင်မှသာပြည်သူတွေ အသက်ဝဝ ပြန်ရှုနိုင်ကြမှာ ဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြော

📌 ၂။ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေး

📌 ၃။ "မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ စစ်တပ်၏ တရစပ်ဆိုးရွားသော လုပ်ရပ်များကြောင့် အလုံးစုံပျက်သုဉ်းနေပြီလို့သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

📌 ၄။ မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေများကို နိုင်ငံရေးအရ မဖြေရှင်းဘဲ လက်နက်ကိုင် ဖြေရှင်းနေကြခြင်းမှာ ပညာတတ်များ နည်းပါးခြင်းကြောင့်ဟု စစ်ခေါင်းဆောင်ကပြော

📌 ၅။ ကိုးနှစ်ကြာပြီးနောက် မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတွင် ရေဘေးအကူအညီများ WFP ပြန်လည်စတင်ပေးအပ်သွားမည်

📌 ၆။ ၂၀၂၄ ခုနှစ်အတွင်း စကစရဲ့အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ အရပ်သား ၅၀၀ နီးပါးသေဆုံးခဲ့

📌 ၇။ ဩဂုတ်လ ရက်နေ့မှ ၂၇ ရက်နေ့အထိ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၄၀)ဦး သေဆုံးခဲ့ရ


၂၀၂၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။၁၀၂၇ စစ်ဆင်ရေးအပိုင်း ()မှာ သိမ်းပိုက်ရရှိထားတဲ့ မြို့များအား TNLA အထွေထွေ အတွင်းရေးမှူးနှင့် အဖွဲ့ သွားရောက်

🚩 ၂။ ဝဲလောင်ရဲစခန်းအား  Fixed Wing Drone များဖြင့် ဗုံးသီး ၁၀ လုံး ကျဲချတိုက်ခိုက်

🚩 ၃။ ကျွန်းလှတွင် စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး ဦးသေဆုံးကာ လက်နက် ၁၀ လက် သိမ်းဆည်းရရှိ

🚩 ၄။ ရှမ်းမြောက်တိုက်ပွဲအတွင်း သေဆုံးတဲ့ PNA ပအိုဝ်းပြည်သူ့စစ်တွေကို စစ်ကောင်စီက နာရေး လုပ်ခွင့်မပေး

🚩 ၅။ စစ်ကောင်စီ တပ်သား တဦး CDF - Tonzang ထံ လက်နက်နဲ့ အလင်းဝင်

🚩 ၆။ စစ်ကောင်စီတပ်၏ လက်အောက်ခံ ရေးမြို့အခြေစိုက် ခမရ(၅၈၇)မှ တပ်သား()ဦးပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) မြိတ်ခရိုင်အမှတ်()တပ်ရင်းထံသို့ ဆက်သွယ်အလင်းဝင်

🚩 ၇။ မွန်ပြည်တော်လှန်ရေးတပ် မှပင်လယ်ကွေ့ခေါ်သံရိက္ခာကမ်ပိန်း ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ စစ်အုပ်စုကို အမြန်ဆုံး နိဂုံးချုပ်ပေးနိုင်မှသာပြည်သူတွေ အသက်ဝဝ ပြန်ရှုနိုင်ကြမှာ ဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြော


သြဂုတ်လ ၂၇ရက်။

Radio NUG

စစ်အုပ်စုကို အမြန်ဆုံး နိဂုံးချုပ်ပေးနိုင်မှသာပြည်သူတွေ အသက်ဝဝ ပြန်ရှုနိုင်ကြမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၄/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


"ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းတုန်းက အသက် ၃၅ နှစ်အထိ မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေတစ်ခုကို ထုတ်ပြန်ခဲ့ပြီး လူငယ်လူရွယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းဖို့ စေခိုင်းခဲ့တဲ့ အကြမ်းဖက် စစ်အုပ်စုဟာ အခုဆိုရင် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်အဖွဲ့ ဆိုတာကို ဖွဲ့စည်းပြီး အသက် ၃၅ နှစ်ကနေ အသက် ၆၅ နှစ်အထိ အရပ်သားအမျိုးသားတွေကို ရက်တို စစ်သင်တန်းတက်ခိုင်းပြီး ရပ်ကွက်နဲ့ ကျေးရွာတွေက ပြည်သူ့လုံခြုံရေး ကြီးကြပ်အဖွဲ့တွေမှာ မဖြစ်မနေပါဝင်ခိုင်းဖို့ စီစဥ်ဆောင်ရွက်လာပြန်ပါတယ်။ ငွေကြေးတန်ဖိုး ကျဆင်းမှုတွေနဲ့အတူ အထွေထွေအကြပ်အတည်းကို မွန်းကြပ်စွာ ရင်ဆိုင်နေရတဲ့ ပြည်သူတွေကို ဒုက္ခတွေ အထပ်ထပ်ပေးနိုင်ဖို့ အချိန်နဲ့အမျှ စဥ်းစားနေတဲ့ ဒီစစ်အုပ်စုကို အမြန်ဆုံး နိဂုံးချုပ်ပေးနိုင်မှသာ ကျွန်တော်တို့ ပြည်သူတွေ အသက်ဝဝ ပြန်ရှုနိုင်ကြမှာ ဖြစ်ပါတယ်"လို့ပြောပါတယ်။


ဒါ့အပြင် စစ်ရေးရှုံးနိမ့် မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်အုပ်စုဟာ ပြည်သူကို ချနင်းတဲ့ နည်းလမ်းမျိုးစုံသုံးပြီး တိုင်းပြည်ကို သူတို့နဲ့ အတူ အဆုံးစွန်ထိ ဆွဲချသွားချင်နေတယ်လို့ ဝန်ကြီးချုပ်ကသတိပေးပြောပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေး


သြဂုတ်လ ၂၇ရက်။

Radio NUG

သြဂုတ်လ၂၄ရက် အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ အဖွဲ့ဝင်များ ရင်းနှီးစွာ တွေ့ဆုံခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ဖော်ပြပါတယ်။


ထို့နောက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကသတင်းထုတ်ပြန်ပါတယ်။


========================


📌📌 ၃။ "မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ စစ်တပ်၏ တရစပ်ဆိုးရွားသော လုပ်ရပ်များကြောင့် အလုံးစုံပျက်သုဉ်းနေပြီလို့သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော


သြဂုတ်လ ၂၇ရက်။

Radio NUG

"မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ စစ်တပ်၏ တရစပ်ဆိုးရွားသော လုပ်ရပ်များကြောင့် အလုံးစုံပျက်သုဉ်းနေပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။


Executive Board of the United Nations Development Programme, the United Nations Population Fund and the United Nations Office for Project Services ၂၀၂၄ ခုနှစ်အတွက် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် UNFPA Segment အောက်မှ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားပါတယ်။


"မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ စစ်တပ်၏ တရစပ်ဆိုးရွားသော လုပ်ရပ်များကြောင့် အလုံးစုံ ပျက်သုဉ်းနေပြီဖြစ်ကြောင်း၊ စစ်တပ်က ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက် ကျူးလွန်လျက်ရှိပြီး ၎င်း၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် ပြည်သူများသည် နေ့စဉ်နှင့်အမျှ အကြောင်းချင်းရာ တစ်ခုမဟုတ်တစ်ခုကြောင့် ဒုက္ခဆင်းရဲခံစားနေရကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုမှာ တစ်ခုအပါအဝင်ပင်ဖြစ်ကြောင်း၊ စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် အဆိုးရွားဆုံး ဒုက္ခခံစားနေကြရသူများဖြစ်ကြောင်း"သံအမတ်ကြီးကပြောပါတယ်။


ဒါ့အပြင် မြန်မာပြည်သူများ ကြုံတွေ့ခံစားနေရသော ဒုက္ခဆင်းရဲကို ချုပ်ငြိမ်းစေရန်သာမက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ လှမ်းချီရာတွင်လည်း နိုင်ငံတကာ အသိုက်အဝန်း၏ ကူညီထောက်ပံ့မှုကို လိုအပ်တယ်လို့ သံအမတ်ကြီးက ထပ်လောင်းပြောကြားပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေများကို နိုင်ငံရေးအရ မဖြေရှင်းဘဲ လက်နက်ကိုင် ဖြေရှင်းနေကြခြင်းမှာ ပညာတတ်များ နည်းပါးခြင်းကြောင့်ဟု စစ်ခေါင်းဆောင်ကပြော


ဩဂုတ်လ ၂၇ရက်။

RadioNUG

မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေများကို နိုင်ငံရေးအရ မဖြေရှင်းဘဲ လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းရန် လုပ်ဆောင်နေကြခြင်းမှာ ပညာတတ်များ နည်းပါးခြင်းကြောင့်ဖြစ်သည်ဟု ဩဂုတ်လ ၂၆ ရက်က မန္တလေးပညာရေးဒီဂရီကောလိပ်ရှိ နည်းပြဆရာ/မများ၊ ကျောင်းသား/သူများနှင့် တွေ့ဆုံစကားပြောရာတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။


မဲမသမာမှုကြောင့် နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ဖြစ်ပေါ်တာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းတာ မပြုလုပ်ဘဲ လက်နက်ကိုင်အကြမ်းဖက်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ လုပ်ဆောင်လာတယ်။ အဲဒီလို ဖြစ်ရတာကို သုံးသပ်ရမယ်ဆိုရင် မိမိတို့နိုင်ငံမှာ ပညာတတ်တွေ နည်းပါးတာကြောင့်ဖြစ်တာကို တွေ့ရှိရမှာဖြစ်တယ်ဟု မင်းအောင်လှိုင်က ပြောဆိုထားတာပါ။


နိုင်ငံတော်အကျိုးကို မကြည့်ဘဲ လက်နက်ကိုင်အကြမ်းဖက်မှုများဖြင့် နိုင်ငံအနာဂတ်ကို ဖျက်ဆီးနေကြသဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အားပေးဆောင်ရွက်နေပြီး ပညာတတ်လူသားအရင်းအမြစ်များဖြင့် တိုင်းပြည်၏ အနာဂတ်ကို တည်ဆောက်နိုင်ရေး ပုံဖော်နေကြောင်း စစ်ခေါင်းဆောင်က ဆက်ပြောဆိုပါတယ်။


========================


📌📌 ၅။ ကိုးနှစ်ကြာပြီးနောက် မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတွင် ရေဘေးအကူအညီများ WFP ပြန်လည်စတင်ပေးအပ်သွားမည်


ဩဂုတ်လ ၂၇ရက်။

RadioNUG

မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ကြသူမိသားစုများအတွက် စားနပ်ရိက္ခာအကူအညီများကို ယခုရက်သတ္တပတ်တွင်စတင် ပေးဝေနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က သတင်းထုတ်ပြန်ပါတယ်။


WFPအနေဖြင့် ရေဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသော ရေဘေးသင့်သူ လူဦးရေ ၃၅,၀၀၀ ခန့်အား ဆန်နှင့် အားဖြည့်ဘီစကစ်များ ထောက်ပံ့မယ့် အစီအစဉ်နှင့်အတူ လတ်တလော အာဟာရချို့တဲ့မှုကို ကာကွယ်တားဆီးနိုင်ရန်အလို့ငှာ မိခင်နှင့် ကလေးများအတွက် အာဟာရအထောက်အပံ့များကိုပါ တွဲဖက်ပေးအပ်သွားမယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးလို့ တင်စားကြတဲ့ဧရာဝတီတိုင်းဒေသကြီးဟာ ရေကြီးမှုလို ရာသီဥတုဖြစ်စဥ်တွေကြောင့် အလွန်ထိခိုက်လွယ်တဲ့ ဒေသတစ်ခုပါ။ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှုတွေကြောင့် မိုးစပါးအထွက်နှုန်း သိသိသာသာလျော့ကျသွားစေနိုင်တဲ့ အန္တရာယ်ရှိနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ ထိခိုက်လွယ်သူတွေ၊ အထူးသဖြင့် တစ်နိုင်တစ်ပိုင်လယ်ယာလုပ်ကိုင်သူတွေရဲ့ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒီအကျိုးသက်ရောက်မှုဟာ ဧရာဝတီတိုင်းဒေသကြီးတစ်ခုတည်းမှာမဟုတ်ပဲ မြန်မာနိုင်ငံတစ်ဝန်းမှာပါ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနိုင်ခြေရှိပါတယ်။ ဒီလိုအခြေအနေတွေကနေ စားနပ်ရိက္ခာပြတ်လပ်မှုတွေဖြစ်မလာစေဖို့ WFP အနေနဲ့ မြန်မြန်ထက်ထက် တုံ့ပြန်လုပ်ဆောင်နေတာဖြစ်ပါတယ်။ဟုWFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Sheela Matthew က ပြောဆိုပါတယ်။


========================


📌📌 ၆။ ၂၀၂၄ ခုနှစ်အတွင်း စကစရဲ့အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ အရပ်သား ၅၀၀ နီးပါးသေဆုံးခဲ့


သြဂုတ်လ ၂၇ရက်။

Radio NUG

၂၀၂၄ ခုနှစ်အတွင်း စကစရဲ့အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ အရပ်သား ၅၀၀ နီးပါးသေဆုံးခဲ့တယ်လို့သိရပါတယ်။


သြဂုတ်လ၂၇ရက်မှာ Data for Myanmarကထုတ်ပြန်ဖော်ပြပါတယ်။


၂၀၂၄ ခုနှစ်အတွင်း အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ အရပ်သား ၅၀၀ နီးပါးသေဆုံးခဲ့ရပါတယ်လို့ ဖော်ပြပါတယ်။


ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းထဲက မြို့နယ်၁၃ခု မှာ အရပ်သားသေဆုံးမှုဖြစ်စေတဲ့အကြမ်းဖက်ဖြစ်စဥ်၂၇ ခု ဖြစ်ပွားခဲ့ပါတယ်။


စုစုပေါင်းအရပ်သားသေဆုံးမှုရဲ့ ၉၅ရာခိုင်နှုန်းဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုအပါအဝင် ဒရုန်းနဲ့မိုင်းများပါဝင်တယ်လို့ သိရပါတယ်။


စစ်ကိုင်းတိုင်းထဲမှာ စကစရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ၁၀၆ဦးရှိခဲ့ကာ ထိခိုက်သူ၁၉၀ဦးရှိခဲ့ပါတယ်။


========================


📌📌 ၇။ ဩဂုတ်လ ရက်နေ့မှ ၂၇ ရက်နေ့အထိ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၄၀)ဦး သေဆုံးခဲ့ရ


သြဂုတ်လ ၂၇ရက်။

Radio NUG

ဩဂုတ်လ ရက်နေ့မှ ၂၇ ရက်နေ့အထိ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၄၀)ဦး သေဆုံးခဲ့ရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ရက်နေ့မှ ၂၇ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၄၀)ဦး သေဆုံးခဲ့ပြီး ထိုအရေအတွက်တွင် မီဒီယာကဏ္ဍမှ အမျိုးသား ()ဦး ပါဝင်တယ်လို့အတည်ပြုပါတယ်။


ဩဂုတ်လ ၂၁ ရက်နေ့၊ နံနက် နာရီခန့်အချိန်တွင်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာရှိ အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်သူ ထက်မြတ်သူ၏ နေအိမ်၌ ဒေသတော်လှန်ရေးအင်အားစုမှ တပ်ဖွဲ့ဝင်အချို့ ရောက်ရှိနေကြောင်း သတင်းပေးတိုင်ကြားချက် ရရှိသည်ဟုဆိုကာ အကြမ်းဖက်စစ်အုပ်စုက အင်အားအများအပြားဖြင့် စီးနင်းဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။


ထိုပစ်ခတ်မှုကြောင့် ထက်မြတ်သူအပါအဝင် ယင်းနေအိမ်သို့ ရောက်ရှိနေသူ ဒီမိုကရက်တစ်မြန်မာ့အသံသတင်းဌာနမှ နယ်သတင်းထောက်တစ်ဦးဖြစ်သူ ဝင်းထွဋ်ဦးတို့သည် ကျည်ထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ကြရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။၁၀၂၇ စစ်ဆင်ရေးအပိုင်း ()မှာ သိမ်းပိုက်ရရှိထားတဲ့ မြို့များအား TNLA အထွေထွေ အတွင်းရေးမှူးနှင့် အဖွဲ့ သွားရောက်


ဩဂုတ်လ ၂၇ ရက်။ 

Radio NUG

၁၀၂၇ စစ်ဆင်ရေး အပိုင်း ()အတွင်းမှာ ထပ်မံသိမ်းပိုက် ရရှိထားတဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်စတဲ့ မြို့များကို အုပ်ချုပ်ရေး ယန္တရား ပြန်လည် လည်ပတ်နိုင်ရန် PSLF/TNLA အထွေထွေ အတွင်းရေးမှူး၊ ဗိုလ်ချုပ် တားဘုန်းကျော်နှင့် အဖွဲ့ သွားရောက်ပြီး လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


သြဂုတ်လ ၁၅ ရက်မှ ၁၈ ရက်အတွင်း အဆိုပါ မြို့များကို ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF / TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်နှင့် ဗဟို အထွေထွေ အုပ်ချုပ်ရေး ဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဇာရ်တို့ ပါဝင်တဲ့ အဖွဲ့က သွားရောက်ကွင်းဆင်း လေ့လာခဲ့တယ်လို့ ဆိုပါတယ်။


ခရီးစဉ်အတွင်း သိမ်းပိုက်ထားတဲ့ တပ်စခန်း၊ အစိုးရ ဌာနဆိုင်ရာရုံးများ၊ အုပ်ချုပ်ရေးရုံးများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို လေ့လာခဲ့ပြီး မိုးကုတ်နဲ့ မိုးမိတ် မြို့များမှာ လူထုတွေ့ဆုံမှုပါ ပြုလုပ်ခဲ့ကာ မြို့ခံလူထုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


တွေ့ဆုံပွဲများတွင် PSLF/TNLA ရဲ့ တော်လှန်ရေး ရည်ရွယ်ချက်၊ မူပေါ်လစီများကို ရှင်းလင်းတင်ပြခဲ့ပြီး အခြေခံ ဝန်ဆောင်မှုများဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးတို့ အမြန်ဆုံး ရရှိရေး ဆောင်ရွက်နေကြောင်း CDM ဝန်ထမ်းများကို ဖိတ်ခေါပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ညှိနှိုင်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။


တက်ရောက်လာကြတဲ့ ရပ်ကျေး ကိုယ်စားလှယ်များ၊ လူမျိုးစု ကိုယ်စားလှယ်များကလည်း ဒေသတွင်း ပြန်လည်တည်ငြိမ်ရေးနဲ့ အေးချမ်းစွာ နေထိုင်နိုင်ရေး ဆွေးနွေး အကြံပြုခဲ့ကြပြီး သိရှိလိုသော အကြောင်းအရာများကို မေးမြန်းခဲ့ကာ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူများကို အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

 

လက်တလော ကာလအတွက် အုပ်ချုပ်ရေး လုပ်ငန်းများကို PSLF/TNLA မှ တာဝန်ယူသွားမှာ ဖြစ်ပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာ အရပ်သားများနဲ့ ပူးတွဲစီမံ အုပ်ချုပ်တဲ့ အစိုးရ ပေါ်ပေါက်လာနိုင်စေရန် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားခဲ့ပါတယ်။

ထို့ပြင် ဗိုလ်ချုပ် တားဘုန်းကျော်နဲ့ အဖွဲ့ဝင်များဟာ ကျောက်မဲ၊ မိုးကုတ်နဲ့ မိုးမိတ် မြို့များရှိ သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာန အသီးသီးမှ တာဝန်ရှိသူများနဲ့ ဝန်ထမ်းများအား ဌာနအလိုက် တွေ့ဆုံကာ လုပ်ငန်းများအတွက် အကြံပြုချက်များ၊ လမ်းညွှန်မှုများ ညွန်ကြားခဲ့ကြတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ဝဲလောင်ရဲစခန်းအား  Fixed Wing Drone များဖြင့် ဗုံးသီး ၁၀ လုံး ကျဲချတိုက်ခိုက်


ဩဂုတ်လ ၂၇ ရက်။ 

Radio NUG

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာ မြို့နယ်က ဝဲလောင် ရဲစခန်းကို Fixed Wing Drone များဖြင့် ဗုံးသီး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Natogyi Regional Defence Force (NRDF) မြင်းခြံခရိုင် အမှတ် တပ်ရင်း က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၂၅ ရက် ညနေ နာရီ ဝန်းကျင်ခန့်က အဆိုပါ ဝဲလောင် ရဲစခန်းကို NRDF Drone တပ်ဖွဲ့မှ ရှားထူးဝေါ နည်းပညာသုံး Fixed Wing Drone များဖြင့် ဗုံးသီး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ ဗုံးချတိုက်ခိုက်မှုအတွင်း ရဲစခန်း အဆောက်အုံ လုံး ပျက်စီးခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသေအပျောက်ကို စုံစမ်းဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ယခု တိုက်ခိုက်မှုကို NRDF Drone တပ်ဖွဲ့၊ တောင်သာမြို့နယ် ပကဖနဲ့ မဟာမိတ် အဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ကျွန်းလှတွင် စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး ဦးသေဆုံးကာ လက်နက် ၁၀ လက် သိမ်းဆည်းရရှိ


ဩဂုတ်လ ၂၇ ရက်။ 

Radio NUG

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်မှာ စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၂၀၀ ကျော်ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးပြီး လက်နက် ၁၀ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင် သတင်းရင်းမြစ်က သိရပါတယ်။


ဩဂုတ်လ ၂၇ ရက်နေ့ မနက် ၁၁ နာရီ ကျော်က ခမရ - ၃၆၁ တပ်ရင်းမှ စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီး အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကြောင်းကို ချပ်ကြီးရွာမှ ကျွန်းလှမြို့ အသွား ပင့်သာကျေးရွာ အနီးမှာ ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီအလောင်း လောင်းတွေ့ရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း ၁၀ လက်ခန့် သိမ်းဆည်းရရှိခဲ့ကာ စစ်ကောင်စီ တပ်သားတွေ ထမ်းစင် ၂၀ ကျော်နဲ့ ကျွန်းလှမြို့ အနီးက ကန်ဘောက်ကျေးရွာကို ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စစ်ကြောင်းကို မိုင်းပွိုင့်နေရာ ခုဖြင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး နာရီခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ ပေကုန်းရွာ အထိုင်ရှိ စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာ လုံး ပစ်ကူပေးခဲ့တယ်လို့ တော်လှန်ရေး ရဲဘော်တဦးက ဆိုပါတယ်။


ယခုတိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ ဩဂုတ်လ ၂၅ ရက်နေ့က ဦးကင်းကြည် ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် ၃၀ အရွယ်ခန့်ရှိ ရွာသား ကိုနိုင်မင်း၊ ကိုလှိုင်မင်းနဲ့ ကိုဇင်ကိုဦးတို့ကို သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်း ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ရှမ်းမြောက်တိုက်ပွဲအတွင်း သေဆုံးတဲ့ PNA ပအိုဝ်းပြည်သူ့စစ်တွေကို စစ်ကောင်စီက နာရေး လုပ်ခွင့်မပေး


ဩဂုတ်လ ၂၇ရက်။ 

RadioNUG

ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း စစ်ကောင်စီဖက်ကနေ ပါဝင်တိုက်ခိုက်နေတဲ့ ပအိုဝ်းပြည်သူ့စစ်(PNA)အဖွဲ့ဝင်တွေ သေဆုံးတာ ဖမ်းဆီးခံရတာတွေ ရှိနေပြီး တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ PNA တပ်ဖွဲ့ဝင်တွေကို ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) လူကြီးပိုင်းတွေနဲ့ စစ်ကောင်စီတပ်က မိသားစုဝင်တွေကို အကြောင်းကြားပေးတာမျိုး မရှိတဲ့အပြင် သတင်းကို သိရှိတဲ့ မိသားစုဝင် တချို့ကိုလည်း အသုဘ ပြုလုပ်ခွင့်မပေးခဲ့ဘူးလို့ မဲခေါင်သတင်းဌာနမှာ ဖော်ပြထားပါတယ်။


အလောင်းပြန်ရဖို့ မပြောနဲ့။ နာရေးလုပ်တာတောင်မှ လူသိလို့မရဘူး။ သေဆုံးကြောင်းတောင် Facebook ပေါ် မတင်ရဘူး။ ဘယ်သူမှ မသိလိုက်တဲ့ အသုဘပေါ့ဗျာ့လို့ PNA လူကြီးပိုင်းနဲ့ နီးစပ်သူ တစ်ဦးက ပြောဆိုထားပါတယ်။ 


လားရှိုးတိုက်ပွဲအတွင်း ထိခိုက်သေဆုံးခဲ့တဲ့ PNA တပ်ဖွဲ့ဝင်တွေဟာ တောင်ကြီးမြို့၊ မြောက်ဘက်က ကျေးရွာတွေနဲ့ ရပ်စောက်မြို့နယ်က ကျေးရွာတွေကနေ တပ်သားသစ်အဖြစ် စုဆောင်းခံရသူတွေဖြစ်ပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးရှိတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ စစ်ကောင်စီ တပ်သား တဦး CDF - Tonzang ထံ လက်နက်နဲ့ အလင်းဝင်


ဩဂုတ်လ ၂၇ ရက်။

Radio NUG

ချင်းပြည်နယ် ထွန်းဇံမြို့နယ်က စစ်ကောင်စီ တပ်သား ဦး ဩဂုတ်လ ၂၇ ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်ခဲ့တယ်လို့ CDF - Tonzan က အသိပေး ထုတ်ပြန်ထားပါတယ်။ 


MA 3 သေနတ် လက်၊ ကျည်ဘောက် ခုနဲ့အတူ အလင်းဝင်လာတဲ့ အဆိုပါ စစ်ကောင်စီ တပ်သားကို CDF - Tonzan ကျပ်သိန်း ၅၀ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။


ထို့ပြင် ချင်းပြည်အစိုးရရဲ့ ကူညီမှု၊ ထွန်းဇံမြို့နယ်ကောင်စီရဲ့ ဦးဆောင်မှုဖြင့် ထွန်းဇံပြည်သူ့ဆေးရုံကြီးကို စက်တင်ဘာလ ရက်နေ့မှာ ဖွင့်လှစ်နိုင်တော့မယ်လို့ CDF - Tonzan က အသိပေးထားပါတယ်။


လက်ရှိမှာ ဆရာဝန် ယောက်၊ သူနာပြုဆရာမ ယောက်၊ သားဖွားဆရာမ ယောက်၊ သန့်ရှင်းရေး ယောက်ဖြင့် စတင်ဖွင့်လှစ်မှာဖြစ်ပြီး လုံလောက်တဲ့ဝန်ထမ်းများ ခေါ်ယူနိုင်ဖို့အတွက်ကိုတော့ ပြည်တွင်းပြည်ပမှ အကူအညီများ လိုအပ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ စစ်ကောင်စီတပ်၏ လက်အောက်ခံ ရေးမြို့အခြေစိုက် ခမရ(၅၈၇)မှ တပ်သား()ဦးပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) မြိတ်ခရိုင်အမှတ်()တပ်ရင်းထံသို့ ဆက်သွယ်အလင်းဝင်


ဩဂုတ်လ ၂၇ ရက်။ 

Radio NUG

စစ်ကောင်စီတပ်၏ လက်အောက်ခံ ရေးမြို့အခြေစိုက် ခမရ(၅၈၇)မှ တပ်သား()ဦးပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) မြိတ်ခရိုင်အမှတ်()တပ်ရင်းထံသို့ ဆက်သွယ်အလင်းဝင်ခဲ့ပါတယ်။


၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၂၆)ရက်နေ့တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ လက်အောက်ခံ ရေးမြို့အခြေစိုက် ခမရ(၅၈၇)မှ တပ်သား()ဦးသည် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) မြိတ်ခရိုင်အမှတ်()တပ်ရင်းထံသို့ ဆက်သွယ်၍ ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်ခိုလှုံလာတယ်လို့အတည်ပြုဆိုပါတယ်။


၎င်းဟာ မြိတ်မြို့တွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်ဝေခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ အတင်းအကြပ် စစ်မှုထမ်းသစ် စုဆောင်းခြင်းခံရပြီး ပလောက်မြို့ အခြေစိုက် အမှတ်(၁၂)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း(တိုင်းဗဟို-၁၂)တွင် ၂၀၂၄ခုနှစ်၊ ဧပြီလမှစ၍ (၁၂)ပတ်ကြာ စစ်သင်တန်းများ တက်ရောက်ခဲ့ရသူဖြစ်တယ်လို့ ဆိုပါတယ်။


အခြေခံစစ်သင်တန်းများ သင်ကြားပို့ချပြီးနောက် ရေးမြို့အခြေစိုက် ခမရ(၅၈၇)သို့ စေလွှတ်ခြင်းခံရကာ()လအကြာတွင် မြိတ်ခရိုင်အမှတ်()တပ်ရင်းနှင့် ချိတ်ဆက်နိုင်ခဲ့၍ အကြမ်းဖက် ဖက်ဆစ်တပ်၏လက်မှ ရုန်းထွက်နိုင်ခဲ့ပြီး ပြည်သူ့ရင်ခွင်သို့ အောင်မြင်စွာ ရောက်ရှိလာခဲ့တာလို့ဆိုပါတယ်။


========================


🚩🚩 ၇။ မွန်ပြည်တော်လှန်ရေးတပ် မှပင်လယ်ကွေ့ခေါ်သံရိက္ခာကမ်ပိန်း ပြုလုပ်


ဩဂုတ်လ ၂၇ ရက်။

Radio NUG

အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ၊ ရာမညတိုင်း (မွန်ပြည်)ကို အရောက်သွားနိုင်ဖို့အတွက် စစ်ပြင်နေပြီဖြစ်ကြောင်း MSRF က အသိပေးထားပြီးပင်လယ်ကွေ့ခေါ်သံအမည်နဲ့ ရိက္ခာကမ်ပိန်း တခု ပြုလုပ်နေပါတယ်။


ရှမ်းရိုးမ၊ ရခိုင်ရိုးမဆီက တိုက်ပွဲအောင်မြင်မှု လှိုင်းတွေ ပင်လယ်ကွေ့ဆီ ရောက်လာဖို့ မွန်ပြည် တော်လှန်ရေးတပ် (MSRF)က စစ်ပြင်နေပါပြီလို့ MSRF က ဆိုပါတယ်။


ပွင့်လင်းရာသီမှာ အောင်ပွဲတွေရအောင် အပီအပြင် တိုက်ပွဲဝင်ကြမယ့် တော်လှန်ရေး ရဲဘော်များအတွက် ရဲဘော်ရဲဘက် တော်လှန်ပြည်သူများအနေနဲ့ပင်လယ်ကွေ့ ခေါ်သံကမ်ပိန်းမှာ ပါဝင်ပြီး ရိက္ခာ ဝယ်ယူဖြည့်တင်းနိုင်အောင် ကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။


အဆိုပါ ကမ်းပိန်းကို သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၂၅ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပြီး ရဲဘော်များရဲ့ ရိက္ခာအတွက် ငွေကျပ် သိန်းသုံးရာ တန်ဖိုးရှိတဲ့ ဆန်အိတ် (၂၀၀)ဝယ်ယူဖြည့်တင်းနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။


ဆန်အိတ် အိတ်ကို ငွေကျပ် တသိန်း ငါးသောင်းနှုန်းဖြင့် သတ်မှတ်ထားပြီး ပြည်သူများအနေနဲ့ တက်နိုင်တဲ့ ပမာဏများနဲ့ ပူးပေါင်းပါဝင်နိုင်မှာလည်း ဖြစ်ပါတယ်။


"ပင်လယ်ကွေ့ ခေါ်သံ" ကမ်ပိန်းမှာ ပူးပေါင်းပါဝင်နိုင်ဖို့အတွက် Mon State Revolution Force – MSRF ရဲ့ Facebook Page Messenger ကနေ ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment