27th NOV 2024 - Morning Daily News by Radio NUG

 


၂၀၂၄ နိုဝင်ဘာလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်တွင်းမှာ အင်အားတွေလာစုဖို့ နိုင်ငံပြင်ပကို ရောက်ရှိနေကြတဲ့ အစိုးရအဖွဲ့ဝင်များကို ယာယီသမ္မတအလေးအနက်ထား တိုက်တွန်း

📌 ၂။ ၂၀၂၅ ဟာ တော်လှန်ရေးအတွက် တကယ့်ကို အလှည့်အပြောင်းတွေ ဖြစ်လာမယ့် နှစ်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ဆို

📌 ၃။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံအား ချန်လှပ်မထားစေလိုကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား

📌 ၄။ မြန်မာနိုင်ငံတွင်အိမ်ထောင်ရှိ အမျိုးသမီး ဦးလျှင် ၁ဦးသည် ၄င်းတို့၏ ရင်းနှီးသော လက်တွဲဖော်များ၏  အကြမ်းဖက်မှုများကို ကြုံတွေ့ဖူးကြောင်း WHO ထုတ်ပြန်

📌 ၅။ ရေပြာရဲစခန်းမှ အမျိုးသမီး PDF ဦးအပါ ဦး အချုပ်ဖောက်ထွက်ပြေး လွတ်မြောက်လာ

📌 ၆။ မြောင်နယ်အတွင်းမှ သွားလာရန်ခက်ခဲနေသော တံတားတစ်ဆင်းကို တော်လှန်ရေးရဲဘော်များ ပြင်ဆင်

📌 ၇။ ဧရာဝတီအတွက် ရိုက်ကူးတင်ဆက်ထားတဲ့ Fight Delta Fight ရုပ်ရှင် ဒီဇင်ဘာ ရက်နေ့မှာ စက်ာပူနိုင်ငံ Carnival ရုပ်ရှင်ရုံတွင် ပြသမယ်


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဗိဿနိုးနယ်‌မြေပြည်သူ့ကာကွယ်ရေးတပ်မတော် နတ်မောက်မြို့နယ်တပ်ရင်း ကြိုးကြာနီတပ်ဖွဲ့ တပ်ရင်းမှူး ကျဆုံး

🚩 ၂။ မထောစခန်းမှ ထွက်ပြေးသည့် စစ်ကြောင်း ကြားဖြတ်တိုက်ခံရ၊ ၁၀ဦး သေဆုံး

🚩 ၃။ နေပြည်တော်၊ MICC2 ခန်းမသို့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏  Kloud drone အဖွဲ့နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်း၍ Fixed wing drone ဖြင့် တိုက်ခိုက်ခဲ့

🚩 ၄။ ငါ့သရောက် မြို့နယ်ခွဲက စစ်ကောင်စီ ဌာနဆိုင်ရာများကို ဝင်ရောက်တိုက်ခိုက်ခဲ့

🚩 ၅။ ခန္တီးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ဦးအား လက်နက်နဲ့ ဖမ်းဆီးရမိ

🚩 ၆။ နွားထိုးကြီးမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ဗုံးသီး  7 လုံး ကျဲချတိုက်ခိုက်ခဲ့ရာ 5 ဦး သေဆုံးခဲ့ပြီး   3 ဦးပြင်းထန်ဒဏ်ရာရရှိ

🚩 ၇။ ဝိုင်းမော်မြို့နယ် ဝါရှောင်ရွာ ဆည်မြောင်းဦးစီးရုံးကို စစ်ကောင်စီတပ်က ဗုံးကြဲ

🚩 ၈။ အင်းဝိုင်းတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် သံဃာတပါး ပျံလွန်တော်မူပြီး ပြည်သူ ဦး ဒဏ်ရာရ

🚩 ၉။ ကလေးမြို့ လက်ပံချောင်းရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၊ ကလေးတစ်ဦးအပါအဝင် အရပ်သား ပြည်သူ ဦးသေဆုံး

🚩 ၁၀။ မင်းဘူးခရိုင် အခြေခံ ရှေးဦးသူနာပြုစုနည်း သင်တန်းဆင်းပွဲ ကျင်းပ

🚩 ၁၁။ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနား TNLA ကျင်းပပြုလုပ် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ ပြည်တွင်းမှာ အင်အားတွေလာစုဖို့ နိုင်ငံပြင်ပကို ရောက်ရှိနေကြတဲ့ အစိုးရအဖွဲ့ဝင်များကို ယာယီသမ္မတအလေးအနက်ထား တိုက်တွန်း


နိုဝင်ဘာ၂၆ရက်

Radio NUG

ပြည်တွင်းမှာ အင်အားတွေလာစုဖို့ နိုင်ငံပြင်ပကို ရောက်ရှိနေကြတဲ့ အစိုးရအဖွဲ့ဝင်များကို ယာယီသမ္မတဒူဝါလရှီးလက နိုဝင်ဘာ၂၆ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၈/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ  အလေးအနက်ထား တိုက်တွန်းဆိုလိုက်ပါတယ်။


"ကျွန်တော်တို အန်ယူဂျီအစိုးရက အဝေးရောက်အစိုးရ ဖြစ်လို့မရပါဘူး။ လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်းချင်တာကတော့ - ကျွန်တော်တို့ အစိုးရအဖွဲဝင်တွေအားလုံး - အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို့ လက်တွေ့ကျကျ လုံ့လထုတ်စေချင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီလို့လည်း ပြောနိုင်သလို၊ အချိန်ပေးသင့်တာထက် ပိုပြီး ပေးခဲ့ပြီးပြီလို့လည်း ပြောနိုင်ပါတယ်။ ဒါ့ကြောင့် မြေပြင်အင်အားကို စုစည်းဖို့အတွက် ပြည်တွင်းမှာ အင်အားတွေလာစုဖို့ နိုင်ငံပြင်ပကို ရောက်ရှိနေကြတဲ့ အစိုးရအဖွဲဝင်များကို အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။ ပျံ့နေတဲ့ အလင်းတွေကို မှန်ဘီလူးနဲ့ စုဆုံပြီး မီးတောက်တစ်ခု အစထပ်ပျိုးကြဖို့လည်း တိုက်တွန်းလိုပါတယ်" လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဆိုပါတယ်။


ဒါ့အပြင် အပြောင်းအလဲတွေဟာ တိုင်းပြည်နဲ့ လူထုအတွက် ကောင်းတဲ့ အပြောင်းအလဲတွေဖြစ်ဖို့ အားလုံး ဝိုင်းဝန်း ရှေ့ရှုရမယ်လို့ ယာယီသမ္မတကဆိုပါတယ်။


========================


📌📌 ၂။ ၂၀၂၅ ဟာ တော်လှန်ရေးအတွက် တကယ့်ကို အလှည့်အပြောင်းတွေ ဖြစ်လာမယ့် နှစ်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ဆို


နိုဝင်ဘာ၂၆ရက်

Radio NUG

၂၀၂၅ ဟာ တော်လှန်ရေးအတွက် တကယ့်ကို အလှည့်အပြောင်းတွေ ဖြစ်လာမယ့် နှစ်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နိုဝင်ဘာ၂၆ရက် အမျိုးသားညီညွတ်ရေးအစိုးရ ၂၈ /၂၀၂၄ အစည်းအဝေးမှာ ဆိုပါတယ်။


"စစ်ရေးကဏ္ဍဘက် အားစိုက်နေကြသလို နိုင်ငံရေး process ဘက်မှာလည်း ခပ်စိပ်စိပ် ဆွေးနွေးလာကြတာ၊ ဦးစားပေးလာကြတာ တွေ့ရတာမို့ ကျွန်တော်တို့ အစိုးရအနေနဲ့တော့ မိမိတို့အစိုးရရဲ့ မူလတာဝန်တွေ၊ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေအပြင် တော်လှန်ရေး အရွေ့အတွက် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးကြတဲ့ကဏ္ဍတွေနဲ့ ညှိနှိုင်းမှုလုပ်ဆောင်ကြရမယ့် ကဏ္ဍတွေအတွက်လည်း အပြိုင်အားထည့်လုပ်ဆောင် ကြရမယ့်အချိန် ဖြစ်ပါတယ်။ ၂၀၂၅ ဟာ ကျွန်တော်တို့ တော်လှန်ရေးအတွက် တကယ့်ကို အလှည့်အပြောင်းတွေ ဖြစ်လာမယ့် နှစ်ဖြစ်ပါတယ်။ ဒီအတွက် ဝန်ကြီးများအားလုံး တော်လှန်ရေးအရွေ့အတွက် ထိရောက်မှုရှိစေမယ့် လုပ်ငန်းဆောင်တာများကို ဦးစားပေး လုပ်ဆောင်ကြဖို့ ထပ်မံတိုက်တွန်းပြောကြားလိုပါတယ်"လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။


အဆိုပါအစည်းအဝေးမှာ ပညာရေးဝန်ကြီးဌာနက မြေပြင်ကွင်းဆင်းခရီးစဉ် တင်ပြတာ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက အမျိုးသားညီညွတ်ရေးအစိုးရ ဂျန်ဒါတန်းတူညီမျှမှု မူဝါဒတင်ပြတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။


အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။


========================


📌📌 ၃။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံအား ချန်လှပ်မထားစေလိုကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား


နိုဝင်ဘာ၂၆ရက်

Radio NUG

အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံအား ချန်လှပ်မထားစေလိုကြောင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာနေ့ (၂၅) နှစ်မြောက် အထိမ်းအမှတ်အတွက် မျက်နှာစုံညီအစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။


"မိမိတို့ မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ဖြစ်ပေါ်ခဲ့သည့် မတရား စစ်အာဏာသိမ်းမှုတစ်လျှောက်တွင် စစ်အုပ်စုနှင့် ၎င်းတို့နှင့် ဆက်နွယ်နေသည့် အဖွဲ့အစည်းများက အမျိုးသမီးများ မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများ တိုးချဲ့၍ ကျူးလွန်လျက်ရှိခြင်းက အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများ မြင့်တက်နေခြင်းအတွက် အထင်ရှားဆုံး သာဓကတစ်ခုပင်ဖြစ်ကြောင်း၊အဆိုပါ မတရား စစ်အာဏာသိမ်းမှုသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးအား မြှင့်တင်ကာကွယ်ရေးအတွက် ဆုတ်ယုတ်မှုများကို တိုးပွားစေရုံသာမက ၎င်းတို့အပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများကို သာလွန်ဆိုးရွားစေပြီး ကျားမတန်းတူညီမျှမှု ရှိရေးကိုလည်း ပျက်ယွင်းစေကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံအား ချန်လှပ် မထားစေလိုကြောင်း"သံအမတ်ကြီးက ပြောပါတယ်။


ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုအနေဖြင့် ၁၆ ရက်အကြာ လှုပ်ရှားမှု စည်းရုံး လှုံ့ဆော်မှု အစီအစဉ်ကို စတင် လုပ်ဆောင်လျက်ရှိတယ်လို့ ပြောပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံတွင်အိမ်ထောင်ရှိ အမျိုးသမီး ဦးလျှင် ၁ဦးသည် ၄င်းတို့၏ ရင်းနှီးသော လက်တွဲဖော်များ၏  အကြမ်းဖက်မှုများကို ကြုံတွေ့ဖူးကြောင်း WHO ထုတ်ပြန်


နိုဝင်ဘာ ၂၆

Radio NUG


မြန်မာနိုင်ငံတွင်အိမ်ထောင်ရှိ အမျိုးသမီး ဦးလျှင် ၁ဦးသည် ၄င်းတို့၏ ရင်းနှီးသော လက်တွဲဖော်များ၏ အကြမ်းဖက်မှုများကို ကြုံတွေ့ဖူးကြောင်း WHO ထုတ်ပြန်လိုက်ပါတယ်။


"ကမ္ဘာပေါ်ရှိ အမျိုးသမီး ဦးလျှင် ဦးသည် ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများခံစားနေရပါတယ်။ အများစုမှာ သူတို့၏ အနီးစပ်ဆုံး ခင်ပွန်း/ချစ်သူများထံမှ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်လည်း အိမ်ထောင်ရှိ အမျိုးသမီး ဦးလျှင် အနည်းဆုံး ၁ဦးသည် ၄င်းတို့၏ ရင်းနှီးသော လက်တွဲဖော်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ဘဝသက်တမ်းတစ်လျှောက်တွင် ကြုံတွေ့ခဲ့ရဖူးပါတယ်"လို့ ဖော်ပြပါတယ်။


ယခုနှစ် ၂၀၂၄ ခုနှစ်၏ ကျားမရေးရာအခြေပြု အကြမ်းဖက်ဆန့်ကျင်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအတွက် ဆောင်ပုဒ်မှာ "အကြောင်းပြချက်မရှိ - အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ဖို့ အားလုံးပူးပေါင်း ဆောင်ရွက်စို့" ဖြစ်ပါတယ်။


အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုသည် ကြိုတင်ကာကွယ်နိုင်သောအရာ ဖြစ်ပါတယ်။ ယင်းတို့အားအဆုံးသတ်နိုင်ရန် ကျွန်ုပ်တို့အားလုံးတွင် တာဝန်ရှိပါတယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၅။ ရေပြာရဲစခန်းမှ အမျိုးသမီး PDF ဦးအပါ ဦး အချုပ်ဖောက်ထွက်ပြေး လွတ်မြောက်လာ


နိုဝင်ဘာ ၂၆ 

Radio NUG 


နိုဝင်ဘာလ ၂၅ ရက်မနက် နာရီခန့်တွင် ရေပြာရဲစခန်းထဲမှာ ဖမ်းဆီးခံထားရတဲ့ ပခုက္ကူခရိုင် အမှတ် ၁၆ တပ်ရင်းမှ တပ်ဖွဲ့ဝင် ဦးနဲ့ LPDF အဖွဲ့တစ်ခုမှ အမျိုးသမီးတပ်ဖွဲ့ဝင် ဦးအပါ ဦး စုစုပေါင်း ဦးတို့ ထွက်ပြေးလာခဲ့ပြီး မနက် နာရီခန့်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီ ရောက်ရှိလာခဲ့ကြတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၆ PDF တပ်ရင်းဆီက သိရပါတယ်။


စစ်ကောင်စီ ကင်းပေါ့ချိန်တွင် အမိုးနဲ့ သံတိုင်ကြားကို ဖောက်ထွက်လာပြီး လက်ထိပ်တွေလည်း ဖြုတ်လာနိုင်ကာ လက်ရှိတွင် လုံခြုံစိတ်ချရတဲ့ နေရာကို ရောက်ရှိနေပြီလို့ သိရပါတယ်။


အဆိုပါ တပ်ဖွဲ့ဝင်တွေကို ရေပြာရဲစခန်းအတွင်း အချုပ်ခန်းထဲမှာ ဖမ်းဆီးထားစဉ် နေ့တိုင်းလက်ထိပ်ခတ်ထားပြီး ထမင်းစားချိန်နဲ့ ရေချိူးချိန်တွေသာ ဖြုတ်ပေးလေ့ရှိတယ်လို့ သိရပါတယ်။


အခုလို ထွက်ပြေးနိုင်ဖို့အတွက် လနဲ့ချီ ကြံစည်ကြိုးစားခဲ့ကြပြီး ရဲအဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုကိုလည်း နေ့စဥ် စောင့်ကြည့်ခဲ့ကြရတယ်လို့ သိရပါတယ်။


ပခုက္ကူခရိုင် အမှတ် ၁၆ တပ်ရင်းမှ တပ်ဖွဲ့ဝင် ဦးသည် ဩဂုတ် ရက်က အလုပ်ကိစ္စနဲ့ ဆိုင်ကယ် စီးကို ဦး စီးသွားချိန် ရေပြာရဲစခန်း စစ်ဆေးရေးဂိတ်အနီး ဖမ်းဆီးခံရကာ LPDF အဖွဲ့တစ်ခုမှ တပ်ဖွဲ့ဝင်နဲ့ ရဲမေကတော့ မေလဝန်းကျင်က ရေပြာရဲစခန်းရှေ့ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။


ရေပြာရဲစခန်းကနေ ထွက်ပြေး လွတ်မြောက်သွားတဲ့ PDFတွေကို ဖမ်းဆီးခဲ့ချိန်တွင် ရှင်းလင်း သတ်ဖြတ်သင့်ကြောင်း ပေါက်ကိုယ်တော်ပြောဆိုထားတဲ့ အသံဖိုင်လည်း လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။


========================


📌📌 ၆။ မြောင်နယ်အတွင်းမှ သွားလာရန်ခက်ခဲနေသော တံတားတစ်ဆင်းကို တော်လှန်ရေးရဲဘော်များ ပြင်ဆင်


နိုဝင်ဘာ၂၆ရက်

Radio NUG

မြောင်နယ်အတွင်းမှ သွားလာရန်ခက်ခဲနေသော တံတားတစ်ဆင်းကို တော်လှန်ရေးရဲဘော်များ ပြင်ဆင်ခဲ့တယ်လို့ နိုဝင်ဘာ၂၆ရက်မှာ Ko Nway Oo - Myaung PDFက အသိပေးဆိုပါတယ်။


"ကျွန်တော်တို့ ညီနောင်တွေစုပေါင်းပီး မြောင်နယ်အတွင်းမှ သွားလာရန်ခက်ခဲနေသော တံတားတစ်ဆင်းပြင်ဆင်ရာမှာ ပြည်သူ့အကျိုးပြုအဖြစ် လုပ်အားဒါနသွားရောက်ကူညီခဲ့ကြပါတယ်။ ငွေအားဖြင့် ကူညီပေးကြပါသော အလှုရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ အလှုရှင်တွေ လှုလိုရာလှုနိုင်ရန်နှင့် စစ်ရေးမရှိခိုက် ပြည်သူ့အကျိုးပြု လုပ်အားဒါနများ ပေးနိုင်ရန် ကြားခံဆောင်ရွက်ပေးသူတွေကိုလည်း ကျေးဇူးတင်ပါတယ်"လို့ ဆိုပါတယ်။


နယ်မြေချင်းမတူ အဖွဲ့ချင်းမတူကြပေမယ့် ဘုံရန်သူတူနေကြတဲ့ ကျွန်တော်တို့တစ်တွေ ပိုမိုစုစည်းမှရမယ်ဆိုတဲ့ ခံယူချက်တွေနဲ့ တစ်သွေးတစ်သားထဲဖြစ်လာကြတဲ့ ရဲဘော်တွေကိုကြည့်ပီးလည်း အားတက် ဂုဏ်ယူမိပါတယ်လို့လည်း ကိုနွေဦးကဆိုပါတယ်။


========================


📌📌 ၇။ ဧရာဝတီအတွက် ရိုက်ကူးတင်ဆက်ထားတဲ့ Fight Delta Fight ရုပ်ရှင် ဒီဇင်ဘာ ရက်နေ့မှာ စက်ာပူနိုင်ငံ Carnival ရုပ်ရှင်ရုံတွင် ပြသမယ်


နိုဝင်ဘာ၂၆ရက်

Radio NUG

တော်လှန်ရေးအတွက် ကြိုးစားနေကြတဲ့ ဧရာဝတီ ရဲဘော်များအတွက် ထုတ်လုပ်တင်ဆက်ထားတဲ့ တော်လှန်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး  ဒီဇင်ဘာ ရက်နေ့မှာ စင်္ကာပူနိုင်ငံ Carnival ရုပ်ရှင်ရုံမှာလည်း ပြသမှာ ဖြစ်ပါတယ်လို့ FIGHT DELTA FIGHTမှ ဖော်ပြထားပါတယ်။


လူငယ်တွေအားလုံးရဲ့ ဖန်တီးမှူတွေ တော်လှန်လိုစိတ်တွေနဲ့ ပါဝင်ပုံဖော်ကြထား ဇာတ်ကား ဖြစ်လို့ ဒီတကြိမ်မှာတော့ ပြည်သူတွေရဲ့ ချစ်ခြင်းတွေ အပြည့်အ၀ ရရှိမယ်လို့ မျှော်လင့်ထားပါတယ်လို့ ဆိုထားပါတယ်။


စင်္ကာပူမှ အထူးဧည့်သည်တော်များကိုလည်း ဖိတ်ကြားထားတာ ဖြစ်သည့်အတွက် စောင့်မျှော်ကြည့်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။


မြန်မာစံတော်ချိန် နာရီ မှာ Win Win Entertainment page, D Day Channel နှင့် အခြားသော မီဒီယာ page များမှာ Movie Talk Show ကို ထုတ်လွှင့် တင်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================




🚩🚩 ၁။ ဗိဿနိုးနယ်‌မြေပြည်သူ့ကာကွယ်ရေးတပ်မတော် နတ်မောက်မြို့နယ်တပ်ရင်း ကြိုးကြာနီတပ်ဖွဲ့ တပ်ရင်းမှူး ကျဆုံး


နိုဝင်ဘာ ၂၆ 

RadioNUG 


ဗိဿနိုးနယ်‌မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် နတ်မောက်မြို့နယ်တပ်ရင်း ကြိုးကြာနီတပ်ဖွဲ့ 

တပ်ရင်းမှူး ကိုအောင်ဟိန်းဖြိုး () ရဲဘော်ဇိုးကြီးသည် နိုဝင်ဘာလ ၂၅ရက်နေ့တွင် စစ်အာဏာရှင် ဖက်စစ်မိစ္ဆာတို့အား ခုခံတော်လှန်ကာ ဓမ္မဘက်တော်သားအဖြစ် ရပ်တည်ရင်း တော်လှန်ရေးအတွက် ပေးဆပ်ကာ ပဲခူးရိုးမ တိုက်ပွဲတစ်ခုအတွင်း မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


ရေတာရှည်မြို့နယ် ပဲခူးရိုးမတစ်နေရာတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် တိုးကာ ရှေ့မှ ကာပစ်ပေးရင်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ မထောစခန်းမှ ထွက်ပြေးသည့် စစ်ကြောင်း ကြားဖြတ်တိုက်ခံရ၊ ၁၀ဦး သေဆုံး


နိုဝင်ဘာ ၂၆ 

Radio NUG 


ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မထောစခန်းမှ ထွက်ပြေးသည့် စစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များမှ ကြားဖြတ်တိုက်ခိုက်ရာ ၁၀ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများရှိကြောင်း KNLA- တပ်မဟာ () က သတင်းထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာ ၂၂ ရက်တွင် KNLA ပူးပေါင်းတပ်သည် ဖာပွန်မြို့တောင်ဘက်ရှိ မထောရွာအခြေစိုက် အမှတ်() စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ - ၄၀၄/ ၄၀၇/ ၄၀၈ ပူးပေါင်းစခန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ထိုစခန်းမှ စစ်သားများသည် မထောရွာတောင်ဘက်ရှိ ကစယ်သဲဖလယ် (တောင်သုံးလုံး) နှင့် ထွီသီးအူ (ခွေးသေ) စခန်းတို့ထံ ဆုတ်ခွာပြေးခဲ့ရာ KNLA ပူးပေါင်းတပ်များက လိုက်လံ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါတိုက်ပွဲများအတွင်း စစ်တပ်ထံမှ RPG-7 တလက်နှင့် ကျည်ဖူး ၃၈ လုံး၊ ၈၁ မမ တလက်နှင့် ကျည် လုံး၊ ရိုင်ဖယ် ၁၉ လက် အပါအဝင် ခဲယမ်းများ၊ ဆက်သွယ်ရေးစကားပြောစက်နှင့် မိုင်းများသိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ နေပြည်တော်၊ MICC2 ခန်းမသို့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏  Kloud drone အဖွဲ့နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်း၍ Fixed wing drone ဖြင့် တိုက်ခိုက်ခဲ့


နိုဝင်ဘာ၂၆ရက်

Radio NUG


ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးမောင်မောင်အေး၏သားဖြစ်သူ မင်္ဂလာဧည့်ခံပွဲကျင်းပနေတဲ့ နေပြည်တော်၊ MICC2 ခန်းမသို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့က နေပြည်တော်၊ MICC2 ခန်းမသို့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏  Kloud drone အဖွဲ့နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်း၍ Fixed wing drone ဖြင့် တိုက်ခိုက်ခဲ့တယ်လို့ ရှာထူးဝေါ်က သတင်းထုတ်ပြန်ပါတယ်။


နိုဝင်ဘာ၂၅ရက်နေ့တွင် နေပြည်တော် MICC2 စစ်အုပ်စု ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေး၏ သားဖြစ်သူ မင်္ဂလာဧည့်ခံပွဲကျင်းပမည်ဖြစ်ကြောင်း၊ စစ်အုပ်စု ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် စနစ်တကျပြင်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။


ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ ဒရုန်းတိုက်ခိုက်မှုကြောင့် လုံခြုံရေးဆောင်ရွက်နေသော ရဲနှင့်စစ်သားတစ်ချို့ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်းလည်း သိရပြီး အခမ်းအနား တက်ရောက်လာကြသော စစ်အုပ်စု ဗိုလ်ချုပ်အချို့မှာလည်း ကြောက်လန့်ထွက်ပြေးကာ ဝရုန်းသုန်းကားဖြစ်ခဲ့ကြောင်း နေပြည်တော်အတွင်းသတင်းရင်းမြစ်များထံမှ ပြန်လည်ကြားသိရတယ်လို့ ဖော်ပြပါတယ်။


ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Kloud Drone အဖွဲ့နှင့် နေပြည်တော်စစ်တိုင်းဌာနတို့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ရက်နေ့ကလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ တရုတ်ပြည်ခရီးစဉ်ထွက်ခွာချိန် နေပြည်တော်လေဆိပ်သို့ Fixed wing အသေခံဒရုန်းများဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။


========================


🚩🚩 ၄။ ငါ့သရောက် မြို့နယ်ခွဲက စစ်ကောင်စီ ဌာနဆိုင်ရာများကို ဝင်ရောက်တိုက်ခိုက်ခဲ့


နိုဝင်ဘာ ၂၆၊ 

Radio NUG


မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက် မြို့နယ်ခွဲရှိ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာန၊ ပြန်ကြားရေးဌာန၊ ဆောက်လုပ်ရေးဌာန၊ ဆက်သွယ်ရေးဌာနတို့ကို နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ Popa Guerilla Force (PGF) က သတင်းထုတ်ပြန်ထားပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီ လက်ရောက်ခံ ရဲတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြတာကြောင့် ဌာနဆိုင်ရာ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီက နေရာယူ ခံစစ်တည်ဆောက်ထားတဲ့ နေရာများကိုလည်း ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီ ထောက်တိုင်များကို ပြိုလဲစေဖို့ ရည်ရွယ်တဲ့ အဆိုပါ စစ်ဆင်ရေးကို Popa Guerrila Force (PGF) ညောင်ဦးမြိုနယ် ပကဖ (ပု‌ဂံပြည်ဘီလူးတပ်) တောင်သာမြိုနယ် ပကဖ ညောင်ဦးခရိုင် တပ်ရင်း () မြင်းခြံခရိုင် တပ်ရင်း () 21 Bagan (ညောင်ဦးမြိုနယ် ပကဖ တပ်ခွဲ ၃၊ ဗိုလ်လက်ယာ (မြိုင်) အဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ခန္တီးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ဦးအား လက်နက်နဲ့ ဖမ်းဆီးရမိ


နိုဝင်ဘာ ၂၆၊ 

Radio NUG


ချင်းပြည်နယ်၊ ခန္တီးမြို့နယ်၊ ချောင်းသုံးခွကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ဦးကို လက်နက်ခဲယမ်းများနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ နာဂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NPDF မှ သတင်း ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ နာရီခန့်က ချောင်းသုံးခွ ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို သတင်းကြိုရတာကြောင့် စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား () ဦး အရှင်ဖမ်းဆီး ရမိခဲ့ပြီး MA1 နှစ်လက်နဲ့ MA2 တလက်ကို သိမ်းဆည်းရရှိခဲ့ကာ PDF ရဲဘော် တဦးလည်း အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို နာဂ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (NPDF) နှင့် ခန္တီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၆။ နွားထိုးကြီးမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ဗုံးသီး  7 လုံး ကျဲချတိုက်ခိုက်ခဲ့ရာ 5 ဦး သေဆုံးခဲ့ပြီး   3 ဦးပြင်းထန်ဒဏ်ရာရရှိ


နိုဝင်ဘာ ၂၆ 

Radio NUG 


နိုဝင်ဘာလ ၂၆ရက် နံနက် ( 7)နာရီ၀န်းကျင်တွင် နွားထိုးကြီးမြို့ပေါ်  ရဲစခန်းနှင့် ထွေအုပ်ရုံးတို့အား ဗုံးသီး 7လုံး ကျဲချတိုက်ခိုက်ခဲ့ရာ 5ဦး သေဆုံးခဲ့ပြီး  3ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း NPDFမှ သတင်းထုတ်ပြန်ပါတယ်။


ထိုတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (-၁၀) နှင့်အတူ Myingyan District Drone Strike တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အလားတူ နိုဝင်ဘာလ ၂၄ရက်နေ့ မနက် (10)နာရီ ၀န်းကျင်တွင် ထွေအုပ်ရုံးကို Shar Htoo Waw နည်းပညာဖြင့် fixed wings ဗုံးသီး 4လုံးကျဲချ တိုက်ခိုက်ခဲ့ရာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ ဝိုင်းမော်မြို့နယ် ဝါရှောင်ရွာ ဆည်မြောင်းဦးစီးရုံးကို စစ်ကောင်စီတပ်က ဗုံးကြဲ


နိုဝင်ဘာ ၂၆  

Radio NUG 


နိုဝင်ဘာလ ၂၆ရက်နေ့ မွန်းလွဲ နာရီခန့်တွင် ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာရှိ ဆည်မြောင်းဦးစီးဌာနရုံးကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အဆောက်အဦးပျက်စီးသွားကြောင်း ဒေသသတင်းများအရ သိရပါတယ်။

 

စစ်ကောင်စီတပ်၏ ဒရုန်းတစ်စင်းနှင့် ဂျက်တိုက်လေယာဉ် တစ်စင်းတို့က ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


လေကြောင်းတိုက်ခိုက်မှုကြောင့် ဆည်မြောင်းဦးစီးဌာန ရှင်းလင်းဆောင်မှ မျက်နှာကျက်နှင့် ခေါင်မိုးများ ထိခိုက်ပျက်စီးခဲ့ပါတယ်။


နိုဝင်ဘာလ ၂၄ရက်နေ့ကလည်း ဝါရှောင်ကျေးရွာအုပ်စု၊ နမ်ဝါရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃လုံး ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ခဲ့ပါတယ်။


========================


🚩🚩 ၈။ အင်းဝိုင်းတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် သံဃာတပါး ပျံလွန်တော်မူပြီး ပြည်သူ ဦး ဒဏ်ရာရ


နိုဝင်ဘာ ၂၆၊ 

Radio NUG


ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်မဟာ ထိန်းချုပ်နယ်မြေ၊ နောင်ချိုမြို့နယ်၊ အင်းဝိုင်းကျေးရွာတွင် စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သံဃာ တပါး ပျံလွန်တော်မူပြီး ပြည်သူ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ၂၄ ရက်နေ့ နာရီ အချိန်မှာ အင်းဝိုင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။


အဆိုပါ လက်နက်ကြီးကျည် ထိမှန်ခဲ့တာကြောင့် သံဃာတော် တပါး ပျံလွန်တော်မူခဲ့ပြီး ပြည်သူ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ နိုဝင်ဘာလ ရက်နေ့ကနေ ၂၅ ရက်နေ့အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နောင်ချိုမြို့နယ်မှာ ဒေသခံပြည်သူ ၁၈ ဦး သေဆုံးခဲ့ပြီး ၃၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၉။ ကလေးမြို့ လက်ပံချောင်းရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၊ ကလေးတစ်ဦးအပါအဝင် အရပ်သား ပြည်သူ ဦးသေဆုံး


နိုဝင်ဘာ ၂၆ 

Radio NUG 


နိုဝင်ဘာလ ၂၆ရက်နေ့ မနက်ပိုင်းတွင် ကလေးမြို့မှ ၁၀ မိုင်ခန့်ကွာဝေးပြီး ချင်းလူမျိုးများနေထိုင်သော လက်ပံချောင်းကျေးရွာကို ကလေးမြို့ပေါ် စစ်ကောင်စီတပ်ဖွဲ့က မြေပြင်တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ  လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သား ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းများမှာ ဖော်ပြထားပါတယ်။


စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် လက်ပံချောင်းရွာက အသက် ၁၄ နှစ်အရွယ် ကလေး တစ်ဦး၊ အသက် ၂၅ နှစ် အရွယ် အမျိုးသမီး တစ်ဦး၊ အသက် ၅၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့တုန်းကလည်း စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကြောင့် လက်ပံချောင်း ကျေးရွာက အသက် ၂၉ နှစ်အရွယ် ကိုယ်ဝန် လလွယ်ထားရသည့် အမျိုးသမီးတစ်ဦး ဦးခေါင်းမှာ ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး ကလေးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဗိုက်ထဲကလေးကို အရေးပေါ်ခွဲစိတ်ခဲ့ပေမယ့် ကလေးငယ်မှာ နောက်တစ်နေ့တွင် ကွယ်လွန်ခဲ့ရကာ မိခင်ဖြစ်သူမှာလည်း  နိုဝင်ဘာလ ၂၅ ရက်နေ့က ထပ်မံကွယ်လွန်ခဲ့ပါတယ်။


========================


🚩🚩 ၁၀။ မင်းဘူးခရိုင် အခြေခံ ရှေးဦးသူနာပြုစုနည်း သင်တန်းဆင်းပွဲ ကျင်းပ


နိုဝင်ဘာ ၂၆၊

Radio NUG


မကွေးတိုင်း၊ မင်းဘူးခရိုင် အခြေခံ ရှေးဦးသူနာပြုစုနည်း သင်တန်းအပတ်စဉ် (/၂၀၂၄) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


မင်းဘူး ခရိုင်ရှိ တပ်ရင်းများမှ ရွေးချယ်ထားတဲ့ ရဲဘော်များ တက်ရောက်ခဲ့တဲ့ အဆိုပါ ဆေးသင်တန်းကို နိုဝင်ဘာလ ၂၂ ရက်နေ့က ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ ဆေးသင်တန်းကို ရှေ့တန်းစစ်မျက်နှာမှာ တာဝန်ထမ်းဆောင်နိုင်တဲ့ ဆေးတပ်သားများ ဖြစ်လာစေရန်နဲ့ စစ်ရေး အရှိန်မြင့်လာနေတဲ့ မင်းဘူး ခရိုင်အတွင်း ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် လေ့ကျင့်သင်ကြား ပေးခဲ့တာဖြစ်ပြီး ရှေ့တန်းဒေသများမှာ ရောက်ရှိတာဝန် ထမ်းဆောင်နေကြပြီလို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၁၁။ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနား TNLA ကျင်းပပြုလုပ် 


နိုဝင်ဘာ ၂၆ 

Radio NUG


တအာင်းပြည် တပ်မဟာ()နယ်မြေ တစ်နေရာတွင် PSLF/TNLA အမျိုးသမီးစစ်သည်တော် ကော်မတီများမှ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်မှ မွန်းလွဲပိုင်း (၁၂း၄၅)နာရီအချိန်ထိ ပြုလုပ်ခဲ့ကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။


အခမ်းအနား ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်မှာ ()နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက် ပပျောက်ရေးနေ့ သိရှိစေရန်၊ () မိဘပြည်သူများ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖမ်းမှု ပပျောက်ရေးနေ့ လုပ်ငန်းစဥ်များကို သိရှိစေရန်နှင့် ဝန်းဝိုင်းကူညီစောင့်ရှောက်စေရန်၊ ()အမျိုးသမီးအရေးများ ပူးပေါင်းပါဝင် ဆောင်ရွက်စေရန်၊ () တအာင်းဒေသအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်စေရန်တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားများကို PSLF/TNLA အမျိုးသမီးစစ်သည်တော် ကော်မတီများမှ ဦးဆောင်ကျင်းပပြုလုပ်ပြီး ဒေသခံတိုင်းရင်းသားများဖြစ်ကြသည့် လီဆူ၊ ကချင်၊ ရှမ်း၊ တအာင်းလူမျိုးအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment