29th Jan 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨၁။ "ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နှစ်သစ်ကူးအခါသမယအတွက် ဆုမွန်ကောင်းတောင်း"

📌 ⁨⁨⁨⁨⁨၂။ကျမတို့အိမ်နီးနားချင်းနိုင်ငံတွေကပြည်သူတွေရဲ့မျက်နှာထက် နေပြည်တော်ရဲ့မျက်နှာကိုကြည့်နေတယ်"လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် ထုတ်ဖော်ပြောကြား

📌 ⁨⁨⁨⁨⁨၃။ NUGမှာများနေတဲ့ကော်မတီတွေကော်မရှင်တွေကို ဖျက်သိမ်းပြီးတော့ စုစည်းမှုအားကောင်းစွာနဲ့၂၀၂၅မှာလုပ်ဆောင်သွားမယ်လို့ ဒုဝန်ကြီးဦးမိုးဇော်ဦးပြောကြား

📌 ⁨⁨⁨⁨⁨၄။ကုလသမဂ္ဂရဲ့မျက်နှာစာမှာ စစ်ကောင်စီကခြေချလို့မရခဲ့အောင် ကြိုးစားလုပ်ဆောင်ခဲ့တယ်"လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော

📌 ⁨⁨⁨⁨⁨၅။စင်ကာပူကုမ္ပဏီ Interra Resources က အကြမ်းဖက်စစ်အုပ်စုကို ဒေါ်လာသန်း ၁၅၀ တန်ဖိုးရှိ ရေနံစည် ၂သန်း ရောင်းချခဲ့ တယ်လို့ JFM ထုတ်ဖော်


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁩ ⁨NUG ကာကွယ်ရေးဝန်ကြီးနဲ့ မကွေး - ရခိုင်အခြေစိုက် PIO/PIA တပ်တို့ စစ်ရေးနှင့်အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေး

🚩 ၂။ ရွှေကျင်မြို့နယ်မှာ တိုက်ပွဲဖစ်တာမရှိဘဲ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာနဲ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေ ကြောင့် ဘုန်းကြီးကျောင်းပျက်စီးပြီး လူ ဦး ဒဏ်ရာရ 

🚩၃။ PDF တွေကို မျိုးဖြုတ်မယ်လို့ကြွေးကြော်ထားတဲ့ အုတ်ဖိုနယ်က ပျူစောထီး တင်နိုင်ထွန်းကို ရှင်းလင်းခဲ့ရာ လက်ပစ်ဗုံးနဲ့ ဖုန်း သိမ်းဆည်းရရှိ 

🚩 ၄။ဘောလခဲအခြေစိုက် ခြေမြန်တပ်ရင်းက စစ်မှုထမ်းတပ်သားသစ်၄ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင် 

🚩 ၅။ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် စစ်တောင်မြစ်အနောက်ဖက်ကမ်းရှိ ကျေးရွာများကို စကစတပ်ကလေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းတို့ဆက်တိုက်ပြုလုပ်

🚩 ၆။ ရခိုင်ဒေသတခုလုံးကို ထိန်းချုပ်ပြီးတဲ့နောက်မှာ အမ်းတောင်ကြားလမ်းကနေတဆင့် အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဟာ ပြည်မြို့ကို ဦးတည်လာပြီဖြစ်တယ်လို့ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================




📌📌 ⁨⁨⁨⁨⁨၁။ "ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နှစ်သစ်ကူးအခါသမယအတွက် ဆုမွန်ကောင်းတောင်း"


ဇန်နဝါရီ ၂၉ရက်


ဇန်နဝါရီ၂၉ရက်နေ့တွင် ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နှစ်သစ်ကူးအခါသမယအတွက် ဆုမွန်ကောင်းတောင်းဆိုခြင်းကို ဆိုရှယ်မီဒီယာကတဆင့် တောင်းဆိုလိုက်ပါတယ်။

 ၂၀၂၅ ခုနှစ်သည် တရုတ်ရိုးရာပြက္ခဒိန်အရ မြွေနှစ် ဖြစ်သည်ကိုသိရှိရပြီး ဤနှစ်သစ်ကို ကြိုဆိုကြသူ မြန်မာနွယ်ဖွား တရုတ်လူမျိုးများသာမက ကမ္ဘာတဝန်းမှ တရုတ်နွယ်ဖွားများအားလုံး စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဦးစွာ ဆုမွန်ကောင်းတောင်းအပ်တယ်လို့ဆိုပါတယ်။

မြွေနှစ်သည် ဉာဏ်ပညာကြီးရင့်မှု၊ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် စိန်ခေါ်မှုများကို ကျော်လွှားအောင်မြင်ခြင်း တို့ကို ကိုယ်စားပြုသည်ဟု မှတ်သားရပါတယ်။ ဤလက္ခဏာများသည် ကျွန်တော်တို့ အတူတကွ လျှောက်လှမ်းနေသော တော်လှန်ရေးခရီးကို အလေးအနက် ထင်ဟပ်သည့် လက္ခဏာ သင်္ကေတများလည်း ဖြစ်တယ်လို့ယာယီသမ္မတကဆိုပါတယ်။

ကျွန်တော် ချစ်ခင် လေးစားရပါသော ပြည်သူ တယောက်ချင်းစီအတွက် ကျန်းမာကြံ့ခိုင်မှု၊ ပျော်ရွှင်မှုနှင့် အောင်မြင်မှုတို့ကို ဤနှစ်သစ်က  ဆောင်ကျဥ်းလာပါစေ။ ရှေ့ခရီးတွင် ကြုံတွေ့ရမည့် အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်ပြီး ရင်ဆိုင်ရမည့် အခက်အခဲများကိုလည်း အတူတကွ ကျော်ဖြတ်ရင်း ညီညွတ်မှု၊ သန္နိဋ္ဌာန်ခိုင်မာမှုတို့နှင့်အတူ ရှေ့ဆက် လျှောက်လှမ်းကြပါစို့လို့ယာယီသမ္မတကဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၂။ကျမတို့အိမ်နီးနားချင်းနိုင်ငံတွေကပြည်သူတွေရဲ့မျက်နှာထက် နေပြည်တော်ရဲ့မျက်နှာကိုကြည့်နေတယ်"လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် ထုတ်ဖော်ပြောကြား


ဇန်နဝါရီ၂၉ရက်


ဇန်နဝါရီလ၂၉ရက်မှာပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌ၏ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က အခုလို ပြောကြားလိုက်ပါတယ်။

"ကျမတို့အိမ်နီးနားချင်းနိုင်ငံတွေကပြည်သူတွေရဲ့မျက်နှာထက် နေပြည်တော်ရဲ့မျက်နှာကိုကြည့်နေတယ်လို့ ကျမပွင့်ပွင့်လင်းလင်းပြောရပါလိမ့်မယ်။ကျမတို့နဲ့အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ရင်းနှီးစွာဆက်ဆံလာတာရှိပါတယ်။ပြည်သူတွေကိုမျက်နှာမူဖို့ ကျမတို့ပြောတာလည်းရှိပါတယ်။ဒါပေမယ့် တဖက်မှာလည်းသူတို့နေပြည်တော်ကိုတော့လက်မလွှတ်သေးပါဘူး"လို့ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ကပြောပါတယ်။

လက်ရှိမှာNUGအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနဟာအမေရိကန်နဲ့ဂျာမနီ၊ပြင်သစ်၊ကူလသမဂ္ဂရုံးစိုက်ရာဘရက်ဆဲလ်၊တောင်ကိုရီးယား၊သြစတြေးလျနိုင်ငံတာဝန်ရှိသူများထံမြန်မာ့အရေးဆွေးနွေးခဲ့ပြီးသွားရောက်ခဲ့ရာမှာနိုင်ငံခြားရေးဌာနအပြင်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများပါအတူတကွသွားရောက်ခဲ့တယ်လို့သိရပါတယ်။

ဒါအပြင် လူကုန်ကူးမှုကျားဖြန့်တိုက်ဖျက်ရေးကို NUGက နိုင်ငံရေးဆန္ဒအမြင့်ဆုံးမှာရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က ထပ်မံပြောဆိုထားပါတယ်။

"နယ်စပ်ဖြတ်ကျော်မှုခင်းနဲ့ပတ်သက်လို့က တကယ်တော့ကျမတို့NUGမှာ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းတွေ တိုက်ဖျက်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ဆိုပြီး၂၀၂၃ ခုနှစ်အောက်တိုဘာလတည်းက ကျမတို့ဖွဲ့စည်းထားတာရှိတယ်။ဒီမှုခင်းတွေကကိုင်တွယ်ရမယ့်အရေးလို့ ကျမတို့ရှုမြင်သုံးသပ်တယ်။ဒါပေမယ့် ကျမတို့မှာဒီကိစ္စတွေက ပြီးပြည့်စုံမှုနည်းပါတယ်။တဖက်မှာလည်းတော်လှန်ရေးကဆင်နွှဲနေရသေးတယ်။တဖက်မှာလည်းစစ်မျက်နှာသစ်ဖွင့်နိုင်ဖို့ဆိုတာ လူသားအရင်းအမြစ်အရရော၊ဘဏ္ဍာရန်ပုံငွေအရရောအင်မတန်မှအားနည်းပါတယ်။သို့သော် ဒါကိုဆောင်ရွက်ဖို့ဆိုလို့ရှိရင် ကျမတို့မှာနိုင်ငံရေးဆန္ဒအမြင့်ဆုံးမှာရှိပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။

လက်ရှိမှာလူကုန်းခံရသူများကို တိုင်းရင်းသားထိန်းချုပ်နယ်မြေနဲ့PDFများရှိသောနေရာများတွင်တွေ့ရှိပါကကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ပေးထားခြင်းအပါအဝင်သက်ဆိုင်ရာနိုင်ငံသံရုံးများသို့ပြန်လည်လွှဲပြောင်းပေးခဲ့မှုတို့ရှိတယ်လို့လည်းသိရှိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၃။ NUGမှာများနေတဲ့ကော်မတီတွေကော်မရှင်တွေကို ဖျက်သိမ်းပြီးတော့ စုစည်းမှုအားကောင်းစွာနဲ့၂၀၂၅မှာလုပ်ဆောင်သွားမယ်လို့ ဒုဝန်ကြီးဦးမိုးဇော်ဦးပြောကြား


ဇန်နဝါရီ၂၉ရက်


ဇန်နဝါရီလ၂၉ရက်မှာပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌ၏ သတင်းစာရှင်းလင်းပွဲတွင် ဒုဝန်ကြီးဦးမိုးဇော်ဦးက အခုလိုပြောပါတယ်။

"ကျနော်တို့မှာ ကော်မတီတွေကော်မရှင်တွေများနေတာရှိတယ်။ဒါတွေကိုမလိုအပ်တာတွေဖျက်သိမ်းပြီးပိုပြီးတော့စုစည်းမှုအားကောင်းလာပြီးအရည်အသွေးရှိရှိနဲ့အချိန်ကိုအသုံးချနိုင်တယ်။တနှစ်စာမဟာဗျူဟာတွေကိုကျနော်တို့ဖော်ထုတ်တယ်။တော်လှန်ရေးအောင်မြင်အောင်မဟာဗျူဟာတွေဖော်ထုတ်တယ်"လို့ ဒုဝန်ကြီးဦးမိုးဇော်ဦးကပြောပါတယ်။

ထို့အပြင်ဝန်ကြီးဌာနအချင်းချင်းညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင်ဒေသတွင်းနိုင်ငံများနဲ့ဆက်ဆံရေးပိုပြီးထိတွေ့ရန်NUGနိုင်ငံရေးဝန်ကြီးဌာနကလုပ်ဆောင်သွားမည်ဖြစ်ပြီးတော့ နယ်စပ်ဖြတ်ကျော်နဲ့ကုန်သွယ်ရေးကိစ္စများကိုလည်းအိမ်နီးချင်းနိုင်ငံများနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးကပြောပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၄။ကုလသမဂ္ဂရဲ့မျက်နှာစာမှာ စစ်ကောင်စီကခြေချလို့မရခဲ့အောင် ကြိုးစားလုပ်ဆောင်ခဲ့တယ်"လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော


ဇန်နဝါရီ၂၉ရက်


"ကုလသမဂ္ဂ ရဲ့မျက်နှာစာမှာစစ်ကောင်စီကခြေချလို့မရခဲ့ဘူး။သူတို့ကြိုးစားခဲ့တယ်။သူတို့ရှုံးခဲ့တယ်။ကုလသမဂ္ဂမျက်နှာစာမှာကျနော်တို့ကာကွယ်ခဲ့ပါတယ်။ပြည်သူတွေရဲ့အသံဆက်လက်ကြားစေနိုင်အောင်ကျနော်တို့ဟာ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီတို့မှာကြိုးစားခဲ့ပါတယ်"လို့ ဇန်နဝါရီလ၂၉ရက်မှာပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌ၏ သတင်းစာရှင်းလင်းပွဲတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းကပြောပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေနဲ့အနေအထားကိုနိုင်ငံတကာသိရှိအောင်တင်ပြနိုင်ခဲ့ပြီးတော့ လူ့အခွင့်အရေးကောင်စီနဲ့ILOညီလာခံတို့မှာမြန်မာ့အရေးကိုဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့အထိလုပ်ဆောင်နိုင်ခဲ့တယ်လို့သံအမတ်ကြီးကထပ်လောင်းပြောကြားပါတယ်။

ထိုသို့မြန်မာအရေးများကိုကုလသမဂ္ဂအထိပေါက်ရောက်အောင်ဆောင်ရွက်ရာတွင်စိန်ခေါ်မှုတွေကရှိခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၅။စင်ကာပူကုမ္ပဏီ Interra Resources က အကြမ်းဖက်စစ်အုပ်စုကို ဒေါ်လာသန်း ၁၅၀ တန်ဖိုးရှိ ရေနံစည် ၂သန်း ရောင်းချခဲ့ တယ်လို့ JFM ထုတ်ဖော်


ဇန်နဝါရီ၂၉ရက်


စင်ကာပူ စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Interra Resources က အကြမ်းဖက်စစ်အုပ်စုထံ ဒေါ်လာသန်း ၁၅၀ တန်ဖိုး ရှိတဲ့ ရေနံစည်ပေါင်း သန်း ရောင်းချခဲ့တယ်လို့ Justice for Myanmar – JFM က ဒီနေ့ ဇန်နဝါရီ ၂၉ မှာ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ 

တရားမဝင်စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှာ စင်ကာပူစတော့ အိတ်ချိန်းစာရင်းဝင် Interra Resources ကုမ္ပဏီက အကြမ်းဖက်စစ်အုပ်စုကို ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး စစ်အုပ်စုက ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်ဆင်ရေးတွေအတွက် လောင်စာဖြည့်တင်းပေးခဲ့တာလို့ ဆိုပါတယ်။ 

Interra Resources Limited ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီကနေ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း - MOGE ထံ ရေနံစည်ပေါင်း ဒသမ သန်း ထောက်ပံ့ခဲ့တဲ့ Goldpetrol Joint Operating Company Inc. ရဲ့ ၆၀ ရာခိုင်နှုန်းကိုပိုင်ဆိုင်တယ်လို့လည်း အသိပေးထားပါတယ်။ 

ဒီရေနံတွေကို မကွေးတိုင်းအတွင်းမှာရှိတဲ့ Goldpetrol ရဲ့ ကုန်းတွင်းရေနံမြေဖြစ်တဲ့ ချောက်နဲ့ ရေနံချောင်းတို့ကနေ ထုတ်ယူ ခဲ့တာလို့ သိရပါတယ်။ 

ကုမ္ပဏီဘက်က စတော့အိတ်ချိန်းအတွက် ထုတ်ပြန်ချက် Justice For Myanmar နဲ့ ယူကေ သတင်းထောက်အဖွဲ့အစည်း Finance Uncovered တို့က လေ့လာသုံးသပ်ခဲ့တဲ့ လျှို့ဝှက်ပေါက်ကြားလာတဲ့ ဘဏ္ဍာရေးအစီရင်ခံစာတွေအရ အဲဒီကာလ အတွင်း Interra Resources ဟာ မြန်မာပြည်တွင်းလုပ်ငန်းတွေကနေ ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ  ၅၅ သန်းကျော် ရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ချောက်နဲ့ရေနံချောင်းကနေထုတ်ယူရရှိတဲ့ရေနံတွေကို စစ်အုပ်စုက တရားမဝင်ထိန်းချုပ်ထားတဲ့ စွမ်းအင်ဝန်ကြီးဌာန အောက်မှာရှိတဲ့ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း - MPE က ကြီးကြပ်လုပ်ကိုင်နေတဲ့ မန်းသံပုရာကန် ဓာတုဗေဒစက်ရုံစုမှာ သန့်စင်ချက်လုပ်ခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်အပေါ်  နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရတဲ့စစ်အုပ်စုဟာ မြန်မာ ပြည်သူတွေအပေါ်  အကြမ်းဖက်ကျူးလွန်နိုင်ရေး လောင်စာဆီရဖို့ အသည်းအသန်ကြိုးပမ်းနေတယ်လို့လည်း JFM က  အသိပေးထားပါတယ်။

မန်းရေနံချက်စက်ရုံဟာ အရပ်သားပြည်သူတွေအပေါ်  စစ်ရာဇဝတ်မှုကျူးလွန်ရာမှာအသုံးပြုတဲ့ လေယာဉ်၊ ထရပ်ကားနဲ့ တင့်ကားတွေ မောင်းနှင်နိုင်ရေးအတွက် လိုအပ်တဲ့ ဒီဇယ်နဲ့လေယာဉ်ဆီတွေ ချက်လုပ်ပေးနေတယ်လို့ သိရပါတယ်။

အခုလို စစ်အုပ်စုကို ရေနံရောင်းချထောက်ပံ့နေတွေ ချက်ချင်းရပ်တန့်ဖို့ Justice For Myanmar က Interra Resources ကို တောင်းဆိုထားပြီး စင်ကာပူစတော့အိတ်ချိန်းအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အဖွဲ့အစည်းတရပ်နဲ့ စီးပွားရေးလုပ်ငန်း တွေ ဆက်လက်လုပ်ဆောင်မှု၊ စစ်အုပ်စုကကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါအနေနဲ့ ပတ်သတ် နေတာတွေအတွက် Interra Resources ကို စည်းမျဉ်းပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်တာတွေလုပ်ဆောင်ဖို့ JFM က တိုက်တွန်းထားပါတယ်။

MOGE နဲ့ Interra Resources တို့ကြား ငွေပေးချေယူတာတွေဆောင်ရွက်ပေးနေတဲ့ စစ်အုပ်စုထိန်းချုပ်ရာ ဘဏ်တွေအပါ အဝင် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE နဲ့ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း -MPE တို့အပေါ်  နိုင်ငံတကာ အစိုးရများအနေနဲ့ ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေ စုပေါင်းချမှတ်ဖို့လည်း  Justice for Myanmar – JFM က တောင်းဆိုထားပါတယ်။


 အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================





🚩🚩 ၁။⁩ ⁨NUG ကာကွယ်ရေးဝန်ကြီးနဲ့ မကွေး - ရခိုင်အခြေစိုက် PIO/PIA တပ်တို့ စစ်ရေးနှင့်အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေး


ဇန်နဝါရီ၂၉ရက်


အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နဲ့ မကွေး - ရခိုင်အခြေစိုက် ပြည်သူ့လွတ်လပ်ရေးတပ်တော် PIA ဗဟိုကော်မတီဝင် ကိုမိုးနေလတို့ မြေပြင်မှာတွေ့ဆုံပြီး စစ်ရေးဆိုင်ရာတွေ ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံတဲ့နေ့ရက်နဲ့နေရာဒေသကို အတိအကျဖော်ပြခြင်းမရှိပေမယ့် အတော်လှန်ရေး ကာလအတွင်းလုပ်ဆောင်ချက်တွေ နဲ့သဘောထားတွေ ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးခဲ့တယ်လို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ PIO)/ ပြည်သူ့လွတ်လပ်ရေး တပ်တော်-PIA က မနေ့ ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီလိုတွေ့ဆုံရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ- NUG နဲ့ စစ်ရေးဆိုင်ရာလုပ်ငန်းတွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဥ်တွေမှာ ပူးပေါင်းကူညီဆောင်ရွက်ဖို့ သဘောတူညီမှုရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အနာဂတ်ဖက်ဒရယ်တပ်မတော်တရပ်တည်ဆောက်ရေး ရည်မှန်းချက်တွေနဲ့ တော်လှန်ရေးကာလအတွင်း စစ်စည်းကမ်း၊ စစ်ကျင့်ဝတ်တွေလိုက်နာဖို့အတွက်လည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံမှုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်က လွတ်မြောက်နယ်မြေတနေရာမှာ ပြုလုပ်ခဲ့တာလို့ အမျိုးသားညီညွတ်ရေး အစိုးရ သတင်းပြန်ကြားရေး PVTV က ဒီနေ့ ဇန်နဝါရီ ၂၉ ရက်မှာ ဖော်ပြခဲ့ပါတယ်။ 

PIO/PIA ဟာ မကွေး-ရခိုင်ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲကာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတခုဖြစ်ပါတယ်။


========================


🚩🚩 ၂။ ရွှေကျင်မြို့နယ်မှာ တိုက်ပွဲဖစ်တာမရှိဘဲ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာနဲ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေ ကြောင့် ဘုန်းကြီးကျောင်းပျက်စီးပြီး လူ ဦး ဒဏ်ရာရ 


ဇန်နဝါရီ၂၉ရက်


ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ ညောင်ပင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်  ဘုန်းကြီးကျောင်းပျက်စီးပြီး အရပ်သားပြည်သူ ဦး ဒဏ်ရာရ သွားတယ်လို့ ပဲခူးခရိုင် ပကဖ တာဝန်ရှိသူတွေကပြောပါတယ်။

ရွှေကျင်မြို့နယ် ညောင်ပင်ကြီးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၂၇ ရက် နေ့ခင်းပိုင်းမှာ လေယာဉ်နဲ့ ကြိမ်၊ ၁၂၀ မမ လက်နက်ကြီး အလုံး ၂၀ ဒရုန်းနဲ့ ကြိမ် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အကြောင်းမဲ့ ဗုံးကြဲတာနဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာကြောင့် အရပ်သား ဦး ထိခိုက်ဒဏ်ရာ ရခဲ့သလို ဘုန်းကြီးကျောင်း ကျောင်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ ပဲခူးတိုင်းအတွင်း တိုက်ပွဲဖြစ်တာမရှိတဲ့ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက် ကြီးတွေ အကြောင်းမဲ့ ပစ်ခတ်နေတာတွေကြောင့် ပြည်သူလူထုအနေနဲ့ သတိပြုသွားလာနေထိုင်ကြဖို့ တော်လှန်ရေး တပ်ဖွဲ့ တွေက အသိပေးနှိုးဆော်ထားပါတယ်။


========================


🚩🚩၃။ PDF တွေကို မျိုးဖြုတ်မယ်လို့ကြွေးကြော်ထားတဲ့ အုတ်ဖိုနယ်က ပျူစောထီး တင်နိုင်ထွန်းကို ရှင်းလင်းခဲ့ရာ လက်ပစ်ဗုံးနဲ့ ဖုန်း သိမ်းဆည်းရရှိ 


ဇန်နဝါရီ၂၉ရက်


ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်မှာ PDF တွေကို မျိုးဖြုတ်ပစ်မယ်လို့ကြွေးကြော်ထားတဲ့ ပျူစောထီး တင်နိုင်ထွန်းကို ရှင်းလင်းခဲ့ရာမှာ လက်ပစ်ဗုံးနဲ့ ဖုန်း သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ဒီနေ့ ဇန်နဝါရီ ၂၉ မှာ ထုတ်ပြန်ပါတယ်။

သဖန်းပင်ဆိပ်ကျေးရွာနေတဲ့ စစ်မှုထမ်းဟောင်း ပျူစောထီး တင်နိုင်ထွန်းကို အုတ်ဖိုတာဆုံနဲ့ သဖန်းပင်ဆိပ်ကျေးရွာကြားက ကားလမ်းပေါ်မှာ မနေ့ ဇန်နဝါရီ ၂၈ ရက် နေ့လယ် ၁နာရီအချိန်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

ပျူစောထီး တင်နိုင်ထွန်းဟာ PDF တွေကို မျိုးဖြုတ်ပစ်မယ်လို့ ကြွေးကြော်ထားတဲ့ စစ်တပ်ထောက်တိုင် အမာခံတဦး ဖြစ်သလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ PDF ရဲဘော်တွေရဲ့ အချက်အလက်တွေ ထောက်လှမ်းပြီး စစ်တပ်ကို သတင်းပို့တာ လူငယ်တွေကို ပေါ်တာဆွဲဖို့ စစ်တပ်ကို သတင်းပေးဖမ်းဆီးခိုင်းတာ၊ စစ်တပ်ကိုမမှန်သတင်းပေးပြီး အရပ်သားပြည်သူတွေ ကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခိုင်းနေတာကြောင့် အရေးယူရတာလို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေးပါ တယ်။

သေဆုံးသွားတဲ့ စစ်မှုထမ်းဟောင်း ပျူစောထီး တင်နိုင်ထွန်းဆီက လက်ပစ်ဗုံးတလုံး၊ဖုန်းတလုံးနဲ့ဆိုင်ကယ်တစီး သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီထောက်တိုင်တွေကို တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် သူတို့အနီး သွားလာနေထိုင်တာတွေ မလုပ်ကြဖို့  မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က တိုက်တွန်းထားပါတယ်။


========================


 🚩🚩 ၄။ဘောလခဲအခြေစိုက် ခြေမြန်တပ်ရင်းက စစ်မှုထမ်းတပ်သားသစ်၄ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင် 


ဇန်နဝါရီ၂၉ရက်


ကရင်နီပြည် ဘောလခဲအခြေစိုက် အမှတ်- ၄၂၉ ခြေမြန်တပ်ရင်းက စစ်မှုထမ်းတပ်သား၄ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ လွိုင်ကော်မြို့နယ် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Loikaw Local PDF က ဒီနေ့ ဇန်နဝါရီ ၂၉ မှာ ထုတ်ပြန်ပါတယ်။

ဘောလခဲမြို့အခြေစိုက် ခမရ-၄၂၉ တပ်ရင်းက စစ်သား၄ ဦးဟာ ရှေ့တန်းကင်းပွိုင့်တာဝန်ထမ်းဆောင်နေချိန် ဒီနေ့ ဇန်နဝါရီ ၂၉ ရက်မှာ အလင်းဝင်လာတာဖြစ်ပြီး သေနတ် လက် ခဲယမ်းနဲ့မိုင်းတွေယူလာပြီး အလင်းဝင်လာတာလို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့တပ်သားတွေဟာ ပြည်သူစစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း ရှောင်တခင်ဖမ်းဆီးခံခဲ့ရပြီး အတင်း အဓမ္မလူသစ်စုဆောင်းခံခဲ့ရသူတွေလို့ သိရပါတယ်။

အလင်းဝင်လာသူတွေပြောဆိုချက်အရ စစ်ကောင်စီတပ်တွင်းကတပ်သား အများစုဟာ စိတ်ဆန္ဒမရှိဘဲ တာဝန်ထမ်းဆောင် နေရတယ်လို့လည်း သိရပါတယ်။

အလင်းဝင်ရောက်ခိုလှုံလာတဲ့ တပ်သားတွေကို လုံခြုံတဲ့နေရာမှာထားရှိပြီး သူတို့ဆန္ဒအတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့်တွေ အလေးပေးဆောင်ရွက်သွားမယ်လို့ လွိုင်ကော် Local PDF က အသိပေးပါတယ်။

လက်ရှိမှာ လွိုင်ကော် Local PDF ထံ အလင်းဝင်လာတဲ့ စစ်သား ဦးရှိနေပြီဖြစ်ကာ CDM လုပ်ခဲ့သူတွေကတော့ သူတို့ ရွေးချယ်မှုနဲ့သူတို့ လုပ်ငန်းတွေပြန်လုပ်နေတာရှိတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းလာကြမယ့် ပြည်သူ့စစ်မှုထမ်းများ အရာရှိစစ်သည်နဲ့ အောက်ခြေရဲဘော်များ အပါအဝင် Non CDM ဝန်ထမ်းတွေကို နွေးထွေးစွာကြိုဆိုနေမှာဖြစ်ပြီး လုံခြုံစိတ်ချမှုနဲ့ သူတို့စိတ်ဆန္ဒအတိုင်း အလေးထား ကာကွယ်စောက်ရှောက်ပေးမယ်လို့ လွိုင်ကော် Local PDF က အသိပေးထုတ်ပြန်ထားပါတယ်။၃။


========================


🚩🚩 ၅။ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် စစ်တောင်မြစ်အနောက်ဖက်ကမ်းရှိ ကျေးရွာများကို စကစတပ်ကလေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းတို့ဆက်တိုက်ပြုလုပ်


ဇန်နဝါရီ၂၉ရက်


"ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် စစ်တောင်မြစ်အနောက်ဖက်ကမ်းရှိ အပစ်မဲ့ပြည်သူများနေထိုင်ရာကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းများပြုလုပ်နေပါတယ်။ဇန်နဝါရီ၂၅၊၂၆ရက်နေ့များတွင် တော်လှန်ရေးတပ်ပေါင်းစုများက ပုဇွန်မြောင်းကျေးရွာ ဆွဲဒလွဲကျောင်းကြီးကျောင်း အတွင်း အထိုင်ချစခန်းငယ်ကိုတိုက်ခိုက်ခဲ့ပါတယ်"လို့ ဇန်နဝါရီ၂၉ရက်ညောင်လေးပင် ပကဖက အတည်ပြုဆိုထားပါတယ်။။၎င်းတိုက်ပွဲတွင် စကစဘက်က(၂၀)ကျော် သေဆုံးကာအများအပြားဒါဏ်ရာရ ထွက်ပြေးကြပြီး လက်နက်များ၊ ဂျန်ပါစက်ပါထားကာထွက်ပြေးခဲ့ပါတယ်။

ထိုအရှုံးကို လက်စားချေတဲ့အနေနဲ့စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူနေထိုင်ရာကျေးရွာများကို လက်စားချေတိုက်ခိုက်ခဲ့ကြပြီး ဘာသာရေးအဆောက်အအုံများ ဗုံးကျတိုက်ခိုက်ခြင်းကြောင့်ပျက်စီးမှုများ

(ညောင်ပင်ကြီးကျောင်းသစ်ကျောင်းဆွမ်းစားဆောင် ဓမ္မဆာယာဗိမာန် ဆွမ်းစားဆောင် သိမ် လူသွားလမ်း ရေစင်၊)ပျက်စီးသွားခဲ့ပါတယ်။

ထို့အပြင်ပျဉ်ရေကြီးကျေးရွာနေ ပြည်သူတဦးအဘွားအိုမှာ ဗုံးဆံမှန်ပြီးနေရာတွင်သေဆုံးခဲ့ပါတယ်။


========================


🚩🚩 ၆။ ရခိုင်ဒေသတခုလုံးကို ထိန်းချုပ်ပြီးတဲ့နောက်မှာ အမ်းတောင်ကြားလမ်းကနေတဆင့် အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဟာ ပြည်မြို့ကို ဦးတည်လာပြီဖြစ်တယ်လို့ဆို


ဇန်နဝါရီ၂၉ရက်


"ရခိုင်ဒေသတခုလုံးကို ထိန်းချုပ်ပြီးတဲ့နောက်မှာ အမ်းတောင်ကြားလမ်းကနေတဆင့် အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဟာ ပြည်မြို့ကို ဦးတည်လာပြီဖြစ်ပါတယ်။ ပြည်မြို့အောက်ဘက် နယ်မြေတွေ ဖြစ်တဲ့ ပဲခူးရိုးမ အနောက်ခြမ်း နဲ့ ရိုးမ ဒေသဟာ နဂိုကတည်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖတွေ လှုပ်ရှား အားကောင်းရာ ဒေသဖြစ်ပါတယ်။ လက်ရှိမှာကို ရိုးမ ပေါ်က တော်လှန်ရေး တပ်တွေဟာ ရိုးမအစပ် နယ်မြေတွေကို ဆင်းပြီး လှုပ်ရှားတိုက်ခိုက်နိုင်နေပြီ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ လက်ရှိထိ အင်အားကြီးမားလာမယ်ဆိုရင် ရန်ကုန်-ပြည် လမ်းမပေါ်မှာပါ ပုံမှန် တိုက်ခိုက်နိုင်လာမှာ ဖြစ်ပါတယ်"လို့ ဇန်နဝါရီ၂၉ရက်မှာ စစ်ရေးသုံးသပ်ချက်များဖော်ပြနေတဲ့ PDFInsightကအသိပေးရေးသားထားပါတယ်။

ရန်ကုန်-ပြည် လမ်းမ တလျောက်မှာသာ တိုက်ခိုက်မှု တိုးပွားလာရင်အခြေအနေ ပျက်သွားပြီး စစ်တပ်အနေနဲ့ ခိုလှုံ အနားယူစရာနေရာ ရှားပါးသွားမှာ ဖြစ်တယ်လို့ဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နဲ့မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment