18th Feb 2025 - Morning Daily News by Radio NUG

 

၂၀၂၅ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ပုဂံဒေသကို လေကြောင်းတိုက်ခိုက်တဲ့ စစ်ကောင်စီကို နိုင်ငံတကာတရားရုံးတွင် အရေးယူနိုင်ရန် NUG ဆောင်ရွက်မည်

📌 ၂။ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ကျင်းပသည့် လုံခြုံရေးညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ဆွေးနွေးခဲ့

📌 ၃။ ကံကြီးတောရွာ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းထိုင် ဘုန်းကြီးဖြစ်သူ သတ်ဖြတ်ခံရမှု စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်ဆေးရေးများ စတင်နေပြီ ဖြစ်

📌 ၄။ မြဝတီ ကျားဖြန့်လုပ်ငန်းများတွင် ဂျပန်လူမျိုး ၁၀ဦးခန့် ရှိနေသေးဟု လွတ်မြောက်လာသည့် ၁၆နှစ်အရွယ် ဂျပန်လူငယ် ပြောဆို

📌 ၅။ ထိုင်းနိုင်ငံ နယ်စပ်သို့ရောက်ရှိလာတဲ့ တော်လှန်ပြည်သူများအနေနဲ့ရောင်နီလာရာလမ်းSave House”ကို ဖေဖော်ဝါရီ၁၉ရက် နောက်ဆုံးထားကာ နေထိုင်ခွင့်လျှောက်ထားနိုင်

📌 ၆။ ဖြတ် Wide Awake - 𝐅𝐢𝐥𝐦 𝐒𝐜𝐫𝐞𝐞𝐧𝐢𝐧𝐠 & 𝐅𝐨𝐨𝐝 𝐅𝐚𝐢𝐫 မှ ရံပုံငွေ သြစတြေးလျဒေါ်လာ ၁သောင်း ထောင်ကျော်  ရရှိခဲ့


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် ဓါတုလက်နက်များ၏ ဘေးအန္တရာယ်ကာကွယ်နိုင်ရေး အကြံပြုချက်များ ထုတ်ပြန်

🚩 ၂။ မင်းအောင်လှိုင်ကို ပြောချင်တာက ကျွန်တော်တို့ ခေါင်းတွေ ခြေထောက်တွေကို ဖိမနင်းပါနဲ့လို့  စစ်သားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုကြောင့် ထွက်ပြေးလာတဲ့ တပ်ကြပ် ပြောဆို

🚩 ၃။ ဘုတ်ပြင်းမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းကို () ရက်ဆက် တိုက်ခိုက်ခဲ့ပြီး ၂၄ ဦး ထက်မနည်း သေဆုံး

🚩 ၄။ ညောင်ရွှေမြို့နယ်တွင် အင်အား(၁၀၀)ကျော်ဖြင့် စစ်ကြောင်းထိုးလာတဲ့ PNO နဲ့ တိုက်ပွဲဖြစ်ပွားရာ PNO ၅ဦး‌ သေဆုံးပြီး ၄ဦး ဖမ်းမိ

🚩 ၅။ ပခုက္ကူတွင် ငွေကြေးကောက်ခံနေတဲ့ ပျူစောထီးဂိတ်ကို အနီးကပ် ပစ်ခတ်တိုက်ခိုက်

🚩 ၆။ အမ်းမှာ စစ်ကောင်စီရဲ့ စစ်ကျန်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ဒေသခံ ဦး သေဆုံးကာ ဦး ဒဏ်ရာရ

🚩 ၇။ မတရားဖမ်းဆီး စစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်ကောင်စီ တပ်သား ဦး KNLA ထံ လက်နက်ချ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ပုဂံဒေသကို လေကြောင်းတိုက်ခိုက်တဲ့ စစ်ကောင်စီကို နိုင်ငံတကာတရားရုံးတွင် အရေးယူနိုင်ရန် NUG ဆောင်ရွက်မည်


ဖေဖော်ဝါရီ ၁၇ 

Radio NUG 


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ နံနက်  ၇နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ လေတပ်မှ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသအတွင်းရှိ ဂျိုးကန်ရွာနှင့် ကျောက်ပြင်ကန်ရွာကြားသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှု မပြုလုပ်ခင်အစောပိုင်း ရက်များတွင်လည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပုဂံဒေသရှိ ရွာများအတွင်း အင်အားရာချီ စစ်ကြောင်းထိုးခြင်း၊ ဒေသခံလူငယ်များအား ပေါ်တာဆွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


ထိုကဲ့သို့ တန်ဖိုးဖြတ်၍ မရနိုင်သည့်  အမွေအနှစ်များကို စစ်ရေးပစ်မှတ်ထား၍ ဖျက်ဆီးခြင်းသည် မိမိလူမျိုးတို့၏ သမိုင်းတန်ဖိုး အရင်းအမြစ်များကို ဖျက်ဆီးခြင်းဖြစ်၍ လွန်စွာလူသားမဆန်သည့် လုပ်ရပ်ဖြစ်ခြင်း၊ မြန်မာနိုင်ငံသည် “The Geneva Convention” နှင့် "The Hauge Convention" ကို လက်မှတ်ရေးထိုးထားသော နိုင်ငံတနိုင်ငံဖြစ်ရာ စစ်ကောင်စီ၏ လုပ်ရပ်သည် Geneva Convention ပါ စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကို ချိုးဖောက်ကျုးလွန် တိုက်ခိုက်ခြင်း၊ The Hauge Convention(သည်ဟိသ်ကွန်ဗန်းရှင်း) ပါ ယဉ်ကျေးမှု အမွေအနှစ်နေရာကို တိုက်ခိုက်ခြင်းဖြင့် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း၊ မြန်မာနိုင်ငံ၏ တည်ဆဲ ရှေးဟောင်း အဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၉(က) ကို ကျူးလွန်ခြင်းတို့ကြောင့် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ပြင်းထန်စွာ သတိပေး ရှုံ့ချလိုက်ကြောင်းနှင့် နိုင်ငံတကာတရားရုံး၊ ပြည်တွင်းတရားရုံး အရပ်ရပ်တို့အရ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ကြေငြာထားပါတယ်။


========================


📌📌 ၂။ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ကျင်းပသည့် လုံခြုံရေးညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ဆွေးနွေးခဲ့


ဖေဖော်ဝါရီ၁၇ရက်

Radio NUG

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ကျင်းပသည့် လုံခြုံရေးညီလာခံသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ပြီး ကမ္ဘာတဝန်းဒီမိုကရေစီဦးတည်ရာများ ( Global Democracy Trends) ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က  "ပထဝီအနေအထားအရ မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို သိပ်အားမပေးတဲ့ နိုင်ငံတွေကြားမှာရှိနေပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်မှုနဲ့ ဒီမိုကရေစီရေးကို အားပေးမယ့် မဟာမိတ်တွေ၊ မိတ်ဆွေတွေ လိုအပ်တဲ့အတွက် ဒီနေ့ မြူးနစ် လုံခြုံရေးညီလာခံကို တက်ရောက်တာဖြစ်ကြောင်း" ဆွေးနွေးပြောကြားခဲ့ပါတယ်။


အဆိုပါ ကမ္ဘာတဝန်းဒီမိုကရေစီဦးတည်ရာများ ( Global Democracy Trends) ဆွေးနွေးပွဲတွင် အမေရိကန် အထက်လွှတ်တော်အမတ် Senator Christopher A.Coons ဂါနာ လွှတ်တော်အမတ် Zanetor Agyeman-Rawlings ပိုလန် လွှတ်တော်အမတ် Aleksandra Uznaska-Winiewska တို့ ပါဝင် ဆွေးနွေးခဲ့ကြတယ်။


========================


📌📌 ၃။ ကံကြီးတောရွာ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းထိုင် ဘုန်းကြီးဖြစ်သူ သတ်ဖြတ်ခံရမှု စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်ဆေးရေးများ စတင်နေပြီ ဖြစ်


ဖေဖော်ဝါရီ၁၇ရက်

Radio NUG

ရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းထိုင် ဘုန်းကြီးဖြစ်သူ  သတ်ဖြတ်ခံရမှု စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်ဆေးရေးများ စတင်နေပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၇ရက်မှာ သတင်းထုတ်ပြန် ဖော်ပြပါတယ်။


ရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းထိုင် ဘုန်းကြီးဖြစ်သူ  အသက် (၄၄နှစ်) ဝါတော် ခုနှစ်ဝါရှိ ဖာသာရ်မာတင်ဒေါနယ်ရဲနိုင်ဝင်းကို ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် ဒေသကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ အဖွဲ့ဝင် ဆယ်ဦး ပါဝင်သော အဖွဲ့က သတ်ဖြတ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။


သံသယတရားခံ ဆယ်ဦးကို နေ့ချင်းပင် ဖမ်းဆီးခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနက စစ်ခုံရုံးတင် စစ်ဆေးပြီး တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။


========================


📌📌 ၄။ မြဝတီ ကျားဖြန့်လုပ်ငန်းများတွင် ဂျပန်လူမျိုး ၁၀ဦးခန့် ရှိနေသေးဟု လွတ်မြောက်လာသည့် ၁၆နှစ်အရွယ် ဂျပန်လူငယ် ပြောဆို


ဖေဖော်ဝါရီ ၁၇ 

Radio NUG 


မြန်မာနိုင်ငံ မြဝတီရှိ ကျားဖြန့်လုပ်ငန်းများတွင် အတင်းအကျပ် ခိုင်းစေခံရသည့် ဂျပန်ဆယ်ကျော်သက်တစ်ဦးသည် နိုင်ငံတွင်း ရာဇ၀တ်ဂိုဏ်း၏ အခြေစိုက်စခန်းတွင် အခြားဂျပန်လူမျိုး ၁၀ ဦးခန့်ရှိသည်ဟု ပြောဆိုကြောင်း ထိုင်းစစ်တပ်သတင်းရင်းမြစ်များက စနေနေ့တွင် ပြောကြားချက်အရ သိရပါတယ်။


ထိုင်းစစ်တပ်နှင့် အခြားသတင်းရင်းမြစ်များ၏ အဆိုအရ အဆိုပါဆယ်ကျော်သက် ဂျပန်လူငယ်သည် ဆိုရှယ်မီဒီယာပေါ်တွင် အလုပ်လျှောက်ထားပြီးနောက် ဒီဇင်ဘာလက ဂျပန်နိုင်ငံမှ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။


၎င်းအား ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ်ရှိ တရုတ်ကျားဖြန့်လုပ်ငန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ဂျပန်လူမျိုးများကို ပစ်မှတ်ထား လှည့်စားမှုများ လုပ်ရန် ဖိအားပေးခံခဲ့ရတယ်လို့ သိရပါတယ်။


အဆိုပါ ဂျပန်လူငယ်သည် ယခုလအစောပိုင်းတွင် ၎င်း၏ မိသားစုထံမှတဆင့် ဂျပန်ရဲထံ ဆက်သွယ်ခဲ့ကာ အကူအညီတောင်းခံခဲ့ပြီး ဂျပန်နိုင်ငံရဲ့ တောင်းဆိုမှုအရ ထိုင်းအာဏာပိုင်တွေက သူ့ကို ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကနေ ထိုင်းဘက်ခြမ်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


ပြီးခဲ့သည့်လက အွန်လိုင်းဂိမ်းမှ သိတဲ့ အသက် ၂၉ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး၏ လိမ်လည်လှည့်ဖြားခံရပြီးနောက် မြန်မာနိုင်ငံတွင် လိမ်လည်လှည့်ဖြားရန် လုပ်ခံခဲ့ရတဲ့ အသက် ၁၇ နှစ်အရွယ် ဂျပန်အထက်တန်းကျောင်းသားတစ်ဦးအား ထိုင်းနိုင်ငံတွင် အကာအကွယ်ပေးမှုအောက်တွင် ထားခဲ့ရတယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ထိုင်းနိုင်ငံ နယ်စပ်သို့ရောက်ရှိလာတဲ့ တော်လှန်ပြည်သူများအနေနဲ့ရောင်နီလာရာလမ်းSave House”ကို ဖေဖော်ဝါရီ၁၉ရက် နောက်ဆုံးထားကာ နေထိုင်ခွင့်လျှောက်ထားနိုင်


ဖေဖော်ဝါရီ၁၇ရက်

Radio NUG

ထိုင်းနိုင်ငံ နယ်စပ်သို့ ရောက်ရှိလာတဲ့ တော်လှန်ပြည်သူများအနေနဲ့ရောင်နီလာရာလမ်း Save House”ကို ဖေဖော်ဝါရီ ၁၉ရက် နောက်ဆုံးထားကာ  နေထိုင်ခွင့် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။


ဖေဖော်ဝါရီ ၁၇ရက် သတင်းထုတ်ပြန်ချက်အရ  နယ်စပ်ရှိ Activists နှင့် CDMers အတွက်

ဒါရိုက်တာ ကိုပေါက်၏ "ရောင်နီလာရာလမ်း" အဖွဲ့သားများမှ တော်လှန်ပြည်သူများထံသို့ ယခင် ပထမအကြိမ် လတစ်ဖြတ် Safe House စီစဉ်ထားရှိခဲ့တယ်လို့ ဖော်ပြပါတယ်။


ပထမအကြိမ် လတစ်ဖြတ်တွင် စုစုပေါင်းလူဦးရေ ၉၈ ဦးလက်ခံထားရှိခဲ့ပြီး ထိုင်းဘတ် 107,4000 THB ကို အသုံးပြုကူညီစီစဉ်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။


ယခင် လသာ ပေးနေထိုင်သော အစီအစဉ်အား ယခုအခါတွင် ၆လ နေထိုင်ခွင့်ပေးသွားမည် ဖြစ်ကာ တတိယအကြိမ် Safe House ပြန်လည်လက်ခံသွားတော့မည်ဖြစ်၍ ဖေဖော်ဝါရီ ၁၉ရက် နောက်ဆုံးထားပြီး လျှောက်ထားနိုင်တယ်လို့ ဖော်ပြပါတယ်။


Safe House ကူညီမှုဆောင်ရွက်ချက်ကိုတော့ 2024 ခုနှစ် July လတည်းက စတင်ဆောင်ရွက်ခဲ့ပြီး လအတွင်းလူဦးရေ ၂၁၁ ဦးအတွက် ဆောင်ရွက်ကူညီပေးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ ဖြတ် Wide Awake - 𝐅𝐢𝐥𝐦 𝐒𝐜𝐫𝐞𝐞𝐧𝐢𝐧𝐠 & 𝐅𝐨𝐨𝐝 𝐅𝐚𝐢𝐫 မှ ရံပုံငွေ သြစတြေးလျဒေါ်လာ ၁သောင်း ထောင်ကျော်  ရရှိခဲ့


ဖေဖော်ဝါရီ၁၇ရက်

Radio NUG

Feburary ၉ရက် မှာ ကျင်းပခဲ့တဲ့ ဖြတ် Wide Awake -𝐅𝐢𝐥𝐦 𝐒𝐜𝐫𝐞𝐞𝐧𝐢𝐧𝐠 & 𝐅𝐨𝐨𝐝 𝐅𝐚𝐢𝐫  Melbourne Screening သရုပ်ဆောင် မင်းမော်ကွန်း Kyaw Kyaw Htay Lwin Together Production တို့နှင့် အတူ ကျင်းပပြုလုပ်ခဲ့ပြီး ကိုကျော့်လက်မှတ် ပါရှိသော ဖြတ်တံဆိပ် ပစ္စည်းများ လေလံတင်ရောင်းချမှု၊ အစားအသောက်များနှင့် အခြား တော်လှန်ရေး ပစ္စည်းများ ရောင်းချမှုတို့အတွက် ရံပုံငွေ ဒေါ်လာ ၁သောင်း ထောင်ကျော်  ရရှိခဲ့ကြောင်း Support for Myanmar from Australiaက ဖော်ပြပါတယ်။


ကြွရောက်အားဖြည့်ခဲ့ကြသော တော်လှန်ရေးအင်အားစုအသီးသီးနှင့် ခုချိန်ထိ သွေးမအေးဘဲ ပါဝင်တော်လှန်နေဆဲဖြစ်တဲ့ ညီအစ်ကို မောင်နှမ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ရရှိခဲ့သော ရံပုံငွေများအား ဖြတ်အဖွဲ့သားများမှတစ်ဆင့်  ထိရောက်အကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် ဓါတုလက်နက်များ၏ ဘေးအန္တရာယ်ကာကွယ်နိုင်ရေး အကြံပြုချက်များ ထုတ်ပြန်


ဖေဖော်ဝါရီ ၁၇ 

Radio NUG 


စစ်ပွဲများတွင် သမားရိုးကျ လက်နက်များဖြင့်သာမကဘဲ အဆိပ်သင့်စေသော ဓာတုပစ္စည်းများကို စစ်လက်နက်များတွင် တပ်ဆင်ပစ်ခတ်ခြင်းကြောင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များအပြင် အရပ်သားများပါ သေကြေ ဒဏ်ရာရလေ့ရှိ‌ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။


ဓာတုလက်နက်များမှ အဆိပ်များသည် ပတ်ဝန်းကျင်တွင် ဓာတ်ငွေ့၊ အရည်နှင့် အမှုန့် စသည်ဖြင့် ပုံစံမျိုးစုံနှင့် တည်ရှိနိုင်ပြီး သာမန်အဝတ်အစားများ လုံခြုံစွာ ဝတ်ဆင်ခြင်းဖြင့် မကာကွယ်နိုင်ဘူးလို့ ဆိုထားပါတယ်။


ထို့ပြင် ဓာတုလက်နက် ကျရောက်ထားသည့် နေရာအနီးတဝိုက်သို့ အကာအကွယ်ဝတ်စုံ မပါဘဲ သွားရောက်ခြင်း၊ လက်ဗလာဖြင့် ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ လူနာများကိုကြည့်ရှုခြင်း မပြုလုပ်ရဘဲ အဆိုပါ အဆိပ်ဓာတ်များကို ထိတွေ့၊ ရှူရှိုက်၊ မျိုချမိပါက အရေပြား၊ မျက်လုံး၊ အသက်ရှူ လမ်းကြောင်းနှင့် ပါးစပ်တို့မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းဝင်ရောက်ပြီး အဆိပ်သင့်စေကာ ကျန်းမာရေးကို ထိခိုက်စေပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်တယ်လို့ သိရပါတယ်။


ဓာတုပစ္စည်း တစ်မျိုးချင်းစီအလိုက် အဆိပ်သင့်မှု ပုံစံမျိုးစုံရှိပြီး ၎င်းလက္ခဏာများကို သိရှိထားရန် လိုအပ်ပြီး ဓာတုအဆိပ်သင့်မှုကြောင့် အရေပြား၊ အသက်ရှူလမ်းကြောင်း၊ အဆုတ်၊ နှလုံး၊ ဦးနှောက်နှင့် အာရုံကြော၊ အစာအိမ်အူလမ်းကြောင်းနှင့် ကြွက်သား အဖွဲ့အစည်းတို့ကို ထိခိုက်ပျက်စီးစေတတ်တယ်လို့ ဖော်ပြထားပါတယ်။


ထို့ကြောင့် ထိခိုက်ဒဏ်ရာမရှိသော်လည်း အဆိပ်သင့်လက္ခဏာရှိသူများ၊ ရရှိထားသော ဒဏ်ရာနှင့် မသက်ဆိုင်သော ဝေဒနာခံစားနေရသူများ၊ ခန္ဓာကိုယ်ထိခိုက်မှု တစ်စုံတစ်ရာမရှိပါဘဲ လူအများအပြား ရုတ်ချည်း သေဆုံးမှုများ၊ ပုံမှန်မဟုတ်သော အနံ့၊ အရည်နှင့် အ‌ငွေ့တို့ကို တွေ့ရှိရပြီး အဆိပ်သင့်လက္ခဏာများ ပြသလာလျှင် ဓာတုအဆိပ်သင့်မှုဟု ယူဆနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် အရပ်သားပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် မည်သို့ပြုမူနေထိုင်ရမည်ကို သိရှိစေရန် ရည်ရွယ်ထုတ်ပြန်ပါသည်။


========================


🚩🚩 ၂။ မင်းအောင်လှိုင်ကို ပြောချင်တာက ကျွန်တော်တို့ ခေါင်းတွေ ခြေထောက်တွေကို ဖိမနင်းပါနဲ့လို့  စစ်သားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုကြောင့် ထွက်ပြေးလာတဲ့ တပ်ကြပ် ပြောဆို


ဖေဖော်ဝါရီ ၁၇ 

Radio NUG 


ဖေဖော်ဝါရီလ ၁၅ရက်နေ့ မွန်းလွဲ ၁၂နာရီအချိန်ခန့်တွင် ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာဂိတ်က ခလရ ၂၅၄မှ တပ်ကြပ် စံမိုး၊ ကိုယ်ပိုင်နံပါတ် /၄၃၀၁၁၁ ထွက်ပြေးလာကြောင်း Burma Revolution Rangersတပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


တော်လှန်ရေးတပ်ဖွဲ့မှ သွားရောက်ကယ်တင် ခေါ်ဆောင်ခဲ့ရာ ထိုဂိတ်တွင် စစ်သားအချင်းချင်း ရိုက်နှက်ထိုးကြိတ်ခံထားရတာကြောင့် မျက်နှာနှင့် ခြေလက်များ ရောင်ရမ်းနေကာ တပ်ဖွဲ့မှ ဆေးကုသမှုများ လုပ်ဆောင်ပေးကာ ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


"တပ်တွင်း ညှဉ်းပန်းနှိပ်စက်မှုကတော့ တပ်ထဲမှာ ခဏခဏ ကျွန်တော် အချုပ်ထဲရောက်ပါတယ်။ အင်ပင်စခန်းမှာဆိုရင် ကျွန်တော်ဆိုရင် ထိုးလိုက်ကြိတ်လိုက် ရိုက်လိုက်နှက်လိုက် ဖက်ထိပ် ဆိုရင်လည်းသူများထက်ပိုလုပ်ရတယ်။ ရဲဆိုတဲ့ သူတွေကလည်း ပြည်သူလူထုကို ဒုက္ခပေးတာများတယ်။ ပြည်သူတွေရဲ့ ဆီကား ဆန်ကားတွေကိုလည်း မတရား ငွေညှစ်တယ်။ ကုန်ကားအစ အကုန်လုံးကို ငွေညှစ်တယ်။ ဆီဆိုရင်လည်း ပုံးဆိုရင် ပိုက်ဆံ ၅၀၀၀ ကောက်တယ်။ အဲကောက်တဲ့ ပိုက်ဆံကိုလည်း သူတို့ အိတ်ထဲ သူတို့ထည့်ပါတယ်" လို့ တပ်ကြပ် စံမိုးက ပြောဆိုထားပါတယ်။


ဆက်လက်ပြီး "တော်လှန်ရေးရဲဘော်တွေဆီ စရောက်တော့ ခဏကြောက်မိပေမယ့်  ညီအစ်ကိုအရင်းချာလိုပဲ အတော်လေး ကောင်းပါတယ်။ ဆေးလိပ်ဆို ဆေးလိပ် ပေးတယ်။ အရှင်းဆုံးပြောရရင် တော်လှန်ရေးရဲဘော်တွေနဲ့ ဆက်လုပ်သွားချင်ပါတယ်။ တပ်ကို ပြန်ရောက်ရင်လည်း ထောင်ကျရင် ကျ၊ မဟုတ်ရင် အချုပ်ကျပြီး ညှင်းပန်းနှိပ်စက်ခံရမှာပါ။ အခုဆို တပ်တွင်းနောက်ချန်က အိုနာကျိုးကန်းတွေပဲ ရှိပါတော့တယ်။ အားလုံးပေါင်း ၁၅ယောက်လောက်ပဲ ရှိမယ်။ နောက်ထပ်ရဲဘော်တွေကို ပြောချင်တာကတော့ နောင်တရသင့်ပါပြီ။ ဒီရိက္ခာလေး ပေးပြီးတော့ စခန်းသိမ်းတွေ တက်သိမ်းရတယ်။ ထိုးကျွေးခံရတယ်။ မင်းအောင်လှိုင်ကို ပြောချင်တာက ကျွန်တော်တို့ ခေါင်းတွေ ခြေထောက်တွေကို ဖိမနင်းပါနဲ့။ လက်အောက်ငယ်သားတွေကို ခွေးလို မခိုင်းပါနဲ့ ပြောချင်ပါတယ်" လို့ ဆိုပါတယ်။


========================


🚩🚩 ၃။ ဘုတ်ပြင်းမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းကို () ရက်ဆက် တိုက်ခိုက်ခဲ့ပြီး ၂၄ ဦး ထက်မနည်း သေဆုံး


ဖေဖော်ဝါရီ ၁၇ ရက် 

Radio NUG


တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း စစ်ကြောင်းကို ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဘက်မှ ၂၄ ဦး ထက်မနည်း သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက် နာရီ ၄၅ မိနစ်ခန့်မှာ ဘုတ်ပြင်းမြို့နယ်ရှိ စစ်ကောင်စီ တပ်ပေါင်းစုက အင်အား ၁၀၀ ခန့် စစ်ကြောင်းထိုးလာရာ ထောင်စုံမဟက်အုပ်စု၊ ဘိုးဒါးရွာအနီးမှာ အသင့်ထောင်ထားတဲ့ မိုင်းကွင်းထဲကို ရောက်ရှိလာ၍ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။


ဖေဖော်ဝါရီ ၁၆ ရက် နေ့လည် ၁၁ နာရီ ၄၅ မိနစ်မှာလည်း ၎င်း စစ်ကောင်စီ စစ်ကြောင်းဟာ R Zero နေရာကို ထပ်မံ ထိုးစစ်ဆင် လာတာကြောင့် လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး နာရီခွဲ အချိန်မှာ ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် နာရီနဲ့ နာရီ ခန့်တို့မှာ ထိတွေ့တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တိုက်ခိုက်ရေး ဒရုန်းများကိုပါ အသုံးပြုခဲ့ပါတယ်၊ ဗုံးသီးချိတ်ဆွဲထားတဲ့ စစ်ကောင်စီ တိုက်ခိုက်ရေး ဒရုန်းတစ်စီးကို ပူးပေါင်းအဖွဲ့ဘက်က ပစ်ချနိုင်ခဲ့တာကြောင့် စစ်သား ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဘက်က စုစုပေါင်း ၂၄ ဦး ထပ်မနည်း သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့ပြီး ဒရုန်း စီးကို ပစ်ချဖျက်ဆီး နိုင်ခဲ့ကာ မပေါက်ကွဲသေးတဲ့ ၆၀ မမ ဗုံးသီး လုံးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စစ်ဆင်ရေးကို KNLA တပ်ရင်း (၂၀၃) အမှတ် () တပ်ခွဲ၊ အမှတ် () တပ်ခွဲ၊ KNU ပြည်သူ့စစ်အဖွဲ့၊ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် တပ်ရင်း၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (Flying Star Force) နဲ့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိခိုက် မရှိဘဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ ညောင်ရွှေမြို့နယ်တွင် အင်အား(၁၀၀)ကျော်ဖြင့် စစ်ကြောင်းထိုးလာတဲ့ PNO နဲ့ တိုက်ပွဲဖြစ်ပွားရာ PNO ၅ဦး‌ သေဆုံးပြီး ၄ဦး ဖမ်းမိ


ဖေဖော်ဝါရီ ၁၇ 

Radio NUG 


ဖေဖော်ဝါရီလ (၁၆) ရက်နေ့၊ ညနေ ( :၃၀ )နာရီဝန်းကျင်ခန့်တွင် PNO တပ်ရင်း () နှင့် တပ်ရင်း ()တို့ ပူးပေါင်း၍ အင်အား (၁၀၀)ကျော်ဖြင့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ရေပူကျေးရွာအနီးသို့ ထိုးစစ်ဆင်လာခဲ့ကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF မှ သတင်းထုတ်ပြန်ပါတယ်။


ထိုသို့ထိုးစစ်ဆင်လာခဲ့‌ရာ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF အမှတ် ၁၀၀၉ တပ်ရင်းနှင့် မဟာမိတ်တပ်များဖြစ်သော  ပျားစစ်ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း- PK-PDF-2 အမှတ် ၁၀၀၆ တပ်ရင်းနှင့် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ( ) နာရီခွဲခန့်ကြာ ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ လေယာဉ်ဖြင့်( )ကြိမ်၊ လက်နက်ကြီးဖြင့် အကြိမ်ရေ (၅၀)ခန့် ပစ်ကူပေးခဲ့သော်လည်း တပ်ရင်းနှင့် မဟာမိတ်တပ်ရင်းများ၏ ရဲဘော်များ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ခုခံတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း PNO ဘက်မှ ()ဦးထက်မနည်း သေဆုံးပြီး ()ဦး အရှင်ဖမ်းဆီးရမိကာ သေနတ် ( )လက် ကျည်ဘောက် ()ဘောက်နှင့် ကျည်အချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ ပခုက္ကူတွင် ငွေကြေးကောက်ခံနေတဲ့ ပျူစောထီးဂိတ်ကို အနီးကပ် ပစ်ခတ်တိုက်ခိုက်


ဖေဖော်ဝါရီ ၁၇ ရက် 

Radio NUG


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ် () ရပ်ကွက် (အောင်ချမ်းသာ) ကွက်သစ်မှာ စစ်ဆေးရေး ဂိတ်ဖွင့်ထားပြီး ငွေကြေး ကောက်ခံနေတဲ့ ပျူစောထီး ဂိတ်ကို အနီးကပ် ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ Shwe Nyar Myae PDF က ထုတ်ပြန်ထားပါတယ်။ 


ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ ပျူစောထီးများက ဖွင့်ထားတဲ့ လမ်းသွားလမ်းလာများကို အဓမ္မ ငွေကြေးကောက်ခံနေတဲ့ အဆိုပါ ဂိတ်စခန်းကို မြိုင် ပကဖ တပ်ရင်း () တပ်ခွဲ () နဲ့  Shwe Nyar Myae PDF တို့က သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးသား ပျူဖိုးခွား အပါအဝင် ပျူ ယောက် နေရာမှာပဲ သေဆုံးသွားခဲ့ပြီး ၎င်းတို့ရဲ့ ရုပ်အလောင်းများအား ပခုက္ကူ ဆေးရုံကို ပို့ဆောင်ခဲ့ကာ ထိုနေ့ ညနေပိုင်းမှာပဲ သင်္ဂြိုလ်လိုက်တယ်လို့ သိရပါတယ်။


ထို့အပြင် ပျူတချို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကာကွယ်ရေး ရဲဘော်များလည်း အထိခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ အမ်းမှာ စစ်ကောင်စီရဲ့ စစ်ကျန်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ဒေသခံ ဦး သေဆုံးကာ ဦး ဒဏ်ရာရ


ဖေဖော်ဝါရီ ၁၇ ရက် 

Radio NUG


ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ စစ်ကောင်စီက ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းတစ်လုံးကို တက်နင်းမိရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒေသခံ ပြည်သူတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။


ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ နာရီခွဲလောက်မှာ တပ်တောင်မြို့၊ အမှတ် () ရပ်ကွက်က အသက် ၁၈ နှစ် အရွယ် ကိုညီညီစိုး ကိုကျော်ဝင်းထွန်းနဲ့ မောင်နေဝင်းစိုးတို့ သုံးဦးက Telenor တာဝါတိုင် ရှိရာတောင်ကို ပိန္နဲသီးခူးဖို့ ထွက်လာချိန်မှာ မိုင်းနင်းမိခဲ့တာဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။


မိုင်းပေါက်ကွဲမှုကြောင့် ကိုညီညီစိုးမှာ ညာဘက်ခြေထောက် ပြတ်ထွက်သွားခဲ့ပြီး ခန္ဓာကိုယ်အနှံ့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး နေရာမှာပဲ သေဆုံးခဲ့ပါတယ်။


ထို့အပြင် မောင်ကျော်ဝင်းထွန်းရဲ့ ဘယ်ဘက်လက်နဲ့ ညာဖက်ပေါင်နဲ့ ကျောကုံးတို့မှာလည်း မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။


အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရအနေဖြင့် အာရက္ခ ဒေသအတွင်းမှာ မိုင်းနဲ့ စစ်ကျန်လက်နက် အန္တရာယ် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေပြီး မိုင်းရှင်းလင်းရေး လုပ်ငန်းများကိုလည်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ မတရားဖမ်းဆီး စစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်ကောင်စီ တပ်သား ဦး KNLA ထံ လက်နက်ချ အလင်းဝင်


ဖေဖော်ဝါရီ ၁၇ ရက် 

Radio NUG


စစ်ကောင်စီက မတရား ဖမ်းဆီးပြီး ပြည်သူ့စစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်ကောင်စီ တပ်သား ဦး လက်နက်များနှင့်တကွ KNLA တပ်ရင်း () ထံ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ကရင့်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်က KNLA တပ်ရင်း ထံကို စစ်ကောင်စီ တပ်သား ဦး လက်နက်များ ယူဆောင်ကာ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။


၎င်းတပ်သား ဦးဟာ အသက် ၂၁ နှစ်အရွယ် တပ်သား မြတ်မင်းသူ၊ ၂၄ နှစ်အရွယ် တပ်သား ဝင်းမင်းကို နဲ့ ၂၀ အရွယ် တပ်သား မိုးသောက်ယံ တို့ဖြစ်ကြပြီး MA-3 သေနတ် လက်၊ MA-1 သေနတ် တစ်လက်၊ ကျည်ဘောက် ၁၁ ခု၊ ကျည် ၇၇၆ တောင့်နဲ့ လက်ပစ်ဗုံး တစ်လုံးတို့ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။


၎င်းတို့ ဦးဟာ စစ်ကောင်စီက မတရားဖမ်းဆီးခဲ့ကာ ပြည်သူ့စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ စေခိုင်းခံရသူများ ဖြစ်ကြပြီး လက်နက်နဲ့တကွ အလင်းဝင်ရောက်ခဲ့တာကြောင့် တာဝန်ရှိသူများက တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းစီ ချီးမြှင့်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အကြမ်းဖက် စစ်တပ်ရဲ့ မတရား ဖမ်းဆီးခံရကာ အတင်း အဓမ္မ စစ်မှုထမ်း စေခိုင်းခံရတဲ့ တပ်သားများ အနေဖြင့် နီးစပ်ရာ တော်လှန်ရေး တပ်များနဲ့ ပြည်သူ့ကာကွယ်ရေး တပ်များထံကို ရရာနည်းလမ်းဖြင့် လက်နက်ချ အလင်း ဝင်ကြဖို့ တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment