4th Feb 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨၁။ အမေရိကန်အောက်အောက်လွှတ်တော်မှာ မြန်မာအရေးကြားနာပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလနဲ့NUGဝန်ကြီးများတက်ရောက်

📌 ⁨⁨⁨⁨⁨⁨၂။ စစ်ကျွန်ပညာရေးဟာမြန်မာနိုင်ငံနဲ့လူငယ်တွေအတွက် အကျိုးကျေးဇူးမရှိသလို အသိအမှတ်လည်းမပြုနိုင်ဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား

📌 ⁨⁨⁨⁨⁨⁨၃။⁨⁩ လော့အင်ဂျလိစ်မြို့ရှိ မြန်မာစစ်ကောင်စီသံရုံးရှေ့မှာ နွေဦးတော်လှန်ရေး ၄နှစ်ပြည့်အခမ်းအနားပြုလုပ် 

📌 ⁨⁨⁨⁨⁨⁨၄။ သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့အကယ်ဒမီကမ်ပိန်းမှာ ပါဝင်ကံထူးသူဟာ ကျပ်သား ရွှေကြယ်ပါတဲ့ အကယ်ဒမီရုပ်ကို ပိုင်ဆိုင်ခွင့်ရရှိမည်


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်း မဲဇလီ-ဆည်တော် စစ်ဆေးရေး ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့

🚩 ၂။⁨⁨ ပုသိမ်အကျဉ်းထောင်အတွင်း စစ်ဆေးရေးများတင်းကြပ်လျက်ရှိပြီး ကျန်းမာရေးအတွက် ဆေးဝါးပို့ပေးခြင်းများအား ပေးပို့မရနိုင်အောင် ကန့်သတ်ထား

🚩 ၃။ ထားဝယ်မြစ်ကြောင်းအတိုင်းချီတက်လာသော ရန်သူ့စက်လှေတစ်စီးအား ထားဝယ်ခရိုင်တပ်ပေါင်းစုမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ဦး သေဆုံး

🚩 ၄။ အာဆီယံအစည်းအဝေးအားလုံးတွင် မြန်မာစစ်အုပ်စုကိုယ်စားလှယ်အားလုံးကို ဖယ်ရှားရန် အဖွဲ့အစည်း ၁၆၃ဖွဲ့ မှ မလေးရှားအစိုးရသို့ အိတ်ဖွင့်ပေးစာပို့တောင်းဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨၁။ အမေရိကန်အောက်အောက်လွှတ်တော်မှာ မြန်မာအရေးကြားနာပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလနဲ့NUGဝန်ကြီးများတက်ရောက်


ဖေဖော်ဝါရီ၄ရက်


အမေရိကန်အောက်အောက်လွှတ်တော်မှာ မြန်မာအရေးကြားနာပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလနဲ့NUGဝန်ကြီးများတက်ရောက်ခဲ့ပါတယ်။


ဖေဖော်ဝါရီ ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော် လွှတ်တော်အမတ်တွေရဲ့ ရုံးအဆောက်အဦမှာကျင်းပခဲ့တာလို့ သတင်းရရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ရီပတ်ဘလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် Todd Young ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် Chris Van Hollen တို့က ကြားနာပွဲကို အွန်လိုင်းကနေ တက်ရောက်ခဲ့ပါတယ်။

ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ NUG ပြောခွင့်ရသူ ဦးကျော်ဇော်နဲ့ NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာတို့ပါဝင်တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၂။ စစ်ကျွန်ပညာရေးဟာမြန်မာနိုင်ငံနဲ့လူငယ်တွေအတွက် အကျိုးကျေးဇူးမရှိသလို အသိအမှတ်လည်းမပြုနိုင်ဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား


ဖေဖော်ဝါရီ၄ရက်


စစ်ကျွန်ပညာရေးဟာ မြန်မာနိုင်ငံနဲ့လူငယ်တွေအတွက် အကျိုးကျေးဇူးမရှိသလို အသိအမှတ်လည်းမပြုနိုင်ဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက ဖေဖော်ဝါရီလအတွင်းမေးမြန်းခန်းတခုမှာ ပြည်ထောပြောကြားထားပါတယ်။

"ပညာရေးနဲ့ပတ်သက်လို့ပညာရေးလွတ်လပ်ခွင့်အပြည့်ရှိတယ်။ဘယ်ကျောင်းမှာ သင်သင်စာသင်လို့ရတယ်။ဒါပေမယ့် ဒီစစ်တပ်ကနေပေးနေတဲ့စစ်ကျွန်ပညာရေးဟာ လူသားတွေအတွက်ရသင့်ရထိုက်တဲ့ ပညာရေးမဟုတ်ဘူးဆိုတာကိုပြောတာဖြစ်တယ်။စာမသင်ပါနဲ့လို့ ဘယ်သူ့ကိုမှကျနော်တို့မပြောဘူး။စစ်ကျွန်ပညာရေးဟာ ကျနော်တို့နိုင်ငံအတွက်အကျိုးကျေးဇူးမရှိဘူး။ကျနော်တို့ပြည်သူတွေလူငယ်တွေအတွက်အကျိုးကျေးဇူးမရှိဘူးလို့ ပြောတာဖြစ်တယ်။ဒါ့အပြင်ကျနော်တို့အနေနဲ့အသိအမှတ်မပြုနိုင်ဘူး"လို့ဝန်ကြီးကပြောပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနဟာ ကြားကာလပညာသင်ကြားရေးအစီအစဥ်ကို အကောင်အထည်ဖော်ဆောင်လျက်ရှိပြီးတော့ မြေပြင်ကျောင်းနဲ့အွန်လိုင်းကျောင်းများဖွင့်လှစ်သင်ကြားလျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၃။⁨⁩ လော့အင်ဂျလိစ်မြို့ရှိ မြန်မာစစ်ကောင်စီသံရုံးရှေ့မှာ နွေဦးတော်လှန်ရေး ၄နှစ်ပြည့်အခမ်းအနားပြုလုပ် 


ဖေဖော်ဝါရီ၄ရက်


အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့အင်ဂျလိစ်မြို့ရှိ မြန်မာစစ်ကောင်စီသံရုံးရှေ့မှာ ဒေသအချိန် ဖေဖော်ဝါရီလ ၂ရက်နေ့က   နွေဦးတော်လှန်ရေး ၄နှစ်ပြည့်အရှိန်မပျက် လေးနှစ်ဆက် လူထုတိုက်ပွဲကို တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာမိသားစုများက ဦးဆောင်ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

ဆိုင်းဘုတ်ကိုင်ချီတက် ဆန္ဒပြတာ၊ တော်လှန်ရေးကြွေးကြော်သံတွေကြွေးကြော်တာ တော်လှန်ရေးတေးသီချင်း သီဆိုတာနဲ့ တော်လှန်ကဗျာတွေ  ရွတ်ဆိုကြပြီး မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားသူတွေကို ငြိမ်သက်အလေးပြုခြင်းတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အခမ်းအနားမှူးအဖြစ် ကိုသက်ထွန်းက ဆောင်ရွက်ခဲ့ပြီး ဦးဂျိန်းမ်စ်ရွှေက အမှာစကားပြောကြားခဲ့ကာ အမေရိကန်ရောက် တော်လှန်ပြည်သူတွေတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၄။ သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့အကယ်ဒမီကမ်ပိန်းမှာ ပါဝင်ကံထူးသူဟာ ကျပ်သား ရွှေကြယ်ပါတဲ့ အကယ်ဒမီရုပ်ကို ပိုင်ဆိုင်ခွင့်ရရှိမည်


ဖေဖော်ဝါရီ၄ရက်


သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့အကယ်ဒမီကမ်ပိန်းမှာ ပါဝင်ကံထူးသူဟာ ကျပ်သား ရွှေကြယ်ပါတဲ့ အကယ်ဒမီရုပ်ကို ပိုင်ဆိုင်ခွင့်ရရှိမယ်လို့ ဖေဖော်ဝါရီလအတွင်းမှာ သရုပ်ဆောင်ပိုင်ဖြိုးသုကအသိပေးဆိုထားပါတယ်။

"အကယ်ဒမီရုပ်ကမ်ပိန်းကနေ သုသုရဲ့ ဒီအကယ်ဒမီရုပ်ကို ပထမဆုအနေနဲ့ ပြန်ပေးသွားမှာပါ။ ဒီအရုပ်လေးမှာပါတဲ့ မူလ ရွှေကြယ်လေးက သုသုအကယ်ဒမီရပြီး ရက်ပိုင်းအတွင်းမှာပဲ ပြန်ရောင်းချပြီး သုသုတို့ ရုပ်ရှင်လောကက လုပ်ဖော်ကိုင်ဖက် စက်အဖွဲ့တွေအတွက် ကူညီပေးခဲ့ပါတယ်။ အခု အကယ်ဒမီရုပ်မှာတော့ US, Florida က မိတ်ဆွေတွေဖြစ်ကြတဲ့ကိုရှင် (Michael Shin) နဲ့ မထူးတို့ ဇနီးမောင်နှံက ရွှေချိန် ကျပ်သားရှိတဲ့ ကြယ်ကို ထည့်ဝင်လှူဒါန်းပြီး သုသုရဲ့ အကယ်ဒမီကမ်ပိန်းကို ပံ့ပိုးပါဝင်ပေးထားပါတယ်။ ပထမဆုရတဲ့သူက ကျပ်သား ရွှေကြယ်ပါတဲ့ သုသုရဲ့ အကယ်ဒမီရုပ်ကို ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပြီး၊ နောက်ထပ် သုသုရဲ့ အမှတ်တရ ရွှေဆုလေးတွေလည်း ဒုတိယနဲ့ တတိယဆုအဖြစ် ပါဝင်ပါသေးတယ်"လို့ဆိုပါတယ်။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ရဲ့ "အကယ်ဒမီရုပ်" ကမ်ပိန်းကိုဖေဖော်ဝါရီလ ( ) ရက်နေ့ကနေဖေဖော်ဝါရီလ ( ၂၀ ) ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

ကမ်ပိန်းမှာ နိုင်ငံအလိုက် တာဝန်ယူထားတဲ့ သက်ဆိုင်ရာ Fundraiser ​တွေဆီကတဆင့် မိမိ စိတ်တိုင်းကျငွေကြေးပမာဏကို ထည့်ဝင်လှူဒါန်းနိုင်မှာဖြစ်ပြီး၊ ပါဝင်မှု တကြိမ်စီတိုင်းအတွက် Serial No. ပါတဲ့ ဂုဏ်ပြုမှတ်တမ်း စောင်စီ ရရှိနိုင်မှာ ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ဆုတွေကိုတော့ ဖေဖော်ဝါရီလ ( ၂၁ ) ရက် - ​သောကြာနေ့မှာ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ကိုယ်တိုင် ကံထူးရှင်ကို မဲနှိုက်ရွေးချယ်ပြီးပေးအပ်သွားမှာ ဖြစ်ပါတယ်။


 အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================



========================




🚩🚩 ၁။ ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်း မဲဇလီ-ဆည်တော် စစ်ဆေးရေး ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့


ဖေဖော်ဝါရီ၄ရက်


ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်း မဲဇလီ-ဆည်တော် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပွင့်ဖြူမြို့နယ်၊မင်းဘူးခရိုင်အမှတ် တပ်ရင်းကအတည်ပြုထားပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ရက်နံနက် နာရီ ၂၄ မိနစ်မှ နာရီ ၅၄ မိနစ်အထိ ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်း မဲဇလီ-ဆည်တော် စစ်ဆေးရေး ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီအင်အား (၁၃) ဦးဝန်းကျင်တပ်စွဲအထိုင်ချထားသော မဲဇလီ-ဆည်တော် စကစ စစ်ဆေးရေးဂိတ်ရှိ ဘန်ကာ () လုံး ပြိုသည်အထိ တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီက အထိနာသဖြင့် လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူ၊ Paramotor(အင်ဂျင်တပ်လေထီး) များဖြင့် ငါးကြိမ်ထက်မနဲ ပစ်ကူသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ () ဦးသေဆုံးပြီး () ဦး ဒဏ်ရာပြင်းထန်ရရှိသည်ဟု သိရပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်ကလည်း မဲဇလီ-ဆည်တော် တံတားဂိတ်ကို တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က () ဦးသေဆုံးကာ လက်နက်ငယ် () လက်နှင့် စစ်အသုံးဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါတယ်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပွင့်ဖြူမြို့နယ်၊မင်းဘူးခရိုင်အမှတ် တပ်ရင်း၊ မကွေးတိုင်းပ.က. ရွေ့လျားစစ်ကြောင်း(Yenanthar Column) မင်းဘူးခရိုင် .က. ဒရုန်းလက်ရုံးအဖွဲ့ တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။


========================


🚩🚩 ၂။⁨⁨ ပုသိမ်အကျဉ်းထောင်အတွင်း စစ်ဆေးရေးများတင်းကြပ်လျက်ရှိပြီး ကျန်းမာရေးအတွက် ဆေးဝါးပို့ပေးခြင်းများအား ပေးပို့မရနိုင်အောင် ကန့်သတ်ထား


ပုသိမ်အကျဉ်းထောင်အတွင်း စစ်ဆေးရေးများတင်းကြပ်လျက်ရှိပြီး ကျန်းမာရေးအတွက် ဆေးဝါးပို့ပေးခြင်းများအား ပေးပို့မရနိုင်အောင် ကန့်သတ်ထားခဲ့တယ်လို့ ဖေဖော်ဝါရီ၄ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကဖော်ပြပါတယ်။

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့မှုများကြောင့် စစ်ကောင်စီတပ်သည် ပုသိမ်မြို့တွင် စစ်ရေးပြင်ဆင်နေရုံသာမက ပုသိမ်အကျဉ်းထောင်အတွင်း၌ စစ်ဆေးရေးများတင်းကြပ်လျက်ရှိတယ်လို့ဖော်ပြပါတယ်။

ပုသိမ်အကျဉ်းထောင်တွင် နေထိုင်မှုအတွက် လိုအပ်ချက်များကို ထောင်အာဏာပိုင်များ၌ တာဝန်ရှိသော်လည်း  ၎င်းတို့က ပြင်ဆင်ပေးခြင်း မရှိသည့်အပြင် အခြားအမှု နှင့်ကျခံလျက်ရှိသည့် တန်းစီးများနှင့် ထောင်ဝန်ထမ်းများ ပူးပေါင်းကာ အခန်းတွင်းမီးလုံးဝယ်ခြင်းမှ အစပြု၍ အခြားငွေကြေးကောက်ခံမှုများ ဆောင်ရွက်‌နေတယ်လို့ဆိုပါတယ်။

ထို့ပြင် ကျန်းမာရေးအတွက် ဆေးဝါးပို့ပေးခြင်းများအား  ယခင်ကဲ့သို့ ပေးပို့မရနိုင်အောင် ကန့်သတ်ထားပြီး ဆေးဝါးအပြင် စာအုပ်များပေးပို့ခြင်းကို လုံးဝကန့်သတ်ထားတယ်လို့ဆိုပါတယ်။

ပါဆယ်ပို့ရာ၌ ဟင်း မျိုးသာ လက်ခံပြီး ကော်ဖီ ထုပ်သာ ပေးပို့၍ ရတော့သည်။ လက်ရှိ ပုသိမ်အကျဉ်းထောင်အတွင်းတွင် ဟင်းမလောက်ငှမှုကြောင့် နိုင်ငံရေးအကျဥ်းသားများသည် ထောင်ဈေးဘားကို ငွေသွင်းကာ မတန်တဆဈေးများဖြင့် ဝယ်စားနေရပါတယ်။


========================


🚩🚩 ၃။ ထားဝယ်မြစ်ကြောင်းအတိုင်းချီတက်လာသော ရန်သူ့စက်လှေတစ်စီးအား ထားဝယ်ခရိုင်တပ်ပေါင်းစုမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ဦး သေဆုံး


ဖေဖော်ဝါရီ၄ရက်


ထားဝယ်မြစ်ကြောင်းအတိုင်းချီတက်လာသော ရန်သူ့စက်လှေတစ်စီးအား ထားဝယ်ခရိုင်တပ်ပေါင်းစုမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ဦး သေဆုံးခဲ့တယ်လို့ ဖေဖော်ဝါရီ၄ရက်မှာ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ စစ်ရေးသတင်းကို ထုတ်ပြန်ပါတယ်။

၂၀၂၅ခုနှစ်၊ဇန်နဝါရီလ ၂၃ရက်နေ့တွင် ထားဝယ်မြစ်ကြောင်းအတိုင်းချီတက်လာသော ရန်သူ့စက်လှေတစ်စီးအား ထားဝယ်ခရိုင်တပ်ပေါင်းစုမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

ယခုအခါတွင် အကြမ်းဖက်စစ်ကောင်စီသည် ထားဝယ်ခရိုင်အတွင်း၌ ရေကြောင်းကို အဓိကထား လှုပ်ရှားသွားလာမှုများ ခပ်စိပ်စိပ်ဖြစ်လာနေသည်ကို သိရှိရသည့်အတွက် ရေကြောင်းစစ်ဆင်ရေးများ ဖော်ဆောင်နိုင်ရန်အတွက် ထားဝယ်ခရိုင်တပ်ပေါင်းစုမှ အားထုတ်ကြိုးပမ်းလျှက်ရှိတယ်လို့သိရပါတယ်။


========================


🚩🚩 ၄။ အာဆီယံအစည်းအဝေးအားလုံးတွင် မြန်မာစစ်အုပ်စုကိုယ်စားလှယ်အားလုံးကို ဖယ်ရှားရန် အဖွဲ့အစည်း ၁၆၃ဖွဲ့ မှ မလေးရှားအစိုးရသို့ အိတ်ဖွင့်ပေးစာပို့တောင်းဆို


ဖေဖော်ဝါရီ၄ရက်


အာဆီယံအစည်းအဝေးအားလုံးတွင် မြန်မာစစ်အုပ်စုကိုယ်စားလှယ်အားလုံးကို ဖယ်ရှားရန် အဖွဲ့အစည်း ၁၆၃ဖွဲ့ မှ မလေးရှားအစိုးရသို့ အိတ်ဖွင့်ပေးစာပို့တောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ၃ရက်နေ့မှာ မလေးရှားနိုင်ငံအစိုးရဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးသို့လိပ်မူပေးပို့ခဲ့တာဖြစ်ပါတယ်။

အာဆီယံအစည်းအဝေးများနှင့် အခမ်းအနားများအားလုံးမှ စစ်အုပ်စုကို ယ်စားလှယ်အားလုံးအား ဖယ်ရှားရန်နဲ့အာဆီယံအစည်းအဝေးများနှင့် အခမ်းအနားများသို့ မြန်မာပြည်သူများ၏ တရားဝင်ကိုယ်စား လှယ်များဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအား ဖိတ်ကြားခြင်းတို့ပြုလုပ်ရန်တောင်းဆိုထားပါတယ်။

ထို့ပြင် စစ်အုပ်စု၏ နိုင်ငံရေးကိုယ်စားမပြုသူ ကိုယ်စားလှယ်ဟူ၍ မရှိဘဲလက်ရှိတွင် စစ်အုပ်စုထိန်းချုပ်မှုအောက်ရှိဝန်ကြီးဌာနကိုယ်စား နိုင်ငံတကာအစည်းအဝေးများသို့ တက်ရောက်သူမည်သူ မဆိုသည် စစ်အုပ်စုက ခန့်အပ်ထားသည့်၊ စစ်အုပ်စုကိုယ်စားဆောင်ရွက်သည့် နိုင်ငံရေးကိုယ်စားလှယ် သာ ဖြစ်တယ်လို့ရှင်းလင်းဆိုထားပါတယ်။

အာဆီယံသည်  စစ်အုပ်စု အကြီးတန်းအဖွင့်၀င်များနှင့် ၎င်းတို့ကိုယ်စားလှယ်များအား မြန်မာနိုင်ငံအား ကိုယ်စားပြုခွင့်ရရန် အခွင့်အလမ်းဖန်တီးပေးသည့်အခါ မြန်မာပြည်သူများအား ကြီးမားစွာ ထိခိုက်နစ်နာစေတယ်လို့စာတွင်ဖော်ပြပါရှိပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်




#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment