16 Mar 2025 - (Ethnic language program-CHO_Mün) by Radio NUG

 

📌 (ချင်း တိုင်းရင်းသား - Mün မွန်း ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၅ မတ်လ ( ၁၆ ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ



📌📌 ၁။ ဖလမ်းမှာ စစ်ကောင်စီနဲ့ ချင်းညီနောင်တို့ တိုက်ပွဲပြင်းထန်

 

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေတဲ့ ချင်းမြောက်၊ ဖလမ်းမြို့မှာ စစ်ကောင်စီက တပ်အင်အား ထပ်ဖြည့်တင်းနေတာကြောင့် မတ်လ ဒုတိယအပတ်ကစလို့ အပြန်အလှန်ထိုးစစ်ဆင်တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေပါတယ်။ 

 

ဖလမ်းမြို့အခြေစိုက် ခလရ - ၂၆၈ တပ်ကုန်း မကျစေဖို့အတွက် စစ်ကောင်စီဟာ မတ်လ ဒုတိယပတ်ထဲ တပ်အင်အား ၄၀ ဝန်းကျင် ဖြည့်တင်းခဲ့ပြီး တန်ပြန်ထိုးစစ်ဆင်ဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ - CNDF ပြောရေးဆိုခွင့်ရှိသူက ချင်းသတင်းဌာနတွေကို ပြောပါတယ်။

 

တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ဖို့ တခုတည်းကျန်နေတဲ့ ဖလမ်းအခြေစိုက် ခလရ - ၂၆၈ တပ်ရင်းအနီးက စစ်ရေးအရ အရေးပါသော စခန်းကုန်းများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အခုရက်သတ္တပတ်အတွင်း စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းပစ်ကူ အကြိမ် ၅၀ ထက်မနည်း ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

 

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ နိုဝင်ဘာလ ရက်မှ စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး လကျော်ကြာအထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာပါ။

 

စစ်ဆင်ရေးစတင်တဲ့ ကာလာကနေ လက်ရှိချိန်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်းကို အရှင်ဖမ်းမိထားသလို လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိထားပြီး တော်လှန်ရေးအင်အားစုဘက်ကလည်း ကျဆုံးမှုတွေ ရှိနေပေမယ့် အတိအကျ မသိရသေးပါဘူး။ 

 

========================

 

📌📌 ၂။ စစ်အာဏာသိမ်းမှုအဆုံးသတ်မယ့်ထိုးစစ် ဆင်နွှဲမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြော

 

PDF - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့အားလုံးနဲ့ လက်တွဲပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေ ထိုးစစ်တရပ်ကို ဆင်နွှဲပြီး စစ်အာဏာသိမ်းမှုကို အဆုံးသ၊တ်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောလိုက်ပါတယ်။

 

မတ်လ ရက်က ကျင်းပခဲ့တဲ့ အပတ်စဉ် တပ်မှူးသင်တန်းဆင်းပွဲမှာ ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြတာပါ။

 

တော်လှန်ရေးအစောပိုင်းကာလမှာ တည်ဆောက်သလို တဖက်က တနိုင်ငံလုံးမှာ စစ်ရေးလှုပ်ရှားမှုတွေအတွက် ပထမအဆင့်ကြိုးပမ်းခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဒုတိယအဆင့်အနေနဲ့ အင်အားစုစည်းတာ၊ မဟာဗျူဟာထိုးစစ်ဆင်ရင်း မြို့သိမ်းစခန်းသိမ်းတို၊က်ပွဲတွေ ဆင်နွှဲတဲ့ အတွေ့အကြုံယူနိုင်ခဲ့သလို တတိယအဆင့်မှာတော့ ထိုးစစ်ကြီး စတင်ဖို့ဖြစ်တယ်လို့ ပြောထားပါတယ်။

 

မတ်လ ရက်ပြုလုပ်တဲ့ အပတ်စဉ် တပ်မှူးသင်တန်းဆင်းပွဲမှာ တပ်မှူးသင်တန်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ကျင်းပခဲ့တာဖြစ်ပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတွေက သင်တန်းသား ၁၁၅ ဦး တက်ရောက်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

 

========================

 

📌📌 ၃။ မင်းတပ်မှာ ၂၀၂၄ အတွင်း ပြည်သူ ၅၀၀၀ ကျော်ကို SAVE Team က အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေး

 

၂၀၂၄ ခုနှစ်အတွင်း မင်းတပ်မြို့နယ်ရှိ ပြည်သူ ၅၀၀၀ ကျော် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့တယ်လို့ SAVE Team ဆေးအဖွဲ့က ၂၀၂၅ မတ်လ ဒုတိယအပတ်က ပြောပါတယ်။

 

 

အရင်နှစ်တွေ ထက်စာရင် အခုနှစ်က လူဦးရေအရ ကြည့်ရင် ပိုနည်းတယ်။ ကျနော်တို့ကို အမြဲကူညီနေသူတွေရှိသလို ဆက်ပြီးဝိုင်းဝန်းကူညီပေးကြဖို့ မျှော်လင့်ပါတယ်။လို့ SAVE Team တာဝန်ခံ ဆရာက The Mindat Post ကို ပြောပါတယ်။

 

အခမဲ့ ကျန်းမာရေး စောင့်ရှောက် ကုသပေးတဲ့ထဲမှာ NCD (မကူးစက်နိုင်သောရောဂါ သွေးတိုး ဆီးချို နှလုံး ကင်ဆာ) CD (ကူးစက်တတ်သော ရောဂါ) LB Live Birth (မိခင်မီးဖွားမှု) နဲ့ SB (မီးတွင်းထဲ ကလေးဆုံးရှုံးမှု) စတဲ့ ဖြစ်စဉ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

 

SAVE Team ဆေးအဖွဲ့ဟာ အာဏာသိမ်းကာလ ၂၀၂၁ ကစလို့ မင်းတပ်မြို့နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကိုယ်ထူကိုယ်ထအဖွဲ့ဖြစ်ပြီး CDM လူငယ်တွေ ဦးဆောင်နေတာ ဖြစ်ပါတယ်။

 

========================

 

📌📌 ၄။ အိန္ဒိယ - မြန်မာနယ်စပ် ဖြတ်ကျော်သွားလာခွင့် ပြန်လည် ထိန်းချုပ်ဖို့ မီဇိုရမ် ဝန်ကြီးချုပ်ပြောကြား

 

အိန္ဒိယ - မြန်မာနယ်စပ် ဖြတ်ကျော်သွားလာခွင့် ပြန်လည် ထိန်းချုပ်ဖို့ကို ဗဟိုအစိုးရက လုပ်ဆောင်တဲ့အပေါ် ကန့်ကွက်မှာ မဟုတ်ဘူးလို့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က ပြောကြားပါတယ်။

 

၂၀၂၅ မတ်လ ၁၀ ရက်နေ့ပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ အခုလိုပြောတာပါ။

 

ပြီးခဲ့တဲ့ (၂၀၂၄ ဇွန် - ဒီဇင်ဘာ) အတွင်း နိုင်ငံခြားသား ၂၀၀၀ ကျော် ဝင်လာတယ်။ သူတို့အကုန် ဒီမှာ (မီဇိုရမ်) လည်း ရှိမနေဘူး။ ဒါ့အပြင်တချို့တချို့သော နိုင်ငံခြားသားတွေဟာ အိန္ဒိယ - မြန်မာနယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံဘက်ခြမ်းမှာ သွားရောက် အလုပ်လုပ်နေကြတယ်။ ဒါကြောင့် ဗဟိုအစိုးရအနေနဲ့ အိန္ဒိယ - မြန်မာနယ်စပ်တလျှောက်မှာ သွားလာခွင့် ကန့်သတ် ထိန်းချုပ်မယ်ဆိုရင် ကျနော်တို့ ကန့်ကွက်မှာ မဟုတ်ပါဘူး။လို့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Lalduhoma က ဆိုပါတယ်။

 

လက်ရှိ မြန်မာ့အရေးမှာ တရုတ်၊ အမေရိကန်အပါအဝင် နိုင်ငံအသီးသီးက စောင့်ကြည့်နေကြတဲ့အခြေအနေဖြစ်ပြီး မီဇိုရမ်ပြည်နယ်ကတဆင့် မြန်မာဘက်ခြမ်းကို နိုင်ငံခြားသား ဖြတ်ကျော်ခွင့်အတွက် ပြန်လည် လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

 

၂၀၂၄ ဒီဇင်ဘာလနှောင်းပိုင်းမှာပဲ မဏိပူရ၊ နာဂနဲ့ မီဇိုရမ်ပြည်နယ်တွေမှာ အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက Free Movement Regime – FMR နိုင်ငံခြားသားတွေ လွတ်လပ်စွာသွားလာခွင့်အတွက် ပြန်လည်ပြဌာန်းခဲ့ပြီး အနီးကပ်စောင့်ကြည့်မှုတွေလည်း ပြုလုပ်နေပါတယ်။


#RadioNUGLocalNews

#SpringRevolution


Share:

Related Posts:

No comments:

Post a Comment