30th Mar 2025 - Evening Daily News by Radio NUG


၂၀၂၅ မတ်လ ၃၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨၁။ငလျင်ဒဏ်သင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေး အမေရိကန်ဒေါ်လာ တသန်းသုံးစွဲမယ်လို့ NUG ကြေညာ

📌 ⁨⁨⁨⁨⁨⁨⁨⁨၂။ တီမောနိုင်ငံသမ္မတ ဟိုဆေး ရာမို့စ် ဟိုတာက ငလျင်ဘေးသင့်မြန်မာပြည်သူတွေအတွက်ဝမ်းနည်းကြောင်းစာကို NUGယာယီသမ္မတထံပေးပို့

📌 ⁨⁨⁨⁨⁨⁨⁨⁨၃။ အမေရိကန် နိုင်ငံအစိုးရနှင့် အမေရိကန်နိုင်ငံရောက် မြန်မာပြည်သူများမှ ငလျင်ဘေးသင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ အတွက်ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ရန် ဝန်ကြီးနော်စူဆန်နာလှလှစိုးရှင်းလင်းပြောကြား

📌 ⁨⁨⁨⁨⁨⁨⁨⁨၄။ ရနိုင်တဲ့နည်းလမ်းနဲ့ အကောင်းဆုံး ကူညီရင်းပြန်တည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြိုးစားနေကြတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨၅။ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရတဲ့ ပသီ၊ မြန်မာမွတ်စလင်၊ ရိုဟင်ဂျာတို့အပါအဝင် လူမျိုးဘာသာအားလုံးနဲ့အတူ ထပ်တူထပ်မျှ ခံစားရတယ်လို့လူ့အခွင့်ရေးဒုဝန်ကြီးဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨၆။ မန္တလေး၊ပျော်ဘွယ်မြို့နယ်အတွင်းနဲ့ ရမည်းသင်းမြို့တို့တွင် အဆောက်အအုံပြိုကျပျက်စီးမှုအောက်မှ ပိတ်မိနေသူများအားကယ်ဆယ်ရာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨၇။ စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်သင့် ကျေးရွာများထံ ကူညီထောက်ပံ့မှုများပေးခဲ့ကြောင်း လူသားစာနာဝန်ကြီးဌာနသတင်းထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨⁨၈။ ငလျင်ဘေးကြောင့် စစ်ကိုင်းမြို့မှာ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ ဒေသခံများဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨၉။ သြစတြေးလျအစိုးရကမြန်မာနိုင်ငံသို့ ကနဦး ဒေါ်လာ သန်း ပံ့ပိုးပေးမည်


========================


၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ငလျင်ဒဏ်သင့်ပြည်သူတွေကိုကယ်ဖို့ NUG က နှစ်ပတ်တာ အပစ်ရပ်ထားပေမယ့် စစ်တပ်က ပေါက်မြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

🚩၂။စစ်ရေးအခြေအနေအရ ငလျင်ဒဏ်သင့်ပြည်သူတွေကို ထိရောက်တဲ့အကူအညီတွေမပေးနိုင်တဲ့အပေါ် နားလည်ပေးဖို့ အမှတ် ၃၄ K-PDF ပြော

🚩 ⁨⁨၃။ အကြမ်းဖက်စစ်ကောင်စီနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တော်လှန်တိုက်ပွဲဝင်သွားမယ်လို့ MSFC နဲ့ YPDF ကြေညာ

🚩၄။ ငလျင်ဘေးသင့် ပြည်သူတွေအတွက် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ကျပ်သိန်း ၁၈၀၀ ထည့်ဝင်ပြီး ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်

🚩၅။ မတ္တရာမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် အဆောက်အဦးပြိုပျက်မှုများနဲ့ ပြည်သူများအား မတ္တရာမြို့နယ်ပကဖမှလည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်တိုက်ဆောင်ရွက်

🚩၆။ ဆန်၊ဆီ၊ဓာတ်ဆီ၊ဒီဇယ်၊ရေနံနဲ့ အခြေခံစားသောက်ကုန်များကို ပုံမှန်စျေးအတိုင်းရောင်းချပေးဖို့ စီးပွားရေးလုပ်ငန်းရှင်များကို မေတ္တာရပ်ခံ

🚩၇။နောင်ချိုမှာ စစ်ကောင်စီတပ်သား ဦး လက်နက်ခဲယမ်းတွေနဲ့အတူ TNLA ထံ အလင်းဝင် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨၁။ငလျင်ဒဏ်သင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေး အမေရိကန်ဒေါ်လာ တသန်းသုံးစွဲမယ်လို့ NUG ကြေညာ


မတ်လ၃၀ရက်


ငလျင်ဒဏ်သင့်ဒေသတွေမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်နိုင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ခုခံကာကွယ်စစ် ကလွဲလို့ ထိုးစစ်အားလုံးကို ဒီနေ့ မတ်လ ၃၀ရက်နေ့စပြီး နှစ်ပတ်ကြာရပ်နားထားမှာဖြစ်သလို ကနဦးအနေနဲ့ အမေရိကန် ဒေါ်လာ တသန်း လျာထားသုံးစွဲမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာလိုက်ပါတယ်။

စစ်ကိုင်းမြို့ အနောက်မြောက်ဘက် ၁၆ ကီလိုမိတာအကွာမှာ အင်အား ဒသမ ရှိတဲ့ အင်အားပြင်းငလျင်နဲ့ နောက်ဆက် တွဲငလျင်ငယ်တွေ လှုပ်ခတ်ခဲ့မှုတာကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်းဒေသတို့မှာရှိ တဲ့ အိမ်နဲ့အဆောက်အအုံတွေ စေတီဘုရားများ၊ ဗလီများ၊ ကျောင်းများ၊ လမ်းတံတားများ ပြိုကျပျက်စီးခဲ့ရပြီး ပြည်သူ ထောင်ချီသေဆုံးကာ သောင်းနဲ့ချီ ဒဏ်ရာရရှိခဲ့တာကြောင့် အရေးပေါ်ကယ်ဆယ်ကုသမှုပေးဖို့ လိုအပ်တယ်လို့ အသိပေး ထားပါတယ်။

စစ်ကောင်စီထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မြို့ကြီးတွေမှာ လုံခြုံရေးအာမခံချက်ရှိမယ်ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ CDM ကျွမ်းကျင်ဝန်ထမ်းတွေဟာ နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ ပူပေါင်း ပြီး ငလျင်ဘေးသင့် ပြည်သူတွေကို အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့လည်း NUGဘက်က ပြောပါတယ်။

ငလျင်ဘေးသင့် ပြည်သူတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေ အမြန်ဆုံးကူညီဆောင်ရွက်ပေးဖို့ လည်း ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ နိုင်ငံတကာအဖွဲ့အစည်းများ INGOs တွေကို NUG က ဖိတ်ခေါ် ထား ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေတွေမှာဆိုရင်လည်း ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့တွေ နိုင်ငံတကာ အဖွဲ့အစည်းတွေ INGOs တွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ လုံခြုံရေး၊ သယ်ယူပို့ ဆောင်ရေးနဲ့ ယာယီကယ်ဆယ်ကုသရေးစခန်းတွေ ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ယူ ပူးပေါင်းဆောင်ရွက်မယ်လို့ အသိပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့ အစည်းများ နဲ့အတူ လက်တွဲပြီးပြည်သူမှ ပြည်သူသို့ အစီအမံနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အစွမ်းကုန် ပူးပေါင်းဆောင်ရွက် နိုင်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။

တိုင်းရင်းသားပြည်သူတရပ်လုံးအနေနဲ့လည်း ငလျင်ဘေးသင့် ပြည်သူတွေအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ တော်လှန်ရေးအင်အားစုတွေနဲ့ အစွမ်းကုန် ကူညီ ပူးပေါင်းဆောင်ရွက်ဖို့  NUGက တိုက်တွန်းထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၂။ တီမောနိုင်ငံသမ္မတ ဟိုဆေး ရာမို့စ် ဟိုတာက ငလျင်ဘေးသင့်မြန်မာပြည်သူတွေအတွက်ဝမ်းနည်းကြောင်းစာကို NUGယာယီသမ္မတထံပေးပို့


မတ်လ၃၀ရက်


တီမောနိုင်ငံသမ္မတ ဟိုဆေး ရာမို့စ် ဟိုတာကငလျင်ဘေးသင့်မြန်မာပြည်သူတွေအတွက်ဝမ်းနည်းကြောင်းစာကို NUGယာယီသမ္မတထံပေးပို့ခဲ့ပါတယ်။

မတ်လနောက်ဆုံးမှာစာကိုလက်ခံရရှိခဲ့ပြီး NUGယာယီသမ္မတဒူဝါလရှီးလကလည်း"မြန်မာနိုင်ငံအတွက် အခုလို ကြေကွဲဝမ်းနည်းစရာ အချိန်အခါမှာ သင့်စာနဲ့ ဝမ်းနည်းကြောင်း စာအတွက် သမ္မတ Ramos-Horta ကို ကျေးဇူးတင်ပါတယ်။သင့် ရဲ့ဆက်လက်ပံ့ပိုးမှုနဲ့ စည်းလုံးညီညွတ်မှုအတွက် ကျေးဇူးတင်ပါတယ်"လို့Xမှာဆိုထားပါတယ်။

တီမောနိုင်ငံဟာ မြန်မာနိုင်ငံနဲ့အတူ ဒီမိုကရေစီအရေးမှာရပ်တည်ကူညီပေးလျက်ရှိပြီးတော့ မြန်မာအရေးကိုလည်း ကမ္ဘာ့အလယ်မှာမကြာခဏထုတ်ဖော်ပြောဆိုပေးလျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၃။ အမေရိကန် နိုင်ငံအစိုးရနှင့် အမေရိကန်နိုင်ငံရောက် မြန်မာပြည်သူများမှ ငလျင်ဘေးသင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ အတွက်ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ရန် ဝန်ကြီးနော်စူဆန်နာလှလှစိုးရှင်းလင်းပြောကြား


မတ်လ၃၀ရက်


မတ်လနောက်ဆုံးပတ်မှာ အမေရိကန် နိုင်ငံအစိုးရနှင့်အမေရိကန် နိုင်ငံရောက်မြန်မာပြည်သူများမှ ငလျင်ဘေးသင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ရန် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးမှ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များအား Buffalo, Utica New York Stateများတွင်ရှင်းလင်း ပြောကြားခဲ့တယ်လို့သိရပါတယ်။

၂၀၂၅ခုနှစ် မတ်လ (၂၈)ရက်နေ့ မြန်မာစံတော်ချိန် မွန်လွဲ ၁၂ နာရီ ၅၀မိနစ် ဝန်းကျင်တွင် မြန်မာ နိုင်ငံ တွင် အင်အားပြင်းသော ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ ရှမ်းပြည်နယ် တောင်ပိုင်းဒေသတို့တွင် အိမ်နှင့်အဆောက်အအုံများ၊ စေတီဘုရားများ၊ ဗလီများ၊ ကျောင်းများ၊ လမ်းတံတားများ ပြိုကျပျက်စီး၍ ပြည်သူထောင်ချီသေဆုံးကာ သောင်းနှင့်ချီဒဏ်ရာရရှိခဲ့ပြီး လူပေါင်းများစွာ အရေးပေါ်ကယ်ဆယ်ကုသမှုပေးရန် လိုအပ်လျက်ရှိပါတယ်။

မြန်မာနိုင်ငံမှာ ငလျင်ကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လုပ်နေတုန်းမှာပဲ သေဆုံးသူဦးရေ ,၀၀၀ ကျော်ရှိပြီဖြစ်သလို ဒဏ်ရာရသူဦးရေ ,၂၀၀ ကျော်ရှိပြီဖြစ်တယ်လို့ UN OCHA Myanmarက အသိပေးဖော်ပြထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၄။ ရနိုင်တဲ့နည်းလမ်းနဲ့ အကောင်းဆုံး ကူညီရင်းပြန်တည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြိုးစားနေကြတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းဆို


မတ်လ၃၀ရက်


ငလျင်ကြောင့်ပြည်သူများထိခိုက်မှုနဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက အခုလိုဆိုလိုက်ပါတယ်။

"ဒီလို အခြေအနေမျိုး ဖြစ်လာနိုင်တယ်ဆိုတာ ကျွန်တော်တို့ နှစ်ပေါင်းများစွာလေ့လာ သိရှိခဲ့ရသမျှ တင်ပြခဲ့ကြ၊ မန္တလေးအတွက်အသေးစိတ် လေ့လာပြီး မြေပုံတွေ ထုတ်၊ ဒေသအစိုးရတွေကို လေ့လာမှုရလဒ်တွေ မျှဝေသင်ကြားရင်း အခုလို လေ့ကျင့်မှုမျိုးတွေလည်း အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လုပ်နိုင်ခဲ့ကြပါတယ်။ပြည်သူသာအဓိကလို့ သဘောထားတဲ့ ပြည်သူ့အစိုးရခေတ်မှာ ဒီလို ဖြစ်ခဲ့ရင် အနည်းဆုံး တဝက် သက်သာနိုင်မယ်လို့ မျှော်လင့်ယုံကြည်မိတဲ့အတွက် ကိုယ် ပိုင်ပိုင်နိုင်နိုင် မထိန်းချုပ်နိုင်တဲ့အချိန်မှာဖြစ်လာတဲ့အခါ စိတ်မကောင်းဖြစ်ရပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ မလျှော့ပါဘူး။ ရနိုင်တဲ့နည်းလမ်းနဲ့ အကောင်းဆုံး ကူညီရင်းပြန်တည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြိုးစားနေကြပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


မတ်လ၂၈ရက်မွန်းလွဲပိုင်းစစ်ကိုင်းမြို့ကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့သောအင်အား၇.၇အဆင့်ရှိငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင်ထိခိုက်ပျက်စီးမှုများပြားကာ သေဆုံးသူအရေအတွက်တိုးလာပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၅။ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရတဲ့ ပသီ၊ မြန်မာမွတ်စလင်၊ ရိုဟင်ဂျာတို့အပါအဝင် လူမျိုးဘာသာအားလုံးနဲ့အတူ ထပ်တူထပ်မျှ ခံစားရတယ်လို့လူ့အခွင့်ရေးဒုဝန်ကြီးဆို


မတ်လ၃၀ရက်


ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရတဲ့ ပသီ၊ မြန်မာမွတ်စလင်၊ ရိုဟင်ဂျာတို့အပါအဝင် လူမျိုးဘာသာအားလုံးနဲ့အတူ ထပ်တူထပ်မျှခံစားရတယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးက မတ်လ၃၀ရက်မှာဆိုပါတယ်။

"ငလျင်ဘေးကြောင့် လူမျိုးဘာသာအသီးသီးရဲ့ ဘာသာရေးအဆောက်အအုံတွေ ပျက်စီး၊ လူအသေအပျောက်နဲ့ ဒဏ်ရာရရှိမှုတွေကလည်း စိုးရိမ်စရာ အခြေအနေထိ ဖြစ်လာနေပါပြီ။ နဂိုကတည်းက အဖက်ဖက်ကနေ အားနည်းနေခဲ့တဲ့ ကူကယ်ရာမဲ့ခဲ့ရတဲ့ မြန်မာနိုင်ငံက ကျွန်တော်တို့ရဲ့ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းအတွက် ငလျင်ဘေးဟာ ပိုပြီး ထိခိုက်နာကျင်စေခဲ့ရတယ်။ ကျွန်တော်တို့အတွက် ပူဆွေးသောကတွေနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ ရမဇန်နဲ့ အီးဒ်နေ့ကိုတော့ အမြဲအမှတ်ရနေကြမှာ ဖြစ်ပါတယ်။ ထိခိုက်ခံစားနေရတဲ့ ပသီ၊ မြန်မာမွတ်စလင်၊ ရိုဟင်ဂျာတို့အပါအဝင် လူမျိုးဘာသာအားလုံးနဲ့အတူ ထပ်တူထပ်မျှ ခံစားရပါတယ်"လို့ဆိုထားပါတယ်။

မတ်လ၂၈ရက်မွန်းလွဲပိုင်း စစ်ကိုင်းမြို့ဗဟိုပြု၍ အင်အား၇.၇အဆင့်ရှိလှုပ်ခတ်ခဲ့သောငလျင်လှုပ်ခတ်မှုတွင်စစ်ကိုင်းမြို့နဲ့မန္တလေးမြို့မှာထိခိုက်သေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၆။ မန္တလေး၊ပျော်ဘွယ်မြို့နယ်အတွင်းနဲ့ ရမည်းသင်းမြို့တို့တွင် အဆောက်အအုံပြိုကျပျက်စီးမှုအောက်မှ ပိတ်မိနေသူများအားကယ်ဆယ်ရာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့


မတ်လ၃၀ရက်


မတ်လ၂၈ရက်နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ (၈၄x၂၉)လမ်းထောင့်ရှိ ဘီကျင်းဟိုတယ်အဆောက်အအုံပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအပျက်အစီးများအောက်မှ ရှာဖွေကယ်ဆယ်ရာ မိခင်နှင့်ကလေးငယ်()ဦး အား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။

ပျော်ဘွယ်မြို့ရှိ ကမ္ဘောဇဘဏ်အဆောက်အဦနှင့် မြင်းဘက်ရပ်ကွက်အတွင်း နေအိမ်များ ပြိုကျပျက်စီး၍ ပိတ်မိနေသူများအား  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အဆောက်အဦများအောက်ပိတ်မိနေသောလူအသက်ရှင်လျက် (၃၃)ဦး ကယ်ထုတ်နိုင်ခဲ့ပြီး ()ဦး သေဆုံးအား ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရှိရပါတယ်။

အလားတူ ရမည်းသင်းမြို့၊ မြို့မရပ်ကွက်၊ ပန်းတိမ်ရပ်ရှိ စံကျူရီစားသောက်ဆိုင်နှင့် နှစ်ထပ်အဆောက်အဦပြိုကျပျက်စီး၍ ပိတ်မိနေသူများရှိခဲ့ပါတယ်။

အဆိုပါပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ()ဦး အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ()ဦးတို့အား ရှာဖွေတွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၇။ စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်သင့် ကျေးရွာများထံ ကူညီထောက်ပံ့မှုများပေးခဲ့ကြောင်း လူသားစာနာဝန်ကြီးဌာနသတင်းထုတ်ပြန်


မတ်လ၃၀ရက်


စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်သင့် ကျေးရွာများမှ ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏မိသားစုထံ ကူညီထောက်ပံ့မှုများပေးခဲ့ကြောင်း လူသားစာနာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မတ်လနောက်ဆုံးပတ်ဖော်ပြချက်အရစစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်သင့် ကျေးရွာများမှ  ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် သေဆုံးသူများ၏ မိသားစုထံ လူသားစာနာ တာဝန်ခံများက သွားရောက်ကူညီထောက်ပံ့ခဲ့ပြီး ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၈။ ငလျင်ဘေးကြောင့် စစ်ကိုင်းမြို့မှာ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ ဒေသခံများဆို


မတ်လ၃၀ရက်


ငလျင်ဘေးကြောင့် စစ်ကိုင်းမြို့မှာ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ ဒေသခံများဆိုပါတယ်။မတ်လ၃၀ရက်နေ့အထိ အကူအညီများလိုအပ်နေဆဲ ဖြစ်ပြီးတော့ လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်နေတယ်လို့ ဆိုကြပါတယ်။

"တံတားတွေလည်း ကျိုးထားတော့ မန္တလေးဘက်ကအကူညီဝင်ဖို့တောင် အခက်ခဲရှိနေပါတယ်။အစားအသောက်ဆေးဝါး ဘာမှဝယ်မရပါ။အသေအပျောက်လည်းများပြီးဆေးရုံကလည်းအစတည်းက သေးတဲ့အတွက်လူနာတွေအတွက်မလုံလောက်ပါ။သေပြီးဖြစ်တဲ့DBတွေကနေ အပုပ်နံ့တွေလည်းထွက်လာပီဖြစ်တဲ့ အတွက်ပတ်ဝန်းကျင်အနီးနားရှိလူများပါရေရှည်ကျန်းမာရေးတွက် ထိခိုက်လာနိုင်ပါတယ်။မြို့လေးမှာရှိတဲ့ ပရဟိတအသင်းများနဲ့မလုံလောက်ပါ ကိုယ်ထူကိုယ်ထစွမ်းသလောက်သာ ကယ်ဆယ်နေရတဲ့အတွက် အချိန်ကြာမြင့်လေ ပိုဆိုးရွာလာနိုင်တဲ့အနေထားဖြစ်နေပါတယ်"လို့ဒေသခံတဦးကဆိုထားပါတယ်။


ဘုန်းကြီးစာသင်ကျောင်းများ၊ သီလရှင်ကျောင်းများနဲ့ စစ်ကိုင်းတောင်ပေါ်မှဂျောင်များမှလည်း အကူညီလိုအပ်နေကြတယ်လို့ဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၉။ သြစတြေးလျအစိုးရကမြန်မာနိုင်ငံသို့ ကနဦး ဒေါ်လာ သန်း ပံ့ပိုးပေးမည်


မတ်လ၃၀ရက်


သြစတြေးလျအစိုးရကမြန်မာနိုင်ငံသို့ ကနဦး ဒေါ်လာ သန်း ပံ့ပိုးပေးမည်ဖြစ်ကြောင်းအသိပေးထုတ်ပြန်ပါတယ်။ဩစတြေးလျ၏ ပံ့ပိုးကူညီမှုသည် အရေးပေါ် ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းရန် အပါအဝင် ချက်ခြင်း အသက်ကယ် ထောက်ပံ့မှု ဆောင်ရွက်ရန် ICRC ကို ကူညီပေးမယ်လို့ဖော်ပြပါတယ်။အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ရေစသည့် အရေးပေါ် လိုအပ်ချက်များကို ပံ့ပိုးပေးရန်အတွက် ကုလသမဂ္ဂ ဗဟို အရေးပေါ် တုံ့ပြန်ရေး ရန်ပုံငွေ (CERF) မှ အမေရိကန်ဒေါ်လာ သန်း ထုတ်ပေးမှုကိုလည်း သြစတြေးလျ မှ ကြိုဆိုတယ်လို့ဆိုပါတယ်။

သြစတြေးလျသည် မြန်မာစကစအား တိုက်ရိုက်ရန်ပုံငွေ မပေးဘဲ ၄င်းတို့၏အကူအညီသည် မြန်မာနိုင်ငံရှိ စစ်အာဏာရှင်ကို တရားဝင်မဖြစ်အောင် သေချာစေရန် တက်ကြွသောခြေလှမ်းများကို လုပ်ဆောင်နေတယ်လို့အသိပေးဖော်ပြထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်ကို မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ ငလျင်ဒဏ်သင့်ပြည်သူတွေကိုကယ်ဖို့ NUG က နှစ်ပတ်တာ အပစ်ရပ်ထားပေမယ့် စစ်တပ်က ပေါက်မြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်


မတ်လ၃၀ရက်


ငလျင်ဒဏ်သင့်ပြည်သူတွေကိုကယ်ဖို့ NUG က နှစ်ပတ်တာ အပစ်ရပ်ထားမယ်လို့ ကြေညာထားချိန်မှာ အကြမ်းဖက် စစ်တပ်က ပေါက်မြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းက ပြောပါတယ်။

NUG ဘက်က နှစ်ပတ်တာ အပစ်ရပ်ထားမယ်လို့ ကြေညာထားတဲ့ ပထမဆုံးရက် မတ်လ ၃ဝ ရက်နေ့မနက် ၁ဝ နာရီခွဲ လောက်မှာ အကြမ်းဖက်စစ်တပ်က စစ်ရဟတ်ယာဉ်နဲ့ ပေါက်မြို့နယ်အတွင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ တာလို့ သိရပါတယ်။ 

 ပေါက်မြို့နယ် အနောက်မြောက်ပိုင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်တစီးနဲ့ ဗုံးကြဲပြီးနောက် ကပစ ၂၄ အတွင်းကို ဆင်းသက်သွားတယ်လို့ ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်း တာဝန်ရှိသူတဦးက ဆိုပါတယ်။ 

ဖုန်းလိုင်းတဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စသ်နဲ့ပတ်သက်ပြီး ထိခိုက်ပျက်စီး မှုအခြေအနေကို မသိဘူးလို့လည်း အသိပေးပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ငလျင်ဒဏ်သင့် ပြည်သူတွေကို အရေးပေါ် ကူညီနိုင်ရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်း တွေ လုပ်ဆောင်နိုင်ဖို့ ဒီနေ့ မတ်လ ၃၀ ကစပြီး ဧပြီလ ၁၂ ရက်နေ့အထိ နှစ်ပတ်ကြာ ထိုးစစ်တွေရပ်တန့်ထားမယ်လို့ မနေ့ မတ်လ ၂၉ ရက် ညပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင် လာတာပဲဖြစ်ပါတယ်။

ငလျင်ဖြစ်ပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ်ဟာ ဗုံးပတ်ကြဲနေတာဆိုတော့ ငလျင်ကြောင့် ပြည်သူလူထုသေဆုံးရတာကို ဂရုစိုက်နေမှာမဟုတ်ဘူးဆိုတဲ့သဘောထားကိုပြသလိုက်တာပဲလို့ စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ့ - NPT က မှတ်ချက် ပြုထားပါတယ်။


========================


🚩🚩၂။စစ်ရေးအခြေအနေအရ ငလျင်ဒဏ်သင့်ပြည်သူတွေကို ထိရောက်တဲ့အကူအညီတွေမပေးနိုင်တဲ့အပေါ် နားလည်ပေးဖို့ အမှတ် ၃၄ K-PDF ပြော


မတ်လ၃၀ရက်


လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေအရ ငလျင်ဒဏ်သင့်ပြည်သူတွေကို ထိရောက်တဲ့အကူအညီတွေမပေးနိုင်တဲ့ အပေါ် နားလည်ပေးဖို့ ရှမ်းမြောက်ဒေသ မိုးမိတ်ခရိုင် အမှတ် ၃၄ K-PDF တပ်ရင်းက တောင်းပန်လိုက်ပါတယ်။ 

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းနဲ့ မန္တလေးအပါအဝင် စပ်ဆက်ဒသတွေမှာ နေထိုင်ကြတဲ့ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်စီးခဲ့ရပြီး ထိခိုက်သေဆုံးတာ၊ ဘာသာရေးအဆောက် အအုံတွေနဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်စီးဆုံးရှုံးခဲ့တာတွေအတွက် ပြည်သူလူထုနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲရတယ်လို့ ဒီနေ့ မတ်လ ၃ဝ ရက်နေ့မှာ အမှတ် ၃၄ K-PDF တပ်ရင်းက ထုတ်ပြန်ပါတယ်။

မိုးလေဝသနဲ့ဇလဗေဒပညာရှင်တွေရဲ့ တိုင်းထွာချက်တွေအရ ငလျင်တွေ ထပ်ဖြစ်လာနိုင်သေးတဲ့အတွက် မိဘပြည်သူများ အနေနဲ့ အထူးဂရုစိုက် သွားလာနေထိုင်ကြဖို့နဲ့ သတင်းအမှန်တွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်ကြဖို့ တိုက်တွန်းထား ပါတယ်။

မိုးမိတ်မြို့နယ်ဟာ ရှမ်းပြည်မြောက်ပိုင်းမှာရှိပြီး ကချင်ပြည်နယ်က ဗန်းမော်၊ ရှမ်းပြည်နယ်ထဲက သိန္နီ၊ နမ့်ဆမ်၊ သီပေါနဲ့ စစ်ကိုင်းတိုင်းထဲက ရွှေဘို စတဲ့မြို့နယ်တွေနဲ့ ထိစပ်နေတာကြောင့် စစ်ရေးတင်းမာနေတဲ့ နယ်မြေဖြစ်ပါတယ်။ 

မိုးမိတ်ခရိုင် K-PDF တပ်ရင်းမှာ အမျိုးသမီးစစ်သည်တော်တွေပါ တာယန်ထမ်းဆောင်နေပြီး တိုက်ပွဲမရှိတဲ့အချိန်ဆိုရင် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့တပ်ရင်းလို့ မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ⁨⁨၃။ အကြမ်းဖက်စစ်ကောင်စီနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တော်လှန်တိုက်ပွဲဝင်သွားမယ်လို့ MSFC နဲ့ YPDF ကြေညာ


မတ်လ၃၀ရက်


မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တို့ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တော်လှန်တိုက်ပွဲဝင်သွားမယ်လို့ ဒီနေ့ မတ်လ ၃ဝ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ပူးတွဲထုတ်ပြန်ကြေညာချက်တစောင်ကို ဒီနေ့  မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံးဖြုတ်ချနိုင်ရေး၊ ငြိမ်းချမ်းရေး လူ့အခွင့်အရေးနဲ့ တန်းတူရေးကို အာမခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု အမြန်ဆုံးပေါ်ပေါက်လာနိုင်ဖို့ ရည်ရွယ်ပြီး အတူတကွလက်တွဲပူးပေါင်းလုပ်ဆောင်သွားနိုင်ဖို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တို့က တာဝန်ရှိကိုယ်စားလှယ်တွေ မတ်လ ၂၃ ရက်နေ့မှာ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးစတင်စဥ်ကာလကတည်းက ဗိုလ်ရန်နိုင် ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF နဲ့ မနက်ဖန် မတ်လ ၃၁ ရက်နေ့ကစပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ နိုင်ငံရေး စစ်ရေး ပူးပေါင်းဆောင်ရွက် သွားဖို့ သဘောတူခဲ့ပြီး အဖွဲ့ ဝင်အဖွဲ့အစည်းတရပ်အနေနဲ့ စစ်အာဏာရှင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီနဲ့ အာဏာရှင်စနစ် လုံးဝ အမြစ်ပြတ်တဲ့အထိ တော်လှန်တိုက်ပွဲဝင်သွားမယ်လို့ သိရပါတယ်။


========================


🚩🚩၄။ ငလျင်ဘေးသင့် ပြည်သူတွေအတွက် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ကျပ်သိန်း ၁၈၀၀ ထည့်ဝင်ပြီး ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်


မတ်လ၃၀ရက်


ငလျင်ဘေးသင့် ပြည်သူတွေအတွက် ရှမ်းလက်နက်ကိုင်တပ်၊ ရှမ်းနိုင်ငံရေးပါတီနဲ့ ရှမ်းလူမှုအဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထား တဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC က ကျပ်သိန်း ၁၈၀၀ မတည်ကြောင်း ကြေညာပြီး ငလျင်ဘေးသင့် ပြည်သူတွေကို ကူညီရာမှာ ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် ပြည်သူတို့ရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ လူနေမှုဘဝ တွေ အမြောက်အများ ပျက်စီးဆုံးရှုးခဲ့ရတဲ့အပေါ်  SSJAC က ဝမ်းနည်းကြေကွဲရတယ်လို့ ထုတ်ပြန်ထားပြီး တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ကူညီဆောင်ရွက်နိုင်ရေး ကြိုပမ်း နေကြတယ်လို့ သိရတဲ့အတွက် များစွာကျေးဇူးတင်တယ်လို့ အသိပေးထားပါတယ်။

ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီအနေနဲ့ အရင်ကလည်း ပြည်သူလူထုကြုံတွေ့ခဲ့ရတဲ့ ကိုဗစ်ကပ်ရောဂါဘေး၊ ရေဘေး၊ စစ်ဘေးရှောင်တွေအတွက် တတ်နိုင်သမျှ ကူညီဆောင်ရွက်ခဲ့သလို အခုလည်း နိုင်ငံအတွင်း ထိခိုက်ခံစားခဲ့ရတဲ့ ငလျင်ဘေးမှာလည်း လက်လှမ်းမီတဲ့ နယ်မြေဒေသအတွင်းက ပြည်သူလူထုကို ကူညီထောက်ပံ့နိုင်ရေး ကြိုးပမ်းဆောင်ရွက် နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ နိုင်ငံရေး၊ စစ်ရေး၊ နယ်မြေ ဒေသစတဲ့ အကန့်အသတ်တွေကို ကျော်လွန်ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့လည်း ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေကို SSJAC က တိုက်တွန်းထားပါတယ်။

ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC  ထုတ်ပြန်ကြေညာချက်ထဲမှာ မြန်မာပြည်သူအပေါင်း ဘဘာဝဘေး၊ လူလုပ်ဘေး၊ မင်းစိုးမင်းညစ်ဘေးကနေ ကင်းဝေးပါစေလို့လည်း ဆုတောင်းပေးထားပါတယ်။


========================


🚩🚩၅။ မတ္တရာမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် အဆောက်အဦးပြိုပျက်မှုများနဲ့ ပြည်သူများအား မတ္တရာမြို့နယ်ပကဖမှလည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်တိုက်ဆောင်ရွက်


မတ်လ၃၀ရက်


မတ္တရာမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် အဆောက်အဦးပြိုပျက်မှုများနဲ့ပြည်သူများအား မတ္တရာမြို့နယ်ပကဖမှလည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်တိုက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

မတ်လ၃၀ရက် မတ္တရာပကဖကအသိပေးချက်အရမတ္တရာမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် အဆောက်အဦးပြိုပျက်မှုများနှင့် ပြည်သူများ ထိခိုက်သေဆုံးမှု များပြားခဲ့ရတယ်လို့ဆိုပါတယ်။

မတ္တရာမြို့နယ်ပကဖမှလည်း ကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်တိုက်ဆောင်ရွက်လျှက်ရှိပြီး စောင့်ရှောက်မှုများအား အတတ်နိုင်ဆုံးပြုလုပ်ပေးလျှက်ရှိတယ်လို့ အသိပေးဆိုထားပါတယ်။


========================


🚩🚩၆။ ဆန်၊ဆီ၊ဓာတ်ဆီ၊ဒီဇယ်၊ရေနံနဲ့ အခြေခံစားသောက်ကုန်များကို ပုံမှန်စျေးအတိုင်းရောင်းချပေးဖို့ စီးပွားရေးလုပ်ငန်းရှင်များကို မေတ္တာရပ်ခံ


မတ်လ၃၀ရက်


အင်အားပြင်းငလျင်ဒဏ်ကြောင့် လူပေါင်းများစွာသေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးခဲ့တာကြောင့် မရှိမဖြစ်လိုအပ်နေတဲ့ ဆန်၊ဆီ၊ ဓာတ်ဆီ၊ဒီဇယ်၊ရေနံနဲ့ အခြေခံစားသောက်ကုန်တွေကို ပုံမှန်စျေးနှုန်းအတိုင်းရောင်းချပေးဖို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့ က စီးပွားရေးလုပ်ငန်းရှင်များကို မေတ္တာရပ်ခံလိုက်ပါတယ်။

မတ်လ ၂၈ ရက် နေ့လည်ပိုင်းမှာ သဘာဝဘေး မြေငလျင် ပြင်းထန်စွာလှုပ်ခတ်ပြီး နိုင်ငံအနှံ့ လူများစွာ သေဆုံးခဲ့ရပြီး နိုင်ငံ အနှံ့က မြို့တွေ ပျက်ဆီးဆုံးရှုံးမှုများစွာ ဖြစ်ခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေကို တောင်းဆိုင်လိုက်တာလည်း ဖြစ်ပါတယ်။  

အတိဒုက္ခရောက်နေကြတဲ့ မိဘပြည်သူတွေ တပူပေါ်တပူဆင့်ပြီး ဝမ်းနည်းပူဆွေးနေရတဲ့ကာလဖြစ်တာကြောင့် အမှန်တကယ် မရှိမဖြစ်လိုအပ်နေတဲ့ ဆန်၊ဆီ၊ဓါတ်ဆီ၊ဒီဇယ်၊ရေနံနဲ့ အခြေခံစားသောက်ကုန်တွေ အဆမတန် ကုန်ဈေးနှုန်းမြင့်တက်နေတဲ့အတွက် ပိုပြီးခက်ခဲနေကြတယ်လို့လည်း အသိပေးထားပါတယ်။ 

ဒါကြောင့် စီးပွားရေး လုပ်ငန်းရှင်များအနေနဲ့ အခုလိုအချိန်ကာလမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ပြီး ကိုယ်ချင်းစာနာစိတ်နဲ့ ပုံမှန်ဈေးအတိုင်း ရောင်းချပေးကြဖို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က စီးပွားရေး လုပ်ငန်းရှင် ဂုဏ်သရေရှိလူကြီးမင်းများကို လေးစားစွာနဲ့ မေတ္တာရပ်ခံလိုက်တာဖြစ်ပါတယ်။


========================


🚩🚩၇။နောင်ချိုမှာ စစ်ကောင်စီတပ်သား ဦး လက်နက်ခဲယမ်းတွေနဲ့အတူ TNLA ထံ အလင်းဝင် 


မတ်လ၃၀ရက်


တအာင်းပြည် တပ်မဟာ နယ်မြေ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာမှာရှိတဲ့ ၉၀၂ တပ်စခန်းက စစ်ကောင်စီတပ်သား ဦး လက်နက်အပြည့်စုံနဲ့ အလင်းဝင်လာတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ မတ်လ ၃ဝ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီ စစ်သား ဦးဟာ မတ်လ ၂၈ ရက် နေ့လယ် နာရီအချိန်မှာ သေနတ် လက်နဲ့အတူ တအာင်းတပ်မတော် TNLA ထံ အလင်းဝင်လာတာလို့ ဆိုပါတယ်။

သူတို့ကိုဦးဆောင်တဲ့ ဗိုလ်ကြီးအဆင့်ရှိသူတဦးသည် တိုက်ပွဲမှာကျဆုံးသွားခဲ့ပြီး ဦးဆောင်သူမရှိတော့တဲ့အတွက် ထွက်ပြေး ပြီး အလင်း၀င်တာလို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်သား ဦးကို PSLF/TNLA အဖွဲ့က စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာစောင့်ရှောက်ပေးသွား မယ်လို့ တအာင်းတပ်မတော် TNLA က အသိပေးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၂ ရက်ကလည်း သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၅၀၃ နဲ့ ၅၀၄ တို့ကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်တပ်မိသာစုးဝင် ၁၉၁ ဦးကို PSLF/TNLA က လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution


 

Share:

No comments:

Post a Comment