၂၀၂၅ မေလ ၁၂ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ "အကြမ်းဖက်စစ်အုပ်စုရဲ့လူ့အခွင့်ရေးကော်မရှင်ဟာ နိုင်ငံတကာသတ်မှတ်ထားတဲ့စံချိန် စံညွှန်းတွေ မပြည့်ရုံတင်မကဘဲနဲ့ ပြည်သူလူထုရဲ့လေးစားယုံကြည်အားကိုးမှုတွေပါ မရရှိတဲ့ အခြေအနေပါဖြစ်တယ်"လို့ဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ CDMသူနာပြုတွေ၊သားဖွားတွေဟာဆိုရင်စစ်ကောင်စီရဲ့ယုတ်မာရက်စက်မှုတွေကြားကနေ ကြံ့ကြံ့ခံပြီးတော့တော်လှန်ရေးမှာပါဝင်ဆောင်ရွက်ကြနေသူတွေပဲ ဖြစ်တယ်လို့ ကျန်းမာရေးဒုဝန်ကြီးဂုဏ်ပြုပြောကြား

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများ ယာယီကောင်စီ"မှ ကျောင်းသားငါးရာကျော်ကိုနှစ်နှစ်ကျော်ကာလအတွင်း အောင်လက်မှတ်ချီးမြှင့်နိုင်ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ထိုင်းနိုင်ငံတွင်ရွှေ့ပြောင်းနေထိုင်ကြသည့် မြန်မာပြည်သားမိသားစုများ၏ ကလေးများအတွက်ဖွင့်လှစ်သည့်ကျောင်းများမှ ဆရာဆရာမများကို ဝေဖန်ပိုင်းခြားစဉ်းစားခြင်း (RWCT) နည်းစနစ်များကို ဆွေးနွေးပို့ချလျက်ရှိ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ မကြာခင် လှုပ်ရှားမယ့်  WOA (Weaponization Of Aid) ကမ်ပိန်းမှာ ပြည်သူတဦးချင်းမှ မိမိတတ်နိုင်သည့်အားဖြင့် ပါဝင် အသံထုတ်ပေးကြရန်နှိုးဆော်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ နေပြည်တော်မှာယနေ့မနက် ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့


========================


၂၀၂၅ ခုနှစ် မေလ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။⁨⁨⁨ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်း အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းသို့ အကြမ်းဖက်စကစမှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပြီး ပြည်သူအများအပြားသေဆုံး

🚩၂။ စဥ့်ကူးမြို့နယ် စိုက်ကွင်းကျေးရွာသို့ တံတားဦး တက်ဂျက်ဖိုက်တာဖြင့် စကစကလေကြောင်းတိုက်ခိုက်ခဲ့၍အရပ်သား၂ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်၂လုံးပျက်စီးခဲ့

🚩၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ (၂၅) ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင် အမှတ် တပ်ရင်း (P2-3702) ရှေ့တန်းစစ်ဆင်ရေး ပုံရိပ်များကို NUGကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ဖော်ပြ

🚩၄။ ချင်းညီနောင် ထိန်းချုပ်နယ်မြေများအတွင်းရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်သွားမည့်အပြင်တော်လှန်ရေးအင်အား စုများနဲ့အတူ လက်တွဲပူးပေါင်းဆောင်ရွက်မယ်လို့ ချင်းညီနောင်က ထုတ်ပြန်

🚩၅။ ကျားသစ်နက်စစ်ကြောင်းမှ အခြေခံစစ်သင်တန်းအပတ်စဥ် () တိုက်ခိုက်ရေးတပ်သားသစ်များနှင့် ကျားသစ်နက်စစ်ကြောင်း Drone တပ်ဖွဲ့ ဝေဟင်အင်အားဖြည့်တင်းရေး တပ်သားသစ်များခေါ်ယူ

🚩၆။ မြန်မာစစ်အုပ်စုကို လောင်စာဖြည့်ပေးနေသည့် အာဆီယံသူဌေးကြီးများအား ဖော်ထုတ်ရန်အာဆီယံ အသက် ၃၀ အထက် မသမာသူများစာရင်းကို Justice For Myanmarက ထုတ်ပြန်

🚩၇။ အင်အားပြင်းငလျင်လှုပ်ခတ်မှုဘေးသင့်နေချိန်အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှု၃၀၀ ကျော်ရှိခဲ့ပြီးသေဆုံးသူ၃၃၀ ကျော်ရှိခဲ့

🚩၈။ မိုးကုတ်မြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ()ဦး ဖမ်းဆီးရမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ "အကြမ်းဖက်စစ်အုပ်စုရဲ့လူ့အခွင့်ရေးကော်မရှင်ဟာ နိုင်ငံတကာသတ်မှတ်ထားတဲ့စံချိန် စံညွှန်းတွေ မပြည့်ရုံတင်မကဘဲနဲ့ ပြည်သူလူထုရဲ့လေးစားယုံကြည်အားကိုးမှုတွေပါ မရရှိတဲ့ အခြေအနေပါဖြစ်တယ်"လို့ဆို


မေလ၁၂ရက်


"အကြမ်းဖက်စစ်အုပ်စုရဲ့လူ့အခွင့်ရေးကော်မရှင်ဟာ နိုင်ငံတကာသတ်မှတ်ထားတဲ့စံချိန် စံညွှန်းတွေ မပြည့်ရုံတင်မကဘဲနဲ့ ပြည်သူလူထုရဲ့လေးစားယုံကြည်အားကိုးမှုတွေပါ မရရှိတဲ့ အခြေအနေပါဖြစ်တယ်"လို့လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။

"ကော်မရှင်ဝင်တွေက ဘယ်သူတွေမှန်းလည်းမသိဘူး၊ဘာတွေလုပ်နေမှန်းလည်းမသိဘူး၊လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တခါမှလည်း ချိုးဖောက်မှုအကြောင်း လေသံတောင် မဟရဲကြဘူး။ချိုးဖောက်နေတဲ့အဖြစ်အပျက်တွေကို အမှန်တိုင်းတင်ပြရဲတဲ့ အရာလည်းမရှိခဲ့ကြဘူး။ အဲ့အတွက်ကြောင့်မို့ ကော်မရှင်ဝင်တွေက ပြင်သစ်မူဝါဒ (Paris Principle) အတိုင်း အမှီခိုကင်းကင်း၊ ရပ်တည်ချက် ခိုင်ခိုင်လုံလုံနဲ့ ကော်မရှင်တာဝန်ကို ထမ်းဆောင်နေတာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ နိုင်ငံတကာသတ်မှတ်ထားတဲ့စံချိန် စံညွှန်းတွေ မပြည့်ရုံတင်မကဘဲနဲ့ ပြည်သူလူထုရဲ့လေးစားယုံကြည်အားကိုးမှုတွေပါ မရရှိတဲ့ အခြေအနေမျိုးကထင်ထင်ရှားရှားရှိနေပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဖေဖော်ဝါရီလ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  မေလ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၆၂၁) ဦး ရှိခဲ့ပြီဖြစ်တယ်လို့AAPPကဖော်ပြထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ CDMသူနာပြုတွေ၊သားဖွားတွေဟာဆိုရင်စစ်ကောင်စီရဲ့ယုတ်မာရက်စက်မှုတွေကြားကနေ ကြံ့ကြံ့ခံပြီးတော့တော်လှန်ရေးမှာပါဝင်ဆောင်ရွက်ကြနေသူတွေပဲ ဖြစ်တယ်လို့ ကျန်းမာရေးဒုဝန်ကြီးဂုဏ်ပြုပြောကြား


မေလ၁၂ရက်


CDMသူနာပြုတွေ၊သားဖွားတွေဟာဆိုရင်စစ်ကောင်စီရဲ့ယုတ်မာရက်စက်မှုတွေကြားကနေ ကြံ့ကြံ့ခံပြီးတော့တော်လှန်ရေးမှာပါဝင်ဆောင်ရွက်ကြနေသူတွေပဲ ဖြစ်တယ်လို့ ကျန်းမာရေးဒုဝန်ကြီးဒေါက်တာရွှေပုံကဂုဏ်ပြုပြောကြားလိုက်ပါတယ်။


၂၀၂၅ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီမှ ကြီးမှူးကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာသားဖွားများနေ့နှင့် အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာရွှေပုံက အဖွင့်အမှာစကားပြောကြားရာမှာထည့်သွင်းပြောပါတယ်။


"မျက်မှောက်အနေအထားမြန်မာနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုဟာဆိုရင် မြန်မာနိုင်ငံရဲ့သမိုင်းမှာတခါမှမကြုံဘူးခဲ့တဲ့အခင်းအကျင်းမျိုးနဲ့ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာပြည်သူရဲ့အာဏာကိုအကြမ်းဖက်စစ်အုပ်စုကမတရားသဖြင့်သိမ်းယူခဲ့တဲ့အချိန်ကစပြီး မြန်မာနိုင်ငံရဲ့သမိုင်းမှာအင်အားအကောင်းဆုံးဖြစ်တဲ့CDMလှုပ်ရှားမှုဟာ နွေဦးတော်လှန်ရေးရဲ့တပ်ဦးကနေထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။အာဏာသိမ်းမှုမတိုင်ခင်ကလည်း ကိုဗစ်ပထမလှိုင်း၊ဒုတိယလှိုင်းတွေမှာ ပြည်သူနဲ့တသားတည်းသူနာပြုဆရာ၊ဆရာမတွေ၊သားဖွားဆရာမတွေဟာရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေကိုနေ့မအား၊ညမအား မပင်မပန်းနဲ့ပြည်သူ့အစိုးရနဲ့အတူတူတက်ညီလက်ညီဆောင်ရွက်ခဲ့တာမို့လို့ပြည်သူအားလုံးကလည်းကျန်းမာရေးသူရဲကောင်းတွေအဖြစ်သက်မှတ်ခဲ့ကြတာဖြစ်ပါတယ်။အခုအချိန်မှာတော့ အဓမ္မကိုတွန်းလှန်ဓမ္မဘက်မှာရဲရဲဝံ့ဝံ့ပါဝင်နေကြတဲ့ CDMသူနာပြုတွေ၊သားဖွားတွေဟာဆိုရင်CDM တွေကိုအဖက်ဖက်ကနေ ထိုးနှက်ပစ်မှတ်ထားတိုက်ခိုက်နေတဲ့စကစရဲ့ယုတ်မာရက်စက်မှုတွေကြားကနေ ကြံ့ကြံ့ခံပြီးတော့တော်လှန်ရေးမှာပါဝင်ဆောင်ရွက်ကြနေသူတွေပဲ ဖြစ်ပါတယ်"လို့ဒုဝန်ကြီးကပြောပါတယ်။


လက်ရှိမှာတော်လှန်ရေးဘက်ကဆက်လက်ရပ်တည်ဆဲCDMသိန်းနဲ့ချီရှိနေဆဲ ဖြစ်ပြီး တိုင်းရင်းသားဒေသများတွင်ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများပေးအပ်လျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများ ယာယီကောင်စီ"မှ ကျောင်းသားငါးရာကျော်ကိုနှစ်နှစ်ကျော်ကာလအတွင်း အောင်လက်မှတ်ချီးမြှင့်နိုင်ခဲ့


"မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများ ယာယီကောင်စီ"မှ ကျောင်းသားငါးရာကျော်ကိုနှစ်နှစ်ကျော်ကာလအတွင်း အောင်လက်မှတ်ချီးမြှင့်နိုင်ခဲ့တယ်လို့မေလ၁၂ရက်အသိပေးဆိုပါတယ်။



"၂၀၂၁ ခုနှစ်ကတည်းက ကြားကာလပညာရေးအစီအစဉ်အကောင်အထည်ဖော်နိုင်ဖို့ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိနေတဲ့ သူနာပြုသင်တန်းကျောင်းများ၊ သားဖွားသင်တန်းကျောင်းများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများ၊ နှီးနွှယ်ကျောင်းများ အားလုံး ပေါင်းစည်းပြီး "မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများ ယာယီကောင်စီ" ကို ဖွဲ့စည်းပြီး ပုံမှန်သင်ကြားရေးကို စတင်ဆောင်ရွက်ခဲ့ကြပါတယ်။၂၀၂၂ ခုနှစ်မှာ နောက်ဆုံးစာမေးပွဲ ဖြေရန်သာကျန်သော တတိယနှစ်အတန်းကို ပညာရပ်ဆိုင်ရာ တတ်မြောက်မှု အာမခံချက်ပေးနိုင်ရန် ကျောင်းအသီးသီးမှ သင်ကြားရေး၊ စီမံအုပ်ချုပ်ရေး ဆောင်ရွက်ခဲ့ကြသော ဆရာများ ဆွေးနွေးတိုင်ပင်ကာ လိုအပ်သော ပြန်လည်ဆွေးနွေးပေးမှုများ၊ အကဲဖြတ်စစ်ဆေးမှုများကို စတင်ဆောင်ရွက်ခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပင် ဒုတိယနှစ် ပထမနှစ်အတန်းများကိုလည်း ပညာဆက်လက်သင်ယူလိုသော ကျောင်းသား၊ကျောင်းသူများအတွက်  အတန်းတင်ပေးနိုင်ဖို့ ဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။


၂၀၂၃ ခုနှစ် တွင် ပထမအကြိမ် ကျောင်းသား (၄၀၂) ယောက်ကို အောင်လက်မှတ် ပေးအပ်ချီးမြှင့်နိုင်ခဲ့ပြီး၂၀၂၄ ခုနှစ်တွင် ဒုတိယအကြိမ် ကျောင်းသား အယောက် (၁၀၀) ၊၂၀၂၅ ခုနှစ်တွင် တတိယအကြိမ် ကျောင်းသား (၃၈) ယောက်ကို အောင်လက်မှတ်များချီးမြှင့်နိုင်ခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ထိုင်းနိုင်ငံတွင်ရွှေ့ပြောင်းနေထိုင်ကြသည့် မြန်မာပြည်သားမိသားစုများ၏ ကလေးများအတွက်ဖွင့်လှစ်သည့်ကျောင်းများမှ ဆရာဆရာမများကို ဝေဖန်ပိုင်းခြားစဉ်းစားခြင်း (RWCT) နည်းစနစ်များကို ဆွေးနွေးပို့ချလျက်ရှိ


မေလ၁၂ရက်


ထိုင်းနိုင်ငံတွင်ရွှေ့ပြောင်းနေထိုင်ကြသည့် မြန်မာပြည်သားမိသားစုများ၏ ကလေးများအတွက်ဖွင့်လှစ်သည့်ကျောင်းများမှ ဆရာဆရာမများကို ဝေဖန်ပိုင်းခြားစဉ်းစားခြင်း (RWCT) နည်းစနစ်များကို ဆွေးနွေးပို့ချလျက်ရှိတယ်လို့ စဉ်းစားတွေးခေါ်သောစာသင်ခန်းတည်ထောင်သူ ဒေါက်တာသိန်းလွင်က အသိပေးဆိုထားပါတယ်။

"အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတွင်ရွှေ့ပြောင်းနေထိုင်ကြသည့် မြန်မာပြည်သားမိသားစုများ၏ ကလေးများအတွက်ဖွင့်လှစ်သည့်ကျောင်းများမှ ဆရာဆရာမများနှင့် တက်ကြွစွာသင်ယူခြင်း၊ ဝေဖန်ပိုင်းခြားစဉ်းစားခြင်း (RWCT) နည်းစနစ်များကို ဆွေးနွေးပို့ချလျှက်ရှိပါတယ်"လို့ဆိုပါတယ်။


Thinking Classroom Foundation မှ Reading and Writing for Critical Thinking(RWCT) သင်တန်းများကို ကယန်းဒေသအပါအဝင်မြန်မာပြည်အဝှမ်းကနေရာဒေသများကိုလည်းပို့ချပေးခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ မကြာခင် လှုပ်ရှားမယ့်  WOA (Weaponization Of Aid) ကမ်ပိန်းမှာ ပြည်သူတဦးချင်းမှ မိမိတတ်နိုင်သည့်အားဖြင့် ပါဝင် အသံထုတ်ပေးကြရန်နှိုးဆော်


မေလ၁၂ရက်


မကြာခင် လှုပ်ရှားမယ့်  WOA (Weaponization Of Aid) ကမ်ပိန်းမှာ ပြည်သူတဦးချင်းမှ မိမိတတ်နိုင်သည့်အားဖြင့် ပါဝင်အသံထုတ်ပေးကြရန် BloodMoneyCampaignMMက အသိပေးနှိုးဆော်လိုက်ပါတယ်။


"အကြမ်းဖက် စစ်အုပ်စုဟာ ၂၀၀၈ နာဂစ်ဘေးအတွက် နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီတွေကို လက်နက်အဖြစ် အသုံးပြုခဲ့ပါတယ်။ ယခု မတ်လ ၂၀၂၅ စစ်ကိုင်းမြေငလျင်ဘေးမှာလည်း ထိုကဲ့သို့ တူညီသည့် လူသားမဆန်သော ရွံရှာဖွယ်ရာ အပြုအမူကို ထပ်မံ လုပ်ဆောင်နေတာတွေအတွက် ထပ်ပြီး အခွင့်အရေး မရသင့်ပါ။ ကျွန်မတို့အားလုံးတွင် တွန်းလှန်ရမည့်  တာဝန်ရှိပါတယ်။ ထို့အတွက်ကြောင့် များမကြာခင် လှုပ်ရှားမယ့်  WOA (Weaponization Of Aid) ကမ်ပိန်းမှာ ပြည်သူတဦးချင်းမှ မိမိတတ်နိုင်သည့်အားဖြင့် ပါဝင် အသံထုတ်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်"လို့ဆိုထားပါတယ်။


မတ်လ၂၈ရက်မွန်းလွဲပိုင်းလှုတ်ခတ်ခဲ့သောစစ်ကိုင်းငလျင်ကြောင့်လူဦးရေသုံးထောင်ကျော်သေဆုံးခဲ့ရပြီးစစ်အုပ်စုဟာ နိုင်ငံတကာအကူအညီနဲ့ငွေကြေးများရယူထားသော်လည်း လက်တွေ့မြေပြင်မှာမျက်မြင်ပေးအပ်မှုများပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ နေပြည်တော်မှာယနေ့မနက် ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့


မေလ၁၂ရက်


နေပြည်တော်မှာယနေ့မနက် ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် : ၁၂ မိနစ်အချိန်ခန့်တွင် နေပြည်တော်အရှေ့မြောက်ဘက် ၃၆ကီလိုမီတာအကွာ၊  မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့လူသားစာနာဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။


စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အသိပေးနှိုးဆော်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩၁။⁨⁨⁨ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်း အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းသို့ အကြမ်းဖက်စကစမှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပြီး ပြည်သူအများအပြားသေဆုံး


မေလ၁၂ရက်


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းက အိုးထိမ်းတွင်းရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ဒီနေ့မနက် နာရီ ၃၆ မိနစ်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူအနည်းဆုံး ၁၇ ဦးအထိ သေဆုံးထားတယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောဆိုထားကြောင်း PVTV မှထုတ်ပြန်ထားပါတယ်။

လက်တလော ကလေးသေဆုံးက ၁၇ ယောက်အထိဖြစ်နေပါပြီ။ ဒဏ်ရာရတာ ၂၀ ပါ။ ထပ်တိုးနိုင်ပါသေး တယ်လို့ PVTV က ဆက်သွယ်မေးမြန်းမှုကို မွန်းလွဲ ၁၂ နာရီ ၄၃ မိနစ်မှာ ပြန်လည်ဖြေဆိုထားတာပါ။ 

အကြမ်းဖက်စစ်တပ်က ပစ်ခတ်တိုက်ခိုက်သွားတဲ့ စာသင်ကျောင်းက အိုးထိမ်း တောင်ရွာ နဲ့ မြောက်ရွာ နှစ်ရွာကြားမှာရှိတာဖြစ်ပြီး စာသင်နေချိန်မှာ အကြမ်းဖက်စစ်တပ်က အခုလို တိုက်ခိုက်ခဲ့တာပါ။ 

စာသင်ကျောင်းကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဂျက်ဖိုက်တာက အကြမ်းဖက်စစ်တပ်ရဲ့ မိတ္ထီလာ ရှမ်းတဲ က တက်လာတဲ့ ဂျက်ဖိုက်တာဖြစ်တယ်လို့လည်း ကနဦးသတင်းရရှိထားပါတယ်။ 

စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း သေဆုံး ဒဏ်ရာ ရသူတွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်တယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။ 


လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းက အလယ်တန်းကျောင်းဖြစ်ပြီးတော့ သေဆုံးသူတွေ ထဲမှာ ကလေးတွေအပြင် စာသင်ကြားနေတဲ့ ဆရာတွေလည်း ပါဝင်နိုင်တယ်လို့ သိရပါတယ်။


========================


🚩🚩၂။ စဥ့်ကူးမြို့နယ် စိုက်ကွင်းကျေးရွာသို့ တံတားဦး တက်ဂျက်ဖိုက်တာဖြင့် စကစကလေကြောင်းတိုက်ခိုက်ခဲ့၍အရပ်သား၂ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်၂လုံးပျက်စီးခဲ့


မေလ၁၂ရက်


စဥ့်ကူးမြို့နယ် စိုက်ကွင်းကျေးရွာသို့ တံတားဦး တက်ဂျက်ဖိုက်တာဖြင့် စကစကလေကြောင်းတိုက်ခိုက်ခဲ့၍အရပ်သား၂ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်၂လုံးပျက်စီးခဲ့ပါတယ်။

၂၀၂၅ခုနှစ် မေလ ၁၁ရက် မနက် ၆နာရီ ၅၅မိနစ်အချိန်တွင် စဥ့်ကူးမြို့နယ် စိုက်ကွင်းကျေးရွာသို့ တံတားဦး တက်စကစဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။


ထိုလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူအမျိုးသား၂ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်၂လုံးပျက်စီးခဲ့ရပြီးပြည်သူများအနေဖြင့် စကစနှင့် ဝေးရာတွင်နေထိုင်ကြရန်နှင့် လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက် ပုန်းခိုကျင်းများတူးထားကြရန်နှိုးဆော်ထားပါတယ်။


========================


🚩🚩၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ (၂၅) ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင် အမှတ် တပ်ရင်း (P2-3702) ရှေ့တန်းစစ်ဆင်ရေး ပုံရိပ်များကို NUGကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ဖော်ပြ


မေလ၁၂ရက်


ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ (၂၅) ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင် အမှတ် တပ်ရင်း (P2-3702) ရှေ့တန်းစစ်ဆင်ရေး ပုံရိပ်များကို NUGကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ဖော်ပြလိုက်ပါတယ်။

မေလ၁၂ရက်နေ့ဖော်ပြချက်အရပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ (၂၅) ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင် အမှတ် တပ်ရင်း (P2-3702) ရှေ့တန်းစစ်ဆင်ရေး ပုံရိပ်များ လို့ဖော်ပြပါတယ်။

လတ်တလောမှာအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်း အမှတ်()စစ်ဆင်ရေးနယ်မြေ နှင့် အမှတ်()စစ်ဆင်ရေးနယ်မြေတို့၏အစီအစဉ်၊ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ() ပူးပေါင်းပါဝင်မှုဖြင့် ၂၀၂၅ခုနှစ် မေလ ()ရက်က ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။


========================


🚩🚩၄။ ချင်းညီနောင် ထိန်းချုပ်နယ်မြေများအတွင်းရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်သွားမည့်အပြင်တော်လှန်ရေးအင်အား စုများနဲ့အတူ လက်တွဲပူးပေါင်းဆောင်ရွက်မယ်လို့ ချင်းညီနောင်က ထုတ်ပြန်


မေလ၁၂ရက်


ချင်းညီနောင် ထိန်းချုပ်နယ်မြေများအတွင်းရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်သွားမည့်အပြင်တော်လှန်ရေးအင်အား စုများနဲ့အတူ လက်တွဲပူးပေါင်းဆောင်ရွက်မယ်လို့ ချင်းညီနောင်က ထုတ်ပြန်လိုက်ပါတယ်။ဧပြီလ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ကိုယ်စားလှယ် ၃၉ ဦးနဲ့ မြေပြင်အစည်းအဝေးကျင်းပခဲ့တယ်လို့ချင်းညီနောင်ကသတင်းထုတ်ပြန်ပါတယ်။

ချင်းညီနောင် ထိန်းချုပ်နယ်မြေများအတွင်းရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်သွားမည့်အပြင် ကျန်းမာရေး၊ ပညာရေး၊ စားနပ်ရိက္ခာဖူလုံရေး အစရှိသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ထိထိရောက်ရောက် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပြည်တွင်း ပြည်ပရှိ မိဘပြည်သူများ၊ တော်လှန်ရေးအင်အား စုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အတူ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အခြေခံသဘောတူညီ ချက်များ ချမှတ်ခဲ့ကြတယ်လို့ဖော်ပြပါတယ်။


ဒါ့အပြင် ချင်းပြည်နှင့် ချင်းတစ်မျိုးသားလုံးကို အကာအကွယ်ပေးနိုင်ရန် ပိုမိုကျစ်လစ်ခိုင်မာသော တပ်မတော်တစ်ရပ် Standard Army အဖြစ် ဖွဲ့စည်းသွားမယ်လို့ကြေညာချက်မှာဖော်ပြပါရှိပါတယ်။


========================


🚩🚩၅။ ကျားသစ်နက်စစ်ကြောင်းမှ အခြေခံစစ်သင်တန်းအပတ်စဥ် () တိုက်ခိုက်ရေးတပ်သားသစ်များနှင့် ကျားသစ်နက်စစ်ကြောင်း Drone တပ်ဖွဲ့ ဝေဟင်အင်အားဖြည့်တင်းရေး တပ်သားသစ်များခေါ်ယူ


မေလ၁၂ရက်


ကျားသစ်နက်စစ်ကြောင်းမှ အခြေခံစစ်သင်တန်းအပတ်စဥ် () တိုက်ခိုက်ရေးတပ်သားသစ်များနှင့် ကျားသစ်နက်စစ်ကြောင်း Drone တပ်ဖွဲ့ ဝေဟင်အင်အားဖြည့်တင်းရေး တပ်သားသစ်များခေါ်ယူလျက်ရှိပါတယ်။"အိမ်ပြန်လမ်းခရီးကြမ်းကြီးမှာ တစက္ကန့်မှမနားပဲ အားသွန်ခွန်စိုက်ကြိုးစားခဲ့ရာ ယခုဆိုလူထုအောင်ပွဲပေါင်းများစွာ ရရှိခဲ့ပြီးဖြစ်ပါတယ်။ အာဏာရှင်တို့ရဲ့ဖိနှိပ်မှုပေါင်းများစွာကို လူထုမှခါးခါးသီးသီး ခံစားခဲ့ရပြီး ဘယ်လိုအခြေနေမျိုးမှာမဆို ရုန်းထနိုင်ခဲ့ပါတယ်။ဒီအခက်ခဲပေါင်းများစွာတို့မှ လွတ်မြောက်နိုင်ရေးအတွက် ကျားသစ်နက်စစ်ကြောင်းမှ တပ်သားသစ်များကို စိစစ်ခေါ်ယူလျှက်ရှိတယ်"လို့အသိပေးဆိုထားပါတယ်။


တပ်သားသစ်လျှောက်ထားလိုသူများအနေနဲ့ကျားသစ်နက်စစ်ကြောင်းသို့ဆက်သွယ်နိုင်ကြောင်းသိရပါတယ်။


========================


🚩🚩၆။ မြန်မာစစ်အုပ်စုကို လောင်စာဖြည့်ပေးနေသည့် အာဆီယံသူဌေးကြီးများအား ဖော်ထုတ်ရန်အာဆီယံ အသက် ၃၀ အထက် မသမာသူများစာရင်းကို Justice For Myanmarက ထုတ်ပြန်


မေလ၁၂ရက်


မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီခဲ့သည့် အရှေ့တောင်အာရှတစ်လွှားမှ သူဌေးကြီးများအား အများပြည်သူသို့ ဖော်ထုတ်ရန်အတွက်အာဆီယံ အသက် ၃၀ အထက် မသမာသူများစာရင်းကို Justice For Myanmar မှ ယနေ့ စတင်ထုတ်ပြန်လိုက်ပါတယ်။


အသစ်ထုတ်ပြန်လိုက်သည့်ဂုဏ်သရေပျက်သူများသည် အရှေ့တောင်အာရှတစ်လွှားရှိ ဩဇာ တိက္ကမကြီးမားသော သူဌေးကြီး ၁၂ ဦးတို့ ဖြစ်ပြီး ၎င်းတို့သည် ဘဏ္ဍာငွေပံ့ပိုးခြင်း၊ စစ်အသုံးအဆောင်ရောင်းချခြင်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးအပ်ခြင်းတို့မှတဆင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကြီးများမှ အကျိုးအမြတ်ရရှိနေသူများ ဖြစ်ကြတယ်လို့ဖော်ပြပါတယ်။


အာဆီယံ အသက် ၃၀ အထက် မသာမာသူများစာရင်းတွင် ပါဝင်သော  ဂုဏ်သရေပျက်သူ၁၂ ဦး တို့တွင် -ရောဘတ်ကော့ခ် (မလေးရှား)

ချယ်ရင်းန် သီရီဝက္ထနဟတ္ထိ (ထိုင်း)၊ငုယင်သီဖုအန်းသောင် (ဗီယက်နမ်)၊ချက်ချိုင်းရန်ဘမ်ဝေါင် (ထိုင်း) - ၊လီတိရှိ (စင်ကာပူ)တို့ပါဝင်ပါတယ်။


Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလေးနှစ်အတွင်း အာဆီယံက မြန်မာပြည်သူတွေအတွက် တာဝန်ပျက်ကွက်ခဲ့ပါတယ်။ သူတို့ဘုံသဘောထားငါးရပ်က အရေးယူမှုမရှိ ပျက်ကွက်မှုတွေအတွက် ဆင်သားရေကို ဆိတ်သားရေနဲ့ ဖုံးတာသာဖြစ်ပြီး၊ တစ်ဖက်မှာ အစိုးရအဖွဲ့ဝင် လူချမ်းသာတစ်စုက စစ်ရာဇဝတ်ကောင်တွေလက်ထဲကို စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ ဆက်ပြီး စီးဆင်းနေစေတာပါ။ဒီဘီလီယံနာသူဌေးကြီးတွေက ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အကျွမ်းတဝင်ရှိကြပြီး၊ အဖိုးတန် စီမံကိန်းကြီး တွေမှာ ရင်းနှီးမြှုပ်နှံကြပါတယ်။ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုတိုင်းရဲ့ နောက်ကွယ်မှာ စီးပွားရေးဆက်နွှယ်မှုတစ်ခု အမြဲရှိနေပြီး၊ အဲ့ဒီစီးပွားရေးအီလစ်တွေအနေနဲ့ မဖြစ်မနေ တာဝန်ခံရမှာ ဖြစ်ပါတယ်"လို့ပြောပါတယ်။


၂၀၂၂ ခုနှစ်က Justice For Myanmar သည် စင်ကာပူနိုင်ငံတွင် လုပ်ကိုင်နေသည့် စစ်လက်နက်ပွဲစား ကုမ္ပဏီ ၃၈ ခုအား ဖော်ထုတ်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် စစ်ကာပူနိုင်ငံသည် ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၂၅၄ သန်းဖြင့် မြန်မာနိုင်ငံသို့ တတိယအကြီးဆုံး စစ်လက်နက်ရောင်းချသည့် နိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂက အစီရင်ခံခဲ့ကာ ယင်းနောက်တွင် အရေးယူဆောင်ရွက်ရန်အတွက် စီးပွားရေးလုပ်ငန်း များနှင့် အစိုးရများအပေါ် ဖိအားပေးရန်အတွက် DoMoreSingapore လှုပ်ရှားမှုကို စတင် လုပ်ဆောင်ခဲ့ပါတယ်။


========================


🚩🚩၇။ အင်အားပြင်းငလျင်လှုပ်ခတ်မှုဘေးသင့်နေချိန်အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှု၃၀၀ ကျော်ရှိခဲ့ပြီးသေဆုံးသူ၃၃၀ ကျော်ရှိခဲ့


မေလ၁၂ရက်


အင်အားပြင်းငလျင်လှုပ်ခတ်မှုဘေးသင့်နေချိန်အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှု၃၀၀ ကျော်ရှိခဲ့ပြီးသေဆုံးသူ၃၃၀ ကျော်ရှိခဲ့တယ်လို့ လူ့အခွင့်ရေးဝန်ကြီးဌညနကထုတ်ပြန်ပါတယ်။အင်အားပြင်းငလျင်လှုပ်ခတ်မှုဘေးသင့်နေချိန်အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ သေဆုံး/ထိခိုက်ဒဏ်ရာရအချက်အလက်များကို  မတ်လ ၂၈ ရက် မှ မေလ ရက် ၂၀၂၅ ထိ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကမှတ်တမ်းများကောက်ယူ

ပြုစုထားပါတယ်။အဆိုပါအချက်အလက်များအရ လေကြောင်းတိုက်ခိုက်မှု၃၇၂ ရှိခဲ့ပြီး၊ သေဆုံးသူ၃၃၄ဦး၊ ထိခိုက်သူ၅၅၂ဦးရှိခဲ့ပါတယ်။


လေကြောင်းတိုက်ခိုက်မှုကိုအများဆုံးခံစားရတဲ့ဒေသများမှာ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်း၊ကရင်ပြည်နယ်တို့ပါဝင်ပါတယ်။


========================


🚩🚩၈။ မိုးကုတ်မြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ()ဦး ဖမ်းဆီးရမိ


 မတ်လ ၁၂ရက်


တအာင်းပြည်၊ တပ်မဟာ ()နယ်မြေ၊ မိုးကုတ်မြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ ()ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့အတည်ပြုထုတ်ပြန်ပါတယ်။မေလ ()ရက်တွင် ဗဟိုရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ ပူး‌ပေါင်းပြီး မြို့အဝင်အထွက်ရှိဂိတ်များနှင့် ကျေးရွာများတို့အပါအဝင် သွားရောက်စစ်ဆေးမှုများပြုလုပ်ရာတွင်  သုံးစွဲသူအများအပြား ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ဖမ်းဆီးရသူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာPSLF/TNLAမှ မူးယစ်ဆေးဝါးသုံးစွဲသူများကို အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် ()လကြာ ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

 ၂ဝ၂၅ ခုနှစ်တွင် PSLF/TNLA တအာင်းပြည်ရဲတပ်ဖွဲ့မှ ခရိုင် ()ခုတွင်ရှိသော မြို့နယ် (၁၈)မြို့အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ယခင်ထက်ပိုမို လုပ် ဆောင်လာမှုကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူအများအပြား ဖမ်းဆီးရမိခဲ့ပါတယ်။


ဧပြီလတွင်လည်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၃)ဦးနှင့် သုံးစွဲသူ (၆၅)ဦး တို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment