၂၀၂၅ မေလ ၁၉ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကရင့်အမျိုးသားအစည်းအရုံး၊ နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီး စောထူးထူးလေး ကွယ်လွန်ခြင်းအပေါ် NUG မှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

📌 ၂။ ဧရာဝတီတိုင်းလွတ်မြောက်ရေးအတွက် PDF ရဲဘော်များနှင့်အတူ ပြည်သူများ ရှိပေးရန် ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် တိုက်တွန်း

📌 ၃။ ဆိုလ်းမြို့တော်ခန်းမတွင် ကျင်းပသည့် 5.18 ဂွမ်ဂျူးဒီမိုကရေစီတော်လှန်‌ရေး ၄၅ နှစ်မြောက် အောက်မေ့ဘွယ်အခမ်းအနားသို့ အထူးဖိတ်ကြားချက်အရ NUG Korea ကိုယ်စားလှယ်ရုံးအဖွဲ့ တက်ရောက်

📌 ၄။ စစ်ကောင်စီ၏ ဗဟိုချက်ဖြစ်သည့် နေပြည်တော်နှင့် မန္တလေးကဲ့သို့ နေရာများကို ဘက်ပေါင်းစုံမှ ဝိုင်းဝန်းတိုက်ခိုက်နေသည့် အသိကို ပေးသွားမည်ဟု ဦးမင်းကိုနိုင် ဆို

📌 ၅။ ရန်ကုန်အဝင် ချပ်ဝတ်ဆင်ကမ်ပိန်းမှာ ပါဝင်ပေးကြရန် ဖိတ်ခေါ်


========================


၂၀၂၅ ခုနှစ် မေလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ကေတုမတီ (တောင်ငူ) လေတပ်စခန်းအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

🚩၂။ ဘုတလင်မြို့ အထက ကျောင်းဝင်းအတွင်း တပ်စွဲထား‌သော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်

🚩၃။ စဉ့်ကူးမြို့နယ်၊ စိုက်ကွင်းကျေးရွာကို စစ်ကောင်စီက ပေါင် ၃၀၀ ဗုံး အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်

🚩၄။ နွယ်အင်းရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ဦး အပါအဝင် ဦး သေဆုံး

🚩၅။ မင်းတပ်မြို့ကို စစ်ကောင်စီ ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

🚩၆။ ရေတာရှည် မြို့နယ်မှာ စစ်ကောင်စီ ထောင်ထားတဲ့ နင်းမိုင်း အလုံး ၇၀ ခန့်ကို ရှင်းလင်းဖယ်ရှားပေးခဲ့

🚩၇။ အမှတ် (၂၉) ဗျူဟာ AYA PDF က အပတ်စဥ် () စစ်သင်တန်းအတွက် သင်တန်းသား ခေါ်ယူနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ကရင့်အမျိုးသားအစည်းအရုံး၊ နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီး စောထူးထူးလေး ကွယ်လွန်ခြင်းအပေါ် NUG မှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့


မေလ ၁၈ရက်

Radio NUG 


ကရင့်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေးနှင့် စစ်ရေး ဦးဆောင်အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဗိုလ်မှူးကြီး စောထူးထူးလေး သည် ၂၀၂၅ ခုနှစ်၊ မေလ (၁၇) ရက်နေ့၊ ထိုင်းနိုင်ငံ၊ စံတော်ချိန် (၁၀:၂၀) နာရီ အချိန်တွင် ခရစ်တော်၏ ငြိမ်သက်ရာ၌ အိပ်ပျော်သွားပြီဖြစ်ကြောင်းကို သိရှိရသည့်အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုး ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် ဖော်ပြထားပါတယ်။


ကွယ်လွန်သူ ဗိုလ်မှူးကြီး စောထူးထူးလေးသည် ၁၉၇၉ ခုနှစ်၊ မေလတွင် ကရင့် တော်လှန်ရေးနယ်မြေသို့ စတင်ရောက်ရှိခဲ့ချိန်မှစ၍ ဘဝတလျှောက်လုံးကို ကရင့်အမျိုးသား အစည်းအရုံး၏ အလံတော်အောက်တွင် နှစ်မြှုပ်အပ်နှံကာ ကရင့်အမျိုးသားအရေးနှင့် မြန်မာ့ ဒီမိုကရေစီရေးအတွက် အားထုတ်ကြိုးပမ်းခဲ့သူ ဖြစ်ပြီး ဥပဒေပညာရှင်တစ်ဦးအနေဖြင့် ၎င်းသည် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် လူမှုကယ်ဆယ်ရေးကဏ္ဍများတွင် အရေးပါသည့် တာဝန်အမျိုးမျိုးကို ထမ်းဆောင်ခဲ့ကာ KNDO ဒုတိယစစ်ဦးစီးချုပ်၊ ကရင့်အမျိုးသား အစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး () နှင့် () စသည့် အမြင့်ဆုံးသော ရာထူးများကို ရယူခဲ့ကာ ကွယ်လွန်ချိန်၌ ကရင့်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ၏ နိုင်ငံရေးနှင့် စစ်ရေးအကြံပေးအဖြစ် ထူးခြားလေးနက်သော တာဝန်များကို ထမ်းဆောင်သွားခဲ့တယ်လို့ သိရပါတယ်။


ကရင့်တော်လှန်ရေး ခရီး တစ်လျှောက် ၎င်း၏အနစ်နာခံမှု၊ စွမ်းဆောင်မှုများနှင့် ခိုင်မာသောသစ္စာရှိမှုတို့သည် နောင်လာ နောက်သားများအတွက် အတုယူစရာ မှတ်ကျောက်တင် လေးစားဖွယ်ပင် ဖြစ်တယ်လို့ဖော်ပြထားပါတယ်။


ဗိုလ်မှူးကြီး စောထူးထူးလေး ကွယ်လွန်ခြင်းသည် ကျန်ရစ်သူမိသားစုအတွက်သာမက ကရင်အမျိုးသားထုကြီးတရပ်လုံးနှင့် မြန်မာ့နိုင်ငံရေးအတွက် အစားထိုးမရသည့် ကြီးမားသော ဆုံးရှုံးမှုဖြစ်ပါသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဝမ်းနည်းကြေကွဲရပါကြောင်း သဝဏ်လွှာတွင် မှတ်တမ်းတင် ဖော်ပြပါရှိပါတယ်။


========================


📌📌 ၂။ ဧရာဝတီတိုင်းလွတ်မြောက်ရေးအတွက် PDF ရဲဘော်များနှင့်အတူ ပြည်သူများ ရှိပေးရန် ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် တိုက်တွန်း


မေလ ၁၈ရက် 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဧရာဝတီတိုင်းလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲဘော်များနှင့်အတူ ပြည်သူများအနေဖြင့် ဆက်လက်ရှိပေးရန်ပေါင်းစုရုန်းညီအောင်ပွဲဆီ ဒို့ပြန်လာပြီ ဧရာဝတီကမ်ပိန်းဖွင့်ပွဲအခမ်းအနားတွင် တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။


လက်ရှိအချိန်တွင် လူငယ်များသည် PDF ရဲဘော်များအဖြစ် အသက်နှင့်ဘဝရင်းကာ တော်လှန်ရေးတိုက်ပွဲများတွင် ပါဝင်နေကြသလို တစ်ဖက်တွင်လည်း တော်လှန်ရေးပြည်သူများက ချွေးနည်းစာမှ ဖြစ်နိုင်သမျှ ထောက်ပံ့မှုများဖြင့် ဤတော်လှန်ရေးခရီးကို အတူတကွ ဖြတ်သန်းလျက်ရှိသည်ဟု ဦးရည်မွန်က ပြောကြားခဲ့ပါတယ်။


" ဒီတော်လှန်ရေး အောင်ပွဲရဲ့ရလဒ်က အင်မတန် ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံအတွက် ခေတ်သစ်စနစ်သစ်သမိုင်းသစ်ကို ဖန်တီးနေတဲ့ တော်လှန်ရေးပါ။ ကျွန်တော်တို့ အားလုံးရင်းနှီးရကျိုးနပ်ပါလိမ့်မယ်ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားထားပါတယ်။


ဝန်ကြီးက တော်လှန်ရေးရဲဘော်များအတွက် အားထားရာမှာ ပြည်သူများသာဖြစ်ကြောင်း၊ဧရာဝတီတိုင်းလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသည့် PDF ရဲဘော်များနှင့်အတူ ဧရာဝတီတိုင်းနှင့် မြန်မာပြည်တဝှမ်းက တော်လှန်ပြည်သူများအားလုံး အတူတကွ ဆက်ရှိပေးကြပါဟု ၎င်းက နှိုးဆော်ခဲ့ပါတယ်။


========================


📌📌 ၃။ ဆိုလ်းမြို့တော်ခန်းမတွင် ကျင်းပသည့် 5.18 ဂွမ်ဂျူးဒီမိုကရေစီတော်လှန်‌ရေး ၄၅ နှစ်မြောက် အောက်မေ့ဘွယ်အခမ်းအနားသို့ အထူးဖိတ်ကြားချက်အရ NUG Korea ကိုယ်စားလှယ်ရုံးအဖွဲ့ တက်ရောက်


မေလ ၁၈ရက် 

Radio NUG 


မေလ ၁၈ရက် ကိုရီးယား နိုင်ငံ ဆိုလ်းမြို့တော်ခန်းမတွင် ကိုရီးယား ဒေသစံတော်ချိန် မနက်(၁၀)နာရီမှ (၁၂) နာရီအထိ ကျင်းပပြုလုပ်သည့်  5.18 ဂွမ်ဂျူးဒီမိုကရေစီတော်လှန်‌ရေး ၄၅ နှစ်မြောက် အောက်မေ့ဘွယ်အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိင်ထွန်းနှင့် NUG Korea ကိုယ်စားလှယ်ရုံး အထောက်အကူပြုအဖွဲ့ဝင်၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ဦးတင်ဌေးအောင်နှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ကြသည့် မြန်မာရဲဘော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။


အဆိုပါအခမ်းအနားသို့  ကိုရီးယား အစိုးရအဖွဲ့များမှ ဝန်ကြီးများ ပါတီအဖွဲ့အစည်းအသီးသီးမှ လွှတ်တော်အမတ်များ နိုင်ငံတကာသံတမန်များနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


အခမ်းအနားတွင် ဆိုလ်းမြို့တော်ဝန် မစ္စတာ အိုဆဲ့ဟွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆိုလ်း မြိုတော် အုပ်ချုပ်ရေးမှူး မစ္စတာ ချွဲစူးဒုံမှ ဂုဏ်ပြုအောက်မေ့ဘွယ်စကားပြောကြားရာ  ယနေ့ကျင်းပပြုလုပ်သည့်  ပွဲမှနေ၍ လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ မြန်မာပြည်သူများက စစ်အာဏာရှင်စနစ်မှ လွတ်မြောက်စေရေးအတွက် တော်လှန်တိုက်ပွဲနေမှုကိုလည်း ကိုရီးယားအစိုးရနှင့် ပြည်သူတို့အနေနှင့်လည်း အစဉ် အားပေးထောက်ပံ့ကူညီ ပူးပေါင်းပေးကြစေလိုကြောင်းနှင့် ယနေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ ကိုယ်စားလှယ် ဦးရန်နိင်ထွန်းကိုလည်း အထူးဖိတ်ကြားထားပြီး ကိုယ်စားလှယ်ကြီးကိုယ်တိုင် တက်ရောက်နေပါကြောင်း  ထည့်သွင်းပြောကြားခဲ့ပါတယ်။


ကိုရီးယားနိုင်ငံအတွင်း စစ်အာဏာရှင်တို့၏ လက်အောက်မှ ကျောင်းသား အလုပ်သမားနှင့် ပြည်သူလူထု တရပ်လုံး၏ ဒီမိုကရေစီအရေးလှုပ်ရှားမူ သမိုင်းဝင်နေ့ဖြစ်သော ၁၉၈၀ မေလ ၁၈ တွင် ဂွမ်ဂျူးမြို့မှ စတင်ခဲ့သည့် ဒီမိုကရေစီတော်လှန်ရေး အောက်မေ့ဘွယ် အခမ်းအနားများကို နိုင်ငံအနှံ့အပြားတွင် ကျင်းပလျက်ရှိပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီ၏ ဗဟိုချက်ဖြစ်သည့် နေပြည်တော်နှင့် မန္တလေးကဲ့သို့ နေရာများကို ဘက်ပေါင်းစုံမှ ဝိုင်းဝန်းတိုက်ခိုက်နေသည့် အသိကို ပေးသွားမည်ဟု ဦးမင်းကိုနိုင် ဆို


မေလ ၁၈ရက် 

Radio NUG 


စစ်ကောင်စီ၏ ဗဟိုချက်ဖြစ်သည့် နေပြည်တော်နှင့် မန္တလေးကဲ့သို့ နေရာများကို ဘက်ပေါင်းစုံမှ ဝိုင်းဝန်းတိုက်ခိုက်နေသည့် အသိကို ပေးသွားမည်ဟု ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်က မေလ ၁၆ ရက်မှ ဇွန်လကုန်အထိ ကျင်းပမည့်ပေါင်းစုရုန်းညီအောင်ပွဲဆီ ဒို့ပြန်လာပြီ ဧရာဝတီကမ်ပိန်းဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ပါတယ်။


ထိုကမ်ပိန်းသည် ဧရာဝတီတိုင်းစစ်ဌာနချုပ်အောက်ရှိ ဗျူဟာ၊ တပ်ရင်း၊ တပ်ဖွဲ့များ၏ လိုအပ်ချက်များအတွက် ကျပ်သိန်း ၇၀၀၀ ရရှိရေးကို ရည်မှန်းထားတယ်လို့ သိရပါတယ်။


" ဒီကမ်ပိန်းသာမက  ဒီလှုပ်ရှားမှုအပြင် အထွေထွေထိုးစစ် ပြည်လုံးကျွတ်တိုက်ပွဲတွေ ဖြစ်လာတဲ့အချိန်မှာ ငွေကြေးသာမက သတင်းပေးနိုင်တာ ထမင်းကျွေးနိုင်တာ စောင့်ရှောက်နိုင်တာ ဝင်ပြီးတော့ ဘာလုပ်နိုင်သလဲဆိုတဲ့ အချက်တွေ အခုကတည်းက တွေးထားပါ"လို့ ပြည်သူများကို တိုက်တွန်းခဲ့ပါတယ်။


ဦးမင်းကိုနိုင်က စစ်ကောင်စီ၏ ဗဟိုချက်ဖြစ်သည့် နေပြည်တော်နှင့် မန္တလေးကဲ့သို့ နေရာများကို ဘက်ပေါင်းစုံမှ ဝိုင်းဝန်းတိုက်ခိုက်နေသည့် အသိကို ပေးသွားမည်ဟု ဆိုထားပါတယ်။


" မြစ်ထဲချောင်းထဲက ဖြတ်ပြီး တက်တဲ့သူက တက်မယ်။ တောင်ပေါ်က ဆင်းတဲ့သူက ဆင်းမယ်။ ကမ်းရိုးတန်းကနေ ထိုးတဲ့သူက ထိုးမယ် စသဖြင့်ပေါ့ ဒီလို ဗျူဟာကျကျ တိုက်နေနိုင်ကြဖို့ လိုတယ်"ဟု ဦးမင်းကိုနိုင်က  ရှင်းပြခဲ့ပါတယ်။


ထို့ပြင်၊ တော်လှန်ရေးတပ်ဖွဲ့များသည် လမ်းပိုင်းများကို စိုးမိုးနိုင်ခဲ့ပြီး အရေးကြီးပစ္စည်းများ သယ်ယူပို့ဆောင်ရေးအပါအဝင် တော်လှန်ရေး အောင်မြင်ရေးအတွက် အထောက်အကူများ ရရှိခဲ့သည်ဟု ၎င်းက ထည့်သွင်းပြောကြားသည်။လမ်းပိုင်းတွေရဲ့ စိုးမိုးနိုင်မှုက ဒီတော်လှန်ရေးအောင်ဖို့ အရေးကြီးတဲ့ ကဏ္ဍတွေဖြစ်နေတယ်လို့ ထပ်လောင်းပြောကြားထားပါတယ်။


========================


📌📌 ၅။ ရန်ကုန်အဝင် ချပ်ဝတ်ဆင်ကမ်ပိန်းမှာ ပါဝင်ပေးကြရန် ဖိတ်ခေါ်


မေလ ၁၈ရက် 

Radio NUG 


ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့()က စစ်ဆင်ရေးတွေမှာရှေ့တန်းသွားရမယ့် ရဲဘော်တွေကို ဦးထုပ်၊ ကျည်ကာ တပ်ဆင်ပေးနိုင်ရန်ရန်ကုန်အဝင် ချပ်ဝတ်ဆင်သိန်းတစ်ထောင်ကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ မျှော်လင့်ခြင်း ရန်ကုန်က ဖိတ်ခေါ်ထားပါတယ်။


အကြမ်းဖက်စစ်မိစ္ဆာတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့နဲ့ အောင်ပွဲတွေရဲ့ နောက်မှာ ရဲဘော်တွေ မကြွေလွင့်ရအောင် ကျည်ကာတွေ ဦးထုပ်တွေ လိုအပ်နေတာဖြစ်ကာ ရှေ့တန်းရဲဘော်တွေကို ဦးထုပ်၊ ကျည်ကာ တပ်ဆင်ဖို့အတွက် ကျပ်သိန်း တစ်ထောင်မျှော်မှန်းထားပြီး ကမ်ပိန်းကာလမှာ မေ ၁၅ ရက်က ဇွန် ၁၅ ရက်အထိ ပြုလုပ်မှာလို့ သိရပါတယ်။


ကျည်ကာ ဦးထုပ်တစ်လုံးကို ထိုင်းဘတ်ငွေ ၇၀၀၀၊ ကျည်ကာပြား ချပ်ကို ဘတ် ၇၀၀၀၊ ကျည်ကာ Vest တစ်ခုကို ဘတ် ၃၅၀၀ တို့ ဖြစ်ပြီး၊ တစ်ခုချင်း စျေးနှုန်းအတိုင်း တပ်ဆင်ပေးနိုင်သလို နိုင်သလောက် ထည့်ဝင်ပေးနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။


အဆိုပါကမ်ပိန်းကို ပါဝင်ထောက်ကူပေးကြမယ့် အလှူရှင်တွေအနေနဲ့ ပြည်တွင်းတင်မက ပြည်ပနိုင်ငံများက ကိုယ်စားလှယ်တွေထံ ဆက်သွယ် ထောက်ပံ့ပေးနိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ ကေတုမတီ (တောင်ငူ) လေတပ်စခန်းအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်


မေလ ၁၈ ရက်နေ့၊ 

Radio NUG


ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အခြေစိုက် ကေတုမတီ လေတပ် စခန်းအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ပြန်ထားပါတယ်။


မေလ ၁၈ ရက်နေ့ မနက် နာရီ ၄၈ မိနစ်ခန့်မှာ တောင်ငူ လေတပ်စခန်းကို ရှော့တိုက်ဒုံး (၁၁) လုံးဖြင့် ပစ်ခတ်ခဲ့ရာ () လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar အဖွဲ့ရဲ့ ဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) Anti-Coup People's Liberation Force (ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


တောင်ငူလေတပ် စခန်းဟာ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုများ ကျူးလွန်ရာတွင် အရေးပါတဲ့ လေတပ် ဒေါက်တိုင် တခုဖြစ်တဲ့အပြင် ယခု ရက်ပိုင်းအတွင်း လေကြောင်းမှ တရစပ် ဗုံးကြဲတိုက်ခိုက်မှုများတွင် အဓိက ပါဝင်နေတဲ့ လေတပ်စခန်း တခုဖြစ်တာကြောင့် BWM Mission 37 အနေဖြင့် ဖော်ဆောင်ကာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩၂။ ဘုတလင်မြို့ အထက ကျောင်းဝင်းအတွင်း တပ်စွဲထား‌သော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်


မေလ ၁၈ရက် 

Radio NUG 


မေလ ၁၈ ရက်နေ့ နံနက် နာရီခန့်မှ စတင်၍ ဘုတလင်မြို့ အထက ကျောင်းဝင်းအတွင်း အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း People Defense Organization of Budalin မှ သတင်းထုတ်ပြန်ထားပါတယ်။


ထိုတိုက်ခိုက်မှုသည် နံနက် နာရီ ၃၀ မိနစ်ခန့်တွင် ပြီးဆုံးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ဘုတလင်မြို့နယ် မြို့နယ်-ပကဖ အဖွဲ့၊ ဘုတလင်မြို့နယ် ရပ်/ကျေး ကာကွယ်ရေးနှင့် တိုက်နယ် အဖွဲ့များ မုံရွာနယ် ရပ်/ကျေး ပကဖ အဖွဲ့၊ ရေဦးနယ် ပကဖနှင့် တိုက်နယ် ကိုကင်းအဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩၃။ စဉ့်ကူးမြို့နယ်၊ စိုက်ကွင်းကျေးရွာကို စစ်ကောင်စီက ပေါင် ၃၀၀ ဗုံး အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်


မေလ ၁၈ ရက်နေ့၊ 

Radio NUG


မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ စိုက်ကွင်း ကျေးရွာကို စစ်ကောင်စီက ပေါင် ၃၀၀ ဗုံးများ အသုံးပြုကာ လေကြောင်း တိုက်ခိုက်မှု ကြိမ် ပြုလုပ်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။


မေလ ၁၇ ရက် မနက် နာရီ ၅၈ မိနစ်မှာ တံတားဦးတက် ဂျက်ဖိုက်တာ တစီးဖြင့် စိုက်ကွင်းကျေးရွာ ပြည့်ဝထွန်း ဆီပန့်ဆိုင်ရှေ့၊ စက်ကြီးကွင်းနဲ့ စိုက်ကွင်းရွာထဲ စတဲ့ နေရာသုံးခုကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း အဆောက်အဦး လုံး ပျက်စီးခဲ့ကာ လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။


ထို့အပြင် မေလ ၁၈ ရက်နေ့ မနက် နာရီ ၁၅ မိနစ်မှာလည်း တံတားဦးတက် ဂျက်ဖိုက်တာ တစီးက စဉ့်ကူးမြို့ မြောက်ဘက်က၊ သီလရွာကြားအား ပေါင် ၃၀၀ ဗုံးဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။


========================


🚩🚩၄။ နွယ်အင်းရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ဦး အပါအဝင် ဦး သေဆုံး


မေလ ၁၈ ရက်နေ့၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ချင်းပြစ်ကျဉ်း ကျေးရွာအုပ်စု၊ နွယ်အင်းရွာကို စစ်ကောင်စီတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ဦးအပါအဝင် ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


မေလ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်မှာ ချင်းပြစ်ကျဉ်း အုပ်စုထဲက နွယ်အင်းရွာနဲ့ ချင်းပြစ်ရွာတို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။


ဗုံးကြဲတိုက်ခိုက်မှုအတွင်း မကြယ်ဇင်ဦး (၁၂ တန်း) မောင်ဖုန်းမင်းသန့် ( တန်း) ဒေါ်မရီတို့ ဦးဟာ နေရာမှာပဲ သေဆုံးခဲ့ပြီး ဆေးရုံ အရောက်မှာ မသင်းမြတ်သူနဲ့ နောက်တဦး သေဆုံးသွားခဲ့တာကြောင့် စုစုပေါင်း ဦးထိ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် မောင်ဝေရန်စိုး မဆွေမာဝင်း မဖြူဖြူလုံး ကိုဖိုးတုပ် ကိုလင်းစိန်နဲ့ နှစ်အရွယ် ကလေး တဦး ဒဏ်ရာရခဲ့တယ်လို့ ကနဦး စာရင်းတွေအရ သိရပါတယ်။


အဲ့ဒီကျေးရွာတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ၊ တိုက်ပွဲဖြစ်ပွားတာမျိုးတွေ မရှိဘဲ အကြမ်းဖက် စစ်တပ်က ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၅။ မင်းတပ်မြို့ကို စစ်ကောင်စီ ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်


မေလ ၁၈ ရက်နေ့၊ 

Radio NUG


ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။


မေလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်မှာ မင်းတပ်မြို့နယ် တိုက်နယ်အမှတ် () အတွင်းက ကျေးရွာ တရွာကို စစ်ကောင်စီက cluster bomb အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်းနဲ့ အနီးနားမှာ ဗုံး အလုံးရေ ၁၀ လုံးဝန်းကျင် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ မနက် နာရီခွဲခန့်မှာလည်း မင်းတပ်မြို့၊ တိုက်နယ် အမှတ် () အတွင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။


ထို့ပြင် မေလ ၁၅ ရက်နေ့ကလည်း တိုက်နယ်အမှတ် () အတွင်းက ကျေးရွာတရွာကို ဗုံးကြဲတိုက်ခိုက် ခဲ့ရာ ပြည်သူ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၆။ ရေတာရှည် မြို့နယ်မှာ စစ်ကောင်စီ ထောင်ထားတဲ့ နင်းမိုင်း အလုံး ၇၀ ခန့်ကို ရှင်းလင်းဖယ်ရှားပေးခဲ့


မေလ ၁၈ ရက်နေ့၊ 

Radio NUG


ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကွမ်းအုံးနဲ့ သဖန်းဇင် ကျေးရွာကြား၊ အများပြည်သူ ဖြတ်သန်းသွားလာနေတဲ့ လမ်းမကြီးမှာ စစ်ကောင်စီ တပ်က ထောင်ထားခဲ့တဲ့ နင်းမိုင်း အလုံး ၇၀ ခန့်ကို ရှင်းလင်းဖယ်ရှားပေးခဲ့တယ်လို့ (၃၅၀၄) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


မေလ ၁၅ ရက်နေ့မှာ ရေတာရှည်ဘက်မှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လူသွားလမ်းပေါ် ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် M-2 နင်းမိုင်း အလုံး ၇၀ ခန့်အား သွယ်တန်းပြီး ထောင်ထားခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ နင်းမိုင်းများကို စစ်တောင်းမြစ်အရှေ့ခြမ်း နယ်မြေခံ တပ်ရင်းဖြစ်တဲ့ (၃၅၀၄) တပ်ရင်း၊ ပကဖ အဖွဲ့များနဲ့ နပတ အလယ်ပိုင်းတိုင်း (၈၀၅) တပ်ရင်းတို့က မေလ ၁၈ ရက်နေ့မှာ သွားရောက်ရှင်းလင်း ဖယ်ရှားသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။


ဒေသခံ ပြည်သူများအနေနဲ့ စစ်ကောင်စီတပ်က မိုင်းများကို မဆင်မခြင် ထောင်ထားတတ်တာကြောင့် သွားလာဖြတ်သန်းတဲ့ အခါများမှာ သတိကြီးကြီးထားကာ ပတ်ဝန်းကျင်ကို ဂရုစိုက် သွားလာဖြတ်သန်းကြဖို့ အထူးသတိပေး ထားပါတယ်။


========================


🚩🚩၇။ အမှတ် (၂၉) ဗျူဟာ AYA PDF က အပတ်စဥ် () စစ်သင်တန်းအတွက် သင်တန်းသား ခေါ်ယူနေ


မေလ ၁၈ ရက်နေ့၊ 

Radio NUG


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် စစ်ဆင်ရေးနယ်မြေ၊ ဧရာဝတီတိုင်း စစ်ဌာန၊ အမှတ် (၂၉) ဗျူဟာ AYA PDF က အပတ်စဉ် () စစ်သင်တန်းအတွက် သင်တန်းသားများ ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။


အမျိုးသမီး (စစ်မေ) များကို အထူးအလေးထား ဖိတ်ခေါ်ကြောင်း ဖော်ပြထားပြီး သင်တန်း ပြီးဆုံးတဲ့အခါ အရည်အချင်း၊ စိတ်ပါဝင်စားမှုနှင့် လုပ်နိုင်စွမ်းအရ ချေမှုန်းရေး အပြင် ဆေးဌာန၊ ဆက်သွယ်ရေး၊ စက်ချုပ်ဌာနနဲ့ ရုံးလုပ်ငန်းများမှာ တာဝန်ထမ်းဆောင်နိုင်တယ်လို့ ဆိုပါတယ်။


သင်တန်းတက်ရောက်လိုသူများဟာ အသက် ၁၈ မှ ၄၀ အတွင်း ကျန်းမာရေးကောင်းမွန်သူ၊ စည်းကမ်းချက်များနဲ့ အမိန့်ညွှန်ကြားချက်များကို တိကျစွာ လိုက်နာနိုင်ကာ တော်လှန်ရေး ပြီးဆုံးတဲ့အထိ တာဝန် ထမ်းဆောင်နိုင်ရမယ်လို့ ဖော်ပြထားပါတယ်။


ထို့ပြင် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက် တပ်ဖြစ်တဲ့အတွက် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အမိန့်၊ ညွန်ကြားချက်များအား တိကျစွာ လိုက်နာဆောင်ရွက် ရမယ်လို့ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment