၂၀၂၅ ဇွန်လ ၁၅ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ ဇွန်လ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ရန်ကုန် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) မှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ 

📌 ၂။ ရန်ကုန်မြို့တွင် စစ်ကောင်စီရဲများနှင့် ပျူစောထီးအဖွဲ့များ အချင်းချင်း ပစ်ခတ်မှုဖြစ်

📌 ၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့များ ပြောက်ကျားစစ် Version 2.0 နဲ့ စစ်အာဏာရှင်စနစ်ကို ချေမှုန်းနိုင်လိမ့်မယ်လို့ သုံးသပ်


========================


၂၀၂၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ သံဖြူဇရပ်-ရေး လမ်းပိုင်းမှာ မွန်တော်လှန်ရေး တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ဦး သေဆုံး

🚩၂။ မြို့ဆိုး စစ်တောင်းမြစ်ကူး တံတားကို အင်အားဖြည့်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ဦး ခန့် သေဆုံး

🚩၃။ ပုလဲမှာ လမ်းမှားပြီး ရောက်လာတဲ့ စစ်ကောင်စီ ဒုတပ်ကြပ် တစ်ဦးကို ဖမ်းဆီးရမိ

🚩၄။ ဆည်ပင်ကျွန်းရွာ ပျူစခန်းသိမ်း တိုက်ပွဲတွင် ပျူစောထီး ၁၈ ဦးကို အရှင်ဖမ်းဆီး ရမိခဲ့

🚩၅။ ဖားကန့်တွင် စစ်ကောင်စီတပ်က ပြည်သူ ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းများကို ရေတွင်းထဲ ပစ်ချ

🚩၆။ မင်းတိုင်ပင်ရွာနဲ့ အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ စင်းဖြင့် ဗုံးကြဲတိုက်ခိုက်

🚩၇။ စစ်ကိုင်းမြို့နယ် ချောင်းမကြီးရွာထဲနှင့် ကင်းရွာရှိ ပြည်သူပိုင်နေအိမ်များကို အကြမ်းဖက်စစ်သားများမှ မီးရှို့ဖျက်စီးကာ ကျောင်းထိုင်ဆရာတော် အပါအဝင် ၄ဦးအား ပစ်သတ်

🚩၈။ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲ ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ရန်ကုန် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) မှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ 


ဇွန်လ ၁၄ရက် 

Radio NUG 


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ရန်ကုန်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) မှ လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်အဖွဲ့သည် ဇွန်လ (၁၄) ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။


အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန် ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


ဆွေးနွေးမှုတွင် ပြည်ထောင်စုဝန်ကြီးက လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ အဓိကထားလုပ်ဆောင်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှု အချက်အလက်ကောက်ယူနေမှု အခြေအနေများ၊ မြေပြင်တွင် လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံများ၏ လုပ်ဆောင်နေမှု အခြေအနေများ၊ နိုင်ငံတကာ သံတမန်လမ်းကြောင်းများမှတဆင့် အကြမ်းဖက်စစ်အုပ်စုကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ တရားမျှတမှု ဖော်ဆောင်နေမှုအခြေအနေများ အစရှိသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။


တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့ကာကွယ်ရေးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များက သိရှိလိုသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ အပြန်အလှန်မေးမြန်း ဖြေကြားမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ ရန်ကုန်မြို့တွင် စစ်ကောင်စီရဲများနှင့် ပျူစောထီးအဖွဲ့များ အချင်းချင်း ပစ်ခတ်မှုဖြစ်


ဇွန်လ ၁၄ရက် 

Radio NUG 


ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ Junction Mawtin ကုန်တိုက်အနီးတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးဟု ခေါ်တွင်သည့် ပြည်သူ့စစ်အဖွဲ့များအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။


ဇွန်လ ၁၃ ရက် နာရီခန့်က ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ပျူစောထီးအဖွဲ့ဝင်များက ကားဖြင့်ရောက်ရှိလာပြီး ဓားဖြင့်ခုတ်ထစ်ကာ တုတ်များဖြင့် ရိုက်နှက်ခဲ့နောက် ရဲတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ပျူစောထီးအဖွဲ့ဝင် ဦးဖမ်းဆီးခံရပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရပါတယ်။


ဒေသခံအချို့၏ ပြောကြားချက်အရ ယင်းပစ်ခတ်မှုမှာ ရဲနဲ့ ကြိုက်နေတဲ့ အမျိုးသမီးတစ်ဦးက ပိုက်ဆံခိုးသွားတာကြောင့် လူမိုက်တွေက လိုက်လာပြီး တိုက်ခိုက်တာလို့ သိရပါတယ်။


မေလ ၂၅ ရက်ကလည်း လိုင်စင်မဲ့ဆိုင်ကယ်တစ်စီးအား ရဲတပ်ဖွဲ့က သိမ်းဆည်းထားမှုနှင့် ပတ်သက်၍ အငြင်းပွားမှုကြောင့် ကမာရွတ်မြို့နယ်ရဲစခန်းတွင် ပျူစောထီးအဖွဲ့ဝင်များက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။


========================


📌📌 ၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့များ ပြောက်ကျားစစ် Version 2.0 နဲ့ စစ်အာဏာရှင်စနစ်ကို ချေမှုန်းနိုင်လိမ့်မယ်လို့ သုံးသပ်


ဇွန်လ ၁၄ရက် 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကွပ်ကဲမှုအောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ စစ်အာဏာရှင်စနစ်ကို ချေမှုန်းရန် ပြောက်ကျားစစ်ဆင်ရေး ဗျူဟာအသစ် ပြောက်ကျားစစ် Version 2.0ကို အသုံးပြုသင့်ကြောင်း PDF Insight မှ သုံးသပ်ဖော်ပြထားပါတယ်။


ဤဗျူဟာကို စစ်ရေးပညာရှင်အချို့က "ပြောက်ကျားစစ် Version 2.0" ဟု ခေါ်ဆိုကြပြီး ရင်းမြစ်အကန့်အသတ်နှင့် နိုင်ငံတကာဆက်ဆံရေး ကန့်သတ်ချက်များကို ကျော်လွှားရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။


သမားရိုးကျ လက်နက်ကိုင်တော်လှန်ရေးပုံစံများအစား၊ ဤဗျူဟာသစ်သည် သေးငယ်ပြီး လေ့ကျင့်သားကောင်းမွန်သည့် အထူးတပ်ဖွဲ့ပုံစံ ပြောက်ကျားတပ်ငယ်များကို ဖွဲ့စည်းကာ စစ်ရေး၊ နိုင်ငံရေး၊ စိတ်ဓာတ်စစ်ဆင်ရေးနှင့် စီးပွားရေးနည်းလမ်းများကို ပေါင်းစပ်အသုံးပြုထားတယ်လို့ ဖော်ပြထားပါတယ်။


ထိုဗျူဟာတွင် တပ်ဖွဲ့ငယ်များတွင် အင်အား ၃၀ မှ ၅၀ အထိသာ ထားရှိပြီး လှုပ်ရှားမှုလွယ်ကူစေရန် မော်တော်ယာဉ်များ၊ ဆက်သွယ်ရေးကိရိယာများဖြင့် တပ်ဆင်ထားမယ်ဆိုရင် ဒီပြောက်ကျားတပ်ငယ်တွေဟာ လျင်မြန်စွာ တိုက်ခိုက်ပြီး ဆုတ်ခွာနိုင်စွမ်းရှိကာ ဗဟိုကွပ်ကဲမှုအောက်မှာ လွတ်လပ်စွာ ဆုံးဖြတ်ချက်ချနိုင်သလို မြေပြင်အခြေအနေကို အချိန်နှင့်တစ်ပြေးညီ အသုံးချနိုင်ပါတယ်လို့ အကြံပြုထားပါတယ်။


ထိုဗျူဟာသည် စစ်ရေးအောင်မြင်မှုများကို နိုင်ငံရေးအောင်ပွဲအဖြစ် ပြောင်းလဲရန် ဦးတည်ထားပြီး စစ်အုပ်စု၏ ရင်းမြစ်များကို ထိန်းချုပ်ရန်နှင့် ၎င်းတို့၏ နိုင်ငံတကာထောက်ခံမှုကို အားနည်းစေရန် စီးပွားရေးဖိအားများနှင့် နိုင်ငံတကာဆက်ဆံရေးကို အသုံးပြုမှာဖြစ်ပြီး ပိတ်ဆို့အရေးယူမှုများကို တိုးမြှင့်လုပ်ဆောင်ရန်နှင့် တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်နယ်မြေများတွင် သီးခြားကုန်သွယ်ရေးလမ်းကြောင်းများ ထူထောင်ရန် လိုအပ်တယ်လို့ ဆိုပါတယ်။


သမားရိုးကျ တပ်ဖွဲ့ကြီးများ ဖွဲ့စည်းရန် ရင်းမြစ်နှင့် အချိန်ကုန်ကျခံမှု များပြားပြီး လူထုထိခိုက်မှုလည်း ကြီးမားနိုင်တာကြောင့် "ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ တော်လှန်ရေး အဖွဲ့တွေလည်း အဲဒီနည်းနာကို ကျင့်သုံးသင့်ပါတယ်။ လေ့ကျင့်သားမပြည့် တပ်ဆင်မှုမကောင်းသေးတဲ့ တပ်အများစုဟာ အကူအပံ့အနေနဲ့ တည်ရှိပြီး အထူးတပ်ဖွဲ့ပုံစံ စစ်ဆင်တိုက်ခိုက်မယ့် ကျစ်လစ်တဲ့ပြောက်ကျားတပ်ဖွဲ့ငယ်တွေ ထူထောင်ဖို့လိုပါတယ်။ မူလကတည်းက ဖွဲ့စည်းပုံက သေးငယ်နေတဲ့အတွက် စစ်တပ်အနေနဲ့ ထောက်လှမ်းရခက်ခဲမှာဖြစ်သလို ရွှေ့ပြောင်းနေရာချမှုလည်း ကောင်းမွန်မှာဖြစ်ပါတယ်။ အဲဒီနောက်မှာ လိုအပ်တဲ့ တိုင်းဒေသ၊ ခရိုင်တွေကို အဲဒီလို တပ်ဖွဲ့ငယ် အမြောက်အများစေလွတ်ပြီး စစ်တပ်ကို ရုတ်တရက်တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ အင်အားများတဲ့တပ်ဖွဲ့တွေ ထူထောင်ထားရှိမှုကြောင့် အုပ်ချုပ်ထောက်ပံ့မှု အခက်အခဲတွေ၊ လူအင်အားစုဖွဲ့မှု အခက်အခဲတွေကို လျော့ချနိုင်မှာဖြစ်ပါတယ်"လို့ သုံးသပ်ထားပါတယ်။


ဤဗျူဟာသည် အာဖဂန်နစ္စတန်တွင် တာလီဘန်၊ ဗီယက်နမ်စစ်ပွဲတွင် မြောက်ဗီယက်နမ်၊ ယူကရိန်း-ရုရှားစစ်ပွဲတွင် ယူကရိန်းတို့ကဲ့သို့ ခေတ်သစ်စစ်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့သည့် နည်းလမ်းများကို အခြေခံထားသော်လည်း မြန်မာနိုင်ငံ၏ ထူးခြားသော နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများကြောင့် ထိုဗျူဟာ၏ အောင်မြင်မှုသည် လက်တွေ့အကောင်အထည်ဖော်မှုပေါ်တွင် မူတည်နေသည်ဟု သုံးသပ်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ သံဖြူဇရပ်-ရေး လမ်းပိုင်းမှာ မွန်တော်လှန်ရေး တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ဦး သေဆုံး


ဇွန်လ ၁၄ ရက်၊ 

Radio NUG


မွန်ပြည်နယ်၊ သံဖြူဇရပ် - ရေး အမှတ် () ပြည်ထောင်စု လမ်းမပေါ်မှာ မွန်တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်က ဦး သေဆုံးခဲ့တယ်လို့ Rehmonnya Column က သတင်း ထုတ်ပြန်ထားပါတယ်။


ဇွန်လ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်မှာ ကုန်းမြင့်သာယာ ကျေးရွာနဲ့ ကလိုင်ပဒေါ ကျေးရွာ အနီးမှာ ရာမည မွန်တပ်တော်၊ ရာမညစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့  နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။


တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ဦး သေဆုံးကာ ဦး ဒဏ်ရာရခဲ့ပြီး မွန်တော်လှန်ရေး ပူးပေါင်းတပ်ဘက်က ထိခိုက်မှု မရှိခဲ့ဘူးလို့ Rehmonnya Column က ဆိုပါတယ်။


တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေတာကြောင့် ပြည်သူလူထုအနေဖြင့် မိမိတို့ နေထိုင်ရာဒေသ အနီးပတ်ဝန်းကျင်ရှိ စစ်ရေးသတင်းများကို နားစွင့်ကာ လက်နက်ကြီးနဲ့ လေကြောင်း အန္တရာယ်ကို သတိရှိရှိ နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။


========================


🚩🚩၂။ မြို့ဆိုး စစ်တောင်းမြစ်ကူး တံတားကို အင်အားဖြည့်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ဦး ခန့် သေဆုံး


ဇွန်လ ၁၄ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ မြို့ဆိုးရွာ စစ်တောင်းမြစ်ကူး တံတားကို အင်အားဖြည့်ရန် ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ဦးခန့် သေဆုံးခဲ့တယ်လို့ တောင်ငူ ခရိုင်၊ ၃၅၀၂ တပ်ရင်း၊ တပ်ခွဲ က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ၁၂ ရက်နေ့ မနက် နာရီခန့်မှာ မြို့ဆိုးရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီ အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းကို လက်နက်ငယ်၊ 79 ဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ဦးခန့် သေဆုံးပြီး ထိခိုက်မှုတချို့ ရှိခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီ တပ်ကလည်း လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပေမယ့် အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို တောင်ငူခရိုင် တပ်ရင်း (၃၅၀၂) တပ်ရင်း (၃၅၀၁) တပ်ခွဲ နဲ့ အုပ်တွင်း ပကဖ အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


ထို့အပြင် တောင်ငူ - လိပ်သို လမ်းတလျောက် အင်အားဖြည့်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို မွန်ကုန်း ထုံးဘိုကြီး ကျေးရွာ အနီးတွင် တပ်ရင်း (၃၅၀၁) တပ်ခွဲ (), () နဲ့ KNU တပ်မဟာ () တပ်ရင်း () လက်အောက်က ကမ်းနီကြား ဒေသကာကွယ်ရေး အဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။


========================


🚩🚩၃။ ပုလဲမှာ လမ်းမှားပြီး ရောက်လာတဲ့ စစ်ကောင်စီ ဒုတပ်ကြပ် တစ်ဦးကို ဖမ်းဆီးရမိ


ဇွန်လ ၁၄ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် လူစုကွဲပြီး လမ်းမှားကာ တော်လှန်ရေး တပ်ဖွဲ့ တွေဆီကို ရောက်လာတဲ့ စစ်ကောင်စီ ဒုတပ်ကြပ် တစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မောင်း သတင်းဌာနက ဖော်ပြထားပါတယ်။


ဇွန်လ ရက်နေ့က အင်းမထီး ရွာကနေ ကန်ဒေါင့်ကျေးရွာကို စစ်ကူသွားတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထွက်ပြေးဆုတ်ခွာရင်း စစ်ကောင်စီ ဒု-တပ်ကြပ် စိုးဝင်းဟာ လူစုကွဲကာ တောထဲ လမ်းပျောက်နေခဲ့တယ်လို့ ဆိုပါတယ်။


၎င်း ဒု-တပ်ကြပ်ဟာ ဇွန်လ ၁၀ ရက် မနက် နာရီခန့်မှာ တော်လှန်ရေး တပ်ဖွဲ့တွေရှိရာကို လက်နက်နှင့်တကွ လမ်းမှားပြီး ရောက်လာတာကြောင့် ဖမ်းဆီးခဲ့တယ်လို့ ယင်းမာပင်ခရိုင်၊ အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲမှူးက ဆိုပါတယ်။


ဒုတပ်ကြပ် စိုးဝင်း ဆီက MA 11 တလက်၊ အီနာဂါ ဗုံးသီး လုံး၊ ကျည်အတောင့် ၂၀၀ ကို သိမ်းဆည်း ရရှိ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


၎င်းကို ဖမ်းဆီးပြီးချိန်မှာ တော်လှန်ရေး တပ်ဖွဲ့တွေဆီကို အလင်းဝင်ရောက်တာမျိုး လုပ်ဆောင်မယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း စိတ်မချရတဲ့အတွက် အခြေအနေ စောင့်ကြည့်ပြီး ဆက်လက် ထိန်းသိမ်းထားမယ်လို့ သိရပါတယ်။


========================


🚩🚩၄။ ဆည်ပင်ကျွန်းရွာ ပျူစခန်းသိမ်း တိုက်ပွဲတွင် ပျူစောထီး ၁၈ ဦးကို အရှင်ဖမ်းဆီး ရမိခဲ့


ဇွန်လ ၁၄ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆည်ပင်ကျွန်း ပျူစောထီးရွာက အထိုင်စခန်းသိမ်း တိုက်ပွဲမှာ ပျူစောထီး ၁၈ ဦးကို အရှင်ဖမ်းဆီး ရမိခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက်နေ့ မနက် နာရီခွဲ အချိန်မှာ စတင်ချဉ်းကပ် တိုက်ခိုက်ခဲ့ပြီး နာရီ ၁၅ မိနစ်တွင် အထိုင်စခန်း အားလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း ပျူစောထီး ဦး သေဆုံးခဲ့ပြီး ၁၈ ဦးကို အရှင် ဖမ်းဆီးရမိခဲ့ကာ G3 သေနတ် လက်၊ ကာဘိုင် လက်၊ ၁၂ ဗို့ လက်နဲ့ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စခန်းသိမ်း တိုက်ပွဲကို ရွှေဘိုခရိုင် အမှတ် ၂၃/၁၈/၁၅/၂၆/၉၇၀၆/၁၇၀၁ တပ်ရင်းများနဲ့ နယ်မြေ ပကဖ အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်က Y-12 ဖြင့် ဗုံးသီး ၁၉ လုံး ကြဲချခဲ့ပြီး တခြား ပျူရွာများ ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပေမယ့် အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်၊


========================


🚩🚩၅။ ဖားကန့်တွင် စစ်ကောင်စီတပ်က ပြည်သူ ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းများကို ရေတွင်းထဲ ပစ်ချ


ဇွန်လ ၁၄ရက် 

Radio NUG 


ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ရောက်ရှိနေသည့် စစ်ကောင်စီတပ် စစ်ကြောင်းက ပြည်သူ ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းများကို ရေတွင်းထဲသို့ ပစ်ချခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များမှ သိရပါတယ်။


ဇွန်လ ၁၄ ရက်၊ မှော်ဆီဇာကျေးရွာ၊ တောင်ယာကုန်းအနီးတဝိုက်တွင် စစ်တပ်စကခ မှ ဗိုလ်မှူး ဇော်ဝင်း ဦးဆောင်သည့် စစ်ကြောင်းက ပြည်သူ ဦးကို သတ်ဖြတ်ကာ ၎င်းတို့၏ ရုပ်အလောင်းများကို ရေတွင်းထဲသို့ ပစ်ချခဲ့သည့်အပြင် လမ်းဘေးတွင် ပြည်သူတစ်ဦးကိုလည်း ပစ်သတ်ထားခဲ့တယ်လို့ သိရပါတယ်။


ဇွန်လ ၁၄ ရက် ညနေပိုင်းတွင်လည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအနီး လမ်းဘေးတွင် စစ်ကောင်စီတပ်က ပစ်သတ်ထားသည့် ရုပ်အလောင်းတစ်လောင်းကို ထပ်မံတွေ့ရှိခဲ့သော်လည်း သေဆုံးသူ၏ အထောက်အထားကို မသိရသေးဘူးလို့ သိရပါတယ်။


စစ်ကောင်စီတပ်များသည် ဖားကန့်မြို့နယ်အတွင်း ဝင်ရောက်လာသည့်အချိန်မှစ၍ အရပ်သားပြည်သူ ၃၁ ဦးကို သတ်ဖြတ်ခဲ့ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူများလည်း ရှိတယ်လို့ သိရပါတယ်။


========================


🚩🚩၆။ မင်းတိုင်ပင်ရွာနဲ့ အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ စင်းဖြင့် ဗုံးကြဲတိုက်ခိုက်


ဇွန်လ ၁၄ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာနဲ့ အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ စင်းဖြင့် ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက် ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ဇွန်လ ၁၄ ရက်နေ့ မနက် နာရီ မိနစ် ၂၀ ခန့်မှ ၁၀ နာရီ ၂၀ မိနစ်ခန့် အတွင်း ဂျက်ဖိုက်တာ စင်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး ထက်မနည်း ဒဏ်ရာရခဲ့ပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ ဇွန်လ ရက်နေ့ထဲက ကန်ဒေါင့် ရဲစခန်းကို PLA က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်နေပြီး ကန့်ဒေါက်ရွာ၊ မင်းတိုင်ပင်ရွာ အပါအဝင် အနီးနားမှ ကျေးရွာ ၂၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်ခန့်ကလည်း ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲမှာ Jet Fighter တစ်စီးကို ပစ်ချနိုင်ခဲ့ပြီး စပါးစေ့ရွာ ဘုန်းကြီးကျောင်းထဲ ကျရောက်ပျက်စီးခဲ့ပါသေးတယ်။


========================


🚩🚩၇။ စစ်ကိုင်းမြို့နယ် ချောင်းမကြီးရွာထဲနှင့် ကင်းရွာရှိ ပြည်သူပိုင်နေအိမ်များကို အကြမ်းဖက်စစ်သားများမှ မီးရှို့ဖျက်စီးကာ ကျောင်းထိုင်ဆရာတော် အပါအဝင် ၄ဦးအား ပစ်သတ်


ဇွန်လ ၁‌၄ရက် 

Radio NUG 


ဇွန်လ ၁၄ရက်နေ့တွင် စစ်ကိုင်းမြို့နယ် မြောက်ခြမ်း ချောင်းမကြီးရွာထဲနှင့် ကင်းရွာထဲရှိ  အကြမ်းဖက်စစ်‌ကောင်စီတပ်သားများသည် ရွာ နှစ်ရွာထဲရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်စီးနေကြောင်း Wetlet Informationl Networkမှ သတင်းထုတ်ပြန်ထားပါတယ်။


ထို့အပြင် လွန်ခဲ့သော ၃ရက်ခန့်ကလည်း ကင်းရွာရှိဆုတောင်းပြည့်ဘုန်းကြီး‌ကျောင်းရှိ ကျောင်းထိုင်ဆရာ‌တော် ၁ပါး ဆရာတော်၏ မိခင်နှင့် ယောက်ဖဖြစ်သူတို့ကို ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။


အလားတူ လွန်ခဲ့သော ၁ရက်ခန့်ကလည်း ချောင်းမကြီးရွာထဲရှိစစ်ကောင်စီတပ်သားများသည် လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၄၀ခန့် အရွယ် အမျိုးသမီး ၁ဦးအား ထိမှန်၍ သေဆုံးကာ  အမျိုးသမီး ၂ဦး လက်မောင်း‌တွင် ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၈။ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲ ပြုလုပ်


ဇွန်လ ၁၄ ရက်၊ 

Radio NUG


မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့မှ စီစဉ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ ၁၁ ရက်နေ့က အောင်မြင်စွာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ တာဝန်ရှိသူများ၊ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့မှ တပ်မှူးများ၊ မဟာမိတ် တပ်မှူးများနှင့် တိုက်နယ်/ကျေးရွာများက ကိုယ်စားလှယ် အသီးသီး တက်ရောက်ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။


သင်တန်းကာလအတွင်း လိုအပ်တာတွေကို ကူညီပံ့ပိုးပေးခဲ့တဲ့ ပြည်တွင်း/ပြည်ပက မရာ ပြည်သူလူထုနှင့် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ အာရက္ခတပ်တော်တို့ကို အထူး ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြထား ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment