၂၀၂၅ သြဂုတ်လ ၁ ရက်နေ့ ညနေခင်း သတင်းလွှာ

၂၀၂၅ သြဂုတ်လ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ မူချမှတ်တဲ့အခါမှာ တောင်ပိုင်းအတွက် တစ်မျိုး၊မြောက်ပိုင်းအတွက် တစ်မျိုးဖြစ်လို့ မရဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ(မူကြမ်း)ဆိုင်ရာ ကိစ္စရပ်များကို မျှဝေဆွေးနွေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အကြမ်းဖက်စစ်တပ်အနေနဲ့ အကြမ်းဖက်မှုများကို ချက်ချင်းရပ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်း ထားသူတွေကို ပြန်လွှတ်ပေးဖို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး အိဝါယ တာကဲရှိ ထပ်မံတိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။၃၇ နှစ်မြောက် လေးလုံး အထိမ်းအမှတ် ကမ္ဘာလုံးဆိုင်ရာ ထီးသပိတ်လှုပ်ရှားမှုပါ ပါဝင်ကြဖို့ ရန်ကုန်လူထုသပိတ် လှုံ့ဆော် 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ရွှေဘိုခရိုင် အမှတ် ( ) တပ်ရင်း  အတွက် ပိုမိုထိရောက်တဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်တိုးမြှင့်လုပ်ဆောင်နိုင်ဖို  ရွှေပြည်ဝေဟင် အသီးဆင်ကမ်ပိန်းစတင်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်၊ ဒေလီစီးတီးမှာကျင်းပတဲ့ လူထု ရန်ပုံငွေ၊ စျေးရောင်းပွဲတွင် ကျဆုံးသွားသော ကျောင်းသားရဲဘော်များကို ဂုဏ်ပြု


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 NUG ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်အုပ်စု အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်လို့  ကလေးငယ်တွေအပါအဝင်ပြည်သူ ()ဦးသေဆုံးတဲ့ဖြစ်စဥ်အသေးစိတ် NUGလူ့အခွင့်ရေးဝန်ကြီးဌာနထုတ်ပြန်

🚩၂။သပိတ်ကျင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်း တပ်သားသစ် ဦးကို ဖမ်းဆီးထိန်းသိမ်း

🚩 ⁨⁨⁨⁨၃။ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှုမှာ စစ်သင်္ဘော တစင်းနဲ့ မော်တော် စင်း မီးလောင်ပျက်စီး စစ်သား ဦးသေဆုံး

🚩၄။ တောအူးခရိုင်၊ဒေါ်ဖါးခိုမြို့နယ်၊ ဝေထူးကျေးရွာအုပ်စုရှိ အရပ်သားနယ်မြေများသို့ စစ်ကြောင်းထိုးလာတဲ့စကစတပ်သားများကျေးရွာတစ်ရွာအတွင်းသို့ဝင်ရောက်ကာ နေအိမ် (၃၉) လုံးကို မီးရှို့ဖျက်ဆီးခဲ့

🚩၅။⁨⁨ ထိုးစစ်ပြင်ဖို့ ကျည်ကာဆင် တို့မန်းတိုင်းတခွင် ကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ ပြင်ဦးလွင်ခရိုင် ပကဖ နှိုးဆော်

🚩၆။⁨⁨ အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် အတုအယောင်ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတိပေး

🚩၇။ ULA/AA (၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကျင်းပမည်

🚩၈။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း၇၀၀၀ ကျော်ရှိလာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ မူချမှတ်တဲ့အခါမှာ တောင်ပိုင်းအတွက် တစ်မျိုး၊မြောက်ပိုင်းအတွက် တစ်မျိုးဖြစ်လို့ မရဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


သြဂုတ်လ ()ရက်


အမျိုးသားညီညွတ်ရေးအစိုးရဟာ မူချမှတ်တဲ့အခါမှာ တောင်ပိုင်းအတွက် တစ်မျိုး၊မြောက်ပိုင်းအတွက် တစ်မျိုးဖြစ်လို့ မရဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၉/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။


"တော်လှန်ရေးအခြေအနေအရ တောင်ပိုင်း ၊မြောက်ပိုင်းခွဲပြီး ပြောနေကြရတယ်ဆိုပေမယ့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တစ်နိုင်ငံလုံးရဲ့ တော်လှန်ရေးအစိုးရဖြစ်တာကြောင့် မူတွေချမှတ်တဲ့အခါမှာ တစ်နိုင်ငံလုံးရဲ့ အခြေအနေတွေနဲ့ ချိန်ဆ ချမှတ်ကြရမှာ ဖြစ်ပါတယ်။ တောင်ပိုင်းအတွက် တစ်မျိုး၊ မြောက်ပိုင်းအတွက် တစ်မျိုးဖြစ်လို့ မရပါဘူး။ မူတွေကို အကောင်အထည်ဖော်ကြတဲ့အခါမှာတော့ အခြေအနေအရ နေရာဒေသအလိုက် ချိန်ညှိပြီး စဥ်းစားကြရတာတွေ ရှိနိုင်ပါတယ်။ ဒါကိုတော့ အစိုးရအဖွဲ့ဝင်တွေ ကောင်းစွာသဘောပေါက် နားလည်မယ်လို့ ယုံကြည်ပါတယ်။ အုပ်ချုပ်ရေးကဏ္ဍ ဖော်ဆောင်မှုတွေဟာ ကျွန်တော်တို့ ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် ဖော်ဆောင်နိုင်ဖို့ အခြေခံအုတ်မြစ် တစ်ခုလည်းဖြစ်တာကြောင့် အစကောင်းဖို့လည်း လိုပါတယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။


အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပေါင်းစပ်ရုံးလုပ်ငန်းစဉ်နဲ့ ရုံးအသုံးစားရိတ် တင်ပြဆွေးနွေးတာ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ လုပ်ငန်းသုံး ဘက်ဂျက်များနဲ့စပ်လျဉ်းပြီး တင်ပြဆွေးနွေးတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ 


အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစိုးရအဖွဲ့အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ(မူကြမ်း)ဆိုင်ရာ ကိစ္စရပ်များကို မျှဝေဆွေးနွေး


သြဂုတ်လ ()ရက်



စစ်ကိုင်းဖက်ဒရယ်ယုနစ်လွှတ်တော်နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များသည် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ()ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် Zoom Platform မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။


ဆွေးနွေးပွဲတွင် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌက နုတ်ခွန်းဆက်စကားနှင့် မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစီအမံ(မူကြမ်း)ဆိုင်ရာ ကိစ္စရပ်များကို မျှဝေဆွေးနွေးခဲပါသည်။ ထို့နောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌမှလည်း နုတ်ခွန်းဆက် စကားနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်‌တော်၏ ဆောင်ရွက်ပြီးစီးခဲ့‌သော လုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များကို မျှဝေဆွေးနွေးခဲ့ပါတယ်။


ထို့နောက် တက်ရောက်လာသော နှစ်ဘက်လွှတ်တော်ကိုယ်စားလှယ်များမှ  ဖက်ဒရယ်ယူနစ်တည်‌ဆောက်ရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့် စိန်ခေါ်မှုများ၊ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်နှင့်လွှတ်တော်လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ်များအပေါ်  အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


ဆွေးနွေးပွဲသို့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်ယူနစ်လွှတ်တော်တို့မှ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အကြမ်းဖက်စစ်တပ်အနေနဲ့ အကြမ်းဖက်မှုများကို ချက်ချင်းရပ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်း ထားသူတွေကို ပြန်လွှတ်ပေးဖို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး အိဝါယ တာကဲရှိ ထပ်မံတိုက်တွန်း


သြဂုတ်လ ()ရက်


အကြမ်းဖက်စစ်တပ်အနေနဲ့ အကြမ်းဖက်မှုများကို ချက်ချင်းရပ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်း ထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနိုင်ငံရေးစနစ် အမြန်ဆုံး ပြန်လည်ထူထောင်ဖို့ ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ကြဖို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး အိဝါယ တာကဲရှိ က အကြမ်းဖက်စစ်အုပ်စုကို နောက်တကြိမ် တိုက်တွန်း ပြောဆိုလိုက်ပါတယ်။


အကြမ်းဖက်စစ်ကောင်စီက အရေးပေါ်အခြေအနေ ရုပ်သိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်လို့ ဂျပန် နိုင်ငံ နိုင်ငံခြားရေးခြားရေးဝန်ကြီး အိဝါယ တာကဲရှိက ဒီနေ့ ဩဂုတ်လ ရက်မှာ ထုတ်ပြန်ချက်တစောင်ထုတ်ပြန်ပြီး တိုက်တွန်း ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ နှစ်ခွဲကျော်ကြာတဲ့အထိ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပုဂ္ဂိုလ်များစွာ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံနေရပြီး လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် အခြား အကြမ်းဖက်လုပ်ရပ်တွေ ဆက်ဖြစ်နေတာကြောင့် အလွန် စိုးရိမ်ကြောင်းနဲ့ ရှုတ်ချကြောင်း ဂျပန် နိုင်ငံခြားရေးခြားရေး ဝန်ကြီး အိဝါယ တာကဲရှိက ပြောပါတယ်။


ဒီအခြေအနေမှာ စစ်အုပ်စုက မနေ့ ဇူလိုင် ၃၁ ရက်နေ့မှာ အရေးပေါ်အခြေအနေ ရုပ်သိမ်းခဲ့ပြီး အခုနှစ် ဒီဇင်ဘာနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလထဲမှာ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ကြေညာခဲ့ပါတယ်။


အထွေထွေရွေးကောက်ပွဲတွေဆိုတာ ဒီမိုကရေစီနိုင်ငံရေးစနစ် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တရပ်အဖြစ် ရှိသင့်တယ် လို့ ဂျပန်နိုင်ငံအနေနဲ့ ယုံကြည်တဲ့အကြောင်းလည်း ဂျပန်နိုင်ငံ နိုင်ငံခြားရေးခြားရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။


ဒါကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို လွှတ်ပေးတာ သက်ဆိုင်ရာပါတီတွေကြား ရိုးသားစွာ ဆွေးနွေးတာမျိုးလို နိုင်ငံရေးတိုးတက်မှု အရိပ်အယောင်တွေ မတွေ့ရဘဲ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုရင် မြန်မာပြည်သူရဲ့ ပိုမိုပြင်းထန်တဲ့ တုံ့ပြန်မှုတွေသာရနိုင်ပြီး ငြိမ်းချမ်းစွာ အဖြေရှာရေး ပိုမိုခက်ခဲစေနိုင်တယ်လို့ ဂျပန်နိုင်ငံက အလေးအနက် သတိပေး ထောက်ပြထားပါတယ်။


ဒါကြောင့် မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့လိုပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီး ထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနိုင်ငံရေးစနစ် အလျင်အမြန် ပြန်လည်ထူထောင်နိုင်ဖို့ အတွက် ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ကြဖို့ ဂျပန်နိုင်ငံက နောက်တကြိမ် ထပ်မံ တိုက်တွန်းထားပါတယ်။


အာဏာသိမ်းစစ်အုပ်စုအေနေနဲ့ အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်ပြီဖြစ်တာကြောင့် စစ်တပ်အနေနဲ့ ရိုးသားစွာ ပြုမူဆောင်ရွက်ဖို့လိုပြီး နိုင်ငံရေးပါတီတွေအနေနဲ့လည်း ငြိမ်းချမ်းစွာအဖြေရှာဖို့ ရိုးသားစွာ ကြိုးပမ်းကြဖို့လည်း တိုက်တွန်း ထားပါတယ်။ 


ဂျပန်နိုင်ငံအနေနဲ့ မြန်မာပြည်သူလူထုရဲ့ အသံတွေကို ဂရုတစိုက် ဆက်လက်နားထောင်နေမှာဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေ ပိုပြီးလုပ်ဆောင်သွားမှာဖြစ်သလို အခုနှစ် မတ်လက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ခံရသူတွေ နဲ့ ကာလကြာရှည်နေတဲ့ ပဋိပက္ခတွေကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ထိခိုက်ခဲ့ရတဲ့ မြန်မာပြည်သူတွေ တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပြည်သူ့ဘဝ တိုးတက်ရေး အထောက်အပံ့တွေကို ဂျပန်နိုင်ငံအနေနဲ့ ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ ဂျပန်နိုင်ငံ နိုင်ငံခြားရေးခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။၃၇ နှစ်မြောက် လေးလုံး အထိမ်းအမှတ် ကမ္ဘာလုံးဆိုင်ရာ ထီးသပိတ်လှုပ်ရှားမှုပါ ပါဝင်ကြဖို့ ရန်ကုန်လူထုသပိတ် လှုံ့ဆော် 


သြဂုတ်လ ()ရက်


 မကြာခင်မှာ ရောက်ရှိလာတော့မယ့် ၃၇ နှစ်မြောက် လေးလုံး အထိမ်းအမှတ် ကမ္ဘာလုံးဆိုင်ရာ ထီးသပိတ်လှုပ်ရှားမှုပါ ပါဝင်ကြဖို့ ရန်ကုန်လူထုသပိတ်အဖွဲ့က လှုံ့ဆော်ပြောဆိုလိုက်ပါတယ်။ 


စစ်အာဏာရှင်နေဝင်းရဲ့ စစ်တပ်နောက်ခံ တပါတီအာဏာရှင်စနစ်ကို အသက်သွေးပေါင်းများစွာစတေးပြီး ရဲရဲတောက် တွန်းလှန်ခဲ့ကြတဲ့ ၈၈၈၈ အရေးတော်ပုံကြီးဟာ မကြာခင်မှာ ၃၇နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရောက်ရှိလာတော့မယ် လို့ ဆိုပါတယ်။


မဆလပါတီကို ဖြုတ်ချနိုင်ခဲ့ပြီးနောက် စစ်အစိုးရရဲ့ နဝတ၊ နအဖ လက်ထက်အပြီး နိုင်ငံတော်ရဲ့ ဥပဒေပြုရေးယန္တရားမှာ စစ်တပ်က  ၂၅ ရာခိုင်နှုန်းနေရာယူထားတဲ့ ၂၀၀၈ ခြေဥအောက်မှာ ရွေရည်စိမ်ဒီမိုကရေစီနဲ့ ချွေးသိမ့်ခံခဲ့ရတယ်လို့လည်း အသိပေးထားပါတယ်။ 


အခုတခါ ၂၀၂၀ ရွေးကောက်ပွဲအပြီး ၂၀၂၁ စစ်အာဏာသိမ်းယူမှုကြောင့် မြန်မာနိုင်ငံဟာ လက်နက်မိုးပြီး ဖိနှိပ်အုပ်ချုပ်တဲ့ စစ်အာဏာရှင် စနစ်အောက်ကနေ ရုန်းထွက်နိုင်ဖို့ တော်လှန်ရေးအရပ်ရပ်ဆင်နွှဲပြီး ဒီမိုကရေစီအရေးကြိုးပမ်းနေရဆဲလို့ ရန်ကုန်လူထုသပိတ်အဖွဲ့က ပြောပါတယ်။ 


၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကနေ ၂၀၂၁ ခုနစ် စစ်အာဏာရှင်တော်လှန်ရေးအထိ ခေတ်အဆက်ဆက် မျိုးဆက်အဆက် ဆက် စစ်ကျွန်စနစ်ကို ရဲရဲတောက်တွန်းလှန်ခဲ့ကြတဲ့ တော်လှန်မျိုးဆက် ပြည်သူတွေအတွက် ရည်ရွယ်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးမှာ သင်္ကေတ ရိုက်နှိပ်ထားတဲ့ထီးတွေနဲ့ ..၂၀၂၅ မှာ လေးလုံးလှုပ်ရှားမှုများပြုလုပ်ကြဖို့ ရန်ကုန်လူထု သပိတ် တိုက်တွန်းနှိုးဆော်ထားပါတယ်။


၈၈၈၈ ထီးတွေကိုင်ပြီး စုရပ်တွေမှာ လှုပ်ရှားမှုတွေပြုလုပ်တာ၊ လုံး အခင်းအကျင်းနဲ့ဆိုင်တဲ့နေရာကိုချီတက်တာ၊ ထီးတွေ အင်္ကျီတွေပေါ်မှာ သင်္ကေတတွေ ကိုယ်တိုင်ရေးဆွဲပြီး ပါဝင်တာအပြင် သင်္ကေတနဲ့ဆိုင်တဲ့ လှုပ်ရှားမှုတွေ အားလုံးဟာ ၃၇ နှစ်မြောက် လေးလုံး လှုပ်ရှားမှုမှာ အကြုံးဝင်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ထင်ရှားပြီးဖြစ်တဲ့တော်လှန်မျိုးဆက်၊ပုန်ကန်ရုန်းထွက်မပြီးဆုံးသေးတဲ့ ၈လေးလုံးလူထုလွတ်မြောက်ရေး ဒို့အတူရုန်းဆိုတဲ့ ဆောင်ပုဒ်တွေကိုလည်း အသုံးပြုနိုင်မယ်လို့ ရန်ကုန်လူထု သပိတ်က အသိပေးထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ရွှေဘိုခရိုင် အမှတ် ( ) တပ်ရင်း  အတွက် ပိုမိုထိရောက်တဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်တိုးမြှင့်လုပ်ဆောင်နိုင်ဖို  ရွှေပြည်ဝေဟင် အသီးဆင်ကမ်ပိန်းစတင်


သြဂုတ်လ ()ရက်


ရွှေဘိုခရိုင် အမှတ် ( ) တပ်ရင်း  အတွက် ပိုမိုထိရောက်တဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်တိုးမြှင့်လုပ်ဆောင်နိုင်ဖို  ရွှေပြည်ဝေဟင် အသီးဆင်ကမ်ပိန်းစတင်လိုက်ပါတယ်။


"ရွှေဘိုခရိုင် အမှတ် ( ) တပ်ရင်းဟာလည်း မိမိတို့ရဲ့ စိုးမိုးနယ်မြေအတွင်းမှာ မြေပြင်မှာသာမက ဝေဟင်မှာပါ စစ်ရေးလှုပ်ရှားမှုတွေ ဖော်ဆောင်နေပါတယ်။ ဒီအဖွဲ့ဟာ ဒရုန်းဗုံးသီးများကို ကိုယ်တိုင်ထုတ်လုပ်နေပါတယ်။ ဒရုန်းဗုံးသီးတွေကို ထုတ်လုပ်ရာမှာ အမျိုးအစားပေါ်မူတည်ပြီးတော့ အသီးတလုံးကို မြန်မာကျပ်ငွေ သိန်း မှ သိန်း ဝန်းကျင် အထိ ကုန်ကျပါတယ်။ဒါကြောင့် နိုက်တင်ဂေးလ်တို့ အနေနဲ့ ရွှေဘိုခရိုင် အတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့  ရွှေဘိုခရိုင် အမှတ် ( ) တပ်ရင်း  အတွက် ပိုမိုထိရောက်တဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်တိုးမြှင့်လုပ်ဆောင်နိုင်ဖို့ရာ  ရွှေပြည်ဝေဟင် အသီးဆင်  အမည်ရှိတဲ့ ကမ်ပိန်းတစ်ခုကို ပြုလုပ်လိုက်ရပါတယ်"လို့ဆိုပါတယ်။


 ကမ်ပိန်း ကာလကိုတော့  ဩဂုတ်လ ရက် မှ စ၍ ၃၁ ရက် အထိ ဩဂုတ်လ လလုံး ပြုလုပ်သွားမှာ ဖြစ်ပြီး ကမ်ပိန်း တားဂတ်ကိုတော့ သိန်း ၁၀၀ သတ်မှတ်ထားတယ်လို့သိရပါတယ်။


 တော်လှန်ပြည်သူများ အနေဖြင့် အနည်းဆုံး မြန်မာကျပ်ငွေ ,၀၀၀ ကျပ် မှစ၍ မိမိတတ်နိုင်တဲ့ ပမာဏနည်းများမဆို ပါဝင်ထောက်ပို့နိုင်ကာကျေးဇူးတင်ဂုဏ်ပြုလွှာ Certificate များ ထုတ်ပေးသွားမှာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်၊ ဒေလီစီးတီးမှာကျင်းပတဲ့ လူထု ရန်ပုံငွေ၊ စျေးရောင်းပွဲတွင် ကျဆုံးသွားသော ကျောင်းသားရဲဘော်များကို ဂုဏ်ပြု


သြဂုတ်လ ()ရက်


Daly City ကျောင်းသားသမဂ္ဂမှ ဇူလိုင် ၂၇ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ဒေလီစီးတီးမှာကျင်းပတဲ့ လူထု ရန်ပုံငွေ၊ စျေးရောင်းပွဲတွင် ပါဝင်ခဲ့ပါတယ်။ 


ထိုစျေးရောင်းပွဲတွင် ဇူလိုင် ၂၀ရက်က အင်းစိန်ထောင်အတွင်း ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ် အလုပ်အမှုဆောင် ရဲဘော်ဝတ်ရည်အောင် အပါအဝင် နွေဦးတော်လှန်ရေးကြီးအတွင်း ဂုဏ်ရောင်ပြောင်စွာကျဆုံးခဲ့တဲ့ ဗကသရဲဘော်များဖြစ်တဲ့ ကိုညီမင်းသူ၊ ကိုကျော်ဝင်းသန့်၊ ကိုကြယ်စင်ငြိမ်းချမ်း၊ ကိုသုတနေတို့ကို ဂုဏ်ပြုခဲ့ပါတယ်။


 ထိုရဲဘော်များအပြင် ခေတ်အဆက်ဆက်က စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲများမှာ ကျဆုံးခဲ့တဲ့ ကျောင်းသားရဲဘော်များကိုလည်း ဂုဏ်ပြုရင်း ပြည်ပရောက် ပြည်သူလူထုကို နှိုးဆော်၊ စည်းရုံးခဲ့တယ်လို့ဗကသများအဖွဲ့ချုပ်ကဖော်ပြပါတယ်။


စစ်အာဏာရှင်များ နိုင်ငံရေးထွက်ပေါက်ရှာတဲ့ အတုအယောင်ဖက်ဆစ်ရွေးကောက်ပွဲကို စုရုံးဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် စစ်မှန်ပြီးညီညွတ်တဲ့ တပ်ပေါင်းစုတရပ်ပေါ်ပေါက်လာအောင် ကြိုးပမ်းကြဖို့ နှိုးဆော်တိုက်တွန်းခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တိုမှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================




🚩🚩 NUG ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်အုပ်စု အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်လို့  ကလေးငယ်တွေအပါအဝင်ပြည်သူ ()ဦးသေဆုံးတဲ့ဖြစ်စဥ်အသေးစိတ် NUGလူ့အခွင့်ရေးဝန်ကြီးဌာနထုတ်ပြန်


သြဂုတ်လ ()ရက်


NUG ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်အုပ်စုမှ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်  ကလေးငယ်တွေအပါအဝင်ပြည်သူ ()ဦးသေဆုံးတဲ့ဖြစ်စဥ်အသေးစိတ်ကို NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူတွေအတွက်ဖွင့်လှစ်ထားတဲ့ ချာဂျင် (Charging) ဆေးရုံကို ဇူလိုင် ၂၉ ရက်နေ့ ည၁၀နာရီ၂၅မိနစ်နဲ့ ၁၀နာရီ ၃၃ မိနစ်တို့မှာ နှစ်ကြိမ်ဆက်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ အခုလိုတိုက်ခိုက်မှုကြောင့်  ဆေးရုံအတွင်းမှာ ဆေးကုသနေတဲ့ လူနာ နားနေဆောင်ပေါ်ကို တိုက်ရိုက်ကျပေါက်ကွဲခဲ့ပြီးဆေးရုံအတွင်းမှာ ဆေးကုသနေတဲ့ စစ်ရှောင်ပြည်သူတွေထဲက အသက်လေးနှစ်အရွယ်ကလေးငယ်တဦးနဲ့ သက်ကြီးရွယ်အိုတဦးနဲ့အမျိုးသမီးနှစ်ဦးအပါအဝင် စုစုပေါင်း ပြည်သူ ငါးဦးသေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။


ဒါ့အပြင် ဆေးရုံဝန်ထမ်းတွေနဲ့လူနာတွေအပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ အကြမ်းဖက်စစ်အုပ်စုရဲ့တိုက်ခိုက်မှုကြောင့် ပေါက်ကွဲချိန်မှာ Gas အငွေ့တွေရှုရှိုက်မိတာကြောင့် ပြည်သူတွေ မူးဝေ၊အော့အန်မှုတွေလည်းဖြစ်ခဲ့ပြီး ဆေးရုံအတွင်းအသုံးပြုနေတဲ့ ခွဲစိပ်ခန်း၊ ဓါတ်မှန်ခန်းနဲ့ခွဲစိပ်ခန်းသုံးပစ္စည်းတွေအပြင် ဝန်ထမ်းနားနေဆောင်တွေနဲ့ စာသင်ဆောင်တွေလည်းများစွာထိခိုက်ပျက်စီးခဲ့ရပါတယ်။ 


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့  ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်တွေကို  ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထားပြီးအကြမ်းဖက်စစ်အုပ်စုရဲ့  ကျူးလွန်မှုတွေကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားဖို့ကြိုးပမ်းသွားမှာဖြစ်တယ်လို့သတင်းထုတ်ပြန်ပါတယ်။


========================


🚩🚩၂။သပိတ်ကျင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်း တပ်သားသစ် ဦးကို ဖမ်းဆီးထိန်းသိမ်း


သြဂုတ်လ ()ရက်


မန္တလေးတိုင်း သပိတ်ကျင်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း တာဝန်ရှိသူတွေက ပြောပါတယ်။

သပိတ်ကျင်းအခြေစိုက် ခလရ ၁၄၈ တပ်ရင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝက်လက်မြို့နယ်ထဲက ဘုန်းကြီးကျောင်း တကျောင်းမှာ တပ်စွဲထားချိန် ထွက်ပြေးလာတဲ့ စစ်မှူထမ်းတပ်သားသစ်တွေလို့ ဆိုပါတယ်။ 

သူတို့ ဦးဟာ လက်နက်ယူဆောင်လာနိုင်တာမရှိဘဲ စစ်မှုထမ်းအပတ်စဥ် ၁၀ ဆင်းတွေဖြစ်ပြီး မဲပေါက်လို့ စစ်မှုထမ်း လိုက်ပါခဲ့ရသူတွေလို့ သိရပါတယ်။

ဧရာဝတီတိုင်းသားတွေက pdf နဲ့ စိမ်းလို့လား မသိဘူး။ ဘာမှမလုပ်ဘဲနဲ့ကို ကြောက်လိုက်တာ ယူထားတဲ့ မိန်းမ နာမည်ပါ မေ့တယ်။ ယူတာက ခုမှလားဆိုတော့ ကလေးက ယောက်နဲ့ တစ်ဗိုက်တဲ့။ ကောင်းကောင်းမွန်မွန်ထားထားပါတယ်။ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်ပေးထားပါတယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းက တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက အသိပေးပါတယ်။

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့ကို စစ်တပ်က ဇူလိုင်လတတိယပတ်ကစ‌ပြီး ပြန်လည်ထိုးစစ်ဆင် နေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ သိရပါတယ်။

စစ်သားစုဆောင်းခံရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ကို အမြန်ဆုံးခိုလှုံကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေး တပ်ရင်း တပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨၃။ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှုမှာ စစ်သင်္ဘော တစင်းနဲ့ မော်တော် စင်း မီးလောင်ပျက်စီး စစ်သား ဦးသေဆုံး


သြဂုတ်လ ()ရက်


ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်ကို အမှတ် စစ်ဒေသ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်းတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ စစ်သင်္ဘောတစင်း၊ မော်တော် စင်း မီးလောင်ပျက်စီးပြီး စစ်သား ဦး သေဆုံးသွားတယ်လို့ မော်လိုက်ခရိုင် တပ်ရင်း က ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၂၅၊ ၂၆ နဲ့ ၂၈ ရက်နေ့တွေမှာ စစ်သင်္ဘောတွေနဲ့ လက်နက်ခဲယမ်း၊ ရိက္ခာတင် မော်တော်ကြီးတွေပါဝင်တဲ့ စစ်ရေယာဉ်တန်း မော်လိုက်မြို့နယ်ကို ဖြတ်သန်းသွားချိန်မှာ တနေရာ ဖောင်းပြင်မြို့နယ်ဖြတ်သွားချိန်မှာ နေရာ ချေမှုန်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် စစ်သင်္ဘောတစင်း၊ မော်တော် စင်းမီးလောင်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ဦးသေဆုံးတဲ့အပြင် ဦးဒဏ်ရာရသွားတယ်လို့ တပ်တွင်းသတင်းအရင်းမြစ်နဲ့ ထောက်လှမ်းရေးသတင်းတွေအရ အတည်ပြုသိရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်ဘက်က  ၁၂၂ မမ စက်အမြောက်အပါအဝင် ပွိုင့် 5 ပွိုင့် 8 စက်သေနတ်တွေ၊ အခြားစက်အမြောက်တွေနဲ့ ခုခံခဲ့သလို ဂျက်ဖိုက်တာနဲ့လည်း လေကြောင်းပစ်ကူပေးပြီး တော်လှန်ရေးတပ်တွေကို ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်ရေယာဥ်တန်းဟာ ပျက်စီးသွားတဲ့ မော်တော်တွေကို ဖောင်းပြင်မြို့မှာ ဆိုက်ကပ်ပြင်ဆင်ပြီး ချင်းတွင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်ဘက်ကို ဆက်လက်ဆန်တက်သွားတယ်လို့လည်း အသိပေးထားပါတယ်။

အဲဒီစစ်ရေယာဉ်အုပ်ကို အမှတ် - စစ်ဒေသ၊ မော်လိုက်ခရိုင်ကွပ်ကဲရေးရုံးတပ်ဖွဲ့ ခရိုင်တပ်ရင်း - ၁၊ ၂၊ ၃၊ နဲ့ မော်လိုက် မြို့နယ် ပကဖ၊ ဖောင်းပြင်မြို့နယ် ပကဖ၊ စစ်ဒေသ လက်ရုံးတပ်တွေ ခန္တီးခရိုင်လက်နက်ကြီးအဖွဲ့၊ တမူးခရိုင်လက်နက်ကြီး အဖွဲ့ ကသာခရိုင် တပ်ရင်း - လက်နက်ကြီးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩၄။ တောအူးခရိုင်၊ဒေါ်ဖါးခိုမြို့နယ်၊ ဝေထူးကျေးရွာအုပ်စုရှိ အရပ်သားနယ်မြေများသို့ စစ်ကြောင်းထိုးလာတဲ့စကစတပ်သားများကျေးရွာတစ်ရွာအတွင်းသို့ဝင်ရောက်ကာ နေအိမ် (၃၉) လုံးကို မီးရှို့ဖျက်ဆီးခဲ့


သြဂုတ်လ ()ရက်


တောအူးခရိုင်၊ဒေါ်ဖါးခိုမြို့နယ်၊ ဝေထူးကျေးရွာအုပ်စုရှိ အရပ်သားနယ်မြေများသို့ စစ်ကြောင်းထိုးလာတဲ့စကစတပ်သားများကျေးရွာတစ်ရွာအတွင်းသို့ဝင်ရောက်ကာ နေအိမ် (၃၉) လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့သြဂုတ်လ၁ရက် KHRGကထုတ်ပြန်ပါတယ်။


၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ရက်နေ့တွင်၊ တပ်သား (၁၅၀) ကျော်ပါဝင်သော စစ်ကောင်စီ စစ်ကြောင်းတစ်ခုသည် တောအူးခရိုင်၊ဒေါ်ဖါးခိုမြို့နယ်၊ ဝေထူးကျေးရွာအုပ်စုရှိ အရပ်သားနယ်မြေများသို့ စစ်ကြောင်းထိုးလာခဲ့ပြီး ဇူလိုင်လ ရက်နေ့၊ မနက်ပိုင်းတွင် ဝေထူးကျေးရွာအုပ်စုရှိ ရွာတစ်ရွာအနီးသို့ရောက်ရှိသည့်အချိန်တွင်  ထိုစစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။


တိုက်ပွဲဖြစ်ပွားပြီးနောက်၊ မနက် ၁၀ နာရီဝန်းကျင်အချိန်ခန့်တွင် ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့်နီးစပ်ရာ ကျေးရွာတစ်ရွာအတွင်းသို့ဝင်ရောက်ကာ နေအိမ် (၃၉) လုံးကို မီးရှို့ခဲ့ကာ အဆိုပါမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အချို့သည် အလုံးစုံ မီးလောင်ပျက်စီး သွားခဲ့တယ်လို့သိရပါတယ်။


 မီးရှို့မှုအတွင်း ဆိုင်ကယ် စီးလည်း မီးလောင်ပျက်စီးခဲ့ကာ ရွာသားတစ်ဦး၏ ပြောကြားချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေအိမ်စုစုပေါင်း (၄၃) လုံးကို မီးရှို့ရန်ကြိုးစားခဲ့ကြကာ ကျေးရွာထဲတွင် မီးမရှို့ခံရသည့်နေအိမ် () လုံးသာကျန်ရှိခဲ့ကြောင်း ဆိုပါတယ်။


ယခုအချိန်တွင် ရွာသားအချို့သည် တောထဲတွင် ယာယီတဲများဆောက်လုပ်ကာ‌ နေထိုင်နေကြရတယ်လို့ဆိုပါတယ်။


========================


🚩🚩၅။⁨⁨ ထိုးစစ်ပြင်ဖို့ ကျည်ကာဆင် တို့မန်းတိုင်းတခွင် ကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ ပြင်ဦးလွင်ခရိုင် ပကဖ နှိုးဆော်


သြဂုတ်လ ()ရက်


မန္တလေးတိုင်း စစ်ဌာနချုပ်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေ လိုအပ်နေတဲ့ ကာကွယ်ရေး ပစ္စည်းတွေ ထောက်ပံ့ဖို့ ရည်ရွယ်တဲ့ ထိုးစစ်ပြင်ဖို့ ကျည်ကာဆင် တို့မန်းတိုင်းတခွင် ကမ်ပိန်းမှာ ပါဝင်ပေး ကြဖို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားပါတယ်။


တော်လှန်ရေးမှာ အစဉ်တစိုက်ပါဝင်သူတွေနဲ့ လေ့လာသူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်သား တွေကို မိမိတို့ရဲ့ ရင်သွေးတွေလို့မှတ်ယူပြီး သူတို့လိုအပ်နေတဲ့ ကာကွယ်ရေးပစ္စည်းတွေ  ထောက်ပံ့ပေးရင်း တော်လှန်ရေးအောင်မြင်အောင် Forward Myanmar ရဲ့ Road to Mandalay ကမ်ပိန်းကတဆင့် တဖက်တလမ်းကနေ ပူးပေါင်းပါဝင်ပေးကြဖို့ နှိုးဆော်လိုက်တာဖြစ်ပါတယ်။ 


Forward Myanmar ရဲ့ Road to Mandalay ကလုပ်မယ့် ထိုးစစ်ပြင်ဖို့ ကျည်ကာဆင် တို့မန်းတိုင်းတခွင် ကမ်ပိန်းဟာ အမေရိကန်ဒေါ်လာ တသိန်းခွဲရဖို့ ရည်မှန်းထားပြီး အခု ဩဂုတ်လ ၃၁ ရက်နေ့အထိ ပါဝင်ကူညီ ထောက်ပို့နိုင်တယ်လို့ သိရပါတယ်။


========================


🚩🚩၆။⁨⁨ အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် အတုအယောင်ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတိပေး


သြဂုတ်လ ()ရက်


အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး အကြမ်းဖက် စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲအတွက် ပါဝင်ကူညီ ပြီး စည်းရုံးလှုံ့ဆော်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူမယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတိပေးလိုက်ပါတယ်။ 


အကြမ်းဖက်စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်အောင် ပါဝင်တာ၊ ကူညီတာနဲ့ စည်းရုံးလှုံ့ဆော် တာတွေ မလုပ်ကြဖို့ ဒေသတွင်းပြည်သူတွေကို စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ဩဂုတ်လ ရက်နေ့ မှာ သတိပေးတဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

 

အကြမ်းဖက်စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ရီ ရက်နေ့မှာ နိုင်ငံတော် သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ပြည်သူ လူထု ရွေးကောက်တင်မြောက်ထားတဲ့ ဒီမိုကရေစီအစိုးရနဲ့ အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးပြီး နိုင်ငံတော်အာဏာကို မတရား သိမ်းယူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်လို့ အကြောင်းပြပြီး ဒီမိုကရေစီ အစိုးရနဲ့ အစိုးရအဖွဲ့ဝင်တွေကို ဥပဒေမဲ့ အကြမ်းဖက် ဖမ်းဆီးထားတယ်လို့လည်း ထပ်ပြီး အသိပေးထားပါတယ်။


အခုလို နိုင်ငံတော်အာဏာကို အကြမ်းဖက်သိမ်းယူလိုက်တာကို ပြည်သူလူထုတရပ်လုံးက ဆန့်ကျင်ကန့်ကွက်ပြီး ငြိမ်ချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတာကို အကြမ်းဖက်စစ်အုပ်စုက ပြည်သူလူထုရဲ့ဆန္ဒကို မလေစားဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူလူထုကို အကြမ်းဖက် ပစ်ခတ် ဖမ်းဆီး သတ်ဖြတ် ထောင်ချတာတွေ လုပ်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။ 


ပြည်သူလူထုဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားမှုတွေကို မခံနိုင်တဲ့အဆုံး လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ပြီး တော်လှန်ခဲ့ကြရာမှာ တော်လှန်ရေးကာလ နှစ်ကျော်ကြာလာတဲ့အချိန်မှာ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ စစ်ရေးရော နိုင်ငံရေးမှာပါ ကျရှုံးနေပြီး ထွက်ပေါက်ပိတ်သွားတဲ့ အခြေနေကို ရောက်လာနေပြီလို့ တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက မှတ်ချက်ပြု ပြောဆိုနေပါတယ်။


နိုင်ငံရေးထွက်ပေါက် ပိတ်သွားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ အာဏာတည်မြဲရေးအတွက် ကမ္ဘာနဲ့ နိုင်ငံတကာကို ဒီမိုကရေစီအသွင်ဆောင်တဲ့ ဟန်ပြ အတုအယောင်ရွေးကောက်ပွဲလုပ်ဖို့ ဆောင်ရွက်နေတာလည်းဖြစ်တယ်လို့ သိရပါတယ်။


ဒါကြောင့် အာဏာရှင်စနစ် သက်ဆိုးရှည်အောင် အကြမ်းဖက် စစ်အုပ်စုကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ ဖြစ်မြောက်ရေးမှာ ပါဝင်တာ၊ကူညီတာ၊ စည်းရုံးလှုံ့ဆော်တာတွေ မလုပ်ကြဖို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်တွန်းထားပြီး မလိုက်နာတဲ့သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူသွားမယ့်အကြောင်း အမိန့်ထုတ်ပြန်ပြီး သတိပေးလိုက်တာဖြစ်ပါတယ်။


========================


🚩🚩၇။ ULA/AA (၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကျင်းပမည်


သြဂုတ်လ ()ရက်


ULA/AA (၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို လာမည့်  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်၊ တနင်္လာနေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။


သတင်းစာ ရှင်းလင်းပွဲကို ယခင်အကြိမ်များအတိုင်း ရက္ခိုင်ဘာသာစကားဖြင့် ရှင်းလင်းသွားမယ်လို့သိရပါတယ်။


သတင်းရယူလိုသော သတင်းထောက်များအနေဖြင့် သတင်းစာရှင်းလင်းပွဲကို တက်ရောက်နိုင်ရန်အတွက် စာရင်းပေးသွင်းကာမေးမြန်းလိုသည့်မေးခွန်းကိုကြိုတင်ပေးပို့ရမယ်လို့အသိပေးကြေညာထားပါတယ်။


========================


🚩🚩၈။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း၇၀၀၀ ကျော်ရှိလာ


သြဂုတ်လ ()ရက်


အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၇၀၀၀) ကျော်ရှိလာတယ်လို့ AAPPကဖော်ပြပါတယ်။

ဖေဖော်ဝါရီလ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ဇူလိုင် ၃၁ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၂၃၂) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။


ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၄၇၉) ဦးရှိပြီး ထိုအထဲမှ (၂၂၂၄၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထန်းသိမ်းခံနေရသူများအနက်မှ (၁၀၉၃၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


 

Share:

No comments:

Post a Comment