၂၀၂၅ သြဂုတ်လ ၂၆ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ သြဂုတ်လ ၂၆ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ စစ်တပ်ကို အကျိုးပြုမယ့် လူနဲ့ပါတီရွေးချယ်ပွဲဖြစ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘူးလို့ KNU ကြေညာ

📌 ⁨⁨⁨⁨⁨⁨၂။ ကရင်နီသူနာပြုအစည်းအရုံးက လအတွင်း လူနာပေါင်း သောင်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့

📌 ⁨⁨⁨⁨⁨⁨၃။တော်လှန်ရေးကာလ နှစ်ကျော်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့က အပြစ်မဲ့ပြည်သူ ၄၀ သေဆုံးခဲ့ပြီး ၁၂၀ ဒဏ်ရာရ 


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩⁨⁨ မြောက်ဦးမြို့ကို စစ်တပ်က လေယာဉ်ပေါ်ကနေ ပေါင် ၅၀၀  ဗုံးကြဲတာကြောင့် အရပ်သားပြည်သူ ၁၁ ဦးသေဆုံး

🚩၂။ အကြမ်းဖက်စစ်အုပ်စုဟာ နွားထိုးကြီးနဲ့ မြင်းခြံနယ်က ပြည်သူတွေပိုင်တဲ့ ဆန်စပါး၊ဆီနဲ့ စားသောက်ကုန်တွေကို လူမဆန်စွာ ဖျက်ဆီးသွားတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ပြော 

🚩၃။မိုးကုတ်မြို့ကို စစ်တပ်က ထပ်ပြီးဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားတဦးဒဏ်ရာရပြီး အိမ် လုံး ပျက်စီး

🚩 ⁨⁨၄။ တနင်္သာရီမှာ စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုမှာ ထိခိုက်မှုတွေရှိနိုင်တယ်လို့ မြို့နယ်ပကဖ ပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ စစ်တပ်ကို အကျိုးပြုမယ့် လူနဲ့ပါတီရွေးချယ်ပွဲဖြစ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘူးလို့ KNU ကြေညာ


သြဂုတ်လ (၂၆)ရက်


စစ်တပ်ဦးဆောင်ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ စစ်တပ်ကို အကျိုးပြုမယ့် လူနဲ့ပါတီရွေးချယ်ပွဲဖြစ်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တာကြောင့် လုံးဝလက်မခံဘူးလို့ ကရင်အမျိုးသားအစည်းအရုံး - KNU ဗဟိုက ဒီနေ့ ဩဂုတ်လ ၂၆ မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ဥပဒကြောင်းအရ တရားမဝင်ခြင်း၊ ပြည်သူအားလုံးပါဝင်နိုင်တဲ့ အခြေအနေမှာ မရှိခြင်းနဲ့ လိုသလိုအဖြေထုတ်နိုင်တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကြောင့် လုံးဝလက်မခံဘူးလို့ KNU ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

အဲဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးအတွက်သာဖြစ်ပြီး လက်ရှိ နိုင်ငံရေး အကြပ်အတည်းရဲ့ အဖြေမဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်း ပဋိပက္ခကို ပိုမိုပြင်းထန်လာစေရုံသာမက ဒေသတွင်း မတည်ငြိမ်မှု ကိုပါ ဆက်လက်ဖြစ်ပေါ်လာစေမှာဖြစ်တယ်လို့ KNU က သတိပေးထားပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားတာဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ဖို့ မျက်ကွယ်ပြုလိုက်တာလို့လည်း KNU ဘက်က ဆိုပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်တာဟာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ စနစ်သစ် တည်ဆောက်ရေးအတွက် အဟန့်အတားဖြစ်စေတယ်လို့ KNU က ထောက်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး၊ စစ်တပ်အာဏာသိမ်းယူမှု တရားဝင်မှုရရှိစေရေးနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒကို ပြန်လည်အသက်သွင်းတဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ခြင်းဟာ အဆိပ်ပင်ရေလောင်းတဲ့ သမိုင်းတရားခံ ဖြစ်သွားနိုင်တာကြောင့် နည်းလမ်းပေါင်းစုံသုံးပြီး ရှောင်ရှားနိုင်ကြရေး ကြိုးပမ်းကြဖို့ KNU က တိုက်တွန်းထားပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကရင်ပြည်သူလူထု၊ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ကရင်နိုင်ငံရေး အင်အားစုတွေ အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုတရပ်လုံး ပါဝင်ခြင်းမပြုကြဘဲ အကြမ်းမဖက်တဲ့ နည်းလမ်းတွေနဲ့ ဆန့်ကျင်သွားဖို့လည်း KNU က ထပ်ပြီးတိုက်တွန်းထားပါတယ်။

ရေရှည်တည်တံ့ခိုင်မြဲတဲ့ နိုင်ငံရေးအဖြေကို ဦးတည်တဲ့ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံမှုက ရရှိတဲ့ သဘောတူညီမှုနဲ့ ရေးဆွဲပြဌာန်းအတည်ပြုမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲ ကသာ နက်ရှိုင်းစွာအမြစ်တွယ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေ အဆုံးသတ်နိုင်မယ်လို့ အပြည့်အဝ ယုံကြည်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ကြေညာထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၂။ ကရင်နီသူနာပြုအစည်းအရုံးက လအတွင်း လူနာပေါင်း သောင်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့


သြဂုတ်လ (၂၆)ရက်


ကရင်နီသူနာပြုအစည်းအရုံး - KNA အနေနဲ့ အခုနှစ် ပထမ လပတ်အတွင်း လူနာပေါင်း ၇သောင်းကျော် ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

KNA အနေနဲ့ အခုနှစ် ပထမ လအတွင်း ပဏာမကျန်းမာရေးပြုစုစောင့်ရှောက်မှုအဖြစ် လူပေါင်း ၅သောင်း ထောင် ကျော်၊ နမိုးနီးယားနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါခံစားနေရတဲ့ နှစ်အောက်ကလေးငယ် တထောင့်တရာကျော်၊ နှစ်အောက် ကလေး အာဟာရကျန်းမာရေး စောင့်ရှောက်မှုအဖြစ် ၄ထောင့်တရာ ကျော်၊ သွေးတိုးရောဂါလူနာ ထောင့်တရာကျော်၊ ခွေးကိုက်ခံရတဲ့ လူနာ ၁၃၉ ဦး၊ ကိုယ်ဝန်ဆောင်လူနာ ၃ထောင့် ရာကျော်၊ ကလေးမွေးလူနာ ၅၂၉ ဦး၊ သားဆက်ခြားနည်း ခံယူတဲ့လူနာ ၃ထောင့်တရာကျော်နဲ့ အခြားလူနာ ၂၁၇ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

 

ဒီ လအတွင်း ကရင်နီသူနာပြုအစည်းအရုံး - KNA က Clinical Care Training - CCT သင်တန်း ကြိမ် ပြုလုပ်ပေးခဲ့ပြီး လူဦးရေ တရာကို သင်တန်းပေးနိုင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

 

ဒါ့အပြင် KNA အနေနဲ့ အခုနှစ် ပထမ လတာကာလအတွင်း ဆေးခန်းပေါင်း ၄၅ ခု၊ ကြီးကြပ်ဆရာ၊ ဆရာမ ၃၄ ဦး၊ သူနာပြု ၅၀ ဦး၊ သားဖွားဆရာမ ၆၅ ဦးနဲ့ စေတနာ့ဝန်ထမ်း ၅၀ ဦးတို့နဲ့ လည်ပတ်လုပ်ဆောင်ခဲ့တယ်လို့ ကရင်နီသူနာပြု အစည်းအရုံး - KNA မှတ်တမ်းတွေအရ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၃။တော်လှန်ရေးကာလ နှစ်ကျော်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့က အပြစ်မဲ့ပြည်သူ ၄၀ သေဆုံးခဲ့ပြီး ၁၂၀ ဒဏ်ရာရ 


သြဂုတ်လ (၂၆)ရက်

 

တော်လှန်ရေးကာလ နှစ်ကျော်အတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မင်းတပ်မြို့နယ် မှာ အပြစ်မဲ့ အရပ်သားပြည်သူ ၄၀ ဦးသေဆုံးခဲ့ပြီး ၁၂၀ ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ၂ဝ၂၁ ခုနှစ်ကနေ ဩဂုတ်လ ရက်နေ့အထိ ဖြစ်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့ ဩဂုတ်လ ၂၅ မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။ 

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ ၂၀၂၁ ခုနှဟ် မေလ ၂၇ ရက်ကနေ ၂၀၂၅ ခုနှစ် သြဂုတ်လ ရက်နေ့အတွင်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၁၇၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှု‌တွေမှာ ဗုံးအရေအတွက် ၃၂၉ လုံးကျော် အသုံးပြုခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ  ၄၀ သေဆုံးခဲ့ရပြီး အယောက် ၁၂၀ ဒဏ်ရာရတာလို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူပိုင်နေအိမ် ၁၇၂ လုံး စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းစတဲ့ အစိုးရအဆောက်အအုံ ၄၀ ဘုရား‌ကျောင်း၊ဘုန်းကြီးကျောင်းစတဲ့ ဘာသာရေးအဆောက်အအုံ ၁၈ ခု ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ ပျက်စီးဆုံးရူံးမှုစာရင်းထဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ်နဲ့ မဟာမိတ်‌တပ်တွေ ဖော်ဆောင်ခဲ့တဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲကာလအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးဆုံးရူံးမှု‌တွေ မပါဘူးလို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်နဲ့ မဟာမိတ်‌တပ်တွေဟာ မင်းတပ်မြို့သိမ်းတိုက်ပွဲအဖြစ် ၂၀၂၄ နိုဝင်ဘာ ရက်ကနေ ဒီဇင်ဘာ ၂၁ နေ့အထိ ဆင်နွဲခဲ့တာလို့ စစ်ရေးမှတ်တမ်းတွေအရ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================


🚩🚩⁨⁨ မြောက်ဦးမြို့ကို စစ်တပ်က လေယာဉ်ပေါ်ကနေ ပေါင် ၅၀၀  ဗုံးကြဲတာကြောင့် အရပ်သားပြည်သူ ၁၁ ဦးသေဆုံး


သြဂုတ်လ (၂၆)ရက်


ရခိုင်ပြည် မြောက်ဦးမြို့က အရပ်သားပြည်သူတွေနေထိုင်ရာ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က လေယာဉ်ပေါ် က‌နေ ပေါင် ၅၀၀ ဗုံးကြဲချခဲ့တာကြောင့် အရပ်သားပြည်သူ ၁၁ ဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ 

မနေ့ ဩဂုတ်လ ၂၅ ရက်နေ့ ညနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က မြောက်ဦးမြို့ အောင်တပ်အုပ်စု ဒိုင်းကျီရပ်ကွက်ကို ပေါင် ၅၀၀ ဗုံးကြဲချခဲ့ရာမှာ ဒိုင်းကျီရပ်ကွက်အတွင်းမှာရှိတဲ့ စိုက်ပျိုးရေး ဂိုထောင်အနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားပြည်သူ ၁၁ ဦးသေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရသွားတာလို့ ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ Arakan Princess Media က ဖော်ပြပါတယ်။ 

 သေဆုံးသူတွေမှာ အမျိုးသမီးတွေပါဝင်ခဲ့သလို ကလေးတွေနဲ့အမျိုးသမီးတွေအပါအဝင် ၂၁ ယောက် ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ လေးဝတီ FM ကလည်း ဖော်ပြပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ULA/AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ကလေးငယ် ဦးအပါအဝင် ၁၂ ဦး သေဆုံးသွားတယ်လို့ နိရဉ္စရာသတင်းဌာနကို အတည်ပြုထားပါတယ်။ 

ဒိုင်းကျီရပ်ကွက်က အလှူလုပ်နေတဲ့အိမ်ကို ဗုံးထိမှန်ခဲ့တာဖြစ်ပြီး ကလေးငယ် ဦးအပါဝင် ၂၁ ဦးဒဏ်ရာရခဲ့သလို လူနေ ဆောင်စလုံး ပျက်စီးသွားတယ်လို့အသိပေးသလို ဒါဟာ ကနဦးရထားတဲ့သတင်းလို့လည်း ပြောထားပါတယ်။

မြောက်ဦးဒေသမှာ တိုက်ပွဲတွေမရှိတော့တာကြောင့် စစ်ရှောင်နေခဲ့ကြတဲ့ ဒေသနေပြည်သူတွေ ပြန်လည်နေထိုင်ချိန်မှာ အခုလို ဗုံးကြဲ တိုက်ခိုက်ခံလိုက်ရတာလို့ ဒေသတွင်းသတင်းတွေအရ နားလည်ရပါတယ်။ 

မြောက်ဦးမြို့ပေါ်ကပြည်သူတွေဟာ အိမ်တိုင်းနီးပါး ဗုံးခိုကျင်းတွေတူးထားပေမယ့် အခုလို ဗုံးကြဲတိုက်ခိုက်ခံလိုက်ရတဲ့ အတွက် ဒေသနေပြည်သူတွေဟာ နောက်တခါ စစ်ရှောင်ဖို့ ပြင်ဆင်နေကြတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - APM နဲ့ နိရဉ္စရာ


========================


🚩🚩၂။ အကြမ်းဖက်စစ်အုပ်စုဟာ နွားထိုးကြီးနဲ့ မြင်းခြံနယ်က ပြည်သူတွေပိုင်တဲ့ ဆန်စပါး၊ဆီနဲ့ စားသောက်ကုန်တွေကို လူမဆန်စွာ ဖျက်ဆီးသွားတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ပြော 


သြဂုတ်လ (၂၆)ရက်


မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးနဲ့ မြင်းခြံမြို့ နယ်ထဲက ရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ ပြည်သူပိုင် အိမ်တွေကို မီးရှို့ဖျက်ဆီးရုံတင်မဟုတ်ဘဲ ပြည်သူတွေပိုင်တဲ့  ဆန်စပါး၊ဆီနဲ့ စားသောက်ကုန်တွေကိုပါ လူမဆန်စွာ ဖျက်ဆီး သွားတယ်လို့ Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။


အဲဒီစစ်အုပ်စုဟာ နွားထိုးကြီးနယ်က ရတံစိုးရွာ၊ မာန်လည်ရွာ၊ ကျောက်ဆည်ရွာ၊ သဲတောရွာ၊ လက်ဝဲရွာ၊ ချင်းယားရွာ၊ ကံယားရှည်ရွာ၊ လက်သစ်ပုဂံရွာ၊ မြင်းခြံမြိုနယ်က ကံဆင့်တောင်ရွာ မြောက်ရွာ၊ ဗလုံကျေးရွာတွေက ပြည်သူပိုင်အိမ် အမြောက်များ မီးရှို့ဖျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


ဒါ့အပြင် ပြည်သူတွေပိုင်တဲ့ ဆန်စပါး၊ ဆီနဲ့ စားသောက်ကုန်တွေကို စားသုံးလို့မရအောင် ရေတွင်း ရေကန်တွေထဲ သွန်ချ ခဲ့တာ၊ မြေပြင်မှာဖြန့်ကြဲပြီး ဒီဇယ်တွေ လောင်းချခဲ့တာနဲ့ စစ်ကြောင်းဝင်တဲ့ရွာတွေက မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ မိခင်နဲ့ကလေးငယ်တွေကိုပါ မီးရှို့သတ်ဖြတ်ကာ အလောင်းတွေကို စွန့်ပြစ်ခဲ့တာ စတာတွေကို လူမဆန်စွာကျူးလွန်ခဲ့ကြ တယ်လို့ အသိပေးပါတယ်။


အခုလို လူမဆန်တဲ့ ရာဇဝတ်မှုတွေကို ဩဂုတ်လ ၁ဝ ရက်ကနေ ၂၄ ရက်နေ့အတွင်း ကျူးလွန်ခဲ့တာလို့လည်း ပြောပါတယ်။


အဲဒီအကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းတွေဟာ လက်နက်ကြီးပစ်ကူတွေ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ကြောင်းထိုး နေတဲ့အတွက် မြင်းခြံခရိုင်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတွေ၊ ပကဖတွေနဲ့ မဟာမိတ်တပ်တွေနဲ့ နေ့စဥ် ရင်ဆိုင် တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩၃။မိုးကုတ်မြို့ကို စစ်တပ်က ထပ်ပြီးဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားတဦးဒဏ်ရာရပြီး အိမ် လုံး ပျက်စီး


သြဂုတ်လ (၂၆)ရက်


မန္တတိုင်းအတွင်း TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်တပ်က ထပ်ပြီးဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားတဦး ဒဏ်ရာရပြီး အိမ် လုံး ပျက်စီးသွားတယ်လို့ TNLA ဘက်က ဒီနေ့ ဩဂုတ်လ ၂၆ မှာ အတည်ပြု ထုတ်ပြန်ပါတယ်။

တအာင်း တပ်မဟာ နယ်မြေဖြစ်တဲ့ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး လုံး လာရောက်ကြဲချတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူတဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

မိုးကုတ်မြို့နယ် စည်ပင်သာယာရပ်ကွက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်တပ်က မနေ့ည ၁၀ နာရီ ၅၅ မိနစ်အချိန် မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အိမ် လုံးလည်း ပျက်စီးခဲ့ရတယ်လို့ အသိပေးပါတယ်။

ဒေသနေပြည်သူတွေအဆိုအရ အကြမ်းဖက်စစ်တပ်ဟာ စည်ပင်သာယာ မင်းတံတား နယ်နမိတ်အနီး ရပ်ကွက်အတွင်းကို ဗုံး လုံးကြဲချသွားတာလို့ သိရပါတယ်။

မိုးကုတ်မြို့နယ်မှာ အခု ဩဂုတ်လအတွင်း တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်တပ်က ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်နေတာလို့ ဒေသနေပြည်သူတွေက ဆိုပါတယ်။

 အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ် ရက်နေ့မှာ တကြိမ်၊ ၁၀ ရက်နေ့မှာတကြိမ်၊ ၁၄ ရက်နေ့မှာတကြိမ်၊ ၁၇ ရက်နေ့မှာ တကြိမ်၊ ၁၈ ရက်နေ့မှာတကြိမ် စုစုပေါင်း ကြိမ်မှာ ဗုံး ၁၁ လုံး ကြဲချတိုက်ခိုက်တာကြောင့် အခုတိုက်ခိုက်မှုဟာ ဒီလထဲမှာ ကြိမ်မြောက်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် သာမဏေ ပါး၊ ကလေးငယ် ဦး၊ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၇ ဦး သေဆုံးခဲ့ရပြီး သာမဏေတပါး၊ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူပိုင် အိမ် ၃၃ အိမ်၊ ဘုန်းကြီးကျောင်း ကျောင်း၊ ကား စီးနဲ့ ဆိုင်ကယ် စီး ဗုံးစထိမှန်ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒါ့ကြောင့် မိဘပြည်သူများအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ဆိုရင် စစ်ရေးသတိ အမြဲရှိဖို့ လိုပြီး လေကြောင်းရန်က ကာကွယ်နိုင်ဖို့အတွက်လည်း လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်ကြဖို့ PSLF/TNLA ဘက်က တိုက်တွန်းထားပါတယ်။


========================


🚩🚩 ⁨⁨၄။ တနင်္သာရီမှာ စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုမှာ ထိခိုက်မှုတွေရှိနိုင်တယ်လို့ မြို့နယ်ပကဖ ပြော


သြဂုတ်လ (၂၆)ရက်


တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ရိက္ခာပို့ယာဉ်တန်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက် ခဲ့ရာမှာ စစ်တပ်ဘက်က ထိခိုက်မှုတွေရှိနိုင်တယ်လို့ မြို့နယ်ပကဖ က ပြောပါတယ်။


မြိတ်မြို့ဘက်ကနေ တနင်္သာရီမြို့ဘက် မောင်းနှင်လာတဲ့ ရိက္ခာတင်ကား စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့ ဩဂုတ်လ ၂၅ ရက် မနက် ၁၁ နာရီ ၁၅ မိနစ်ခန့်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 


အဲဒီ ရိက္ခာတင်စစ်ယာဉ်တန်း ရမ်းဖိုကျေးရွာ ဆီအုန်းကုန်းရောက်ချိန်မှာ မိုင်း လုံးဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။


မိုင်းဆွဲတိုက်ခိုက်ပြီးချိန်မှာ ကားပေါ်မှာပါတဲ့ စစ်သားတွေနဲ့ လမ်းကင်းယူထားတဲ့စစ်သားတွေ ပြန်လည် ပစ်ခတ်တာကြောင့် ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ က အသိပေးပါတယ်။


တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အရေအတွက်ကိုတော့ အတည်ပြုနိုင်တာ မျိုး မရှိသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ရိက္ခာကား၂စီးဟာ ဆက်မောင်းလို့မရတဲ့အတွက် မော်တုန်းအခြေစိုက် ၃၀၆ အမြောက်တပ်ရင်းရှေ့မှာ ကျန်ရစ်ခဲ့ပြီး ကား စီးကတော့ တနင်္သာရီမြို့ဘက် ဆက်မောင်းသွားတယ်လို့ သိရပါတယ်။


ဒီတိုက်ခိုက်မှုကို တနင်္သာရီ ပကဖ -ဇုန် ၃၊ မြိတ် ပကဖနဲ့ ဗိုလ်ခရင်းတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ တနင်္သာရီမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment