28 Sep 2025 - (Ethnic language program-CHO_MΓΌn) by Radio NUG


πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၅ α€…α€€်တင်α€˜ာα€œ ( α‚αˆ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား



πŸ“ŒπŸ“Œ ၁။ α€…α€…်ထုပ်α€…ုα€›ဲ့ α€›ွေးα€€ောα€€်ပွဲ ပြတ်ပြတ်α€žားα€žားတားα€™ြα€…်α€™α€š်α€œို့ချင်းα€Šီα€”ောင်ပြော

 

α€…α€…်ထုပ်α€…ုα€€ ၂၀၂၅ α€’ီဇင်α€˜ာ α‚αˆ စတင်α€€ျင်းα€•α€™α€š့် α€›ွေးα€€ောα€€်ပွဲα€€ို α€™ိα€™ိထိα€”်းချုပ်α€”α€š်α€™ြေထတွင်း တားα€™ြα€…်α€™α€š့်ထချα€€်ထပါထဝင် ထချα€€် ၃ ချα€€်ပါတဲ့ ထုတ်ပြα€”်ချα€€်α€€ိုချင်းα€Šီα€”ောင်α€€ (α€…α€€်တင်α€˜ာ ၂၅ α€›α€€်α€”ေ့) α€€ြေα€Šာα€œိုα€€်ပါα€α€š်။

 

ပြα€Š်α€žူα€œူထုα€›ဲ့ α€žα€˜ောဆန္ဒမပါα€˜ဲ တရားမဝင်α€›ွေးα€€ောα€€်ပွဲα€–α€”်တီးတာα€Ÿာ α€’ီα€™ိုα€€α€›ေα€…ီα€…α€”α€…်α€€ို ဆန့်α€€ျင်ပြီး ပြα€Š်α€žူ့ထာဏာα€€ို ထတင်းထဓမ္α€™ α€›α€šူα€–ို့ α€€ြိုးα€…ားα€”ေတာα€žာ α€–ြα€…်α€α€š်α€œို့ ထုတ်ပြα€”်ထားပါα€α€š်။

 

တရားမဝင်α€›ွေးα€€ောα€€်ပွဲ α€€ျင်းပဖို့α€€ြိုးပမ်းα€”ေစဉ်α€€ာα€œα€‘α€ွင်း ထရပ်α€žားတွေထပေါ် ပစ်α€™ှတ်ထားတို၊α€€်ခိုα€€်တာ၊ α€”ိုင်ငံα€›ေးα€žα€™ားတွေα€€ို ဆက်α€œα€€်α€–α€™်းဆီးချုပ်α€”ှောင်တာ၊ α€…α€…်ထုပ်ချုပ်α€›ေးα€€ြေα€Šာထားတာတွေα€€ြောင့် α€œွတ်α€œα€•်α€™ှုα€”ဲ့ တရားα€™ျှတမှုα€™α€›ှိα€˜ူးα€œို့ချင်းα€Šီα€”ောင်α€›ဲ့ ထုတ်ပြα€”်ချα€€်α€€ ဆိုပါα€α€š်။

 

α€”ိုင်ငံα€›ေးထရ ထွα€€်ပေါα€€်α€›ှာα€œိုတဲ့ α€…α€…်ထုပ်α€…ုα€Ÿာ α€…α€…်ထာဏာα€›ှင်α€…α€”α€…် α€žα€€်ဆိုးα€›ှα€Š်α€–ို့ထတွα€€် α€›ွေးα€€ောα€€်ပွဲα€™α€–ြα€…်α€™α€”ေα€œုပ်α€”ေတာα€–ြα€…်α€žα€œို α€™ိα€™ိတို့ထိα€”်းချုပ်α€”α€š်α€™ြေထဲ α€…α€…်α€€ော်α€™α€›ှင်α€›ဲ့ α€›ွေးα€€ောα€€်ပွဲထတွα€€် ပါဝင်α€€ူα€Šီα€žူα€˜α€š်α€žူ့α€€ိုမဆို ပြတ်ပြတ်α€žားα€žားထရေးα€šူα€™α€š်α€œို့α€œα€Š်းချင်းα€Šီα€”ောင်α€€ ပြောထားပါα€α€š်။

 

α€…α€…်α€€ော်α€™α€›ှင်α€Ÿာ α€›ွေးα€€ောα€€်ပွဲα€€ို ချင်းပြα€Š် α€Ÿားခါး၊ ထန်α€α€œα€”်၊ α€–α€œα€™်း၊ တီးတိα€”်၊ တွα€”်းဇံ၊ α€•α€œα€€်ဝ၊ မင်းတပ်၊ မတူပီα€”ဲ့ α€€α€”်ပက်α€œα€€် α€™ြို့α€”α€š်ထားα€œုံးα€™ှာ α€€ျင်းα€•α€™α€š်α€œို့ ထုတ်ပြα€”်ခဲ့ပါα€α€š်။ α€’ါပေα€™α€š့် ၂၀၂၅ α€…α€€်တင်α€˜ာα€’ုတိα€šα€‘α€•α€်α€™ှာတော့ ၂၀၂၅ α€’ီဇင်α€˜ာ α‚αˆ α€›α€€်α€”ေ့ α€…α€™α€š့်α€›ွေးα€€ောα€€်ပွဲပထမပိုင်းα€™ှာ မင်းတပ်၊ α€•α€œα€€်ဝ၊ မတူပီ၊ α€€α€”်ပက်α€œα€€် ၄ α€™ြို့α€”α€š်တွေ မပါဝင်α€žေးတဲ့ထကြောင်း ထပ်α€™ံထုတ်ပြα€”်ခဲ့ပါα€α€š်။

 

ချင်းပြα€Š် ၉ α€™ြို့α€”α€š်α€›ှိ α€€ျင်α€’ွေး၊ မတူပီ၊ မင်းတပ်၊ α€€α€”်ပက်α€œα€€်၊ α€–α€œα€™်းα€™ြို့တွေα€€ိုချင်းα€Šီα€”ောင်α€€ α€™ြို့α€žိα€™်းတိုα€€်ပွဲ α€–ော်ဆောင်α€”ိုင်ခဲ့ပါα€α€š်။

 

၂၀၂၃ α€’ီဇင်α€˜ာ ၃၀ α€›α€€်α€”ေ့ α€–ွဲ့α€…α€Š်းα€α€Š်ထောင်ခဲ့တဲ့ ချင်းα€Šီα€”ောင်α€™ှာ ချင်းထမျိုးα€žားထဖွဲ့ချုပ် (CNO/ CNDF) ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ်၊ ဇိုα€™ီးα€–α€€်α€’α€›α€š်α€‘α€…α€Š်းထရုံး (ZFU/PDF - Zoland) ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - α€€α€”်ပက်α€œα€€်၊ MRO/ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မတူပီα€”ဲ့ α€™α€›ာα€”α€š်α€™ြေထုပ်ချုပ်α€›ေးα€€ောင်α€…ီ (MTC/MDF) တို့ ပါဝင်ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ CDF – Daai α€α€Š်ထောင်ခြင်း ၄ α€”ှα€…်ပြα€Š့်α€™ှာ ထာα€›α€€္ခတပ်တော်α€”ဲ့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ်α€€ို α€€ျေးဇူးတင်α€€ြောင်း ထုတ်ပြα€”်

 

α€…α€…်α€›ေးထကူα€‘α€Šီပေးတဲ့ ထာα€›α€€္ခတပ်တော်α€”ဲ့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ်တို့α€€ို ထထူးα€€ျေးဇူးတင်α€α€š်α€œို့ CDF – Daai တပ်α€–ွဲ့α€α€Š်ထောင်ခြင်း ၄ α€”ှα€…်ပြα€Š့် (α€…α€€်တင်α€˜ာ ၂၁) α€€ ထုတ်ပြα€”်ပါα€α€š်။

 

CDF – Daai α€–ြα€…်ပေါ်α€œာα€–ို့ ထစောဆုံး α€…α€…်α€žα€„်တန်း ၂ ခုα€€ို ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ်α€€ ပေးခဲ့တာα€œို့ ထုတ်ပြα€”်ထားပါα€α€š်။ α€’ါ့ထပြင် α€…α€…်α€žα€„်တန်း၊ α€œ၊α€€်α€”α€€်ခဲα€šα€™်း၊ α€›ိα€€္ခာα€”ဲ့ α€›ှေ့တန်းα€…α€…်α€™ျα€€်α€”ှာထတွေ့ထကြုံထတွα€€် ထာα€›α€€္ခတပ်တော်α€€ α€œα€€်တွဲခေါ်ပေးα€α€š်α€œို့ CDF – Daai α€€ ဆိုပါα€α€š်။ ထာα€›α€€္ခတပ်တော်α€”ဲ့ CDF – Daai ထကြား α€›ေα€›ှα€Š်α€α€Š်တံ့ခိုင်α€™ြဲတဲ့ α€™α€Ÿာα€™ိတ်ဆက်ဆံα€›ေး ဆက်α€œα€€်α€α€Š်ဆောα€€်α€žွားα€™α€š်α€œို့α€œα€Š်း ထုတ်ပြα€”်ချα€€်α€™ှာ α€–ော်ပြပါα€α€š်။

 

ချင်းပြα€Š်တောင်ပိုင်း မင်းတပ်၊ မတူပီ၊ α€€α€”်ပက်α€œα€€်၊ α€•α€œα€€်ဝ ၄ α€™ြို့α€”α€š်α€™ှာ α€”ေထိုင်တဲ့ α€’ိုင်α€›် (ချင်း) α€™ျိုးα€”ွα€š်α€…ုထားα€œုံးα€€ို α€’ိုင်α€›်α€’ေα€”္တရကောင်α€…ီ (DRC) ထုပ်ချုပ်α€™ှုတခုα€α€Š်းထောα€€်α€™ှာ ထားα€›ှိα€–ို့ α€–ော်ဆောင်α€”ေပြီး ချင်းထမျိုးα€žား၊ ချင်းပြα€Š်α€α€Š်ဆောα€€်α€›ေးတွေα€™ှာ ချင်းတော်α€œှα€”်α€›ေးထင်ထားα€…ုတွေα€”ဲ့ α€œα€€်တွဲပူးပေါင်းα€™α€š်α€œို့ CDF – Daai α€€ ဆိုပါα€α€š်။

 

၄ α€”ှα€…်တာα€€ာα€œα€‘α€ွင်း α€‘α€žα€€်၊ ခန္ဓာပေးα€œှူα€€ြတဲ့ α€›ဲα€˜ော်တွေα€€ို α€œေးα€…ားဂုဏ်ပြုပြီး ပြα€Š်တွင်း၊ ပြα€Š်ပ ပံ့ပိုးα€žူထားα€œုံးα€€ို α€€ျေးဇူးတင်တဲ့ထကြောင်းα€œα€Š်း CDF - Daai ထုတ်ပြα€”်ချα€€်α€™ှာ α€–ော်ပြပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ α€—α€”်းα€™ောα€€်α€™ြို့ α€žိα€™်းပိုα€€်α€€ြောင်း NUG α€€ာα€€ွα€š်α€›ေးဝန်α€€ြီးα€Œာα€” ထမှတ် ၁ α€…α€…်α€’ေα€ž α€€ြေα€Šာ၊ တော်α€œှα€”်α€›ေးα€›ဲα€˜ော် ၆ ဦးα€€ျဆုံး

 

α€…α€…်α€€ိုင်းတိုင်း၊ α€—α€”်းα€™ောα€€်α€™ြို့α€€ို α€žိα€™်းပိုα€€်α€α€š်α€œို့ NUG α€€ာα€€ွα€š်α€›ေးဝန်α€€ြီးα€Œာα€” ထမှတ် ၁ α€…α€…်α€’ေα€žα€€ α€…α€€်တင်α€˜ာ ၂၂ α€›α€€်α€”ေ့ ထုတ်ပြα€”်ပါα€α€š်။

 

α€—α€”်းα€™ောα€€်α€™ြို့α€Ÿာ α€›ှα€™်းα€”ီထမျိုးα€žားတပ်မတော် (SNA) α€”ဲ့ α€…α€…်ထုပ်α€…ု ထိα€”်းချုပ်ထားတဲ့ α€™ြို့α€–ြα€…်α€žα€œို α€…α€€်တင်α€˜ာα€œ (၁၅) α€›α€€်α€™ှ စတင် ထိုးα€…α€…်ဆင်တို၊α€€်ခိုα€€်ခဲ့ပြီး α€…α€€်တင်α€˜ာα€œ (၂၀) α€›α€€်α€”ေ့ ထောင်α€™ြင်α€…ွာ α€žိα€™်းပိုα€€်α€”ိုင်ခဲ့တာα€œို့ ပြောပါα€α€š်။

 

α€—α€”်းα€™ောα€€်α€™ြို့α€žိα€™်းတို၊α€€်ပွဲထတွင်း α€›ဲα€˜ော် ၆ ဦး α€™ြင့်α€™ြတ်α€…ွာ α€€ျဆုံးခဲ့ပြီး α€›ဲα€˜ော် ထချို့ ထိခိုα€€်ဒဏ်α€›ာα€›α€›ှိα€α€š်α€œို့α€œα€Š်း ထမှတ် ၁ α€…α€…်α€’ေα€žα€€ ထုတ်ပြα€”်ထားပါα€α€š်။



#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment