၂၀၂၅ စက်တင်ဘာလ ၆ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ စက်တင်ဘာလ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ရခိုင့်တပ်တော်က ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁩၂။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ အများပြည်သူ အချိန်နဲ့တပြေးညီသိအောင် ထုတ်ပြန်ပေးဖို့ အပါအဝင် အချက် ချက် မြန်မာနိုင်ငံရှေ့နေများကောင်စီ တောင်းဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨၃။ ဒေသအလိုက် CDM စုဖွဲ့မှုများ ပေါ်ပေါက်လာစေရေးလွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း" ဖြစ်မြောက်ရေးကော်မတီ နှင့် ကရင်နီပြည် CDM နိုင်ငံ့ဝန်ထမ်းကောင်စီ တို့ တွေ့ဆုံဆွေးနွေး

📌 ⁨⁨⁨⁨⁨⁨⁨⁨၄။ စစ်ဘေးရှောင်ပြည်သူများ အကူအညီပေးရေး အစီအစဥ် စတင်နေပြီလို့ ပြည်သူ့ညီညွတ်ရေးတပ်ဦး ကြေညာ 

📌 ⁨⁨⁨⁨⁨⁨⁨⁨၅။ ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ Bangkok Cycle Industrial Co,Ltd တွင် အလုပ်လုပ်နေသော အလုပ်သမားများ (၁၈) ဦး အလုပ်မှထုတ်ခံရသဖြင့် တိုင်ကြားလာသည့်အတွက် သွားရောက်ကူညီဖြေရှင်းပေးခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨၆။ SDB အကောင့်ထဲကို SDB RM များ မှတဆင့် ငွေသွင်း၊ ငွေထုတ် ပြုလုပ်ရာမှာ အလိမ်အညာ မမိစေဖို့သက်ဆိုင်ရာ RM များကိုသာ ကိုယ်တိုင်ချိတ်ဆက် လုပ်ကိုင်ရန် နွေဦးဖွံဖြိုးရေးSDBဘဏ် အသိပေးကြေညာ

📌 ⁨⁨⁨⁨⁨⁨⁨⁨၇။ ကျိုက်ထိုတော်လှန်ရေးအင်အားစု (K.R.F) မှ တော်လှန်‌ရေးတာဝန် ထမ်းဆောင်ရန် ရဲဘော်သစ်များ ခေါ်ယူ


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ချောက်မြို့က ခလရ ၁၃ နဲ့ စလေမြို့မှာရှိတဲ့ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၃၅ ဦးသေဆုံး 

🚩၂။ ရေဖြူမြို့နယ် ဆယ်အိမ်စုရွာကထွက်လာတဲ့ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှုမှာ စစ်သား ဦးသေဆုံး 

🚩 ⁨⁨၃။ အရာတော်မြို့နယ်က အများပြည်သူအသုံးပြုတဲ့လမ်းမှာ စစ်တပ်က နင်းမိုင်းတွေထောင်ထား

🚩၄။ငဖဲမြို့နယ်အတွင်း နာရီကြာဖြစ်တဲ့တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်သားတွေ လက်နက်ခဲယမ်းတွေထားပြီး ထွက်ပြေး

🚩၅။ရန်ကုန်မှာ ဩဂုတ်လအတွင်း စစ်အုပ်စုရဲ့ဖမ်းဆီးတာ ခံရတဲ့သူ ၁၆၀ ကျော်ရှိ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ရခိုင့်တပ်တော်က ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ပြော


စက်တင်ဘာ ၆ရက်


ရခိုင့်တပ်တော်က စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ အွန်လိုင်းကနေ တွေ့ဆုံခဲ့တဲ့အကြောင်း လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်လင်း ခေါ် Kim Aris က ဒီနေ့ စက်တင်ဘာ ရက်မှာ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ 


ဖက်ဒရယ်မြန်မာပြည်အတွက် ညီညွတ်ခိုင်မာသော အင်အားလို့ ခေါင်စဉ်ပေးပြီး Kim Aris က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာ ကနေ အသိပေးလာတာဖြစ်ပါတယ်။


ဘယ်နေ့ကတွေ့တယ်ဆိုတာ အတိအကျပြောမထားပေမယ့် မကြာသေးခင်ကမှ အွန်လိုင်းကတင့် တွေ့ဆုံခဲ့တာလို့ နားလည် ရပါတယ်။ 


ဒီလိုတွေ့ဆုံရာမှာ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်က မေမေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်။ မေမေနဲ့နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက် နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်လို့ Kim Aris က ဆိုပါတယ်။


သူအနေနဲ့လည်း ကိုထွန်းမြတ်နိုင်နဲ့ သူ့တပ်ဖွဲ့တွေ အချိန်တိုအတွင်းမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို အင်မတန်ချီးကျူး ဂုဏ်ပြုမိကြောင်း ပြောခဲ့တယ်လို့လည်း Kim Aris ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ 


ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆီကနေ ရခိုင်ပြည်သူတွေကြုံတွေ့နေရတဲ့ ပဋိပက္ခတွေနဲ့ စစ်ဘေးရှောင်နေချိန်မှာ ရင်ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ပိုပြီးသိရှိနားလည်ခဲ့ရပြီး သူတို့ရဲ့ ကြံ့ကြံ့ခံတဲ့ ဇွဲရှိသည်းခံမှုတွေဟာ မြန်မာနိုင်အနှံ့မှာ အတူတကွ လက်တွဲလုပ်ဆောင်မှု အင်မတန်လိုအပ်တယ်ဆိုတာ သတိပေးနေတယ်လို့ မြင်ပါတယ်လို့လည်း မှတ်ချက်ပြုထားပါတယ်။


ဒီတွေ့ဆုံမှုကနေ သူနှစ်ဦး ယုံကြည်ရတဲ့မိတ်ဆွေတွေ အနေနဲ့ရှိဖို့၊ တဦးကို တဦး ပံ့ပိုးကူညီဖို့၊ လူတိုင်း ဂုဏ်သိက္ခာရှိစွာနဲ့ ငြိမ်းချမ်းစွာနေထိုင်နိုင်မယ့် ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်လာအောင် ဆက်လက် ကြိုးပမ်းသွားဖို့ သဘောတူခဲ့ကြ တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်လင်း ခေါ် Kim Aris က အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁩၂။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ အများပြည်သူ အချိန်နဲ့တပြေးညီသိအောင် ထုတ်ပြန်ပေးဖို့ အပါအဝင် အချက် ချက် မြန်မာနိုင်ငံရှေ့နေများကောင်စီ တောင်းဆို


စက်တင်ဘာ ၆ရက်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို အများပြည်သူ အချိန်နဲ့တပြေးညီသိအောင် ထုတ်ပြန်ပေးဖို့ အပါအဝင် အချက် ချက်ကို မြန်မာနိုင်ငံရှေ့နေများကောင်စီက စစ်အုပ်စုကို တောင်းဆိုလိုက်ပါတယ်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် လူထုခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျဉ်းထောင် အတွင်း ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီက ဥပဒေနဲ့အညီ ဒီနေ့ စက်တင်ဘာ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်တာဖြစ်ပါတယ်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းပြီး ပြစ်ဒဏ်ချမှတ်ထားတာဟာ ဥပဒေနဲ့ မညီဘူးလို့ မြန်မာနိုင်ငံရှေ့နေများကောင်စီက အခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။ 

လက်ရှိအချိန်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အသက် ၈ဝ အရွယ်ကိုရောက်ရှိနေပြီး သူ့ရဲ့ နှလုံးရောဂါ ဝေဒနာ ပြင်းထန်စွာခ့စားနေရပေမယ့် ဧည့်တွေ့ခွင့်၊ ပြင်ပနဲ့ ဆက်သွယ်ခွင့်လုံးဝမရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် သူမအနေနဲ့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရတယ် မရဘူးဆိုတာ ဘယ်သူမှ မသိနိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီက ပြောပါတယ်။

ဘယ်လိုပဲဖြစ်နေပါစေ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့် အရေးဆိုင်ရာ သဘောတူစာချုပ်၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတို့မှာ နိုင်ငံသားတယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အတိအကျ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၃၇ - အရလည်း အကျဉ်းသားတဦး ကျန်းမာရေးမကောင်းဘူးဆိုရင် သူရဲ့ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ချက်ခြင်း၊ လုံလောက်တဲ့ ဆေးကုသခွင့်ပေးရမယ်ဆိုတာ အကျဉ်းထောင်တာဝန်ရှိ သူတွေ မဖြစ်မနေလိုက်နာရမယ်လို့လည်း ထောက်ပြထားပါတယ်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် လူထုခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေ အနေဟာ စိုးရိမ်ရတဲ့အခြေအနေဖြစ်တာကြောင့် သူမရဲ့ မိသားစုဝင် ဒါမှမဟုတ် ရှေ့နေနဲ့ အမြန်ဆုံးတွေ့ဆုံခွင့်ပေးဖို့၊ လုံလောက်တဲ့ ဆေးကုသမှုတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးဖို့၊ သူမရဲ့ ကျန်းမာရေးအခြေအနေကို အချိန်နဲ့ တပြေးညီ အများပြည်သူသိအောင် ထုတ်ပြန်ပေးဖို့၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူတွေတောင်းဆိုလာရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ စတဲ့ အချက် ချက်ကို မြန်မာနိုင်ငံရှေ့နေများကောင်စီက ဥပဒေနဲ့အညီ တိုက်တွန်း တောင်းဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၃။ ဒေသအလိုက် CDM စုဖွဲ့မှုများ ပေါ်ပေါက်လာစေရေးလွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း" ဖြစ်မြောက်ရေးကော်မတီ နှင့် ကရင်နီပြည် CDM နိုင်ငံ့ဝန်ထမ်းကောင်စီ တို့ တွေ့ဆုံဆွေးနွေး


စက်တင်ဘာ၆ရက်


"လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း" ဖြစ်မြောက်ရေးကော်မတီသည် ဒုတိယအကြိမ် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံမှ ပေးအပ်ထမ်းဆောင်စေသော တာဝန်ဝတ္ထရားများအနက်မှ ဒေသအလိုက် CDM စုဖွဲ့မှုများ ပေါ်ပေါက်လာစေရေး၊ လွှမ်းမိုးမရှိ ပံ့ပိုးကူညီရေး နှင့် ဖြစ်ပေါ်အားကောင်းပြီးသော ဒေသအလိုက်စုဖွဲ့မှုများနှင့် တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းစဥ်များကို အင်အားစိုက်ထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့သတင်းထုတ်ပြန်ပါတယ်။


အထက်ပါ တာဝန်ပေးအပ်ချက်အရ ဖြစ်ပေါ်အားကောင်းပြီးသော "ကရင်နီပြည် CDM နိုင်ငံ့ဝန်ထမ်းကောင်စီ " နှင့်  စက်တင်ဘာလ () ရက်နေ့တွင် စတင် တွေ့ဆုံခဲ့ကြပါတယ်။


ထိုတွေ့ဆုံမှုတွင် ဖြစ်မြောက်ရေးကော်မတီမှနေ၍ ဒုတိယအကြိမ် နိုင်ငံ့လုံးဆိုင်ရာ CDM နိုင်ငံ့ဝန်ထမ်းထု ညီလာခံမှတဆင့် ပေးအပ်လိုက်သော လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြခြင်း နှင့် ဆက်လက်လုပ်ဆောင်နေသည်များကို မျှဝေခြင်း ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးခဲ့ပြီး ကရင်နီပြည် CDM နိုင်ငံ့ဝန်ထမ်းကောင်စီဘက်မှ အောက်ခြေမှ စတင်စုဖွဲ့၍ CDM နိုင်ငံ့ဝန်ထမ်းများအားလုံးပါဝင်နိုင်သော စုဖွဲ့မှုထိ ဖြစ်လာနိုင်အောင် ကြိုးပမ်းအားထုတ်ခဲ့ရပုံများနှင့် လက်ရှိCDM နိုင်ငံ့ဝန်ထမ်းများကို ကူညီပံ့ပိုးနေမှုများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး နှစ်ဖက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၄။ စစ်ဘေးရှောင်ပြည်သူများ အကူအညီပေးရေး အစီအစဥ် စတင်နေပြီလို့ ပြည်သူ့ညီညွတ်ရေးတပ်ဦး ကြေညာ 


စက်တင်ဘာ ၆ရက်


ဧရာဝတီ၊ မကွေး၊ပဲခူးတိုင်းအနောက်ခြမ်းနဲ့ ပြည်သူ့ညီညွတ်ရေးတပ်ဦးတည်ရှိရာ လူမျိုးစုဒေသတွေက စစ်ဘေးရှောင် ပြည်သူတွေကို အကူအညီပေးမယ့်အစီအစဥ် စတင်နေပြီလို့ ပြည်သူ့ညီညွတ်ရေးတပ်ဦးက ဒီနေ့ စက်တင်ဘာ ရက်မှာ ကြေညာလိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အရပ်သားပြည်သူတွေအပေါ် ထိုးစစ်ဆင် တိုက်ခိုက်တာတွေ အရှိန်မြင့်လာတာနဲ့အမျှ စစ်ဘေးဒဏ်ခံနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ များလာပြီး အကူအညီတွေ လိုအပ်လာတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူ့ညီညွတ်ရေးတပ်ဦးလှုပ်ရှားရာဒေသတွေက စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနိုင်ဖို့ လိုအပ်တာတေါ ဖြည့်တင်းနိုင်ဖို့ ပြည်သူ့ညီညွတ်ရေးတပ်ဦး လူထုကူညီရေးလုပ်ငန်းဌာန၊ ဧရာဝတီလူငယ်များသမဂ္ဂ - AYU ပြည်သူ့ဝန်ထမ်း များသမဂ္ဂ - PSU လူမျိုးပေါင်းစုံဒီမိုကရက်တစ်လူငယ်အဖွဲ့ချုပ် - ANYLD တို့ ပူးပေါင်းပြီး စစ်ဘေးရှောင်ပြည်သူများ ကူညီပေးရေးအစီအစဉ်ကို စတင်လိုက်တာလို့ အဲဒီအဖွဲ့တွေက ကြေညာထားပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဖက်စစ် တပ်တွေ စစ်ကြောင်းထိုးတာ၊ လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တဲ့အန္တရာယ်တွေကို ရှောင်ရှားနေရတဲ့ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ပဲခူးတိုင်း အနောက်ခြမ်းနဲ့ ပြည်သူ့ညီညွတ်ရေးတပ်ဦးတည်ရှိရာ လူမျိုးစုဒေသတွေက စစ်ဘေးရှောင် ပြည်သူတွေကိုသာ ကူညီ ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ 

စစ်ဘေးရှောင်ပြည်သူများ ကူညီပေးရေးအစီအစဉ် လုပ်ငန်းအဖွဲ့ For Our Peoples အနေနဲ့ စစ်ဘေးရှောင်ပြည်သူများ ကူညီရေးနဲ့ဆိုင်တဲ့ ကမ်ပိန်းတွေ၊ ရံပုံငွေရှာဖွေရေးအစီအစဉ်တွေ လုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပမှာ ရှိတဲ့ လူမျိုးပေါင်းစုံ ပြည်သူလူထုအနေနဲ့ တက်နိုင်သမျှ ကူညီထောက်ပံ့ပေးကြဖို့ ဒီအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၅။ ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ Bangkok Cycle Industrial Co,Ltd တွင် အလုပ်လုပ်နေသော အလုပ်သမားများ (၁၈) ဦး အလုပ်မှထုတ်ခံရသဖြင့် တိုင်ကြားလာသည့်အတွက် သွားရောက်ကူညီဖြေရှင်းပေးခဲ့


စက်တင်ဘာ ၆ရက်


ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ Bangkok Cycle Industrial Co,Ltd တွင် အလုပ်လုပ်နေသော အလုပ်သမားများ (၁၈) ဦးသည် ဘိုင်ကျန့်အော်သေသွား၍ အထောက်ထားမစုံတော့ဟုဆိုကာ အလုပ်မှထုတ်ပယ်ခံလိုက်ရသည့်အတွက်  ကူညီဆောင်ရွက်ပေးပါရန် တိုင်ကြားလာမှုအပေါ် အမျိုးသာညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူနှင့် MHAC မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များသည် အလုပ်သမားများအား သွားရောက်တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။


 ဖြစ်စဉ်အား သေချာစစ်ဆေးမေးမြန်းခဲ့ရာ အလုပ်သမားများမှာ အလုပ်စဝင်ကတည်း က အလုပ်ရှင်ပြောင်းခြင်း(ကျန့်ခေါက်)လုပ်ရန် စက်ရုံစာရေးမထံသို့ တစ်ဦးလျှင် ဘတ် (၃၀၀၀)နူန်းဖြင့် ပေးသွင်းခဲ့ပြီးဖြစ်သော်လည်း ဆောင်ရွက်ပေးခြင်းမရှိ၍ ဇူလိုင်၁၅ ရက်တွင် ဘိုင်ကျန့်အော် သေသွားပြီး work Permit သက်တမ်းတိုးမရဖြစ်ခဲ့သဖြင့် အထောက်ထားမစုံတော့ရာ စက်ရုံသူဌေးဖြစ်သူမှ  အလုပ်မဆင်းခိုင်းတော့ဘဲ အလုပ်ထုတ်လိုက်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ဆိုပါတယ်။


အဆိုပါဖြစ်စဥ်အား နခွန်ပထုန်၊ ဆာဝါဒီကန်ရုံးတွင် အမှုဖွင့်တိုင်ကြားပေးခဲ့ပြီး ဆက်လက်၍ ဇူလိုင်၂၅ရက်နေ့၌ ကျန်ဟာငန်ရုံးတွင် work Permit သက်တမ်းတိုးနိုင်ရေး အလုပ်ရှင်အား အမှုဖွင့်တိုင်ကြားပေးခဲ့ပါတယ်။


သြဂုတ်လ၂၅ရက်တွင် နခွန်ပထုန် ဆာဝါဒီကန်ရုံး၌  အလုပ်ရှင်သူဌေးနှင့် စာရေးမတို့မှ ကျန့်ခေါက်ကြေး ဘတ် (၅၄၀၀၀)စီအား အလုပ်သမားလက်ဝယ်ထံသို့ပေးချေခဲ့ပြီး  စက်ရုံမှ အလုပ်သမားများအာ အလုပ်မှထုတ်ပယ်လိုက်ခြင်းအတွက် အလုပ်ထုတ်နစ်နာကြေး ဘတ် (၈၇,၀၄၈) ကိုလည်း စက်တင်ဘာ၃ရက်တွင်ပေးခဲ့သဖြင့် အလုပ်သမားများရပိုင်ခွင့်ရှိသည့် ငွေကြေးစုစုပေါင်း ဘတ် (၁၄၁,၀၄၈) တိတိ ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၆။ SDB အကောင့်ထဲကို SDB RM များ မှတဆင့် ငွေသွင်း၊ ငွေထုတ် ပြုလုပ်ရာမှာ အလိမ်အညာ မမိစေဖို့သက်ဆိုင်ရာ RM များကိုသာ ကိုယ်တိုင်ချိတ်ဆက် လုပ်ကိုင်ရန် နွေဦးဖွံဖြိုးရေးSDBဘဏ် အသိပေးကြေညာ


စက်တင်ဘာ ၆ရက်


SDB အကောင့်ထဲကို SDB RM များ မှတဆင့် ငွေသွင်း၊ ငွေထုတ် ပြုလုပ်ရာမှာ အလိမ်အညာ မမိစေဖို့သက်ဆိုင်ရာ RM များကိုသာ ကိုယ်တိုင်ချိတ်ဆက် လုပ်ကိုင်ရန် နွေဦးဖွံဖြိုးရေးSDBဘဏ်မှ အသိပေးကြေညာပါတယ်။


မိမိရဲ့ SDB အကောင့်ထဲကို SDB RM များ တဆင့် ငွေသွင်း၊ ငွေထုတ် ပြုလုပ်ရာမှာ အလိမ်အညာ မမိစေဖို့ အတွက် သတ်မှတ်ချက်များကို အထူးသတိပြု၍ လိုက်နာဖို့ စက်တင်ဘာလအတွင်းနွေဦးဖွံဖြိုးရေးSDBဘဏ်က သတိပေးဆိုပါတယ်။


 နွေဦးဘဏ်အကောင့် > Deposit > Browse RM List ကို နှိပ်ပြီး နိုင်ငံအလိုက်ဖြစ်စေ၊ Social Media အလိုက်ဖြစ်စေ ရွေးချယ်ပြီး သက်ဆိုင်ရာ RM များကိုသာ ကိုယ်တိုင်ချိတ်ဆက်ပြီး ငွေသွင်းဖို့ကို အဓိကတိုက်တွန်းထားပါတယ်။


"SDB RM တွေကို RMစာရင်းထဲမှာသေချာရှာရင်သူ့သက်ဆိုင်ရာနိုင်ငံအလိုက်RM တွေရှိပါတယ်။ငွေသွင်း၊ငွေထုတ်မယ်ဆိုရင်အရင်ဆုံးRMကိုဆက်သွယ်အတည်ပြုတာပိုကောင်းပါတယ်"လိူ့SDBဘဏ်အသုံးပြုသူတဦးကလည်းဆိုပါတယ်။


 SDB RM အကောင့်မှန်လျှင် username ကို send button မှာ ရိုက်ထည့်ပါက "# Verified RM" ဖြစ်ကြောင်း တွေ့နိုင်မှာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၇။ ကျိုက်ထိုတော်လှန်ရေးအင်အားစု (K.R.F) မှ တော်လှန်‌ရေးတာဝန် ထမ်းဆောင်ရန် ရဲဘော်သစ်များ ခေါ်ယူ


စက်တင်ဘာ ၆ရက်


ကျိုက်ထိုတော်လှန်ရေးအင်အားစု (K.R.F) မှ တော်လှန်‌ရေးတာဝန် ထမ်းဆောင်ရန် ရဲဘော်သစ်များ ခေါ်ယူနေတယ်လို့ စက်တင်ဘာ၆ရက်မှာ သတင်းထုတ်ပြန်ပါတယ်။


"ကျွန်ုပ်တို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (K.R.F) မှ တော်လှန်‌ရေးတာဝန် ထမ်းဆောင်ရန် ရဲဘော်သစ်များ ခေါ်ယူနေပါတယ်။စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် လာရောက်ပူးပေါင်းတိုက်ပွဲဝင်ကြရန် ဖိတ်ခေါ်လိုပါတယ်"လို့ဆိုပါတယ်။


တော်လှန်ရေးအတွက် ကျိုက်ထိုတော်လှန်ရေးအင်အားစု (K.R.F) တွင် တာဝန်ထမ်းဆောင်လိုသော ရဲဘော်သစ်များအနေဖြင့် အသက် (၁၈)နှစ်မှ (၃၅)နှစ်အတွင်းကျန်းမာရေးကောင်းမွန်ပြီး ရာဇဝတ်ပြစ်မှုများ ကင်းရှင်းသူ၊တပ်ဖွဲ့မှ ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများအတိုင်း လိုက်နာနေထိုင်နိုင်သူဖြစ်ရမယ်လို့ဆိုပါတယ်။ထို့အပြင်အထက်မှ ပေးအပ်သောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူလည်းဖြစ်ရမယ်လို့ဖော်ပြပါတယ်။

အသေးစိတ်မေးမြန်းလိုပါက Facebook Page Messenger တွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့ Kyaikhto Revolution Force (K.R.F)ကဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================




🚩🚩၁။ချောက်မြို့က ခလရ ၁၃ နဲ့ စလေမြို့မှာရှိတဲ့ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၃၅ ဦးသေဆုံး 


စက်တင်ဘာ ၆ရက်


မကွေးတိုင်းထဲက ချောက်မြို့မှာရှိတဲ့ ခလရ ၁၃ နဲ့ စလေမြို့မှာရှိတဲ့ ခမရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးတွေနဲ့  ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၃၅ ဦးသေဆုံးသွားတယ်လို့ မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်တဲ့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးက ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာ ရက် နာရီ ၄၅ မိနစ်မှာ ချောက်မြို့အခြေစိုက် တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၃ ကို ရှော့တိုက်ဒုံး - Short Range Missile လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့တာကြော့် အကြမ်းဖက် စစ်သား ၂၀ ဦး ထက်မနည်သေဆုံးကာ အများအပြား ဒဏ်ရာရသွားတာကြောင့် လူနာတင်ယာဉ်တွေနဲ့ သယ်သွားတယ်လို့ ဆိုပါတယ်။


ဒါ့အပြင် ခလရ -၁၃ ကို ရောက်နေတဲ့ ပေါက်မြို့ကနေ ရိက္ခာပို့ယာဉ် အစီး ၉၀ အနက် အချို့သောယာဉ်တွေ ထိမှန် ပျက်စီး သွားခဲ့ပြီး မောင်းလို့ရတဲ့ ကားတွေ ညတွင်း ချင်း ကျောက်ပန်း‌တောင်းမြို့ဘက် သုတ်ခြေတင်မောင်းနှင်သွားတယ်လို့ အသိပေးပါတယ်။


စလေမြို့အခြေစိုက် ခမရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံး လုံး ပစ်ခတ်ခဲ့ရာ လုံး ချို့ယွင်းသွားပေမယ့် လုံးကတော့ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့တာကြောင့် အကြမ်းဖက်စစ် ၁၅ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရသွားတယ်လို့ မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

  

ဒီတိုက်ခိုက်မှု ခုမှာ သေဆုံးသွားတဲ့ အကြမ်းဖက်စစ်သား ၃၅ ဦးအပါအဝင် ဒဏ်ရာသူတွေနဲ့ဆိုရင် ၇ဝ ကျော်ရှိပြီး သေဆုံးသွားသူတွေကိုတော့ ညတွင်းချင်း ခိုးကြောင် ခိုးဝှက်နဲ့ မြေမြှုပ်သင်္ဂြိုလ်လိုက်တယ်လို့လည်း ဆိုပါတယ်။


ချောက်မြို့မှာရှိတဲ့ ခလရ ၁၃ နဲ့ စလေမြို့မှာရှိတဲ့ ခမရ ၄၁၆ တပ်ရင်းကို မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ဖြစ်တဲ့ သိန်းငှက်နက်ဆိပ်ဖြူ တော်လှန်ရေးတပ်ဦးနဲ့ ချောက် သခင်ဖိုးလှကြီးတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ရဲဘော်တွေ အထိ အခိုက်မရှိဘူးလို့ သိရပါတယ်။


========================


🚩🚩၂။ ရေဖြူမြို့နယ် ဆယ်အိမ်စုရွာကထွက်လာတဲ့ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှုမှာ စစ်သား ဦးသေဆုံး 


စက်တင်ဘာ ၆ရက်


တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဆယ်အိမ်စုရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က ဦးသေဆုံးသွားတယ်လို့ Kanbauk Defense Force က ထုတ်ပြန်ထားပါတယ်။

ရေဖြူမြို့နယ် ဆယ်အိမ်စုရွာက ထွက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနဲ့ ပတ်ကင်းထွက်လာတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ ဩဂုတ်လ ၂၉ ရက်နေ့ မနက် နာရီခွဲအချိန်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒီပွဲဟာ နာရီဝက်လောက်သာ ကြာခဲ့ပေမယ့် အကြမ်းဖက် စစ်တပ်ဘက်က ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Kanbauk Defense Force က အသိပေးပါတယ်။

တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ စစ်တပ် စစ်ကြောင်းဟာ ပွိုင့် တပ်ဆင်‌ထားတဲ့ ကား စီးနဲ့အတူ အင်အား ထပ်ဖြည့်ပြီး ဆယ်အိမ်စုရွာနဲ့ တောင်ရင်းအင်းရွာကို ဝင်ရောက်စီးနင်းပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းတွေကို  ကားတွေနဲ့ တင်ဆောင်သွားတယ်လို့ သိရပါတယ်။

အဲဒီ အကြမ်းဖက် စစ်တပ် စစ်ကြောင်းဟာ တောင်ရင်းအင်းရွာကို ရိက္ခာဝင်ယူတဲ့ စစ်ဘေးရှောင် ရွာသား ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် တောင်ရင်းအင်း၊ ဖားချောင်း၊ ဆယ်အိမ်စု စတဲ့ရွာတွေက ဒေသနေပြည်သူတွေ လက်ရှိ အချိန်ထိ စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။ 

ဆယ်အိမ်စုရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒေါနစစ်ကြောင်း - (KBDF) ဒေါနတပ်ခွဲ - (ဝေဟင်တပ်ဖွဲ့) ဒေါနတပ်ခွဲ - (LPF) ဗထူးတပ်မတော် (BHA) ရေဖြူမြို့နယ် .က. နဂါးနီပျောက်ကျားတပ်ဖွဲ့၊ ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF) ဇင်ယော်တပ်ဖွဲ့၊ ရာမညမွန်တပ်တော် (RMA) KNLA တပ်မဟာ - တပ်ရင်း - ၂၇ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရေဖြူမြို့နယ် ဆယ်အိမ်စုကျေးရွာအနီးမှာ ဩဂုတ်လ ၂၈ ရက်နေ့တုန်းကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ် စစ်ကြောင်း နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ခဲ့တာရှိပြီး အကြမ်းဖက်စစ်တပ်ဘက်က စစ်သား ၃ဝ ထက်မနည်း သေဆုံးပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော်တဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပါတယ်။


========================


🚩🚩 ⁨⁨၃။ အရာတော်မြို့နယ်က အများပြည်သူအသုံးပြုတဲ့လမ်းမှာ စစ်တပ်က နင်းမိုင်းတွေထောင်ထား


စက်တင်ဘာ ၆ရက်


စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က အများပြည်သူအသုံးပြုနေတဲ့လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်က နင်းမိုင်းတွေ ထောင်ထားခဲ့တယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အရာတော်မြို့နယ် ကမ်းဖြူရွာနဲ့ မနောယမကျေးရွာကိုသွားတဲ့လမ်းပိုင်းမှာ စစ်တပ်ကထောင်ထားတဲ့မိုင်းတွေကို ပြည်စူ့ ကာကွယ်ရေးတပ်ဖွဲ့က မနေ့ စက်တင်ဘာ ရက်မှာ စတွေ့တာလို့ ဆိုပါတယ်။

အရာတော်မြို့ကနေထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတခု ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ ကမ်းဖြူရွာမှာ အခြေချပြီး ပတ်ဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးခဲ့ပြီး ၁၈ ရက်နေ့မှာ အရာတော်မြို့တွင်းကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်။ 

အဲဒီစစ်ကြောင်း အရာတော်မြို့တွင်းပြန်ချိန်မှာ အကြမ်းဖက်စစ်သားတွေက အများပြည်သူ ထိခိုက်စေလို့တဲ့ရည်ရွယ်ချက်နဲ့ နင်းမိုင်းတွေထောင်ထားခဲ့တာလို့ ဒေသနေသူတွေက ဆိုပါတယ်။

စစ်တပ်ကထောင်ထားတဲ့ မိုင်းတွေ တွေ့ရှိခဲ့တဲ့ လမ်းတလျောက်ကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ဆေးရှင်းလင်း ပေးခဲ့တယ်လို့လည်း အသိပေးပါတယ်။

အများပြည်သူအသုံးပြုတဲ့လမ်းတွေမှာ မိုင်းထောင်တာမျိုးတွေ လုပ်လေ့ရှိတာကြောင့် ပြည်သူလူထုအနေနဲ့ စစ်တပ် စစ်ကြောင်းတွေ ပြန်လည်ဆုတ်ခွာသွားချိန်မှာ အလျှင်စလို ဖြတ်သန်းသွားလာတာမျိုး မလုပ်ကြဖို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။


========================


🚩🚩၄။ငဖဲမြို့နယ်အတွင်း နာရီကြာဖြစ်တဲ့တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်သားတွေ လက်နက်ခဲယမ်းတွေထားပြီး ထွက်ပြေး


စက်တင်ဘာ ၆ရက်


မကွေးတိုင်း ငဖဲမြို့နယ် စွန်တက်ကျေးရွာအနီးမှာဖြစ်ခဲ့တဲ့ နာရီကျော်ကြာတိုက်ပွဲမှာ အထိနာသွားတဲ့ စစ်သားတွေဟာ လက်နက်ခဲယမ်းတွေထားပြီး ထွက်ပြေးသွားတယ်လို့ ရခိုင့်တပ်တော် AA က မနေ့ စက်တင်ဘာ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။ 

ငဖဲမြိုနယ် စွန်တက်ကျေးရွာ အရှေ့မြောက်ဖက် မီတာ ၂၈၀၀ ခန့်အကွာမှာ စက်တင်ဘာ ရက် နေ့လည် ၁၂ နာရီကျော် အချိန်ကဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ စကခ ၁၇ လက်အောက်ခံ ခမရ ၅၇၄ နဲ့ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ ၉၄၄ တပ်ရင်းတို့က စစ်သားတွေပါတဲ့ ပူးပေါင်းစစ်ကြောင်းနဲ့ ရခိုင့်တပ်တော် AA တို့ ထိတွေ့တိုက်ပွဲဟာ နာရီကျော်ကြာတယ်လို့ သိရပါတယ်။ 

ဒီတိုက်ပွဲမှာ စစ်သားတွေ အထိနာသွားပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ကျောပိုးအိတ်တွေ အများအပြားထားခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ AA က ဆိုပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ သူတို့အားသာချက်ဖြစ်တဲ့ လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူ၊ အတန်အသင့် အဆင့်မြင့်တဲ့ ဒရုန်းတွေနဲ့ စစ်အင်အားအများအပြားသုံးပြီး တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့နေရာတွေကို အခုနှစ် မတ်လဆန်း ပိုင်းကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ အောင်မြင်မှု အနည်းငယ်ရခဲ့တာရှိပေမယ့် ရခိုင့်တပ်တော်ရဲ့ ခုခံစစ်နဲ့ တန်ပြန် တိုက်စစ်တွေကြောင့် အလူးအလဲခံရပြီး ခွေးပြေးဝက်ပြေးထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

အကြမ်းဖက်စစ်တပ်ရဲ့ စကခ - ၁၇ အပြင် စကခ ၁၄ က တပ်ရင်းတွေမှာ အတင်းအဓမ္မ စစ်သားသစ်စုဆောင်းခံရပြီး စစ်သင်တန်းဆင်းလာကြတဲ့ ရဲဘော်သစ်တွေကိုသုံးပြီး ပဲခူးတိုင်းနဲ့ ရခိုင်ဒေသ ထိစပ်နေတဲ့နေရာတွေကို အင်အား ၁၅၀၀ ခန့် ထပ်တိုးပြီး မရပ်မနား ထိုးစစ်ဆင်နေတာကြောင့် ပဲခူး-ရခိုင်အစပ်က နေရာအချို့မှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ AA က အသိပေးပါတယ်။ 

ဧရာဝတီတိုင်းနဲ့ရခိုင်အစပ်၊ မကွေးတိုင်းနဲ့ရက္ခိုင်အစပ်နေရာတွေမှာလည်း အကြမ်းဖက်စစ်တပ်က သူတို့ လက်လွှတ် ဆုံးရှုံး ခဲ့ရတဲ့နေရာတွေ ပြန်လည်ရရှိဖို့ အားထုတ်နေတာရှိပေမယ့် ရခိုင့်တပ်တော်ရဲ့ စုစည်းညီညွတ်တဲ့ခုခံစစ်၊ တန်ပြန်ထိုးစစ် အောက်မှာ ထိခိုက်ကျဆုံးမှများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အခုနှစ် ဖေဖော်ဝါရီလ ရက်နေ့ကဖြစ်ခဲ့တဲ့ မကွေးတိုင်း ဂုတ်စီးရိုးဒေသတိုက်ပွဲမှာဆိုရင် အမှတ် - ၉၉ ခြေလျင်တပ်မ ဌာနချုပ်၊ အမှတ် - ၉၉၂ နည်းဗျူဟာအဖွဲ့က အသက် ၄၆ နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်၊ ယာယီ နည်းဗျူဟာမှူး အပါအဝင် ဗျူဟာရုံးအဖွဲ့ဝင် ၁၇ ဦးကို ရခိုင့်တပ်တော်က လက်ရဖမ်းဆီးမိခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩၅။ရန်ကုန်မှာ ဩဂုတ်လအတွင်း စစ်အုပ်စုရဲ့ဖမ်းဆီးတာ ခံရတဲ့သူ ၁၆၀ ကျော်ရှိ 


စက်တင်ဘာ ၆ရက်


ရန်ကုန်မြို့တော်မှာ ဩဂုတ်လအတွင်း စစ်အုပ်စုရဲ့ မတရားဖမ်းဆီးတာခံရတဲ့သူ ၁၆၀ ကျော်ရှိတယ်လို့ မြေပြင် သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network - RSN က ထုတ်ပြန်ထားပါတယ်။

သတင်းအတိအကျနဲ့ ဖမ်းဆီးခံရသူ ၂၃ ဦး၊ လမ်းပေါ်သွားနေချိန်မှာ ဖမ်းဆီးခံရသူ ၅၉ ဦး၊ လမ်းဘေးထိုင်နေချိန်မှာ ဖမ်းဆီးခံရသူ ၃ဦး၊ ဧည့်စာရင်းအပါအဝင် ရှောင်တခင်စစ်ဆေးမှုတွေကြောင့် ဖမ်းဆီးခံရသူ ၃၆ ဦး၊ သေချာသည့် အ‌ကြောင်းအရာမရှိဘဲ ဖမ်း‌ဆီးခံရသူ ၄၅ ဦးနဲ့ လိမ်ညာဖမ်းဆီးခံရသူ တဦးစုစု‌ပေါင်း ၁၆၇ ဦးဖြစ်တယ်လို့ RSN က အသိပေးပါတယ်။

ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ် ၂၂ ခုက ဒေသနေပြည်သူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး လှိုင်နဲ့ဒေါပုံမြို့နယ်တို့က ၁၉ ဦးစီနဲ့  အများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက ၃၃ ဦးကို စစ်သင်တန်းကျောင်းနဲ့ အကျဉ်းထောင်တွေကို ပို့ဆောင်ခဲ့ပြီး ပြန်လွတ်လာသူ ၂၅ ဦး ရှိပေမယ့် ကျန်တဲ့ ၁၀၉ ဦးရဲ့ နောက်ဆက်တွဲအခြေအနေကို မသိရှိရသေးဘူးလို့ RSN ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ အသက်မပြည့်သူ ဦး၊ စိတ်ကျန်းမာရေးမကောင်းသူတဦး၊ တော်လှန်ရေးလှုပ်ရှားမှာ ပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၁၁ ဦး၊ CDM လုပ်ပြီး ရှောင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းဆရာမတဦး၊ စစ်ဘေး ရှောင် ရခိုင်လူမျိုးတဦးနဲ့ ခွဲစိတ်မှုခံယူထားတဲ့ ချင်းလူမျိုးတဦး ပါဝင်နေတာကိုလည်း RSN က ထူးခြားချက်အနေနဲ့ ဖော်ပြ ထားပါတယ်။

ဒါ့အပြင် လှိုင်၊ကြည့်မြင်တိုင်နဲ့ တာမွေမြို့နယ်တို့မှာ ပစ္စည်းရွှေ့ပြောင်းရန်ရှိတယ်ဆိုပြီး လူတစုက ခေါ်ဆောင်သွားပြီးနောက် အဆက်အသွယ်ပြတ်နေသူ ဦး ရှိခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ မူးယစ်ဆေး၊ လောင်းကစား၊ လိင်အပျော်အပါးကြောင့် ဖမ်းဆီးခံရသူတွေ မပါဘူးလို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment