၂၀၂၅ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ စက်တင်ဘာလ ၁၅ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များအနေဖြင့် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းစဥ်များတွင်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခြင်းများပြုလုပ်သည်ကိုတွေ့ရှိပါက  ပါတီစည်းမျဥ်းစည်းကမ်းများအရ ထိရောက်စွာအရေးယူမည်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲကိုဂျပန်နိုင်ငံတိုကျိုမြို့တွင်ကျင်းပရာ NUGကိုယ်စားလှယ်တက်ရောက်ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ Daung in Sydney ပွဲမှာ သရုပ်ဆောင်ဒေါင်းလက်မှတ်ရေးထိုးထားတဲ့ဂစ်တာ သြစီဒေါ်လာ၉၀၀၀နဲ့လေလံအောင်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။နီယိုလစ်ဘရယ်ဝါဒ ဆန့်ကျင်ကြ - လူထု အခြေပြု ဒေသစုဖွဲ့မှုဝါဒ အရှေ့တောင်အာရှမှာ ထူထောင်ကြ" ခေါင်းစဉ်ဖြင့်  အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြပွဲဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုနှင့် ပြည်သူများ ပူးပေါင်းပြီး လှုပ်ရှားမှုပြုလုပ်


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့

🚩၂။ စစ်ကော်မရှင်၏နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းကုန်းသို့ပို့ဆောင်ခြင်းခံခဲ့ရတဲ့  ပြည်သူ့စစ် စစ်သား ()ဦး လက်နက်နှင့်အတူ မင်းဘူးခရိုင်၊အမှတ်၂ တပ်ရင်းထံသို့ အလင်းဝင်ရောက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များအနေဖြင့် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းစဥ်များတွင်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခြင်းများပြုလုပ်သည်ကိုတွေ့ရှိပါက  ပါတီစည်းမျဥ်းစည်းကမ်းများအရ ထိရောက်စွာအရေးယူမည်


စက်တင်ဘာလ (၁၅)ရက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များအနေဖြင့် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းစဥ်များတွင်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခြင်းများပြုလုပ်သည်ကိုတွေ့ရှိပါက ပါတီစည်းမျဥ်းစည်းကမ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။


ကြေညာချက်အရ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် စုစုပေါင်း( ,၁၇၁) ရှိရာ (,၁၁၇ )နယ် ကျင်းပနိုင်ခဲ့ပြီး  ဆန္ဒမဲပေးခွင့်ရှိသူ( ၃၈,၂၇၁,၄၄၇)ဦး ရှိရာတွင် ပြည်သူ့ လွှတ်တော်၌ (၂၇,၅၁၂,၈၅၅ )ဦး ၊အမျိုးသားလွှတ်တော်၌ (၂၇,၄၉၅,၅၅၅ )ဦး တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များ၌ (၃၀,၄၅၉,၁၁၃) ဦး လာရောက်မဲပေးခဲ့ကြကာ တနိုင်ငံလုံး ဆန္ဒမဲပေးမှု အနေဖြင့် ၇၁ ရာခိုင်နှုန်းကျော်ခဲ့တယ်လို့ဖော်ပြပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ်အားလုံး၏ (၈၂.၃၆) ရာခိုင်နှုန်းအနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ်( ၉၂၀ )ဦး ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်သည် ပြည်သူလူထု၏ဆန္ဒကို လျစ်လျူရှုကာ ထိုစဥ်က တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက် အဓမ္မအာဏာလုယူပြီး နိုင်ငံတော်အစိုးရအဖွဲ့ အကြီးအကဲများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များကို မတရားဖမ်းဆီးခဲ့တယ်လို့ဖော်ပြပါတယ်။


စစ်တပ်၏အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော ပြဿနာအရပ်ရပ်ကြောင့် နိုင်ငံတကာနှင့် ပြည်သူလူထုကိုလှည့်စား၍ နိုင်ငံရေးတရားဝင်မှုရရန်ရည်ရွယ်ကာ အာဏာလုစစ်တပ်သည် ၄င်းတို့စိုးမိုးထိန်းချုပ်နိုင်သော နယ်မြေအနည်းငယ်မျှတွင် အတုအယောင်ရွေးကောက်ပွဲကိုကျင်းပရန် ကြံစည်နေ သည်ကို မိမိတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လက်မခံ၊ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက် မည်မဟုတ်ကြောင်း ကြေညာချက်များထုတ်ပြန်ကာ ပြည်သူလူထုနှင့် နိုင်ငံတကာကို အသိပေးထားပြီး ဖြစ်တယ်လို့လည်းဖော်ပြပါတယ်။


သို့ဖြစ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များအနေဖြင့် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းစဥ်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခြင်းများပြုလုပ်သည်ကိုတွေ့ရှိပါက ပါတီစည်းမျဥ်းစည်းကမ်းများအရ ထိရောက်စွာအရေးယူမည် ဖြစ် ကြောင်း အသိပေး သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲကိုဂျပန်နိုင်ငံတိုကျိုမြို့တွင်ကျင်းပရာ NUGကိုယ်စားလှယ်တက်ရောက်ခဲ့


စက်တင်ဘာလ (၁၅)ရက်


ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲကို ဂျပန်နိုင်ငံတိုကျိုမြို့တွင်ကျင်းပရာ NUGကိုယ်စားလှယ် စောဘလှသိန်း တက်ရောက်ခဲ့ပါတယ်။


ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲကို ဂျပန်နိုင်ငံတိုကျိုမြို့တွင်ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်ရောက်ကရင်တိုင်းရင်းသားနဲ့ မြန်မာအင်အားစုများတက်ရောက်ခဲ့ပြီး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါတယ်။


အလားတူ ဂျပန်နိုင်ငံတိုကျိုတွင် ပထမဦးဆုံးအကြိမ် ရခိုင်ရိုးရာသင်္ကြန်ကို ပထမဦးဆုံးအကြိမ်ကျင်းပရာ NUGကိုယ်စားလှယ်ရုံးအဖွဲ့တို့တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ Daung in Sydney ပွဲမှာ သရုပ်ဆောင်ဒေါင်းလက်မှတ်ရေးထိုးထားတဲ့ဂစ်တာ သြစီဒေါ်လာ၉၀၀၀နဲ့လေလံအောင်


စက်တင်ဘာလ (၁၅)ရက်


Daung in Sydney ပွဲမှာ သရုပ်ဆောင်ဒေါင်းလက်မှတ်ရေးထိုးထားတဲ့ဂစ်တာ သြစီဒေါ်လာ၉၀၀၀နဲ့ လေလံအောင်သွားခဲ့ပါတယ်။


"ဒီဂစ်တာလေးက AUD $ 9,000 နဲ့ လေလံအောင်သွားပါတယ်။လေလံဝင်ဆွဲပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းဆီရောလေလံအောင်သွားတဲ့ အစ်မ နှစ်ယောက်ကိုရောလှိုက်လှိုက်လဲလဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ"လို့ အသိပေးဆိုထားပါတယ်။


Daung in Sydneyမှာ လှိုက်လှိုက်လဲလဲ လာရောက် အားပေးကြတဲ့ ဆစ်ဒနီကွန်မြူနတီကြီးကို အထူးပဲ ကျေးဇူးတင်ရှိကြောင်းလည်းဆိုထားပါတယ်။


Daung in Sydney ပွဲကြီးမှာ မေတ္တာနဲ့သရုပ်ဆောင်မင်းမော်ကွန်းကလည်း အတူတကွ လာရောက်သီဆိုပေးခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။နီယိုလစ်ဘရယ်ဝါဒ ဆန့်ကျင်ကြ - လူထု အခြေပြု ဒေသစုဖွဲ့မှုဝါဒ အရှေ့တောင်အာရှမှာ ထူထောင်ကြ" ခေါင်းစဉ်ဖြင့်  အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်


စက်တင်ဘာလ (၁၅)ရက်


" နီယိုလစ်ဘရယ်ဝါဒ ဆန့်ကျင်ကြ - လူထု အခြေပြု ဒေသစုဖွဲ့မှုဝါဒ အရှေ့တောင်အာရှမှာ ထူထောင်ကြ" ခေါင်းစဉ်ဖြင့်  အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်းသိရပါတယ်။


ဆွေးနွေးပွဲတွင် အာဆီယံ ဒေသအဖွဲ့အစည်းများကြား ပူးပေါင်း ဆောင်ရွက်မှုအပေါ် နီယိုလစ်ဘရယ်ဝါဒ၏ သက်ရောက်မှုများ၊ ရွေ့ပြောင်းအလုပ်သမားများ အရေး၊အလုပ်သမား ခေါင်းပုံဖြတ်မှုများ နှင့် မြန်မာပြည်တွင်း ဆက်စပ် အခြေအနေများ၊အာဆီယံ၏ ဝင်မစွက်ဖက်ရေး (Non-interference) ကို လူထုညီညွတ်မှုအင်အားနဲ့ တုံ့ပြန်နိုင်ရေး၊ အာဆီယံဒေသဆိုင်ရာ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ၊ ဒေသတွင်း နယ်စပ်ကျော် နိုင်ငံအချင်းချင်းကြား သက်ရောက်မှု၊ နှင့် မြေရှား သတ္တု တူးဖော်မှုအကြောင်း၊နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ၊ စီးပွားရေး ကော်ပိုရိတ်များ၏ အကျိုးစီးပွားများနှင့် အာဏာရှင်အုပ်စုက နိုင်ငံ အရင်းမြစ်များ (ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ ) ကို အလွှဲသုံးစားပြုကာ လူထု အခွန် ပြည်သူ့ဘဏ္ဌာဖြင့် ကျူးလွန် နေသော နိုင်ငံတကာ ရာဇဝတ်မှုများ အကြောင်းတို့ပါဝင်မှာဖြစ်ပါတယ်။


 ဤအလုပ်ရုံဆွေးနွေးပွဲတွင် အရှေ့တောင်အာရှ အထူးသဖြင့် မြန်မာနှင့် အာဆီယံရှိ နီယို လစ်ဘရယ်ဝါဒ အကျိုးဆက်များကြောင့်  နီယို လစ်ဘရယ်ဝါဒနှင့် ရေပေါ်ဆီ နိုင်ငံရေး အလွှာ (အာဏာရှင် အုပ်စု နိုင်ငံရေး) များက ဒေသရှိ စနစ်များနှင့် လူမှုဆက်ဆံရေးများကို မည်သို့ ထိန်းချုပ် ပုံဖော်ထားခြင်း၊ ဖိနှိပ်မှုများနှင့် စစ်ဆင်ရေးများ တိုးပွားလာနေခြင်းနှင့် လူထုအခြပြုသော ဒေသစုဖွဲ့မှုဝါဒ ထူထောင်ခြင်းဆိုင်ရာ အကြောင်းအရာများကို ဝေဖန် ဆန်းစစ် ဆွေးနွေးမည်ဖြစ်ကြောင်းသိရပါတယ်။


 ဤအလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံခေါင်းဆောင်များနှင့် ACSC/APF 2025 ထုတ်ပြန်ချက် အပြင် အနာဂတ် ၂၀ နှစ်အတွက် အာဆီယံ ဒေသတွင်း ပုံဖော်မည့်  အာဆီယံ ၂၀၄၅ မူဝါဒ သို့  စုစည်းသော အန္တိမ မျှော်မှန်းချက် ဖြင့် တိကျပြီး အကောင်အထည်ဖော် လုပ်ဆောင်နိုင်မည့် အကြံပြုချက်များကို  အဆိုပြုသွားမယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြပွဲဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုနှင့် ပြည်သူများ ပူးပေါင်းပြီး လှုပ်ရှားမှုပြုလုပ်


စက်တင်ဘာလ (၁၅)ရက်


အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြပွဲဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုနှင့် ပြည်သူများ ပူးပေါင်းပြီး လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။


အတုအယောင်ရွေးကောက်ပွဲအလိုမရှိကြောင်း ပြည်သူများနှင့်အတူဆားလင်းကြီးမြို့နယ်ကျေးရွာတစ်ရွာတွင် စက်တင်ဘာလ(၁၄)ရက်ညနေပိုင်းမှာ ထွက်ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

 

အကြမ်းဖက်စစ်တပ်ကပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ အလိုမရှိကြောင်း ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး စစ်အာဏာရှင်စနစ် ကျရှုံးရေးဟစ်ကြွေးသံများနဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။



အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================


🚩🚩၁။နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့

ယနေ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)မှ ကြီးမှူးကျင်းပသည့် နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ နှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ကိုယ်စား လှယ်များ၊ တအာင်းအမျိုးသားပါတီမှ တာဝန်ခံများ၊ ယနေ့အခမ်းအနားကို တက်ရောက်လာကြသော အထူးဖိတ်ကြားထားသည့် ကိုယ်စားလှယ်များ၊ နှင့် တော်လှန်ရေးမိတ်ဆွေများကို မင်္ဂလာအပေါင်း ခညောင်းပါစေကြောင်း ပထမဦးဆုံး ဆုတောင်းမေတ္တာပို့အပ်ပါတယ်။

ယနေ့ ကျရောက်တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီက ကြီးမှူးကျင်းပခြင်းကြောင့် အထူး ဝမ်းမြောက် ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။ 

ကျွန်တော်တို့ နိုင်ငံဖြတ်သန်းခဲ့တဲ့ အတိတ်သမိုင်းကို လေ့လာကြည့်ရင်၊ ဒီမိုကရေစီအရေး လှုပ်ရှားမှု တွေဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ တိုက်ရိုက် ဆက်နွှယ်ပြီး ပေါ်ပေါက်လာခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ အခုလည်း ကျွန်တော်တို့ နွေဦးတော်လှန်ရေးဟာ ဒီမိုကရေစီအရေးအတွက် စစ်အာဏာရှင်စနစ်ကို ဖြိုချတိုက်ပွဲဝင်နေတဲ့ လူထုတော်လှန်ရေးဖြစ်ကြောင်း ထင်ရှားပါတယ်။ နွေဦးတော်လှန်ရေးမှာတော့ ဒီမိုကရေစီအရေး သက်သက်သာမကပဲ၊ ဖက်ဒရယ်အရေးအတွက်ပါ တော်လှန်တိုက်ပွဲဝင်တဲ့ လူထုတော်လှန်ရေးတစ်ရပ်ဖြစ်တာကို တွေ့ရပါတယ်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အစားထိုး တည်ဆောက်နိုင်ခြင်းဟာ ကျွန်တော်တို့ ဖြတ်သန်း နေတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်း ,ပျောက်အောင် မလုပ်နိုင်ဘူးဆိုရင်၊ ဒီမိုကရေစီအခွင့်အရေးတွေကို အပြည့်အဝ မရရှိနိုင်ဘူးလို့ ပြောနိုင်ပါတယ်။ 

ဒီမိုကရေစီဆိုတာ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုအပေါ်မှာ အခြေခံသလို၊ တာဝန်ယူမှု / တာဝန်ခံမှု ဆိုတာ တွေအပေါ်မှာလည်း အခြေခံပါတယ်။ ဒါ့အပြင် တန်းတူညီမျှမှုနဲ့ လူ့အခွင့်အရေး အပြည့်အဝရရှိမှုနဲ့ လည်း ချိတ်ဆက်နေပါတယ်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသရွေ့၊ ပြည်သူ့လွတ်လပ်ခွင့် ပျောက်ဆုံးနေလိမ့်မယ်လို့ ပြောနိုင်ပါတယ်။ စစ်အာဏာရှင်စနစ် အသက်ဝင်နေသရွေ့၊ ပြည်သူတွေဟာ တရားမျှတမှုကိုလည်း မရရှိနိုင်သလို၊ တန်းတူညီမျှမှုနဲ့ လူ့အခွင့်အရေးကိုလည်း ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီမိုကရေစီဖြစ်ထွန်းရေးဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ တိုက်ရိုက်ဆက်စပ်နေ တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ 

ကျွန်တော်တို့အနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို အောင်အောင်မြင်မြင် မလုပ်ဆောင်နိုင်ဘဲ၊ ဒီမိုကရေစီစနစ် ဖြစ်ထွန်းအောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုတာ ထင်ရှားတဲ့ အချက်ဖြစ်ပါတယ်။ 

အခုဆိုရင် စစ်အာဏာရှင်စနစ်ကို ခေါင်းစဉ်အမျိုးမျိုးပြောင်းပြီး သက်ဆိုးရှည်အောင် လုပ်နေတဲ့ အကြမ်းဖက်စစ်ကော်မရှင်အနေနဲ့ အတုအယောင်ရွေးကောက်ပွဲကို လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။ စစ်ကော်မရှင်ဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ဒီမိုကရေစီရွေးကောက်ပွဲကို အတုအယောင်ရွေးကောက် ပွဲနဲ့ ပုံမှားရိုက်ဖို့ ကြိုးစားနေပါတယ်။ ပြည်တွင်းအင်အားစုတချို့ကလည်း အတုအယောင်ရွေးကောက်ပွဲ မှန်းသိပေမယ့်၊ ဒါဟာ အဖြေရဲ့ လမ်းစများဖြစ်မလားဆိုပြီး မျှော်ကိုးနေတာကို တွေ့ရပါတယ်။ ဒီလို မျှော်ကိုးမှုဟာ လူထုရဲ့ ဒီမိုကရေစီအခွင့်အရေးအတွက်လား၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ဝိုင်းဝန်းချီးမြှောက်နေခြင်းလားဆိုတာလည်း မသဲမကွဲဖြစ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ လူထုကို လှည့်ဖြားတဲ့ မည်သည့်နိုင်ငံရေးလှည့်ကွက်မျိုးကိုမဆို၊ ကန့်ကွက်ရှုတ်ချကြောင်း ပြောကြားလိုပါတယ်။ 

စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ ထွက်ပေါက် မဟုတ်ဘဲ စစ်အာဏာရှင် ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးထွက်ပေါက် ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ အသက်ရှုပေါက်ချောင်လေလေ၊ ပြည်သူလူထုဟာ အသက်ရှုကြပ်လေလေ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ထွန်းရေးနဲ့ စစ်မှန်တဲ့ လူထုလွတ်လပ်ခွင့် များ အာမခံချက်ရှိရေးကို အားသွန်ကြိုးပမ်းနေပါတယ်။ အဲသည့်လို ကြိုးပမ်းတဲ့နေရာမှာ လူထုနိုင်ငံရေး နည်းလမ်းတွေ အပါအဝင် လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ သံတမန်နည်းလမ်းတွေကိုလည်း ပေါင်းစပ် အသုံးပြုပြီး ကြိုးစားနေကြပါတယ်။ 

တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ စစ်မှန်တဲ့ ဒီမိုကရေစီမူဘောင်တွေ အသက်ဝင်ရေးနဲ့ ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ ခိုင်ခိုင်မာမာ အသက်သွင်းတည်ဆောက်နိုင်ရေးဟာ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေးပဲဖြစ်ပါတယ်။ နိုင်ငံတည်ဆောက်ရေးဟာ တော်လှန်ရေး မအောင်မြင်ဘဲနဲ့ ကျကျနန တည်ဆောက်လို့ မရနိုင်ဘူး ဆိုတာလည်း သတိချပ်ဖို့ လိုပါတယ်။ တော်လှန်ရေးနဲ့ တည်ဆောက်ရေးဟာ တွဲဖက်နေတာကြောင့်၊ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်ကို အောင်မြင်စွာ တော်လှန်ပြီး ဒီမိုကရေစီစနစ်ကို အခိုင်အမာ တည်ဆောက်နိုင်ဖို့ဟာ အင်မတန်အရေးကြီးကြောင်း ပြောကြားလိုပါတယ်။ 

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့၊ နွေဦးတော်လှန်ရေးဟာ ကတ္တီပါလမ်းကို ဖြတ်လျှောက်နေတဲ့ တော်လှန်ရေး မဟုတ်ဘူးဆိုတာကို ပြောကြားချင်ပါတယ်။ နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ ထူထောင်နိုင်ဖို့ တိုက်ပွဲဝင်တဲ့ တော်လှန်ရေးဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ခရီးကြမ်းကိုလည်း ဖြတ်သန်းနေရသလို၊ အချိုးအကွေ့တွေကိုလည်း ဖြတ်သန်းနေကြ ရပါတယ်။ ဒါ့အပြင် နိုင်ငံရေးမိုးသက်မုန်တိုင်းတွေနဲ့ နိုင်ငံရေးချောက်ကမ်းပါးတွေကိုလည်း ကျော်ဖြတ် နေရပါတယ်။ လက်ရှိ ၂၀၂၅ ခုနှစ်ဟာ ပိုမိုအကဲဆတ်တဲ့ နိုင်ငံရေးမုန်တိုင်းတွေနဲ့ ကြုံတွေ့ရတဲ့ နှစ်တစ်နှစ်အဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေးဟာ အနိမ့်အမြင့်၊ အတက်အကျ တွေကြားထဲမှာ ပန်းတိုင်ကို မမှိတ်မသုန် ချီတက်နေပါတယ်။ ကျွန်တော်တို့ဟာ နည်းဗျူဟာ အပြောင်းအလဲနဲ့ မဟာဗျူဟာ အလှည့်အပြောင်းတွေကို ပြောင်းလဲကျင့်သုံးမှုတချို့ ရှိပေမယ့် မူလပန်းတိုင်နဲ့ မူလရည်မှန်းချက်ကို ဘယ်သောအခါမှ သွေဖည်ခြင်းမရှိဘူးဆိုတာ ပြောကြားလို ပါတယ်။ နွေဦးတော်လှန်ရေးဟာ ရှေ့နှစ်လှမ်းတိုး - နောက်တစ်လှမ်းဆုတ် ပုံစံမျိုးနဲ့ တရွေ့ရွေ့ ရှေ့ကို ချီတက်နေပါတယ်။ အဲသည့်အတွက် ကျွန်တော်တို့ဟာ အနှောက်အယှက်၊ အဟန့်အတားတွေကို မမှုဘဲ ဆက်လက်ချီတက်တိုက်ပွဲဝင်နိုင်အောင်၊ မိမိတို့ တော်လှန်ရေးသက်လုံနဲ့ နိုင်ငံရေးကိုယ်ခံအားကို မြှင့်တင်ထားကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။ 

အရေးတော်ပုံမုချအောင်ရမည်။


========================


🚩🚩၂။ စစ်ကော်မရှင်၏နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းကုန်းသို့ပို့ဆောင်ခြင်းခံခဲ့ရတဲ့  ပြည်သူ့စစ် စစ်သား ()ဦး လက်နက်နှင့်အတူ မင်းဘူးခရိုင်၊အမှတ်၂ တပ်ရင်းထံသို့ အလင်းဝင်ရောက်


စက်တင်ဘာလ၊(၁၅)ရက်


စစ်ကော်မရှင်၏အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသော တပ်သား()ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းဘူးခရိုင်၊အမှတ်၂တပ်ရင်းထံသို့ လက်နက်နှင့်အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ စစက်တင်ဘာလ၊(၁၅)ရက်မှာ သတင်းထုတ်ပြန်ပါတယ်။


အလင်းဝင်ရောက်လာသူ ပြည်သူ့စစ်စစ်သားများမှာ  အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံတပ်ရင်း ခမရ (၅၂၀)မှဖြစ်ပြီး နတ်ရေကန်လေကြောင်းကာကွယ်ရေးစခန်းကုန်းသို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်သည်။ (ပစ) စစ်သား()ဦးကို မင်းဘူးခရိုင်၊အမှတ်၂တပ်ရင်းမှ စစ်ဘက်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။


လက်နက်ချ၍  ပြည်သူနှင့် ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများကို မင်းဘူးခရိုင်၊အမှတ်၂တပ်ရင်းမှ လက်ခံကြိုဆိုလျက်ရှိကာ လူ့အခွင့်အရေး အပြည့်အဝရရှိစေပြီး လက်နက်ဖြင့် အလင်းဝင်လာသူများကို ဆုငွေများ ချီးမြှင့်ပေးသွားမယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment