၂၀၂၅ စက်တင်ဘာလ ၃၀ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ စက်တင်ဘာလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ KNPP ဥက္ကဋ္ဌနှင့် NUG ယာယီသမ္မတတို့ တွေ့ဆုံပြီး  တော်လှန်ရေး၊ ဖက်ဒရယ်ဒီမိုက‌ရေစီနှင့် စစ်ဘေးရှောင်အရေးများ ဆွေးနွေးခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် ကြားကာလစစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရစိစစ်ရေးရွေးချယ်ရေးကော်မရှင်တွင် ပါဝင်ကြမည့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ နိုင်ငံရေးအင်အားစုတို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ စစ်ကော်မရှင်ရဲ့ ရေကြောင်း လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုများကို ယခင်ကထက် ပိုမိုသတိထားကြဖို့ အာရက္ခတပ်တော် တိုက်တွန်း


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပြည်သူပိုင် ပစ္စည်းများကို လှည့်လည်ခိုးယူနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို အလစ် တိုက်ခိုက်ခဲ့ရာ ဦး ထက်မနည်း သေဆုံး

🚩 ၂။ ပုသိမ်-မုံရွာလမ်းတွင် စစ်တပ်အိမ်စီးကားကို တားဆီးစစ်ဆေးရာ ပစ်ခတ်မှုဖြစ်ပြီး စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိ

🚩 ၃။ ကြို့ပင်ကောက်မြို့နယ် ဥယျာဉ်ကြီးရွာတွင် စစ်တပ်ဒရုန်းဗုံးကျဲမှုကြောင့် ၁၀ တန်းကျောင်းသား သေဆုံး

🚩 ၄။ ဆဒုံးမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ဦးသေဆုံး

🚩 ၅။ ပလက်ဝမြို့ကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် အရပ်သား ဦး သေဆုံး၊ ၁၉ ဦး ဒဏ်ရာရ

🚩 ၆။ နမ့်ဆော့ကျေးရွာမှာ စစ်ကော်မရှင်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ တဦး ဒဏ်ရာရ

🚩 ၇။ မြဝတီမြို့နယ်တွင် စစ်တပ်က ဒရုန်းဖြင့် ရက်ဆက် တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများ ပျက်စီး၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

🚩 ၈။ စဉ့်ကူးမြို့နယ်တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ဦး သေဆုံး

🚩 ၉။ လေကြောင်းတိုက်ခိုက် ခံရပြီး အညာမြေ တပ်ပေါင်းစု ရဲဘော် () ဦး ကျဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ KNPP ဥက္ကဋ္ဌနှင့် NUG ယာယီသမ္မတတို့ တွေ့ဆုံပြီး  တော်လှန်ရေး၊ ဖက်ဒရယ်ဒီမိုက‌ရေစီနှင့် စစ်ဘေးရှောင်အရေးများ ဆွေးနွေးခဲ့


စက်တင်ဘာ ၂၉ 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စက်တင်ဘာလ ၂၉ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။


ခေါင်းဆောင် နှစ်ဦးအနေဖြင့် လက်ရှိ နိုင်ငံတွင်း ဖြစ်ပေါ်နေသော တော်လှန်ရေးအခြေအနေများ၊ ကြုံတွေ့နေရသည့် တော်လှန်ရေးဆိုင်ရာ စိန်ခေါ်မှုများကို အတူ ရင်ဆိုင် ကျော်လွှားနိုင်ရန်နှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

 

ထို့အတူ တိုင်းပြည်အနှံ့ အကြမ်းဖက်စစ်တပ်၏ ပစ်မှတ်မခွဲခြား ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးခဲ့ရသည့် မိသားစုများ၊ ထိခိုက်ဒဏ်ရာကြောင့် ကုသနေရသူများနှင့် အသက်အိုးအိမ်စည်းစိမ်များ စွန့်လွှတ်လျက် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် လူသားစာနာကူညီရေး ဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် ကြားကာလစစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရစိစစ်ရေးရွေးချယ်ရေးကော်မရှင်တွင် ပါဝင်ကြမည့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ နိုင်ငံရေးအင်အားစုတို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး


စက်တင်ဘာ ၂၉ 

Radio NUG 


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် ကြားကာလစစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရစိစစ်ရေးရွေးချယ်ရေးကော်မရှင်တွင် ပါဝင်ကြမည့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ နိုင်ငံရေးအင်အားစုတို့မှ တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၉ရက်နေ့၊ မနက် (၁၀:၀၀) နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရစိစစ်ရွေးချယ်ရေးကော်မရှင်၏ လုပ်ငန်းတာဝန်များနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ နိုင်ငံရေးအင်အားစုများမှ ကိုယ်စားလှယ်များကလည်း အကြံပြုသုံးသပ်ချက်များကို ဆွေးနွေးခဲ့ကြပြီး စစ်ကိုင်ဖက်ဒရယ်ယူနစ်လွှတ်တော်ဘက်ကလည်း ပြန်လည်ရှင်းလင်း‌ ဖြေကြားခဲ့ကြပြီးနောက် မွန်းလွဲ (၁၂:၁၅)နာရီတွင် အစည်းအဝေးအား အောင်မြင်စွာ ရုပ်သိမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ယူနစ်လွှတ်‌တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ကိုယ်စားလှယ်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် စီဒီအမ်နိုင်ငံ့ဝန်ထမ်းများကောင်စီမှ ကိုယ်စားလှယ်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ နာဂ၊ ရှမ်းနီ၊ ကတူး၊ ကနန်း၊ ချင်း တိုင်းရင်းသားအင်အားစုများမှ ကိုယ်စားလှယ်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းမှ ကိုယ်စားလှယ်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံရေးဆွဲခဲ့သည့် ကော်မရှင်မှ ကိုယ်စားလှယ်များ၊ စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ စစ်ကော်မရှင်ရဲ့ ရေကြောင်း လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုများကို ယခင်ကထက် ပိုမိုသတိထားကြဖို့ အာရက္ခတပ်တော် တိုက်တွန်း


စက်တင်ဘာ ၂၉ ရက်၊ 

Radio NUG


အာရက္ခ ဒေသအတွင်းက မိဘပြည်သူများအနေဖြင့် စစ်ကော်မရှင်ရဲ့ ရေကြောင်း၊ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုရန်ကို ယခင်ကထက် ပိုမို သတိထားကြဖို့ နဲ့ စစ်ရေးသတိ အပြည့်အဝ အချိန်မရွေး ရှိကြဖို့ အာရက္ခ တပ်တော်က တိုက်တွန်းချက် ထုတ်ပြန်ထားပါတယ်။


စစ်ကော်မရှင်တပ်ဟာ အာရက္ခ ဒေသတွင်း တိုက်ပွဲများနဲ့ အာရက္ခ ဒေသအစပ် နေရာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများတွင် အထိအခိုက် အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရပြီး တပ်ပျက်နေသလို ၎င်းတို့ အဓမ္မ စုဆောင်းထားတဲ့ တပ်ဖွဲ့ဝင်များဟာ တိုက်ခိုက်လိုစိတ်မရှိဘဲ ရှေ့တန်း၊ နောက်တန်းများတွင် အခွင့်ရလျှင်ရသလို ဘက်ပြောင်းခြင်း၊ တပ်ပြေးခြင်း၊ အလံဖြူထောင် ဝင်ရောက်ခြင်းတို့ နေ့စဉ် ဖြစ်ပျက်နေတယ်လို့ ဆိုပါတယ်။


မြေပြင်တိုက်ပွဲများမှာ အကျအဆုံးများစွာ ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်တပ်ဟာ အာရက္ခ ဒေသတွင်းက တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတဲ့ မြို့၊ ရွာများက စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဆေးခန်း နဲ့ ဘုန်ကြီးကျောင်း နေရာများအပြင် လူစုလူဝေး ရှိနိုင်တယ်လို့ ယူဆတဲ့ နေရာများအား နေ့၊ အချိန်မရွေး လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင် လာနေတယ်လို့ သိရပါတယ်။


ထို့ကြောင့် မိဘပြည်သူများအနေနဲ့ စစ်ကော်မရှင်ရဲ့ ရေကြောင်း၊ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုရန်ကို ယခင်ကထက် ပိုမို သတိထားကြဖို့ နဲ့ စစ်ရေးသတိ အပြည့်အဝ အချိန်မရွေး ရှိကြဖို့ကို တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ ပြည်သူပိုင် ပစ္စည်းများကို လှည့်လည်ခိုးယူနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို အလစ် တိုက်ခိုက်ခဲ့ရာ ဦး ထက်မနည်း သေဆုံး


စက်တင်ဘာ ၂၉ ရက်၊ 

Radio NUG


မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် တွင်းမ ပျူစောထီးရွာမှာ အများပြည်သူပိုင် ပစ္စည်းများကို လှည့်လည်ခိုးယူနေတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြိုင် .က. က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၂၈ ရက်၊ မွန်းလွဲ နာရီခန့်မှာ တွင်းမ(ပျူ)ရွာ အတွင်းရှိ စစ်ကော်မရှင် တပ်နဲ့ ပျူစောထီး များကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က အလစ်ဝင်ရောက် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး ဦးထက်မနည်း သေဆုံးခဲ့ပြီး MA1 တလက်ကို သိမ်းဆည်း ရရှိ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မြိုင် .က. တပ်ခွဲ () တပ်ခွဲ () ပြည်သူ့လွတ်မြောက်‌ရေး တပ်ပေါင်းစု - PLC ကမ္မ တပ်ပေါင်းစု နဲ့ 8+ တပ်ပေါင်းစု တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရှိရပါတယ်။


========================


🚩🚩 ၂။ ပုသိမ်-မုံရွာလမ်းတွင် စစ်တပ်အိမ်စီးကားကို တားဆီးစစ်ဆေးရာ ပစ်ခတ်မှုဖြစ်ပြီး စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိ


စက်တင်ဘာ ၂၉ 

Radio NUG 


စက်တင်ဘာ ၂၈ ရက် ၁၁ နာရီခန့်တွင် မင်းတုန်းမြို့ဘက်မှ ပုသိမ်-မုံရွာလမ်းအတိုင်း ကျောက်တိုင်စစ်တပ်အထိုင်စခန်းသို့ မောင်းနှင်လာသည့် အနက်ရောင် အိမ်စီးကားတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ကျောက်တိုင်ရွာအနီးတွင် စစ်ဆေးရန် တားဆီးခဲ့သော်လည်း ရပ်တန့်ခြင်းမပြုဘဲ ဆက်လက်မောင်းနှင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် (USBA) တာဝန်ခံထံမှ သိရပါတယ်။


ပစ်ခတ်မှုအတွင်း စစ်တပ်ဖွဲ့ဝင် ဦးမှာ ဒဏ်ရာများရရှိပြီး ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် စစ်တပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခဲ့သည့် ကားကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ကားပေါ်မှ ၄၀ မမ ဗုံးသီး လုံး၊ စစ်ဝတ်တန်ဆာ စုံ၊ ဖုန်း လုံး၊ လက်ထိပ် စုံ၊ အဆောင်ယတြာ မျိုးနှင့် ကွန်ဒုံး ခုအပါအဝင် အခြားပစ္စည်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


ထွက်ပြေးသွားသော စစ်တပ်ဖွဲ့ဝင်များကို ၁၂ နာရီခန့်တွင် မင်းတုန်းမြို့မှ လိုက်ထရပ်ကားတစ်စီးဖြင့် စစ်သားများ အင်အားအပြည့်ဖြင့် စမ်းကြီးရွာအနီးသို့ လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။


ယခုဖြစ်စဉ်တွင် စစ်တပ်ဖွဲ့ဝင်များကို လွတ်မြောက်စေခဲ့သည့်အတွက် အနာဂတ်တွင် သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်မောင်းနှင်လာသည့် မည်သည့်မော်တော်ယာဉ်ကိုမဆို ပစ်ခတ်ဖမ်းဆီးမည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားပါတယ်။


 ထို့အပြင် စစ်တပ်မှ လာမည့်စစ်ကြောင်းထိုးမှုများအတွက် ပြင်ဆင်နေသည်ဟု သတင်းများရှိသဖြင့် အနီးဝန်းကျင်ကျေးရွာများရှိ ပြည်သူများအနေဖြင့် လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းထားပါတယ်။


ပုသိမ်-မုံရွာလမ်းမကြီးပေါ်တွင် နာရီနောက်ပိုင်း မော်တော်ယာဉ်များ သွားလာမှုကို တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ပင်ထားပြီး၊ လမ်းစည်းကမ်းများကို လိုက်နာရန် ပြည်သူများကို အကြိမ်ကြိမ် အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ကြို့ပင်ကောက်မြို့နယ် ဥယျာဉ်ကြီးရွာတွင် စစ်တပ်ဒရုန်းဗုံးကျဲမှုကြောင့် ၁၀ တန်းကျောင်းသား သေဆုံး


စက်တင်ဘာ ၂၉ 

Radio NUG 


စက်တင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းတွင် တပ်စွဲထားသော စစ်သားများက ဥယျာဉ်ကြီးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အရွယ် မောင်အိုင်စတိုင်းမှာ နေအိမ်တွင် စာမေးပွဲအတွက် စာကျက်နေစဉ် ဗုံးစထိမှန်ကာ ရင်ဘတ်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့သည့်အပြင် နေအိမ်လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ်အစပ်ရှိ ဒေါင်စပါးကွင်းရွာ၊ မြို့ကိုင်ရွာ၊ ဖလံပင်ရွာနှင့် ရွာသစ်ရွာတို့တွင်လည်း စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်နေ့များကလည်း ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ဆဒုံးမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ဦးသေဆုံး


စက်တင်ဘာ ၂၉ 

Radio NUG 


စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်း နာရီခန့်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လေတပ်စခန်းမှ တက်လာသော ဂျက်လေယာဉ် စီးသည် ဆဒုံးမြို့စျေးတန်းနှင့် အနီးနားရှိ တောင်ကုန်းနေရာများကို ဗုံး ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုသည် ကျောင်းသားများ ကျောင်းဆင်းချိန်နှင့် တိုက်ဆိုင်နေသဖြင့် ကလေးငယ်များနှင့် စျေးတန်းအတွင်း ဈေးဝယ်ထွက်နေသူများ ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။


သေဆုံးသူများထဲတွင် ဦးမာမူလဲ့၊ အသက် ၃၀ အရွယ် ဒေါ်တိန့်လွေ၊ အသက် ၅၀ အရွယ် မစန္ဒာ၊ ဦးအာရွက်၏ ဇနီးနှင့် သားဖြစ်သူ၊ ကျောင်းသားတစ်ဦးနှင့် အမည်မသိ အမျိုးသားတစ်ဦး ပါဝင်ကြောင်း KNGမှာ ဖော်ပြထားပါတယ်။


ဒဏ်ရာရသူ ဦးအနက် ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိထားပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ပလက်ဝမြို့ကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် အရပ်သား ဦး သေဆုံး၊ ၁၉ ဦး ဒဏ်ရာရ


စက်တင်ဘာ ၂၉ ရက်၊ 

Radio NUG


ချင်းပြည်နယ်၊ ပလက်ဝခရိုင်၊ ပလက်ဝမြို့ကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ုခိုက်ခဲ့တာကြောင့် အရပ်သား () ဦး သေဆုံးပြီး (၁၉) ဦး ဒဏ်ရာရခဲ့တယ်လို့ We Love Paletwa က သတင်းထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၂၉ ရက်၊ နေ့လယ် ၁၂ နာရီခွဲ အချိန်မှာ စစ်ကော်မရှင် တပ်က ဂျက်လေယာဉ်ဖြင့် () ကြိမ်တိုင် ပေါင် (၅၀၀) ဗုံး () လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုအတွင်း အသက် ၄၀ အရွယ် ဒေါ်သူဇာဝင်း () ဘုတ်ဘုတ် နဲ့ အသက် ၁၈ နှစ်အရွယ် မမြမြခင် တို့ () ဦး နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ဒေသခံ ပြည်သူ ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်ကာ အသက်အန္တရာယ် စိုးရိမ်ရသူတွေ ပါရှိနေသေးတယ်လို့ ဆိုပါတယ်။


ပလက်ဝမြို့ကို အာရက္ခတပ်တော် (AA) က ၂၀၂၄၊ ဇန်နဝါရီလ ၁၄ ရက်နေ့ထဲက အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၆။ နမ့်ဆော့ကျေးရွာမှာ စစ်ကော်မရှင်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ တဦး ဒဏ်ရာရ


စက်တင်ဘာ ၂၉ ရက်၊ 

Radio NUG


ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအောင်းတပ် (PSLF/TNLA) တပ်မဟာ () နယ်မြေ၊ ကျောက်မဲမြို့နယ်၊ နမ့်ဆော့ ကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသား တဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


စက်တင်ဘာ ၂၇ ရက်၊ နေ့လယ် နာရီခွဲ အချိန်မှာ နမ့်ဆော့‌ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး လုံးနဲ့ လက်နက်ကြီး လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားပြည်သူလူထု တည်ရှိရာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အမျိုးသား တဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ကာ ပြောင်းဖူး စိုက်ခင်းများ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။


အလားတူ မိုင်းလုံမြို့နယ်၊ ပန်သပြေ ကျေးရွာမှာ စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းမှ ပေါင် ၅၀၀ ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဘုန်ကြီးကျောင်းနဲ့ နေအိမ် အလုံး ၂၀ ထိမှန်ပျက်စီးခဲ့ပါသေးတယ်။


========================


🚩🚩 ၇။ မြဝတီမြို့နယ်တွင် စစ်တပ်က ဒရုန်းဖြင့် ရက်ဆက် တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများ ပျက်စီး၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ


စက်တင်ဘာ ၂၉ 

Radio NUG 


စက်တင်ဘာလ ၂၆ ရက်မှစတင်ကာ စစ်တပ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ မင်းလက်ပံရွာ၊ ဖလူးရွာနှင့် မယ်ထော်သလေးဒေသတို့ကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


တိုက်ခိုက်မှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုမရှိခဲ့သော်လည်း၊ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများအပါအဝင် အဆောက်အအုံများ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


စက်တင်ဘာလဆန်းပိုင်းမှ စတင်ကာ စစ်တပ်နှင် BGFသည် အာရှလမ်းမကြီးကို ပြန်လည်ထိုးဖောက်ဝင်ရောက်လာကာ မြဝတီမြို့သို့ စစ်ကြောင်းထိုးခဲ့ပြီးနောက် လေးကေ့ကောမြို့ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလာရာ လေးကေ့ကော်မြို့သစ်နှင့် လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


မိုးတွင်းရာသီဖြစ်သဖြင့် စစ်ဘေးရှောင်ပြည်သူများသည် အမိုးအကာနှင့် စားဝတ်နေရေးအတွက် အခက်အခဲများ ရင်ဆိုင်နေရပြီး ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်ကမ်းဘေးတွင် တဲထိုးနေထိုင်နေရသူများ ရှိနေတယ်လို့ သိရပါတယ်။


ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ စဉ့်ကူးမြို့နယ်တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ဦး သေဆုံး


စက်တင်ဘာ ၂၉ 

Radio NUG 


စက်တင်ဘာ ၂၈ ရက် ညနေ နာရီခန့်တွင် တံတားဦးလေတပ်စခန်းမှ ဂျက်ဖိုက်တာတစ်စီးသည် စဉ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာရှိ စာသင်ကျောင်းတစ်ခုကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။


အလားတူ မိတ္ထီလာလေတပ်စခန်းမှ ဂျက်ဖိုက်တာတစ်စီးသည် စဉ့်ကူးမြို့နယ်၊ မာလဲကျေးရွာအနီးရှိ ဆည်တစ်ခုအနီးကို လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၉။ လေကြောင်းတိုက်ခိုက် ခံရပြီး အညာမြေ တပ်ပေါင်းစု ရဲဘော် () ဦး ကျဆုံး


စက်တင်ဘာ ၂၉ ရက်၊ 

Radio NUG


အညာမြေတပ်ပေါင်းစု စခန်းခွဲ တစ်ခုကို စစ်ကော်မရှင်တပ်က လေကြောင်းပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲဘော် ဦး ကျဆုံးခဲ့တယ်လို့ အညာမြေ တပ်ပေါင်းစု က သတင်းထုတ်ပြန် ထားပါတယ်။


စက်တင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက် ခံခဲ့ရတာဖြစ်ပြီး အညာမြေ တပ်ပေါင်းစုမှ ရဲဘော် သေမင်း (အသက် ၂၀ နှစ်) တာဝန် စခန်းမှူး၊ တပ်စိတ်မှူး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် တပ်ပေါင်းစုဝင်တွေ ဖြစ်ကြတဲ့ God of Myaing မှ ရဲဘော် ဗလ (၁၈ နှစ်) နဲ့ PI pdf မှ ရဲဘော် နိုင်ကြီး (၃၄ နှစ်) တို့လည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။


အဖိုးတန်လှတဲ့ ဆုံးရှုံးမှုများအတွက် ဖော်မပြနိုင်အောင် ကြေကွဲခံစားရပြီး၊ တော်လှန်ရေးအတွက်၊ ရဲဘော်များရဲ့ မိဘများအတွက်နဲ့ ကျွန်တော်တို့အတွက် ယခု ဆုံးရှုံးမှုများကို ပြန်လည်တောင်းယူ ကုစားသွားမယ်လို့ အသိပေး ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment