၂၀၂၅ စက်တင်ဘာလ ၇ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ စက်တင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ CRPH ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်  ရှင်းလင်းတင်ပြ

📌 ၂။ ထီးလင်းမြို့နယ်မှာ လူထုအသိပညာပေး လူ့အခွင့်အရေးဟောပြောပွဲ ပြုလုပ်

📌 ၃။ ထိုင်းနိုင်ငံ၊ ချွန်ပူရီရှိ စက်ရုံတစ်ခုတွင် အလုပ်သမားများ (၃၇) ဦး အလုပ်ထုတ်ပယ်ခံရသဖြင့် NUG နှင့် MHACမှ သွားရောက် ကူညီဖြေရှင်းပေး

📌 ၄။ JCB အနေဖြင့် စစ်အုပ်စုကို အားပေးကူညီနေတဲ့ UAB ခရိုနီများနဲ့ ဆက်နွယ်မှုများကို အဆုံးသတ်ဖို့ Justice for Myanmar ထုတ်ပြန်

📌 ၅။ မုန်းကိုးမြို့နယ်၊ Yu Cai ဗဟိုကျောင်း ကျောင်းဆောင်သစ် စီမံကိန်း စတင်အကောင်အထည်ဖော်

📌 ၆။ ဝမ်းတွင်းမြို့နယ်၊ ခင်ကြီးရွာကို ရက် ရိက္ခာဖြတ်မယ်လို့ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူး အသိပေး


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တပ်မ (၁၀၁) မှ စစ်ကော်မရှင် စစ်ကြောင်း အနောက်ဘုန်းကံ ပျူရွာကို ရောက်လာချိန် Rocket များဖြင့် ပစ်ခတ် တိုက်ခိုက်

🚩 ၂။ သရက်မြို့နယ်မှာ စစ်ကော်မရှင် စစ်ကြောင်းနဲ့ ကားတန်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ၁၉ ဦး သေဆုံး

🚩 ၃။ စစ်ကော်မရှင် တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ တောင်ညိုဆည် မကျီးပင်ဂိတ်ကို နယ်မြေရှင်းလင်းခဲ့

🚩 ၄။ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေ၍ ဒေသခံများ ထိခိုက်ဒဏ်ရာရ

🚩 ၅။ မြဝတီမြို့နယ် လေးကေ့ကော်ပြည်သူ့ဆေးရုံကို စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

🚩 ၆။ နတ်မောက်တွင် စစ်တပ်က လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်၊ သားအဖနှစ်ဦး ထိခိုက်ပြီး ဖခင်ဖြစ်သူ သေဆုံး

🚩 ၇။ ပြင်ဦးလွင်တွင် စစ်တပ်အရာရှိဟုဆိုသူက ဖုန်းဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများကို PDF ဟု စွပ်စွဲပြီး ဖမ်းမည်ဟု ခြိမ်းခြောက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ CRPH ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်  ရှင်းလင်းတင်ပြ


စက်တင်ဘာ  

Radio NUG 


၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၄/၂၀၂၅) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း CRPHမှ သတင်းထုတ်ပြန်ပါတယ်။


အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဝန်ကြီးဌာန၏ မဟာဗျူဟာရည်မှန်းချက် () ရပ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုအတွက် အဓိကထောက်တိုင်ဖြစ်သည့် အုပ်ချုပ်ရေးနှင့် စီးပွားရေးပစ်မှတ်များကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်မှုကို အဆုံးသတ်စေရန်၊ ကြားကာလ အုပ်ချုပ်ရေးစနစ် ပိုမိုအားကောင်းအောင် ဆောင်ရွက်ပြီး အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသည့် အုပ်ချုပ်ရေးစနစ် ပူးပေါင်းအကောင်အထည်ဖော်ရန်နှင့် ရည်ရွယ်ချက်/လုပ်ငန်းအစီအစဉ်()ချက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေး အဓိက အထောက်အပံ့ ဖြစ်နေသည့် Hight Value Targets များနှင့် Hight Pay Off Targets များကို တားဆီးနှိမ်နှင်း အရေးယူဆောင်ရွက်ရန်၊ ကြားကာလအုပ်ချုပ်ရေးကို NUG  ထိန်းချုပ်နယ်မြေများတွင် ကောင်းမွန်သော အုပ်ချုပ်ရေး ဝန်ဆောင်မှုများ ပေးနိုင်ရန်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးစီမံချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာစီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ဖက်ဒရယ်စနစ်ကို အခြေခံသည့် အုပ်ချုပ်ရေးနှင့် ရဲလုပ်ငန်းစဉ်ဖော်ဆောင်ရန်အတွက် လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ မူဝါဒနှင့် လုပ်ငန်းစဉ်များ ပေါ်ပေါက်လာရေး ဆောင်ရွက်ရန်တို့ အပါအဝင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။


၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက မြေပြင်အခြေအနေများနှင့်ပတ်သက်၍ သိရှိလိုသည်များ ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် အလုပ်သမားရေးရာကော်မတီက တင်ပြဆွေးနွေးကာ အစည်းအဝေးအား ရပ်နားခဲ့ပြီး အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ထီးလင်းမြို့နယ်မှာ လူထုအသိပညာပေး လူ့အခွင့်အရေးဟောပြောပွဲ ပြုလုပ်


စက်တင်ဘာ  

Radio NUG 


မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်ထဲကကျေးရွာတစ်ခုတွင် ဩဂုတ်လအတွင်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန သတင်းထုတ်ပြန်ပါတယ်။ 


ဟောပြောပွဲကို မြို့နယ်လူ့အခွင့်အရေးတာဝန်ခံတွေက ဦးဆောင်ပြုလုပ်ခဲ့ပြီး ကျေးရွာပအဖ တာဝန်ခံတို့လည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


 သင်တန်းတွင် လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ၊ အခြေခံလူ့အခွင့်အရေးအကြောင်းအရာတွေနဲ့ လူ့အခွင့်အရေးကြေညာစာတမ်းထဲမှာ ပါဝင်တဲ့ အချက်တွေကိုအသိပညာပေးဟောပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်း အန္တာရာယ်နဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကိုလည်း ရှင်းပြဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။


ဟောပြောပွဲကို‌ ကျေးရွာဒေသခံ ၁၁၁ ဦးတက်ရောက်ခဲ့ပြီး ဟောပြောပွဲအပြီးမှာ အခြေခံလူ့အခွင့်အရေးအကြောင်းအရာတွေကို ပိုမိုနားလည်လာကြောင်း မှတ်ချက်ပြုခဲ့ကြသလို အမျိုးသမီးတွေ အကြမ်းဖက်ခံရတာတွေနဲ့ လူသားချင်းစာနာမှုတွေအကြောင်းကို ထပ်ပြီး အသိပညာပေးဟောပြောမှုတွေလုပ်ဖို့ ဒေသခံတွေက တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၃။ ထိုင်းနိုင်ငံ၊ ချွန်ပူရီရှိ စက်ရုံတစ်ခုတွင် အလုပ်သမားများ (၃၇) ဦး အလုပ်ထုတ်ပယ်ခံရသဖြင့် NUG နှင့် MHACမှ သွားရောက် ကူညီဖြေရှင်းပေး


စက်တင်ဘာ  

Radio NUG 


ထိုင်းနိုင်ငံ၊ ချွန်ပူရီရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်နေတဲ့ အလုပ်သမားများ (၃၇) ဦးအား စက်ရုံဘက်မှ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ အထောက်ထားများ ပြည့်စုံသော်လည်း အထောက်အထား မပြည့်စုံဟုဆိုကာ ကြိုတင်အသိမပေးဘဲ စက်တင်ဘာလ ရက်နေ့တွင် အလုပ်မှထုတ်ပယ်လိုက်သည့်အတွက် ကူညီဆောင်ရွက်ပေးပါရန် အလုပ်သမားများမှ တိုင်ကြားလာကြောင်း သတင်းရရှိပါတယ်။


ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူ နှင့် MHAC မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များသည် အလုပ်သမားများအား သွားရောက် တွေ့ဆုံခဲ့ပြီး အလုပ်သမားများ ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအပေါ် ဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်ရာ နယ်မြေခံအစိုးရရုံးသို့ သွားရောက်၍ အလုပ်သမားများအတွက် လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ JCB အနေဖြင့် စစ်အုပ်စုကို အားပေးကူညီနေတဲ့ UAB ခရိုနီများနဲ့ ဆက်နွယ်မှုများကို အဆုံးသတ်ဖို့ Justice for Myanmar ထုတ်ပြန်


စက်တင်ဘာလ ရက်၊ 

Radio NUG


ဂျပန်ငွေပေးချေရေးကုမ္ပဏီ JCB အနေဖြင့် မြန်မာစစ်အုပ်စု ကျူးလွန်ထားတဲ့ ရာဇဝတ်မှုကြီးများကို အားပေး ကူညီနေတဲ့ UAB, ခရိုနီများနဲ့ ဆက်နွှယ်နေမှုများကို အဆုံးသတ် ရမယ်လို့ Justice for Myanmar က ထုတ်ပြန်ထားပါတယ်။


JCB အနေဖြင့် မြန်မာနိုင်ငံအတွင်းက ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု ရှိရမယ်လို့ အသိပေးထားပြီး၊ ၎င်းတို့ ဝန်ဆောင်မှုပေးသူအဖြစ် မိတ်ဖက်ဆောင်ရွက်နေတဲ့ UAB ဘဏ်ဟာ နိုင်ငံတကာမှ ဒဏ်ခတ် ပိတ်ဆို့မှုများကို ခံထားရတဲ့ ခရိုနီပိုင်ဘဏ်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က UAB ဘဏ်ဟာ စစ်အုပ်စုထံ လေယာဉ်ဆီရောင်းချမှုများအတွက် ငွေပေးချေရာမှာ အသုံးပြုတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ကြောင်း သတ်မှတ်ဖော်ပြခဲ့ပြီး EU မှ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အရေးပါသော မြန်မာခရိုနီ စီးပွားရေးလုပ်ငန်းစုကြီး IGE Group နှင့် နက်ရှိုင်းတဲ့ ဆက်နွယ်မှုများ ရှိတယ်လို့ ဆိုပါတယ်။


‌IGE Group တည်ထောင်သူနှင့် ဥက္ကဋ္ဌ နေအောင်ဟာ မြန်မာစစ်အုပ်စုနဲ့ အလွန်နီးကပ်တဲ့ စီးပွားရေးဆက်နွယ်မှု ရှိပြီး ရခိုင်ပြည်နယ်အတွင်း စစ်အုပ်စုရဲ့၂၀၁၇ နယ်မြေရှင်းလင်း စစ်ဆင်ရေးမှာ ငွေကြေးလှူဒါန်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


၂၀၂၁ အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း လူ့အခွင့်အရေးဆိုင်ရာ ကြိုတင်စိစစ်မှုများ လုပ်ဆောင်ခဲ့ခြင်း ရှိ/မရှိ၊ UAB ဘဏ်နှင့် ၎င်းတို့ရဲ့ ဆက်ဆံရေးကြောင့် နိုင်ငံတကာ ရာဇဝတ်မှုများတွင် ကြံရာပါ ဖြစ်နိုင်မှုကို ဆန်းစစ်ရန်နဲ့ လျော့ချရန် ဆောင်ရွက်ခဲ့ခြင်း ရှိမရှိ၊ UAB ဘဏ်နဲ့ မိတ်ဖက်ဆောင်ရွက်မှုကို အဆုံးသတ်/မသတ် ဇူလိုင်လ ၁၇ ရက်နေ့ ရက်စွဲဖြင့် Mekong Watch နဲ့ ဂျပန်အဖွဲ့အစည်းများနှင့်အတူ စာပေးပို့ မေးမြန်းခဲ့ပေမယ့် ဖြေကြားခြင်း မရှိဘူးလို့ အသိပေး ထားပါတယ်။


========================


📌📌 ၅။ မုန်းကိုးမြို့နယ်၊ Yu Cai ဗဟိုကျောင်း ကျောင်းဆောင်သစ် စီမံကိန်း စတင်အကောင်အထည်ဖော်


စက်တင်ဘာလ ရက်၊ 

Radio NUG


ကိုးကန့်အထူးဒေသ () မုန်းကိုးမြို့နယ်မှာ Yu Cai ဗဟိုကျောင်း ကျောင်းဆောင်သစ် တည်ဆောက်ရေးစီမံကိန်း စတင် အကောင်အထည်ဖော်ခြင်း အခမ်းအနားကို ကျင်းပခဲ့တယ်လို့ The Kokang က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ရက်နေ့က ကျင်းပခဲ့တဲ့ အခမ်းအနားကို မုန်းကိုးခရိုင် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး Mr. Li Zhi Mao ခရိုင်မှူး Mr. Bao An Zhong ဒု-ခရိုင်မှူး/ ခရိုင်ရဲတပ်ဖွဲ့ ရဲမှူး Mr. Zhang Lv Fa အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆောက်လုပ်‌ရေး တာဝန်ရှိသူများ၊ ကျောင်းသား/သူများနဲ့ ကျေးရွာကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။


အခမ်းအနားတွင် လုပ်ငန်း တာဝန်ရှိသူများက ခိုင်မာတဲ့ အခြေခံအုတ်မြစ်ချ အောင်မြင်ရေး ပူဇော်သက္ကာပြုခြင်း ဓလေ့ထုံးတမ်း အစဉ်အလာကို ဦးစွာပြုလုပ်ခဲ့ပြီး ခရိုင် အုပ်ချုပ်ရေးကော်မတီ၊ အတွင်းရေးမှူး Mr. Li Zhi Mao က ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။


Mr. Li Zhi Mao က "ကျွမ်းကျင်မှု နှင့် ကျောင်းဆောက်လုပ်ခြင်း၊ စေတနာ နှင့် ကျောင်းတက်ရောက်ခြင်း ဆိုတဲ့ ကတိပြုချက်ကို အလေးနက်ထား ပြောကြားခဲ့ပြီး စီမံကိန်းတစ်လျောက် လိုက်ပါဆောင်ရွက်မယ့် အထူးလုပ်ငန်း အဖွဲ့ကိုဖွဲ့စည်းကာ ၂၀၂၆၊ စက်တင်ဘာလ မတိုင်ခင် ပြီးစီးအသုံးပြုနိုင်အောင် ကြိုးစားဖို့ ဆောက်လုပ်ရေးအဖွဲ့ကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။


ထို့နောက် Mr. Li Zhi Mao   Mr. Bao An Zhong Mr. Zhang Lv Fa တို့နဲ့ ဆောက်လုပ်ရေး တာဝန်ရှိသူ Mr. Jin Shou Cheng တို့က ရွှေညှပ်ကပ်ကြေးဖြင့် ဖဲကြိုးဖြတ်ခြင်းပြုလုပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ ဝမ်းတွင်းမြို့နယ်၊ ခင်ကြီးရွာကို ရက် ရိက္ခာဖြတ်မယ်လို့ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူး အသိပေး


စက်တင်ဘာလ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ခင်ကြီးရွာကို () ရက်တိတိ ရိက္ခာဖြတ်မယ်လို့ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးက အော်ဟစ်အမိန့်ပေးခဲ့ကြောင်း Voice of Wundwin က သတင်းထုတ်ပြန်ထားပါတယ်။


စစ်တင်ဘာလ ရက်နေ့ နေ့လယ် ၁၂ နာရီကစပြီး ရက်တိတိ ရွာတွင်းရွာပြင်က ဈေးဆိုင် အကုန် ပိတ်ခိုင်းကာ ရောင်းချခွင့် မရှိကြောင်း စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးက မိုက်နဲ့ အော်သွားတယ်လို့ ဆိုပါတယ်။


အစားအစာ၊ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ဟင်းသီးဟင်းရွက်၊ အသားငါး၊ ကုန်စိမ်းကုန်ခြောက် မည်သည့် စားသောက်ကုန်ကိုမျှ ရောင်းချခွင့်မရှိတဲ့အပြင် ဓာတ်ဆီ၊ ဒီဇယ်ဆိုင်တွေလည်း အကုန်ပိတ်ခိုင်းကာ ရောင်းချခွင့် မရှိကြောင်း အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။


ထိုသို့ အမိန့်ထုတ်သွားခဲ့တာကြောင့် ၁၂ နာရီ မထိုးခင် ဈေးဆိုင်တွေအားလုံးမှာ ရွာသူရွာသားတွေ အလုအယက် တိုးဝှေ့ ဝယ်ယူနေခဲ့ကြတယ်လို့ ဆိုပါတယ်။


ပြည်သူတွေ အနေနဲ့ အစားအသောက်တွေကို လူမသိ မမြင်နိုင်စေမယ့် နေရာတွေမှာ သိုဝှက်ထားကြဖို့ VOW က တိုက်တွန်းထားပြီး မြို့နယ်အရှေ့ပိုင်းက ကျေးရွာတွေမှာ အိမ်တွေပေါ်ထိ စပါးကျီတွေထဲထိ ဝင်စစ်ပြီး တွေ့တာနဲ့ ဓါးပြတိုက်၊ လုယူသွားတာမျိုးကို စစ်ကော်မရှင်တပ်သားတွေက လုပ်ဆောင်နေတယ်လို့ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ တပ်မ (၁၀၁) မှ စစ်ကော်မရှင် စစ်ကြောင်း အနောက်ဘုန်းကံ ပျူရွာကို ရောက်လာချိန် Rocket များဖြင့် ပစ်ခတ် တိုက်ခိုက်


စက်တင်ဘာလ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တပ်မ (၁၀၁) မှ ထွက်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းအား အနောက်ဘုန်းကန် ပျူရွာကို ရောက်ရှိလာချိန်မှာ Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ရက်၊ မနက် နာရီ အချိန်မှာ အနောက်ဘုန်းကန် ပသစရွာကို ရောက်ရှိလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းကို နာရီ ၄၀ မိနစ် အချိန်မှာ Rocket လုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင် တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြု နိုင်သေးဘူးလို့ သိရပြီး စစ်ကော်မရှင်ဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် မဟာမိတ် တပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


ယခု တိုက်ခိုက်မှုကို Burma Revolution Rangers ပခုက္ကူမြို့နယ် ပကဖ တပ်ရင်း () ပခုက္ကူမြို့နယ် ပကဖ လက်နက်ကြီး တပ်ဖွဲ့ COBRA ONE နဲ့ Burma တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ သရက်မြို့နယ်မှာ စစ်ကော်မရှင် စစ်ကြောင်းနဲ့ ကားတန်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ၁၉ ဦး သေဆုံး


စက်တင်ဘာလ ရက်၊ 

Radio NUG


မကွေးတိုင်း၊ သရက်မြို့နယ်မှာစစ်ကားကြီး စီးပါ စစ်ကော်မရှင် စစ်ကြောင်းနှင့် ကား စီး၊ ဆိုင်ကယ် စီးပါ ယာဉ်တန်းတို့ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၁၉ ဦး သေဆုံးခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ရက်၊ နေ့လယ် နာရီ ၁၁ မိနစ်ခန့်တွင် ညောင်ဝိုင်း ကျေးရွာနဲ့ တပ်ကျေးရွာကြားက လမ်းပိုင်း တနေရာမှာ စစ်ကားကြီး စီးနဲ့ စစ်မေများ အပါအဝင် အင်အား ၈၀ ဝန်းကျင်ခန့်ပါ စစ်ကော်မရှင် စစ်ကြောင်းကို USBA က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း အရာရှိတဦးအပါအဝင် စစ်သား ၁၄ ဦး၊ စစ်မေ ဦး သေဆုံးသွားခဲ့ပြီး စစ်သား ဦး၊ စစ်မေ ဦး အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။


အဆိုပါ စစ်ကြောင်းဟာ သရက်မြို့နယ် အတွင်းက ကျေးရွာများကို ရက်တာ စစ်ကြောင်းထိုးခဲ့ပြီး ကပစ (၁၂) ကနေ ဖောကား စီးနဲ့ ပြည်သူပိုင်ပစ္စည်းများကို လာရောက်ခိုးယူခဲ့ပြီး နေ့စဉ် လက်နက်ကြီးများနဲ့ ပစ်ခတ်နေတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အလားတူ စက်တင်ဘာလ ရက်နေ့ ညနေ နာရီမှာ အထက်မင်းလှ မြို့နယ်ကနေ ကပစ (၁၂) ကို လုပ်ငန်းသုံး ပစ္စည်းများ သယ်ဆောင်လာတဲ့ ယာဉ်တန်းကို သရက်မြို့နယ်၊ ဘော်ရဲစခန်း မြောက်ဘက်၊ ကီလိုမီတာ အကွာ၊ တဇီးကောက် ကျေးရွာအနီး ခြုံခိုတိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။


(ကပစ) လုပ်ငန်းသုံးပစ္စည်းများ သယ်လာတဲ့ ကွန်တိန်နာ စီး၊ အင်အား ၄၀ ခန့်ပါ စစ်ကား စီး နဲ့ အင်အား ၁၀ ဦးပါ ရှေ့ပြေးဆိုင်ကယ် စီးတို့ကို USBA က ခြုံခိုတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၃။ စစ်ကော်မရှင် တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ တောင်ညိုဆည် မကျီးပင်ဂိတ်ကို နယ်မြေရှင်းလင်းခဲ့


စက်တင်ဘာလ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ တောင်ညိုဆည်ရှိ မကျီးပင်ဂိတ်စခန်းမှ စစ်ကော်မရှင် တပ်သားအားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားတာကြောင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်းထံက သိရပါတယ်။


စက်တင်ဘာလ ရက်၊ မနက် နာရီခန့်မှာ အင်အား ၂၀ ကျော်ရှိ မကျီးပင် ဂိတ်စခန်းမှ စစ်ကော်မရှင် တပ်သားများအားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားတာကြောင့် တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။


နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ်မှာ ကျည်များ၊ ရှေ့ထွက်မိုင်းများ၊ စစ်အသုံးအဆောင် ပစ္စည်းများ၊ ဆန်အိတ် ၁၁ အိတ်နဲ့ ပဲအိတ် အိတ်ကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ နယ်မြေရှင်းလင်းရေးကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁) ဒုရင်းမှူး ဦးဆောင်ကာ (၃၈၀၁) တပ်ခွဲ () တပ်ခွဲ () နဲ့ တပ်ခွဲ () တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေ၍ ဒေသခံများ ထိခိုက်ဒဏ်ရာရ


စက်တင်ဘာ  

Radio NUG 


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စက်တင်ဘာ ရက် နံနက် နာရီခန့်က မမုံ-ဖားပြင်-ဖားကန့်လမ်းပေါ်ရှိ မှော်တောင်းနှင့် ဆန်းကြွယ်ကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ KIA နှင့် KPDF တပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ကြောင်းဒေသသတင်းများအရ သိရပါတယ်။


ထိုတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆန်းကြွယ်ကျေးရွာရှိ မစိုးရိမ်ကျောင်းတိုက်မှ သံဃာ တစ်ပါးအပါအဝင် ဒေသခံ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူများထဲတွင် အသက် နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်ကာ  ၎င်း၏ဒဏ်ရာမှာ ပြင်းထန်သဖြင့် စိုးရိမ်ရတယ်လို့ သိရပါတယ်။


ထို့ပြင် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်သို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကလေးငယ်တစ်ဦး ထပ်မံဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


နေ့လယ် နာရီခန့်တွင်လည်း မြို့မရပ်ကွက်၊ စိမ်းရွှေဝါအိမ်ရှေ့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ကားနှစ်စီး ထိခိုက်ပျက်စီးခဲ့သော်လည်း လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။


စက်တင်ဘာ ရက်ညပိုင်းတွင်လည်း ဖားကန့်-ဆိပ်မူလမ်းပေါ်ရှိ ယူမာကျေးရွာ၊ အဲဗားမျောခြံတွင် စစ်ကောင်စီတပ်နှင့် KIA KPDF တပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး မှော်တောင်းကျေးရွာရှိ KIA/KPDF ဂိတ်စခန်းတစ်ခုကို ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။


ထို့အပြင် စစ်ရေးတင်းမာမှုကြောင့် ဖားကန့်မြို့လယ်ခေါင်ရှိ မြို့နယ်ပညာရေးမှူးရုံးနှင့် တွဲလျက်တည်ရှိသည့် ဖားကန့်အထက်တန်းကျောင်းအပါအဝင် မြို့ပေါ်ကျောင်းများကို စက်တင်ဘာ ရက်မှစတင်ကာ တစ်ပတ်ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ မြဝတီမြို့နယ် လေးကေ့ကော်ပြည်သူ့ဆေးရုံကို စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်


စက်တင်ဘာ  

Radio NUG 


စက်တင်ဘာ ရက် ၁၁ နာရီမှ ၁၂ နာရီဝန်းကျင်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်၊ အမှတ်- ရပ်ကွက်ရှိ ဆေးရုံအားကို စစ်ကောင်စီတပ်က အသေခံကာမိကာဇေဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ပျက်စီးသွားခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များမှ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကြောင့် ဆေးရုံ၏ ဆရာဝန်များနားနေဆောင် ထိခိုက်ပျက်စီးခဲ့ပြီး လူနာတွေတော့ မရှိဘူးလို့ သိရပါတယ်။


ထို့ပြင် စက်တင်ဘာ ရက် နံနက်ပိုင်းတွင်လည်း မြဝတီမြို့နယ်တောင်ဘက်၊ DKBA ထိန်းချုပ်ထားသည့် ကျောက်ခတ်ကျေးရွာရှိ ဆေးရုံဟောင်းကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆောက်အအုံပျက်စီးခဲ့ပါတယ်။


========================


🚩🚩 ၆။ နတ်မောက်တွင် စစ်တပ်က လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်၊ သားအဖနှစ်ဦး ထိခိုက်ပြီး ဖခင်ဖြစ်သူ သေဆုံး


စက်တင်ဘာ  

Radio NUG 


စက်တင်ဘာလ ၆ရက်  နေ့လယ် ၁၂ နာရီခန့်တွင် နတ်မောက်မြို့နယ်၊ ရုံးပင်ကွတ်ကျေးရွာတွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သားအဖနှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဖခင်ဖြစ်သူ သေဆုံးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


တိုက်ခိုက်မှုအတွင်း လူနေအိမ်ပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၄၀ အရွယ် ဦးဇော်ထွန်းဆိုသူ နေရာတွင် သေဆုံးခဲ့ပြီး ၎င်း၏ သမီးဖြစ်သူ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ လက်တွင် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ ပြင်ဦးလွင်တွင် စစ်တပ်အရာရှိဟုဆိုသူက ဖုန်းဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများကို PDF ဟု စွပ်စွဲပြီး ဖမ်းမည်ဟု ခြိမ်းခြောက်


စက်တင်ဘာ  

Radio NUG 


မန္တလေးတိုင်း၊ ပြင်ဦးလွင် (မေမြို့) ရှိ ဖုန်းဆိုင်တစ်ခုတွင် စစ်တပ်အရာရှိဟုဆိုသူ အရပ်ဝတ်နှင့် အမျိုးသားတစ်ဦးက ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများကို PDF ဟု စွပ်စွဲကာ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့သည့်ဖြစ်စဉ်တစ်ခု စက်တင်ဘာ ရက်က ဖြစ်ပွားခဲ့ကြောင်း AAMIJ မှ သတင်းဖော်ပြထားပါတယ်။


လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် CCTV ရုပ်သံမှတ်တမ်းများအရ အဆိုပါအမျိုးသားက "မင်းတို့က စစ်တပ်ကိုပိုင်တာ ဘယ်လောက်ပိုင်တာလဲ တပ်ရင်းမှုးလောက်ပိုင်တာမလား။ နေပြည်တော်ပိုင်လား ရန်ကုန်ပိုင်လား ခရိုင်မှုးထိပိုင်လား " လို့ ကြိမ်းမောင်းပြောဆိုခဲ့တာ တွေ့ရပါတယ်။


ထိုခြိမ်းခြောက်မှုသည် လူမှုကွန်ရက်အသုံးပြုသူများအကြား ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်စေခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အာဏာအလွဲသုံးစားလုပ်မှုနှင့် ပြည်သူလူထုအပေါ် ဖိနှိပ်မှုများကို ထပ်မံထင်ရှားစေတယ်လို့ ဆိုကြပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment