၂၀၂၅ အောက်တိုဘာလ ၉ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ အောက်တိုဘာလ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။အကြမ်းဖက်စစ်အုပ်စုဟာ ရွေးကောက်ပွဲအတွက် ပြည်သူလူထုကို ဖိအားပေးနေပြီး စစ်ရာဇာဝတ်မှုတွေ ပြောင်းပြောင် တင်းတင်း ကျူးလွန်နေတယ်လို့ NUG ပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်း အန္တာရာယ်ကြားက ပဋိပက္ခကာလအတွင်း အမျိုးသမီးနှင့် ကလေး သူငယ်ကာကွယ် စောင့်ရှောက်ရေး - WCP သင်တန်းကျင်းပနိုင်ခဲ့တယ်လို့ NUG လူအခွင့်အရေးဝန်ကြီးဌာန ဆို 


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ ချောင်းဦးမြို့နယ်က ဆီးမီးထွန်းပွဲကို စစ်တပ်ကလေကြောင်းကနေ တိုက်ခိုက်ခဲ့မှုကို နိုင်ငံတကာမီဒီယာတွေ ထိပ်တန်း သတင်းအဖြစ် ဖော်ပြ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ဗန်းမော်မှာတိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ KIA ပြော

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨⁨⁨⁨ ရေဖြူနယ်မှာဖြစ်တဲ့ ၂ရက်တာ တိုက်ပွဲမှာ စစ်သား ၁၃ ဦးသေပြီး အထိနာသွားတဲ့ စစ်တပ်က ပြည်သူပိုင်အိမ်တွေ မီးရှို့ဖျက်ဆီး

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မင်းတပ်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲခံရမှုကြောင့် မသန်စွမ်းအမျိုးသမီးနဲ့ စစ်ရှောင် ကလေးငယ် ဦးသေဆုံး 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အကြမ်းဖက်စစ်တပ်က ကျောက်မဲမြို့နယ်ထဲက နမ့်မန်းတံတားကို လေကြောင်းကနေ ဗုံးကြဲဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။အကြမ်းဖက်စစ်အုပ်စုဟာ ရွေးကောက်ပွဲအတွက် ပြည်သူလူထုကို ဖိအားပေးနေပြီး စစ်ရာဇာဝတ်မှုတွေ ပြောင်းပြောင် တင်းတင်း ကျူးလွန်နေတယ်လို့ NUG ပြော


အောက်တိုဘာလ ()ရက်


အကြမ်းဖက်စစ်အုပ်စုဟာ ရွေးကောက်ပွဲအတွက် ပြည်သူလူထုကို ဖိအားပေးနေပြီး စစ်ရာဇာဝတ်မှုတွေ ပြောင်းပြောင် တင်းတင်း ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာယန်ကြီးဌာနက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

အတုအယောင်ရွေးကောက်ပွဲကိုအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေတဲ့ ချောင်းဦးဒေသနေပြည်သူတွေရှိရာ နေရာကို သီတင်းကျွတ်လပြည့်နေ့မှာ အကြမ်းဖက်စစ်အုပ်စုဗုံးကြဲတာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ အများအပြားသေဆုံးခဲ့ရတဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာဟာ အကြမ်းဖက်စစ်တပ်ကလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို အလိုမရှိတဲ့ကြောင်း ဒေသနေပြည်သူတွေ ဆန္ဒဖော်ထုတ်တဲ့နေရာဖြစ်ပြီး ဗုံးကြဲ တိုက်ခိုက်ချိန်ဟာ သီတင်းကျွတ်လပြည့်နေ့ ဖြစ်တဲ့အတွက် ဒေသနေပြည်သူတွေနဲ့ ကလေးငယ်တွေ သီတင်းကျွတ်လပြည့်နေ့ ဆီမီးထွန်းဆုတောင်းပွဲ ပြုလုပ်နေချိန် ဖြစ်တယ်လို့ ပြောပါတယ်။

မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် - နမခ ကနေတက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ Paramotor နဲ့ ၁၂၀ မမ ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ တွေကို ဆေးကုသနေတဲ့ ၁၁ အချိန်မှာ အကြမ်းဖက်စစ်တပ်ဟာ နောက်ထပ်တကြိမ် Paramotor စင်း နဲ့ ၁၂၀ မမ ဗုံးသီး လုံး စာသင်ကျောင်းပေါ် တည့်တည့်ကို ရက်ရက်စက်စက် ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်စဉ်တွေမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ဦး၊ သပိတ်ဦးဆောင်ကော်မတီက လူငယ် ဦး အပါအဝင် အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ဦး၊ စုစုပေါင်း ၁၉ ဦး အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။ 

သေဆုံးသူတွေထဲမှာ အသက် နှစ်အရွယ် ကလေးငယ်တဦးပါဝင်ပြီး ကိုယ်လက်အင်္ဂါတွေ  ပြတ်ထွက်ပြီး သေဆုံးခဲ့ရ တာလို့ သိရပါတယ်။ 

ဒါ့အပြင် အသက် ၁၈ နှစ်အောက် ကလေးငယ်အယောက် ၂၀၊ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ဦး စုစုပေါင်း အရပ်သား ပြည်သူ အယောက် ၄၀ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

သေဆုံးသူတွေနဲ့ ဒဏ်ရာရပြည်သူတွေ ချောင်းဦးနဲ့ မုံရွာမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေက အရပ်သား ပြည်သူတွေ ဖြစ်ပြီး မနေ့ အောက်တိုဘာ ရက် နာရီခွဲအထိဆိုရင် သေဆုံးသူ ၂၂ ဦးအထိရှိလာပြီး ဒဏ်ရာရသူအရေအတွက်ဟာ လည်း ၅၅ ဦးအထိ မြင့်တက်လာတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် ကျောင်းဆောင် ဆောင်၊ မော်တော်ယာဉ်တစီး၊ ဆိုက်တွဲ စီး၊ ဆိုင်ကယ် စီးနဲ့ အုတ်ရေကန်တကန် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင်ရွေးကောက်ပွဲလုပ်နိုင်ဖို့ ပြည်သူလူထုကို ဖိအားပေးနေသလို တဖက်မှာလည်း အကြမ်းဖက်မှုတွေ အရှိန်မြှင့်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတာကို မျက်ကွယ်မပြုဖို့ နိုင်ငံတကာအသိုက်အဝန်းကို NUG က တိုက်တွန်းထားပါတယ်။


အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ထောက်ခံအားပေးဖို့ ကြိုးစားနေတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်း တွေအေနေနဲ့ ဒီဖြစ်ရပ်တွေကို မျက်ကွယ်ပြုထားပြီး အကြမ်းဖက်စစ်အုပ်စုကလုပ်မယ့်‌ ရွေးကောက်ပွဲကို တားဆီးဟန့်တား မှုတွေ မလုပ်ခဲ့ရင် စစ်အုပ်စုဟာ အကြမ်းဖက်မှုတွေကို ဒီထက်ပိုပြီး အရှိန်မြင့် လုပ်လာနိုင်တယ်လို့လည်း သတိပေးထား ပါတယ်။


အကြမ်းဖက်စစ်တပ်အနေနဲ့ သူတို့အာဏာတည်မြဲရေးအတွက် အခါကြီးရက်ကြီးနဲ့ ဘာသာရေးအထွဋ်အမြတ်ထားရာ နေ့တွေပါမကျန် ပြည်သူလူထုအပေါ် အကြမ်းဖက်ရက်စက်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် အရေးယူခံရနိုင်ဖို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အစွမ်းကုန်ကြိုးပမ်းအားထုတ်သွားမယ်လို့ ကတိပြုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်း အန္တာရာယ်ကြားက ပဋိပက္ခကာလအတွင်း အမျိုးသမီးနှင့် ကလေး သူငယ်ကာကွယ် စောင့်ရှောက်ရေး - WCP သင်တန်းကျင်းပနိုင်ခဲ့တယ်လို့ NUG လူအခွင့်အရေးဝန်ကြီးဌာန ဆို 


အောက်တိုဘာလ ()ရက်


အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်း အန္တာရာယ်ကြားက မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး - WCP သင်တန်းကျင်းပနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG လူအခွင့်အရေးဝန်ကြီးဌာနက ဒီနေ့ အောက်တိုဘာ ရက်မှာ ထုတ်ပြန်လာပါတယ်။


ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးသင်တန်း - WCP သင်တန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ဖွင့်လှစ်နိုင်ခဲ့တာလို့ ဆိုပါတယ်။ 


ဒီလိုသင်တန်းတွေ ပို့ချနိုင်ဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာအနေနဲ့ မြေပြင်ရေးရာတာဝန်ခံတွေကို ၂၀၂၄ ခုနှစ်မှာ တကြိမ်၊ ၂၀၂၅ ခုနှစ်မှာ တကြိမ် နည်းပြသင်တန်းတွေ ပို့ချခဲ့ပြီး အခုလိုနောက်ဆက်တွဲ ဆင့်ပွားသင်တန်းတွေကို ပြုလုပ်နိုင်တာလို့ အသိပေးပါတယ်။ 


ရေစကြိုမှာပြုလုပ်တဲ့ သင်တန်းမှာတော့ အမျိုးသမီးလူ့အခွင့်ရေးဆိုင်ရာ တာဝန်ခံတဦးက ဦးဆောင်ပြီး သင်တန်းကို ပြုလုပ်ခဲ့တာလို့ သိရပါတယ်။


သင်တန်းမှာ ကလေးအခွင့်အရေးဆိုင်ရာ အခြေခံသဘောတရားများ၊ ကလေးငယ်တွေနဲ့ပတ်သက်လို့ ကြီးလေးတဲ့ ကျူးလွန်မှုတွေဖြစ်တဲ့ သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါပျက်စီးစေခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း၊ တပ်သားသစ် စုဆောင်းခြင်းစတဲ့ အချက်တွေနဲ့ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတွေ၊ ပဋိပက္ခအခြေအနေမှာ ဖြစ်ပေါ်လာတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - CRSV အမျိုးသမီးများအပေါ်ခွဲခြားမှုပပျောက်ရေး CEDAW စာချုပ်အကြောင်း၊ ကလေးအခွင့်အရေး စာချုပ် - CRC တို့ကို သင်ကြားပို့ချခဲ့တယ်လို့ NUG လူအခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


သင်တန်းကာလအတွင်းမှာ ကလေးငယ်တွေအကြမ်းဖက်ခံရရင် သင်တန်းသားတွေ ကိုယ်တိုင်လုပ်ဆောင်နိုင်မယ့် အခြေ အနေတွေ၊ ပတ်ဝန်းကျင်၊ အဖွဲ့အစည်း၊ သက်ဆိုင်ရာ အစိုးရက လုပ်ဆောင်ပေးနိုင်မယ့်အခြေအနေတွေနဲ့အတူ ကာကွယ် မှုတွေ လုပ်ဆောင်ပေးနိုင်မယ့်အရေးတွေ၊ တိုင်ကြားနိုင်တဲ့ ယန္တယားတွေအကြောင်းကို ဆွေးနွေးခဲ့ကြသလို အမျိုးသမီးတွေ နဲ့ ပတ်သက်ပြီး အကာအကွယ်ပေးထားတဲ့ ဥပဒေနဲ့စာချုပ်တွေအကြောင်း၊ အမျိုးသမီးများ အကြမ်းဖက်ခံရတဲ့ အခြေအနေမှာ ကာကွယ်စောင့်ရှောက်မှုပေးနိုင်မယ့် ဖြေရှင်းနည်းတွေ၊ တိုင်ကြားနိုင်တဲ့ ယန္တယားတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


သင်ကြားဆွေးနွေးမှုတွေလုပ်နေချိန်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်း အန္တာရာယ်ကို စိတ်ပူစိုးရိမ်စွာနဲ့ စောင့်ကြည့်ခဲ့ ရသလို မိုးသည်းထန်စွာရွာသွန်းမှုကြောင့်လည်း သင်ကြားသူတွေရော သင်ယူသူတွေပါ ပုံမှန်ထပ် ပိုပြီး အားထုတ်ခဲ့တာ ကြောင့် အောင်မြင်စွာသင်ကြားနိုင်ခဲ့တာလို့ NUG လူအခွင့်အရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှာ လူ့အခွင့်ရေးရာတာဝန်ခံ စုစုပေါင်း ၁၀၂ ဦးရှိပြီး အမျိုးသမီးလူ့အခွင့်ရေးရာ တာဝန်ခံ ၂၅ ဦးခန့်အပ် တာဝန်ပေးထားတယ်လို့ သိရပါတယ်။



⁨⁨⁨အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================



🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ ချောင်းဦးမြို့နယ်က ဆီးမီးထွန်းပွဲကို စစ်တပ်ကလေကြောင်းကနေ တိုက်ခိုက်ခဲ့မှုကို နိုင်ငံတကာမီဒီယာတွေ ထိပ်တန်း သတင်းအဖြစ် ဖော်ပြ


အောက်တိုဘာလ ()ရက်


စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ဘုံတိုကျေးရွာမှာကျင်းပတဲ့ ဆီးမီးထွန်းပွဲကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကို နိုင်ငံတကာ သတင်းမီဒီယာတွေက ထိပ်တန်းသတင်းအဖြစ် အကျယ်တဝံ့ ဖော်ပြခဲ့ကြပါတယ်။ 

ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ အောက်တိုဘာ ရက်နေ့ ညပိုင်းမှာ အကြမ်းဖက်စစ်တပ်က ပါရာမော်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကို အမေရိကန်သတင်းစာ နယူးယောက်တိုင်းမ်၊ ဗြိတိန်ရဲ့ Independent သတင်းဌာနနဲ့ ဘီဘီစီ အပါအဝင် အယ်ဂျာဇီးယား၊ Metro AFP နဲ့ အိန္ဒိယသတင်းဌာဖြစ်တဲ့ Time of India တို့အပါအဝင် နိုင်ငံတကာသတင်းမီဒီယာတွေမှာ ထိပ်တန်းသတင်းအနေနဲ့ ဖော်ပြထားတာ တွေရပါတယ်။ 

ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာရေးအခမ်းအနားဖြစ်တဲ့ ဆီမီးထွန်းပွဲတော်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဟာ အကြမ်းဖက်စစ်တပ်ရဲ့ ကြမ်းတမ်းတဲ့ ရက်စက်မှုဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေက ဆိုထားပါတယ်။ 

ချောင်းဦးမြို့နယ်က ဘုံတိုရွာမှာလုပ်တဲ့ ဆီမီးထွန်းပွဲကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ဒဏ်ရာရသူတွေပါ သေဆုံးသွားတာကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၄ ဦးအထိ ရှိလာပြီလို့ ဒေသတွင်းသတင်းတွေ အရ သိရပါတယ်။ 

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနကတော့ စစ်တပ်ဟာ အာဏာတည်မြဲရေး ကိုသာဦးတည်ပြီး လူထုအပေါ် အခါကြီးရက်ကြီး ဘာသာရေးအထွဋ်အမြတ်ထားရာနေ့ရက်တွေပါမကျန် ရက်စက်နေတဲ့ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူနိုင်ရေး အစွမ်းကုန်ကြိုးပမ်းအားထုတ်သွားမယ်လို့ ကတိပြု ထုတ်ပြန်ကြေညာ ထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ဗန်းမော်မှာတိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ KIA ပြော


အောက်တိုဘာလ ()ရက်


ကချင်ပြည်နယ်က ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတယ် လို့ KIA ဘက်က ပြောပါတယ်။ 

ဗန်းမော်မြို့တွင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး KIA သတင်းပြန်ကြားရေးဌာနက ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်သားတွေဟာ အောက်တိုဘာ ရက် ညနေကစပြီး ဗန်းမော် မိုင်ဘက်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ် ဆင်လာတာကြောင့် KIA ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ရက်နေ့မှာလည်း ဗန်မော် မိုင်ဘက်ကို စစ်ရေးလှုပ်ရှားတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ KIA ပူးပေါင်းတပ် တို့ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ အသိပေးပါတယ်။ 

အဲဒီလို တိုက်ပွဲတွေပြင်းထန်နေချိန်မှာ အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းကို အဓိကာထားပြီး တိုက်ခိုက်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

KIA သတင်းပြန်ကြားရေးဌာနက တိုက်ပွဲအခြေအနေ အသေးစိတ်ကို ထုတ်ဖော်ပြောဆိုတာမရှိပေမယ့် ခလရ ၄၇ အနီး စစ်တပ်စွဲထားတဲ့ နေရာ ခုထက်မနည်းကို KIA ပူးပေါင်းတပ်တွေ ပြန်လည် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာရှိတယ်လို့ ဒေသ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

အခု အောက်တိုဘာလအတွင်းမှာတင် ဗန်းမော်တိုက်ပွဲမှာ ခလရ ၂၃၇၊ ခမရ ၃၈၇ နဲ့ ခမရ ၄၅၁ တို့က ဗိုလ်မှူး အဆင့်ရှိသူ ဦးနဲ့ အခြားအဆင့် ၃ဝ ကျော် သေဆုံးခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တယောက်က အသိပေးပါတယ်။ 

ဝိုင်းမော်ဘက်မှာလည်း အကြမ်းဖက်စစ်သားတွေထိုးစစ်ဆင်လာတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာတွေ ရှိရာမှာ မနေ့ အောက်တိုဘာ ရက်မှာ စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေရဲ့ ခြေကုတ်စခန်း ခုကို  KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨⁨⁨⁨ ရေဖြူနယ်မှာဖြစ်တဲ့ ၂ရက်တာ တိုက်ပွဲမှာ စစ်သား ၁၃ ဦးသေပြီး အထိနာသွားတဲ့ စစ်တပ်က ပြည်သူပိုင်အိမ်တွေ မီးရှို့ဖျက်ဆီး


အောက်တိုဘာလ ()ရက်


တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ ရက်ဆက်ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်သား ၁၃ ဦး သေဆုံးပြီး အထိနာသွားတဲ့ စစ်တပ်ဟာ အရပ်သားပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒူကရစစ်ကြောင်းက ဒီနေ့ အောက်တိုဘာ ရက်မှာ ထုတ်ပြန်လာပါတယ်။ 

အင်အား ၂ဝဝ ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ စက်တင်ဘာ ၂၈ ရက်မှာ ပုဂေါ်ဇွန်းရွာကိုရောက်လာပြီး ရွာသားတွေကို ဖမ်းဆီးကာ နေအိမ်တွေကို ဖျက်ဆီးကာ ပြည်သူတွေပိုင်တဲ့ ရွှေ၊ငွေတွေကို အဓမ္မ ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီစစ်ကြောင်းဟာ စက်တင်ဘာ ၂၉ ရက်နေ့မှာ ဝက်ချောင်းရွာကနေ ခမောင်းချောင်းရွာဘက် ရောက်လာပြီး ရွာသားတွေ ကို ဖမ်းဆီးကာ နေအိမ်တွေနဲ့စျေးဆိုင်တွေကို ဖျက်ဆီးခဲ့ကြတယ်လို့လည်း အသိပေးပါတယ်။

အဲဒီစစ်ကြောင်း ဧကနိရွာကို စက်တင်ဘာ ၃ဝ ရက်နေ့ ရောက်လာချိန် နေ့လည် ၁၂ နာရီကျော်ကစပြီး တော်လှန်ရေးတပ် တွေနဲ့ ၂ရက်ဆက် တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။ 

အခု အောက်တိုဘာလ ရက် ညနေ နာရီအထိ ရက်တာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ၁၃ ဦး သေဆုံး ခဲ့ရာမှာ စစ်သားတွေကို မီးရှို့ပစ်ထားခဲ့တာရှိသလို အချို့ကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သင်္ချိုင်းမှာ မီးရှို့သင်္ဂြိုလ်ပေးခဲ့ရ တယ်လို့ ပြောပါတယ်။ 

အထိနာသွားတဲ့ စစ်တပ်ဟာ ဧကနိရွာက ပြသူပိုင်အိမ် ၁ဝ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး အခြားအိမ်တွေလည်း ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်သားတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့အိမ် ၁ဝ လုံးထဲမှာ ကြံ့ခိုင်ရေးအမတ် ပျူစောထီး နိုင်ဦးရဲ့အိမ် အပါအဝင် ကြံ့ခိုင်ရေးပါတီကို ထောက်ခံအားပေးတဲ့ အိမ် လုံးလည်း ပါဝင်ခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့စစ်တပ်စစ်ကြောင်းကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ ဒူကရစစ်ကြောင်း၊ ဒေါနတပ်ရင်း တပ်ခွဲ ၆၊ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့၊ ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ရေဖြူမြို့နယ် အခြေစိုက် မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့ ဘက်က ရဲဘော်တဦး မြင့်မြတ်စွာ ကျဆုံးခဲ့သလို ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။ 

တော်လှန်ရေးတပ်တွေဘက်က တနိုင်ငံလုံးအတိုင်းအတိုင်နဲ့ စစ်ရေးဖော်ဆောင်နေချိန်မှာ စစ်တပ်ဘက်က လေကြောင်း တိုက်ခိုက်မှုတွေ အချိန်မရွေး လုပ်လာနိုင်တာကြောင့် မိဘပြည်သူများအနေနဲ့ စစ်ရေးသတိနဲ့ သွားလာနေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေဘက်က တိုက်တွန်းထားသလို အမှန်တရားဘက်က ရပ်တည်လိုတဲ့ စစ်သားနဲ့ရတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မင်းတပ်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲခံရမှုကြောင့် မသန်စွမ်းအမျိုးသမီးနဲ့ စစ်ရှောင် ကလေးငယ် ဦးသေဆုံး 


အောက်တိုဘာလ ()ရက်


ချင်းပြည်နယ် မင်းတပ်မြို့နယ်က ကျေးရွာ ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် မသန်စွမ်းအမျိုးသမီးနဲ့ စစ်ရှောင် ကလေးငယ် ဦးသေဆုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

မနေ့ အောက်တိုဘာ ရက် ၇နာရီခန့်မှာ မင်းတပ်မြို့နယ် ၀မ္မသူးကျေးရွာနဲ့ ထင်ချောင်းရွာက စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်ကလေးငယ်တွေ သေဆုံးရတာလို့ ဆိုပါတယ်။

တော်လှန်ရေးတပ်တွေဘက်က စစ်ရေးလှုပ်ရှားတာမရှိဘဲ ကျောင်းသူ ကျောင်းသားတွေ စကျက်နေတဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာလို့ ဒေသသတင်းရင်းမြစ်တွေက အသိပေးပါတယ်။

ထင်ချောင်းစာသင်ကျောင်း ဗုံးကြဲခံရမှုကြောင့် ကျောင်းသား ဦး၊ မသန်စွမ်းအမျိုးသမီးတဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၂ ဦးရှိတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမာန်ကလည်း အတည်ပြု ထားပါတယ်။

၀မ္မသူးကျေးရွာစာသင်ကျောင်း တိုက်ခိုက်ခံရမှုမှာတော့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာမရှိဘူးလို့ သိရပါတယ်။

အကြမ်းဖက် စစ်တပ်ဟာ မင်းတပ်မြို့ကို အောက်တိုဘာ ရက်နေကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၂ကြိမ် လုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ဦးဒဏ်ရာရခဲ့ပြီး နေအိမ်နဲ့ ဟိုတယ်အဆောက်အအုံ ပျက်စီးတာတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။ 

ချင်းဒေသကာကွယ်ရေးတပ် CDF - မင်းတပ်နဲ့ မဟာမိတ်တွေက မင်းတပ်မြို့ကို ၂၀၂၄ ခုနှစ်ဒီဇင်ဘာမှာ သိမ်းပိုက်နိုင်ခဲ့ပြီး အာဏာသိမ်းစစ်တပ်က မင်းတပ်မြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အကြမ်းဖက်စစ်တပ်က ကျောက်မဲမြို့နယ်ထဲက နမ့်မန်းတံတားကို လေကြောင်းကနေ ဗုံးကြဲဖျက်ဆီး


အောက်တိုဘာလ ()ရက်


အကြမ်းဖက်စစ်တပ်က တအာင်း တပ်မဟာ နယ်မြေဖြစ်တဲ့‌ ကျောက်မဲမြို့နယ်ထဲက နမ့်မန်းတံတားကို လေကြောင်းကနေ ဗုံးကြဲပြီး ဖျက်ဆီးသွားတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်က မနေ့ အောက်တိုဘာ ရက်နေ့က ပေါင် ၂၅၀ ဗုံး လုံး လာရောက်ကြဲချပြီး ဖျက်ဆီးခဲ့တာကြောင့် တံတားပျက်စီးသွားတာလို့ ဆိုပါတယ်။

အကြမ်းစစ်တပ်ဟာ နမ့်မန်းတံတားကို ၁၀၂၇ စစ်ဆင်းရေး အပိုင်း တုန်းက တကြိမ်မိုင်းခွဲဖျက်စီးခဲ့ပြီး အခု ဒုတိယအကြိမ် ဖြစ် လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးတာလို့ သိရပါတယ်။

TNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေဟာ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှာ ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ ကျောက်မဲ၊သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊မိုးမိတ်၊မန်တုံ၊နမ္မတူ၊ကွတ်ခိုင်၊နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြိုနဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့ကို သိမ်းယူခဲ့တယ်လို့ စစ်ရေးမှတ်တမ်းတွေအရ သိရပါတယ်။

ဒါပေမဲ့ ၂၀၂၅ နှစ်လယ်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ မြေပြင်ကနေစစ်ကြောင်းထိုးသလိုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဇူလိုင်လမှာ နောင်ချိုမြို့ကို လက်လွတ်ဆုံးခဲ့ရတဲ့အပြင် အောက်တိုဘာ လဆန်းပိုင်းမှာလည်း ကျောက်မဲမြို့ကို ထပ်မံလက်လွှတ်လိုက်ရတယ်လို့ စစ်ရေးသတင်းတွေမှာ ဖော်ပြထားပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ ဒီနှစ်ကုန်ပိုင်းမှာ သူတို့ထွက်ပေါက်အတွက်လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုးစားနေတာကြောင့် လက်ရှိမှာလည်း သီပေါမြို့ကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် TNLA တပ်တွေ ခုခံ တိုက်ခိုက်နေရတယ်လို့ သိရပါတယ်။  

 ဒါ့ကြောင့် အကြမ်းဖက်စစ်တပ်ကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ ရှမ်းမြောက်ဒေသမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အပါအဝင် တော်လှန်ရေးတပ်တွေအားလုံးကို TNLA က ဖိတ်ခေါ်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ကို ပူးပေါင်းတိုက်ခိုက်ဖို့ တော်လှန်ရေးတပ်တွေက ဖိတ်ခေါ်ထားသလို တဖက်မှာလည်း အကြမ်းဖက် စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်အောင် စစ်ရေးသတိရှိနေကြဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေ လိုက်နာဆောင်ရွက်ကြဖို့ မိဘပြည်သူတွေကို TNLA က တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment