24th MAY 2022 - Evening Daily News by Radio NUG

၂၀၂၂ မေလ ၂၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌အကြမ်းဖက်စစ်ကောင်စီကို လက်နက်ခဲယမ်းနှင့် လေယာဉ်လောင်စာများ ရောင်းချမှုကန့်သတ်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရမှ Quad အင်အားကြီးလေးနိုင်ငံသို့ အဆိုပြုတောင်းဆို

📌သေ့ဘော့ဘိုး စခန်းသိမ်းအောင်ပွဲ အနေဖြင့် ကော်ဘရာစစ်ကြောင်းနှင့် ဗိုလ်အယ်ဆေးဝါး ဦးဆောင်သော KNDO တပ်ဖွဲ့ဝင်များကို ဒေသခံများက ပြည်သူ့အောင်ပွဲအဖြစ်ခံယူ၍ ကြိုဆိုဂုဏ်ပြု

📌ကိုယ်ဝန်ဆောင် CDM ဝန်ထမ်းများကို ထောက်ပံကူညီရန် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကစာရင်းတောင်းခံ

📌ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာညီလာခံကို ကျင်းပမယ်

📌ရန်ကုန်တွင် စက်သုံးဆီစျေးနှုန်းများ မြင့်တက်၍ အငှားယာဥ်များ ယာဥ်စီးခနှုန်းထားတိုးမြှင့်ကောက်ယူ

📌၉၀၂ တပ်ရင်း၊ နတ်မောက်မြို့နယ်မှ ရဲဘော်များမြို့သိမ်းတိုက်ပွဲများအတွက် ကြိုတင်ပြင်ဆင်

📌DMO PDF တပ်ရင်း-A မှ 338 sniper တစ်လက်ထပ်မံဝယ်ယူနိုင်ပြီး ကျည်များလိုအပ်နေတယ်လို့ဆို

📌စစ်ကိုင်းတိုင်း မြို့နယ်တော်တော်များများမှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံရတာကြောင့် စစ်ကိုင်းနယ်ပြင်ပရောက်နေသူတွေက ဆွေမျိုးနဲ့မိသားစုတွေအတွက် စိုးရိမ်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌အကြမ်းဖက်စစ်ကောင်စီကို လက်နက်ခဲယမ်းနှင့် လေယာဉ်လောင်စာများ ရောင်းချမှုကန့်သတ်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရမှ Quad အင်အားကြီးလေးနိုင်ငံသို့ အဆိုပြုတောင်းဆို


မေလ၂၃ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာကတော့အကြမ်းဖက်စစ်ကောင်စီကို လက်နက်ခဲယမ်းနှင့် လေယာဉ်လောင်စာများ ရောင်းချမှုကန့်သတ်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရမှ Quad အင်အားကြီးလေးနိုင်ငံသို့ အဆိုပြုတောင်းဆိုလိုက်ပါတယ်။


"မိမိတို့သည် အင်အားကြီးလေးနိုင်ငံအနေဖြင့် အောက်ဖော်ပြပါအချက်များအပေါ် ရှင်းလင်း ပြတ်သားစွာ ရပ်တည်ပေးနိုင်ရန် တောင်းဆိုပါသည်-


() အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် သည်းမခံရန်၊ 

() တရားမျှတမှုရရှိစေရေးအတွက် အကြမ်းဖက်စစ်ကောင်စီ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်ဆိုင်ရာပြစ်မှုများနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သူများအား အရေးယူရန်၊

() နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် နိုင်ငံရေးအပေါ်ဗဟိုပြု၍ပေါ်ပေါက်လာသော မြန်မာနိုင်ငံ၏ ဆိုးရွားလှသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဆိုးကြီး ကို ထိထိရောက်ရောက် တုံ့ပြန်ကိုင်တွယ်ပေးနိုင်ရန်၊ 

() အကြမ်းဖက်စစ်ကောင်စီ၏ လူသတ်မှုများကို ကျူးလွန်နိုင်ရန် ပံ့ပိုးပေးနေသည့် အကြောင်းအရာဖြစ်သော လက်နက်ခဲယမ်းနှင့် လေယာဉ်လောင်စာများ ရောင်းချမှုကို သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့အနေဖြင့် ၎င်းတို့၏ အခွင့်အာဏာကို အသုံးချ၍ ကန့်သတ်ပေးပါရန်၊

() အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှုမှလွတ်ကင်းသည့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်အား မြန်မာပြည်သူတို့၏ လက်ဝယ်တွင်သာ တည်ရှိနိုင်ရန်တို့ပါဝင်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာပြည်သူများအတွက်သာမက ဒေသတွင်းလုံခြုံ ရေးအတွက်ပါ အရေးကြီးလှသည့် လက်ရှိမြန်မာနိုင်ငံ၏ အကျပ်အတည်းနှင့် ဒီမိုကရေစီအရေးတို့ အတွက် Quad အင်အားကြီးလေးနိုင်ငံက formal working group တစ်ခုအား နှောင့်နှေးကြန့်ကြာမှု မရှိဘဲ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ပါရန် အဆိုပြုတောင်းဆိုလိုပါတယ်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌သေ့ဘော့ဘိုး စခန်းသိမ်းအောင်ပွဲ အနေဖြင့် ကော်ဘရာစစ်ကြောင်းနှင့် ဗိုလ်အယ်ဆေးဝါး ဦးဆောင်သော KNDO တပ်ဖွဲ့ဝင်များကို ဒေသခံများက ပြည်သူ့အောင်ပွဲအဖြစ်ခံယူ၍ ကြိုဆိုဂုဏ်ပြု


မေလ ၂၄ ရက်နေ့ နံနက်ပိုင်းမှာ သေ့ဘော့ဘိုး စခန်းသိမ်းအောင်ပွဲ အနေဖြင့် ကော်ဘရာစစ်ကြောင်းနှင့် ဗိုလ်အယ်ဆေးဝါး ဦးဆောင်သော KNDO တပ်ဖွဲ့ဝင်များ၊ ပူးပေါင်းတပ်ဖွဲ့များအား ဒေသခံပြည်သူလူထုမှ ယနေ့မနက်ပိုင်းတွင်  သပြေပန်းများ၊ ပန်းကုံးများနဲ့ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက် ဖလူး-ဝေါ်လေ ကားလမ်းပေါ်ရှိ သေ့ဘောဘိုးစခန်းကို မေလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။


အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ  ဦးသေဆုံးခဲ့ပြီး  ဦးကို အရှင်ဖမ်းမိ၍ လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးKNUက သတင်းထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌ကိုယ်ဝန်ဆောင် CDM ဝန်ထမ်းများကို ထောက်ပံကူညီရန် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကစာရင်းတောင်းခံ


မေလ၂၄ ရက်တွင် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က CDM ဝန်ထမ်း ကိုယ်ဝန်ဆောင်များကို ထောက်ပံကူညီရန်အနေနဲ့ စာရင်အမြန်ပေးသွင်းကြရန်နှိုးဆော်ထုတ်ပြန်ထားပါတယ်။


"ထုတ်ပြန်ချက်ပါအချက်အလက်များနှင့်ကိုက်ညီသော ကိုယ်ဝန်သည်နှင့် ကလေးမိခင်/ဖခင် CDM များအနေနှင့် ၂၀၂၂ ခုနှစ်၊ မေ ၃၁ ရက်နေ့နောက်ဆုံးထားပြီး စာရင်းပေးပို့ကြရန် အသိပေးအပ်ပါတယ်"လို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆောမြို့နယ်ကဆိုပါတယ်။


၂၀၂၁ ခုနှစ် အောက်တိုဘာ ရက်နေ့မှစတင်၍ CDM ပြုလုပ်ထားသော မိခင်၊ဖခင်များ၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်းတွင် မီးဖွားထားပြီး မီးဖွားဂုဏ်ပြုစရိတ်တစ်ကြိမ်မှမရဖူးသူများ၊ ၂၀၂၂ မေလ နောက်ပိုင်းမွေးဖွားသူဖြစ်ပြီး  မီးဖွားဂုဏ်ပြုစရိတ်တစ်ကြိမ်မှမရဖူးသူများလျှောက်ထားနိုင်တယ်လို့သိရပါတယ်။


========================


📌📌ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာညီလာခံကို ကျင်းပမယ်


မေလ ၂၄ ရက်နေ့မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံလုံးဆိုင်ရာညီလာခံကို ကျင်းပမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။


"ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဖွဲ့စည်းပုံစည်းမျဉ်းအရလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလ ရက်နေ့တွင် ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေးအရလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလ ၂၀ ရက် နေ့တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးအရလည်းကောင်း၊  ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နှင့် ၂၇ ရက်နေ့တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာညီလာခံကို ကျင်းပပြုလုပ် သွားမည် ဖြစ်ပါတယ်လို့ဆိုထားပါတယ်။


 မေလ ၂၆ ရက်နေ့ နံနက် ၈း၃၀ နာရီမှ ၁၁း၀၀ နာရီအထိ ညီလာခံဖွင့်ပွဲအခမ်းအနားကို ကျင်းပွားမှာဖြစ်ပါတယ်။


========================


📌📌ရန်ကုန်တွင် စက်သုံးဆီစျေးနှုန်းများ မြင့်တက်၍ အငှားယာဥ်များ ယာဥ်စီးခနှုန်းထားတိုးမြှင့်ကောက်ယူ


ရန်ကုန်တွင် စက်သုံးဆီစျေးနှုန်းများ မြင့်တက်၍ အငှားယာဥ်များ ယာဥ်စီးခနှုန်းထားတိုးမြှင့်ကောက်ယူတယ်လို့ စုံစမ်းသိရပါတယ်။


မေလ၂၄ ရက် ရန်ကုန်မြို့နေ ပြည်သူလူထုထံ စက်သုံးဆီစျေးနှုန်းမြင့်တက်မှုကြောင့် လူနေမှုဘဝများထိခိုက်မှုရှိမရှိမေးမြန်းခဲ့ရာတွင်အခုလိုပြောကြားခဲ့ပါတယ်။


"စက်သုံးဆီစျေးတက်တာကြောင့် ကုန်စျေးနှုန်းကအကုန်လိုက်တက်တယ်။ အခြေခံစားကုန်ကအစပေါ့။ နောက်တစ်ခုအဆိုးဆုံးကတော့ အရေးကြီးလို့ ကားငှားသွားတဲ့အခါ ဆီစျေးတက်တာအကြောင်းပြပြီး ကားခကို နှစ်ဆတောင်းတာပေါ့။အရင် သမိုင်းကနေ ရှစ်မိုင်ကို နှစ်ထောင်၊နှစ်ထောင့်ငါးရာပဲပေးရတယ်။အခုက စတောင်းကတည်းက သုံးထောင်ပဲ။ ဟိုနား ဒီနား ထောင့်ငါးရာဆိုတာတောင်မရတော့ဘူး။"လို့ သမိုင်းမြိူ့နယ်နေထိုင်သူတစ်ဦးကဆိုပါတယ်။


မေလ ၂၄ ရက်ရန်ကုန် စက်သုံးဆီပေါက်စျေးနှုန်းမှာ အောက်တိန်း92 ၂၁၁၅ ကျပ်၊ အောက်တိန်း95 ၂၂၃၀ ကျပ်၊ ပရီမီယမ် ဒီဇယ် ၂၁၈၀ ကျပ်၊ဒီဇယ် ၂၁၅၅ ကျပ်တို့ဖြစ်ပါတယ်။


========================


📌📌၉၀၂ တပ်ရင်း၊ နတ်မောက်မြို့နယ်မှ ရဲဘော်များမြို့သိမ်းတိုက်ပွဲများအတွက် ကြိုတင်ပြင်ဆင်


မေလ၂၃ ရက်မှာ ၉၀၂ တပ်ရင်း နတ်မောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ ၉၀၂ တပ်ရင်း၊ နတ်မောက်မြို့နယ်မှ ရဲဘော်များမြို့သိမ်းတိုက်ပွဲများအတွက် ကြိုတင်ပြင်ဆင်နေပြီလို့သိရပါတယ်။


"(၉၀၂) တပ်ရင်း၊ နတ်မောက်မြို့နယ်မှ ရဲဘော်များဟာ မြို့သိမ်းတိုက်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုများ၊ စုဖွဲ့လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြပါတယ်။ ပြည်သူများကလည်း ကျွန်တော်တို့ရဲ့ လိုအပ်ချက်များကို တတ် နိုင်တဲ့နေရာက ဖြည့်ဆည်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ မကွေးတိုင်း နတ်မောက်မြို့နယ်ဟာ စကစအပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိတဲ့ နယ်မြေတစ်ခုလည်းဖြစ်ပါတယ်။


========================


📌📌DMO PDF တပ်ရင်း-A မှ 338 sniper တစ်လက်ထပ်မံဝယ်ယူနိုင်ပြီး ကျည်များလိုအပ်နေတယ်လို့ဆို


မေလ၂၃ ရက်နေ့မှာ 338 sniper တစ်လက်ကို ထပ်မံဝယ်ယူခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) တပ်ရင်း-A ကထုတ်ပြန်ပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) တပ်ရင်း-A မှ Ruger precision rifle 338 sniper တစ်လက်ကို ထပ်မံဝယ်ယူနိုင်ခဲ့ပါတယ်။ လက်နက်၏ တန်ဖိုးမှာ သိန်း ၃၆၀ ကျပ်ကုန်ကျခဲ့ပြီး ၎င်း၏ ကျည်တစ်ထောင့်မှာ ၅၅၀၀၀ ကျပ်ကုန်ကျပါတယ်။ အကြမ်းဖက်စစ်ကောင်စီကို ကောင်းစွာဆော်နိုင်ဖို့ရန်အတွက် မိဘပြည်သူများ၊ ပြည်တွင်းပြည်ပရှိ အလှူရှင်များတစ်ဦးစီသော်လည်းကောင်း၊ အဖွဲ့အစည်း  သော်လည်းကောင်း ကျည်ဆံဖိုးတစ်ထောင့်ကစ ပါဝင်လှူဒါန်းပေးကြပါရန် အကူအညီတောင်းခံအပ်ပါတယ်"လို့ဖော်ပြထားပါတယ်။

အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းမှပေးပို့ထားတာဖြစ်ပါတယ်။


========================


အခု ဆက်လက်ပြီးသတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


📌📌စစ်ကိုင်းတိုင်း မြို့နယ်တော်တော်များများမှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံရတာကြောင့် စစ်ကိုင်းနယ်ပြင်ပရောက်နေသူတွေက ဆွေမျိုးနဲ့မိသားစုတွေအတွက် စိုးရိမ်နေကြပါတယ်။ 


စစ်ကိုင်းတိုင်း မြို့နယ်တော်တော်များများမှာ မေလ ၂၄ ရက်နေ့ မနက် နာရီကစပြီး နေ့လည် နာရီ ဝန်းကျင်အထိ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်သွားခဲ့တယ်လို့ မုံရွာဒေသခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုစိုးဝင်းဆွေက ပြောပါတယ်။ 


ကိုစိုးဝင်းဆွေ (မုံရွာဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ)


မေလ ၂၄ ရက်နေ့မနက်အစောပိုင်းကစပြီး ကန့်ဘလူ၊ ကောလင်း၊ ကနီ၊ ခင်ဦး၊ ကျွန်းလှ၊ မုံရွာ၊ ပုလဲ၊ ပလက်ဝ၊ ရေဦး၊ ယင်းမာပင် မြို့နယ်တွေမှာ အင်တာနက်နဲ့ဖုန်းလိုင်းတွေ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေခဲ့တာပါ။ စစ်ကိုင်းတိုင်းမှာ နဂိုကတည်းက အော်ရီဒူးတစ်လိုင်းတည်းကို ဒေသခံတွေက အဓိက အသုံးပြုနေရပြီး MPT နဲ့ တယ်လီနော လိုင်းတွေက အသုံးပြုလို့မရတာကြာပြီလို့ ခင်ဦးဒေသခံတစ်ဦးက အခုလိုပြောပါတယ်။


ခင်ဦးဒေသခံတစ်ဦး


စစ်ကိုင်းတိုင်းထဲက စစ်ဘေးသင့်ပြည်သူတွေကို အင်တာနက်ကိုအဓိကထားအသုံးပြုပြီး အကူအညီပေးနေရတာဖြစ်တဲ့အတွက် ဖုန်းနဲ့အင်တာနက်လိုင်းတွေမရတော့ဘူးဆိုရင် ပြည်သူတွေပိုပြီးအခက်အခဲကြုံလာရမှာဖြစ်ပါတယ်။ မိုးတွေဆက်တိုက်ရွာနေတာကြောင့် တောတောင်ထဲမှာ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေရဲ့အသံနဲ့သတင်းတွေကို ရယူနိုင်ဖို့လည်း ပိုပြီးခက်ခဲသွားမယ်လို့ ပရဟိတအလုပ်ကို လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။ 


ခင်ဦးဒေသခံပရဟိတသမားတစ်ဦး


စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲက ချောင်းဦး၊ ဆားလင်းကြီး၊ မြောင်တို့အပါအဝင် မြို့နယ်ပေါင်း ၂၀ ကျော်မှာ မတ်လ ရက်နေ့ ၁၁ နာရီကစပြီး အင်တာနက်ဖြတ်တောက်ခဲ့ပါသေးတယ်။ အဲ့ဒီထက်အရင် ကနီ၊ ဘုတလင်၊ ယင်းမာပင် စတဲ့ အင်တာနက်ဖြတ်တောက်ခံရတဲ့ မြို့တွေနဲ့ပါဆို စုစုပေါင်း စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၀ ကျော်မှာ အင်တာနက် အဖြတ်ခံခဲ့ရဖူးပါတယ်။ဒီသတင်းကိုတော့ နွေဦးKကပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

Related Posts:

No comments:

Post a Comment