24th MAY 2022 - Morning Daily News by Radio NUG

၂၀၂၂ မေလ ၂၄ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ ကျန်းမာရေးကောင်းမွန်

📌ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း စစ်ကောင်စီတပ်သား (၁၄၈၉၀) ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်

📌ယောဒေသ YRPA တပ်ပေါင်းစုတွင်ပါဝင်သော PDF တပ်ရင်းတပ်ဖွဲ့များကိုအသိအမှတ်ပြုကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် နှစ်ဖက်တွေ့ဆုံစဥ်ပြောကြားခဲ့

📌ဒေါင်းလုလင် - LPDF ထုတ်လုပ်ရေးစခန်းမှ တာဝေးပစ်ရှော့တိုက်ဒုံး (HPM-01(အသေး) ကို ထုတ်လုပ်အောင်မြင်

📌မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ် () ခုတွင် စစ်ဘေးရှောင်အရေအတွက်  တစ်ပတ်အတွင်း နှစ်သောင်းကျော်တိုးပွား

📌ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက်စစ်တပ်သည် ကျေးရွာ (၁၆) ရွာမှ နေအိမ်ပေါင်း (၁၄၀) အိမ်ကို မီးရှို့ဖျက်ဆီး

📌အရပ်သားပစ္စည်းများခိုးယူလုယက်လာသော အင်မထီးပျူရွာစခန်းမှ ပျူစောထီးများကို ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း- နဲ့မဟာမိတ်များတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ ကျန်းမာရေးကောင်းမွန်


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ ကျန်းမာရေးကောင်းမွန်တယ်လို့ မေလ၂၃ ရက်နေ့တွင် တရားရုံးအသိုင်းအဝိုင်းကသတင်းရရှိပါတယ်။


မေလ ၂၃ ရက်နေ့ နေပြည်တော်ရှိအထူးတရားရုံးတွင် ရဟတ်ယာဉ်ငှားရမ်း၊ ဝယ်ယူမှုနှင့်ပတ်သက်၍ ရုံးထုတ်ရာတွင် နှစ်ဦးစလုံးကျန်းမာရေးကောင်းမွန်ကြောင်း တွေ့ရှိရတယ်လို့ တရားရုံးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတို့ကဆိုပါတယ်။


ယခုတပတ်တွင် ကျန်းမာရေးခွင့်တိုင်ကြားသောစကစခန့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ  ဦးအောင်ခန့်လာရောက် သက်သေထွက်ဆို၍ အတိုင်ပင်ခံ၏ ရှေ့နေတို့မှအပြန်အလှန် အသေးစိတ်မေးမြန်းခဲ့တယ်လို့သိရပါတယ်။


လက်ရှိမှာ စကစဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို အမှုပေါင်းများစွာနဲ့တရားစွဲဆိုထားပြီး နေ့စဥ်ရုံးချိန်းများကို လူကိုယ်တိုင်တက်ရောက်စေလျက်ရှိနေပါတယ်။


=======================


📌📌ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း စစ်ကောင်စီတပ်သား (၁၄၈၉၀) ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်


ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း စစ်ကောင်စီတပ်သား (၁၄၈၉၀) ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်လိုက်ပါတယ်။ မေလ ၂၃ ရက်နေ့တွင်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ စကစတပ်သားများသေဆုံး၊ထိခိုက်စာရင်းကိုထုတ်ပြန်ခဲ့တာပါ။


၂၀၂၁ ခုနှစ်၊ ဇွန်လ () ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မေလ (၁၇) ရက်နေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ စုဆောင်းရရှိထားသော အချက်အလက်များအရ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း စစ်ကောင်စီတပ်သား (၁၄၈၉၀) ဦး သေဆုံးခဲ့ပြီး (၄၈၁၄) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ စကစတပ်ဖွဲ့ဝင်များကို တရားဝင်ခုခံတွန်းလှန်ဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။


========================


📌📌ယောဒေသ YRPA တပ်ပေါင်းစုတွင်ပါဝင်သော PDF တပ်ရင်းတပ်ဖွဲ့များကိုအသိအမှတ်ပြုကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် နှစ်ဖက်တွေ့ဆုံစဥ်ပြောကြားခဲ့


ယောဒေသ YRPA တပ်ပေါင်းစုတွင်ပါဝင်သော PDF တပ်ရင်းတပ်ဖွဲ့များကိုအသိအမှတ်ပြုကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် နှစ်ဖက်တွေ့ဆုံစဥ်ပြောကြားခဲ့ပါတယ်။


မေလ၂၃ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ယောဒေသ YRPA အလုပ်မှုဆောင် ဗဟိုကော်မတီဝင်တို့ ZOOM MEETING တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


တွေ့ဆုံရာတွင် ကာကွယ်ရေးဝန်ကြီးမှ ယောဒေသ YRPA တပ်ပေါင်းစုတွင်ပါဝင်သော PDF တပ်ရင်းတပ်ဖွဲ့များကိုအသိအမှတ်ပြုကြောင်းနှင့် MOD နှင့် ရှေ့ဆက် ချိတ်ဆက် လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ဖြေကြားရှင်းလင်းပြောကြားခဲ့ပါတယ်။


YRPA အနေဖြင့်လည်း ယခုအစည်းအဝေးပေါ်  ကျေနပ်အားရမှုရှိကြောင်းနဲ့ စစ်အာဏာရှင် စနစ်ဆိုးကြီးကို မြန်မာနိုင်ငံမှ အရှင်းကွယ်ပျောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီး ထူထောင်နိုင်ရန် အရှိန်အဟုန်မြှင့် ကြိုးစားလုပ်ဆောင်သွားမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌ဒေါင်းလုလင် - LPDF ထုတ်လုပ်ရေးစခန်းမှ တာဝေးပစ်ရှော့တိုက်ဒုံး (HPM-01(အသေး) ကို ထုတ်လုပ်အောင်မြင်


ဒေါင်းလုလင် - LPDF ထုတ်လုပ်ရေးစခန်းမှ တာဝေးပစ်ရှော့တိုက်ဒုံး (HPM-01(အသေး) ကို ထုတ်လုပ်အောင်မြင်တယ်လို့သတင်းရရှိပါတယ်။မေလ၂၃ ရက်နေ့မှာ ဒေါင်းလုလင် LPDF က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။


"ကျွန်တော်တို့ ဒေါင်းလုလင် - LPDF ထုတ်လုပ်ရေးစခန်းမှ တာဝေးပစ်ရှော့တိုက်ဒုံး (HPM-01(အသေး)) ကို ထုတ်လုပ်အောင်မြင်ခဲ့ပါပြီ။ အားလုံးရဲ့ "အိမ်" အမြန်ပြန်ရောက်ဖို့ ကျွန်တော်တို့ပြည်သူတွေရဲ့ အကူအညီလိုအပ်ပါတယ်"လို့လည်းဆိုပါတယ်။


မေလ ၁၇ ရက်နေ့ကလည်း ဒေါင်းလုလင် - LPDF တပ်ဖွဲ့ဟာ ယင်းမာပင်မြို့နယ် ဘန်ဘွေးရွာမတွင် တပ်စွဲထားသော စကစတပ်များကို ရှော့တိုက်ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။


========================


📌📌မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ် () ခုတွင် စစ်ဘေးရှောင်အရေအတွက်  တစ်ပတ်အတွင်း နှစ်သောင်းကျော်တိုးပွား


ဇန်နဝါရီလ ၁၇ ရက်မှ ဖေဖော်ဝါရီလ ရက်အတွင်း တိုင်းနှင့်ပြည်နယ် () ခုတွင် စစ်ဘေးရှောင် နှစ်သောင်းကျော်တိုးပွားလာသည်ဟု UNICEF OCHA မြန်မာက ထုတ်ပြန်လိုက်ပါတယ်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များထဲတွင် စစ်ကိုင်းတိုင်းသည် စစ်ဘေးရှောင်အများဆုံးဖြစ်ပြီး ကယားပြည်နယ်သည်ဒုတိယအမျာဆုံးဖြစ်ကြောင်းသိရှိရပါတယ်။


စစ်ကိုင်းတိုင်းတွင် စစ်ဘေးရှောင် ၁၃၀၀၀၀ ကျော် နှင့် ကယားပြည်နယ်တွင် ၉၀၀၀၀ ကျော်ရှိပြီး ဇန်နဝါရီလ ၁၇ ရက်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် () ခု၏ စစ်ဘေးရှောင် အရေအတွက် စုစုပေါင်း ၃၉၃၂၀၀ ရှိပြီး ဖေဖော်ဝါရီလ ရက်တွင်  ၄၃၁၁၀၀ ရှိသည်ဟု UNICEF OCHA Myanmar က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။


========================


📌📌ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက်စစ်တပ်သည် ကျေးရွာ (၁၆) ရွာမှ နေအိမ်ပေါင်း (၁၄၀) အိမ်ကို မီးရှို့ဖျက်ဆီး


မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက်စစ်တပ်သည် ကျေးရွာ (၁၆) ရွာမှ နေအိမ်ပေါင်း (၁၄၀) အိမ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။ မေလအတွင်းမှာ ရေလယ်ကျွန်း ပြည်သူကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်း ကသတင်းထုတ်ပြန်ခဲ့ပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ ရေစကြိုမြို့နယ်၊ဧရာဝတီနှင့် ချင်းတွင်းမြစ်ကြားရှိ ရေလယ်ကျွန်းဒေသအား (..၂၀၂၂) မှ (၁၈.. ၂၀၂၂) ထိ (၁၂) ရက်တိတိ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ မီးရှို့ဖျက်ဆီးခံရသောကျေးရွာများမှာ - ရွှေလှံ၊ သာဂေါင်၊ ဖြုံဘူး၊ မိဖုရား၊ မဲကုန်း၊ ဆည်သည့်၊ မြေစွန်း၊ ငတရော် စတဲ့ရွာများဖြစ်ပါတယ်။


========================


📌📌အရပ်သားပစ္စည်းများခိုးယူလုယက်လာသော အင်မထီးပျူရွာစခန်းမှ ပျူစောထီးများကို ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း- နဲ့မဟာမိတ်များတိုက်ခိုက်


အရပ်သားပစ္စည်းများခိုးယူလုယက်လာသော အင်မထီးပျူရွာစခန်းမှ ပျူစောထီးများကို ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း- နဲ့မဟာမိတ်များတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ မေလ ၂၃ ရက်မှာ စစ်ရေးသတင်းကို ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။


"စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊သာယာကုန်းကျေးရွာမှ ဆန်၊ ဆီ၊ ဒီဇယ်၊ ငရုတ်၊ ကြက်သွန်စသည့်ရိက္ခာများအပြင် ဆိုင်ကယ်နှစ်စီး၊ စက်ဘီးတစ်စီး၊ကလေးကစားစရာပစ္စည်းများနှင့်တိုင်ကပ်နာရီပါမကျန် ခေါင်းရွက်များ၊ထမ်းပိုးများ၊ ဆိုင်ကယ်များဖြင့် ခိုးယူလုယက်လာသော အင်မထီးပျူရွာစခန်းမှ ပျူစောထီးများကို ပျောက်ကျားစနစ်ဖြင့် အသင့်စောင့်ကြိုကာတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ နံနက် နာရီ ၃၀ အချိန်မှ ၁၀ နာရီ ၃၇ အချိန်ထိ တိုက်ပွဲချိန် နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။


စစ်ဆင်ရေးကို ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း- (Royal Eagle Squadron ပုံ‌တောင် Tiger တပ်ခွဲ၊ တောင်ပေါ်ပုဏ္ဏကတပ်ခွဲ) တပ်ရင်း-၂၊ တပ်ရင်း- (Guerilla Ranger) ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ ပျောက်ကျားစနစ်ဖြင့် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။


ပျူစောထီးများအထိအခိုက်ဒဏ်ရာရ များရှိနိုင်ကာအထိအခိုက်အကျအဆုံးစာရင်းကို အတိအကျမသိရှိရသေးရဘူးဖြစ်ပါတယ်။ ပြန်လည်ရရှိလိုက်သော ဆိုင်ကယ်၊ စက်ဘီးနှင့်တခြားပစ္စည်းများတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များမှ သက်ဆိုင်ရာပြည်သူများထံသို့ အောင်မြင်စွာ ပေးအပ်နိုင်ခဲ့ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment