2nd JUN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇွန်လ ၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရေးဝန်ကြီး ဦးသိန်းဦး နှင့် ကိုရီးယားရှိ မြန်မာနိုင်ငံသားများ တွေ့ဆုံဆွေးနွေးပွဲကျင်းပမယ်

📌ပညာတတ်ရေးကို ဗဟိုပြုတဲ့ ပညာရေး စနစ်သည်သာ လူ့အဖွဲ့အစည်းကို အမှန်တကယ် ကောင်းကျိုးပေးမယ်လို့ NUG အစိုးရ၏ ချက်နိုင်ငံ ကိုယ်စားလှယ်ဦးလင်းသန့်ဆို

📌ဆရာ၊ဆရာမ ၃၅ ဦးကို ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအမည်ပျက်စာရင်းကြေညာ၍သတိပေး

📌Kaung For You တွင် အတန်းပိုင် ရာထူး နှင့် သင်ကြားရေးရာထူး တို့ကိုလစာ နှစ်သိန်းကျော်မှ သုံးသိန်းခွဲအထိ ပေး၍ခေါ်ယူ

📌ရန်ကုန်စက်မှုဇုန် SME စက်ရုံလုပ်ငန်းတွေဆီကနေ အခွန်၊ မီတာခနဲ့ လူမှုဖူလုံရေးကြေးတွေကို စစ်ကောင်စီက အဆမတန်အတင်းအကြပ်တောင်းခံနေတယ်လို့ လုပ်ငန်းရှင်တွေကပြော

📌အလှကုန်နဲ့လက်မှုအနုပညာပစ္စည်းတွေရောင်းအားထိုးကျတာကြောင့် အသေးစားနဲ့အလတ်စား SME လုပ်ငန်းရှင်တွေဟာ ရပ်တည်နိုင်ဖို့ ရုန်းကန်နေရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရေးဝန်ကြီး ဦးသိန်းဦး နှင့် ကိုရီးယားရှိ မြန်မာနိုင်ငံသားများ တွေ့ဆုံဆွေးနွေးပွဲကျင်းပမယ်


ဇွန်လ ရက်နေ့မှာ တရားရေးဝန်ကြီးဌာနက သတင်းထုန်ပြန်ချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ၏တရားရေးဝန်ကြီး ဦးသိန်းဦး နှင့် ကိုရီးယားရှိ မြန်မာနိုင်ငံသားများ တွေ့ဆုံဆွေးနွေးပွဲကျင်းပမယ်လို့သိရပါတယ်။


တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ဇွန်လ ရက်နေ့ ည၈:၃၀ တွင် Zoom Meeting ဖြင့် NUG Representative Office - Republic of Korea မှ ကျင်းပသွားမှာဖြစ်ပါတယ်။ အဆိုပါအခမ်းအနားအားစိတ်ဝင်စားသူများ တက်ရောက်နိုင်ရန် တရားရေးဝန်ကြီးဌာနက ဖိတ်ကြားထားပါတယ်။


========================


📌📌ပညာတတ်ရေးကို ဗဟိုပြုတဲ့ ပညာရေး စနစ်သည်သာ လူ့အဖွဲ့အစည်းကို အမှန်တကယ် ကောင်းကျိုးပေးမယ်လို့ NUG အစိုးရ၏ ချက်နိုင်ငံ ကိုယ်စားလှယ်ဦးလင်းသန့်ဆို


ဇွန်လ ရက်နေ့မှာ ပညာရေးနဲ့ပတ်သက်လို့ ချက်နိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့်က လူမှုကွန်ရက်မှာမှတ်ချက်ပြုပြောကြားခဲ့ရာမှာပညာတတ်ရေးကို ဗဟိုပြုတဲ့ ပညာရေး စနစ်သည်သာ လူ့အဖွဲ့အစည်းကို အမှန်တကယ် ကောင်းကျိုးပေးမယ်လို့ ပြောကြားလိုက်ပါတယ်။ 


"ပညာရေးဟာ နိုင်ငံတနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တယ်။ စစ်ပွဲတွေဖြစ်နေတာတောင် ပညာရေးမပြတ်သွားဖို့ သိပ်အရေးကြီးတယ်။ ဒါဟာ ပညာတတ်တွေ မွေးထုတ်ဖို့ပညာရေးအတွက် လူ့အဖွဲ့အစည်းမှာ တာဝန်ရှိတယ်။ မြန်မာနိုင်ငံမှာ စစ်အစိုးရ လက်ထက် အဆက်ဆက်က Gradurated ဆိုတာကို ကိန်းဂဏန်းတွေများစွာ မွေးထုတ်ခဲ့တဲ့ ပညာရေး၊ စစ်အာဏာသက် ရေရှည်ရပ်တည်နိုင်ရေးအတွက် နိုင်ငံရေးအရ ပညာရေးကို အသုံးချခံအဖြစ်အသုံးပြုခဲ့တာဖြစ်ပြီး Educated တွေဖြစ်လာမှာ မလိုလားခဲ့ဘူးလို့ဆိုပါတယ်။


စစ်ကောင်စီဟာ လတ်တလောမှာ ကျောင်းများပြန်လည်ဖွင့်လှစ်လျက်ရှိပြီး အတန်းတင်ပညာရေးကို မက်လုံးပေးကာ ကျောင်းသားမိဘများကို စည်းရုံးသိမ်းသွင်းလျက်ရှိပါတယ်။


"ဒီမှာ မေးခွန်းကတော့ ပညာတတ်ဖို့ ကျောင်းတက်တာလား၊ ကျောင်းတက်ရင် ပညာတတ်လား။  ဒီလိုမှ မဟုတ်ပဲ ပုံနှိပ်စက်က စက္ကူတွေ ရိုက်ထုတ်သလို ပညာရေးမျိုးဟာ စက္ကူရွက် ပညာရေးသာဖြစ်မယ်။ စက္ကူရွက် ပညာရေးမျိုး မြန်မာ့လူ့အဖွဲ့ အစည်းမှာ မလိုအပ်ဘူး"လို့  NUGအစိုးရ၏ ချက်နိုင်ငံ ကိုယ်စားလှယ်ဦးလင်းသန့်ကထပ်မံဆိုပါတယ်။


========================


📌📌ဆရာ၊ဆရာမ ၃၅ ဦးကို ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအမည်ပျက်စာရင်းကြေညာ၍သတိပေး


စစ်ကောင်စီလက်အောက်တာဝန်ထမ်းဆောင်နေကြတဲ့ မြို့နယ်ပညာရေးမှူးများနဲ့ကျောင်းအုပ်ကြီးအပါအဝင်ဆရာ၊ဆရာမ၃၅ဦးကို ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအမည်ပျက်စာရင်းကြေညာ၍သတိပေးလိုက်တယ်လို့သတင်းရရှိပါတယ်။


ဇွန်လ၁ရက်နေ့တွင် ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြေညာခဲ့ရာအမျိုးသားညီညွတ်ရေးအစိုးရ ဖော်ဆောင်သော ကြားကာလပညာရေးတွင် ပူးပေါင်းပါဝင်တဲ့ CDM ဆရာ၊ဆရာမများနဲ့ ကျောင်းသားမိဘများကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုအပ်တယ်လို့ဆိုထားပါတယ်။


ဒါ့အပြင်ပညာရေးဌာနမှ ပြည်သူ့သစ္စာဖောက် ပညာတတ်အသိမဲ့ လောက်ကောင်များသည် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေရေးအတွက် ယနေ့ အချိန်အထိ အဓိကထောက်တိုင်ပြုမောင်းနှင်နေကြသည်ကို တွေ့ရ၍ ၎င်းဝန်ထမ်းများကို အမည်ပျက်စာရင်း သတ်မှတ်ပြီး နောက်ဆုံးသတိပေးလိုက်တယ်လို့လည်းဖော်ပြထားပါတယ်။


ထိုသို့ အမည်ပျက်စာရင်းသွင်းခံရသောသူများတွင်မြို့နယ် ပညာရေးမှူး၊ ဦးစီးအရာရှိနဲ့ ကျောင်းအုပ်ကြီးများအပါအဝင် အလယ်တန်းပြ၊အထက်တန်းပြဆရာများလည်းပါဝင်ပါတယ်။


========================


📌📌Kaung For You တွင် အတန်းပိုင် ရာထူး နှင့် သင်ကြားရေးရာထူး တို့ကိုလစာ နှစ်သိန်းကျော်မှ သုံးသိန်းခွဲအထိ ပေး၍ခေါ်ယူ


Kaung For You တွင်အတန်းပိုင်လစာ ၂၁၀၀၀၀ ကျပ်၊သင်ကြားရေးဆရာလစာ ၃၅၀၀၀၀ ကျပ် ဖြင့်ခန့်အပ်သွားမည်ဖြစ်ပြီး Laptop အသုံးပြုစာသင်ကြားနိုင်သူများ၊ ​Laptop ရှိပြီး စာရင်းဇယားလုပ်ကာ အတန်းထိန်းနိုင်သူများ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။အဆိုပါအသစ်ခန့်အပ်မဲ့ အတန်းပိုင် ရာထူး  နှင့်  သင်ကြားရေးရာထူး တို့ကို ဇွန်လ ရက်နေ့တွင်ခေါ်ယူသွားမှာဖြစ်ပါတယ်။


အင်တာဗျူးများ  ရေးဖြေများ နှင့်ဘာသာရပ်မှူးပါမောက္ခများမှ စစ်ဆေးမည့် microteaching တို့ အတွက်ကြိုတင်ပြင်ဆင်ရမှာလည်းဖြစ်ပါတယ်။


Kaung For You Schoolဟာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန လက်အောက်ခံကျောင်းတစ်ကျောင်းလည်းဖြစ်ကာ ဇွန်လ၁ရက်နေ့တွင် ကျောင်းအပ်သူကျောင်းသားပေါင်းတစ်သိန်းအထိရှိခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။


========================


အခု ဆက်လက်ပြီးသတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


📌📌ရန်ကုန်စက်မှုဇုန် SME စက်ရုံလုပ်ငန်းတွေဆီကနေ အခွန်၊ မီတာခနဲ့ လူမှုဖူလုံရေးကြေးတွေကို စစ်ကောင်စီက အဆမတန်အတင်းအကြပ်တောင်းခံနေတယ်လို့ လုပ်ငန်းရှင်တွေကပြောပါတယ်။


ရန်ကုန်မြို့စက်မှုဇုန်တွေမှာ လုပ်ငန်းလည်ပတ်ဖို့ရုန်းကန်နေရတဲ့ အသေးစားနဲ့အလတ်စား SME စက်ရုံလုပ်ငန်းတွေဆီကနေ အခွန်အမျိုးမျိုးကို အဆမတန်အတင်းအကြပ်ကောက်ခံနေသလို စစ်ကောင်စီက အလုပ်လုပ်ဖို့ဖြစ်နိုင်ခြေမရှိတဲ့ လုပ်ငန်းစုံတင်ဒါတွေလည်းအများကြီးခေါ်နေပေမယ့် လုပ်ငန်းရှင်တွေကတော့ သူတို့နဲ့ပတ်သက်ပြီး အလုပ်လုပ်ဖို့စိတ်ကူးမရှိဘူးလို့ SME အထည်ချုပ်စက်ရုံလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။


SME အထည်ချုပ်စက်ရုံလုပ်ငန်းရှင်တစ်ဦး


ရန်ကုန်မြို့က SME စက်ရုံလုပ်ငန်းတွေဟာ လျှပ်စစ်မီးမရတာ၊ စက်သုံးဆီဈေးကြီးနေတာတွေကြောင့် လုပ်ငန်းစုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးဟာ ဆက်မရပ်တည်နိုင်တော့ဘဲ လုပ်ငန်းတွေရပ်ထားရပါတယ်။ မရပ်သေးတဲ့လုပ်ငန်းတွေကလည်း အထွေထွေကုန်ကျစရိတ်နဲ့ ဝန်ထမ်းစရိတ်တွေကြောင့် ရေရှည်ဆက်သွားဖို့မလွယ်တော့ဘူးလို့SME ဆပ်ပြာစက်ရုံလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။


SME ဆပ်ပြာစက်ရုံလုပ်ငန်းရှင်တစ်ဦး


NLD အစိုးရလက်ထက် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနဲ့စစ်ဆေးရေးဦးစီးဌာနရဲ့စာရင်းတွေအရ မြန်မာနိုင်ငံမှာ အသေးစားနဲ့အလတ်စားလုပ်ငန်းပေါင်း ၃၆၀၀၀ ကျော်မှတ်ပုံတင်ခဲ့ပြီး အခြေခံပြည်သူတွေကိုယ်တိုင် ကိုယ်ပိုင်လုပ်ငန်းတွေလုပ်ကိုင်ခွင့်ရခဲ့တာဖြစ်ပေမယ့် လက်ရှိအခြေအနေမှာတော့ ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာမခန့်မှန်းနိုင်တော့ဘူးလို့ SME လုပ်ငန်းရှင်တွေကပြောပါတယ်။ 


ဒီသတင်းကို နွေဦးKက ပေးပို့ထားတာဖြစ်ပါတယ်။


========================


📌📌အလှကုန်နဲ့လက်မှုအနုပညာပစ္စည်းတွေရောင်းအားထိုးကျတာကြောင့် အသေးစားနဲ့အလတ်စား SME လုပ်ငန်းရှင်တွေဟာ ရပ်တည်နိုင်ဖို့ ရုန်းကန်နေရပါတယ်။


ရန်ကုန်မြို့မှာ လုပ်ငန်းလည်ပတ်ခဲ့တဲ့ အလှကုန်၊ လူသုံးကုန်နဲ့ အနုပညာလက်မှုပစ္စည်းတွေထုတ်လုပ်တဲ့ အသေးစားနဲ့အလတ်စားလုပ်ငန်းရှင်တွေဟာ ကုန်ပစ္စည်းတွေရောင်းအားထိုးကျတာကြောင့် ဆက်ပြီးရှင်သန်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရတယ်လို့ SME အလှကုန်လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။


SME အလှကုန်လုပ်ငန်းရှင်တစ်ဦး


၂၀၁၀ ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်းမှာ အသေးစားနဲ့အလတ်စားလုပ်ငန်းဥပဒေ၊ နည်းဥပဒေတွေရေးဆွဲပြဌာန်းပြီး လုပ်ငန်းရှင်တွေပေါ်ပေါက်ခဲ့တာပါ။ NLD အစိုးရတက်လာချိန်မှာ လုပ်ငန်းတွေပိုဖွံ့ဖြိုးလာခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးချိန်မှာတော့ လုပ်ငန်းတော်တော်များများ ရပ်တည်ဖို့ခက်ခဲသွားတာဖြစ်တယ်လို့ SME သစ်သားလက်မှုလုပ်ငန်းရှင်တစ်ဦးက‌ ပြောပါတယ်။


SME သစ်သားလက်မှုလုပ်ငန်းရှင်တစ်ဦး


NLD အစိုးရလက်ထက် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနဲ့စစ်ဆေးရေးဦးစီးဌာနရဲ့စာရင်းတွေအရ မြန်မာနိုင်ငံမှာ အသေးစားနဲ့အလတ်စားလုပ်ငန်းပေါင်း ၃၆၀၀၀ ကျော်မှတ်ပုံတင်ခဲ့ပြီး အခြေခံပြည်သူတွေကိုယ်တိုင် ကိုယ်ပိုင်လုပ်ငန်းတွေလုပ်ကိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ လျှပ်စစ်မီးမရတာ၊ စက်သုံးဆီဈေးကြီးမြင့်နေတာ၊ အရောင်းအဝယ်ဈေးကွက်တွေပျက်နေတာကြောင့် လုပ်ငန်းငယ်တွေဟာ ပုံမှန်ရပ်တည်နိုင်ဖို့ မလွယ်တော့တဲ့အခြေအနေကိုရောက်နေပါတယ်။ဒီသတင်းကို နွေဦးKက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment