3rd JUN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇွန်လ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌CDM ဝန်ထမ်းတွေရဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေကို ကူညီထောက်ပံ့လိုပါကဖိတ်ခေါ်တယ်လို့ ဒုဝန်ကြီး အိသဉ္ဇာမောင်ပြောကြား

📌အမေ့ထီး၊ အမေ့ မွေးနေ့၊ အမေ့ အတွက် လက်ဆောင်အစီအစဥ်တွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုသိမ်ထီး ကံစမ်းမဲလက်မှတ်ပါရောင်းချသွားမယ်

📌NUG အစိုးရဟာ (Exile) ပြည်ပရောက်အစိုးရမဟုတ်၊တကယ့်မြေပြင်ပေါ်သမ္မတကိုယ်တိုင်ရှိနေတာပြလိုက်တယ်လို့ ကိုမင်းကိုနိုင်ဆို

📌ကချင်ဒေသတွင်  စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးနှင့် အခြားအဆင့် စစ်သည်တစ်ဦးတို့လက်နက်နဲ့အတူခိုလှုံရာ ပြည်သူ့ပန်းတိုင်မှ ငွေကျပ် (၃၂) သိန်းကို ဂုဏ်ပြုချီးမြှင့်

📌Yangon Federal School သို့ ကျောင်းအပ်နှံတဲ့ကျောင်းသား၊ ကျောင်းသူ နာရီအတွင်း ၄၀၀၀ နီးပါးရှိခဲ့

📌စစ်အာဏာသိမ်းကာလအတွင်း သစ်ခိုးထုတ်မှုများ လွန်စွာများပြားလွန်းသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကပင် တရားမဝင်သစ် ဖမ်းဆီးပေးနေရသည့် အခြေအနေသို့ ရောက်ရှိနေတယ်လို့ဆို

📌ချင်းတွင်းကြော မစ်ရှင် အတွက် ဒေသခံ အဖွဲ့စည်းများရဲ့ အကူညီတောင်းခံမှုအရ SHADOW ထုတ်လုပ်ရေးအဖွဲ့မှ ဒေသခံမဟာမိတ်အဖွဲ့စည်းများအား မိုင်း၂၉လုံးထောက်ပံ့

📌ငါန်းဇွန်မြို့နယ် လက်ပံကျင်းတောင်ရွာရှိ  Mytel တာဝါတိုင်အားဖောက်ခွဲ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌CDM ဝန်ထမ်းတွေရဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေကို ကူညီထောက်ပံ့လိုပါကဖိတ်ခေါ်တယ်လို့ ဒုဝန်ကြီး အိသဉ္ဇာမောင်ပြောကြား


ဇွန်လ ရက်နေ့မှာ အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဒုဝန်ကြီး အိသဉ္ဇာမောင်က လူမှုကွန်ရက်မှာအခုလို ရေးသားပြောကြားခဲ့ပါတယ်။


"ရုံး က CDM ဝန်ထမ်းတွေကပြောတယ်။အမြဲတမ်း အလှူရှင်တွေဆီ က အလှူခံနေရတာ ကို မလိုချင်တော့ဘူး ကိုယ်ပိုင်လုပ်ငန်းလေး နဲ့ လည်ပတ်ချင်တယ် အရင်းအနှီးလေးရရင် အဆင်ပြေမယ်တဲ့။ ကျမ တို့ ဝန်ကြီးဌာန ကတော့ ပိုက်ဆံသိပ်မရှိဘူး။ ဒါပေမဲ့ ကျမတို့ အတူတူ ကြိုးစား ကြည့်ကြတာပေါ့ ဆိုပြီး လုပ်ငန်းလုပ်ချင်သူတွေကို အရင်းအနှီး နည်းနည်းထုတ်ပေးပြီး ကြိုးစားခိုင်းကြည့်တယ်။ ရလာဒ်က အဆင်ပြေတယ် ပြောရမယ်။ သူတို့အတွက် ပုံမှန်ဝင်ငွေလေးတော့ ရလာတာပေါ့။အဲ့ဒါကြောင့် CDM ဝန်ထမ်းတွေရဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေကို နည်းပညာအား ဖြင့်ရော၊ ငွေကြေးအားဖြင့်ရော ကူညီချင်ရင် ဖိတ်ခေါ် ပါတယ်"လို့ ဆိုပါတယ်။


အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ CDM ဝန်ထမ်းများမှ လတ်တလောတွင် စိုက်ပျိုးရေး စိုက်ခင်းများကို စမ်းသပ်လုပ်ဆောင်နေကြောင်းလည်းသိရပါတယ်။


========================


📌📌အမေ့ထီး၊ အမေ့ မွေးနေ့၊ အမေ့ အတွက် လက်ဆောင်အစီအစဥ်တွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုသိမ်ထီး ကံစမ်းမဲလက်မှတ်ပါရောင်းချသွားမယ်


အမေ့ထီး၊အမေ့ မွေးနေ့၊အမေ့ အတွက် လက်ဆောင်အစီအစဥ်ကို ဇွန်လ၄ရက် ည၈နာရီအချိန် Live ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


အခမ်းအနားအား NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ ဒေါက်တာဖြိုးသီဟ၊ ကိုပေါက်၊ မထရီဇာ၊ မပန်၊ မမြနှင်းရည်လွင်၊ မိတ်ကပ်မေဦး၊ Russell ရွှေရည်ဖြိုးမောင်၊ Pancake DaDa Guest PDF တို့ တက်ရောက်မှာဖြစ်ပါတယ်။


ပြည်သူ့ဘဝလုံခြုံဖို့ အမေ့ထီးဖြင့် ကာကွယ်စို့အစီအစဥ်တွင်ဒေါ်အောင်ဆန်းစုကြည်အမြဲအသုံးပြုနေကျ ဒေါင်းမြီးပုံပါထီးအတွက် ကံစမ်းမဲလက်မှတ်များကိုပါရောင်းချမှာဖြစ်ပါတယ်။


========================


📌📌NUG အစိုးရဟာ (Exile) ပြည်ပရောက်အစိုးရမဟုတ်၊တကယ့်မြေပြင်ပေါ်သမ္မတကိုယ်တိုင်ရှိနေတာပြလိုက်တယ်လို့ ကိုမင်းကိုနိုင်ဆို


ဇွန်လ ရက်နေ့မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က လူမှုကွန်ရက်မှာ အခုလိုရေးသားပြောကြားခဲ့ပါတယ်။


"NUG အစိုးရဟာ (Exile) ပြည်ပရောက်အစိုးရမဟုတ်၊ တကယ့်မြေပြင်ပေါ် သမ္မတကိုယ်တိုင်ရှိနေတာပြလိုက်တယ်။ လာဦးမယ် ဒါမျိုးတွေ။ တော်လှန်ရေးဗီဒီယို မိနစ်စာကို ၁၂ နာရီအတွင်းလူသန်းနဲ့ ချီကလစ်ပါပြလိုက်တဲ့အခါ။ရေတံခွန်ဆန်တက်ခဲ့တဲ့ ငါးဟာဘာမဆိုဖြစ်ပြလို့ရတယ်လို့ ကျူးရင့်လိုက်သလိုပါပဲ"လို့ဆိုပါတယ်။


မေလ ၃၁ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ရှေ့တန်းစစ်မြေပြင်ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။


"NUG အစိုးရနဲ့အီးယူကိုယ်စားလှယ်၊ NUG အစိုးရနဲ့ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး၊တရားဝင်တွေ့တယ်တရားဝင်သတင်းထုတ်ပြန်တယ်။ နောက်ဖေးပေါက်ကခိုးကြောင်

ခိုးဝှက်မဟုတ်။ ဘယ်ခေတ်မှာမှမရဘူးတဲ့ပြည်သူ့အောင်ပွဲတွေဒီအတွက်ပေးဆပ်အံကြိတ်ရတာတွေကြည့်ပါ။ ရွာမီးရှို့တဲ့စစ်တပ်ကိုတုန့်ပြန်ရာမှာမီးလောင်ပြင်မြေကိုတူးယူသွားရင်တောင်ငါးကန်လုပ်မွေးပြီး ဆက်တိုက်သွားမယ်လို့သတ္တိပြခဲ့တာအညာသူပြည်သူပါ"လို့ ကိုမင်းကိုနိုင်ကထပ်မံဆိုပါတယ်။


========================


📌📌ကချင်ဒေသတွင်  စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးနှင့် အခြားအဆင့် စစ်သည်တစ်ဦးတို့လက်နက်နဲ့အတူခိုလှုံရာ ပြည်သူ့ပန်းတိုင်မှ ငွေကျပ် (၃၂) သိန်းကို ဂုဏ်ပြုချီးမြှင့်


ကချင်ဒေသတွင်  စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးနှင့် အခြားအဆင့် စစ်သည်တစ်ဦးတို့လက်နက်နဲ့အတူခိုလှုံရာ ပြည်သူ့ပန်းတိုင်မှ ငွေကျပ် (၃၂) သိန်းကို ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ဇွန်လ ရက်နေ့မှာ  သတင်းထုတ်ပြန်ခဲ့ပါတယ်။


"အရာရှိနှင့်စစ်သည်တို့သည် သက်ဆိုင်ရာ လွတ်မြောက်နယ်မြေသို့ NUG-MOD / KPICT နှင့်တကွ မြေပြင်တော်လှန်ရေးအဖွဲ့တို့၏ ဆက်လက်ကူညီဆောင်ရွက်မှုများကြောင့်  လုံခြုံစိတ်ချရသောနေရာတွင် အောင်မြင်စွာရောက်ရှိခဲ့ပြီး၊ ပြည်သူ့ပန်းတိုင်အဖွဲ့အနေဖြင့် ပြည်သူ၏ကူညီထောက်ပံ့မှုဖြင့် ငွေကျပ် (၃၂) သိန်းတိတိအား ဂုဏ်ပြုချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း ပြည်သူများအား ထပ်မံအသိပေးလိုက်ရပါတယ်"လို့ဖော်ပြပါတယ်။


 ၄င်းတို့ယူဆောင်လာသည့် လက်နက်ပစ္စည်းအမျိုးအစားများမှာ MA-2 သေနတ်တစ်လက်အပါအဝင် တိုက်ခိုက်ရေးပစ္စည်း ၁၀ မျိုးတို့ပါဝင်ပါတယ်။


========================


📌📌Yangon Federal School သို့ ကျောင်းအပ်နှံတဲ့ကျောင်းသား၊ ကျောင်းသူ နာရီအတွင်း ၄၀၀၀ နီးပါးရှိခဲ့


Yangon Federal School ကျောင်းအပ်လက်ခံမှုကို ဇွန်လ ရက်နေ့ မနက် () နာရီက စတင်ခဲ့ရာ စတင်သည့်အချိန်မှ () နာရီအတွင်း ကျောင်းသား/သူ (၄၀၀၀) ခန့် အပ်နှံလျှောက်ထားခဲ့ကြတယ်လို့သိရပါတယ်။


လက်ရှိမှာ Yangon Federal Schoolမှာ

မူလတန်း ဆရာ/ဆရာမ      - ၁၀၄ ဦး

အလယ်တန်း ဆရာ/ဆရာမ - ၆၈ ဦး

အထက်တန်း ဆရာ/ဆရာမ - ၇၆ ဦး

စုစုပေါင်း စေတနာ့ဝန်ထမ်း (၂၄၈) ဦး သာရှိပြီးတော့ စုစုပေါင်း ဆရာဆရာမ လိုအပ်ချက်သည် (၅၀၀) ကျော်လိုအပ်နေဆဲဖြစ်ပါတယ်။


========================


📌📌စစ်အာဏာသိမ်းကာလအတွင်း သစ်ခိုးထုတ်မှုများ လွန်စွာများပြားလွန်းသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကပင် တရားမဝင်သစ် ဖမ်းဆီးပေးနေရသည့် အခြေအနေသို့ ရောက်ရှိနေတယ်လို့ဆို


စစ်အာဏာသိမ်းကာလအတွင်း သယံဇာတစီမံအုပ်ချုပ်မှုအပေါ် သက်ရောက်မှုများအား သုံးသပ်ခြင်း MONREC ၏ဖော်ပြချက်အရသိရပါတယ်။


"စစ်အာဏာသိမ်းကာလ တစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ တရားမဝင်သစ်ခိုးထုတ်မှုများမှာ အလွန်များပြားစွာ ပေါ်ပေါက်လျက်ရှိပြီး စစ်ကိုင်းတိုင်းနှင့် ပဲခူးရိုးမကဲ့သို့ သဘာဝတောတောင် ကောင်းများ ကျန်ရှိနေသေးသည့် ဒေသကြီးများ အပါအဝင် ကျန်တိုင်းပြည်နယ်အနှံ့တွင်လည်း ဝိသမလောဘသားများသည် စစ်ကောင်စီနှင့် ပူးပေါင်းကာ တရားမဝင်သစ်ခိုးထုတ်နေမှုများကို လူမှုကွန်ရက်စာမျက်နှာများမှတဆင့် မြင်တွေ့ရကြောင်း၊ သစ်ခိုးထုတ်မှုများ လွန်စွာများပြားလွန်းသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကပင် တရားမဝင်သစ် ဖမ်းဆီးပေးနေရသည့် အခြေအနေသို့ ရောက်ရှိနေပါကြောင်း"သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ကဖော်ပြပါတယ်။


တရားမဝင်သစ်ဖမ်းဆီးရမိမှု ဧပြီလအထိစာရင်းချုပ်မှာ ကျွန်း ၅၂.၁၈ တန်ကျော်၊ အခြား .၁၆၈တန် တို့ဖြစ်ပါတယ်။


========================


📌📌ချင်းတွင်းကြော မစ်ရှင် အတွက် ဒေသခံ အဖွဲ့စည်းများရဲ့ အကူညီတောင်းခံမှုအရ SHADOW ထုတ်လုပ်ရေးအဖွဲ့မှ ဒေသခံမဟာမိတ်အဖွဲ့စည်းများအား မိုင်း၂၉လုံးထောက်ပံ့


ဇွန်လ၂ ရက်နေ့မှာ SHADOW ထုတ်လုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။


"ချင်းတွင်းကြော မစ်ရှင် အတွက် ဒေသခံ အဖွဲ့စည်းများရဲ့ အကူညီတောင်းခံမှုအရကျနော်တို့ (SHADOW ထုတ်လုပ်ရေးအဖွဲ့နှင့် ညီနောင်မဟာမိတ် monywa nightking အဖွဲ့) တို့ ပူးပေါင်းလုပ်ဆောင်ကာ မိုင်းအရေတွက် ၂၉လုံးဒေသခံမဟာမိတ်အဖွဲ့စည်းများအား ထောက်ပံ့ပေးခဲ့ပါတယ်"လို့ဆိုပါတယ်။


SHADOW (ထုတ်လုပ်ရေးနှင့် လုက်နက်ကြီးတပ်ဖွဲ့) ဟာ ၈၀ မမ များနဲ့ လက်နက်ကြီးများကိုပါ တီထွင် ထုတ်လုပ်လျက်ရှိပါတယ်။


========================


📌📌ငါန်းဇွန်မြို့နယ် လက်ပံကျင်းတောင်ရွာရှိ  Mytel တာဝါတိုင်အားဖောက်ခွဲ


"ဇွန်လ ရက်နေ့  ၁၁ နာရီခွဲအချိန် ငါန်းဇွန်မြို့နယ် လက်ပံကျင်းတောင်ရွာရှိ  Mytel တာဝါတိုင်အား  မဟာမိတ်တပ်များမှစစ်ဆင်ရေးပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်"လို့သိရပါတယ်


စစ်ဆင်ရေးကိုမြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ - CDSOM နှင့်အတူ မဟာမိတ်များ ဖြစ်ကြသော တပ်ရင်း တပ်ခွဲ (နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့ - NYSGF) နှင့် ငါန်းဇွန် ဟီးရိုး  Ngazun Hero တပ်ခွဲ () Ngazun Fight Star မြောင်အမျိုးသမီးစစ်သည်တော်တပ်ရင်း - M2W အဖွဲ့တို့မှ ပူးပေါင်းခဲ့ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment