၂၀၂၂ ဇူလိုင်လ ၁၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ NUG အစိုးရနဲ့ ONE DAY CHALLENGE Member များတွေ့ဆုံပွဲကို ယာယီသမ္မတ၊ကာကွယ်ရေးဝန်ကြီးနှင့်စီမံဘဏ္ဍာဝန်ကြီးတို့တက်ရောက်ဆွေးနွေးမယ်
📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံ
📌 ၃။ အသိအမှတ်ပြုပြီး အွန်လိုင်းကျောင်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာပေးမယ်လို့ပညာရေး ဒုဝန်ကြီးဆို
📌 ၄။ Federal Health Professional Council မှ Good Standing Certificate ( GSC ) ကို လိုအပ်ချက်နဲ့အညီထုတ်ပေးမယ်
📌 ၅။ နွေဦးအောင်နိုင်ရေးခရီးစဉ်မှာ မြန်မာအပ်နှံငွေ အမေရိကန်ဒေါ်လာတစ်ဘီလျံပြန်လည်ရရှိရေး လက်မှတ် ကမ်ပိန်းဟာ အဓိကဖြစ်တယ်လို့ ဆရာတော် အရှင်ဇဝန မိန့်ကြား
📌 ၆။ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မြိတ်မြို့နယ်ရှိ စကစတပ်များကို ယနေ့မနက်မိုင်းခွဲတိုက်ခိုက်
📌 ၇။ ဖရူဆိုမြို့နယ်တွင်းရှိ မိုင်တဲတာဝါတိုင်အား လက်နက်ကြီးထုတ်လုပ်ရန်အတွက် ကာကွယ်ရေးတပ်ဖွဲ့များ ယနေ့မနက် ဖောက်ခွဲ၍ လှဲယူ
📌 ၈။ NUGPay သုံးစွဲသူများ အနေဖြင့် မိမိ Account ဖွင့်ထားသော Agent ထံ၌သာ Top-up code ဝယ်ယူခြင်းနဲ့ ငွေသွင်း၊ငွေထုတ်လုပ်ဆောင်ရမယ်လို့ကြေညာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ NUG အစိုးရနဲ့ ONE DAY CHALLENGE Member များတွေ့ဆုံပွဲကို ယာယီသမ္မတ၊ကာကွယ်ရေးဝန်ကြီးနှင့်စီမံဘဏ္ဍာဝန်ကြီးတို့တက်ရောက်ဆွေးနွေးမယ်
NUG အစိုးရနဲ့ ONE DAY CHALLENGE Member များတွေ့ဆုံပွဲကို ယာယီသမ္မတ၊ကာကွယ်ရေးဝန်ကြီးနှင့် စီမံဘဏ္ဍာဝန်ကြီးတို့တက်ရောက်ဆွေးနွေးမယ်လို့သတင်းရရှိပါတယ်။ ဇူလိုင် ၁၇ ရက် ည ၇ နာရီ ၃၀ အချိန် zoom meeting မှတဆင့်တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီးတော့ ကိုရီးယားရောက် မြန်မာနိုင်ငံသားများလည်း ပါဝင်ဆွေးနွေးနိုင်တယ်လို့ဆိုပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား)ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG သို့ ဘဏ္ဍာရန်ပုံငွေ ထောက်ပံ့တဲ့ ONE DAY CHALLENGE လှုပ်ရှားမှုအား ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် စတင်ခဲ့ပြီး လစဉ် အမျိုးသားညီညွတ်ရေး အစိုးရ NUG သို့ ဘဏ္ဍာရန်ပုံငွေ ဒေါ်လာတစ်သိန်းအား ပေးပို့လာခဲ့ရာ ယခုနှစ် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဒေါ်လာ ၁ သန်းပြည့် ထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။ ယခုဆွေးနွေးပွဲတွင် NUG အစိုးရဟာ ONE DAY CHALLENGE ပံ့ပိုးငွေများအား တော်လှန်ရေးအတွက် မည်ကဲ့သို့ အကျိုးရှိစွာ သုံးစွဲနေခြင်း အပါအဝင် သိလိုရာများကို လွတ်လပ် ပွင့်လင်းစွာ မေးမြန်းနိုင်မှာလည်းဖြစ်ပါတယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံ
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံခဲ့ပါတယ်။ ဇူလိုင် ၁၅ ရက်ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံ အစည်းအဝေးကို ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကတက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးမှာပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထဲ ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ဇွန်လ အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားခြင်း၊ သက်ဆိုင်ရာဦးစီးဌာနများနှင့် တနင်္သာရီတိုင်း အတွင်းရှိ အုပ်ချုပ်ရေး၊ ပညာရေး၊ကျန်းမာရေးနှင့် မြေပြင်ဖြစ်ပေါ်နေသည့် အခြေအနေများကို ဟန်ချက်ညီ ပူးပေါင်းလုပ်ကိုင်ကြရမည့် ကိစ္စရပ်များအား အကျယ်တဝံ့ ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲကို ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဒုတိယ ဥက္ကဌ (၁) ၊ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီဌာန ပြည် ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ဆွေးနွေးခဲ့ပါတယ်။
========================
📌📌 ၃။ အသိအမှတ်ပြုပြီး အွန်လိုင်းကျောင်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာပေးမယ်လို့ပညာရေး ဒုဝန်ကြီးဆို
အသိအမှတ်ပြုပြီး အွန်လိုင်းကျောင်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာပေးမယ်လို့ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးဂျာထွယ်ပန်ကပြောပါတယ်။ ဇူလိုင်လအတွင်း လူမှုကွန်ရက်မှာ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်ကရေးသားပြောကြားခဲ့ပါတယ်။
"ပညာရေးဝန်ကြီးဌာန အနေနဲ့ online ကျောင်းတွေကို စိစစ်ပြီး အသိအမှတ်ပြုပေးဖို့ လုပ်ဆောင်နေဆဲကာလဖြစ်ပါတယ်။ မကြာခင်မှာ အသိအမှတ်ပြုပြီး ကျောင်းတွေကို ကြေညာပေးမှာဖြစ်ပါတယ်"လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ ပြည်သူ့ပညာရေးဖော်ဆောင်နေသော Online ကျောင်း စုစုပေါင်း (၅၁) ကျောင်းရှိပြီး ၊ မြေပြင် သင်ကြားရေးအနေဖြင့်လဲ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စသည့်ဒေသများတွင် ပြည်သူ့အခြေပြု စာသင်ကျောင်းများ ဖွင့်လှစ် သင်ကြားလျက်ရှိပါတယ်။
========================
📌📌 ၄။ Federal Health Professional Council မှ Good Standing Certificate ( GSC ) ကို လိုအပ်ချက်နဲ့အညီထုတ်ပေးမယ်
Federal Health Professional Council မှ Good Standing Certificate ( GSC ) ကို လိုအပ်ချက်နဲ့အညီထုတ်ပေးမယ်လို့ဆိုပါတယ်။ ဇူလိုင် ၁၆ ရက်နေ့မှာ Federal Health Professional Council မှတရာဝင်ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံသားဆရာဝန်တဦးဦးဟာနိုင်ငံခြားတိုင်းပြည်တခုမှာ ပညာတော်သင်နဲ့အလုပ်သွားရောက်လုပ်ကိုင်ပါကသက်ဆိုင်ရာနိုင်ငံရဲ့ ဆေးကောင်စီ က မြန်မာနိင်ငံ Federal Health Professional Council ထံမှ Good Standing Certificate ( GSC ) ကို တောင်းခံလာတဲ့အချိန်မှာ ကာယကံရှင်ဆရာဝန်က FHPC မှာလိုအပ်တဲ့ Documents တွေတင်ပြပြီး သတ်မှတ်ထားတဲ့ Fees ကိုပေးသွင်းပြီးလျှောက်ထားရမှာဖြစ်တယ်လို့ Federal Health Professional Council မှဆိုပါတယ်။
Good Standing Certificate ( GSC ) ကိုထုတ်ပေးရန်ဆေးပညာနှင့်ဆိုင်သောကျင့်ဝတ်များကိုလိုက်နာသူ၊ရာဇဝတ်မှုလွတ်ကင်းသူ၊မြန်မာနိုင်ငံဆေးကောင်စီမှာမှတ်ပုံတင်ထားပြီးသူဖြစ်ရမှာဖြစ်ပါတယ်။ Good Standing Certificate ( GSC ) အတွက် မြန်မာငွေ တသိန်းကျပ် ( သို့ ) US$ 50 ကိုပေးသွင်းရမှာဖြစ်ပါတယ်။
========================
📌📌 ၅။ နွေဦးအောင်နိုင်ရေးခရီးစဉ်မှာ မြန်မာအပ်နှံငွေ အမေရိကန်ဒေါ်လာတစ်ဘီလျံပြန်လည်ရရှိရေး လက်မှတ် ကမ်ပိန်းဟာ အဓိကဖြစ်တယ်လို့ ဆရာတော် အရှင်ဇဝန မိန့်ကြား
နွေဦးအောင်နိုင်ရေးခရီးစဉ်မှာ မြန်မာအပ်နှံငွေ အမေရိကန်ဒေါ်လာတစ်ဘီလျံပြန်လည်ရရှိရေး လက်မှတ် ကမ်ပိန်းဟာ အဓိကဖြစ်တယ်လို့ ဇူလိုင်လအတွင်း အမေရိကန် ပြည်ထောင်စုရဲ့ ပြည်နယ်တစ်ခု ခရီးစဥ်မှာ ဆရာတော် အရှင်ဆရာဇဝနက မိန့်ကြားခဲ့ပါတယ်။
"အဓိက လက်မှတ်ကောက်ခံဖို့ပါပဲ။ မဖြစ်နိုင်ဘူးဆိုတာထက် ဖြစ်နိုင်ခြေရှိတဲ့အတွက် ဘုန်းဘုန်းတို့က လက်မှတ် ကောက်ခံပါတယ်။ လူဦးရေ တစ်သန်းအထိ လက်မှတ်ရဖို့ ဘုန်းဘုန်းတို့မှန်းထားပါတယ်။လက်မှတ်တွေကို သမ္မတ ဘိုင်ဒန်ဆီပို့မယ်"လို့မိန့်ပါတယ်။
လက်ရှိမှာ နွေဦးအောင်နိုင်ရေး ခရီးစဥ်လူမှုကွန်ရက်မှာ ဇူလိုင် ၁၅ ရက်နေ့အထိ လက်မှတ်ပေါင်း ၁၀၄၆၇ ရရှိထားကြောင်းဖော်ပြထားပါတယ်။ ဇွန်လ ၄ ရက်နေ့က စတင်တဲ့ နွေဦးအောင်နိုင်ရေးခရီးစဥ်ဟာ အမေရိကန်ပြည်ထောင်စုရှိ အမျိုးသားညီညွတ်ရေးအစိုးရအားထောက်ခံတဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများဦးဆောင်၍ မြန်မာပြည်ဖွား တိုင်းရင်းသား အများအပြားနေထိုင်လျှက်ရှိသော ပြည်နယ်ပေါင်း (၃၀) ၊ မြို့ပေါင်း (၁၀၀) ကျော်ဆီသို့ လှည့်လည်ပြီး တော်လှန်ရေးကြီးမှာ အဆုံးထိပါဝင်ကြဖို့ တမြို့ဝင်တမြို့ထွက် တိုက်တွန်းလျက်ရှိပါတယ်။
ခရီးစဥ်အတွင်း အမေရိကန်အစိုးရမှ ထိမ်းသိမ်းထားသောငွေ 1 billon ကို NUG အစိုးရထံသို့ လွှဲပြောင်း ပေးရန် အတွက် အမေရိကန်ရှိ မြန်မာနွယ်ဖွားများမှ in person ကိုယ်တိုင်ကိုယ်ကျ DocuSign ဖြင့်လက်မှတ် ရေးထိုးပြီး တောင်းဆိုမည့် “one million signatures for one billion campaign” လည်းပါဝင်နေပါတယ်။
========================
📌📌 ၆။ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မြိတ်မြို့နယ်ရှိ စကစတပ်များကို ယနေ့မနက်မိုင်းခွဲတိုက်ခိုက်
နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မြိတ်မြို့နယ် ဘုံပျံစာသင်ကျောင်းသို့လုပ်အားပေးသန့်ရှင်းရေးလုပ်ရန်လာသော စကစတပ်များကို ယနေ့မနက်မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက် နံနက် (၇) နာရီအချိန်ခန့်တွင်ဘုံပျံစာသင်ကျောင်းသို့လုပ်အားပေးသန့်ရှင်းရေးလုပ်ရန်လာသော စကစတပ်များပါလာတဲ့ကားကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မြိတ် ပကဖက ဆိုပါတယ်။
"မြိတ်မြို့နယ်၊ရေပုန်းရပ်ကွက်၊ယနေ့ (၁၆) ရက်နေ့ နံနက် (၇) နာရီအချိန်ခန့်တွင် ဘုံပျံစာသင်ကျောင်းသို့လုပ်အားပေးသန့်ရှင်းရေးလုပ်ရန်လာသော စကစတပ်များတင်လာသောကားအားလမ်း၌ဖြတ်၍(နန်းထိုက်အောင်စစ်ဆင်ရေး)အနေဖြင့်အမိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ပြောပါတယ်။ ၎င်းမိုင်းခွဲတိုက်ခိုက်ခြင်းဟာပြည်သူလူထုနဲ့(လုံးဝ)လုံးဝမသက်ဆိုင်ဘဲ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှလုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ပြည်သူ့လူထုများအနေနဲ့လည်း စကစတပ်များရဲမျ၊ပျူစောထီးအဖွဲ့ရဲ့နီးစပ်ရာသို့သွားလာခြင်းမပြုကြရန်သတိပေးထုတ်ပြန်ထားပါတယ်။
========================
📌📌 ၇။ ဖရူဆိုမြို့နယ်တွင်းရှိ မိုင်တဲတာဝါတိုင်အား လက်နက်ကြီးထုတ်လုပ်ရန်အတွက် ကာကွယ်ရေးတပ်ဖွဲ့များ ယနေ့မနက် ဖောက်ခွဲ၍ လှဲယူ
ဖရူဆိုမြို့နယ်တွင်းရှိ မိုင်တဲတာဝါတိုင်အား လက်နက်ကြီးထုတ်လုပ်ရန်အတွက် ကာကွယ်ရေးတပ်ဖွဲ့များ ယနေ့မနက် ဖောက်ခွဲ၍ လှဲယူခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက် မနက်ပိုင်းမှာ မိုင်တဲ တာဝါတိုင်အားပြည်သူ့ကာကွယ်အရေးအဖွဲ့ (ပကဖ) နေပြည်တော်နှင့် ကရင်နီတပ်ပေါင်းစု KRU +KNDF တို့ပူးပေါင်းဖောက်ခွဲခဲ့တာဖြစ်ပါတယ်။
"ဖရူဆို မြို့ရှိမိုင်တဲ တာဝါတိုင်အားပြည်သူ့ကာကွယ်အရေးအဖွဲ့ (ပကဖ) နေပြည်တော်နှင့် ကရင်နီတပ်ပေါင်းစု KRU +KNDF တို့ပူးပေါင်း၍ လက်နက်ကြီး ထုပ်လုပ်ရန်အတွက် ယနေ့မနက် ဖြိုလှဲ၍လိုအပ်တာများဖြုတ်ယူခဲ့ပါတယ်"လို့ ပကဖ အဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။ မိုင်တဲတာဝါတိုင်များဟာ စကစရဲ့ ဝင်ငွေရလမ်း ဒေါက်တိုင်တစ်ခုအဖြစ်ပါဝင်ပြီး ပြည်သူလူထုကိုလည်း မိုင်တဲဆင်းကတ်နဲ့ငွေဖြာ့်ကတ်များ သုံးစွဲခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။
========================
📌📌 ၈။ NUGPay သုံးစွဲသူများ အနေဖြင့် မိမိ Account ဖွင့်ထားသော Agent ထံ၌သာ Top-up code ဝယ်ယူခြင်းနဲ့ ငွေသွင်း၊ငွေထုတ်လုပ်ဆောင်ရမယ်လို့ကြေညာ
NUGPay သုံးစွဲသူများ အနေဖြင့် မိမိ Account ဖွင့်ထားသော Agent ထံ၌သာ Top-up code ဝယ်ယူခြင်းနဲ့ ငွေသွင်း၊ငွေထုတ်လုပ်ဆောင်ရမယ်လို့ကြေညာပါတယ်။ NUGPay Agent များထံမှ Activation Code များကို ဝယ်ယူရရှိနိုင်မည် ဖြစ်ပြီး လက်ရှိ Pilot ကာလ၌ Agent တစ်ဦးသည် Wallet (၁၀) ခုကိုသာ ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါတယ်။
“NUGPay ဟာ နိုင်ငံတကာမှ Agent များကိုလည်းတိုးချဲ့ဖွဲ့စည်းနေပါတယ်။ ပြည်သူများ အနေဖြင့် ယုံကြည်စိတ်ချရသောတော်လှန်ရေး ကွန်ယက်များမှ တဆင့် NUGPay တရားဝင် Agent များထံတွင် Account ဖွင့်လှစ်နိုင်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment