26th JUL 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၂၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်အုပ်စုက ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်မှုဟာ လူသတ်အလောင်းပျောက် တဲ့ ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်လို့ NUCC ကခံယူ

📌 ၂။ မင်းအောင်လှိုင်နဲ့စစ်အုပ်စုဟာ ပြည်သူအားလုံးကိုအကြောက်တရားနဲ့ခြောက်ပြီးအပြစ်မဲ့ပြည်သူတွေကို သတ်ပြနေတာလို့ ပြည်ထဲရေးဝန်ကြီးဆို

📌 ၃။ ကျဆုံးသူများကို ဦးညွတ်ရင်း နွေဦးတော်လှန်ရေး အောင်ပွဲရသည့်အထိ မယိမ်းမယိုင် ခိုင်မြဲတည်ကြည်စွာ အစွမ်းကုန်တိုက်ပွဲဝင်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို

📌 ၄။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကိုကွပ်မျက်မှုဟာ ရှက်ဖွယ်ကောင်းပြီး သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်တယ်လို့ အာရှဒေသဆိုင်ရာ ယူကေနိုင်ငံဝန်ကြီး ပြောကြား

📌 ၅။ ခင်ဦးမြို့နယ်တွင် စကစတပ်များ မွှေနှောက်သောင်းကျန်း၍ ပြည်သူ့နေအိမ်များကို ယနေ့မနက် မီးရှိူ့ဖျက်ဆီး

📌 ၆။ သူရဲကောင်းလေးဦးအတွက် ရေနံချောင်းမြို့လက်မှတ်ကုန်းနယ်မြေရဲစခန်းအား လက်ပစ်ဗုံးနဲ့ ပစ်ခတ်၍ စစ်ဆင်ရေးပြုလုပ်

📌 ၇။ အထူးငွေတိုက်စာချုပ်ရောင်းချငွေ ‌() ဆအထိ ခုန်တက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုက ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်မှုဟာ လူသတ်အလောင်းပျောက် တဲ့ ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်လို့ NUCC ကခံယူ


အကြမ်းဖက်စစ်အုပ်စုက ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်မှုဟာ လူသတ်အလောင်းပျောက် တဲ့ ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်လို့ NUCC ကခံယူပါတယ်။ အကြမ်းဖက်စစ်အုပ်စုက ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင် မှုနဲ့ ပတ်သက်ပြီး မျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ကြေညာချက်တစ်စောင်ကို ဇူလိုင် ၂၅ ရက် ညမှာထုတ်ပြန်ခဲ့ပါတယ်။ 


"နိုင်ငံနဲ့ ပြည်သူတွေအတွက် အနစ်နာခံ တိုက်ပွဲဝင်ခဲ့သူတွေကို တရားလက် လွတ်ဖမ်းဆီးခဲ့ယုံမျှမက ယခုလို ကာယကံရှင် မိသားစုတွေကို တိကျစွာအသိပေးမှုမရှိတာက လူသတ်အလောင်း ပျောက် တဲ့ ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်"လို့ NUCCကဆိုပါတယ်။ အကြမ်းဖက်စစ်အာဏာရှင်တွေရဲ့ ဥပဒေမဲ့သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုတွေကို နိုင်ငံအနှံ့အပြားမှာတွေ့ရတယ်လို့ ဖော်ပြထားသလို အထူးသဖြင့် ဗမာမဟုတ်တဲ့ တိုင်းရင်းသားဒေသတွေမှာ ရည်ရွယ် ချက်ရှိရှိနဲ့ ကျူးလွန်ခဲ့တာနှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီလို့NUCCက ဖော်ပြပါတယ်။


========================


📌📌 ၂။ မင်းအောင်လှိုင်နဲ့စစ်အုပ်စုဟာ ပြည်သူအားလုံးကိုအကြောက်တရားနဲ့ခြောက်ပြီးအပြစ်မဲ့ပြည်သူတွေကို သတ်ပြနေတာလို့ ပြည်ထဲရေးဝန်ကြီးဆို


မင်းအောင်လှိုင်နဲ့စစ်အုပ်စုဟာ ပြည်သူအားလုံးကိုအကြောက်တရားနဲ့ ခြောက်ပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ပြနေတာလို့ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်ကပြောပါတယ်။ ဇူလိုင် ၂၅ ရက် လူမှုကွန်ရက်မှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကရေးသားပြောပါတယ်။


"မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်အုပ်စုက အပြစ်မဲ့ ပြည်သူတွေကိုလမ်းပေါ်မှာလည်း သတ်တယ်။ကျေးရွာတွေမှာလည်း သတ်တယ်။ တိုက်ပွဲတွေမှာလည်း စစ်ဘက်ဆိုင် ရာကျင့်ဝတ်တွေကိုဆန့်ကျင်ပြီးသတ်တယ်။ကလေး၊ လူကြီး၊ အဘိုး၊ အဖွား၊ ကျားကျား၊ မမ ၊လူမျိုးစုံ ၊ဘာသာပေါင်းစုံ အကုန်သတ်တယ်။ နောက်ဆုံးအကျဉ်းထောင်ထဲ ဖမ်းဆီးထားပြီသားနိုင်ငံရေး အကျဉ်းသားတွေကိုလည်း သတ်ပြလိုက်ခြင်းအားဖြင့် ပြည်သူအားလုံး ကို အကြောက်တရားနဲ့ ခြောက်ပြီး သတ်ပြတာပဲ"လို့ ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့ကို သတ်မှမဟုတ်ဘဲ အပြစ်မဲ့ပြည်သူကို ထောင်ချီသတ်၍ ကျေးရွာအိမ်ခြေ ထောင်ချီကိုလည်း မီးရှို့ဖျက်ဆီးပြီး အကြမ်းဖက် စစ်အုပ်စုဟာ သူ့ဇာတိရုပ်ကို ပြသထားပြီးလည်း ဖြစ်တယ်လို့ဝန်ကြီးကထပ်လောင်းဆိုပါတယ်။ စစ်အာဏာသိမ်းပြီးချိန်မှ ယခုအချိန်အထိ စစ်အုပ်စုဟာ လူပေါင်းတစ်သောင်းကျော်ကိုဖမ်းဆီးချုပ်နှောင်ထားပြီး နှစ်ထောင်ကျော်ကို ညှင်းပန်းသတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၃။ ကျဆုံးသူများကို ဦးညွတ်ရင်း နွေဦးတော်လှန်ရေး အောင်ပွဲရသည့်အထိ မယိမ်းမယိုင် ခိုင်မြဲတည်ကြည်စွာ အစွမ်းကုန်တိုက်ပွဲဝင်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို


တော်လှန်ရေး အောင်ပွဲရသည့်အထိ မယိမ်းမယိုင် ခိုင်မြဲတည်ကြည်စွာ အစွမ်းကုန်တိုက်ပွဲဝင်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောပါတယ်။ ဇူလိုင် ၂၅ ရက် လူမှုကွန်ရက်မှာ စီမံကိန်း၊ဘဏ္ဍရေးနဲ့ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကရေးသားပြောပါတယ်။


"ချစ်ခင်လေးမြတ်စွာ ဦးညွှတ်ဂုဏ်ပြုရင်း.. အောင်ပွဲရသည်အထိ မယိမ်းမယိုင် ခိုင်မြဲတည်ကြည်စွာ အစွမ်းကုန်တိုက်ပွဲဝင်သွားပါ့မယ်"လို့ ဝန်ကြီးကဆိုပါတယ်။ ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့ အပါအဝင် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့    ဦးကို သေဒဏ်စီရင်ခဲ့တယ်လို့ဇူလိုင် ၂၅ ရက်နေ့မှာ စစ်ကောင်စီဘက်ကထုတ်ပြန်ပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကိုကွပ်မျက်မှုဟာ ရှက်ဖွယ်ကောင်းပြီး သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်တယ်လို့ အာရှဒေသဆိုင်ရာ ယူကေနိုင်ငံဝန်ကြီး ပြောကြား


မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကိုကွပ်မျက်မှုဟာ ရှက်ဖွယ်ကောင်းပြီး သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်တယ်လို့ အာရှဒေသဆိုင်ရာ ယူကေနိုင်ငံဝန်ကြီး Amanda Milling ပြောကြားလိုက်ပါတယ်။ ဇူလိုင် ၂၅ ရက်နေ့မှာ ယူကေသံရုံးကတရားဝင်ဖော်ပြပါတယ်။


မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ယုတ်မာရိုင်းစိုင်း၊ ရက်စက်စွာ ကွပ်မျက်မှုသတင်း ကြောင့် ထိတ်လန့်၊ စက်ဆုပ်ရွံ့ရှာမိပါတယ်။ အဆိုပါကွပ်မျက်မှုဟာ ရှက်ဖွယ်ကောင်းပြီး သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်ပါတယ်။ လွတ်လပ်မှုတွေ၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေကို ရရှိဖို့ မြန်မာပြည်သူလူထုဟာ ရဲစွမ်းသတ္တိရှိရှိ နဲ့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချမှတ်ပြီးကြိုးစားတွန်းလှန်နေမှုတွေကို ရင်ဆိုင်နေရချိန်မှာ အဆိုပါလုပ်ရပ်က စစ်အာဏာရှင်ရဲ့ သွေးပျက်နေမှုအခြေအနေကို မီးမောင်းထိုးပြလိုက်တာပဲဖြစ်တယ်။  - အာရှဒေသဆိုင်ရာ ယူကေနိုင်ငံဝန်ကြီး Amanda Milling ကဆိုလိုက်ပါတယ်။ ယူကေနိုင်ငံဟာ မြန်မာစစ်အာဏာရှင်များကိူပိတ်ဆို့အရေးယူထားတဲ့နိုင်ငံဖြစ်ပြီးတော့ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်နေတဲ့နိုင်ငံများထဲမှာလည်းပါဝင်ပါတယ်။


========================


📌📌 ၅။ ခင်ဦးမြို့နယ်တွင် စကစတပ်များ မွှေနှောက်သောင်းကျန်း၍ ပြည်သူ့နေအိမ်များကို ယနေ့မနက် မီးရှိူ့ဖျက်ဆီး


စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စကစတပ်များ မွှေနှောက်သောင်းကျန်း၍ ပြည်သူ့နေအိမ်များကို ယနေ့မနက် မီးရှိူ့ဖျက်ဆီးခဲ့ပါတယ်။ ဇူလိုင် ၂၆ ရက်မနက်ပိုင်းခြေမြစ်ကျဥ်း(မြောက်)ရွာရှိ ပြည်သူပိုင် နေအိမ်များအား မီးရှို့နေတယ်လို့ ဒေသခံများဆီကသတင်းရရှိပါတယ်။


"ယမန်နေ့ ရွာစဥ်ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များအား အကြောင်းမဲ့ မီးရှို့ခဲ့သော စစ်ကြောင်းဟာ ယနေ့ မနက်ပိုင်း ခြေမြစ်ကျဥ်း (မြောက်) ရွာရှိ ပြည်သူပိုင် နေအိမ်များအား မီးရှို့နေပါတယ်။ မန်ကျီးအုပ်ကျေးရွာအတွင်း ဝင်မွှေနေပြီး ဘေးပတ်ဝန်းကျင်သို့ လက်နက်ကြီးငယ်များပစ်ခတ်ကာ- ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိထားပြီး ဒေသခံအချို့ ပိတ်မိနေတယ်"လို့ ဒေသခံသတင်းအရင်းအမြစ်ကဆိုပါတယ်။ လက်ရှိမှာခင်ဦးမြို့နယ်ရှိ ကျေးရွာများ နေ့စဉ်နီးပါးစစ်ကြောင်းထိုးခံနေရပြီး ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရပါတယ်။


========================


📌📌 ၆။ သူရဲကောင်းလေးဦးအတွက် ရေနံချောင်းမြို့လက်မှတ်ကုန်းနယ်မြေရဲစခန်းအား လက်ပစ်ဗုံးနဲ့ ပစ်ခတ်၍ စစ်ဆင်ရေးပြုလုပ်


သူရဲကောင်းလေးဦးအတွက် ရေနံချောင်းမြို့လက်မှတ်ကုန်းနယ်မြေရဲစခန်းအား လက်ပစ်ဗုံးနဲ့ ပစ်ခတ်၍ စစ်ဆင်ရေးပြုလုပ်ခဲ့ပါတယ်။ ဇူလိုင် ၂၅ ရက်နေ့ နာရီ ၃၀ အချိန်မှာ CAF-SPUPDF မှ ပျောက်ကြားရဲဘော်များဦးဆောင်တိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။


"CAF-SPUPDF မှ ပျောက်ကြားရဲဘော် CL ဦးဆောင်၍ ရေနံချောင်းမှဖေကံကောင်းအဖွဲ့နှင့်ပူးပေါင်းပြီး ရေနံချောင်းမြို့လက်မှတ်ကုန်းနယ်မြေရဲစခန်းအားနာနတ်သီးစိတ်ချိုချိုလေးအား ပစ်ခွဲကျွေးလိုက်ရာစခန်းအတွင်းမှရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုဟာ ကိုဂျင်မီ၊ ကို‌ဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့အတွက်သွေးကြွေးဆပ်ခြင်းဖြစ်တယ်လို့ CAF-SPUPDF ကဖော်ပြပါတယ်။


========================


📌📌 ၇။ အထူးငွေတိုက်စာချုပ်ရောင်းချငွေ ‌() ဆအထိ ခုန်တက်


အထူးငွေတိုက်စာချုပ်ရောင်းချငွေ () ဆအထိ ခုန်တက်ခဲ့တယ်လို့ ယူနိုက်တက်ဘွန်းကဆိုပါတယ်။ ဇူလိုင် ၂၅ ရက်နေ့မှာ အထူးငွေတိုက်စာချုပ်အများအပြားရောင်းချရခဲ့တယ်လို့ ဆိုပါတယ်။


"ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို မင်းအောင်လှိုင်ခေါင်းဆောင်တဲ့အာဏာရူးစစ်ကောင်စီက မတရားသေဒဏ်စီရင်ပြီးတဲ့နောက်၊ မနေ့ကတစ်ရက်တည်းမှာတင် ပြည်သူတွေဘွန်းဝယ်ယူကြတဲ့ အရေအတွက်ဟာ အရင်ရက်တွေ တစ်ရက်ဝယ်ယူနှုန်းထက် ဆထိများလာပါတယ်။ EOD ရှယ်ယာဝယ်ယူကြတဲ့ အရေအတွက်ဟာလည်း ထိုနည်းလည်းကောင်းပါပဲ"လို့ဆိုပါတယ်။ အထူးငွေတိုက်စာချုပ်များဟာ ကိုးသောင်းကိုထောင်ကျော်အထိရောင်းချထားရထားပြီး အမေရိကန်ဒေါ်လာသုံးဆယ့်ရှစ်သန်းနီးပါးဖိုးရရှိထားပြီးဖြစ်ပါတယ်။


"ဒါဟာ စစ်အာဏာရှင်တွေကို ပြည်သူလူထုက ဘယ်လောက်တောင် မုန်းတီးနာကျည်းနေကြလဲဆိုတာကို ပြသနေတာပဲဖြစ်တယ်။ အာဏာရူးတဲ့  မိစ္ဆာစစ်တပ်ကို မရရအောင်ဖြုတ်ချမယ်ဆိုတဲ့ ပြည်သူတို့ရဲ့ သန္ဒိဌာန်ကိုရှင်းရှင်းကြီးပြသလိုက်တာဖြစ်ပါတယ်။ဒီအရှိန်အတိုင်းသာ မလျှော့ဘဲ ဆက်ပြီးထောက်ပံ့နေကြမယ်ဆိုရင် တော်လှန်ရေးအောင်မြင်ဖို့ အချိန်ကလည်းလေးဆလောက်ပိုမြန်သွားမှာ သိပ်သေချာပါတယ်"လို့ ယူနိုက်တက်ဘွန်းကဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment