16th AUG 2022 - Morning Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၁၆ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးမှာ တော်လှန်စိတ်နဲ့လုပ်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်းပြောကြား

📌 ၂။ ဒေါ်ခင်ကြည်ဖောင်‌ဒေးရှင်းနဲ့ဆက်စပ်ပြီး စွပ်စွဲထားတဲ့ အမှု အမှု မှု အတွက်ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ဒဏ်  နှစ်ထပ်မံချမှတ်

📌 ၃။ ရေလယ်ကျွန်းတပ်ရင်းကို MOD ကအသိအမှတ်ပြုဖို့ အဆင်ပြေမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အတွင်းဝန်အသိပေးအကြောင်းကြား

📌 ၄။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် CDM ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း (၇၄) ဦးအား ဂုဏ်ပြုပံ့ပိုးငွေ တစ်ဦးလျှင် (၄၅၀၀၀) ကျပ်တိတိ ပံ့ပိုးပေး

📌 ၅။ နှာယမ်းအပူလွန်ကဲရာကတဆင့် မီးလောင်ခဲ့မှုကြောင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ လက်နက်ခဲယမ်းဂိုဒေါင်မီးလောင်ကျွမ်းကာစုစုပေါင်း ကျပ်သိန်း ၃၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့

📌 ၆။ ကရင်ပြည်နယ်ကော့ကရိတ်မြို့ပေါ်တိုက်ပွဲမှာ ရဲမှူးအပါအဝင် ၁၂ ဦးသေဆုံးကာ လက်နက် လက်သိမ်းဆည်းရမိပြီး တရားဥပဒေအရာရှိတစ်ဦး၊ ရုံးလုပ်သားတစ်ဦးတို့ကို အရှင်ဖမ်းမိခဲ့

📌 ၇။ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရှားစေးချက်ကျေးရွာကို အကြမ်းဖက်စစ်အုပ်မှ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး ဒေသခံရွာသား ကိုရဲဝင်းနိုင်ကို ရက်စက်စွာသတ်ဖြတ်



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးမှာ တော်လှန်စိတ်နဲ့လုပ်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်းပြောကြား


နွေဦးတော်လှန်ရေးမှာ တော်လှန်စိတ်နဲ့လုပ်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်းပြောကြားလိုက်ပါတယ်။ သြဂုတ်လအတွင်းကျင်းပတဲ့ တော်လှန်ထောက်ပို့တောင်ပိုင်းသို့ ရန်ပုံငွေရှာဖွေပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


"မခံချင်စိတ်နဲ့မလုပ်ပါနဲ့။ တော်လှန် စိတ်နဲ့ လုပ်ပါ။ကျနော်တို့တော်လှန်ရေးမှာ တော်လှန်စိတ်နဲ့ သတ္တိရှိရမယ်။ ပေးဆပ်မှုတွေ စွမ်းဆောင်ရည်တွေရှိရမယ်။ ပညာပါဖို့လိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဟာ စကစတပ်များကို ပြောက်ကျားနည်းစနစ်နဲ့တိုက်ခိုက်လျက်ရှိပြီး စစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့ကရင်ပြည်နယ်၊ကရင်နီဒေသတို့မှာ စကစတပ်များဟာအထိနာကျဆုံးလျက်ရှိပါတယ်။


========================


📌📌 ၂။ ဒေါ်ခင်ကြည်ဖောင်‌ဒေးရှင်းနဲ့ဆက်စပ်ပြီး စွပ်စွဲထားတဲ့ အမှု အမှု မှု အတွက်ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ဒဏ်  နှစ်ထပ်မံချမှတ်


ဒေါ်ခင်ကြည်ဖောင်‌ဒေးရှင်းနဲ့ဆက်စပ်ပြီး စွပ်စွဲထားတဲ့ အမှု အမှု မှု အတွက်ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ဒဏ်  နှစ်ထပ်မံချမှတ်လိုက်ပါတယ်။ ဩဂုတ် ၁၅ ရက် မှာ ဒေါ်ခင်ကြည်ဖောင်‌ဒေးရှင်းနဲ့ဆက်စပ်ပြီး စွပ်စွဲထားတဲ့ အမှု အမှု မှု အတွက်နေပြည်တော်အချုပ်ထောင် အထူးတရားရုံးကနေ ထောင်ဒဏ် နှစ်ချမှတ်လိုက်တာလို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က လရောင်တောမြေနေရာနဲ့ပတ်သက်တဲ့ အဂတိအမှု မှုအတွက် ထောင်ဒဏ် နှစ်စီချပေမယ့် ဒါကို တပေါင်းတည်းကျခံစေဖို့၊ ရန်ကုန် ဗဟန်းမြို့နယ်က အဆောက်အအုံမြေနေရာနဲ့ ပတ်သက်ပြီး စွဲဆိုတဲ့ အဂတိအမှုတစ်မှုအတွက် နှစ်လို့ သတ်မှတ်တာကြောင့် စုစုပေါင်း ထောင်ဒဏ် နှစ်သတ်မှတ်ခံရတာဖြစ်ပါတယ်။ 


ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လရောင်တောမြေနေရာကိစ္စမှာ ပူးတွဲတရားစွဲဆိုခံရတဲ့ NLD အစိုးရလက်ထက်က နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူတို့ကိုလည်း ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချမှတ်ခဲ့ပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ အသက် ၇၇ နှစ်အရွယ်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ အာဏာသိမ်းစဉ်ကတည်းကမတရားဖမ်းဆီးခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၃။ ရေလယ်ကျွန်းတပ်ရင်းကို MOD ကအသိအမှတ်ပြုဖို့ အဆင်ပြေမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အတွင်းဝန်အသိပေးအကြောင်းကြား


ရေလယ်ကျွန်းတပ်ရင်းကိုကာကွယ်ရေးဝန်ကြီးဌာန MOD ကအသိအမှတ်ပြုဖို့ အဆင်ပြေမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အတွင်းဝန်အသိပေးအကြောင်းကြားခဲ့ပါတယ်။ သြဂုတ်လ ၁၅ ရက်မှာ ရေလယ်ကျွန်းဒေသ တပ်ပေါင်းစု တပ်ရင်း ကထုတ်လုပ်ရေးတာဝန်ခံဆရာမိုးကအတည်ပြုဆိုပါတယ်။


"ကာကွယ်ရေး အတွင်းဝန်ကလည်း တပ်ရင်းအဖြစ် အသိအမှတ်ပြုရေး ကြန့်ကြာနေခြင်း အကြောင်းတရားကို ဖုန်းဆက်၍ အကြောင်းကြားလာပါတယ်။ ရေလယ်ကျွန်းတပ်ရင်းကို MOD ကအသိအမှတ်ပြုဖို့ OK ပါလိမ့်မယ်လို့ အတွင်းဝန်က သတင်းကောင်းပါးလာပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင်ရေလယ်ကျွန်းတပ်ရင်းအနေဖြင့် ရေစကြို မြို့နယ် ပကဖ၊ပအဖ တာဝန်ရှိသူ လူငယ်ခေါင်းဆောင်များနှင့်အတူ ညီရင်းအစ်ကို သဘောထားကာလက်ချင်းချိတ်၍ တော်လှန်ရေးအောင်မြင်သည်အထိ ထမ်းဆောင်သွားပါလို့ရေလယ်ကျွန်းဒေသ တပ်ပေါင်းစု တပ်ရင်းကထုတ်ပြန်ပါတယ်။


========================


📌📌 ၄။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် CDM ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း (၇၄) ဦးအား ဂုဏ်ပြုပံ့ပိုးငွေ တစ်ဦးလျှင် (၄၅၀၀၀) ကျပ်တိတိ ပံ့ပိုးပေး


ရန်ကုန်ကွန်ပျူတာတက္ကသိုလ် CDM ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း (၇၄) ဦးအား ဂုဏ်ပြုပံ့ပိုးငွေ တစ်ဦးလျှင် (၄၅၀၀၀)  ကျပ်တိတိ ပံ့ပိုးပေးခဲ့ပါတယ်။ သြဂုတ်လ ၁၅ ရက်မှာ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီမှဖော်ပြပါတယ်။


"သြဂုတ်လအတွက် UCSY ရှိ CDM ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း (၇၄) ဦးအား ဂုဏ်ပြုပံ့ပိုးငွေ တစ်ဦးလျှင် (၄၅၀၀၀) ကျပ်တိတိ ပံ့ပိုးပေးနိုင်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ အလှူရှင်များအားလုံးအားရန်ကုန်ကွန်ပျူတာတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီမှ အထူးကျေးဇူးတင်ရှိကြောင်းကြေညာပါတယ်။


========================


📌📌 ၅။ နှာယမ်းအပူလွန်ကဲရာကတဆင့် မီးလောင်ခဲ့မှုကြောင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ လက်နက်ခဲယမ်းဂိုဒေါင်မီးလောင်ကျွမ်းကာစုစုပေါင်း ကျပ်သိန်း ၃၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့


နှာယမ်းအပူလွန်ကဲရာကတဆင့် မီးလောင်ခဲ့မှုကြောင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ လက်နက်ခဲယမ်းဂိုဒေါင်မီးလောင်ကျွမ်းခဲ့ပါတယ်။ သြဂုတ်လ ၁၅ ရက်မှာ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကအသိပေးထုတ်ပြန်ပါတယ်။


"ကျွန်တော်တို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ လက်နက်ခဲယမ်းဂိုဒေါင် ဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်းက မီးလောင်ကျွမ်းသွားခဲ့ပါတယ်။ နှာယမ်းအပူလွန်ကဲရာကတဆင့် မီးလောင်ခဲ့တာပါ။ မီးလောင်မှုကြောင့် ရဲဘော်တွေ တစုံတရာ ထိခိုက်မှု မရှိခဲ့ပါဘူး"လို့ဆိုပါတယ်။မီးလောင်ဆုံးရှုံးမှုအနေနဲ့ ငွေသားကျပ်သိန်း ၄၀ ကျော်၊ ဆက်သွယ်ရေးစက်များ၊ ဆိုင်ကယ်များ၊ laptop ဒိုင်နမို၊ ယမ်းအမျိုးမျိုး၊ ခါးချိုးကျည် အတောင့် ထောင်ကျော် စုစုပေါင်း ကျပ်သိန်း ၃၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့ပါတယ်။ 


အများပြည်သူ လှုဒါန်းထားတဲ့ ငွေကြေးပစ္စည်းများ အလဟဿဆုံးရှုံးသွားသည့်အတွက် ပြည်သူများနှင့် အလှုရှင်များကို မိမိတို့ YPDF  မှ အနူးအညွတ်တောင်းပန်အပ်ပါတယ်လို့ဖော်ပြပါတယ်။ နောက်နောင် အလားတူ ဆုံးရှုံးမှုများ မဖြစ်ရလေအောင် အထူးဂရုစိုက်ပြီး လုပ်ဆောင်သွားပါမယ်လို့ဆိုပြီးတော့ ဆုံးရှုံးသွားတဲ့ ပစ္စည်းများ အစားထိုးဝယ်ယူနိုင်ရေးအတွက် ထပ်မံ လှုဒါန်းပေးကြဖို့ယောဒေသ_ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ကနှိုးဆော်ထားပါတယ်။


========================


📌📌 ၆။ ကရင်ပြည်နယ်ကော့ကရိတ်မြို့ပေါ်တိုက်ပွဲမှာ ရဲမှူးအပါအဝင် ၁၂ ဦးသေဆုံးကာ လက်နက် လက်သိမ်းဆည်းရမိပြီး တရားဥပဒေအရာရှိတစ်ဦး၊ ရုံးလုပ်သားတစ်ဦးတို့ကို အရှင်ဖမ်းမိခဲ့


ကရင်ပြည်နယ်ကော့ကရိတ်မြို့ပေါ်တိုက်ပွဲမှာ ရဲမှူးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ပါတယ်။ သြဂုတ်လ ၁၅ ရက်မှာ ကေအဲန်ယူ-ဗဟိုက စစ်ရေးသတင်းကိုဆိုပါတယ်။


"ဩဂုတ်လ (၁၅) ရက်ယနေ့ ကော့ကရိတ်မြို့ပေါ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကြမ်းဘက်စစ်ကောင်စီတပ်မှ ရဲမှူးတစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ပြီး တရားဥပဒေအရာရှိနှင့် ရုံးလုပ်သားတစ်ဦးကို အရှင် ဖမ်းမိခဲ့ပြီး လက်နက် လက် ရရှိခဲ့ပါတယ်"လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်မှ လူနေကျေးရွာများသို့ လက်နက်ကြီး အချက် ၅၀ ထက်မနည်းပစ်ခဲ့ပြီး အရပ်သားတစ်ဦး စိုးရိမ်ရ ဒါဏ်ရာ ရရှိခဲ့ပါတယ်။


========================


📌📌 ၇။ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရှားစေးချက်ကျေးရွာကို အကြမ်းဖက်စစ်အုပ်မှ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး ဒေသခံရွာသား ကိုရဲဝင်းနိုင်ကို ရက်စက်စွာသတ်ဖြတ်


မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရှားစေးချက်ကျေးရွာကို အကြမ်းဖက်စစ်အုပ်မှ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး ဒေသခံရွာသား ကိုရဲဝင်းနိုင်ကို ရက်စက်စွာသတ်ဖြတ်ခဲ့ပါတယ်။ သြဂုတ်လ ၁၅ ရက်နေ့မှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးသူများအချက်အလက်ကို AAPP ကဖော်ပြပါတယ်။


ဩဂုတ်လ ၁၂ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရှားစေးချက်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏ တပ်သားများမှ ဝင်ရောက်စီးနင်း၍ မီးရှို့ခဲ့ပြီး ဒေသခံရွာသား  ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ ကိုရဲဝင်းနိုင်ကို ဦးခေါင်းကြေအောင် ရိုက်နှက်ခြင်းခံထားရပြီး လက်ဖျားများ ချိုးထားခြင်းခံရကာ မျက်လုံးများလည်း ဖောက်ခံထားရကြောင်းဆိုပါတယ်။ လက်ရှိမှာ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၁၉၁) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment