၂၀၂၂ သြဂုတ်လ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူလူထုရဲ့ရိုးရိုးသားသားလုပ်ကိုင်ရှာဖွေပြီးစုဆောင်းထားမှုတွေထက်ဝက်တန်ဖိုးလျော့ကြသွားတဲ့အဓိကတရားခံတွေကိုအမြစ်ဖြတ်ဖို့ အချိန်ရောက်ပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်က အသိပေးပြောကြား
📌 ၂။ အကြမ်းဖက်စစ်အာဏာရှင်များအား ရဲဝံ့စွာဆန့်ကျင်တော်လှန်လျက်ရှိသည့် ကရင်နီ တော်လှန်ရေးအဖွဲ့အစည်းများနှင့်ခိုင်မာမာရပ်တည်ကာ လက်တွဲကြိုးပမ်းသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကတိပြု
📌 ၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ဗဟိုအလုပ်ကော်မတီ (CWC) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့စတုတ္ထအကြိမ်တွေ့ဆုံဆွေးနွေး
📌 ၄။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဖက်ဒရယ်ကို ပါးစပ်ထဲရှိတာလျှောက်ပြောနေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တူးခေါင်ထောက်ပြပြောဆို
📌 ၅။ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ညှဉ်းပန်းပြီး ထောင်တွင်းလူသတ်မှုတွေ ကျူးလွန်ခဲ့တာနဲ့ ရွာပေါင်းများစွာကို မီးလောင် တိုက်သွင်းခဲ့တာတွေက မမြင်ချင်ယောင်ဆောင်လို့မရတဲ့ သက်သေတွေပါလို့ သြဂုတ်လ ၁၇ ရက်မှာ ကုလအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကထောက်ပြပြောဆိုခဲ့ပါတယ်။
📌 ၆။ ကသာမြို့နယ်၊ဧရာ အရှေ့ခြမ်း၊ ကျောက်ထုံးကြီး တိုက်နယ် ၊ ကျောက်ထုံးကြီးရွာကြီးမှ ဒေသခံပြည်သူလူထု ရာနဲ့ချီကို ရွှေကူစကစတပ် ၅၆ နဲ့ ၂၀၆ တပ်က ဖမ်းဆီးစစ်ဆေးနေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူလူထုရဲ့ရိုးရိုးသားသားလုပ်ကိုင်ရှာဖွေပြီးစုဆောင်းထားမှုတွေထက်ဝက်တန်ဖိုးလျော့ကြသွားတဲ့အဓိကတရားခံတွေကိုအမြစ်ဖြတ်ဖို့ အချိန်ရောက်ပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်က အသိပေးပြောကြား
ပြည်သူလူထုရဲ့ရိုးရိုးသားသားလုပ်ကိုင်ရှာဖွေပြီးစုဆောင်းထားမှုတွေထက်ဝက်တန်ဖိုးလျော့ကြသွားတဲ့အဓိကတရားခံတွေကိုအမြစ်ဖြတ်ဖို့ အချိန်ရောက်ပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက သြဂုတ်လ ၁၆ ရက်ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာအသိပေး ပြောကြားလိုက်ပါတယ်။
"ပြည်သူလူထုရဲ့ရိုးရိုးသားသားလုပ်ကိုင်ရှာဖွေပြီးစုဆောင်းထားမှုတွေဟာ ဘာမှ မလုပ်မကိုင်ကြဘဲအလိုလိုနေရင်း ပိုင်ဆိုင်မှုတွေထက်ဝက်တန်ဖိုးလျော့ကြသွားတဲ့အခြေအနေမျိုး၊ အသက်ရှင်ရပ်တည်ဖို့အတွက်ခက်ခဲလွန်းတဲ့အခြေ အနေမျိုးတွေရဲ့ အဓိကတ ရားခံတွေကိုအမြစ်ဖြတ်ဖို့ အချိန်ရောက်ပါပြီ။ ကျနော်တို့တက်ညီလက် ညီဆက်ကြိုးစားကြမယ် ဆိုရင် အောင်ပွဲကမဝေးတော့ ပါဘူး။ ပြည်သူတွေတက်ညီလက်ညီဆက် လက်တိုက်ပွဲဝင်နိုင်ဖို့ ဦးဆောင်မှုပေးရမှာကတော့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဖြစ်ပါတယ်"လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။ စစ်ကောင်စီဟာ နိုင်ငံခြားငွေကို ထိန်းချုပ်ပြီးနောက်ပိုင်း ပြည်တွင်းစီးပွားရေး ကမောက်ကမဖြစ်ကာ နိုင်ငံခြားငွေတန်ဖိုးမြင့်မား၍ ပြည်တွင်းကျပ်ငွေတန်ဖိုးများ အလွန်အမင်းကျဆင်းစေခဲ့ပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်အာဏာရှင်များအား ရဲဝံ့စွာဆန့်ကျင်တော်လှန်လျက်ရှိသည့် ကရင်နီ တော်လှန်ရေးအဖွဲ့အစည်းများနှင့်ခိုင်မာမာရပ်တည်ကာ လက်တွဲကြိုးပမ်းသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကတိပြု
အကြမ်းဖက်စစ်အာဏာရှင်များအား ရဲဝံ့စွာဆန့်ကျင်တော်လှန်လျက်ရှိသည့် ကရင်နီ တော်လှန်ရေးအဖွဲ့အစည်းများနှင့်ခိုင်မာမာရပ်တည်ကာ လက်တွဲကြိုးပမ်းသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကတိပြုလိုက်ပါတယ်။ (၇၄) နှစ်မြောက် ကရင်နီတပ်မတော်နေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။
ယနေ့ကျရောက်သည့် (၇၄) နှစ်မြောက်ကရင်နီတပ်မတော်နေ့ အချိန်အခါသမယတွင် ကရင်နီတစ်မျိုးသားလုံး၏ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ တန်းတူညီမျှမှု၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်စသည့် ကရင်နီတပ်မတော်၏ ရည်မှန်းချက်များ အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းဆန္ဒပြုလိုက်ပါတယ်လို့ဆိုပါတယ်။
ကရင်နီပြည်သည် ၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီအချိန်ကာလကပင် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်အပြည့်အဝရှိ၍ သီးခြားလွတ်လပ်သော ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့်နောက် ဖဆပလတပ်များသည် ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် ဦးဘီတူရီခေါင်းဆောင်သော မြလဲရွာမှာအခြေစိုက်ရာနေရာကို ဝင်ရောက်တိုက်ခိုက်သည့်အတွက် ပြန်လည်ခုခံတော်လှန်ရင်း တကွဲတပြားစီဖြစ်သွားပြီး ဩဂုတ်လ ၁၇ ရက်နေ့တွင် တပ်မတော်တစ်ရပ် ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည့်အတွက်ကြောင့် ကရင်နီတပ်မတော်နေ့အဖြစ်သတ်မှတ်ခဲ့ရာ ယနေ့ဆိုလျှင် (၇၄) နှစ်တိုင်ရှိခဲ့ပြီဖြစ်ပါတယ်။
ခေတ်အဆက်ဆက် တော်လှန်ရေးတိုက်ပွဲများတွင်ကျဆုံးသွားခဲ့ကြသည့် ကရင်နီခေါင်းဆောင်ကြီးများနှင့် တော်လှန်ရေးသူရဲကောင်းရဲဘော်အပေါင်းတို့အား ပြည်ထောင်စု၏ သူရဲကောင်းများအဖြစ် လေးစားစွာဂုဏ်ပြုဦးညွှတ် အလေးပြုအပ်ပါတယ်။ အကြမ်းဖက်အာဏာသိမ်း ပြီးနောက် အကြမ်းဖက် ဖက်ဆစ်စစ်တပ်၏ လူမဆန်သောသတ်ဖြတ်ဖိနှိပ်မှုများကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ ဆုံးရှုံးခဲ့ကြသည့် ကရင်နီတိုင်းရင်းသားများအတွက် များစွာစိတ်မကောင်းဖြစ်ရ ပါတယ်။
ပြည်ထောင်စုလွှတ်ကိုယ်စားပြုကော်မတီအနေဖြင့် ဖိနှိပ်မှုမျိုးစုံဖြင့်ရင်ဆိုင်ကြုံတွေ့နေရသည့်တိုင် အကြမ်းဖက်စစ်အာဏာရှင်များအား ရဲဝံ့စွာဆန့်ကျင်တော်လှန်လျက်ရှိသည့် ကရင်နီ တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ တိုင်းရင်းသားလူမျိုးစုအားလုံး မျှော်လင့်တောင့်တနေကြသည့် ကောင်းမွန်သောနိုင်ငံနှင့် လူထုအနာဂတ်ဘဝကို လှပစွာဖန်တီးပေးနိုင်မည့် တန်းတူညီမျှသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်အမြန်ဆုံးတည်ဆောက်သွားနိုင်ရေးအတွက် ခိုင်ခိုင်မာမာရပ်တည်ကာ လက်တွဲကြိုးပမ်းသွားပါမည်ဖြစ်ကြောင်း ကတိပြုလျက် ဤ (၇၄) နှစ်မြောက်ကရင်နီတပ်မတော်နေ့ သဝဏ်လွှာအား ပေးပို့အပ်ပါတယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြအပ်ပါတယ်။
========================
📌📌 ၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ဗဟိုအလုပ်ကော်မတီ (CWC) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့စတုတ္ထအကြိမ်တွေ့ဆုံဆွေးနွေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ဗဟိုအလုပ်ကော်မတီ (CWC) နှင့်ကရင်အမျိုးသားအစည်းအရုံး (KNU)တို့စတုတ္ထအကြိမ်တွေ့ဆုံဆွေးနွေးမှုဟာ ဩဂုတ်လ (၁၆) ရက်နေ့ ညနေပိုင်းမှာအွန်လိုင်းဖြင့်အစည်းအဝေးတစ်ရပ်ကိုကျင်းပခဲ့တာဖြစ်ပါတယ်။ အဆိုပါအစည်းအဝေးမှာ မြန်မာ့နိုင်ငံရေးလတ်တလောအခြေအနေများနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး နှင့် အမြဲတမ်းဗဟိုကော်မတီဝင်များဖြစ်သော ပဒိုစောတောနီး၊ ပဒိုစောတာနာထူးစော၊ ပဒိုစောအဲကလူစေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ဗဟိုအလုပ်ကော်မတီ (CWC) မှ ဦးအောင်ကြည်ညွန့်၊ ဒေါက်တာမေဝင်းမြင့်၊ ဒေါက်တာခင်ဆောင်၊ ဦးထွန်းမြင့်၊ ဦးကျော်ထွေး ၊ ဦးမျိုးနိုင် တို့တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဖက်ဒရယ်ကို ပါးစပ်ထဲရှိတာလျှောက်ပြောနေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တူးခေါင်ထောက်ပြပြောဆို
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဖက်ဒရယ်ကို ပါးစပ်ထဲရှိတာလျှောက်ပြောနေကြောင်း သြဂုတ်လ ၁၇ ရက် လူမှုကွန်ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကရေးသားပြောကြားခဲ့ပါတယ်။
"မင်းအောင်လှိုင်ပြောတဲ့ ဖက်ဒရယ် ဆိုတာ အခုတောင် သူ့ဝန်ကြီးချုပ်တွေ ဖက်ဒရယ် အခွင့်အရေးရနေပြီ တဲ့။ EAOs တွေ လာပြောယူပါ၊ ဖြစ်နိုင်တာကိုပေးမယ် ဆိုပါလား၊ ဖက်ဒရယ်ကို သူ့ဘိုးဘွားအမွေများမှတ်နေလဲ တော့မသိဘူး။ ဘာရယ်မဟုတ်ဘူး၊ သူပြောတဲ့ ဖက်ဒရယ် ကို မသိစိတ်က တမ်းတ နေတဲ့ တချို့ကို လက်တို့ချင်လို့ပါ"လို့ဝန်ကြီးကဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စပါးပင်များကို ပန်းအိုးထဲ ထည့်စိုက်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် ပြောကြားပြီးနောက် ပြည်သူလူထုဟာ မဖြစ်နိုင်ကြောင်း ဟာသ သဖွယ်ဝေဖန်ပြောဆိုမှုများရှိခဲ့ပါသေးတယ်။
========================
📌📌 ၅။ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ညှဉ်းပန်းပြီး ထောင်တွင်းလူသတ်မှုတွေ ကျူးလွန်ခဲ့တာနဲ့ ရွာပေါင်းများစွာကို မီးလောင် တိုက်သွင်းခဲ့တာတွေက မမြင်ချင်ယောင်ဆောင်လို့မရတဲ့ သက်သေတွေပါလို့ သြဂုတ်လ ၁၇ ရက်မှာ ကုလအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကထောက်ပြပြောဆိုခဲ့ပါတယ်။
လက်ရှိစစ်ကိုင်းတိုင်းမှာလည်း အကြမ်းဖက်စစ်တပ်ဟာ လူသားမျိုးနွယ်တစ်ခုလုံးကိုကျူးလွန်တဲ့ ရာဇဝတ်မှုကျူးလွန်နေတယ်ဆိုတဲ့အကြောင်းကို လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက Radio NUG ကိုအခုလို ပြောပါတယ်။
(NUG လူ့အခွင့်ရေးရာဝန်ကြီး) ဦးအောင်မျိုးမင်း
အကြမ်းဖက်စစ်တပ်ရဲ့ကျူးလွန်မှုတွေအတွက် အရေးယူဆောင်ရွက်နိုင်မယ် အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း ဝန်ကြီးက အခုလိုဆက်လက်ပြောဆိုထားပါတယ်။
(NUG လူ့အခွင့်ရေးရာဝန်ကြီး) ဦးအောင်မျိုးမင်း
"ကုလအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နှင့်ပတ်သက်ပြီးလည်း နောက်ထပ်ကြေညာချက်တခုထွက်လာရုံသက်သက်မဖြစ်သင့်တော့သလို အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ယုတ်မာမှုတွေကို အမြန်ဆုံးအဆုံးသတ်ဖို့ ဦးတည်ရမှာဖြစ်ပါတယ်လို့ဝန်ကြီးကဆိုထားပါတယ်။ လက်ရှိမှာ စကစဟာ လူပေါင်း တစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး လူပေါင်းနှစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၆။ ကသာမြို့နယ်၊ဧရာ အရှေ့ခြမ်း၊ ကျောက်ထုံးကြီး တိုက်နယ် ၊ ကျောက်ထုံးကြီးရွာကြီးမှ ဒေသခံပြည်သူလူထု ရာနဲ့ချီကို ရွှေကူစကစတပ် ၅၆ နဲ့ ၂၀၆ တပ်က ဖမ်းဆီးစစ်ဆေးနေ
ကသာမြို့နယ်၊ဧရာ အရှေ့ခြမ်း၊ ကျောက်ထုံးကြီး တိုက်နယ် ၊ ကျောက်ထုံးကြီးရွာကြီးမှ ဒေသခံပြည်သူလူထု ရာနဲ့ချီကို ရွှေကူစကစတပ် ၅၆ နဲ့ ၂၀၆ တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၁၆ ရက်မှာ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖော်ပြအသိပေးပါတယ်။
"ကသာမြို့နယ်၊ဧရာ အရှေ့ခြမ်း၊ ကျောက်ထုံးကြီး တိုက်နယ် ၊ ကျောက်ထုံးကြီးရွာကြီးတွင် ရောက်ရှိနေသော ငါးအိုး (၁၂၁) စစ်ခွေးများနှင့် ရွှေကူ (၅၆)၊ (၂၀၆) စစ်ခွေးတပ်များဟာ ကျောက်ထုံးကြီးရွာခံ ပြည်သူ ရာဂဏန်း ခန့်အား ဖမ်းဆီးစစ်ဆေးနေပါတယ်"လို့ ဆိုပါတယ်။ ကျောက်ထုံးကြီး ရွာဟာအိမ်ခြေ (၁၅၀၀) ကျော်ရှိသည့် ရွာကြီးဖြစ်ပြီး ယခုဖမ်းဆီးခံပြည်သူများမှာ ကျောက်ထုံးကြီး ရပ်ကွက် (၁) မှ ပြည်သူများ အများဆုံးဖြစ်တယ်လို့ သတင်းရရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment