25th SEP 2022 - Evening Daily News by Radio NUG


၂၀၂၂ စက်တင်ဘာလ ၂၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက် စစ်ကောင်စီရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ကလေးငယ်တွေရဲ့ဘဝတွေထိခိုက်ဆုံးရှုံးနေရတယ်လို့ ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းဆို

📌 ၂။ နွေဦးတော်လှန်ရေးဟာ ခက်ခဲကြမ်းတမ်းသော်လည်း နိုင်ငံသစ်ကိုတည်ထောင်နိုင်မယ့်အလားအလာကြီးတစ်ခုရှိနေတယ်လို့ ဒုဝန်ကြီးဂျာထွန်ပန်ပြောကြားလိုက်

📌 ၃။ လက်နက်တပ်ဆင်နိုင်မှုအနေအထား တစ်သောင်းကျော်ပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် နိုင်ထူးအောင်အသိပေးဆို

📌 ၄။ စစ်အာဏာရှင်စနစ်ကို အန်တုတဲ့သေနတ်သံတွေ ကယန်းပြည်သစ်ပါတီ အုပ်ချုပ်ရေးနယ်မြေတွေမှာ တိုးနေရာက ကျယ်လာတယ်လို့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မြားနိုဆို

📌 ၅။ အကြမ်းဖက် စစ်တပ်ဟာ ၄င်းတို့ရှုံးနေတာကို လက်ခံသွားပြီဖြစ်လို့မြို့တွင်း ခံစစ်စီမံချက်တွေ စနစ်တကျလုပ်လာပြီလို့ဆို

📌 ၆။ ခင်ဦးမြို့နယ် ကျေးရွာတစ်ရှိ မိသားစု စုလူ ၁၈ ယောက်အစာအဆိပ်သင့်၍ SSTF (MRDA တပ်ခွဲ -ခင်ဦး ) မှ သွားရောက်ဆေးကုသမှုပေးခဲ့

📌 ၇။ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ PDF ပူးပေါင်းတပ်ဖွဲ့နှင့် စကစတပ် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စကစတပ်မှ ဦးသေ

📌 ၈။ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အကြမ်းဖက် စစ်တပ်တို့တိုက်ပွဲ (၁၅၆) ကြိမ်ဖြစ်ပွားခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးသွားသော ရဲဘော် ၃၉ ဦး ရှိခဲ့

📌 ၉။ အပြစ်မဲ့ကလေးသူငယ်များအား အစုအပြုံလိုက် ပစ်ခတ်သတ်ဖြတ်တဲ့ အကြမ်းဖက် စစ်အုပ်စုကို တောင်ကိုရီးယားနိုင်ငံရှိ မြန်မာစစ်သံရုံးရှေ့ မြန်မာပြည်သူများကန့်ကွက်ဆန္ဒပြ

📌 ၁၀။ ဒေါက်တာဇင်လင်းနဲ့ သူနာပြုဆရာမခင်ခင်ကြွယ်အပါအဝင် လေးဦး ကျဆုံးခြင်းတစ်နှစ်ပြည့်ရန်ကုန်မှာကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက် စစ်ကောင်စီရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ကလေးငယ်တွေရဲ့ဘဝတွေထိခိုက်ဆုံးရှုံးနေရတယ်လို့ ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းဆို


စက်တင်ဘာ ၂၄ ရက်ကျင်းပတဲ့ ပအိုးဝ်အမျိုးသား ဖက်ဒရယ်ကောင်စီ PNFC နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့်  ကြားကာလ အခြေခံပညာ အခမဲ့ အွန်လိုင်းစာသင်ကျောင်း ဖွင့်ပွဲအခမ်းအနား မှာ ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းကအခုလိုပြောပါတယ်။


"ပညာသင်ကြားရင်း အသက်ဘေးကိူပါထိပါးလာတာ ပြီးခဲ့တဲ့လက်ယက်ကုန်းဖြစ်စဥ်မှာ ထင်ထင်ရှားရှား တွေ့မြင်ရမှာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ လူမဆန်တဲ့လုပ်ရပ်တွေဟာ အနာဂါတ် ကလေးငယ်တွေရဲ့ ဘဝတွေကိုထိခိုက်ဆုံးရှုံးစေတယ်ဆိုတာလည်း တွေ့နေရပါတယ်"လို့ဆိုပါတယ်။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို စက်တင်ဘာ ၁၆ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်က Mi35 စစ်သုံးရဟတ်ယာဥ်နှစ်စင်းနဲ့ပစ်ခတ်ခဲ့ရာ ကလေးငယ် ဦးသေဆုံးခဲ့ရပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးဟာ ခက်ခဲကြမ်းတမ်းသော်လည်း နိုင်ငံသစ်ကိုတည်ထောင်နိုင်မယ့်အလားအလာကြီးတစ်ခုရှိနေတယ်လို့ ဒုဝန်ကြီးဂျာထွန်ပန်ပြောကြားလိုက်


စက်တင်ဘာ ၂၅ ရက်ကျင်းပတဲ့ ပအိုးဝ်အမျိုးသား ဖက်ဒရယ်ကောင်စီ PNFC နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့်  ကြားကာလ အခြေခံပညာ အခမဲ့ အွန်လိုင်းစာသင်ကျောင်း ဖွင့်ပွဲအခမ်းအနား မှာ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်ကပြောပါတယ်။


"တော်လှန်ရေးခက်ခဲတယ်။ကြမ်းတမ်းတယ်ဆိုပေမဲ့လည်း တစ်ဖက်မှာ တော်လှန်ရေးကြောင့် ရရှိလာမဲ့အသီးအပွင့်တွေ၊နိုင်ငံပြောင်းလဲပစ်ပြီးမှ နိုင်ငံသစ်တစ်ခုကိုတည်ထောင်နိုင်မဒ့အလားအလာကြီးတစ်ခုကလည်း အင်မတန်မှ ကြီးမားတဒ့အခွင့်အလမ်း တစ်ခုလည်းဖြစ်နေပါတယ်"လို့ဆိုထားပါတယ်။


========================


📌📌 ၃။ လက်နက်တပ်ဆင်နိုင်မှုအနေအထား တစ်သောင်းကျော်ပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် နိုင်ထူးအောင်အသိပေးဆို


စက်တင်ဘာ ၂၄ ရက် ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုစကားဝိုင်းအစီအစဥ်၏ "ခုခံတော်လှန်စစ် တစ်နှစ်တာခရီး" ​ဆွေးနွေးပွဲမှာ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် နိုင်ထူးအောင်က အခုလို အသိပေးပြောပါတယ်။


"လက်နက် တပ်ဆင်နိုင်မှုအနေအထားမှာတော့ တစ်သောင်းကျော်ကျော်လောက် တပ်ဆင်ထားနိုင်တဲ့အနေအထားမှာရှိတယ်။ဒါပေမယ့် စစ်ရေးမှာတိုးတက်လာတဲ့ အနေအထားအများကြီးရှိနေပြီ"လို့ ဆိုပါတယ်။ မကြာသေးမီက ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်းပြောကြားထားရာတွင် နောက်ထပ်လေးလအတွင်း မောင်းပြန်အလက်နှစ်သောင်းကျော်တပ်ဆင်ရန် အနည်းဆုံးရန်ပုံငွေအမေရိကန်ဒေါ်လာသန်းတစ်ရာလိုအပ်ချက်ရှိတယ်လို့ဆိုထားပါတယ်။


========================


📌📌 ၄။ စစ်အာဏာရှင်စနစ်ကို အန်တုတဲ့သေနတ်သံတွေ ကယန်းပြည်သစ်ပါတီ အုပ်ချုပ်ရေးနယ်မြေတွေမှာ တိုးနေရာက ကျယ်လာတယ်လို့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မြားနိုဆို


စက်တင်ဘာ ၂၅ ရက် (၅၄) ကြိမ်မြောက် ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) မွေးနေ့သို့ ကယန်းပြည်သစ်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မြားနို၏ မိန့်ခွန်းမှာ အခုလိုထည့်သွင်းပြော သွားခဲ့ပါတယ်။


"စစ်အာဏာရှင် စနစ်ကိုအန်တုတဲ့သေနတ်သံတွေတိုးနေရာက ကျယ်လာပြီး ကယန်းပြည်သစ်ပါတီ အုပ်ချုပ်ရေးနယ်မြေအတွင်း သိန်းနဲ့ချီသော စစ်ဘေးရှောင်ပြည်သူတွေက တိမ်းရှောင်ရောက်ရှိလာပြီး ကယန်းပြည်သစ်တော်လှန်ရေးကောင်စီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှအုပ်ချုပ်ရေးအဖွဲ့တို့၏ အခန်းကဏ္ဍာဟာပိုပြီး ကြီးမားလာပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက် စစ်တပ်ဟာ ယကန်းပြည်သူလူထုအများဟုနေထိုင်တဲ့ လွိုင်ကော်မြို့၊ဒီမော့ဆိုး၊ဖယ်ခုံ၊မိုးဗြဲမို့တို့ကိုလည်း လက်နက်ကြီးများအပြင် လေကြောင်းတိုက်ခိုက်မှုတို့ပါ ပြုလုပ်ခဲ့တာကြောင့် ကယန်းပြည်သူများစွာအသက်ဆုံးပါးခဲ့ရတယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ အကြမ်းဖက် စစ်တပ်ဟာ ၄င်းတို့ရှုံးနေတာကို လက်ခံသွားပြီဖြစ်လို့မြို့တွင်း ခံစစ်စီမံချက်တွေ စနစ်တကျလုပ်လာပြီလို့ဆို


အကြမ်းဖက် စစ်တပ်ဟာ ၄င်းတို့ရှုံးနေတာကို လက်ခံသွားပြီဖြစ်လို့မြို့တွင်း ခံစစ်စီမံချက်တွေ စနစ်တကျလုပ်လာပြီလို့ CDM ဗိုလ်ကြီး အောင်မျိုးထက်က စက်တင်ဘာလအတွင်း လူမှုကွန်ရက်မှာ  အသိပေးရေးသားပြောကြားထားပါတယ်။


"စောင့်ကြည့်လေ့လာမိသလောက်တော့ စစ်တပ်က သူတို့ရှုံးနေတာကို လက်ခံသွားပြီလို့ ယူဆလို့ရတယ်။ဒီလိုသိသွားပြီးတဲ့နောက် ပြင်ဆင်မှုတွေ အင်တိုက်အားတိုက်လုပ်လာတာတွေ့ရတယ်။ပထမ ခံစစ်စည်းကနေ နောက်ဆုံးခံစစ်စည်းနေပြည်တော်အထိ ခံစစ်စီမံချက်တွေ စနစ်တကျလုပ်လာကြတယ်။သူတို့ မရှုံးဖို့အတွက် ပြည်သူတွေဆီကနေ ရသလောက် ငွေကို နှိုက်ထုတ်မယ်။တရားဝင်ခိုးမယ်။ တရားမဝင် လုမယ်။စစ်ရေးကို အသားကုန်ပြင်ဆင်မယ်။ ရသလောက်ကို တောင့်ခံပြီး တော်လှန်ရေးဘက်က အားနည်းသွားမယ့်အချိန် အချင်းချင်းမညီညွှတ်မယ့် အချိန်ကို စောင့်မယ် အရင်တုန်းကလိုပဲ သပ်လျှို သွေးခွဲခြင်းကို တဖြည်းဖြည်းလုပ်မယ်။ဒီနည်းနဲ့ပဲ သူတို့ဖြိုခွဲနိုင်တယ်လို့ ထင်ထားကြတယ်"လို့ဆိုပါတယ်။


ပြည်သူ့ခုခံတွန်းလှန် စစ်တစ်နှစ်တာ ကာလအတွင်း အကြမ်းဖက် စစ်တပ်က တပ်ဖွဲ့ဝင်အင်အားနှစ်သောင်းကျော်ကျဆုံးခဲ့ပါတယ်။


========================


📌📌 ၆။ ခင်ဦးမြို့နယ် ကျေးရွာတစ်ရှိ မိသားစု စုလူ ၁၈ ယောက်အစာအဆိပ်သင့်၍ SSTF (MRDA တပ်ခွဲ -ခင်ဦး ) မှ သွားရောက်ဆေးကုသမှုပေးခဲ့


စက်တင်ဘာ ၂၄ ရက်က စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကျေးရွာတစ်ရှိ မိသားစု စုလူဦးရေ စုစုပေါင်း ၁၈ ယောက်အစာအဆိပ်သင့်မှုကို ကုသပေးခဲ့တယ်လို့ SSTF (MRDA တပ်ခွဲ -ခင်ဦး )မှအတည်ဆိုပါတယ်။


"ယမန်နေ့  ၂၄ ရက် နာရီခန့်က ခင်ဦးမြို့နယ် ကျေးရွာတစ်ရှိ မိသားစု စု လူဦးရေ စုစုပေါင်း ၁၈ ယောက်တို့သည် အစာအဆိပ်သင့်ကာ မှုးဝေ အော့အန်မှု ဖြစ်ပွားခဲ့ကြပါတယ်။ကျွန်ုပ်တို့ SSTF (MRDA တပ်ခွဲ -ခင်ဦး )မှ ဆေးတပ်ဖွဲ့ နှင့် ရဲဘော်များ မှ ထိုပြည်သူများကို သွားရောက်ပြုစု ဆေးကုသ ပေးဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ NUG ကျန်းမာရေးဝန်ကြီးဌာနမှလည်း PDF ရဲဘော်များကို အရေးပေါ်ဆေးကူသမှု သင်တန်းများပေးခဲ့ပြီး ရှေ့တန်းစစ်မျက်နှာပြင်မှာ လူနာပြုစုကုသနည်းများကိုပါသင်ကြားပေးခဲ့ပါတယ်။


========================


📌📌 ၇။ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ PDF ပူးပေါင်းတပ်ဖွဲ့နှင့် စကစတပ် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စကစတပ်မှ ဦးသေ


စက်တင်ဘာ ၂၅ ရက်မှာ စစ်ရေးသတင်းကို BAGOPDF ပြည်သူ့ကာကွယ်ရေးတပ်တော်က အခုလိုဖော်ပြပါတယ်။ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင်  KNLA ပြောက်ကျားတပ်ဖွဲ့နှင့် တောင်ငူခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ် (၃၅၀၂) အထူးစစ်ကြောင်းတပ်ခွဲ ပူး‌ပေါင်းမဟာမိတ်စစ်ကြောင်းသည် မနက် နာရီခန့်မှစတင်၍ နှောတောရွာထဲရှိ စာသင်ကျောင်းအတွင်း တပ်စွဲထားသော စကစ တပ်များနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်လို့ဖော်ပြပါတယ်။


တိုက်ပွဲအတွင်း အကြမ်းဖက်စကစ တပ်ဖွဲ့ဝင် ဦး သေဆုံးပြီး အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကာပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာမရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို အဖက်ဖက်မှ တိုးမြှင့်၍ ဆက်လက်တိုက်ခိုက်သွားပါမယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အကြမ်းဖက် စစ်တပ်တို့တိုက်ပွဲ (၁၅၆) ကြိမ်ဖြစ်ပွားခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးသွားသော ရဲဘော် ၃၉ ဦး ရှိခဲ့


စက်တင်ဘာ ၂၅ ရက်မှာ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ကအခုလိုအသိပေး ထုတ်ပြန်ထားပါတယ်။


"ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-Local PDF)ဟာအကြမ်းဖက်စစ်ကောင်စီ(စစ်အာဏာရှင်)တပ်ဖွဲ့နှင့် တိုက်ပွဲ(၁၅၆)ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်မှစ၍ သြဂုတ်လအထိ ပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးသွားသော ရဲဘော်(၃၅)ဦး ရှိခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


ထိုအပြင် စက်တင်ဘာလ () ရက်နေ့မှ (၂၅) ရက်နေ့အထိ (၁၆) ရက်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် () ဦး ထပ်မံကျဆုံးခဲ့ရပြီး ကျဆုံးသူဦးရေ စုစုပေါင်း (၃၉) ဦး ရှိခဲ့ပါတယ်။ ကျဆုံးသွားသော ရဲဘော်အားလုံးတို့၏ မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရပြီး ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-local PDF) မှ စစ်အာဏာရှင်များ အမြစ်ပြတ်ရေးအတွက် အသက်ပေးခဲ့ရသော ရဲဘော်များအား အလေးနီပြုရင်း ပြည်သူ့သူရဲကောင်း အဖြစ်ဂုဏ်ပြုမှတ်တမ်းတင်သွားမယ်လို့ကြေညာပါတယ်။


========================


📌📌 ၉။ အပြစ်မဲ့ကလေးသူငယ်များအား အစုအပြုံလိုက် ပစ်ခတ်သတ်ဖြတ်တဲ့ အကြမ်းဖက် စစ်အုပ်စုကို တောင်ကိုရီးယားနိုင်ငံရှိ မြန်မာစစ်သံရုံးရှေ့ မြန်မာပြည်သူများကန့်ကွက်ဆန္ဒပြ


စက်တင်ဘာ ၂၅ ရက် ယနေ့မှာ တောင်ရီးယားရောက် မြန်မာများက စစ်သံရုံးရှေ့ဆန္ဒပြခဲ့ကြသလို ကွယ်လွန်သူများအတွက် ဆုတောင်းမေတ္တာပို့သခဲ့ပြီး မြန်မာသံရုံးရှေ့သို့လည်းချီတက်ဆန္ဒပြခဲ့ပါတယ်။ တက်ရောက်လာသူများကအနက်ရောင်ဝတ်စုံဝတ်ဆင်လာ၍အနီရောင်ခေါင်းစီးများစည်းကာ ကွယ်လွန်သွားတဲ့ကလေးများအတွက်နှင်းဆီပန်းတစ်ပွင့်စီနဲ့ ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။


စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် ဒေသခံများ ဖွင့်လှစ်ထားသော ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ကျောင်းကို မြန်မာစစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ပညာသင်ကြားနေသည့် ကလေးသူငယ် ဦး သေဆုံးခဲ့ရပါတယ်။


========================


📌📌 ၁၀။ ဒေါက်တာဇင်လင်းနဲ့ သူနာပြုဆရာမခင်ခင်ကြွယ်အပါအဝင် လေးဦး ကျဆုံးခြင်းတစ်နှစ်ပြည့်ရန်ကုန်မှာကျင်းပ


စက်တင်ဘာ ၂၅ ရက်နေ့ ရန်ကုန်မြို့ရဲ့တစ်နေရာမှာ ဒေါက်တာဇင်လင်းနဲ့ သူနာပြုဆရာမခင်ခင်ကြွယ်အပါအဝင် လေးဦး ကျဆုံးခြင်းတစ်နှစ်ပြည့်‌ တော်လှန်အမှတ်တရပွဲကို လွမ်းသူပန်းများချခြင်းနဲ့ အမှတ်တရစကား ပြောဆိုခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။


((((((အမှတ်တရစကားသံ))))))


၂၀၂၁ ခုနှစ်စက်တင်ဘာ ၂၅ ရက်ကရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားအဆင်းဘေးဘက်မှာစကစတပ်ဖွဲ့ဝင်တွေဟာ CDM စေတနာ့ဝန်ထမ်း ဒေါက်တာဇင်လင်း နဲ့ ရန်ကုန်ကုတင် ၅၀၀ ဆေးရုံကြီးက သူနာပြု မခင်ခင်ကြွယ်တို့အပါအဝင် ကျော်ကြီး၊ ပစ်ကြီးတို့ကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က ထုတ်ပြန်ရာမှာ ပြန်လည်ပစ်ခတ်မှုရှိလို့ လေးဦးစလုံးကို ပစ်ခတ်ရာမှ သေဆုံးခဲ့တယ်ဆိုသော်လည်း အဆိုပါဖြစ်စဥ်ဟာ စစ်ကောင်စီက တမင်သက်သက် သတ်ဖြတ်ခဲ့တာလို့ ဒေသခံများကဆိုခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment