28th OCT 2022 - Evening Daily News by Radio NUG


၂၀၂၂ အောက်တိုဘာလ ၂၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဒီမိုကရေစီစံတန်ဖိုးတွေကို လိုလားနှစ်သက်တဲ့ အစိုးရတစ်ရပ် ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား

📌 ၂။ စစ်အာဏာရှင်ရဲ့ သွေးခွဲ၊ သပ်လျှိုမှုတွေကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို

📌 ၃။ ICJ နှင့် ICC တရားရုံးများအနေနဲ့ မြန်မာပြည်သူများရဲ့အသံကို နားထောင်ပေးစေလိုကြောင်း ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

📌 ၄။ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့အဖွဲ့ ပါမောက္ခ ယမ်ဟီးလီနဲ့တွေ့ဆုံ

📌 ၅။ နွေဦးတော်လှန်ရေးမှာ မားမားမတ်မတ်ပါဝင်ခဲ့တဲ့မြဝတီမင်းကြီးဆရာတော်နှလုံးရောဂါနဲ့ ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံမှာ ပျံလွန်တော်မူ

📌 ၆။ ကချင်ပြည်နယ် ဖားကန့် အနန့်ပါကို လေကြောင်းတိုက်ခိုက်မှုလုပ်ရပ်နှင့်ပတ်သက်၍  ဆန်ဖရန်စစ္စကို၊နယူးယောက်နဲ့အယ်လ်အေမှာ  ဆန္ဒပြမယ်

📌 ၇။ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသောမသောက်မိသော မိုးခါးရေရုပ်ရှင် ဂျာမဏီမှာလည်းပြသမည်

📌 ၈။ မွန်းဘီအေဂျင်စီက တစ်ဦး ကျပ် ၁၉ သိန်းယူပြီး ထိုင်းနိုင်ငံ ချွန်ဘူရီကိုရောက်နေတဲ့ MOU လုပ်သား ၂၀ ဦးကို ပတ်စပို့စ်တွေသိမ်းကာ ငွေကြေးထပ်မံတောင်းခံနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဒီမိုကရေစီစံတန်ဖိုးတွေကို လိုလားနှစ်သက်တဲ့ အစိုးရတစ်ရပ် ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား


အောက်တိုဘာ ၂၇ ရက်ကျင်းပတဲ့အပြည်ပြည်ဆိုင်ရာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နေ့ အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလကအခုလို‌ ပြောကြားလိုက်ပါတယ်။


"ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဒီမိုကရေစီစံတန်ဖိုးတွေကို လိုလားနှစ်သက်တဲ့ အစိုးရတစ်ရပ် ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့ မူဝါဒတွေဟာ ဒီမိုကရေစီသဘောတရားနဲ့ အပြည်ပြည်ဆိုင်ရာ လူသားအခွင့်အရေး ကြေငြာစာတမ်းနှင့်အညီ ဒီမိုကရေစီမူတွေအပေါ်မှာ အခြေခံပြီး အုတ်မြစ် တည်ဆောက်ထားပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံဟာ မတူကွဲပြားတဲ့ ပဒေသာစုံ လူ့အဖွဲ့အစည်းဖြစ်ပြီးတော့လွတ်လပ်စွာ အမြင်သဘောထားကွဲလွဲခွင့်ကို လေးစားလိုက်နာတဲ့ လူ့အဖွဲ့အစည်း ဖြစ်မှသာလျှင် မတူညီသော အမှတ်သရုပ်တွေကို ပြည်ထောင်စုစနစ်/ ဖက်ဒရယ်စနစ်နဲ့ စုစုစည်းစည်း တည်ဆောက်ရာမှာ ဘေးထွက်ဆိုးကျိုး နည်းနိုင်လိမ့်မယ်လို့ ယာယီသမ္မတကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ စစ်အာဏာရှင်ရဲ့ သွေးခွဲ၊ သပ်လျှိုမှုတွေကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို


အောက်တိုဘာလ ၂၇ ရက်နေ့ လူမှုကွန်ရက်မှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က အခုလိုရေးသားပြောဆိုခဲ့ပါတယ်။


"အာဏာရှင်ကို အမြစ်ဖြတ် အဆုံးသတ်နိဂုံးချုပ်စေချင်ရင် ကျနော်တို့ရဲ့ စုစည်းညီညွတ်မှုဟာ ခဏတာမဟုတ်ဘဲ ထာဝရဆိုတာ သက်သေပြုရမယ်။ သွေးခွဲ၊ သပ်လျှို၊ ရက်စက်ယုတ်မာမှုတွေကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်ရမယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက် စစ်ကောင်စီဟာ ၄င်းတို့ရဲ့ဝါဒဖြန့် ရုပ်သံများမှတဆင့် သတင်းတု၊သတင်းမှားများကို ထုတ်လွှင့်ကာ ပြည်သူလူထုကိုလိမ်လည် လှည့်ဖျားလျက်ရှိပါတယ်။


========================


📌📌 ၃။ ICJ နှင့် ICC တရားရုံးများအနေနဲ့ မြန်မာပြည်သူများရဲ့အသံကို နားထောင်ပေးစေလိုကြောင်း ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော


အောက်တိုဘာ၂၇ ရက် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၂၁) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာတရားရုံး အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးရာမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကအခုလို တိုက်တွန်းပြောကြားခဲ့ပါတယ်။


"နိုင်ငံတကာတရားရေးစနစ်က ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံတစ်နိုင်ငံရှိ ဒီမိုကရေစီအင်အားစုများကို အားလျော့စေပါက ယင်းအခြေအနေသည် အန္တရာယ်ရှိကြောင်းနှင့် ထိုသို့ဖြစ်ပေါ်လာပါက အပြည်ပြည် ဆိုင်ရာဥပဒေ၏ ယုံကြည်ရမှုအပေါ် သံသယဝင်လာနိုင်စေကြောင်း၊ ထို့ကြောင့် ICJ နှင့် ICC တို့အနေဖြင့် မြန်မာပြည်သူများ၏ အသံကို နားထောင်ပေးစေလိုကြောင်းနှင့် နစ်နာခဲ့သူများအတွက် တရားမျှတမှု ဆောင်ကျဉ်းပေးရန် တောင်းဆိုလိုတယ်"လို့ သံအမတ်ကြီးကဆိုပါတယ်။


ဒါ့အပြင် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့တွင် စစ်ဆင်ရေးများ ပြုလုပ်နေစဉ် ရိုဟင်ဂျာများကို ဦးတည်ခဲ့သောစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် ခိုင်မာသော ကြားနာ စစ်ဆေးမှုများအတွက် တရားမျှတမှု ဆောင်ကျဉ်းပေးရန် တောင်းဆိုလိုတယ်"လို့ သံအမတ်ကြီးကဆိုပါတယ်။


ဒါ့အပြင် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့တွင် စစ်ဆင်ရေးများ ပြုလုပ်နေစဉ် ရိုဟင်ဂျာများကို ဦးတည်ခဲ့သောစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် ခိုင်မာသော ကြားနာ စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လမ်းဖွင့်ပေးထားကာစစ်တပ်၏ ကန့်ကွက်ချက်များကိုပင်ကြားနားရန်ပင် မလိုအပ်တော့ဘူးလို့ သံအမတ်ကြီးကဆိုထားပါတယ်။


========================


📌📌 ၄။ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့အဖွဲ့ ပါမောက္ခ ယမ်ဟီးလီနဲ့တွေ့ဆုံ


နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့အဖွဲ့ ပါမောက္ခ ယမ်ဟီးလီနဲ့တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။


 "အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ဟောင်း၊ Special Advisory Council for Myanmar မှ ပါမောက္ခ ယမ်ဟီးလီနှင့်အဖွဲ့ကို တွေ့ဆုံခဲ့ပါတယ်"အောက်တိုဘာ ၂၈ ရက်မှာအသိ ပေးပြောဆိုထားပါတယ်။


ထိုသို့တွေ့ဆုံရာမှာလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေ၊စစ်တပ်ရဲ့ ဆိုးဝါးတဲ့  လူ့အခွင့်ရေးချိုးဖေါက်များမှုနှင့် ရိုဟင်ဂျာအရေးအပါအဝင် တခြားသောကိစ္စရပ်များကိုကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၅။ နွေဦးတော်လှန်ရေးမှာ မားမားမတ်မတ်ပါဝင်ခဲ့တဲ့မြဝတီမင်းကြီးဆရာတော်နှလုံးရောဂါနဲ့ ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံမှာ ပျံလွန်တော်မူ


အောက်တိုဘာ၂၇ ရက် ညပိုင်းတွင် အရေးပေါ် ဆေးရုံတင်ရာမှာ ၁ဝ နာရီက ထိုင်းနိုင်ငံ မဲဆောက်မြို့ ဆေးရုံမှာ ပျံလွန်တော်မူသွားခဲ့တယ်လို့သတင်းရရှိပါတယ်။


မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်  ဘဒ္ဒန္တ အရိယာဝံသ(ဓမ္မာစရိယ-ဝဋံသကာ)ဟာ  နှလုံးသွေးကြောပိတ်ရောဂါဖြင့်  ပျံလွန်တော်မူသွားခြင်း ဖြစ်ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၇၁ နှစ်၊ ဝါတော် ၅၁ ဝါ ရှိပြီဖြစ်ကြောင်း သိရပါတယ်။


ဆရာတော်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှား ဟောပြောမှုများမှာအကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ပါဝင်ဦးဆောင်နေသူ ရဟန်းသံဃာတစ်ပါးလည်းဖြစ်ကာ မကြာသေးမီ စစ်အာဏာရှင်ဖမ်းဆီးမှုကနေ ပြန်လည်လွတ်မြောက်လာသူလည်းဖြစ်ပါတယ်။


========================


📌📌 ၆။ ကချင်ပြည်နယ် ဖားကန့် အနန့်ပါကို လေကြောင်းတိုက်ခိုက်မှုလုပ်ရပ်နှင့်ပတ်သက်၍  ဆန်ဖရန်စစ္စကို၊နယူးယောက်နဲ့အယ်လ်အေမှာ  ဆန္ဒပြမယ်


ကချင်ပြည်နယ် ဖားကန့် အနန့်ပါကို လေကြောင်းတိုက်ခိုက်မှုလုပ်တဲ့ အကြမ်းဖက်စစ်တပ်ကိုအမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို၊နယူးယောက်နဲ့အယ်လ်အေမှာအောက်တိုဘာ၂၉ ရက် ဆန္ဒပြမယ်လို့သတင်းရရှိပါတယ်။


အောက်တိုဘာ၂၉ ရက် ညနေ နာရီကနေ နာရီအထိ မြန်မာနိုင်ငံဖွားပြည်ထောင်စုသားများနဲ့ ဆန္ဒပြမှာဖြစ်တယ်လို့ ဦးဆောင်စီစဉ်နေသူမခင်သီရိနန္ဒစိုးက Radio NUGကို ပြောပါတယ်။


(((((((မခင်သီရိနန္ဒစိုး- ဦးဆောင်စီစဉ်သူ))))))


ကချင်ပြည်နယ် ဖားကန့် အနန့်ပါကို လေကြောင်းတိုက်ခိုက်မှုလုပ်တဲ့ အကြမ်းဖက် စစ်တပ်ကို လတ်တလောမှာ အမြန်ဆုံးအရေးယူဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ကုလသမဂ္ဂမှာတောင်းဆိုထားပါတယ်။


========================


📌📌 ၇။ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသောမသောက်မိသော မိုးခါးရေရုပ်ရှင် ဂျာမဏီမှာလည်းပြသမည်


လာမယ့် အောက်တိုဘာ ၃၀ ရက်နေ့ ဂျာမဏီနိုင်ငံ ဖရန့်ဖွတ်တ် မြို့မှာ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသောမသောက်မိသော မိုးခါးရေရုပ်ရှင်ဇာတ်ကားကို ပြသသွားမှာဖြစ်တယ်လို့ Crph support team Germany က ဒေါ်သိင်္ဂီလွင်ဖွိုက်စ် ကပြောပါတယ်။


((((((( ဒေါ်သိင်္ဂီလွင်ဖွိုက်စ် )))))))


ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသောမသောက်မိသော မိုးခါးရေရုပ်ရှင်ဇာတ်လမ်းဟာ CDM ဗိုလ်ကြီးတစ်ဦးကို အခြေခံ ရိုက်ကူးကာ သရုပ်ဆောင်မဟုတ်သော တော်လှန်ရေးနယ်မြေမှ ရဲဘော်များနဲ့ ရိုက်ကူးထားခြင်းဖြစ်ပါတယ်။


မသောက်မိသော မိုးခါးရေရုပ်ရှင်ဇာလမ်းပြသမှုမှရရှိသောငွေကြေးများကို တော်လှန်ရေးအင်အားဟုများသို့ပြန်လည်ထောက်ပို့ ကူညီသွားမှာဖြစ်တယ်လို့လည်း ဒါရိုက်တာကိူပေါက်ကဆိုထားပါတယ်။


========================


📌📌 ၈။ မွန်းဘီအေဂျင်စီက တစ်ဦး ကျပ် ၁၉ သိန်းယူပြီး ထိုင်းနိုင်ငံ ချွန်ဘူရီကိုရောက်နေတဲ့ MOU လုပ်သား ၂၀ ဦးကို ပတ်စပို့စ်တွေသိမ်းကာ ငွေကြေးထပ်မံတောင်းခံနေ


အောက်တိုဘာ၂၈ ရက်မှာ ကိုရဲမင်း AAC က ထိုင်းရောက် MOU အလုပ်သမားတွေနဲ့ပတ်သက်လို့ ပခုလိုပြောကြားထားပါတယ်။


"မွန်းဘီအေဂျင်စီက တစ်ဦး ကျပ် ၁၉ သိန်းယူပြီး ထိုင်းနိုင်ငံ ချွန်ဘူရီကိုရောက်နေတဲ့ MOU လုပ်သား ၂၀ ဦးကို ပတ်စပို့စ်တွေသိမ်း စာအုပ်ယူချင်ရင် ဘတ် ၃၅၀၀ တောင်းနေတယ်။အကြမ်းဖက်စကစတွေက အာဏာသိမ်းထားချိန် MOU လူပို့နေတဲ့ အေဂျင်စီတွေအနေနဲ့ ငွေမျက်နှာတစ်ခုထဲ မကြည့်ပါနဲ့တာဝန်ယူမှုတာဝန်ခံမှုရှိပါ။အလုပ်သမားတွေကို ရောင်းကုန်လို့သဘောမထားပါနဲ့"လို့ဆိုပါတယ်။


AAC အဖွဲ့ဟာ ထိုင်းရောက် မြန်မာအလုပ်သမားများအရေးကိုဖြေရှင်းဆောင်ရွက်တဲ့အဖွဲ့အစည်းဖြစ်ပြီးတော့ NUG အစိုးရအလုပ်သမားဝန်ကြီးဌာနနဲ့လည်းချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment