23rd NOV 2022 - Evening Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ၂၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်ကောင်စီကို စစ်ရေးအရ ဖိနှိပ်နိုင်ဖို့ လိုသလို နိုင်ငံရေး အရလည်း ဖိနှိပ်ရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ ရှမ်းနှစ်ကူးအတွက် ရှမ်းတိုင်းရင်းသားများကို ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဆုမွန်ကောင်းတောင်းပေး

📌 ၃။ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ မြို့ မှာနှစ်ရက်ကြာကျင်းပနေတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေး စစ်အုပ်စုတက်ခွင့်မရ

📌 ၄။ ကျေးရွာများကို မီးလိုက်ရှို့နေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးတပ်များတိုက်ခိုက်ရာ စကစတပ်က ဦးသေ၊ ဦး ဒဏ်ရာရ

📌 ၅။ အကြမ်းဖက်စစ်ကောင်စီတပ်သားများ နှင့် ပျူစောထီးများ ကတန့်ဆည်မြို့နယ် နနွင်းတောကျေးရွာကို ယနေ့မနက်မီးရှို့ဖျက်ဆီး

📌 ၆။ မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ်မှာ  ကင်းစောင့်နေသော စကစတပ်များ အရက်သောက်နေစဥ် ဗုံးပစ်ခံရ၍  ဦးသေဆုံး

📌 ၇။ Click2donateက ထောက်ပို့ငွေများကို တော်လှန်ရေးအင်အားစုများရှိရာ တနင်္သာရီတိုင်းဘက်နဲ့ ပဲခူး ဘက်ကိုပါ ပေးပို့မယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီကို စစ်ရေးအရ ဖိနှိပ်နိုင်ဖို့ လိုသလို နိုင်ငံရေး အရလည်း ဖိနှိပ်ရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား


နိုဝင်ဘာလ (၂၂) ရက် ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၅) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလို‌ ပြောကြားခဲ့ပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တစ်ဖက်က စစ်ရေးအရှိန်မြှင့်နိုင်ဖို့ PDF တွေကို chain of command ကောင်းကောင်းနဲ့ စနစ်တကျ ပြင်ဆင်ရင်း တစ်ဖက်ကလည်း မဟာမိတ်တွေနဲ့ ခိုင်မာတဲ့ စစ်ရေးပြင်ဆင်မှုတွေ တပြိုင်နက် လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီကို စစ်ရေးအရ ဖိနှိပ်နိုင်ဖို့ လိုသလို နိုင်ငံရေး အရလည်း ဖိနှိပ်ရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် တနိုင်ငံလုံးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးတွေ ပျောက်ဆုံးပြီး ကျင့်ဝတ်မဲ့စွာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းတွေ ခံနေရတာမို့ တနိုင်ငံလုံး အကျဉ်းကျနေတယ်လို့ ယူဆကြောင်း၊ တနိုင်ငံလုံးကို အကြမ်းဖက် စစ်အုပ်စု လက်ထဲကနေ အမြန်ဆုံး လွတ်မြောက်အောင် လုပ်ဖို့ တော်လှန်ရေး ဦးဆောင်အဖွဲ့တွေမှာ တာဝန်အပြည့်ရှိတယ်လို့ ခံယူကြောင်း ဝန်ကြီးချုပ်ကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ ရှမ်းနှစ်ကူးအတွက် ရှမ်းတိုင်းရင်းသားများကို ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဆုမွန်ကောင်းတောင်းပေး


နိုဝင်ဘာ၂၃ ရက်နေ့မှာကျရောက်တဲ့ ရှမ်းနှစ်ကူး  နေ့အတွက် ရှမ်းတိုင်းရင်းသားများကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


"ရှမ်းနှစ်သစ်ကူး အခါသမယမှာမဂ်လာအပေါင်းနဲ့ ခညောင်းကြပါစေ။နှစ်သစ်နဲ့အတူ ရှမ်းတိုင်းရင်းသား မိတ်ဆွေ များ အားလုံး နှင့်အတူ ပြည်ထောင်စု တဝှမ်းကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ ကြောင်းရှမ်းနှစ်သစ်ကူးကို ကြိုဆို ဂုဏ်ပြု ရင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်"လို့ဆိုထားပါတယ်။


လက်ရှိနွေဦးတော်လှန်ရေးတွင် ရှမ်းပြည်နယ်မှ ပြည်သူလူထုနဲ့ လူငယ်များကလည်း ပါဝင်နေကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၃။ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ မြို့ မှာနှစ်ရက်ကြာကျင်းပနေတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေး စစ်အုပ်စုတက်ခွင့်မရ


ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ မြို့မှာ နိုဝင်ဘာ ၂၂ ကစပြီး နှစ်ရက်ကြာကျင်းပနေတဲ့ (ADMM - ASEAN Defence Ministers' Meeting) ကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးကို မြန်မာအာဏာသိမ်းစစ်အုပ်စုရဲ့ ကိုယ်စားလှယ် တတ်‌ရောက်ခွင့်ကို ASEAN ကပိန်ပင်လိုက်တာဖြစ်ပါတယ်။


ဒါဟာ အာဆီယံထိပ်သီးအစည်းအဝေးအပြီးမှာ ထွက်ပေါ်လာတဲ့ နောက်ဆက်တွဲ ရလဒ်ကောင်းလို့လည်း နိုင်ငံရေးသုံးသပ်လေ့လာသူအချို့ကဆိုပါတယ်။ လက်ရှိမှာ အာဆီယံနဲ့ ရယူထားတဲ့ ဘုံသဘောတူညီချက် ရပ်ကို အကြမ်းဖက်စစ်တပ်ဖက်က အကောင်အထည်ဖေါ်ရန်ပျက်ကွက်နေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၄။ ကျေးရွာများကို မီးလိုက်ရှို့နေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးတပ်များတိုက်ခိုက်ရာ စကစတပ်က ဦးသေ၊ ဦး ဒဏ်ရာရ


မကွေးတိုင်း ပေါက်မြို့နယ်မှာ ကျေးရွာများကို မီးလိုက်ရှို့နေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးတပ်များတိုက်ခိုက်ရာ စကစတပ်က ၆ဦးသေ၊၈ဦး ဒဏ်ရာရခဲ့တယ်လို့ နိုဝင်ဘာလ ၂၃ ရက်မှာစစ်ရေးသတင်းကို ပြည်သူ့တော်လှန်ရေးတပ်ဦးက အသိပေးဆိုပါတယ်။


"ကျွန်းတိုင်း ကျေးရွာမှ ဂွေးဂုံကျေးရွာသို့ ချီတက်လာသော ရန်သူ့ စစ်ကြောင်းမှ စကစတပ်၊ ပျူများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ပါတယ်။ ကနဦး အရေးသာခဲ့သော်လည်း ရန်သူဖက်မှ စစ်ကူ၊ လက်နက်ကြီး ပစ်ကူများကြောင့် ပြန်လည် ဆုတ်ခွါခဲ့ရပါတယ်။ထိတွေ့တိုက်ပွဲတွင် ရန်သူ့ဖက်မှ ဒဏ်ရာရ ဦး၊ သေဆုံးသူ ဦး ခန့်ရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါစစ်ကြောင်းဟာ မကွေးတိုင်း ပေါက်မြို့နယ် ရှိ ကျွန်းတိုင်းကျေးရွာကို ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တွင် အကြမ်းဖက် မီးရှို့ဖျက်ဆီး ခဲ့ပြီး၊ ၂၂ ရက်နေ့တွင် ဂွေးဂုံနှင့် စသိန်း ကျေးရွာများကို ဆက်လက် မီးရှို့ဖျက်ဆီးခဲ့ကာ ထောင်နှင့်ချီသော ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်ကောင်စီတပ်သားများ နှင့် ပျူစောထီးများ ကတန့်ဆည်မြို့နယ် နနွင်းတောကျေးရွာကို ယနေ့မနက်မီးရှို့ဖျက်ဆီး


အင်အား ၃၀၀ ခန့်ပါဝင်သည့်အကြမ်းဖက်စစ်ကောင်စီ တပ်သားများ နှင့် ပျူစောထီးများက တန့်ဆည်မြို့နယ် နနွင်းတောကျေးရွာကို ယနေ့မနက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


နိုဝင်ဘာ၂၃ ရက် နံနက် နာရီ ၂၀ မိနစ်ခန့်တွင် ကျေးရွာအတွင်းရှိ အိမ်များအား စကစတပ်များကမီးရှို့ဖျက်ဆီးခဲ့တာလို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ကအတည်ပြုဆိုပါတယ်။


 နိုဝင်ဘာ ၂၁ ရက် ညနေခင်းက အဆိုပါ စစ်ကြောင်းဟာ ကျွန်းလှမြို့နယ် မှ တန့်ဆည်နယ် ထဲ သို့ ဝင်ရောက်သွားခြင်း ဖြစ်ပြီးတော့ အဖွဲ့များခွဲကာ ကျွန်းလှ - တန့်ဆည် မြို့နယ် အစပ်ကျေးရွာများ တွင် ဝင်ရောက် စီးနင်းနေခြင်း ဖြစ်ပါတယ်။


========================


📌📌 ၆။ မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ်မှာ  ကင်းစောင့်နေသော စကစတပ်များ အရက်သောက်နေစဥ် ဗုံးပစ်ခံရ၍  ဦးသေဆုံး


"နိုဝင်ဘာ၂၂ ရက်ည နာရီ ၃၅ မိနစ်အချိန် မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ကင်းစောင့်နေသော စကစတပ်မှ ဦးဝိုင်းဖွဲ့အရက်သောက်နေစဉ် နာနတ်သီးတစ်လုံးပစ်ကျွေးခဲ့ရာ အရက်ဝိုင်းအတွင်းကျရောက်၍ ပြင်းထန်စွာပေါက်ကွဲခဲ့ပြီး () ဦးသေဆုံးကာ၂ ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်"လို့ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တပ်ရင်း ကအတည်ပြုဆိုပါတယ်။


မစ်ရှင်ဆောင်ရွက်သောအဖွဲ့သားများလည်း အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး၎င်းတိုက်ခိုက်မှုကို  ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တပ်ရင်း မြင်းခြံခရိုင်နှင့် TRUE Fighter အဖွဲ့ တပ်ခွဲ () တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၇။ Click2donateက ထောက်ပို့ငွေများကို တော်လှန်ရေးအင်အားစုများရှိရာ တနင်္သာရီတိုင်းဘက်နဲ့ ပဲခူး ဘက်ကိုပါ ပေးပို့မယ်


Click2donateက ထောက်ပို့ငွေများကို တော်လှန်ရေးအင်အားစုများရှိရာ တနင်္သာရီတိုင်းဘက်နဲ့ ပဲခူး ဘက်ကိုပါ ပေးပို့မယ်လို့ နိုဝင်ဘာ ၂၃ ရက်မှာ Click2donate က အသိပေးဆိုပါတယ်။


"ကျွန်တော်တို့ ပေးနေကျအဖွဲ့တွေအပြင် အဖွဲ့အသစ်တွေကို ဖြန့်ဝေဖို့ပါကြိုးစားနေတာကြောင့် အဖွဲ့တွေနဲ့ လိုက်လံ ချိတ်ဆတ် အစည်းအဝေးတွေလုပ်ပြီး တောက်လျှောက် ပေးပို့ဖို့ကြိုးစားနေပါတယ်။ပေးနေကျ စစ်ကိုင်း ၊မကွေး ၊ချင်း အဖွဲ့တွေအပြင် တနင်္သာရီတိုင်းဘက်နဲ့ ပဲခူး ဘက်ကိုပါ ပေးပို့နိုင်ဖို့ တောက်လျှောက်လုပ်နေပါတယ်"လို့ဆိုပါတယ်။


ယခင်လက တော်လှန်ရေးအင်အားစုများထံ ဖြန့်ဝေထားသောထောက်ပို့ငွေများကို အဆင့်ဆင့်သတိထားဆောင်ရွက်နေရသောကြောင့် ကြန့်ကြာမှုတချို့ရှိနိုင်တယ်လို့လည်း Click2donate ကအသိပေးဖော်ပြပါတယ်။ Click2donate ဟာ ပြည်သူလူထုများ ကလစ်နှိပ်၍ ရရှိသောငွေများကိူ တော်လှန်ရေးအင်အားစုများထံ ပြန်လည် ထောက်ပို့စီးဆင်းခြင်းဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment