25th NOV 2022 - Evening Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ၂၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အတွက် 16 days Campaign လှုပ်ရှားမှုနိုင်ငံတော်ခေါင်းဆောင်များအသီးသီးမိန့်ခွန်းပြောကြားခဲ့ကြတဲ့သတင်း

📌 ၂။ အကြမ်းဖက် စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ အမျိုးသမီးတွေ အကြမ်းဖက်မှုများစွာကြုံတွေ့နေရတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၃။ ခင်ဦးမြို့နယ်မှာ ရာနဲ့ချီသော စကစတပ်များစစ်ကြောင်းထိုးဝင်ရောက်နေ၍ အရပ်သားများ ထိပ်တိုက်မတိုးဘဲ ဘေးလွတ်ရာသို့ရှောင်ကြရန်အရေးပေါ် သတိပေး

📌 ၄။ ကသာမြို့မှရိက္ခာလာပို့သောမော်တော်အား ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များမှယနေ့မနက်ရှော့ပြောင်း(မိုင်တဲမမ)နှစ်လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတပ်များထိခိုက်မှုရှိနိုင်

📌 ၅။ ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၅၆) လမ်းဆုံမှာရှိတဲ့ ဆိုင်ခန်းတွေကို စစ်ကောင်စီက ဖျက်သိမ်းခိုင်း

📌 ၆။ Myingyan Black Tiger (MBT)မှ မီတာ(၆၀၀)အထိပစ်ခတ်နိုင်သော တာဝေးပစ်လက်နက်ကြီး (၆၀)မမအား အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အတွက် 16 days Campaign လှုပ်ရှားမှုနိုင်ငံတော်ခေါင်းဆောင်များအသီးသီးမိန့်ခွန်းပြောကြားခဲ့ကြတဲ့သတင်း


နှစ်စဥ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ International Day for the Elimanation of Violence အတွက်  ၁၆ ရက်တာလှုပ်ရှားမှု  (16days Campaign) ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ဆက်သွယ်ရေးသတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနတို့က ပူးပေါင်းပြီး လက်တွဲဆောင်ရွက်လျက်ရှိပါတယ်။ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အဆိုပါ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အတွက် 16 days Campaign လှုပ်ရှားမှုစတင်ခြင်းအခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး NUG  အစိုးရ နိုင်ငံတော် ယာယီသမတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်း၊ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်နှင့် အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာပြည်ထောင်စုဝန်ကြီးတို့ကအဖွင့်မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ကြပါတယ်။ 


အခမ်းအနားမှာ နိုင်ငံတော် သမတက မိန့်ခွန်းပြောကြားရာတွင် အန်ယူဂျီအစိုးရအနေနဲ့အခုလို ဂျန်ဒါအခြေပြုအကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုမှာ ကမ္ဘာတဝန်းက တာဝန်ခံမှုရှိတဲ့အစိုးရများတက်ကြွလှုပ်ရှားအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ခွင့်ရတာဝမ်းသာမိပါကြောင်း ဒီနေ့မှာ မိမိဟာ စစ်အာဏာရှင်လက်အောက်မှာ အကြမ်းဖက်မှုကို ခေတ်အဆက်ဆက်ကခံစားနေရတဲ့ အမျိုးသမီး ကလေးသူငယ်နှင့်ပြည်သူပြည်သားအားလုံးကို ကိုယ်စားပြုပါကြောင်း၊ မိမိတို့နိုင်ငံအနေနဲ့ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုပပျောက်ရေးဟာ အရေးကြီးသလို အစိုးရတရပ်အနေနဲ့လည်း အလေးအနက်ထားရမယ့်ကိစ္စဖြစ်တယ်လို့ ခံယူထားပါကြောင်းကို မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။


ဆက်လက်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းက အဖွင့်မိန့်ခွန်းပြောကြားပါတယ်။  ထိုသို့ပြောကြားရာတွင် အကြမ်းဖက်မှုများကိုကာကွယ်တားဆီးတဲ့အခါ အမျိုးသမီးလူ့အခွင့်အရေးကိုအခြေပြုတဲ့ ချဥ်းကပ်မှုနည်းလမ်းများလိုအပ်သလို အကြမ်းဖက်မှုများကို တုံ့ပြန်တဲ့အခါမှာလည်း အစုအဖွဲ့များက ကျူးလွန်ခံရသူအား ဗဟိုပြုတဲ့နည်းလမ်းနှင့် ၄င်းတို့ရဲ့အခွင့်အရေး လုံခြုံရေး ဂုဏ်သိက္ခာကို လေးစားလိုက်နာ‌်ေရး ခွဲခြားမှုကင်းစင်ရေးနှင့် လျှို့ဝှက်မှုကိုထိန်းသိမ်းရေးစတဲ့အခြေခံမူတွေကိုပါလိုက်နာဖို့လိုအပ်လှပါတယ်၊ ဒါကြောင့်အမျိုးသားညီညွတ်ရေးအစိုးရဟာ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းကာ တော်လှန်ရေးကာလ စစ်ကာလအတွင်း ပြည်သူများကိုထိရောက်စွာကာကွယ်ပေးနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသွားပါတယ်။


ဆက်လက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားကိုခုလိုပြောကြားသွားပါတယ်။ ( အသံကုဒ်အစ ) --- အမျိုးသမီးထုရဲ့ စိတ်ပိုင်းရုပ်ပိုင်းတို့ကို ညှဉ်းပန်းနှိပ်စက်တဲ့ သို့မဟုတ် ဂုဏ်သိက္ခာကိုထိပါ‌းစေနိုင်တဲ့ဆောင်ရွက်မှုမျိုးကို မဆောင်ရွက်သင့်ဘူးဆိုတာ ယဥ်ကျေးတဲ့လူ့အသိုင်းအဝိုင်းအတွက် စံနမူနာတခုအဖြစ်သတ်မှတ်ရတော့မယ် အချိန်ကာလတခုရောက်နေပြီလို့ ဆိုချင်ပါတယ်၊

အမျိုးသမီးဟာ လူသားတို့ရဲ့ မိခင်ဖြစ်ပါတယ်၊။ တနည်းအားဖြင့်လူ့ယဥ်ကျေးမှုနှင့်လူသားထုအသိုင်းအဝိုင်းရဲ့မိခင်များအဖြစ်အင်မတန်မှ ကျေးဇူးကြီးမားတဲ့ ဂုဏ်အင်္ဂါနဲ့ပြည့်စုံတဲ့အမျိုးသမီး ဖြစ်ပါတယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမလုပ်ဘူးဆိုတာ ညှာတာခြင်းသနားခြင်းဆိုတာမျိုးထက် ကျေးဇူးကြီးမားတဲ့ကျေးဇူးရှင်များအဖြစ် အလေးအနက်ထားပြီး အခုလိုမလျော်တဲ့အကြမ်းဖက်မှုတွေ ဆောင်ရွက်စရာအခွင့်လုံးလုံးမယူသင့်ဘူးဆိုတဲ့ အသိပညာ မျိုးကို ပေးရမှာဖြစ်ပါတယ်။ ဖိနှိပ်မှုတွေရှိလာတဲ့အခါမှာလည်း ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုတဲ့ယန္တရားတွေကိုလည်းပဲ တည်ဆောက်ရမှာဖြစ်ပါတယ် မြန်မာနိုင်ငံမှာတော့ကံဆိုးမိုးမှောင်ကျစွာစစ်အာဏာသိမ်းပြီးတဲ့ကာလတလျှောက် အခုဆိုရင် အမျိုးသမီးများအပေါ် မုဒိမ်းမှုအပါအဝင်အကြမ်းဖက်မှုစုစုပေါင်း ၆၆ မှု နှင့် အမျိုးသမီးများ ၁၀၀ ကျော်လောက် ကျူးလွန်ခြင်းခံရတယ်။ သတ်ဖြတ်ခြင်းခံရတာတွေလည်း ရင်ဆိုင်နေရပါတယ်။


 အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ် စူဇန်နာလှလှစိုးကလည်း ယနေ့နိုဝင်ဘာလ ၂၅ ရက်မှစလို့ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိဖြစ်တဲ့ ၁၆ ရက်တာဖဲကြိုးဖြူ

ကမ်ပိန်းလှုပ်ရှားမှုမှာ ပြည်သူတွေ တတ်နိုင်သလိုပါဝင်ပေးကြဖို့ဖိတ်ခေါ် ကြောင်းပြောကြားသွားပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ၂၅ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ ကျရောက်တဲ့ ၁၆ ရက်တာဖဲကြိုးဖြူကမ်ပိန်းလှုပ်ရှားမှုဆောင်ပုဒ်မှာ UNiTE! Activism to End Violence against Women & Girls! မြန်မာဘာသာအားဖြင့် အမျိုးသမီးနှင့်မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျော််က်ဖို့  အားလုံး စုစည်းလုပ်ဆောင်စို့ဖြစ်ပါတယ်။ ယခုလို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အခမ်းအနားကို အန်ယူဂျီအစိုးရရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများပူးပေါင်းဆောင်ရွက်လျက်ရှိပြီးတော့ လှုပ်ရှားဆောင်ရွက်မှုအခြေအနေများကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့လူမှုကွန်ရက်စာမျက်နှာ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ Public Voice TV  လူမှုကွန်ရက်သတင်းစာမျက်နှာ၊ Mizzima DVB , KhitThit, The Voice of Spring , PeopleSpring, Dday, Delta News Agency, D Lann  မီဒီယာများရဲ့ စာမျက်နှာများပေါ်တွင် အသီးသီးထုတ်လွှင့်ပြသသွားမယ်လို့ သိရှိရပါတယ်။


========================


📌📌 ၂။ အကြမ်းဖက် စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ အမျိုးသမီးတွေ အကြမ်းဖက်မှုများစွာကြုံတွေ့နေရတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို


အကြမ်းဖက် စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ အမျိုးသမီးတွေ အကြမ်းဖက်မှုများစွာကြုံတွေ့နေရတယ်လို့လူ့အခွင့်ရေးရာ ဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အတွက်သတင်းစကားပါးရာမှာ လူ့အခွင့်ရေးရာဝန်ကြီးကထည့်သွင်းပြောဆိုခဲ့တာပါ။


"ကျနော်တို့ မြန်မာနိုင်ငံမှာကြည့်မယ်ဆိုရင်တော့ အကြမ်းဖက်စစ်ကောင်စီရဲ့အာဏာသိမ်းမှုကြိုးစားခဲ့တဲ့ နောက်ပိုင်းမှာ တက်ကြွလှုပ်ရှားသူတွေ၊အမျိုးသမီးတွေမှာအကြမ်းဖက် မီုတွေများစွာကြုံတွေ့ရပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးတော့ လူပေါင်း နှစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့ရာမှာ ကလေးသူငယ်နဲ့အမျိုးသမီးများလည်းပါဝင်ခဲ့ပါတယ်။


========================


📌📌 ၃။ ခင်ဦးမြို့နယ်မှာ ရာနဲ့ချီသော စကစတပ်များစစ်ကြောင်းထိုးဝင်ရောက်နေ၍ အရပ်သားများ ထိပ်တိုက်မတိုးဘဲ ဘေးလွတ်ရာသို့ရှောင်ကြရန်အရေးပေါ် သတိပေး


စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ ရာနဲ့ချီသော စကစတပ်များစစ်ကြောင်းထိုးဝင်ရောက်နေ၍ အရပ်သားများ ထိပ်တိုက်မတိုးဘဲ ဘေးလွတ်ရာသို့ရှောင်ကြရန် တော်လှန်ရေးအင်အားစုများကအရေးပေါ် သတိပေး နှိုးဆော်ထားပါတယ်။ နိုဝင်ဘာလအတွင်းမှာ ခင်ဦးမြို့နယ်အနီးတစ်ဝိုက်ကို စကစတပ်များက အင်အားအလွန်အကျွံနဲ့စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပါတယ်။



"နိုဝင်ဘာ၂၅ ရက် မနက် :၃၀ အချိန် ရေဦးမြို့ ကြာပန်းဝိုင်းသို့ ချခဲ့သော ကားတစ်စီးစကစတပ်အင်အား ၂၅ ယောက် ခန့်ဟာ မူးမြစ်ကူးတံတားအရှေ့ဘက် ခင်ဦးနယ် အင်တိုင်းလေး မှ တစ်ဆင့် ယာတော်ဘက် ဦးတည်နေပါတယ်။


 ရွာသစ်ကုန်းစကစတပ်ခြံမှလည်း သရက်ပင်စုဘက်ထွက်လာနေပြီးတော့မြင်းဒေါင်းမူးတိမ်ချောင်းတံတားမှစကစတပ်များလည်း မြင်းဒေါင်းရောက်ကာ ဘေးပတ်ဝန်းကျင်သို့ လက်နက်ကြီးငယ်ရမ်းသမ်းပစ်ခတ်နေတယ်"လို့ဆိုပါတယ်။ ဒါ့အပြင် သာဝတ္ထိမှ ၂၀၀ကျော် စကစတပ်များလည်း လှုပ်ရှားမှုရှိနေသောကြောင့် ကြားထဲတွင် ပိတ်မိနေသော ဒေသခံများ ရှိနေတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ကသာမြို့မှရိက္ခာလာပို့သောမော်တော်အား ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များမှယနေ့မနက်ရှော့ပြောင်း(မိုင်တဲမမ)နှစ်လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတပ်များထိခိုက်မှုရှိနိုင်


စစ်ကိုင်းတိုင်း ကသာမြို့မှရိက္ခာလာပို့သောမော်တော်အားကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များမှယနေ့မနက်ရှော့ပြောင်း(မိုင်တဲမမ)နှစ်လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတပ်များထိခိုက်မှုရှိနိုင်တယ်လို့သတင်းရရှိပါတယ်။


နိုဝင်ဘာ ၂၅ ရက်မင်းလယ်ကျေးရွာမှနေအိမ်များအားမီးရှို့ပြီးမဂ်လာသုခရွာသို့ထွက်ခွာသွားသောစကစတပ်များကို ကသာမြို့မှရိက္ခာလာပို့သောမော်တော်အားကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များမှရှော့ပြောင်း(မိုင်တဲမမ)နှစ်လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ကသာပကဖကဆိုပါတယ်။ အဆိုပါလက်နက်ကြီးပစ်ခတ်တိုက်ခိုက်၍ စကစတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်တယ်လို့အတည်ပြုဆိုပါတယ်။ စကစတပ်များဟာ ဧရာဝတီ မြစ်ကြောင်းကို အသုံးပြု၍ အင်အားဖြည့်တင်းခြင်း၊ ရိက္ခာသယ်ပို့ခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၅။ ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၅၆) လမ်းဆုံမှာရှိတဲ့ ဆိုင်ခန်းတွေကို စစ်ကောင်စီက ဖျက်သိမ်းခိုင်း


ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၅၆) လမ်းဆုံမှာရှိတဲ့ ဆိုင်ခန်းတွေကို နိုဝင်ဘာနောက်ဆုံးပတ်မှာ ဆိုင်ခန်းရှင်များကိုအကြောင်းကြားထားပြီးတော့ ဖျက်သိမ်းမှုမရှိတဲ့ဆိုင်ခန်းတွေကို အင်အားသုံးဖယ်ရှားနိုင်တယ်လို့လည်းသတင်းရရှိပါတယ်။


"ဒဂုံတောင် မြို့နယ် (၅၆)လမ်းဆုံမှာရှိတဲ့ ဆိုင်ခန်းတွေ ဖျက်ပေးဖို့ အကြောင်းကြားလာပါတယ်ကျမ အဖေဆိုင်ခန်းလည်း ပါတယ်။ ဒီဆိုင်ခန်းတွေက မိခင်ကလေးကတရားဝင်ရောင်းချပေးထားတဲ့ ဆိုင်ခန်းတွေပါရှင်။

 မြို့ထဲကအပြန်အိမ်မပြန်သေးပဲ ဆိုင် ခဏဝင်လာတော့ ညီမက ဆီးပြောတာ ဆိုင်တွေဖျက်ရတော့မယ်"လို့ ဆိုင်ခန်းရှင်မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်မှာဆိုထားပါတယ်။ လက်ရှိဟာ စစ်ကောင်စီဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ လမ်းမကြီးမှ ဆိုင်ခန်းများကို အမိန့်အာဏာအသုံးပြု၍ ဖျက်ခိုင်းကာ မြေနေရာများကို သိမ်းယူမှုတို့လည်းရှိနေပါတယ်။


========================


📌📌 ၆။ Myingyan Black Tiger (MBT)မှ မီတာ(၆၀၀)အထိပစ်ခတ်နိုင်သော တာဝေးပစ်လက်နက်ကြီး (၆၀)မမအား အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့


နိုဝင်ဘာ ၂၅ ရက်မှာ Myingyan Black Tiger (MBT) မှလက်နက်ကြီးနဲ့ပတ်သက်လို့အခုလိုအသိပေးဆိုပါတယ်။ "Myingyan Black Tiger (MBT)မှ မီတာ(၆၀၀)အထိပစ်ခတ်နိုင်သော တာဝေးပစ်လက်နက်ကြီး (၆၀)မမအား အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါတယ်။၎င်း တာဝေးပစ်လက်နက်ကြီး (၆၀)မမအား စခန်းသိမ်းMission များနှင့် အခြားစစ်အာဏာရှင် တော်လှန်ခြင်းလုပ်ငန်းများတွင် ထည့်သွင်းအသုံးပြုသွားတော့မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ Myingyan Black Tiger (MBT) အဖွဲ့ဟာ စစ်အာဏာရှင် စနစ်ကို ခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment