၂၀၂၂ နိုဝင်ဘာလ ၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နိုင်ငံရေးပြဿနာအများစုဟာ စစ်အာဏာရူး တွေ ကျဆုံးသွားတဲ့နေ့ရောက်မှသာ ပြေလည်နိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၂။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲ ပြည်သူတွေ မပါရင် အလုပ်မဖြစ်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် ဆို
📌 ၃။ Sky Aviator Company Limited နှင့် ဒါရိုက်တာဦးကျော်မင်းဦးပိုင်ဆိုင်မှုများကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူ ပိတ်ဆို့
📌 ၄။ တပ်မ ၆၆ လက်အောက်ခံ ခလရ(၁) တပ်ရင်းဟာ ကရင်နီဒေသမှာလက်ရှိအချိန်ထိ (၄၀) ကျော်သေဆုံး
📌 ၅။ မြောင်မြို့နယ်မှာ ရွာတွေကိုအကြမ်းဖက်စစ်တပ်ကမီးပတ်ရှို့
📌 ၆။ တန့်ဆည်နယ်၊အင်ကုက္ကားရွာ အနောက်ထွက် ကျွန်းပင်တန်းဖက် ထွက်လာသော ပျူများကို တန့်ဆည် ပကဖ မှ ပဒေသာမိုင်း (၃) လုံးတွဲ ဖြင့် ဖောက်ခွဲတိုက်ခိုက်
📌 ၇။ ဒါရိုက်တာကိုပေါက်ရဲ့ မသောက်မိသောမိုးခါးရေနော်ဝေနိုင်ငံမှာပြသမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နိုင်ငံရေးပြဿနာအများစုဟာ စစ်အာဏာရူး တွေ ကျဆုံးသွားတဲ့နေ့ရောက်မှသာ ပြေလည်နိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
နိုင်ငံရေးပြဿနာအများစုဟာ စစ်အာဏာရူး တွေ ကျဆုံးသွားတဲ့နေ့ရောက်မှသာ ပြေလည်နိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက နိုဝင်ဘာ၈ရက် NUCC နဲ့ NUG/JCC တို့အကြား ချိတ်ဆက်ဆောင်ရွက်နေမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရက အစည်းအဝေးကျင်းပရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
"နိုင်ငံရေးအရ ဖြေရှင်းဆွေးနွေးရမယ့် အရာတွေက များပြားလွန်းပါတယ်။ အဲဒီပြဿနာအများစုက စစ်အာဏာရူး တွေ ကျဆုံးသွားတဲ့နေ့ရောက်မှသာ ပြေလည်နိုင်မှာ ဖြစ်တယ်။ဒါကြောင့်တော်လှန်ရေးကို ဦးဆောင်နေတဲ့ အဖွဲ့တွေအနေနဲ့ စစ် အာဏာရူးကို အမြန်ဆုံး တိုက်ထုတ်နိုင်ဖို့ပိုမိုကြိုးစားပေးကြဖို့လိုပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
လက်ရှိမှာ တိုင်းရင်းတော်လှန်ရေးအင်အားစုများဖြစ်တဲ့ KNUနဲ့ KIAတို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတို့ရှိနေပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲ ပြည်သူတွေ မပါရင် အလုပ်မဖြစ်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် ဆို
နိုဝင်ဘာ ၉ ရက်နေ့မှာ စစ်ကောင်စီနဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကအခုလိုဆိုခဲ့ပါတယ်။
"လာမယ့် ရွေးကောက်ပွဲဟာ မင်းအောင်လှိုင် ကို သမ္မတ တက်လုပ်ခိုင်းဖို့ တရားဝင်ဖို့ လုပ်ယူ တာဖြစ်ပါတယ်။ အဲ့ဒီရွေးကောက်ပွဲဟာ ပြည်သူတွေ မပါရင် အလုပ်မဖြစ်ပါဘူး"လို့ ဝန်ကြီးကဆိုပါတယ်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင်ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်မှာ ကျင်းပရန် ရည်ရွယ်ထားပြီး လက်ရှိအချိန်မှာ မဲစာရင်းများပြုစုလျက်ရှိပါတယ်။
========================
📌📌 ၃။ Sky Aviator Company Limited နှင့် ဒါရိုက်တာဦးကျော်မင်းဦးပိုင်ဆိုင်မှုများကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူ ပိတ်ဆို့
မြန်မာစစ်တပ်အတွက် စစ်လေယာဉ် အစိတ်အပိုင်းများကို တင်သွင်းပေးနေသည့် အဓိက အဝယ်အတော်လုပ်ငန်းတစ်ခုဖြစ်တဲ့ Sky Aviator Company Limited နှင့် ဒါရိုက်တာဦးကျော်မင်းဦးပိုင်ဆိုင်မှုများကိုအမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူ ပိတ်ဆို့လိုက်ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က ထုတ်ပြန်ခဲ့ပါတယ်။
"မြန်မာ့စီးပွားရေးနယ်ပယ်တွင် ကာကွယ်ရေးကဏ္ဍအတွက် လုပ်ကိုင်ဆောင်ရွက်နေမှုကြောင့် Sky Aviator Company Limited နှင့် ၄င်း၏ ပိုင်ရှင်နှင့် ဒါရိုက်တာဖြစ်သည့် (ဦး)ကျော်မင်းဦးကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် “မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ အရေးယူသတ်မှတ်ခြင်းကို ဆောင်ရွက်မှာဖြစ်ပါတယ်။ဦးကျော်မင်းဦး၏ ဦးစီးမှုအောက်တွင် Sky Aviator သည် မြန်မာစစ်တပ်အတွက် စစ်လေယာဉ် အစိတ်အပိုင်းများကို တင်သွင်းပေးနေသည့် အဓိက အဝယ်အတော်လုပ်ငန်းတစ်ခု ဖြစ်ပါတယ်"လို့ဆိုထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအာဏာသိမ်းမှုနောက်ပိုင်း Sky Aviator ကုမ္ပဏီသည် ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည့် အဖွဲ့အစည်း/လူပုဂ္ဂိုလ်များထံမှ လက်နက်ကုန်စည်များကို တစ်ကြိမ်မက လက်ခံရယူခဲ့ပြီး(ဦး)ကျော်မင်းဦးဟာ နိုင်ငံခြားမှ စစ်အရာရှိများမြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်၊ စစ်လက်နက်ပစ္စည်းများ မြန်မာနိုင်ငံသို့တင်သွင်းရန်နှင့် တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်များအဆင့်မြှင့်တင်ရန် လိုအပ်သည့် ပစ္စည်းများကို ပေးအပ်ခြင်းစတဲ့ ပံ့ပိုးမှုများကိုလည်း ပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။
========================
📌📌 ၄။ တပ်မ ၆၆ လက်အောက်ခံ ခလရ(၁) တပ်ရင်းဟာ ကရင်နီဒေသမှာလက်ရှိအချိန်ထိ (၄၀) ကျော်သေဆုံး
တပ်မ ၆၆ လက်အောက်ခံ ခလရ(၁) တပ်ရင်းဟာ ကရင်နီဒေသမှာလက်ရှိအချိန်ထိ (၄၀) ကျော်သေဆုံးခဲ့တယ်လို့ နိုဝင်ဘာ ၉ ရက်နေ့မှာ KNDFတပ်ရင်းက စစ်ရေးသတင်းကိုအသိပေးဖော်ပြထားပါတယ်။
"စကစရဲ့နောက်လိုက်များ ဇာတ်သိမ်းပုံပါ။အခေါင်းမပြောနဲ့ ဖိနပ်လေး ၊အဝတ်လေးတောင် မလဲပေးဘူး။ ဘာဂုဏ်သိက္ခာမှမရှိ။ အလံလည်း အတည့်လား ပြောင်းပြန်လားမသိ။ဖြစ်သလိုနေ ဖြစ်သလိုသေပါပဲ။တပ်မ ၆၆ လက်အောက်ခံ ခလရ(၁) တပ်ရင်းဟာ ကရင်နီမှာ လက်ရှိအချိန်ထိ (၄၀) ကျော်ကျဆုံးပြီးဖြစ်တယ်"လို့ဆိုပါတယ်။
ကျဆုံး စကစတပ်ရဲ့ အယောက် ၄၀ ကျော်စာရင်းတွင် တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါအဝင် အရာရှိစစ်သည်များပါဝင်ပါတယ်။ အဆိုပါ စစ်ကောင်စီတပ်ရဲ့ အရာရှိနဲ့တပ်သားများ သေဆုံး၍ အမိန့်ပြန်တမ်းရုပ်သံကို KNDFကဖော်ပြထားရာစကစတပ်က စုပုံ မီးသဂြိုလ်ထားတာတွေ့ပါတယ်။
========================
📌📌 ၅။ မြောင်မြို့နယ်မှာ ရွာတွေကိုအကြမ်းဖက်စစ်တပ်ကမီးပတ်ရှို့
စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ ရွာတွေကိုအကြမ်းဖက်စစ်တပ်ကမီးပတ်ရှို့နေတယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၉ ရက်နေ့ မနက်ပိုင်းမှာ ဆူးလေကုန်းကျေးရွာကိုအရှေ့တောင်ဖျားကနေ မီးရှို့ဖျက်ဆီးနေတယ်လို့ 𝑪𝑫𝑺𝑶𝑴အနောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ 𝟬𝟬𝟭 ကအတည်ပြုဆိုပါတယ်။
"မြောင်မြို့နယ်၊နနွင်းကိုင်း၊ရွှေတချောင်းကျေးရွာများကိုမီးရိူ့သောစကစတပ်များ ဆူးလေကုန်းကျေးရွာကိုအရှေ့တောင်ဖျားကနေ မီးရှို့ဖျက်ဆီးနေပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင် ရွာထဲ မှာလည်းစကစတပ်များကျန်ရှိနေသေးကာ မြစ်သာကျေးရွာမှကင်းပုန်းများလည်း ဆူးလေကုန်းကျေးရွာဘက်သို့ရောက်လာကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၆။ တန့်ဆည်နယ်၊အင်ကုက္ကားရွာ အနောက်ထွက် ကျွန်းပင်တန်းဖက် ထွက်လာသော ပျူများကို တန့်ဆည် ပကဖ မှ ပဒေသာမိုင်း (၃) လုံးတွဲ ဖြင့် ဖောက်ခွဲတိုက်ခိုက်
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အင်ကုက္ကားရွာ အနောက်ထွက် ကျွန်းပင်တန်းဖက် ထွက်လာသော ပျူများကို တန့်ဆည် ပကဖ မှ ပဒေသာမိုင်း (၃) လုံးတွဲ ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ နိုဝင်ဘာ ၈ ရက် ည ၇ နာရီ ၃၀ အချိန်မှာ စကစတပ်လက်အောက်ခံ ပျူစောထီးများကို တိုက်ခိုက်ခဲ့တာလို့ တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအတည်ပြုဆိုပါတယ်။
"တန့်ဆည်နယ်၊အင်ကုက္ကားရွာ အနောက်ထွက် ကျွန်းပင်တန်းဖက် ထွက်လာသော ပျူများကို တန့်ဆည် ပကဖ မှ ပဒေသာမိုင်း (၃) လုံးတွဲ ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ထိထိမိမိတိုက်ခိုက်နိုင်ခဲ့သဖြင့် အကျအဆုံးများနိုင်ပါတယ်"လို့ဆိုပါတယ်။ တန့်ဆည် ပကဖ ရဲဘော်များအထိအခိုက်မရှိဘဲ ပျူများထိခိုက် သေဆုံးမှုကိုအတည်ပြု စုံစမ်းနေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၇။ ဒါရိုက်တာကိုပေါက်ရဲ့ မသောက်မိသောမိုးခါးရေနော်ဝေနိုင်ငံမှာပြသမယ်
ဒါရိုက်တာကိုပေါက်ရဲ့ မသောက်မိသောမိုးခါးရေနော်ဝေနိုင်ငံမှာပြသမယ်လို့သတင်းရရှိပါတယ်။ ဒါရိုက်တာကိုပေါက်ရဲ့ မသောက်မိသောမိုးခါးရေ ဇာတ်ကားအား နော်ဝေနိုင်ငံ , Nodeland, Kristiansand မြို့မှာ နိုဝင်ဘာ ၁၉ ရက် ပြသပေးမှာဖြစ်ပါတယ်။
လက်ရှိမှာ လက်မှတ်တစ်စောင် -၂၅၀ NOK နဲ့လက်မှတ်များရောင်းချပေးနေပြီဖြစ်ကာ အသက် ၁၂ အောက်ကလေး များလက်မှတ်ဝယ်ရန်မလိုဘူးလို့သိရပါတယ်။ ဒါရိုက်တာကိုပေါက် ရိုက်ကူးတဲ့ မသောက်မိငေါ မိုးခါးရေး ရုပ်ရှင်ဇာတ်လမ်းတိုဟာ CDM ဗိုလ်ကြီးတစ်ဦးကို အခြေ ခံရိုက်ကူးထားပြီးတော့ သရုပ်ဆောင်မဟုတ်သော တော်လှန်ရေးနယ်မြေမှ ရဲဘော်များပါဝင်သရုပ်ဆောင်ထားပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment