29th DEC 2022 - Evening Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၂၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲဟာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အောင်ပွဲဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ စစ်ကောင်စီက အဖြေကြိုနေတဲ့လုပ်ပွဲ ကျင်းပတာကို အိမ်နီးချင်းနိုင်ငံများက သိဖို့လိုအပ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဆို

📌 ၃။ မတ္တရာမြို့နယ် ပိုဝ ကျေးရွာ မှ ပြည်သူ့ကာကွယ်ရေးရဲဘော် ဦး အား အကြမ်းဖက်စစ်တပ်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်

📌 ၄။ ကလေးမြို့ နှင့် သိုင်းငင်း လမ်းမကိုယနေ့မနက်မှ စတင်ကာ အသုံးမပြုရန် CDF CDM-SIYIN ကအရေးပေါ်သတိပေး

📌 ၅။ ကန့်ဘလူနယ်မှာ ယနေ့မနက် စကစတပ်များရှိရာကို ပြည်သူ့ကာကွယ်ရေးတပ်များက လက်လုပ်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်

📌 ၆။ ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက () ရက်အတွင်း ကျေးရွာ () ရွမီးရှို့ဖျက်ဆီးခဲ့

📌 ၇။ ဖျော်ဖြေပွဲ၃ပွဲမှ ရရှိသော ငွေကြေးများကို ကာကွယ်ရေးဝန်ကြီးဌာနသို့ ၆၀% နဲ့ CDM အနုပညာရှင်များကို ၄၀% သရုပ်ဆောင် မင်းမော်ကွန်း ထောက်ပို့လှူဒါန်း

📌 ၈။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ  မှတ် ရုပ်ရှင်ကို ရုံတင်ပြသမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲဟာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အောင်ပွဲဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲဟာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အောင်ပွဲဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဒီဇင်ဘာလနောက်ဆုံးပတ် အစိုးရအဖွဲ့အစည်းအဝေးမှာပြောကြားလိုက်ပါတယ်။ 


"ယခုပြီးစီးခဲ့တဲ့ တော်လှန်ရေးရလဒ် အောင်ပွဲတွေဟာ အားလုံးရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဖြစ်ပေါ်လာတဲ့ အောင်ပွဲရလဒ်ဖြစ်ပါတယ်။ ဒါဟာ လူထုရဲ့ မျှော်လင့်ချက်ရောင်ခြည်တွေအဖြစ် ကျွန်တော်တို့ ပြောင်းလဲပစ်ရပါလိမ့်မယ်။ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲအရပ်ရပ်သည် ကျွန်တော်တို့ အစိုးရအဖွဲ့ တစ်ခုတည်းရဲ့ အောင်ပွဲ မဟုတ်ပါဘူး။ တော်လှန်ရေးအင်အားစုအားလုံးရဲ့ အောင်ပွဲဖြစ်တယ်။ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အောင်ပွဲဖြစ်တယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ခဲ့ပြီး တော်လှန်ရေးတစ်နှစ် ကျော်ကာလအတွင်း စကစတပ်က နှစ်သောင်းကျော် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း၊ ကရင်နီဒေသ၊ ကရင်ပြည်နယ်၊ချင်းပြည်နယ်တို့မှာ စိုးမိုးထိန်းချုပ်နယ်မြေများရှိလာပြီ ဖြစ်ပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီက အဖြေကြိုနေတဲ့လုပ်ပွဲ ကျင်းပတာကို အိမ်နီးချင်းနိုင်ငံများက သိဖို့လိုအပ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဆို


ဒီဇင်ဘာလအတွင်း PVTV ရုပ်သံနှင့် တွေ့ဆုံမေးမြန်းခန်းမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလိုထည့်သွင်းဆိုခဲ့ပါတယ်။


"ရွေးကောက်ပွဲတိုင်းဟာ အဖြေဖြစ်မယ်။နိုင်ငံရေးထွက်ပေါက်ဖြစ်မယ်ဆိုရင် အာဏာသိမ်းစရာကို ဖြစ်လာမှာမဟုတ်ဘူး။စစ်ကောင်စီကလုပ်တဲ့ပွဲဟာ ရွေးကောက်ပွဲမဟုတ်ဘူး။အဖြေကြိုသိနေတဲ့လုပ်ပွဲဖြစ်တယ်ဆိုတာ ဒါကိုနိူင်ငံတကာကသိတယ်။ကျမတို့ အိမ်နီးနားချင်းနိုင်ငံတွေက သိဖို့ပဲလိုအက်တယ်လို့မြင်ပါတယ်"လို့ဆိုပါတယ်။ ၂၀၂၃ ခုနှစ်မှာ အကြမ်းဖက် စစ်အုပ်စုဟာ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပနိုင်ဖွယ်ရှိနေပြီးတော့ လူဦးရေစာရင်းနဲ့မဲစာရင်းများ ပြုစုလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၃။ မတ္တရာမြို့နယ် ပိုဝ ကျေးရွာ မှ ပြည်သူ့ကာကွယ်ရေးရဲဘော် ဦး အား အကြမ်းဖက်စစ်တပ်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်


မတ္တရာမြို့နယ် ပိုဝ ကျေးရွာ မှ ပြည်သူ့ကာကွယ်ရေးရဲဘော် ဦး အား အကြမ်းဖက်စစ်တပ်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒီဇင်ဘာ၂၉ရက်မှာ ကောင်းကင်တော်လှန်ရေး အင်အားစုကအသိပေးဆိုပါတယ်။


"မတ္တရာမြို့နယ် ပိုဝ ကျေးရွာ မှ ပြည်သူ့ကာကွယ်ရေးရဲဘော် ဦး အား စကစ မှ မီးရှို့ သတ်ဖြတ်ခဲ့ပါတယ်။စကစ ဟာ မတ္တရာမြို့နယ် အတွင်းလုယက်၊ ရွာတွေ မီးရှို့ တာတွေ လုပ်ဆောင်တာ အပြင် ကာကွယ်ရေးရဲဘော် ဦးအား အရှင်လတ်လတ် မီးရှို့သတ်ခဲ့တာဖြစ်ပါတယ်"လို့ဆိုပါတယ်။ ကျဆုံးရဲဘော်နှစ်ဦးမှာရဲဘော် နိုင်းနဲ့ ရဲဘော်  ပြည့်တို့ဖြစ်ကြပြီးကောင်းရာသုဂတိ လားပါစေလို့ ကောင်းကင်တော်လှန်ရေး အင်အားစုကဆိုထားပါတယ်။


========================


📌📌 ၄။ ကလေးမြို့ နှင့် သိုင်းငင်း လမ်းမကိုယနေ့မနက်မှ စတင်ကာ အသုံးမပြုရန် CDF CDM-SIYIN ကအရေးပေါ်သတိပေး


မြန်မာနိုင်ငံနှင့် အိန္ဒိယ ကုန်သွယ် ရေးလမ်းမကြီးဖြစ်သော ကလေးမြို့ နှင့် သိုင်းငင်း လမ်းမကိုယနေ့မနက်၊ဒီဇင်ဘာ၂၉ ရက်မှစတင်ကာ အသုံးမပြုရန် CDF CDM-SIYIN ကအရေးပေါ်သတိပေးကြေညာထားပါတယ်။


"တပ်ချိန်း အကြောင်းပြ ချီတက်လာသော စကစ ကို ပြည်သူ့ကာကွယ်ရေးတပ်မှ အချိန်မရွေး နေရာမရွေး အမှုန့်ချေတိုက်ခိုက်သွားမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံနှင့် အိန္ဒိယ ကုန်သွယ် ရေးလမ်းမကြီးဖြစ်သော ကလေးမြို့ နှင့် သိုင်းငင်း လမ်းမကို အသုံးပြုကြသော ခရီးသွားမိဘပြည်သူများ ဒီဇင်ဘာ၂၉ ရက် မှ စ၍ ဤလမ်းမကို လုံးဝဖြတ်သန်းခြင်းမပြုရန် လေးစားစွာအသိပေးအပ်ပါတယ်"လို့ဆိုထားပါတယ်။ စကစတပ်များဟာ ခရီးသွားပြည်သူများကို အကာအကွယ်ယူ၍ တပ်တည်၊တပ်လှုပ်နဲ့ စစ်ကြောင်းထိုးမှုများကိုမကြာခဏလုပ်ဆောင်လေ့ရှိပါတယ်။


========================


📌📌 ၅။ ကန့်ဘလူနယ်မှာ ယနေ့မနက် စကစတပ်များရှိရာကို ပြည်သူ့ကာကွယ်ရေးတပ်များက လက်လုပ်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်


စစ်ကိုင်းတိုင်း ကန့်ဘလူနယ်မှာ ယနေ့မနက် စကစတပ်များရှိရာကို ပြည်သူ့ကာကွယ်ရေးတပ်များက လက်လုပ်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင်အမှတ် () PDF တပ်ရင်းကအတည်ပြုဆိုပါတယ်။


"ဒီဇင်ဘာ ၂၉ ရက်မနက်တွင် ဒေသခံ ပကဖ များက လက်လုပ်လက်နက်ကြီးများဖြင့် စကစတပ်များရှိရာနေရာသို့ပစ်ခတ်နေပြီး စကစတပ်များအထိအခိုက်ရှိနိုင်ပါတယ်"လို့ဆိုပါတယ်။လတ်တလောမှာ စကစတပ်များ ထိခိုက်ကျဆုံးမှုကိုအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၈ ရက်နေ့ ဇင်းချောင်းရွာတွင်တပ်စွဲထားသော စကစတပ်နှင့်ပျူများက ရွာကို ၁၁ နာရီအချိန်ခန့်တွင် မီးရှို့ခဲ့ ပါသေးတယ်။


========================


📌📌 ၆။ ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက () ရက်အတွင်း ကျေးရွာ () ရွမီးရှို့ဖျက်ဆီးခဲ့


ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက () ရက်အတွင်း ကျေးရွာ () ရွမီးရှို့ဖျက်ဆီးခဲ့ကြောင်းကို ဒီဇင်ဘာ၂၉ ရက်မှာ ချောင်းဦးတော်လှန်ရေးအင်အားစုက အတည်ပြုဆိုပါတယ်။ ဒီဇင်ဘာ ၂၇ ရက်နေ့မှစတင်ကာ ဝယာကျေးရွာနှင့် ရွာသစ်ကျေးရွာနဲ့ ၂၈ ရက်တွင် နဂါးဗိုလ်ကျေးရွာ၊ ကုန်းသာကျေးရွာ၊ တောကျောင်းလေးကျေးရွာနှင့် ထန်းတောကုန်းကျေးရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။ ထို့အပြင် အမြင့်ကျေးရွာမှ ပြည်သူ့နေအိမ်များကိုလည်းအကြမ်းဖက်စစ်ကောင်စီက ဖောက်ထွင်း၍ ပစ္စည်းများယူဆောင်သွားတယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ ဖျော်ဖြေပွဲ၃ပွဲမှ ရရှိသော ငွေကြေးများကို ကာကွယ်ရေးဝန်ကြီးဌာနသို့ ၆၀% နဲ့ CDM အနုပညာရှင်များကို ၄၀% သရုပ်ဆောင် မင်းမော်ကွန်း ထောက်ပို့လှူဒါန်း


ဒီဇင်ဘာနောက်ဆုံးပတ်မှာ သရုပ်ဆောင်မင်းမော်ကွန်းကထောက်ပို့လှူဒါန်းခဲ့တာနှင့်ပတ်သက်ပြီးအခုလို အသိပေးဆိုထားပါတယ်။ "ကျွန်တော်တို့ CDM အနုပညာရှင်များ Bank အကောင့်လေးများပြန်စစ်ပေးပါ ငွေမဝင်သေးရင် ပြန်ပြောပေးပြီးငွေဝင်ရင်တော့ လက်ခံရရှိကြောင်းပြန်ပြောပေးပါ။အားလုံးကိုကူချင်ပေမယ့် တကယ်လိုအပ်နေသူများကိုစီစစ်ကူညီလိုက်တာခွင့်လွှတ်ပေးပါ။အရမ်းမများပေမယ့် ကျွန်တော့် show ပွဲ ပွဲကရရှိငွေရဲ့၄၀ရါခိုင်နှုန်းဖြစ်ပါတယ်။ကျန်တဲ့ ၆၀ ရာခိုင်နှုန်း က MOD ကိုသွားတာဖြစ်ပါတယ်။နောက်ထပ်ပွဲတွေထပ်စီစဉ်ပြီးနိုင်သလောက်ထပ်ကူပါမယ်"လို့ဆိုပါတယ်။ သရုပ်ဆောင်မင်းမော်ကွန်းဟာ သြစတြေးလျနိုင်ငံမှာရောက်ရှိနေပြီးတော့ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာ ဖျော်ဖြေပွဲများမှာ ပါဝင်လျက်ရှိပါတယ်။


========================


📌📌 ၈။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ  မှတ် ရုပ်ရှင်ကို ရုံတင်ပြသမယ်


ဂျပန်နိုင်ငံ တိုကျိုမြို့မှာ  မှတ် ရုပ်ရှင်ကို ရုံတင်ပြသမယ်လို့ ဒီဇင်ဘာ၂၉ ရက်နေ့မှာ Revolution Tokyo Myanmar ကဖော်ပြအသိပေးဆိုပါတယ်။


"၂၀၂၃ ခုနှစ်   ဇန်နဝါရီလ (၁၅) ရက်နေ့  ဂျပန်နိုင်ငံ တိုကျိုမြို့မှာ  မှတ် ရုပ်ရှင်ကို ရုံတင်ပြသမှာ ဖြစ်ပါတယ်။ ရုပ်ရှင် လက်မှတ် တစ်စောင်ကို ယန်း ၂၅၀၀ သတ်မှတ်ထားပါတယ်"လို့ဆိုပါတယ်။


ရုပ်ရှင်ကိုပွဲစဉ် () ချိန် ပြသမှာဖြစ်ပြီး ထိုင်ခုံအရေအတွက် အကန့်အသတ်လေး ရှိလို့ မြန်မြန်ဝယ်မှ စိတ်ချရပါမယ်"လို့ဆိုထားပါတယ်။ ဂျပန်ရောက်တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး   တစ်ခဲနက် လာရောက်အားပေးကြဖို့ လည်း Revolution Tokyo Myanmar က ဖိတ်ခေါ်ထားပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment