၂၀၂၂ ဒီဇင်ဘာလ ၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မြန်မာလူငယ်တွေအပေါ် ဂုဏ်ယူတယ်လို့ ဒေါ်အောင်ဆန်းစုကြည်အမှာစကားပါး
📌 ၂။ အခက်အခဲတွေ ဘယ်လောက် ရှိရှိ NUG တစ်နှစ်တာ မဟာဗျူဟာ အစီအမံတွေကို ထိထိရောက်ရောက်အကောင်အထည်ဖော်သွားမယ်လို့ဆို
📌 ၃။ မြန်မာပြည်ထဲမှာ နေနေတဲ့ လူတိုင်းဟာ ယူကရိန်း သမ္မတ ရောက်နေတဲ့ ရှေ့တန်းနေရာထက် ပို အန္တရာယ်ရှိတဲ့ နေရာ ရောက်နေကြရတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
📌 ၄။ အကြမ်းဖက်စစ်တပ်ဟာ လူပေါင်းလေးထောင်နီးပါးကိုသတ်ဖြတ်ခဲ့ပြီး အိမ်ထောင်စု လေးသောင်းနီးပါးရဲ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့
📌 ၅။ တတိယအသုတ် အထူးပြု ဘာသာရပ်များတွင် ကျောင်းအပ်နှံထားသော နေ့သင်တန်း ၊ နောက်ဆုံးနှစ် အတန်းများသင်ခန်းစာများ စတင်လေ့လာနိုင်ပြီလို့ Myanmar Nway-Oo University မြန်မာ့နွေဦးတက္ကသိုလ်အသိပေး
📌 ၆။ ဒီပဲယင်းမြို့နယ် ကုန်းတဲကျေးရွာကိုအကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ကျေးရွာတွေကို ဆက်တိုက်စစ်ကြောင်းထိုးနေ
📌 ၇။ မြောင်မြို့နယ် ရွှေဘုံသာရွာအား မီးရှို့ထွက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပဒေသာမိုင်းများနဲ့ဖောက်ခွဲတိုက်ခိုက်ရာမိုင်းကွင်းတည့်တည့်ပေါ်ရောက်လာတဲ့ နှစ်ဦးပွဲချင်းပြီး သေဆုံး
📌 ၈။ ရုပ်ရှင်ကြည့်ရင်း တော်လှန်မယ် တော်လှန်ရေးရန်ပုံငွေ ရုပ်ရှင်ပြပွဲ ကျင်းပမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြန်မာလူငယ်တွေအပေါ် ဂုဏ်ယူတယ်လို့ ဒေါ်အောင်ဆန်းစုကြည်အမှာစကားပါး
မြန်မာလူငယ်တွေအပေါ် ဂုဏ်ယူတယ်လို့ ဒေါ်အောင်ဆန်းစုကြည်၏အမှာစကားကို ပရော်ဖက်ဆာ ရှောင်တာနယ်မှ NEWS10 ABC နဲ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ တွေ့ဆုံမေးမြန်းခန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
"သူမ ကျနော့်ကို မှာတာကို မှတ်မိတယ်။ အထူးသဖြင့် မြန်မာလူငယ်တွေအပေါ်မှာ သူမက ဘယ်လောက်အထိ ဂုဏ်ယူသလဲဆိုတာကိုလည်း ပြောတယ်။ ဒီမိုကရေစီ ရဲ့ လွတ်လပ်မှုတွေကို ခဏလောက်ပဲ ခံစားခွင့် ရခဲ့ပေမယ့် ဒီမိုကရေစီအခွင့်အရေးတွေကို ခုခံကာကွယ်ဖို့ မြန်မာပြည်သူတွေ အဆင်သင့်ဖြစ်နေတာကို သူမ ကအရမ်းဂုဏ်ယူတယ်။"လို့ ပရော်ဖက်ဆာ ရှောင်တာနယ်ကဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က ပရော်ဖက်ဆာ ရှောင်တာနယ် နဲ့တွေ့ဆုံခွင့်ရတဲ့အချိန်မှာ မှာလိုက်တဲ့ အမှာစကားလည်းဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၂။ အခက်အခဲတွေ ဘယ်လောက် ရှိရှိ NUG တစ်နှစ်တာ မဟာဗျူဟာ အစီအမံတွေကို ထိထိရောက်ရောက်အကောင်အထည်ဖော်သွားမယ်လို့ဆို
အခက်အခဲတွေ ဘယ်လောက် ရှိရှိ NUG တစ်နှစ်တာ မဟာဗျူဟာ အစီအမံတွေကို ထိထိရောက်ရောက်အကောင်အထည်ဖော်သွားမယ်လို့ဒီဇင်ဘာ၆ရက်နေ့ အစိုးရအဖွဲ့ ကက်ဘိနက်အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကဆိုပါတယ်။
"ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အခက်အခဲတွေ ဘယ်လောက် ရှိရှိ ကျွန်တော်တို့ချမှတ်ထားတဲ့ တစ်နှစ်တာ မဟာဗျူဟာ အစီအမံတွေကို ထိထိရောက်ရောက်အကောင်အထည်ဖော်သွားပြီး ရည်မှန်းထားခဲ့တဲ့အတိုင်း ဒီတစ်နှစ် ဟာ တော်လှန်ရေးရဲ့အဆုံးအဖြတ်နှစ် ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို ပြည့်ဝအောင် ကြိုးစားကြရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များဆင်နွှဲဖို့ အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။ လက်ရှိမှာ စစ်ရေး အရှိန်ကိုမြှင့်တင်လျက်ရှိပြီးတော့ တစ်နှစ်တာ မဟာဗျူဟာ စီမံချက်ကိုရေးဆွဲ အကောင်အထည်ဖော်လျက်ရှိပါတယ်။
========================
📌📌 ၃။ မြန်မာပြည်ထဲမှာ နေနေတဲ့ လူတိုင်းဟာ ယူကရိန်း သမ္မတ ရောက်နေတဲ့ ရှေ့တန်းနေရာထက် ပို အန္တရာယ်ရှိတဲ့ နေရာ ရောက်နေကြရတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
မြန်မာပြည်ထဲမှာ နေနေတဲ့ လူတိုင်းဟာ ယူကရိန်း သမ္မတ ရောက်နေတဲ့ ရှေ့တန်းနေရာထက် ပို အန္တရာယ်ရှိတဲ့ နေရာ ရောက်နေကြရတယ်လို့ဒီဇင်ဘာ၇ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုပါတယ်။
"ငါတို့ အားလုံး ရှေ့တန်းရောက်နေကြတာ။ မြန်မာပြည်ထဲမှာ နေနေတဲ့ လူတိုင်းဟာ ယူကရိန်း သမ္မတ ရောက်နေတဲ့ ရှေ့တန်း စစ်မြေပြင် ဆိုတဲ့ နေရာထက် ပို အန္တရာယ်ရှိတဲ့ နေရာ ရောက်နေကြတာဖြစ်တယ်။ ဘယ်ချိန် အသက်ဘေး ဘာဖြစ်လာမလဲ ဆိုတာ ကြိုမတွေးနိုင်တဲ့ အနေအထားမှာ ဘဝ တွေဟာ အချိန်မရွေး ကြွေလွင့်သွားနိုင်တယ်"လို့ဝန်ကြီးကဆိုပါတယ်။
မြန်မာနိုင်ငံသားအားလုံးဟာ လုံခြုံမှုကင်းမဲ့ဇုံထဲ ရောက်နေကြပြီးတော့ သတိနဲ့လှုပ်ရှားသွားလာနေကြရတယ်လို့ ဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်တပ်ဟာ လူပေါင်းလေးထောင်နီးပါးကိုသတ်ဖြတ်ခဲ့ပြီး အိမ်ထောင်စု လေးသောင်းနီးပါးရဲ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့
အကြမ်းဖက်စစ်တပ်ဟာ လူပေါင်းလေးထောင်နီးပါးကိုသတ်ဖြတ်ခဲ့ပြီး အိမ်ထောင်စု လေးသောင်းနီးပါးရဲ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီဇင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခန်း အစီအစဥ်တစ်ခုမှာ အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာ လှလှစိုးကပြောကြားခဲ့ပါတယ်။
"ကျမတို့ရဲ့ သုတေသန ဌာနက မှတ်တမ်းတင်ထားတာ အခုဆိုရင် လူပေါင်း လေးထောင်နီးပါးကို သတ်ဖြတ်ခဲ့တယ်။ဖမ်းဆီးချုပ်နှောင်ခံရတာ တစ်သောင်းခုနစ်ထောင်လောက်ရှိတယ်။ဒါက ဖမ်းဆီးပြီးတော့ ထောင်ချတာတို့၊အချုပ်ခန်းထဲမှာထည့်ထားတာတို့ဖြစ်ပါတယ်။အိမ်တွေကို မီးရှို့တာကတော့ ပိမ်ထောင်စုလေးသောင်းနီးပါးရဲ့ အိမ်တွေမီးရှို့ခဲ့တာကိုတွေ့ရပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ဒါ့အပြင် စကစတပ်များ ကျူးလွန်၍ မဒိန်းမှုတိုင်ကြားချက် ၁၈၂ မှုရှိပြီး မဒိန်းပြုကျင့် သတ်ဖြတ် မီးရှို့တာတွေပါဝင်တယ်လို့ ဆိုပါတယ်။
========================
📌📌 ၅။ တတိယအသုတ် အထူးပြု ဘာသာရပ်များတွင် ကျောင်းအပ်နှံထားသော နေ့သင်တန်း ၊ နောက်ဆုံးနှစ် အတန်းများသင်ခန်းစာများ စတင်လေ့လာနိုင်ပြီလို့ Myanmar Nway-Oo University မြန်မာ့နွေဦးတက္ကသိုလ်အသိပေး
ဒီဇင်ဘာ ၇ ရက်မှာ Myanmar Nway-Oo University မြန်မာ့နွေဦးတက္ကသိုလ်က အခုလိုအသိပေးဖော်ပြပါတယ်။ တတိယအသုတ်ဝိဇ္ဇာ နှင့် သိပ္ပံ ဘာသာရပ်များကို Moodle (LMS) တွင်ဒီဇင်ဘာ၇ရက်နေ့ကစတင်လေ့လာနိုင်ပြီးMoodle Account နှင့် password မရသေးပါက ခေတ္တစောင့်ပေးကြပါရန်ပန်ကြားထားပါတယ်။
စာသင်ယူရမည့်ကာလမှာ (၃) လ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့ မှ ၂၀၂၃ ခုနှစ် မတ်လ (၆) ရက်ထိ ဖြစ်ပါတယ်။ semester ပြီးမြောက်ကြောင်း စာမေးပွဲများကိုလည်း Moodle တွင်သာ ဖြေဆိုကြရမည်ဖြစ်ပြီး ရရှိလာသည့် အမှတ်များကို MNOU မှ သိမ်းဆည်းပေးထားမှာဖြစ်ပါတယ်။
========================
📌📌 ၆။ ဒီပဲယင်းမြို့နယ် ကုန်းတဲကျေးရွာကိုအကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ကျေးရွာတွေကို ဆက်တိုက်စစ်ကြောင်းထိုးနေ
ဒီဇင်ဘာ ၇ ရက်နေ့မှာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကုန်းတဲကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ကျေးရွာတွေကို ဆက်တိုက်စစ်ကြောင်းထိုးနေတယ်လို့သတင်းရရှိပါတယ်။
"ဒီပဲယင်းမြို့နယ် ကုန်းတဲကျေးရွာကိုအကြမ်းဖက်များ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ကုန်းတဲရွာကို မီးရှို့ဖျက်ဆီးနေတဲ့အကြမ်းဖက်စကစတပ်များဟာ အင်ပင်ကျေးရွာအရှေ့ဘက်ကို ရှေ့ပြေးထွက်လာနေပါတယ်"ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကအတည်ပြုဆိုပါတယ်။ လတ်တလောမှာ နီးစပ်ရာ ရွာများမှ ဒေသခံများ ကြိုတင်တိမ်းရှောင်ရန် တော်လှန်ရေးအင်အားစုများကအသိပေးနှိုးဆော်ထားပါတယ်။
========================
📌📌 ၇။ မြောင်မြို့နယ် ရွှေဘုံသာရွာအား မီးရှို့ထွက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပဒေသာမိုင်းများနဲ့ဖောက်ခွဲတိုက်ခိုက်ရာမိုင်းကွင်းတည့်တည့်ပေါ်ရောက်လာတဲ့ နှစ်ဦးပွဲချင်းပြီး သေဆုံး
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရွှေဘုံသာရွာအား မီးရှို့ထွက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပဒေသာမိုင်းများနဲ့ဖောက်ခွဲတိုက်ခိုက်ရာမိုင်းကွင်းတည့်တည့်ပေါ်ရောက်လာတဲ့ နှစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်းကို ဒီဇင်ဘာ ၇ရက်နေ့မှာ စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDF က စစ်ရေးသတင်းကိုပတည်ပြုဆိုပါတယ်။
"ဒီဇင်ဘာ ၆ ရက်မြောင်မြို့နယ်၊ကျောက်ရစ်စခန်းမှထွက်လာပြီး ရွှေဘုံသာရွာအား မီးရှိုထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား စစ်ကိုင်းခရိုင်တပ်ရင်အမှတ်(၄)-MSPDF မိုင်းတပ်စိပ်ရဲဘော်များမှ MSPDFထုတ် ပြင်းအားမြင့် ပဒေသာမိုင်းလုံးများဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ပွိုင့်တည့်တည့်တွင် ရောက်လာသောအကြမ်းဖက်တပ်သား (၂) ဦးမှာ နေရာတွင်ပွဲချင်းပြီးသေဆုံးပါတယ်"လို့ဆိုပါတယ်။
မိိုင်းဆွဲတိုက်ခိုက်မှု အပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ ဒဏ်ရာရရဲ့ဘော်များကို ကျောက်ရစ်စခန်းထဲသို့ ဆေးကုသပေးရန်ပြန်လာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းအား ညီနောင်မဟာမိတ်များနှင့်အတူ အသင့်စောင့်ဆိုင်းပြီး ခြုံခိုတိုက်ခိုက်ခဲ့ရာ စကစဘက်ကရှေ့ပြေး(ပွိုင့်) တပ်သား (၂) ဦးမှာ ပြန်လည် ခုခံပြင်ဆင်ချိန်မရဘဲ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့သတင်းရရှိပါတယ်။
တိုက်ခိုက်မှုများတွင်စစ်ကိုင်းခရိုင်တပ်ရင်း အမှတ်(၄)-MSPDF နှင့်အတူ
- မြင်းခြံခရိုင် တပ်ရင်းအမှတ် (၁)
- မြင်းခြံခရိုင် တပ်ရင်းအမှတ် (၃)
- မြင်းခြံခရိုင် တပ်ရင်းအမှတ် (၄) တို့မှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
========================
📌📌 ၈။ ရုပ်ရှင်ကြည့်ရင်း တော်လှန်မယ် တော်လှန်ရေးရန်ပုံငွေ ရုပ်ရှင်ပြပွဲ ကျင်းပမယ်
ရုပ်ရှင်ကြည့်ရင်း တော်လှန်မယ် တော်လှန်ရေးရန်ပုံငွေ ရုပ်ရှင်ပြပွဲ MEF ကနေဒါ ဒီဇင်ဘာ ၁၇ ရက်နေ့ ကျင်းပမယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စမှတ်ရုပ်ရှင်ကိုပြသမှာဖြစ်ပြီးတော့ Movie Ticket တစ်စောင် $20 နဲ့ ယခုမှစတင်ရောင်းချပေးနေပြီဖြစ်ပါတယ်။ ရုပ်ရှင်လက်မှတ််ပေါ်မှာ Door Prize (lucky draw number) ပါရှိတဲ့အတွက် လက်မှတ်များ ကြိုတင် reserve လုပ်ထားရန် နှင့် လက်မှတ်ထုတ်ရန် နှင့် ရုပ်ရှင်ကြည့်ရန် 3:30 pm ထက် နောက်မကျပဲ ရုပ်ရှင်ရုံသို့ ရောက်ရှိရန်လိုအပ်မှာဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment