12th JAN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူတွေ ပုံစံမျိုးစုံနဲ့ ဒုက္ခခံနေရတာ၊ အသက်ဆုံးရှုံးမှုတွေ ဖြစ်နေရတာကို  အင်မတန်  ဝမ်းနည်း စိတ်မကောင်းဖြစ်ရတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြာ

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် နှင့် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRKH) တို့တွေ့ဆုံဆွေးနွေး

📌 ၃။ စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်အတွင်းရှိ မုံလှကျေးရွာ၊မြင်းဒေါင်းကျေးရွာတို့ လေကြောင်း၊ ကြည်းကြောင်းဖြင့် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ် ကို လူ့အခွင့်ရေးဝန်ကြီးဌာနထုတ်ပြန်

📌 ၄။ အပြစ်မဲ့တဲ့ကျောင်းသားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတွေကို တာဆီးဖို့ ရှုံ့ချဖို့နဲ့ ကျူးလွန်သူတွေ အပြစ်စီရင်ခံရအောင်လုပ်ဆောင်ဖို့က လူကြီးတွေရဲ့တာဝန်ဖြစ်တယ်လို့ဆို

📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က NUG ၏မူဝါဒနှင့်အညီ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေး၊ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းပေးခဲ့

📌 ၆။ စစ်ကောင်စီမှ CNF  Camp Victoria ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုအပေါ်  ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီကပြင်းထန်စွာရှုတ်ချ

📌 ၇။ ရေးမြို့နယ် ကျုံလောင်းရွာဟောင်းရှိ MYTEL တာဝါတိုင်အား ရေးဘီလူးအဖွဲ့ မီးရှို့ ဖျက်သိမ်း

📌 ၈။ လက်နက်ပွဲစား ထွန်းမင်းလတ်ကို ဖမ်းဆီးချိန် သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေမှာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးတွေ  ပိုင်ဆိုင်တဲ့ အဆင့်မြင့်ဇိမ်ခံဘန်ကောက်ကွန်ဒိုတစ်လုံးနဲ့ Siam Commercial Bank ဘဏ်စာအုပ်နှစ်အုပ်တို့ ပါဝင်

📌 ၉။ ချင်းအမျိုးသားတပ်ဦးဌာနချုပ်တည်ရှိရာကို စကစတပ်က ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူတွေ ပုံစံမျိုးစုံနဲ့ ဒုက္ခခံနေရတာ၊ အသက်ဆုံးရှုံးမှုတွေ ဖြစ်နေရတာကို  အင်မတန်  ဝမ်းနည်း စိတ်မကောင်းဖြစ်ရတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား


ပြည်သူတွေ ပုံစံမျိုးစုံနဲ့ ဒုက္ခခံနေရတာ၊ အသက်ဆုံးရှုံးမှုတွေ ဖြစ်နေရတာကို  အင်မတန်  ဝမ်းနည်း စိတ်မကောင်းဖြစ်ရတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၁၀ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။


"တော်လှန်ရေးဟာ နေရာတိုင်းမှာ အရှိန်အဟုန်နဲ့ သွားနေချိန်မို့ တော်လှန်ရေးအင်အားစုတွေဘက်က အားသာမှုတွေ၊ အောင်မြင်မှုတွေကို ကြားသိရလို့ ဝမ်းသာအားတက်မှုတွေ ဖြစ်ရသလို ကျွန်တော်တို့ရဲ့ ပြည်သူတွေ ပုံစံမျိုးစုံနဲ့ ဒုက္ခခံနေရတာ၊ အသက်ဆုံးရှုံးမှုတွေ ဖြစ်နေရတာကို ကြားသိရတာ  အင်မတန်  ဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ လူပေါင်းနှစ်ထောင်ကျော်ကိုသတ်ဖြတ်ခဲ့ပြီး လူပေါင်းတစ်သောင်းကျော်ကိုဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် နှင့် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRKH) တို့တွေ့ဆုံဆွေးနွေး


အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် နှင့် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRKH) တို့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးချုပ် နှင့် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRKH) တို့တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့ နေ့လည် နာရီတွင် online မှတဆင့်ကျင်းပခဲ့ပါတယ်။


တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားပြီး ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်မှ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခြင်း၊ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်မှ NUG အနေဖြင့်ဆောင်ရွက်နေသော one year plan နဲ့ ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော CRKH မှ လွှတ်တော်ကိုယ်စားများက  လုပ်ဆောင်နေသော အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


တွေ့ဆုံဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ကရင်ပြည်နယ်လွတ်တော်ကိုယ်စားပြုကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန်၊ တွဲဘက်အတွင်းတို့ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်အတွင်းရှိ မုံလှကျေးရွာ၊မြင်းဒေါင်းကျေးရွာတို့ လေကြောင်း၊ ကြည်းကြောင်းဖြင့် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ် ကို လူ့အခွင့်ရေးဝန်ကြီးဌာနထုတ်ပြန်


စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်အတွင်းရှိ မုံလှကျေးရွာ၊မြင်းဒေါင်းကျေးရွာတို့ လေကြောင်း၊ ကြည်းကြောင်းဖြင့် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ် ကို လူ့အခွင့်ရေးဝန်ကြီးဌာနထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီ ၁၁ ရက်နေ့မှာ NUG လူ့အခွင့်ရေးရာဝန်ကြီးဌာနကဖော်ပြပါတယ်။


အကြမ်းဖက်စစ်တပ်၏ တပ်မ (၃၃) မှ အကြမ်းဖက်စစ်သားများသည် မုံလှကျေးရွာ၊မြင်းဒေါင်းကျေးရွာ တို့အား လေကြောင်း၊ကြည်းကြောင်း နှစ်မျိုးစလုံးအသုံးပြု၍ အကြမ်းဖက်ခဲ့ခြင်းကြောင့် () နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် ပြည်သူ (၁၇) ဦး သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။


ထို့ပြင် စစ်ရေးဆိုင်ရာပစ်မှတ်ဖြစ်ခြင်းမှ ကာကွယ်ခံရမည့် ကျေးလက်ကျန်းမာရေးဆေးပေးခန်းအပါအဝင် အိမ်ခြေ ၁၅၀ ခန့် မီးရှို့ ဖျက်စီးခံခဲ့ရပါတယ်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။


========================


📌📌 ၄။ အပြစ်မဲ့တဲ့ကျောင်းသားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတွေကို တာဆီးဖို့ ရှုံ့ချဖို့နဲ့ ကျူးလွန်သူတွေ အပြစ်စီရင်ခံရအောင်လုပ်ဆောင်ဖို့က လူကြီးတွေရဲ့တာဝန်ဖြစ်တယ်လို့ဆို


အပြစ်မဲ့တဲ့ကျောင်းသားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတွေကို တာဆီးဖို့ ရှုံ့ချဖို့နဲ့ ကျူးလွန်သူတွေ အပြစ်စီရင်ခံရအောင်လုပ်ဆောင်ဖို့က လူကြီးတွေရဲ့တာဝန်ဖြစ်တယ်လို့ဆိုပါတယ်။ ဇန်နဝါရီ ၁၁ ရက် ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဂျာထွယ်ပန်က လူမှုကွန်ရက်မှာအသိပေးဖော်ပြပါတယ်။


"ကလေးတွေ လုံခြုံငြိမ်းချမ်းစွာ စာသင်ကြားနေရမဲ့ကျောင်းတွေမှာ ဒီလိုဗုံးခိုကျင်းတွေတူးပြီးနေနေရပါတယ်။ လေယာဉ်လာမဲ့အန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်နေရပါတယ်။  ကျောင်းတွေကို ကလေးတွေလုံခြုံစွာစာသင်ကြားနိုင်တဲ့နေရာအဖြစ်ဖန်တီးပေးဖို့ကလူကြီးတွေရဲ့တာဝန်ဖြစ်သလို၊ လူမဆန်စွာအပြစ်မဲ့တဲ့ကျောင်းသားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတွေကို တာဆီးဖို့ ရှုံ့ချဖို့နဲ့ ကျူးလွန်သူတွေ အပြစ်စီရင်ခံရအောင်လုပ်ဆောင်ဖို့ကလည်း လူကြီးတွေရဲ့တာဝန်ပါ"လို့ဆိုပါတယ်။ 


ပြီးခဲ့တဲ့နှစ်အတွင်း စကစတပ်များဟာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းကို စစ်သုံးရဟတ်ယာဥ်များနဲ့ပစ်ခတ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ သေဆုံးခဲ့ရပါတယ်။


========================


📌📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က NUG ၏မူဝါဒနှင့်အညီ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေး၊ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းပေးခဲ့


အမျိုးသားညီညွတ်ရေးအစိုးရ၊ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က NUG ၏မူဝါဒနှင့်အညီ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေး၊ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းပေးခဲ့ပါတယ်။ ဇန်နဝါရီ ၁၁ ရက်မှာ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးဆိုပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ၊ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က NUG ၏မူဝါဒနှင့်အညီ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေး၊ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းပေးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


ပုလဲမြို့နယ်အတွင်း ကျေးရွာပေါင်း၂၀၀ကျော်ရှိသည့်အနက် ၈၀ရါခိုင်နှုန်းကျော် ရပ်ကျေး ပကဖ၊ပကဖ အဖွဲ့ ဖွဲ့စည်းပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီမှ CNF Camp Victoria ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုအပေါ်  ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီကပြင်းထန်စွာရှုတ်ချ


စစ်ကောင်စီမှ CNF Camp Victoria ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုအပေါ်  ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီကပြင်းထန်စွာရှုတ်ချလိုက်ပါတယ်။ ဇန်နဝါရီ ၁၁ ရက်မှာ CRCH သဘောထား ထုတ်ပြန်ကြေညာချက်ကိုဖော်ပြခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ (၁၀) ရက်၊ ဒေသစံတော်ချိန် ညနေ :၃၀ နာရီခန့်တွင် မတရားအာဏာ သိမ်းစစ်ကောင်စီသည် ချင်းအမျိုးသားတပ်ဦးဌာနချုပ်၊ Camp Victoria အားတိုက်လေယာဉ်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်လို့ဆိုပါတယ်။


ဤကဲ့သို့ ဖက်ဒရယ်ပြည်ထောင်စုကို လိုလားနေကြသော ပြည်သူလူထုတစ်ရပ်လုံး၏ သဘောထားနှင့် ရပ်တည်ချက်များကို အလေးမထား၊ ပြောင်ပြောင်တင်းတင်းမျက်ကွယ်ပြုကာ ပြောင်းဝတွင် အာဏာရှိသည်ဟူ၍ လက်နက်အားကိုးဖြင့် မိုက်မဲလွဲမှားသည့် မူဝါဒနှင့်လုပ်ရပ် များအပေါ် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ(CRCH) မှ ပြင်းထန်စွာရှုတ်ချလိုက်တယ်လို့ဖော်ပြပါတယ်။ ယခုကဲ့သို့ စစ်ကောင်စီ၏ ရက်စက်စွာစစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများကြောင့် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူဒါန်းသွားသော ချင်းအာဇာနည်ရဲဘော်များအတွက် အထူး ဝမ်းနည်း ကြေကွဲရပါကြောင်းနှင့် ချင်းအာဇာနည်ရဲဘော်များအား လေးလေးနက်နက်အလေးပြု မှတ်တမ်းတင်အပ်ပါတယ်လို့ဆိုပါတယ်။


တစ်ဖက်တွင် ၂၀၂၃ ခုနှစ်ကုန်အထိ အပစ်အခတ်ရပ်ဆဲမည်ဟု အာဏာရှူးစစ်ကောင်စီ၏ ထုတ်ဖော် ပြောဆိုကြေညာချက်သည် အလိမ်အညာယုတ်မာမှု သက်သက်သာဖြစ်ကြောင်း၊ ၎င်းတို့၏ လုပ်ရပ်အပေါ် သက်သေသာဓကအဖြစ် မြင်တွေ့ရ၍ ပြည်သူလူထုတစ်ရပ်လုံး၏ စစ်ကောင်စီအပေါ် နာကြည်းမှုပိုမိုအားကောင်းလာစေခဲ့တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၇။ ရေးမြို့နယ် ကျုံလောင်းရွာဟောင်းရှိ MYTEL တာဝါတိုင်အား ရေးဘီလူးအဖွဲ့ မီးရှို့ ဖျက်သိမ်း


မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းရွာဟောင်းရှိ MYTEL တာဝါတိုင်အား ရေးဘီလူးအဖွဲ့ မီးရှို့ ဖျက်သိမ်းလိုက်ပါတယ်။ ဇန်နဝါရီ ၁၁ ရက်မှာ ရေးဘီလူးအဖွဲ့ကအသိပေးဆိုပါတယ်။


"မွန်ပြည်နယ် (​ ရေးမြိုနယ်)အတွင်း ကျုံလောင်းရွာဟောင်းကျေးရွာရေးဘီလူးအဖွဲ့ ထိမ်းချုပ်ထားသည့်နယ်မြေအတွင်း စကစ ယန္တရား    ဖြစ်သည့် MYTEL တာဝါတိုင်ကို ၁၀ ရက်နေ့ ည၁၁နာရီအကျော်အတွင်းမှာ ကျွန်ုပ်တို့ရေးဘီလူးအဖွဲ့မှ အပြီးဖျက်သိမ်းလိုက်ပါတယ်"လို့ဆိုပါတယ်။ ကျုံလောင်းရွာဟောင်းကျေးရွာအတွင်း စကစ ပညာရေးစနစ်ကိုလည်း ပိတ်သိမ်းလိုက်ကြောင်းဖော်ပြထားပါတယ်။


========================


📌📌 ၈။ လက်နက်ပွဲစား ထွန်းမင်းလတ်ကို ဖမ်းဆီးချိန် သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေမှာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးတွေ  ပိုင်ဆိုင်တဲ့ အဆင့်မြင့်ဇိမ်ခံဘန်ကောက်ကွန်ဒိုတစ်လုံးနဲ့ Siam Commercial Bank ဘဏ်စာအုပ်နှစ်အုပ်တို့ ပါဝင်


လက်နက်ပွဲစား ထွန်းမင်းလတ်ကို ဖမ်းဆီးချိန် သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေမှာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးတွေ  ပိုင်ဆိုင်တဲ့ အဆင့်မြင့်ဇိမ်ခံဘန်ကောက်ကွန်ဒိုတစ်လုံးနဲ့ Siam Commercial Bank ဘဏ်စာအုပ်နှစ်အုပ်တို့ ပါဝင်ပါတယ်။ ဇန်နဝါရီ ၁၁ ရက်မှာ Justice For Myanmar ကထုတ်ပြန်ဖော်ပြပါတယ်။


မြန်မာခရိုနီ လက်နက်ပွဲစား ထွန်းမင်းလတ်ကို ဖမ်းဆီးချိန် သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေမှာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးတွေ  ပိုင်ဆိုင်တဲ့ အဆင့်မြင့်ဇိမ်ခံဘန်ကောက်ကွန်ဒိုတစ်လုံးနဲ့ Siam Commercial Bank ဘဏ်စာအုပ်နှစ်အုပ်တို့ ပါဝင်ကြောင်း Justice For Myanmar က ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်မှာ ဖွင့်ချထားပါတယ်။


ထွန်းမင်းလတ်နဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက် သုံးဦးတို့ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ စက်တင်ဘာလ ၁၇ ရက်နေ့ အရုဏ်တက်ချိန်မှာ စီးနင်း ဖမ်းဆီးခဲ့ပြီး၊ သူတို့ကို  မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတို့နဲ့  ဒီဇင်ဘာ ၁၃ ရက်နေ့က စွဲချက်တင် ခဲ့ပါတယ်။ ထွန်းမင်းလတ်ရဲ့ ရာဇ၀တ်မှုတွေနဲ့ ဆက်စပ်နေတဲ့ အထောက်အထားတွေ ရှိနေပေမယ့် ထိုင်းအာဏာပိုင်တွေဟာ အောင်ပြည်စုံနဲ့ ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူထားခြင်းမရှိသေးကြောင်း Justice For Myanmar က နားလည်ထားတယ်လို့ဆိုပါတယ်။


ထိုင်းအာဏာပိုင်တွေအနေနဲ့ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး၊ စွဲဆိုထားတဲ့ ရာဇဝတ်မှုကနေ သူတို့တွေ အကျိုးအမြတ်ရရှိခဲ့ခြင်းရှိမရှိကို စုံစမ်းစစ်ဆေးဖို့နဲ့  စစ်အုပ်စုအဖွဲ့ဝင်တွေ၊  သူတို့ရဲ့ မိသားစုတွေနဲ့  အားပေးပံ့ပိုးနေတဲ့ ထောက်တိုင်တွေက ထိုင်းဘဏ်တွေကို အသုံးပြုနေကြတာတွေနဲ့ ထိုင်းနိုင်ငံမှာ  ပိုင်ဆိုင်မှုတွေ  ဝယ်ယူနေကြတာတွေကို ပိတ်ပင်တားဆီးဖို့ Justice For Myanmar က တိုက်တွန်းတောင်းဆိုထားပါတယ်။


========================


📌📌 ၉။ ချင်းအမျိုးသားတပ်ဦးဌာနချုပ်တည်ရှိရာကို စကစတပ်က ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်


ချင်းအမျိုးသားတပ်ဦးဌာနချုပ်တည်ရှိရာကို စကစတပ်က ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၁ ရက် ညနေ နာရီအချိန် တိုက်လေယာဉ် ၃စီးဖြင့် ဗုံးကြဲချခဲ့တာလို့ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုဆိုထားပါတယ်။ လတ်တလောမှာ ထိခိုက်ပျက်စီးမှုအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။


ဇန်နဝါရီလ ၁၀ ရက်နေ့ညနေ နာရီခွဲအချိန်က ချင်းအမျိုးသားတပ်ဦး (CNF/A) ဌာနချုပ်ကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဂျက်လေယာဉ် ငါးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် CNF/A တပ်ဖွဲ့ဝင် ငါးဦးကျဆုံးခဲ့ပါတယ်။ ကျဆုံးသူ ငါးဦးမှာ Salai Van Ceu Salai Duh Tin Mai Ngun Hlei Par Mai Sui Len Par နှင့် Salai Kil Mang တို့ဖြစ်ကြပါတယ်။


ယခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ရေဒီယိုအန်ယူဂျီသတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်ရှင်






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment