29th JAN 2023 - Evening Daily News by Radio NUG

၂၀၂၃ ဇန်နဝါရီလ ၂၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းကူညီသူမှန်သမျှနိုင်ငံတော်ပုန်ကန်မှု အားပေး ကူညီသူများအဖြစ် သတ်မှတ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထုတ်ပြန်

📌 ၂။ ချက်သမ္မတနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ general_pavel ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို

📌 ၃။ အသံတိတ်သပိတ်ကို ဉာဏ်နဲ့ ယှဉ်ပြီး လုံခြုံစွာ ဘေးအန္တရာယ်ကင်းကင်းနဲ့ ပါဝင်ပေးကြဖို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား

📌 ၄။ NUG ရဲ့ မိုးကုတ်ကျောက်မျက်လုပ်ကွက်များမှာ ကြိုတင်ရင်းနှီးမြုပ်နှံခြင်းဟာ သာမာန် ငွေ အမြတ်ရရှိဖို့ ထက်ပိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းပြောကြား

📌 ၅။ CDM လုပ်ခြင်းအားဖြင့်ပညာရေးစနစ်ကိုပြုပြင်နေတာဖြစ်ပြီး သက်ရောက်မှုကလည်းကြီးတယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ဆို

📌 ၆။ ပိန်းဇလုတ်မြို့အခြေစိုက် ခမရ(၂၆၄) တပ်အတွင်းသို့ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ညောင်လေးပင် ပကဖ နှင့် ကျောက်တံခါး ပကဖတို့ M79 ဖြင့် ပစ်ခတ်တိုက်ခိုက်

📌 ၇။ မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ပျူစောထီးကျေးရွာတွင်းမှ ထွက်လာသော စကစတပ်ဖွဲ့ဝင်နဲ့အုပ်ချုပ်ရေးမှူးတိုက်မိုင်းမိ၍ သုံးဦးစလုံးသေဆုံး

📌 ၈။ မြန်မာ့နွေဦးတော်လှန်ရေး လူထုတိုက်ပွဲ နှစ်ပြည့်အကြို သံပုံးတီး ဆန္ဒဖော်ထုတ်ပွဲအမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းကူညီသူမှန်သမျှနိုင်ငံတော်ပုန်ကန်မှု အားပေး ကူညီသူများအဖြစ် သတ်မှတ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထုတ်ပြန်


ဇန်နဝါရီ၂၉


ဇန်နဝါရီ ၂၉ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်ကော်မတီက ရွေးကောက်ပွဲနှင့်ပတ်သက်၍ အခုလိုထုတ်ပြန်ကြေညာခဲ့ပါတယ်။


"တည်ဆဲဥပဒေများကိုချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားသောစစ်ကောင်စီ၏ ဆောင်ရွက်မှုမှန်သမျှသည် တရားဝင်မှုမရှိသဖြင့် ၎င်းတို့ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲအား မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ခိုင်မာစွာဆန့်ကျင်ကန့်ကွက်နေမှာဖြစ်ပါတယ်။ စစ်ကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်မည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာတွင် အားပေး ကူညီသူများအဖြစ် သတ်မှတ်မှာဖြစ်တယ်"လို့ဖော်ပြပါတယ်။


စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို အဓမ္မလုယူသိမ်းပိုက်ထားသည့်ကာလအတွင်း တိုင်းပြည်၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့သည် ဆိုးဝါးစွာကျဆင်းလျက်ရှိနေပြီး ပြည်သူလူထုတို့မှာ အတိဒုက္ခ ရောက်လျက်ရရှိနေသည်ကိုလျစ်လျူရှုကာ ၎င်းတို့အာဏာကို ဆက်လက်ချုပ်ကိုင်နိုင်ရေးအတွက်   အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံရေးအရတရားဝင်မှုကို ရယူရန်ကြိုးပမ်းအားထုတ်လျက်ရှိနေ သည်ကို မြင်တွေ့နေရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကထုတ်ပြန်ပါတယ်။


========================


📌📌 ၂။ ချက်သမ္မတနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ general_pavel ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို


ဇန်နဝါရီ ၂၉ ရက်


ချက်သမ္မတနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့general_pavelကို ဂုဏ်ယူဝမ်းမြောက်ကြောင်း နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇန်နဝါရီ၂၉ရက် Twitter မှတစ်ဆင့်ရေးသားထားပါတယ်။


"သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့အတွက် general_pavel ကိုဂုဏ်ယူဝမ်းမြောက်ပါတယ်"လို့ ရေးသားထားပါတယ်။ Petr Pavel ဟာ ချက်သမ္မတနိုင်ငံသမ္မတသစ်ဖြစ်လာရန် ပြိုင်ဆိုင်မှုတွင် ဝန်ကြီးချုပ်ဟောင်း Andrej Babis ကို စနေနေ့က အပြတ်အသတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၃။ အသံတိတ်သပိတ်ကို ဉာဏ်နဲ့ ယှဉ်ပြီး လုံခြုံစွာ ဘေးအန္တရာယ်ကင်းကင်းနဲ့ ပါဝင်ပေးကြဖို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား


ဇန်နဝါရီ ၂၉ ရက်


အသံတိတ် သပိတ် ကို ဉာဏ်နဲ့ ယှဉ်ပြီး လုံခြုံစွာ ဘေးအန္တရာယ်ကင်းကင်းနဲ့ ပါဝင်ပေးကြဖို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကဇန်နဝါရီလနောက်ဆုံးအပတ်မှာ ပြောကြားလိုက်ပါတယ်။


"အသံတိတ် သပိတ် ကို ဉာဏ်နဲ့ ယှဉ်ပြီး လုံခြုံစွာ ဘေးအန္တရာယ်ကင်းကင်းနဲ့ ပါဝင်ပေးကြပါ"လို့ဆိုပါတယ်။


တစ်မြို့လုံး တစ်နိူင်ငံလုံး တိတ်ဆိတ် ငြိမ်သက်ခြင်း သပိတ်ကို ဖေဖော်ဝါရီလ ရက် ၂၀၂၃ခုနှစ်  နံနက် ၁၀ နာရီ မှ ညနေ ၃နာရီအတွင်း လှုပ်ရှားပါဝင်ကြရမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ရက်နေ့ဟာ အာဏာလုစစ်ကောင်စီရဲ့ မအောင်မြင်သော အာဏာလုတဲ့နေ့တစ်နေ့လည်းဖြစ်ပါတယ်။


========================


📌📌 ၄။ NUG ရဲ့ မိုးကုတ်ကျောက်မျက်လုပ်ကွက်များမှာ ကြိုတင်ရင်းနှီးမြုပ်နှံခြင်းဟာ သာမာန် ငွေ အမြတ်ရရှိဖို့ ထက်ပိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းပြောကြား


NUG ရဲ့ မိုးကုတ်ကျောက်မျက်လုပ်ကွက်များမှာ ကြိုတင်ရင်းနှီးမြုပ်နှံခြင်းဟာ သာမာန် ငွေ အမြတ်ရရှိဖို့ ထက်ပိုတယ်လို့ ဇန်နဝါရီ၂၉ရက်မှာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြအသိပေးထားပါတယ်။


"NUG ရဲ့ မိုးကုတ်ကျောက်မျက်လုပ်ကွက်များမှာ ကြိုတင်ရင်းနှီးမြုပ်နှံခြင်းဟာ သာမာန် ငွေ အမြတ်ရရှိဖို့ ထက်ပိုပါတယ်။မိုးကုတ်ဒေသ နဲ့ မြန်မာနိုင်ငံ အတွက် တရားမျှတမှုကို ခိုင်မာစွာရပ်တည်ပြဖို့၊နိုင်ငံရဲ့ သယံဇာတ ရင်းမြစ်များကို အကြမ်းဖက်စစ်တပ်နဲ့ အပေါင်းအပါများ ဆီက ပြန်လည်ရရှိဖို့၊ မြန်မာတိုင်းရင်းသား ၅၅ သန်း အတွက် ငြိမ်းချမ်းမှုနဲ့ ဒီမိုကရေစီ ကို ပြန်လည်ရရှိဖို့ တို့ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


မိုးကုတ်ကျောက်မျက်လုပ်ကွက်များစွာထဲက ၄၅ ခု ကို ဇန်နဝါရီ ၂၉ ရက်မှာ အချက်အလက် စတင်မျှဝေခဲ့ပါတယ်။


========================


📌📌 ၅။ CDM လုပ်ခြင်းအားဖြင့်ပညာရေးစနစ်ကိုပြုပြင်နေတာဖြစ်ပြီး သက်ရောက်မှုကလည်းကြီးတယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ဆို


ဇန်နဝါရီနောက်ဆုံးပတ်မှာ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က CDMများနဲ့ပတ်သက်လို့ အခုလို ဆိုထားပါတယ်။


"စီဒီအမ် ကျောင်းသား လုပ်တာကောင်းသလား လို့ ကိုယ့်ကိုလာမေးရင်တော့ ကိုယ့်ဆုံးဖြတ်ချက် နဲ့ ကိုယ် တိုင်းပြည်စနစ် ကောင်းလာဖို့ ကိုယ်နိုင်တဲ့ ဘက်က နေ၊ ကိုယ့်ရဲ့ တက်လမ်း ကိုတောင် စိတ်ထဲမထားပဲ အများအကျိုး အတွက်ပါဝင်တာ ဖြစ်လို့ ကောင်းပါပေတယ်၊ မွန်မြတ်ပါတယ်လို့ ဖြေရမှာပါ။ စီဒီအမ် လုပ်ခြင်းအားဖြင့်ပညာရေးစနစ်ကိုပြုပြင်နေတာဖြစ်ပြီး၊သက်ရောက်မှုကလည်းကြီးပါတယ်။Institutions အသစ်တွေ၊ ပညာရပ်နဲ့ ဆိုင်တဲ့ အတွေးအခေါ်ပြောင်းလဲမှုတွေဖြစ်ပေါ်လာတာကတော့ အမြတ်ပါပဲ"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်တပ်မှ အာဏာလုယူခဲ့ပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး CDMလှုပ်ရှားမှုနဲ့အတူ ကျောင်းဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပညာရေးဝန်ထမ်းအများအပြား ပါဝင်ခဲ့ကြပါတယ်။


========================


📌📌 ၆။ ပိန်းဇလုတ်မြို့အခြေစိုက် ခမရ(၂၆၄) တပ်အတွင်းသို့ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ညောင်လေးပင် ပကဖ နှင့် ကျောက်တံခါး ပကဖတို့ M79 ဖြင့် ပစ်ခတ်တိုက်ခိုက်


ဇန်နဝါရီ ၂၉ မှာ စစ်ရေးသတင်းကို ပဲခူးတိုင်းစစ်ဒေသခွဲကအတည်ပြုထုတ်ပြန်လိုက်ပါတယ်။


"ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် ပိန်းဇလုတ်မြို့အခြေစိုက် အကြမ်းဖက်‌စစ်ကောင်စီ၏ ခမရ(၂၆၄) တပ်အတွင်းသို့ ဇန်နဝါရီ(၂၈)ရက်နေ့ ညနေ(၃း၃၀)နာရီခန့်တွင် ညောင်လေးပင်မြို့နယ် ပကဖ နှင့် ကျောက်တံခါးမြို့နယ် ပကဖ တို့ပူးပေါင်း၍ နန်းထိုက်အောင်စစ်ဆင်‌ရေးအဖြစ် M79 ဖြင့် ပစ်ခတ်တိုက်ခဲ့တယ်"လို့ဖော်ပြပါတယ်။


တိုက်ခိုက်မှုတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ()ချက် ပစ်ခတ်ပြီးနောက် စစ်ကောင်စီ၏ တပ်အတွင်းမှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့‌သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ ဘေးအန္တရာယ်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။


 ၎င်းပစ်ခတ်မှုကြောင့် စစ်ကောင်စီ၏ တပ်အတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကို ဆက်လက်စုံစမ်းလျက်ရှိတယ်လို့ဆိုပါတယ်။


ဇန်နဝါရီ (၁၀) ရက်နေ့ကလည်း ၎င်းခမရ(၂၆၄)တပ်အတွင်းသို့ တော်လှန်ရေးတပ်ဖွဲ့များက M79 ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် () ဦးသေဆုံးကာ အဆောက်အဦ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပါတယ်။


========================


📌📌 ၇။ မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ပျူစောထီးကျေးရွာတွင်းမှ ထွက်လာသော စကစတပ်ဖွဲ့ဝင်နဲ့အုပ်ချုပ်ရေးမှူးတိုက်မိုင်းမိ၍ သုံးဦးစလုံးသေဆုံး


ဇန်နဝါရီ ၂၉


ဇန်နဝါရီ၂၉ရက်မှာ စစ်ရေးသတင်းကို Myaing Underground Defence force (MUGDF) ကအခုလိုအသိပေးဆိုပါတယ်။


"ဇန်နဝါရီ ၂၈ ရက် ညနေခင်း နာရီခွဲ အချိန်ခန့် မကွေးတိုင်း၊မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ပျူစောထီးကျေးရွာပတ်ဝန်းကျင် တိုက်မိုင်းဝင်ဆင်အပြီး လက်နက်ငယ်နှင့်ပစ်ခတ်အသံကြောင့်ပျူရွာတွင်းမှ  အင်းအား ၂၀ ကျော် ဆဲဆိုကာလက်နက်ကြီး လက်နက်ငယ်များ တရစပ် ပစ်ခတ်ပြီး ထွက်လာရာကြိုတင်ဆင်ထားသော တိုက်မိုင်းမိပြီးတပ်ကြပ် ဦး၊ ဗိုလ် ဦး၊ စစ်ကောင်စီခန့် ပျူအုပ်ချုပ်ရေးမှူး ဝင်းချိန် အပါ  ဦးစလုံး နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့တယ်"လို့ဆိုပါတယ်။


ထို့အပြင် စကစတပ်က ဦးလည်းမိုင်းထိ၍  ဒဏ်ရာအပြင်းထန် ရကြောင်း သိရပါတယ်။ တိုက်ခိုက်မှုအား Myaing Underground Defence force (MUGDF)- မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း() တပ်ခွဲ() မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊TYKပြောက်ကျားတပ်ဖွဲ့၊  ပြည်သူ့အားမာန် တို့ပူးပေါင်းစီစဥ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၈။ မြန်မာ့နွေဦးတော်လှန်ရေး လူထုတိုက်ပွဲ နှစ်ပြည့်အကြို သံပုံးတီး ဆန္ဒဖော်ထုတ်ပွဲအမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပ


မြန်မာ့နွေဦးတော်လှန်ရေး လူထုတိုက်ပွဲ နှစ်ပြည့်အကြို သံပုံးတီး ဆန္ဒဖော်ထုတ်ပွဲကိုဇန်နဝါရီလ ၂၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်မှာ အထင်ကရ နေရာတခုဖြစ်သောTime Square တွင် လှုပ်ရှားခဲ့ကြပါတယ်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို နယူးယောက်စံတော်ချိန် စနေနေ့မနက် ၁၁ နာရီမှ နေ့လည် နာရီထိကျင်းပခဲ့ပြီး  NYCBC မှဦးဆောင်ခဲ့ပါတယ်။


"တော်လှန်ရေးအစ ..သံပုံးက ..မိစ္ဆာတွေကို နှင်ထုတ်ကြ"ဟူသော ကြွေးကြော်သံများဟစ်ကြွေးခဲ့ပြီး ဆန္ဒဖော်ထုတ်ပွဲကို နယူးယောက်နှင့်အနီးတဝိုက်မှ မြန်မာပြည်ဖွားတိုင်းရင်သားပြည်သူ အများအပြားတက်ရောက်ခဲ့ကြပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment