19th FEB 2023 - Evening Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ၁၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နှစ်ပေါင်းများစွာ ယုံကြည်မှုတည်ဆောက်ရေး ခက်ခဲခဲ့ကြတဲ့ အစုအဖွဲ့ အသီးသီးဟာရက်စက်ယုတ်မာလွန်းတဲ့ ဘုံရန်သူနဲ့ ကြုံတွေ့ကြရတဲ့အခါ ပိုမို နားလည်လာကြတယ်လို့ ဝန်ကြီးချုပ်ဆို

📌 ၂။ အမေရိကန်နိူင်ငံIndianapolis မြို့တွင်ကျင်းပသောရောင်နီလာရာလမ်းရုပ်ရှင်ပြပွဲပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နှင့်ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး တို့တက်ရောက်ခဲ့

📌 ၃။ ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံသစ်ကို မကြာမီ မြင်တွေ့ရတော့မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို

📌 ၄။ ချင်းပြည်နယ်ကို ဖွံဖြိုးတိုးတက်အောင် အားလုံးစုပေါင်းပြီး ပြန်လည်လုပ်ဆောင်ပေးရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် ထုတ်ဖော်ပြောကြားလိုက်

📌 ၅။ ပုလဲမြို့နယ် အင်မထီးရွာမှ ထွက်ခွာလာတဲ့ စကစတပ်စစ်ကြောင်းက NUGကြားကာလပညာရေး စာသင်ကျောင်းအပါအဝင် နေအိမ်၆လုံးကို မီးရှို့ဖျက်ဆီးခဲ့

📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ထောက်ပံ့ငွေ ၄၈ သိန်းရရှိတယ်လို့ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နှစ်ပေါင်းများစွာ ယုံကြည်မှုတည်ဆောက်ရေး ခက်ခဲခဲ့ကြတဲ့ အစုအဖွဲ့ အသီးသီးဟာရက်စက်ယုတ်မာလွန်းတဲ့ ဘုံရန်သူနဲ့ ကြုံတွေ့ကြရတဲ့အခါ ပိုမို နားလည်လာကြတယ်လို့ ဝန်ကြီးချုပ်ဆို


ဖေဖော်ဝါရီလအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ကယုံကြည်မှုတည်ဆောက်ရေးနဲ့ပတ်သက်လို့ အခုလိုဆိုလိုက်ပါတယ်။


''နှစ်ပေါင်းများစွာ ယုံကြည်မှုတည်ဆောက်ရေး ခက်ခဲခဲ့ကြတဲ့ အစုအဖွဲ့ အသီးသီးဟာ အခုလို ရက်စက်ယုတ်မာလွန်းတဲ့ ဘုံရန်သူနဲ့ ကြုံတွေ့ကြရတဲ့အခါ ပိုမို နားလည်လာကြတယ်၊ စာနာလာကြတယ်၊ ဘုံပန်းတိုင်ကိုလည်း ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာကြတယ်လို့ ယုံကြည်ပါတယ်''လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့မှာလက်ရှိ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ စဥ်ဆက်မပြတ်တွေ့ဆုံညှိနှိုင်းသော အဖွဲ့များလည်းရှိနေပြီး အင်အားကြီးတော်လှန်ရေးအင်အားစုများလည်း နိူင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ အမေရိကန်နိူင်ငံIndianapolis မြို့တွင်ကျင်းပသောရောင်နီလာရာလမ်းရုပ်ရှင်ပြပွဲပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နှင့်ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး တို့တက်ရောက်ခဲ့


ဖေဖော်ဝါရီ ၁၉


အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နှင့်ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးဖေဖေါ်ဝါရီ၁၈ရက်နေ့တွင်Indianapolis မြို့၌ကျင်းပသော တော်လှန်ရေးရံပုံငွေရုပ်ရှင်ပွဲတော်သို့တက်ရောက်ကြည့်ရှု့အားပေးခဲ့တယ်လို့သတင်းရရှိပါတယ်။


ရုပ်ရှင်ပွဲတော်တွင် ဒါရိုက်တာကိုပေါက်၏ရောင်နီလာရာလမ်းရုပ်ရှင်အားပြသခဲ့ပြီးဒေသခံတိုင်းရင်းသားမိသားစုများမှ တခဲနက်အားပေးခဲ့ကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးတို့ဟာ NUG အစိုးရကိုယ်စားလှယ်အဖြစ် အမေရိကန်နိူင်ငံကို ရောက်ရှိနေတာလည်းဖြစ်ပါတယ်။


========================


📌📌 ၃။ ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံသစ်ကို မကြာမီ မြင်တွေ့ရတော့မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို


ဖေဖော်ဝါရီ ၁၉


ဖေဖော်ဝါရီ ၁၉ ရက်အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် Indianapolis တွင်ကျင်းပသည့် ၇၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားမိန့်ခွန်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကအခုလိုဆိုခဲ့ပါတယ်။

 

"ချင်းပြည်၏ အနာဂတ်သည် ချင်းလူမျိုးများ၏ လက်ထဲတွင် ရှိနေကြောင်း ရှင်းလင်းစွာ ပြောကြပါစို့။အကောင်းက အဆိုးကို အနိုင်ယူမယ်၊ အလင်းက အမှောင်ကို ကျော်လွှားမယ်ဆိုတာကို ငါတို့သိတယ်။ လွတ်လပ်မှုဟာ အာဏာရှင်ကို အနိုင်ယူပြီး ဖယ်ဒရယ်ဒီမိုကရေစီဟာမကောင်းဆိုးဝါး ဖိနှိပ်တဲ့ စစ်အာဏာရှင်စနစ်ကို အစားထိုးမယ်ဆိုတာကိုလည်း ငါတို့သိတယ်။လူမျိုး၊ ဘာသာ၊ ကျား၊ မ၊ ဘာသာစကား၊ အသားအရောင်၊ ယဉ်ကျေးမှု၊ လူမျိုး၊ နောက်ခံ မခွဲခြားဘဲ လူမျိုး၊ ဘာသာ၊ လူမျိုး၊ နောက်ခံ မခွဲခြားဘဲ လွတ်လပ်သော မြန်မာ၊ ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံသစ်ကို မကြာမီ မြင်တွေ့ရတော့မယ်လို့ မျှော်လင့်မိပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ထို့အပြင်ဝန်ကြီးက ဆိုရာမှာချင်းပြည်နယ်ဟာ  ယနေ့ဟောင်ကောင်၊ စင်္ကာပူကဲ့သို့ပင် ရှင်သန်ဖွံ့ဖြိုးနေနိုင်သော်လည်း ၇၅ နှစ်ကြာ ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ချင်းပြည်နယ်သည် ကျိုးပဲ့ပျက်စီးသွားခဲ့ရတယ်လို့ဆိုပါတယ်။


========================


📌📌 ၄။ ချင်းပြည်နယ်ကို ဖွံဖြိုးတိုးတက်အောင် အားလုံးစုပေါင်းပြီး ပြန်လည်လုပ်ဆောင်ပေးရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် ထုတ်ဖော်ပြောကြားလိုက်


ဖေဖော်ဝါရီ ၁၉


ဖေဖော်ဝါရီ ၁၉ ရက် Washington,D.C Area မှာ ကျင်းပတဲ့ ၇၅ ကြိမ်မြောက် ချင်း အမျိုးသားနေ့  အခမ်းအနားမှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က အခုလိုပြောကြားခဲ့ပါတယ်။


ချင်းပြည်နယ်ကို ဖွံဖြိုးတိုးတက်အောင် အားလုံးစုပေါင်းပြီး ပြန်လည်လုပ်ဆောင်ပေးရမယ့်အကြောင်းနှင့်ပတ်သက်ပြီး "ကျနော်တို့ရဲ့တော်လှန်ရေးထဲမှာ ပညာတတ်တွေ အများကြီးပါနေတယ်။ဒါကြောင့်မို့ မအောင်မြင်စရာ မရှိပါဘူး။ နောက် ကျနော်တို့ရဲ့ လွတ်လပ်မှုတွေ၊ အသိပညာ၊ တတ်ကျွမ်းမှုတွေ၊ ဗဟုသုတတွေကို အခြေခံပြီးတော့ ချင်းတောင်ကို ဖွံဖြိုးအောင် ကျနော်တို့က ပြန်လုပ်ပေးရပါမယ်"လို့ဝန်ကြီးကဆိုပါတယ်။


၇၅ ကြိမ်မြောက် ချင်း အမျိုးသားနေ့ Washington,D.C Area မှာ ကျင်းပ ရာသို့ ပြည်ထောင်စု ဝန်ကြီး ဦးထင်လင်းအောင် Maryland Senator Dr. Clearance Lam Maryland State Delegate Dr. Chao Wu  နှင့် Commissioner Elizabeth Ching of the Governor’s Commission on Asian Pacific Affairs တို့ တက်ရောက် အမှာစကားပြောကြား ခဲ့ ပါတယ်။


========================


📌📌 ၅။ ပုလဲမြို့နယ် အင်မထီးရွာမှ ထွက်ခွာလာတဲ့ စကစတပ်စစ်ကြောင်းက NUGကြားကာလပညာရေး စာသင်ကျောင်းအပါအဝင် နေအိမ်၆လုံးကို မီးရှို့ဖျက်ဆီးခဲ့


ဖေဖော်ဝါရီ ၁၉


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အင်မထီးရွာမှ ထွက်ခွာလာတဲ့ စကစတပ်စစ်ကြောင်းက NUGကြားကာလပညာရေး စာသင်ကျောင်းအပါအဝင် နေအိမ်၆လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဖေဖော်ဝါရီ၁၉ရက်မှာ Pale Jokers PDF ကအသိပေးဆိုပါတယ်။


"ဖေဖော်ဝါရီ ၁၈ ရက် အင်မထီးပျူရွာမှ ထွက်ခွာလာသော စကစတပ်စစ်ကြောင်းသည် မင်းတိုင်ပင်ရွာ NUGကြားကာလပညာရေး စာသင်ကျောင်းအပါအဝင် နေအိမ်၆လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။


၎င်းနေ့တွင်ပင် နှောရိုးကျေးရွာသို့ဝင်၍ နေအိမ်များဖောက်ထွင်းကာ ပစ္စည်းများခိုးယူသယ်ဆောင်သွားကြပြီး လူနေအိမ်၃လုံးအား မီးရှို့ဖျက်ဆီးထားခဲ့ပါတယ်။ ယခုအခါ တုံးကန်ရွာ၊ နှောရိုးရွာအပါအဝင်ပြည်သူလူထု ၆၀၀၀ ထောင်ခန့် စစ်ဘေးရှောင်နေနေကြရပါတယ်။


========================


📌📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ထောက်ပံ့ငွေ ၄၈ သိန်းရရှိတယ်လို့ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ထုတ်ပြန်


ဖေဖော်ဝါရီ ၁၉


ဖေဖော်ဝါရီ ၁၈ ရက်မှာအမျိုးသားညီညွတ်ရေးအစိုးရ၏ ထောက်ပံ့ငွေများရရှိမှုအား ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ဖော်ပြပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်သူ့ရင်ခွင်ကော်မတီက ၄၈ သိန်း သောင်းကိုရရှိပါတယ်"လို့ဆိုပါတယ်။ အဆိုပါ ထောက်ပံ့ငွေများကို CDMရဲတပ်ဖွဲ့ဝင်နဲ့ မိသားစု များကလက်ခံရရှိတယ်လို့သိရပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment